← Chapters

အခန်း (၂၄၆)

Vol. 25 Ch. 246

အခန်း (၂၄၆)

Vol. 25 Ch. 246

အခန်း။ ၂၄၆

သိပ်မကြာမီမှာပင် လူအုပ်စုလေးများသည် ရင်ပြင်သို့ အသီးသီး စတင်ရောက်ရှိလာကြသည်။

ဖွင့်ပွဲအခမ်းအနား၏ လုပ်ငန်းစဉ်များမှာ ထုံးစံအတိုင်းပင် ခေါင်းဆောင်များက အမှာစကားပြောကြားခြင်း၊ နည်းပြများက လမ်းညွှန်ချက်ပေးခြင်းတို့ဖြင့်သာ အချိန်ကုန်လွန်နေပြီး နားထောင်နေသူများကို ငိုက်မြည်းချင်လာစေလောက်သည်အထိ ပျင်းရိဖွယ်ကောင်းလှသည်။

သို့သော်လည်း “ဆက်လက်ပြီး ယခုနှစ်ရဲ့ ချန်ပီယံဆုကို ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်” ဟူသော ကြေညာသံကို ကြားလိုက်ရသည့်အခါတွင်မူ ရွှီရန်သည် ချက်ချင်းပင် နိုးကြားတက်ကြွသွားတော့သည်။

“အားလုံး သိကြတဲ့အတိုင်းပါပဲ ရွှီရန်က နည်းပြတစ်ဦးအနေနဲ့ ကျောင်းသားတွေကို ကိုယ်ဖျောက်အတတ်၊ ဆန်းကြယ်တဲ့ ခြေလှမ်းတွေနဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သူက အရာရာကို ထိုးထွင်းသိမြင်နိုင်တဲ့ ပါရမီအရိုးအဆစ်ကို ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင်မှော်အတတ်တွေကိုလည်း ဖန်တီးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် မင်းတို့ရဲ့ ပါရမီအရိုးအဆစ် လက္ခဏာတွေပေါ် မူတည်ပြီး စွမ်းရည်တွေ တိုးတက်လာအောင်လည်း သူက ကူညီပေးသွားမှာပါ”

ရွှီရန်၏ အကြောင်းကို အကျယ်တဝင့် မိတ်ဆက်နေမှုကြောင့် အောက်ရှိ ကျောင်းသားများကြားတွင်လည်း ဆူညံပွက်လောရိုက်သွားကြသည်။

“ဒီလောက်တောင် အစွမ်းထက်တာလား”

“ဒါကြောင့်လည်း သူက အနှိုင်းမဲ့ဖြစ်နေတာကိုး”

ရွှီရန်ကမူ စိတ်ထဲမှ “မြန်မြန်လုပ်ပေးကြပါဗျာ... ကျွန်တော် မစောင့်နိုင်တော့ဘူး” ဟုသာ တစာစာ အော်ဟစ်နေမိတော့သည်။

နောက်ဆုံးတွင် ရှည်လျားလှသော မိန့်ခွန်းများအပြီး၌ ရွှီရန်အတွက် အရေးအကြီးဆုံးသော ဆုချီးမြှင့်ခြင်း အစီအစဉ်သို့ ရောက်ရှိလာသည်။

“ကျင်းပြည်နယ် မူကြိုကျောင်းတော်က ကျောင်းသား ရွှီရန်ကို စင်မြင့်ပေါ်တက်ပြီး ချန်ပီယံဆုဖလားကို လက်ခံရယူဖို့ ဖိတ်ခေါ်ပါတယ်။ ဒီဆုဖလားက သင်္ကေတတစ်ခုပဲ ဖြစ်ပေမဲ့ အဓိကကျတာကတော့ နတ်ဘုရားသတ်အဖွဲ့ကို တည်ထောင်ခွင့်ရမယ့် တံဆိပ်နဲ့ လက်မှတ်ကို ရရှိမှာပဲ ဖြစ်ပါတယ်။ ဒီနေ့ကစပြီး မင်းက နတ်ဘုရားသတ်အဖွဲ့ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာသလို၊ ၄၉ ယောက်မြောက်သော ချန်ပီယံအဖြစ် ဂုဏ်ပြုခံရမှာ ဖြစ်ပါတယ်”

“မင်းတို့ရဲ့ အသင်းယူနီဖောင်းကိုလည်း ကိုယ်တိုင် ဒီဇိုင်းဆွဲနိုင်သလို... မင်းတို့က...”

ကျောင်းအုပ်ကြီး၏ စကားများမှာ ရွှီရန်အတွက်မူ ဝေဝါးနေသော နောက်ခံသံများကဲ့သို့သာ ဖြစ်နေတော့သည်။ သူ၏ အာရုံအားလုံးသည် စနစ်အတွင်းမှ တဖိတ်ဖိတ်တောက်ပလာမည့် ဆုလာဘ်များဆီသို့သာ ရောက်ရှိနေသည်။

စင်မြင့်ထက်တွင် ရွှီရန်သည် ထောင်သောင်းချီသော လူအုပ်ကြီးရှေ့၌ ချန်ပီယံဆုဖလားကို လက်ခံရယူလိုက်သည်။ ရာနှင့်ချီသော ကျောင်းသားများ၏ စစ်မှန်သော လက်ခုပ်သံများနှင့် မီးရှူးမီးပန်းများ၏ ပေါက်ကွဲသံများကြားဝယ် သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မတ်မတ်ရပ်နေတော့သည်။

ရင်ပြင်၏ အစွန်းတစ်ဖက်တွင်မူ ရွှီရန်၏ မိခင်၊ ကျားမလေး၏ မိခင်နှင့် အခြားသော မိဘများမှာ မော့ကြည့်နေကြသည်။ ရွှီရန်၏ မိခင်မှာမူ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ဝဲနေတော့သည်။

ကျားမလေး၏ မိခင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် “ဒီကလေး ရွှီရန်ကတော့ ပထမဆုံးနေ့မှာတင် ဘာမှငြင်းစရာမလိုဘဲ ချန်ပီယံ ဖြစ်သွားတာပဲ။ ဒါက တစ်နိုင်ငံလုံးက ပါရမီရှင်တွေ အားလုံးကြားထဲမှာ ယှဉ်ပြိုင်ရတာနော်”

“သူ့ကို တစ်နိုင်ငံလုံးမှာ နံပါတ်တစ်လို့ ပြောရင်တောင် မမှားဘူး မဟုတ်လား။ အရင်ခေတ်တွေကဆိုရင် သူက သုံးနှစ်တစ်ကြိမ်ပေါ်တဲ့ ထိပ်တန်းပညာရှိဖြစ်မှာပဲ”

ယုဟန်၏ မိခင်ကလည်း “ဒီညတော့ ရွှီရန်အမေက ငါတို့ကို ကျွေးရတော့မှာပေါ့” ဟု စနောက်သည်။

ရွှီရန်၏ မိခင်မှာ မျက်ရည်များကို သုတ်လိုက်ရင်း “ကျွေးမှာပေါ့ ကျွေးမှာပေါ့” ဟု ပြန်ဖြေလိုက်သည်။ သူမ၏ သားဖြစ်သူမှာ ယခုဆိုလျှင် နည်းပြလစာပင် ရရှိတော့မည်ဖြစ်ရာ တစ်နှစ်လျှင် သန်းနှင့်ချီသော ဝင်ငွေရှိပေတော့မည်။ သူမသည်လည်း သားဖြစ်သူ၏ အောင်မြင်မှုကြောင့် သူဌေးတစ်ယောက်ဖြစ်လာခဲ့သည်။

ဆုပေးစင်မြင့်ထက်တွင် ရွှီရန်သည် နွေးထွေးသော အပြုံးဖြင့် ဆုဖလားကို ကိုင်မြှောက်ကာ သူ၏ မိခင်နှင့် ကျောင်းအုပ်ကြီးအား ဝှေ့ယမ်းပြလိုက်ပြီးနောက် ကျားမလေးနှင့် အခြားသူများရှိရာသို့ လှမ်းကြည့်လိုက်သည်။ ကျားမလေးမှာလည်း လက်ခုပ်များကို အားရပါးရ တီးနေတော့သည်။ သူ၏ နောက်ခံတွင်မူ မီးရှူးမီးပန်းများမှာ အလွန်တရာ ခန့်ညားထည်ဝါစွာ ပေါက်ကွဲပွင့်ထွက်နေသည်။

...

အခမ်းအနား ပြီးဆုံးသွားသဖြင့် လူအုပ်ကြီးမှာ စတင်လူစုခွဲလိုက်ကြသည်။

ရွှီရန်အတွက်မူ ယခုမှသာ တကယ့်ပွဲစတော့မည် ဖြစ်သည်။ လူသူကင်းဝေးရာသို့ ရောက်သည်နှင့် သူသည် စနစ်အတွင်းမှ အသိပေးချက်များကို ချက်ချင်းပင် စစ်ဆေးလိုက်တော့သည်။

[ဂုဏ်ပြုပါသည် နတ်ဘုရားသတ်အဖွဲ့၏ ၄၉ ယောက်မြောက် ချန်ပီယံ ဖြစ်လာသည့်အတွက် ရွှေရောင်အောင်မြင်မှုမှတ်တိုင် လူငယ်အရှင်သခင်ပွင့်သွားပါပြီ]

[ဆုလာဘ်များကို စတင်ထုတ်ယူနိုင်ပါပြီ...]

ရွှီရန်၏ ရင်ထဲတွင် ရင်ခုန်သံများ မြန်ဆန်လာသည်။ သူသည် စိတ်အာရုံကို စုစည်းကာ ဆုလာဘ်များကို လက်ခံရန် အမိန့်ပေးလိုက်သည်။ ချက်ချင်းပင် သူ၏ ကျောရိုးတလျှောက်၌ ပူနွေးလှသော စွမ်းအင်တစ်ခု စီးဆင်းသွားပြီး ခန္ဓာကိုယ်အတွင်းမှ အရိုးများမှာ တဖျပ်ဖျပ်နှင့် ရွှေရောင်တောက်ပလာတော့သည်။

ကျောင်းအုပ်ကြီးသည် မျက်နှာတစ်ခုလုံး ဝင်းပနေလျက် ရွှီရန်အနားသို့ လျှောက်လာပြီး

“ပြင်းထန်တဲ့ ပြိုင်ပွဲပေါင်းများစွာကို ဖြတ်ကျော်ပြီးမှ မင်းနဲ့ တခြားအသန်မာဆုံး ပြိုင်ဘက်တွေ အစွမ်းကုန် အားထုတ်ပြီး ကပ်သီးလေး အနိုင်ရလိမ့်မယ်လို့ ငါထင်ထားခဲ့တာ... ပထမဆုံးနေ့မှာတင် တစ်နိုင်ငံလုံးက ပါရမီရှင်တွေကို အပြတ်အသတ် အနိုင်ယူလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားဘူး။ အိမ်မက်တစ်ခုလိုပဲ...”

ရွှီရန်က “ဒါက အိမ်မက်မဟုတ်တာတော့ သေချာပါတယ်။ ထိုးထွင်းသိမြင်မှု ပါရမီအရိုးအဆစ်ရဲ့ အစွမ်းက ဒီလိုပါပဲ။ သူတို့တွေ အခုထက် ဆယ်ဆလောက် ပိုသန်မာလာရင်တောင် ကျွန်တော့်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး” ဟု တည်ငြိမ်စွာ ပြောလိုက်သည်။

ကျောင်းအုပ်ကြီးသည် ချောင်းနှစ်ချက်ဟန့်ကာ မျက်နှာကို တည်လိုက်ပြီး “အရမ်းလည်း မာန်မတက်နဲ့ဦး ဘဝင်မမြင့်နဲ့ဦး။ ဟားဟား... ငါတို့တွေ သိပ်ပြီး ဂုဏ်မောက်နေလို့ မဖြစ်ဘူးလေ” ဟု သတိပေးသလို ပြောသော်လည်း သူကိုယ်တိုင်မှာမူ ပြုံးဖြဲဖြဲ ဖြစ်နေသည်။

ရွှီရန်က ကျောင်းအုပ်ကြီးကို စောင်းကြည့်ကာ “ကျောင်းအုပ်ကြီးက ကျွန်တော့်ထက်တောင် ဘဝင်မြင့်နေသလိုပဲနော်...”

ကျောင်းအုပ်ကြီးက သူ့ပါးကို သူပြန်ဆွဲလိမ်ကြည့်ရင်း “ငါကလား”

ရွှီရန်: “ဟုတ်တယ်လေ”

“ကဲ... ကျောင်းအုပ်ကြီးလည်း ပျော်ပျော်ပါးပါးသာ နေခဲ့တော့။ ကျွန်တော် လုပ်စရာရှိလို့ သွားလိုက်ဦးမယ်။ နောက်မှ တွေ့ကြတာပေါ့”

ပြောပြောဆိုဆိုဖြင့်ပင် ရွှီရန်သည် ကောင်းကင်ယံသို့ ခုန်တက်သွားတော့သည်။

ကျောင်းအုပ်ကြီးသည် ပျောက်ကွယ်သွားသော ရွှီရန်၏ ပုံရိပ်ကို ငေးကြည့်ရင်း

“သူ တစ်ခုခုတော့ အကြီးအကျယ် သွားလုပ်တော့မယ် ထင်တယ်... ရုတ်တရက်ကြီး အခုထက် အဆပေါင်းများစွာ ပိုသန်မာလာဦးမှာလား” ဟု ရေရွတ်လိုက်မိသည်။

ထိုသို့ပြောပြီးနောက် ကျောင်းအုပ်ကြီးမှာ ကိုယ့်စကားကိုယ် ပြန်လန့်သွားကာ “ထူးဆန်းလိုက်တာ။ ငါ ဘာလို့ ဒီလိုမျိုး ကြိုတင်ခံစားနေရတာလဲ။ ငါကပဲ လှပတဲ့ အိမ်မက်ထဲကနေ ရုန်းမထွက်နိုင်တာလား ဒါမှမဟုတ် လက်တွေ့မကျတဲ့ အိမ်မက်တွေကိုပဲ ထပ်မက်နေတာလား”

သူ၏ စိတ်ကူးယဉ်မှုမှာ အတောမသတ်နိုင်အောင် ဖြစ်နေသည်ဟု ကျောင်းအုပ်ကြီး တွေးမိသွားသည်။

“အကြောင်းရင်းမရှိဘဲ ထူးဆန်းတာတွေ လျှောက်တွေးနေတာ တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ ငါက ဒီလောက်အထိ အနှိုင်းမဲ့နေတာကိုတောင် မတင်းတိမ်နိုင်သေးဘူးလား”

ကျောင်းအုပ်ကြီးသည် သူ၏ နဖူးကို သူ ပြန်ပုတ်လိုက်သည်။

...

ရွှီရန်မှာမူ တိမ်တိုက်များကြားတွင် ပျံသန်းနေရင်း မူလက ချီယွန်းတောင်တန်း၏ အခြားတစ်ဖက်ရှိ ကျင့်ကြံရေးအခန်းသို့ တိုက်ရိုက်သွားရန် ကြံရွယ်ထားသော်လည်း သူ၏ မိခင်ကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ရှေ့သို့ လျင်မြန်စွာ ဆင်းသက်လိုက်ကာ

“မေမေ... ဒါကို အိမ်ယူသွားလိုက်ဦး”

ရွှီရန်သည် ထူးခြားဆန်းပြားသော သလင်းကျောက်ဖြင့် ထုဆစ်ထားသည့် ဖလားကို သူ၏မိခင်အား လက်ကမ်းပေးလိုက်သည်။

သူ၏မိခင်မှာ အလွန်ပင် စိတ်အေးချမ်းသာစွာဖြင့် ပြုံးလျက် ရွှီရန်၏ ခေါင်းကို ပုတ်ပေးနေမိသည်။ သူမ၏ ခံစားချက်များကို ဖော်ပြရန် စကားလုံးပင် ရှာမတွေ့နိုင်တော့ချေ။

“ဒီအတိုင်းပဲ ဆက်ကြိုးစားပါသား သားရဲ့ အနှိုင်းမဲ့စွမ်းအားတွေ ဆက်ပြီး တည်မြဲပါစေလို့ မေမေ ဆုတောင်းပေးပါတယ်။ နတ်ဘုရားတွေနဲ့ပဲ တွေ့တွေ့၊ အရင်ကလိုပဲ အမြဲတမ်း အနိုင်ယူနိုင်တဲ့သူ၊ နတ်ဘုရားတွေကို အောင်နိုင်သူ၊ ဗုဒ္ဓအဆုံးအမတွေနဲ့အညီ အခက်အခဲမှန်သမျှကို ကျော်လွှားနိုင်သူ ဖြစ်ပါစေ”

ရွှီရန်၏ အကြည့်များမှာ ခိုင်မာပြတ်သားနေပြီး “ကျွန်တော် ဖြစ်အောင်လုပ်မှာပါ မေမေ” ဟု ပြန်ပြောလိုက်သည်။

သူသည် အမြဲတမ်း အောင်ပွဲနှင့်အတူ ပြန်လာနိုင်ရန်နှင့် သူ၏မိခင်၏မျက်နှာထက်တွင် စိတ်အေးချမ်းသည့် အပြုံးကို အမြဲမြင်တွေ့နိုင်ရန် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းလိုက်

မိသည်။

ထူးခြားဆန်းပြားတဲ့ ကြယ်စင်သုံးလုံးကို သူ နှိမ်နင်းနိုင်တဲ့ အချိန်အထိပေါ့။

ကျားမလေး၏ မိခင်ကလည်း အနားသို့ လျှောက်လာပြီး ရွှီရန်၏ ခေါင်းကို ပုတ်ကာ “လိမ္မာတဲ့ကလေးပဲ။ အန်တီ မင်းကို စတွေ့တုန်းက တစ်မီတာကျော်ကျော်လေးပဲ ရှိသေးတာ။ အခုတော့ အန်တီ့ထက်တောင် အရပ်ရှည်လာပြီး တစ်နိုင်ငံလုံးမှာ ထိပ်တန်းပညာရှိ ဖြစ်နေပြီပဲ”

“မနေ့က မင်း အရမ်းသန်မာတယ်လို့ ကြားတယ်နော် တိုက်ပွဲဗီဒီယိုကို ကြည့်ရုံနဲ့တင် တခြားပါရမီရှင်တွေ ကြောက်လန့်ကုန်ကြတယ်ဆိုပဲ မင်းက ဘယ်လောက်တောင် သန်မာနေတာလဲ”

ရွှီရန်က နှိမ့်ချစွာဖြင့် “သိပ်မသန်မာပါဘူး... ဒီလိုပါပဲဗျာ” ဟု ပြန်ပြောလိုက်သည်။

ယုဟန်၏ မိခင်ကလည်း “မင်းကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ လူတွေပြောနေကြတယ်။ တခြားပါရမီရှင်တွေက မင်းရဲ့ လက်သီးတစ်ချက်ကိုတောင် မတောင့်ခံနိုင်ကြဘူးတဲ့”

“ဟုတ်တာပေါ့ ဒါကြောင့်လည်း နည်းပြတွေနဲ့ ကျောင်းအုပ်ကြီးတွေက မင်းကို စောစောစီးစီး ချန်ပီယံဆု ပေးလိုက်တာပေါ့။ သူတို့ရဲ့ အမြင်က တကယ်ကို စူးရှပါတယ်”

ရွှီရန်၏ မျက်ဝန်းများမှာ တောက်ပသွားပြီး “ဟားဟား... အမြဲတမ်း အနှိုင်းမဲ့နေဖို့အတွက် ကျွန်တော် ကျင့်ကြံဖို့ သွားလိုက်ဦးမယ်။ မေမေ အန်တီတို့... သွားပြီဗျို့”

ရွှီရန်သည် အလွန်ပင် လောနေသည်။ သူ၏မိခင်က “သွား... သွား... ဒီကလေးကတော့ အမြဲတမ်း အလုပ်ရှုပ်နေတာပဲ” ဟု ချစ်စနိုးဖြင့် ဆူလိုက်သည်။

ရွှီရန်သည် လက်ဝှေ့ယမ်းပြကာ ကောင်းကင်သို့ ခုန်တက်သွားပြီး မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

...

ဆယ်မိနစ်ခန့်အကြာ ကျင့်ကြံရေးအခန်းအတွင်းရှိ စင်မြင့်ထက်တွင် ရွှီရန် ထိုင်နေသည်။ သူ၏ စိတ်အာရုံထဲရှိ အသိပေးချက်များကို ကြည့်လိုက်ရာ

[ဂုဏ်ယူပါသည် သုံးနှစ်တစ်ကြိမ် ကျင်းပသော အမျိုးသားအဆင့် နတ်ဘုရားသတ်အဖွဲ့ရွေးချယ်ရေးပြိုင်ပွဲ၌ သင်သည် ဖွင့်ပွဲမစတင်မီမှာပင် သင့်သက်တူရွယ်တူ ပါရမီရှင်အားလုံးကို တစ်ဖက်သတ် အနိုင်ယူနိုင်ခဲ့ပါသည်။ သင်၏ အနှိုင်းမဲ့စွမ်းအားမှာ တောင်ကြီးတစ်လုံးကဲ့သို့ လူတို့၏ စိတ်နှလုံးထဲ၌ ခိုင်မြဲစွာ အမြစ်တွယ်သွားခဲ့ပါပြီ]

[သင်သည် ရွှေရောင်အောင်မြင်မှုမှတ်တိုင်ကို အချိန်မတိုင်မီ ပြီးမြောက်ခဲ့သဖြင့် လူငယ်

အရှင်သခင်ဘွဲ့ထူးကို ရရှိပါသည်]

[လူငယ်အရှင်သခင် ရွှေရောင်အောင်မြင်မှု: ကောင်းချီးပေးခံရခြင်း +၈၀ အမှတ်၊ နေ့စဉ် သွေးစွမ်းအင် +၅၊ နေ့စဉ် စိတ်ဝိညာဉ်စွမ်းအား +၅။ ဤဘွဲ့ကို တပ်ဆင်ထားစဉ်အတွင်း အရှင်သခင် ရွှေရောင်သွေးကို ထုတ်လုပ်နိုင်သည် ရွှေရောင်သွေး ထုတ်လုပ်နိုင်မှုမှာ သွေးစွမ်းအင် ကျင့်ကြံမှုအဆင့်အပေါ် မူတည်ပြီး ကျင့်စဉ်မြင့်လေ ပိုမိုထုတ်လုပ်နိုင်လေ ဖြစ်သည်]

All Chapters