အခန်း (၂၄၇)
Vol. 25 Ch. 247
အခန်း။ ၂၄၇
[အရှင်သခင် ရွှေရောင်သွေးသည် သွေးစွမ်းအင်ကို အမြဲတမ်း တိုးတက်စေနိုင်ရုံသာမက သူကိုယ်တိုင်အတွက်ဖြစ်စေ၊ အခြားသူများအတွက်ဖြစ်စေ ကပ်ဘေးအန္တရာယ်ပေါင်းစုံ၏ မီးတောက်များကို ကြံ့ကြံ့ခံနိုင်သော အရှင်သခင်ကိုယ်ထည်ကို ဖန်တီးရာတွင်လည်း အသုံးပြုနိုင်သည်]
...
“နားလည်ပြီ”
ရွှီရန်၏ မျက်ဝန်းအစုံမှာ အောင်နိုင်သူတစ်ဦး၏ အရှိန်အဝါဖြင့် တောက်ပလာတော့သည်။
သုံးနှစ်ကျော်ကြာအောင် သူကြိုးစားအားထုတ်ခဲ့ရသည့် အောင်မြင်မှုမှတ်တိုင်မှာ နောက်ဆုံး၌ သူ၏လက်ထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤအောင်မြင်မှု၏ ပီတိမှာ အခြားအရာအားလုံးထက် သာလွန်လှသည်။
ထိုအခိုက်အတန့်၌ ရွှေရောင်အောင်မြင်မှုမှတ်တိုင်ဖြစ်သော လူငယ်အရှင်သခင်ကို သူ၏အောင်မြင်မှုစာရင်းထဲသို့ ထည့်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ကံတရားအမှတ်မှာ ချက်ချင်းပင် ၃၀၃ အမှတ်သို့ ခုန်တက်သွားတော့သည်။
“နောက်ဆုံးတော့ ၃၀၀ ကျော်သွားပြီ... နောက်ဆုံးတော့ ဖြစ်လာခဲ့ပြီပဲ ကြက်သွေးရောင်ရွှေတံဆိပ် ပါရမီအရိုးအဆစ်က ငါ့ရှေ့မှာတင် ရှိနေပြီ”
သူ၏ ကလေးဘဝ ၂၆၆ ရက်မြောက်နေ့မှသည် ယခု လူငယ်ဘဝ ၃၁၅၀ ရက်မြောက်နေ့အထိ... ရှစ်နှစ်နီးပါး ကြာမြင့်ခဲ့သည်။
ဒီရှစ်နှစ်တာကာလလုံးလုံး ငါဘယ်လိုဖြတ်သန်းခဲ့ရသလဲဆိုတာ မင်းတို့သိကြလား။
သူ၏ကိုယ်ပိုင်ကြိုးစားမှုဖြင့် သက်တူရွယ်တူ ပါရမီရှင်များအကြား တစ်ဖက်သတ်အနိုင်ယူနိုင်သည့် အနှိုင်းမဲ့စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း တစ်စုံတစ်ခု လိုအပ်နေသေးသည်ဟု သူခံစားနေရဆဲပင်။
ယခုမူ သူသည် ပြီးပြည့်စုံသော အဆင့်သို့ တက်လှမ်းနိုင်တော့မည်ပင်။
“ဘယ်လိုမျိုး ထူးခြားဆန်းပြားပြီး အစွမ်းထက်တဲ့ အရိုးအဆစ်မျိုး ဖြစ်မလဲဆိုတာ တကယ်ကို သိချင်နေပြီ။ ငါ ဒါကို စောင့်နေခဲ့တာ ရှစ်နှစ်တောင် ရှိပြီ”
ရှစ်နှစ်တာကာလလုံးလုံး သူသည် ကံစမ်းမဲနှိုက်ခြင်းကို သူကိုယ်သူ အတင်းအကျပ် ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။ သူ၏ စိတ်ဓာတ်ခိုင်မာမှုကို ကြောက်မက်ဖွယ်ကောင်းသည်ဟုပင် ဆိုနိုင်သည်။
“ဟူး”
ရွှီရန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
ထိုမျှ အဖိုးတန်လှသော အခိုက်အတန့်အတွက် သူသည် ရေမိုးချိုး၊ အဝတ်အစားလဲကာ အလေးအမြတ်ထားသည့် အခမ်းအနားတစ်ခုကဲ့သို့ ပြင်ဆင်လိုသော်လည်း လက်တွေ့တွင်မူ သူ မလုပ်ဆောင်ဖြစ်ခဲ့ပေ။
သူ အလွန်ပင် စိတ်လှုပ်ရှားကာ မစောင့်နိုင်တော့သောကြောင့်ပင်။
“ပါရမီအရိုးအဆစ်ကို နှိုက်ထုတ်စမ်း အားနဲ့မာန်နဲ့သာ နှိုက်ထုတ်လိုက်စမ်း ငါ့အတွက် အစွမ်းထက်ဆုံး ကြက်သွေးရောင်ရွှေတံဆိပ် ပါရမီအရိုးအဆစ်ကိုပဲ လိုချင်တယ်”
ရွှီရန်၏ မျက်ဝန်းအစုံမှာ တဖိတ်ဖိတ် တောက်ပနေသည်။
သူ့ထံမှ အမိန့်ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက် ပြီးပြည့်စုံသော သားငယ်လေးများစနစ်၏ ကံစမ်းမဲနှိုက်ခြင်း လုပ်ဆောင်ချက်မှာ လက်သီးဆုပ်ခန့်ရှိသော သလင်းလုံးလေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှီရန်၏ ရှေ့မှောက်၌ လွင့်မြောနေတော့သည်။
ထိုသလင်းလုံးအတွင်း၌ ဆန်းကြယ်သော အရောင်အသွေးအမျိုးမျိုးရှိသည့် ပါရမီအရိုးအဆစ် အပိုင်းအစများမှာ အရှိန်အဟုန်ဖြင့် ဖြတ်ပြေးနေကြသည်။
အချိန်အရိုးအဆစ်၊ အကျိုးအကြောင်းကို ထိန်းချုပ်သောအရိုးအဆစ်၊ ဟင်းလင်းပြင်အရိုးအဆစ်၊ နိယာမများကို ထိန်းချုပ်သောအရိုးအဆစ်၊ နတ်ဘုရားမိုးကြိုးအရိုးအဆစ်…
ရွှေဖျော့ရောင်၊ ရွှေရင့်ရောင်၊ ရွှေအနှစ်ရောင်၊ ကြက်သွေးရောင်သန်းသော ရွှေရောင်၊ နက်မှောင်သော ကြက်သွေးရောင်ရွှေရောင်၊ မျက်စိကျိန်းမတတ် တောက်လောင်နေသော နီရဲသည့်အရိုးအဆစ်...
“ဒါ... ဒါက ဘာကြီးလဲ”
ရွှီရန်၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး စိတ်ဝိညာဉ်မှာလည်း သိမ့်ခနဲ ဖြစ်သွားရသည်။ သူ၏ အကြည့်မှာ သလင်းလုံးအတွင်းသို့သာ စူးစိုက်နေမိတော့သည်။
ငါ ဘာကို မြင်လိုက်ရတာလဲ။
ကြက်သွေးရောင် မီးတောက်အစုအဝေးကြီးတစ်ခုကို သူ မြင်လိုက်ရခြင်းပင်။
ထိုကြက်သွေးရောင်မှာ ချော်ရည်များအတွင်းမှ ထုတ်ယူထားသော မီး၏အဆီအနှစ်နှင့် တူသလို တောက်လောင်နေသော နေမင်းအောက်ရှိ ရွှေကျီးကန်း၏ အသည်းနှလုံးနှင့်လည်း ဆင်တူလှသည်။ အရာအားလုံးကို လောင်ကျွမ်းပစ်တော့မည့်အလား အချိန်၊ ဟင်းလင်းပြင်နှင့် နိယာမစည်းမျဉ်းအားလုံးကို အရည်ပျော်ကျစေတော့မည့်အလား ပြင်းထန်ဆန်းကြယ်သော အရှိန်အဝါများကို ထုတ်လွှင့်နေသည်။
“မင်းလား...”
ရွှီရန်က စကားလုံးနှစ်လုံးကိုသာ တိုးတက်စွာ ရေရွတ်လိုက်မိသည်။
ထိုစကားလုံးများက လက်တွေ့ဘဝကို ဆုံးဖြတ်လိုက်သည့်အလား တဖျပ်ဖျပ် လှုပ်ရှားနေသော အလင်းတန်းမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။
ထို့နောက်တွင် သလင်းလုံးမှာ အက်ကွဲသွားပြီး မျက်စိကျိန်းမတတ် ပူပြင်းလှသော ကြက်သွေးရောင် ပါရမီအရိုးအဆစ်မှာ မီးတောက်အစုအဝေးကြီးအဖြစ် ပြောင်းလဲကာ ရွှီရန်၏ ရှေ့၌ လွင့်မြောလာသည်။
အမှန်စင်စစ် ၎င်းမှာ ချော်ရည်အနှစ်လည်းမဟုတ် ရွှေကျီးကန်း၏ နှလုံးသားလည်း မဟုတ်ပေ။ ၎င်းမှာ ကြက်သွေးရောင်ရွှေရောင်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသောကြောင့် ဖြစ်ပေါ်လာရသော အံ့ဖွယ်ပြောင်းလဲမှုများသာ ဖြစ်သည်။
ရွှီရန်သည် အသက်ကို အောင့်ထားလိုက်သည်။
သူသည် လက်ကိုလှမ်း၍ ပူပြင်းလှသော ထိုကြက်သွေးရောင် ပါရမီအရိုးအဆစ်ကို ဖမ်းဆုပ်ကာ သူ၏ နှလုံးသားအတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။
ပေါင်းစပ်လိုက်သည့် ထိုအခိုက်အတန့်တွင် ရွှီရန်၏ သွေးကြောများအတွင်းရှိ သွေးစွမ်းအင်၊ အရိုးအဆစ်နှင့် အကြောအခြင်များ၊ ဆဲလ်များ၊ ကိုယ်တွင်းအင်္ဂါများ၊ ဝိညာဉ်နှင့် စိတ်ဓာတ်၊ သတ်ဖြတ်ခြင်းအရှိန်အဝါ၊ သန့်စင်ပြီးသော ခန္ဓာကိုယ်နှင့် ဆန်းကြယ်သော ကောင်းချီးမင်္ဂလာအမှတ်များအားလုံးက တုန်ခါသွားပြီး ဝုန်းခနဲ မြည်ဟီးသွားတော့သည်။
ရွှီရန်၏ ခန္ဓာကိုယ်အတွင်းပိုင်းမှ ဝေးကွာလှသော ခေါင်းလောင်းသံကြီးတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“ဒေါင်”
“ဒေါင်”
“ဒေါင်”
မရေမတွက်နိုင်သော ဆန်းကြယ်မှုများမှာ ရွှီရန်၏ အတွင်းသန္တာန်မှ ပွင့်ထွက်လာခဲ့သည်။ ကပ်ဘေးအန္တရာယ်ပေါင်းစုံ၏ မီးတောက်အစက်အမှတ် ၅၀ သည် တစ်ပြိုင်နက်တည်း ပန်းထွက်လာပြီး ပါရမီအရိုးအဆစ်က ငမ်းငမ်းတက် ဝါးမြိုပစ်လိုက်သည်။
ရွှီရန်၏ ဦးခေါင်းထက်တွင် လင်းလက်သော လိပ်ခွံမှာ လွင့်မြောနေသည်။ ၎င်း၏ လိပ်ခွံအတွင်း သိုလှောင်ထားသော ဆန်းကြယ်သည့် အရည်မျှင်များမှာ ချက်ချင်းပင် ခမ်းခြောက်သွားပြီး လိပ်ခွံပေါ်ရှိ မှော်စာလုံးများမှာ ကျန်ရှိနေသေးသော်လည်း အရောင်မှိန်သွားတော့သည်။ လင်းလက်သော လိပ်ခွံမှာ ထိတ်လန့်သွားဟန်ဖြင့် အဝေးသို့ အမြန်ဆုံး ထွက်ပြေးသွားသည်။
ကြက်သွေးရောင်ရွှေတံဆိပ် ရတနာပုလဲသည်လည်း အတင်းအကျပ် အဖမ်းခံလိုက်ရကာ ရိုက်ပုတ်ခြင်း ခံလိုက်ရသည်။ ၎င်းဝါးမြိုထားသော ကတ္တရာစေးကဲ့သို့ နက်မှောင်သည့် လျှပ်စီးများမှာ ပြန်လည်အထုတ်ခံလိုက်ရသည်။
ရွှီရန်၏ မူလရှိပြီးသား ပါရမီအရိုးအဆစ်မှာပင် ထိုပုလဲအတွင်း၌ လှုပ်ရှားလာပြီး မသိရသေးသော စွမ်းအားများကို ဆွဲထုတ်ကာ ၎င်း၏ အရိုးအဆစ်သစ်အတွင်းသို့ ဝါးမြိုကာ ယူသွင်ူလိုက်သည်။
ရွှီရန်မှာ ကြောင်အမ်းသွားပြီး “ဘုရားရေ... ဒါက လုယက်နေတာလား ကြက်သွေးရောင်ရွှေတံဆိပ် ရတနာပုလဲကိုတောင် ပြန်လုလို့ ရတာလား”
“ကောင်းပြီလေ... အဆင်ပြေပါတယ်”
“ဒါပေမဲ့ ငါ့ရဲ့ ကပ်ဘေးမီးတောက်တွေ... အစက် ၅၀ တောင်မှ”
ရွှီရန်မှာ အနည်းငယ် နှမြောသွားမိသည်။ သူသည် လေးရက်တိုင်တိုင် မနားတမ်း ကြိုးစားအားထုတ်ခဲ့ရသည်။ သို့သော်လည်း သူ၏ ပါရမီအရိုးအဆစ်အတွက် အသုံးပြုခြင်း ဖြစ်သည်ဖြစ်ရာ မည်သည့်ပြဿနာမျှ မရှိချေ။
ရွှီရန်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။
ယခုအခါ ကြက်သွေးရောင်ရွှေတံဆိပ် ပါရမီအရိုးအဆစ်သည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားခဲ့သည်။
ထိုပါရမီအရိုးအဆစ်သည် မသေမျိုးအရိုးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါများနှင့် နှလုံးသားအကြားဝယ် ခိုင်မြဲစွာ ရစ်ပတ်တည်ရှိနေသည်။ ၎င်းသည် သူ၏ သတ်ဖြတ်ခြင်းနှလုံးသားကို ထိန်းချုပ်ကွပ်ကဲနေသကဲ့သို့ ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံမှုစနစ်တစ်ခုလုံးကိုလည်း ဦးဆောင်နေတော့သည်။
ရွှီရန်သည် တစ်ကိုယ်လုံး အားအင်သစ်များ ပြည့်လျှံလာပြီး ဘဝ၏ အရည်အသွေးမှာ အဆင့်အတန်းတစ်ခုသို့ မြင့်တက်သွားကာ နတ်ဘုရားတစ်ပါးအဖြစ်သို့ ကူးပြောင်းသွားသည့်အလား ခံစားလိုက်ရသည်။
“ဟူး”
“ငါ... တကယ်ကြီး ဒီလောက်အထိ သန်မာလာတာလား”
ရွှီရန်သည် ဝမ်းမြောက်ပီတိဖြစ်မှုကို မထိန်းချုပ်နိုင်တော့ချေ။ စိတ်အာရုံကို တစ်ချက်မျှ အာရုံစိုက်လိုက်ရုံဖြင့် သူ၏ အခြေအနေကို အတိအကျ သိရှိနိုင်သည်။
[သွေးစွမ်းအင်: ၈၀,၀၀၀ အမှတ်]
[စိတ်ဝိညာဉ်စွမ်းအား : ၁၀,၀၀၀ အမှတ်]
နှစ်ခုစလုံးမှာ နှစ်ဆခန့် ခုန်တက်သွားခဲ့ပြီ ဖြစ်သည်။ ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ရွှီရန်၏ နေ့စဉ် သွေးစွမ်းအင် တိုးတက်မှု အခြေခံနှုန်းမှာ ၃၀၀ အမှတ်သို့ ရောက်ရှိသွားပြီးတိုးပွားခြင်းရတနာအဆောင်ငယ် နှစ်စောင်၏ အကူအညီဖြင့် တစ်နေ့လျှင် ၆၇၅ အမှတ်အထိ တိုးတက်နေခြင်းပင်။
ဆိုလိုသည်မှာ တစ်နှစ်အတွင်း ရွှီရန်၏ သွေးစွမ်းအင်ကို ၂၅၀,၀၀၀ ခန့်အထိ တိုးမြှင့်နိုင်တော့မည် ဖြစ်သည်။ ထို့အပြင် ယခုအခါ စိတ်ဝိညာဉ်စွမ်းအားကိုပါ ကျင့်ကြံနိုင်ခြင်းပင်။
“ဒါက ငါ့ရဲ့ ကြက်သွေးရောင်ရွှေတံဆိပ် ပါရမီအရိုးအဆစ်ပဲလား”
ရွှီရန်သည် အံ့ဩလေးစားမှုများဖြင့် နောက်သို့ အနည်းငယ် ဆုတ်လိုက်မိသည်။ တကယ့်ကို အစွမ်းထက်လွန်းလှသည်။ ၎င်းသည် ပါရမီအရိုးအဆစ်ကြောင့် ရရှိလာသော ကျင့်ကြံမှုအဆင့် တိုးတက်မှုသက်သက်သာ ရှိသေးပြီး အရိုးအဆစ်၏ အစွမ်းသတ္တိများကိုမူ မစမ်းသပ်ရသေးချေ။
ရွှီရန်၏ မျက်ဝန်းများမှာ ပိုမိုတောက်ပလာသည်။ သူ၏ နှလုံးသားအတွင်းရှိ ပါရမီအရိုးအဆစ်ကို စိုက်ကြည့်လိုက်ရာ ၎င်းသည် ငါးနှစ်ကောင် ယင်နှင့်ယန်ငါးကဲ့သို့ ရစ်ပတ်ကာ လှည့်ပတ်နေသည်။ ထိုငါးနှစ်ကောင်မှာ မတူညီသော စွမ်းရည်များကို အသီးသီး ပိုင်ဆိုင်ထားကြသည်။
ယင်းက ရွှီရန်၏ ပါရမီအရိုးအဆစ်သည် နတ်ဘုရားအဆင့်ထက် သာလွန်သော အရိုးအဆစနှစ်ခုကို တစ်ပြိုင်နက် ပိုင်ဆိုင်ထားခြင်းနှင့် တူညီသည်။ ထိုစွမ်းရည်နှစ်ခုကို မြင်လိုက်ရသည့်အခါ ရွှီရန်၏ မျက်သူငယ်အိမ်မှာ ရုတ်တရက် ကျုံ့သွားတော့သည်။
[ယင် - နိယာမပေါင်းသောင်း ဖျက်ဆီးခြင်း]
[ယန် - မြင့်မြတ်သော တာအိုဘုရင်]
...
[နိယာမပေါင်းသောင်း ဖျက်ဆီးခြင်း - ပထမအစီအစဉ် - သင်သည် ဖျက်ဆီးခြင်း ကပ်ဘေးအလင်းကို ဖန်တီးနိုင်ပြီး ရန်သူ၏ တိုက်ခိုက်မှုအားလုံးကို အခြေခံအမှုန်အမွှားများအဖြစ် ပြိုကွဲစေနိုင်သည်။ ထိုသို့ ပြိုကွဲသွားသော အမှုန်အမွှားများကို ဝါးမြိုခြင်းဖြင့် သူ၏ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းနိုင်သည်။ အကယ်၍ ရန်သူသည် ထိုအလင်းနှင့် ထိမှန်ပါက ဒဏ်ရာမှာ မည်သို့မျှ ကုသ၍မရနိုင်ဘဲ ဆက်လက်ပြန့်နှံ့သွားမည်ဖြစ်ရာ ၎င်းကို ငြိမ်းသတ်ရန် သွေးစွမ်းအင် အဆပေါင်းများစွာ အသုံးပြုရမည်]