အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း ၁၂၃ - မျှော်လင့်မထားသော ဝူလီ၏အောင်မြင်မှု
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ၊ ဤသို့ဖြင့် မကြာမီအချိန်အတွင်း ရှောင်ယောင်ဂိုဏ်း၏ ပါရမီရှင်ပြိုင်ပွဲ ကျင်းပပေတော့မည်။
ဤကာလ အတွင်း ဝူလီသည် ဖန်ဆင်းခြင်း မျိုးစေ့ ရရှိရန် တတိယနေရာကို မည်သို့ သေချာ ရယူနိုင်မည်ကို စဉ်းစားကာ ပြိုင်ပွဲအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့သည်။
သို့သော် ဝူလီသည် လောလောဆယ်တွင် ကပ်ဘေးဖြတ်ကျော်ခြင်း အလယ်အလတ်အဆင့်၌သာ ရှိသေးပြီး ၊ ရှောင်ယောင်ဂိုဏ်း၏ ပါရမီရှင်ပြိုင်ပွဲသည် သူတော်စင် နယ်ပယ်အောက် တပည့်များကိုသာ ပါဝင်ခွင့်ပြုထားသည်။
ထို့ကြောင့် တတိယနေရာကို ရရှိနိုင်ရေးအတွက် ဝူလီသည် ကိစ္စများကို စနစ်တကျ ပြင်ဆင်ရန် လိုအပ်နေသေးသည်။
ဝူလီ၏ အချိန်နှင့် ဟင်းလင်းပြင် နတ်ဘုရား ခန္ဓာသည် စွမ်းအား များများစားစား မထုတ်ဖော်ရသေးပေ။ ၎င်းသည် ဝူလီကို အသေးစား နယ်ပယ် နှစ်ခု ကျော်ဖြတ်နိုင်ရန်သာ ကူညီပေးနိုင်ပြီး ၊ ထို့အပြင် ကပ်ဘေးဖြတ်ကျော်ခြင်း အထွတ်အထိပ် အဆင့်ကို ယှဉ်ပြိုင်နိုင်သော အင်အားကို ပေးစွမ်းနိုင်သည်။
“ပါရမီရှင်ပြိုင်ပွဲမှာ အဆောင်တွေ၊ ဆေးလုံးတွေစတဲ့ ပစ္စည်းတွေကို သုံးခွင့် မပြုဘူး... ဒါကြောင့် ငါ့ရဲ့ အနိုင်ရနိုင်ခြေကို မြှင့်တင်ဖို့ အစီအရင်တွေကိုပဲ သုံးလို့ရမယ်... တော်သေးတာက ငါက အစီအရင်တွေမှာ အောင်မြင်မှု အနည်းငယ် ရထားတယ်... ဒါက ငါ့ကို တတိယနေရာ ရအောင် ကူညီပေးနိုင်လောက်တယ်”
ဝူလီသည် သူ့ဘာသာ တွေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ၊ ကျန့်ထျန်းဂိုဏ်းသည် တပည့်များ အချင်းချင်း အပြန်အလှန် ဆက်ဆံရေးနှင့် တိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်၍ ဤပါရမီရှင်ပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်သည်။
ထို့ကြောင့် တပည့်များအား ဆေးလုံးများနှင့် အဆောင်များကဲ့သို့သော သူခိုးလမ်းကြောင်းများကို မည်သို့အသုံးပြုခွင့် ပေးမည်နည်း။
အမှန်အားဖြင့် ၊ အစပိုင်းတွင် အစီအရင်များ အသုံးပြုခြင်းကို ခွင့်မပြုခဲ့သော်လည်း နောက်ပိုင်းတွင် စည်းကမ်းများကို တဖြည်းဖြည်း ဖြေလျော့ပေးခဲ့သည်။
ဝူလီသည် သူ ပြင်ဆင်ထားသော ဓားအစီအရင် အချို့နှင့် ဖမ်းချုပ်ခြင်း အစီအရင်များကို ကြည့်ရင်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ဤအစီအရင်များကို ကိုယ်တိုင် စမ်းသပ်ပြီးနောက် ၊ သူတော်စင် နယ်ပယ်အဆင့်ရှိ တစ်စုံတစ်ယောက်ကို အနိုင်ယူရန်မှာ ပြဿနာမရှိကြောင်း သူ တွက်ချက်လိုက်သည်။
မကြာမီ ဝူလီသည် ပြိုင်ဘက်၏ အချက်အလက်များကို မြင်တွေ့လိုက်ရသည်။
“ဝမ်ချန်း... ကပ်ဘေးဖြတ်ကျော်ခြင်း အထွတ်အထိပ် အဆင့်တဲ့လား... ငါ့အင်အားကို စမ်းသပ်ဖို့ အတော်ပဲ”
ဝူလီသည် ဝမ်ချန်း၏ အချက်အလက်များကို စိုက်ကြည့်ရင်း သူ့ဘာသာ တွေးလိုက်သည်။
ဝမ်ချန်းဘက်တွင်မူ ၊ ဝူလီ၏ အချက်အလက်များကို မြင်ပြီးနောက် ဝူလီ၏ နောက်ခံကို မှတ်မိရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
“ရှောင်ယောင်တောင်ထိပ်က တပည့်လား... ဒီလိုဆိုရင်တော့ မင်းကို သုံးပြီး ငါ့အင်အားကို စမ်းသပ်ရမယ်... ကပ်ဘေးဖြတ်ကျော်ခြင်း အလယ်အလတ်အဆင့်ဆိုတော့... အလွယ်တကူ ဖိနှိပ်လို့ ရတယ်”
သို့သော် ဝမ်ချန်းတစ်ယောက် သူသည် မည်ကဲ့သို့သော လူ့ဘီလူးနှင့် ရင်ဆိုင်နေရသည်ကို မသိခဲ့ချေ။
ပါရမီရှင်ပြိုင်ပွဲ မစတင်မီ ၊ တစ်ရက်အလိုတွင် ချိုက်ထျန်းကွန်းနှင့် နန်ကုန်းယာတို့သည် ဝူလီ၏ ရှေ့မှောက်သို့ တစ်ပြိုင်နက် ရောက်ရှိလာကြသည်။
သူ၏ စီနီယာအစ်ကိုနှင့် စီနီယာအစ်မ နန်ကုန်းယာတို့သည် မမျှော်လင့်ဘဲ ရောက်လာသည်ကို မြင်သည်နှင့် ဝူလီသည် အနည်းငယ် ဦးညွှတ်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“စီနီယာအစ်ကို... စီနီယာအစ်မ နန်ကုန်းယာ... ကျွန်တော့်ဆီက လိုချင်တာ တစ်ခုခု ရှိလို့လား”
“အဟမ်း... ဂျူနီယာမောင်လေး... မနက်ဖြန် ကျင်းပမယ့် ပါရမီရှင်ပြိုင်ပွဲအတွက် စိတ်လှုပ်ရှားနေစရာ မလိုဘူး... အကောင်းဆုံးသာ ကြိုးစား”
နန်ကုန်းယာသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
သူမ ဘေးနားရှိ ချိုက်ထျန်းကွန်းက ပို၍ တဲ့တိုး ပြောလိုက်၏။
“ဂျူနီယာညီလေး... ဂိုဏ်းရဲ့ တွဲဖက်ပေးတဲ့ စနစ်က လုံးဝ ကျပန်းပဲ... ကပ်ဘေးဖြတ်ကျော်ခြင်း အထွတ်အထိပ် အဆင့်နဲ့ တွေ့တယ်ဆိုတာက မင်းကိုက ကံဆိုးလို့ပဲ... မင်း နိုင်ချင်ရင် မင်းရဲ့ စီနီယာအစ်ကို ဖြစ်တဲ့ ငါက အထူး လေ့ကျင့်သင်ကြားပေးမယ်လေ”
ထိုအခါမှသာ ဝူလီသည် နောက်ဆုံးတွင် နားလည်သွားသည်။ သူ၏ စီနီယာအစ်ကိုနှင့် စီနီယာအစ်မ နန်ကုန်းယာတို့သည် သူ၏ ပြိုင်ဘက်ကို မြင်ပြီးနောက် ၊ သူသည် ရှုံးနိမ့်တော့မည်ဟု ထင်မှတ်ကာ ဤနေရာသို့ လာရောက်၍ သူ့ကို နှစ်သိမ့်ပေးနေခဲ့ခြင်း ဖြစ်သည်။
ဤအချက်ကို တွေးမိပြီး ၊ ဝူလီတစ်ယောက် ရယ်ရမလို ငိုရမလို ဖြစ်သွားသော်လည်း ၊ သူသည် ၎င်းတို့နှစ်ဦးကို ဦးညွှတ်လိုက်ပြီး ကျေးဇူးတင်သော အမူအရာဖြင့် ပြောလိုက်သည်။
“ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို နဲ့ စီနီယာအစ်မ နန်ကုန်းယာ... ဒါပေမဲ့ သာမန် ကပ်ဘေးဖြတ်ကျော်ခြင်း အထွတ်အထိပ် အဆင့်လောက်က ကျွန်တော့်ကို ရှုံးအောင် လုပ်ဖို့ မလုံလောက်သေးဘူး ... မနက်ဖြန် ပွဲကိုသာ စောင့်ကြည့်နေလိုက်... အမွှေးတိုင်တစ်တိုင် မကုန်ခင်မှာပဲ ဝမ်ချန်းကို ကျွန်တော် အနိုင်ယူပြမယ်”
ဝူလီ၏ ယုံကြည်ချက်အပြည့်ရှိနေသော အမူအရာကြောင့် ချိုက်ထျန်းကွန်းနှင့် နန်ကုန်းယာတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့၏ ဂျူနီယာညီလေးသည် ကပ်ဘေးဖြတ်ကျော်ခြင်း အထွတ်အထိပ် အဆင့်ရှိ ဝမ်ချန်းကို အမှန်တကယ်ပင် အနိုင်ယူနိုင်မည်လော။
သို့သော် ယခု သူတို့အနေဖြင့် အများကြီး မတွေးနိုင်တော့ပေ။ ဤအခိုက်အတန့်တွင် ဝူလီကို ယုံကြည်ရုံမှတပါး အခြားရွေးချယ်စရာ မရှိပေ။
အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ပါရမီရှင်ပြိုင်ပွဲ၏ ပဏာမ အဆင့်သို့ ရောက်ရှိလာခဲ့သည်။ သူ၏ ပြိုင်ဘက်ဖြစ်သည့် ဝမ်ချန်းသည် ကမ္ဘာငယ်လေး အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ၊ သူ့ကို စောင့်ဆိုင်းနေခဲ့သည်။
ဝူလီသည် ကမ္ဘာငယ်လေး အတွင်းသို့ ဝင်ရောက်လာချိန်တွင် ၊ ဝမ်ချန်းသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး အထွတ်အထိပ်အဆင့်ရှိသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ မည်သို့ပင်ဖြစ်စေ ၊ တဖက်လူသည် ကပ်ဘေးဖြတ်ကျော်ခြင်း အထွတ်အထိပ် အဆင့်တွင် ရှိနေပြီး ၊ ဆရာဖြစ်သူ၏ ကိုယ်ပိုင် သင်ကြားမှုကိုလည်း ရရှိထားသူ ဖြစ်သည်။ ၎င်းသည် သူတော်စင် တစ်ပါးကိုပင် ယှဉ်ပြိုင်နိုင်သည်။
ဝူလီ ဝင်လာသည့် အခိုက်အတန့်တွင် ဝမ်ချန်းသည် မျက်လုံးဖွင့်လိုက်ပြီး မတ်တတ်ရပ်ကာ မထီမဲ့မြင် အမူအရာကို ပြသလိုက်သည်။
ဝူလီသည် ကပ်ဘေးဖြတ်ကျော်ခြင်း အလယ်အလတ်အဆင့်ရှိ သာမန်ကျင့်ကြံသူ တစ်ဦးသာ ဖြစ်ပြီး ၊ သူ၏ ပြိုင်ဘက် ဖြစ်ရန် လုံးဝ မထိုက်တန်ကြောင်း အာရုံခံမိသည်။
ဤအချက်ကို တွေးမိပြီး ဝမ်ချန်းသည် လျစ်လျူရှုသော လေသံဖြင့် ပြောလိုက်သည်။
“မင်းက တောင်သခင် ချန် ရဲ့ တပည့် မဟုတ်လား... မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးဘူး.. အရှုံးပေးလိုက်တော့... မဟုတ်ရင် ငါ မင်းကို အရှက်တကွဲ ရှုံးနိမ့်အောင် လုပ်မိလိမ့်မယ်”
ဝူလီသည် ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်သည်။
“ငါ ဝူ မျိုးရိုးက မသေချာတဲ့ တိုက်ပွဲတွေကို ဘယ်တော့မှ မတိုက်ဘူး... ငါ ဒီနေရာမှာ ရပ်နေတယ် ဆိုတာက ဒီနေ့ ရှုံးနိမ့်မယ့်သူက မင်းတစ်ယောက်တည်းပဲ ရှိတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ”
“ဟွန့်... မောက်မာလိုက်တာ... ဒီလိုဆိုမှတော့ မင်းရဲ့ အင်အားကို ပြလိုက်စမ်း”
ထိုသို့ပြောပြီးသည်နှင့် နောက်တစ်စက္ကန့်တွင် ဝမ်ချန်းသည် ဝူလီထံသို့ တိုက်ရိုက် ပြေးဝင်လာသည်။
အပြင်ဘက်တွင် ချိုက်ထျန်းကွန်း၊ နန်ကုန်းယာနှင့် ပတ်ဝန်းကျင်ရှိ တပည့်များမှာ အံ့အားသင့်သွားကြသည်။
“ဒါက... ဓားအစီအရင်ပဲ”
“အမ်... ကြည့်ရတာ ဓားရှည် တစ်သိန်း ရှစ်ထောင် တိတိနဲ့ ဖွဲ့စည်းထားတာပဲ... ပြီးတော့ အားလုံးက ကောင်းကင်အဆင့် ထိပ်တန်း အရည်အသွေးရှိတဲ့ ဝိညာဉ်ဓားတွေချည်းပဲ”
“ဒါပေမဲ့ အတုန်လှုပ်စရာ အကောင်းဆုံးက ဝူလီရဲ့ ဝိညာဉ်စွမ်းအား မဟုတ်ဘူးလား... ကောင်းကင်အဆင့် ထိပ်တန်း အရည်အသွေးရှိတဲ့ ဝိညာဉ်ဓား အများကြီးကို ထိန်းချုပ်နိုင်တယ် ဆိုတော့... ဝူလီရဲ့ ဝိညာဉ်စွမ်းအားက ကပ်ဘေးဖြတ်ကျော်ခြင်း အဆင့်ကို ကျော်လွန်နေလောက်ပြီ”
ပတ်ဝန်းကျင်ရှိ တပည့်များ၏ ဆွေးနွေးသံများကို နားထောင်ရင်း ၊ ချန်ဖျင်အန်း၏ ရင်ထဲတွင် ကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
မဆိုးဘူး... ဒါကမှ ငါ့တပည့် တစ်ယောက်မှာ ရှိသင့်တဲ့ ပုံစံပဲ...
ထိုအချိန်တွင် နန်ကုန်းယာသည် ချိုက်ထျန်းကွန်းကို ကြည့်ပြီး မေးမြန်းလိုက်သည်။
“စီနီယာအစ်ကို... အစ်ကို့ရဲ့ လက်ရှိအင်အားနဲ့ ဂျူနီယာညီလေး အခု ပြသနေတဲ့ အဆင့်ကို ရောက်နိုင်မလား”
“ငါ လုပ်နိုင်တယ်... ဒါပေမဲ့... ငါက မဟာသူတော်စင် အထွတ်အထိပ် အဆင့်လေ”
အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ၊ ချိုက်ထျန်းကွန်းသည် ခေါင်းညိတ်လိုက်သည်။ သို့ပေမဲ့ ၊ သူသည် မဟာသူတော်စင် အထွတ်အထိပ် အဆင့်တွင် ရှိနေပြီး အစွမ်းကုန် ထုတ်သုံးလျှင်ပင် ၊ သူ ထိန်းချုပ်နိုင်သော ဝိညာဉ်ဓား အရေအတွက်သည် ဝူလီထက် များစွာ ပိုချင်မှပိုပေမည်။
ဆိုလိုသည်မှာ ဝူလီသည် လက်ရှိတွင် မဟာသူတော်စင် အထွတ်အထိပ် အဆင့်ရှိသော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားခြင်းပင် မဟုတ်လော။
ပြင်ပရှိ လူများသည်ပင် အလွန်အမင်း တုန်လှုပ်နေကြပြီ ဖြစ်ရာ ၊ အတွင်းဘက်ရှိ ဝမ်ချန်း အဖို့ ပြောနေစရာပင် မလိုတော့ချေ။
“သောက်ကျိုးနည်း... သူခိုးလမ်းကြောင်းကို သုံးတဲ့ကောင် ရှိနေတာပဲ!”
အခန်း ၁၂၄ - တမင် ရည်ရွယ်ချက်ရှိရှိ အလျှော့ပေးခြင်း
“တစ်သက်လုံး နာမည်ကျော်ကြားခဲ့တဲ့ ငါ ဝမ်ချန်းက ကပ်ဘေးဖြတ်ကျော်ခြင်း အလယ်အလတ်အဆင့် တစ်ယောက်ရဲ့ လက်ထဲမှာ ရှုံးနိမ့်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး... အဲဒီနေ့ နေဝင်ချိန်အောက်မှာ ငါ ပြုခဲ့တဲ့ ကတိသစ္စာကို မှတ်မိသေးတယ်... အဲဒါက ငါ့ရဲ့ ပျောက်ဆုံးသွားတဲ့ လူငယ်ဘဝပဲ”
ဝမ်ချန်းသည် မြေပြင်ပေါ်တွင် လှဲလျောင်းရင်း ကောင်းကင်ကို ကြည့်ကာ လွမ်းဆွတ်ဆွေးမြေ့သော အမူအရာဖြင့် ပြောလိုက်သည်။
သူ ရှုံးနိမ့်ခဲ့သည်၊ အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။ သူခိုးလမ်းကြောင်း သုံးနေသော ဝူလီ၏ ရှေ့မှောက်တွင် သူသည် ၎င်း၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။ သူသည် တစ်မိနစ်ပင် မခံလိုက်ရဘဲ ကောင်းကင်အဆင့် ထိပ်တန်း အရည်အသွေးအဆင့်ရှိသည့် ဝိညာဉ်ဓား တစ်လက်၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး တိုက်ရိုက် ထွက်ခွာခဲ့ရသည်။
“ဝူလီ... ဟုတ်လား... ငါ ဝမ်ချန်း မင်းကို မှတ်ထားလိုက်ပြီ... ငါ သန်မာလာတဲ့အခါ မင်းကို သေချာပေါက် အနိုင်ယူပြမယ်”
ဝူလီသည် မြေပြင်ပေါ်တွင် လှဲလျောင်းနေသော ဝမ်ချန်းကို ဂရုမစိုက်ဘဲ ကမ္ဘာငယ်လေးမှ တိုက်ရိုက် ထွက်ခွာသွားလေသည်။
ဝူလီသည် ကမ္ဘာငယ်လေးမှ ထွက်ခွာလာခဲ့ပြီးနောက်တွင် ၊ ချိုက်ထျန်းကွန်းနှင့် နန်ကုန်းယာတို့မှာ ရှေ့တိုးလာပြီး အတင်းအကျပ် မေးမြန်းလေတော့သည်။
“ဂျူနီယာ မောင်လေး... မင်း ဒီလောက်ထိ လျှို့ဝှက်လိမ့်မယ်လို့ မထင်ထားဘူး... ပါရမီရှင်ပြိုင်ပွဲကြောင့်သာ မဟုတ်ရင် ခုလို ကြီးမားတဲ့ တိုက်ခိုက်ရေးစွမ်းအားတွေကို ပိုင်ဆိုင်ထားမှန်း သိခဲ့မှာ မဟုတ်ဘူး”
နန်ကုန်းယာသည် မနေနိုင်ဘဲ စနောက်လိုက်သည်။ သို့သော် ဝူလီသည် ခေါင်းကို အနည်းငယ် ခါရမ်းလိုက်ပြီး နှိမ့်ချစွာဖြင့် ပြောလိုက်သည်။
“စီနီယာအစ်မ နန်ကုန်းယာကတော့ နောက်နေပြန်ပြီ... ကျွန်တော့်ရဲ့ အောင်မြင်မှုတွေ အားလုံးက တိုက်ဆိုင်မှု တစ်ခုပဲ”
ဝူလီ၏ စကားများသည် စနှောက်ပြောဆိုနေခြင်း မဟုတ်ပေ။ အကယ်၍ သူသာ သူတော်စင် ပုလင်းကို ကံကောင်းထောက်မစွာဖြင့် မရရှိခဲ့ပါက ၊ ဤမျှ တိုတောင်းသော အချိန်အတွင်း ရွှေမိုးကြိုးသစ်သားဓား တစ်သိန်းရှစ်ထောင်ကို ဖန်တီးနိုင်ခဲ့မည် မဟုတ်ချေ။
မှန်၏ ။ ဝူလီ၏ ကောင်းကင်အဆင့် ထိပ်တန်း အရည်အသွေး ဖြစ်သော ဓားရှည် တစ်သိန်း ရှစ်ထောင် စလုံးကို ရွှေမိုးကြိုးသစ်သားဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သည်။
အပင်တစ်မျိုး ဖြစ်သည့် ရွှေမိုးကြိုးသစ်သားသည် သူတော်စင် ပုလင်းမှ ထုတ်လုပ်ပေးသော တာအိုရည်ဖြင့် ၎င်း၏ ကြီးထွားမှုကို သဘာဝကျကျ အရှိန်မြှင့်တင်နိုင်သည်။
ချိုက်ထျန်းကွန်းသည် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။
“ဂျူနီယာညီလေးရဲ့ အောင်မြင်မှုတွေက တိုက်ဆိုင်မှု တစ်ခုနဲ့ ရယူနိုင်တဲ့အရာ မဟုတ်ဘူး... စွမ်းအားကြီးမားတဲ့ ခွန်အားနဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ ပါရမီ မရှိဘဲ ဒီအဆင့်ကို ရောက်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”
စီနီယာအစ်ကို၏ စကားကို ကြားပြီးနောက် ဝူလီသည် အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရပြီး ခေါင်းကုတ်ကာ ခွင့်ပန်၍ လှည့်ထွက်သွားလေသည်။
သူသည် ပို၍ သတိထားရန် လိုအပ်နေသေးသည်။ ရွှေမိုးကြိုးသစ်သား ဓားအစီအရင်ဖြင့် ထိပ်ဆုံး သုံးယောက် စာရင်းထဲ ဝင်နိုင်မည်ဆိုပါက ၊ အကောင်းဆုံး ဖြစ်ပေသည် ။ ထိုသို့မဟုတ်လည်း သူ့တွင် အခြား ဝှက်ဖဲများ ရှိသေး၏။
ဝူလီ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ၊ ချိုက်ထျန်းကွန်းနှင့် နန်ကုန်းယာတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
လက်ရှိ အခြေအနေအရ ဝူလီ၏ နောက်ခံသည် သေချာပေါက် သာမန် မဟုတ်ဘဲ ဝူမိသားစုနှင့် ပတ်သက်ဆက်နွှယ်မှု ရှိနိုင်သော်လည်း ၊ ဝူလီဘက်မှ ဘာမှထုတ်မပြောသဖြင့် သူတို့သည်လည်း စပ်စုမည် မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ သူတို့သည် ဂိုဏ်းတူ တပည့်များ ဖြစ်ကြသည်။
အခြေအနေသည် ဝူလီ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ခဲ့သည်။ ရွှေမိုးကြိုးသစ်သား ဓားအစီအရင်ဖြင့် ဝူလီသည် လမ်းတစ်လျှောက်လုံး အနိုင်ရရှိခဲ့ပြီး လေးယောက်မှ နှစ်ယောက် ဆန်ခါတင် အဆင့်သို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
“အချိန်တန်ပြီ... ပြိုင်ဘက်ကို အရှုံးပေးလိုက်ပြီး တတိယနေရာလုပွဲမှာ ကြိုးစားလိုက်ရင် ရပြီ.. အဲ့လိုသာဆို ဖန်ဆင်းခြင်း မျိုးစေ့က ငါ့အပိုင် ဖြစ်လာပြီ”
ဝူလီသည် သူ့ရှေ့မှ ကပ်ဘေးဖြတ်ကျော်ခြင်း နှောင်းပိုင်းအဆင့် ရှိ ပြိုင်ဘက်ကို ကြည့်ရင်း သူ့ဘာသာ တွေးလိုက်သည်။
တစ်ဖက်ရှိ ကပ်ဘေးဖြတ်ကျော်ခြင်း နှောင်းပိုင်းအဆင့်ရှိ တပည့်မှာ သူ့ပြိုင်ဘက်သည် ဝူလီ ဖြစ်ကြောင်း သိလိုက်ရပြီးနောက် ၊ ချက်ချင်းပင် သူ့နှလုံးသားတစ်ခုလုံး ပြာကျသွားသလို ခံစားလိုက်ရသည်။
ကောင်းလိုက်တာ... ဝူလီတဲ့... ငါ သေချာပေါက် ရှုံးတော့မှာပဲ...
သို့သော် ရှုံးနိမ့်မည် ဆိုလျှင်ပင်၊ သူသည် ဝူလီနှင့် တိုက်ပွဲတွင် အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်ပြီး နောင်တ မရဘဲ ရှုံးနိမ့်သွားမည် ဖြစ်သည်။
ဤအချက်ကို တွေးမိပြီး ထိုတပည့်သည် အင်အား အကုန်ထုတ်သုံးကာ ဝူလီထံသို့ ပြေးဝင်သွားလေသည်။
ဝူလီ၏ အမူအရာမှာလည်း လေးနက်နေပြီး သိပ်မသိသာစေရန် နောက်ပိုင်းတွင် မည်သို့ ရှုံးနိမ့်သင့်ကြောင်း စဉ်းစားနေသည်။
အပြင်ဘက်တွင် ချိုက်ထျန်းကွန်းနှင့် အခြားသူများသည် ဤတိုက်ပွဲအတွက် သံသယ မရှိကြချေ။ မည်သို့ပင်ဆိုစေကာမူ ပြိုင်ပွဲ စတင်ကတည်းက ဝူလီ၏ လက်အောက်တွင် မိနစ်ဝက်ကြာအောင် ခံနိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဘဲ ယခု ဝူလီနှင့် တိုက်ခိုက်နေသော ရွှယ်ပေါ်သည် ယခင်လူများထက်ပင် အင်အား နည်းပါးနေသေးသည်။
မျှော်လင့်မထားသော အရာများ မဖြစ်ပေါ်ပါက ဝူလီသည် ရွှယ်ပေါ်ကို အရှုံးပေးလိမ့်မည်ဟု ချန်ဖျင်အန်း တစ်ဦးတည်းသာ ခန့်မှန်းနိုင်လိမ့်မည်။ သို့သော် ဝူလီသည် တစ်ဖက်လူအပေါ် မည်သို့ အရှုံးပေးမည်ကို သူ သိချင်မိသည်။
ထို့နောက် ရွှယ်ပေါ် သည် ဝူလီထံသို့ ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။ ဝူလီသည် ရွှေမိုးကြိုးသစ်သား ဓားအစီအရင်ဖြင့် တဖက်လူကို တားဆီးရန် ပြင်ဆင်လိုက်စဉ် ရုတ်တရက် အော်ဟစ်သံ တစ်ချက် ထွက်ပေါ်လာပြီး ၊ တစ်ချိန်တည်းမှာပင် ရွှေမိုးကြိုးသစ်သား ဓားများသည် ကောင်းကင်မှ ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းကို မြင်သည်နှင့် ရွှယ်ပေါ် သည် အလွန် သိချင်စိတ် ဖြစ်သွားသော်လည်း ၊ သို့သော် ၎င်းသည် အခွင့်အရေး တစ်ခု ဖြစ်ကြောင်း သူ သိသဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်လိုက်ပြီး သဘာဝကျကျပင် ဝူလီကို အနိုင်ယူနိုင်ခဲ့သည်။
“ခင်ဗျားရဲ့ အင်အားက တကယ်ကို အရမ်း သန်မာတာပဲ... ခင်ဗျားကို ရှုံးရတာ ကျွန်တော် စိတ်မကောင်း မဖြစ်ပါဘူး”
ဝူလီသည် မြေပြင်ပေါ်တွင် လှဲလျောင်းနေပြီး ၊ သူ၏ အရှိန်အဝါသည် အနည်းငယ် အားနည်းနေဟန်ရှိသည်။ အမှန်အားဖြင့် ၊ ဤအရာများသည် ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။
ရွှယ်ပေါ်မှာ သိသာထင်ရှားစွာ စိတ်လှုပ်ရှားနေသည်။ မည်သို့ပင်ဖြစ်စေ ၊ သူသည် ဝူလီနှင့် ရင်ဆိုင်ရမည်ကို သိလိုက်ရကတည်းက ရှုံးနိမ့်ရန် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ၊ ယခု သူသည် တဖက်လူကို အနိုင်ရရှိခဲ့ရာ ပထမနေရာကိုပင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ကောင်း ယှဉ်ပြိုင်နိုင်ပေတော့မည်။
သို့သော် ရွှယ်ပေါ်သည် ဝူလီကို ကံကောင်းထောက်မစွာဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရှိထားသဖြင့် ၊ ရှုံးနိမ့်သွားသော ဝူလီကို လှောင်ပြောင်ခြင်း မပြုခဲ့ချေ။ သူသည် လက်ကမ်းပေးပြီး ဝူလီကို ဆွဲထူလိုက်ကာ လှည့်ထွက်သွားလေသည်။
ဝူလီသည် အပြင်သို့ ထွက်လာသောအခါ ချိုက်ထျန်းကွန်းနှင့် နန်ကုန်းယာတို့ ရောက်လာပြီး ဝူလီကို နှစ်သိမ့်ပေးလိုက်ကြသည်။
“ဂျူနီယာညီလေး... ရှုံးသွားတာ ကိစ္စ မရှိဘူး... မင်းရဲ့ ရွှေမိုးကြိုးသစ်သား ဓားအစီအရင်က သိပ်မကျွမ်းကျင်သေးလို့ ဝိညာဉ်စွမ်းအား သုံးစွဲမှု လွန်ကဲသွားတာ ဖြစ်လောက်တယ်... ဒီနေ့ကစပြီး မင်းရဲ့ ရွှေမိုးကြိုးသစ်သား ဓားတွေ နောက်တစ်ကြိမ် ပြုတ်မကျအောင် မင်းရဲ့ ဝိညာဉ်စွမ်းအားကို သန်မာလာစေဖို့ ငါတို့နှစ်ယောက် လမ်းညွှန်ပေးပါ့မယ်”
ထိုစကားကိုကြားပြီးနောက် ဝူလီသည် တစ်ခဏမျှ ကြောင်အသွားပြီး ခါးသက်သက် ပြုံးလိုက်သည်။
သို့သော် သူ့တွင် ရှင်းပြစရာ မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ၊ ကံတရား အဓိပတိဆေးလုံးသည် အလွန် အရေးကြီးသော ကိစ္စရပ် ဖြစ်ပြီး မည်သူ့ကိုမျှ မပြောပြရန် ဆရာဖြစ်သူကိုယ်တိုင် မှာကြားထားသည်။ သူ၏ ဝိညာဉ်အမြစ်ကို ထိပ်တန်း အရည်အသွေး ဝိညာဉ်အမြစ် အဆင့်ထိ မြှင့်တင်ပြီးမှသာ စီနီယာအစ်ကိုနှင့် စီနီယာအစ်မ နန်ကုန်းယာတို့ကို ရှင်းပြရမည် ဖြစ်သည်။
ထို့နောက်တွင် ဝူလီသည် တတိယနေရာ ရရှိမည်မှာ သံသယ ဖြစ်ဖွယ် မရှိတော့ပေ။
ဖန်ဆင်းခြင်း မျိုးစေ့ကို ရရှိပြီးနောက် ၊ ဗြောင်းဆန်ခတ်နေသော ဝူလီ၏ နှလုံးသားမှာ နောက်ဆုံးတွင် တည်ငြိမ်သွားတော့သည်။ သူ၏ လက်ထဲမှ ဖန်ဆင်းခြင်း မျိုးစေ့ကို ကြည့်ရင်း သူ၏ ကိုယ်ပိုင် အနာဂတ်ကို ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
“ငါ့ရဲ့ ဝိညာဉ်အမြစ်ကို ထိပ်တန်း အရည်အသွေး ဝိညာဉ်အမြစ် အဆင့်ထိ မြှင့်တင်ပြီးရင် ဝူယီဖန် အစ်ကို နဲ့ ယိတောက် အစ်ကိုတို့ရဲ့ ခြေလှမ်းတွေကို မီနိုင်လောက်ပြီ”
ဝူလီသည် သူ့ဘာသာသူ တွေးလိုက်သည်။ ဝူမိသားစုဝင် အားလုံးသည် ဝူယီဖန်နှင့် ဝူယိတောက်တို့ကို လိုက်မီရန် ပန်းတိုင်များ အဖြစ် သတ်မှတ်ထားကြသည်။ ရွှမ်ထျန်းကမ္ဘာတွင် တစ်စုံတစ်ယောက်က ဝူမိသားစုအကြောင်း ပြောလိုက်တိုင်း ပထမဆုံး တွေးမိသူများမှာ ဝူယီဖန်နှင့် ဝူယိတောက်တို့ပင် ဖြစ်သည်။
သူသည် ခြွင်းချက် မဟုတ်သကဲ့သို့ တစ်နေ့တွင် ရွှမ်ထျန်းကမ္ဘာမှ လူများက ဝူမိသားစုအကြောင်း ပြောသည့်အခါတိုင်း သူ ဝူလီကို ပထမဆုံးအဖြစ် တွေးမိစေချင်သည်။ ဝူမိသားစုဝင်များကလည်း သူကို လိုက်မီရန် ပန်းတိုင် အဖြစ် သတ်မှတ်လာစေချင်သည်။
“ဝူလီ... ဒီ ဖန်ဆင်းခြင်း မျိုးစေ့ကို အဓိပတိ အဆင့်ထိ ရောက်အောင် စိုက်ပျိုးဖို့ နေရာတစ်ခု လိုအပ်လား”
ချန်ဖျင်အန်းသည် ဖန်ဆင်းခြင်း မျိုးစေ့၏ အရေးပါမှုကို သိရှိထားသဖြင့် ဝူလီ၏ ဘေးနားသို့ အလျင်အမြန် ရောက်လာပြီး မေးလိုက်သည်။
ဝူလီသည် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။
“ဆရာ... ဒီကိစ္စကို ကျွန်တော့်ဘာသာ ဖြေရှင်းခွင့်ပြုပါ”
ချန်ဖျင်အန်းသည် အနည်းငယ် စိုးရိမ်ကာ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ဤကိစ္စကို ဝူလီဘာသာ ဖြေရှင်းရန် လွှတ်ပေးလိုက်ပြီး တစ်ခုခု လိုအပ်ပါက သူ့ကို အသိပေးရန် မှာကြားလိုက်သည်။
ချန်ဖျင်အန်း ထွက်ခွာသွားပြီးနောက် ဝူလီသည် အစီအရင်များကို ထပ်ခါထပ်ခါ တည်ဆောက်ပြီးမှ သူတော်စင် ပုလင်းကို ထုတ်ယူလိုက်သည်။
ဖန်ဆင်းခြင်း မျိုးစေ့ကို ကြိုတင် ပြင်ဆင်ထားသော မြေဆီလွှာတွင် မြှုပ်နှံပြီးနောက် ၊ ဝူလီသည် သူတော်စင် ပုလင်းကို ဖွင့်လိုက်ပြီး အတွင်း၌ သိုလှောင်ထားသော တာအိုရည်ကို ဖန်ဆင်းခြင်း မျိုးစေ့ ရှိရာနေရာသို့ ဖြည်းညင်းစွာ လောင်းထည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် နုနယ်သော အညှောက်ပေါက်လေး တစ်ခုသည် မြေကြီးထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး အလွန် လျင်မြန်သော နှုန်းဖြင့် စတင် ကြီးထွားလာလေသည်။
မကြာမီ ၎င်းသည် ပွင့်လာပြီး အသီးသီးကာ အဓိပတိ အဆင့် ဖန်ဆင်းခြင်း ပန်းတစ်ပွင့်ကို တရားဝင် ထုတ်လုပ်ပေးလိုက်လေသည်။