← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း ၁၃၅ - ဧကရာဇ်တာအို ဥပဒေသများ၏ စည်းတံဆိပ်ကို ပြန်ဖြည်နိုင်ရန် ပြင်ဆင်ခြင်း

“ကံမကောင်းစွာနဲ့ပဲ မဟာသခင်မြတ် ငါးပါး ချန်ထားခဲ့တဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ပိတ်ပင်မှုကို ငါ တတ်နိုင်သမျှ မြန်မြန် ချိုးဖျက်ချင်ပေမဲ့.. သွေးနတ်ဘုရားရဲ့ နတ်ဘုရားစွမ်းအင်က အဆင်သင့်မဖြစ်သေးဘူး… အထူးသဖြင့် ရွှမ်ထျန်းကမ္ဘာမှာ ငါတို့ရဲ့ တမန်တော်တွေက အနည်းငယ်ပဲ ကျန်တော့တယ် ၊ အထူး ခန္ဓာကိုယ် ပိုင်ရှင်ကို ရှာဖွေဖို့ဆိုတာကတော့ ဝေးရောပဲ”

အကြီးအကဲ၏ စကားကို ကြားပြီးနောက် ရွှယ်ယွမ်၏ အမူအရာသည် အတော်လေး ကြည့်ရဆိုးသွားပြီး အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

“အဲ့လို‌ဆိုလည်း အဖေ ပြန်လည် ရှင်သန်လာမယ့် နှစ် ၁၅၀ အထိ စောင့်ကြတာပေါ့… အဖေ ပြန်လည် ရှင်သန်လာတာနဲ့ သူက အစစ်အမှန် နတ်ဘုရား တစ်ပါး ဖြစ်လာလိမ့်မယ်… အဲ့ကြရင် မဟာသခင်မြတ် ငါးပါး ချန်ထားခဲ့တဲ့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ပိတ်ပင်မှုက အလိုအလျောက် ပျက်စီးသွားလိမ့်မယ်”

ဟွာ အကြီးအကဲမှာ လေးလံစွာ သက်ပြင်းချလိုက်သည်။ သူမအနေဖြင့် မြန်နိုင်သမျှ မြန်မြန် ထွက်သွားချင်သော်လည်း ၊ ယခုအချိန်၌ အခြား နည်းလမ်း မရှိတော့ပေ။ ဂိုဏ်းချုပ် ပြန်လည် သက်သာလာမည့် အချိန်ကို စောင့်ဆိုင်းခြင်းက အကောင်းဆုံး ရွေးချယ်မှုသာ ဖြစ်ပေတော့မည်။

ထို့အပြင် အကြောင်းအရင်းကို မသိနိုင်သော်လည်း ၊ သူမသည် တစ်စုံတစ်ခု၏ စောင့်ကြည့်ခြင်းကို ခံနေရသကဲ့သို့ အမြဲလိုလို စိတ်မလုံခြုံမှုကို ခံစားနေမိသည်။

မျက်တောင်တစ်ခတ်အတွင်း ၊ ဆယ်နှစ်တာ အချိန်ကာလကို ကုန်လွန်သွားခဲ့သည်။ ဤဆယ်နှစ်တာ ကာလအတွင်း သွေးဝိညာဉ်ဂိုဏ်းအတွင်း၌ များစွာ ပြောင်းလဲသွားခြင်း မရှိသော်လည်း ရွှမ်ထျန်းကမ္ဘာတွင်မူ စိတ်ဝင်စားဖွယ်ရာ ကိစ္စရပ်များစွာ ဖြစ်ပွားခဲ့၏။

အရေးအကြီးဆုံးမှာ ဝူရှန်းနီနှင့် ဝူမိုဝူ တို့ မောင်နှမ နှစ်ယောက်သည် လီရွှီယွီနှင့် လီချင်းမို ဟူသော အမည်များဖြင့် ရွှမ်ထျန်းကမ္ဘာတွင် နာမည်ကျော်ကြားလာခဲ့သည်။ သူတို့၏ အပြိုင်အဆိုင် ကြိုးစားအားထုတ်မှုများကြောင့် ဝူရှန်းနီနှင့် ဝူမိုဝူတို့သည် အသက် ငါးဆယ်ပင် မပြည့်မီမှာပင် သူတော်စင်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြပြီး ၊ အာဏာရှင်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။

သူတို့သည် ရွှမ်ထျန်းကမ္ဘာ၏ နံပါတ်တစ် ပါရမီရှင်များ (ယှဉ်တွဲလျက်) အဖြစ် ချီးကျူးခံခဲ့ရလေသည်။

ဤဂုဏ်ပြုမှုကို ရရှိခြင်းအပေါ် သူတို့ နှစ်ယောက်စလုံးသည် ကျေနပ်ရောင့်ရဲခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် တစ်ယောက်နှင့်တစ်ယောက် သူ့ထက်ငါ့အရင် ဖြစ်ရမည်ဟူသော စိတ်ဓာတ်ကြောင့် သူတို့တွင် လုပ်စရာများစွာ ကျန်ရှိနေသေးသည်ကို သိရှိထားသောကြောင့် ဖြစ်သည်။

ဝူလီသည်လည်း နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ပြီးနောက် မြင့်မားသော ကျင့်ကြံမှုနယ်ပယ်သို့ ခြေချနိုင်ခဲ့သည်။ သူသည် ဝူယီဖန်၊ ဝူယိတောက်နှင့် ရှန်းနီတို့ မောင်နှမနှစ်ဦးကို

ကို မကျော်လွန်နိုင်သေးသော်လည်း ၊ မဟာသူတော်စင် ကနဦးအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ရာ ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။

အံ့သြစရာ အကောင်းဆုံးမှာ ဝူယိတောက်ပင် ဖြစ်သည်။ သူသည် အဓိပတိ ကနဦးအဆင့်မှ ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး မဟာဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။

“မဟာဧကရာဇ်အဆင့်ကို ထိုးဖောက်ဝင်ရောက်ဖို့ အချိန်တန်ပြီ”

“ငါသာ ရွှမ်ထျန်းကမ္ဘာရဲ့ ဧကရာဇ်တာအို စည်းတံဆိပ်ကို ဖြည်နိုင်တာနဲ့ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးက ရှေးဟောင်းခေတ်ရဲ့ ဘုန်းအသရေတွေကို ပြန်လည် ရရှိလာလိမ့်မယ်… တစ်ချိန်တည်းမှာပဲ ဆရာကလည်း မဟာဧကရာဇ်နယ်ပယ်ဆီ ထိုးဖောက်ဝင်ရောက်နိုင်သွားလိမ့်မယ်”

ဝူယိတောက်သည် စိတ်ထဲတွင် လျှို့ဝှက်စွာ တွေးတောလိုက်၏။

ထိုအတွေးနှင့်အတူ ဝူယိတောက်သည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ထျန်းဝူတောင်အတွင်းသို့ ပျောက်ကွယ်သွားလေသည်။ သိုင်းသူတော်စင် နာ့ပင်လျှင် ဝူယိတောက် ထွက်ခွာသွားသည်ကို သတိမပြုမိခဲ့ချေ။

တစ်ချိန်တည်းမှာပင် ၊ ဝူမိသားစုအတွင်း၌ ဝူဟောက်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ဝူယိတောက် ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

“ရွှမ်ထျန်းကမ္ဘာက ပြန်လည် နိုးထလာတော့မှာလား… ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ဆိုရင် အထက်ဘုံက ရွှမ်ထျန်းကမ္ဘာကို မက်မောလာမှာကို တားဆီးနိုင်လောက်ပါတယ်”

ဝူဟောက်သည် စိတ်ထဲတွင် တွေးတောလိုက်သည်။ သူ၏ နယ်ပယ်သည်လည်း ဆယ်နှစ်တာ ကာလအတွင်း ပြောင်းလဲခြင်းရှိခဲ့သည်။သူသည် အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်မှ အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

သူသည် သာမန် အင်မော်တယ်ဧကရာဇ် တစ်ပါး ဖြစ်နေသည်ဟု ဆိုကာ အထင်မသေးသင့်ပေ။ သူသည် အလယ်အလတ်အဆင့်တွင် ရှိနေသော်လည်း တကယ်တမ်း အခြေအနေများ ဆိုးရွားလာပါက အင်မော်တယ်အရှင်မြတ်ပင်လျှင် သူ့ကို အနိုင်ယူနိုင်မည် မထင်။

ရွှမ်ထျန်းကမ္ဘာသည် ကြီးမားသော ကမ္ဘာကြီးတစ်ခု မဟုတ်ပေရာ ၊ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ အာရုံစိုက်မှုကို မည်သို့ ဆွဲဆောင်နိုင်မည်နည်း။ ထို့ကြောင့် ယခုအချိန်၌ ဝူယိတောက်အနေဖြင့် ဆူညံပွက်လောရိုက်မှုကို အသေးစားအဖြစ် ဖန်တီးနိုင်ပါစေဟုသာ ဝူဟောက် မျှော်လင့်နေမိ၏။

တစ်ချိန်တည်းမှာပင် ဝူမိသားစု၏ အနက်ရှိုင်းဆုံး နေရာ၌ ဝူရူလုံသည် ဝူမိသားစု၏ ကိစ္စရပ်များကို လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သည်။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဝူမိသားစုသည် မိသားစုငယ်လေး တစ်ခုအဖြစ်မှ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးက ရန်မစရဲသော အင်အားကြီးမားသည့် အဖွဲ့အစည်းကြီး တစ်ခုအဖြစ်သို့ ကြီးထွားလာခဲ့ပြီး လူဦးရေမှာလည်း ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ထောင်ဂဏန်းအထိ ရောက်ရှိလာခဲ့၏။

ဤသည်မှာ ဝူဟောက်အနေဖြင့် အင်မော်တယ်ဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီးနောက်တွင်ပင် ၊ သူ၏ ကျင့်ကြံမှုကို အလွန်လျင်မြန်စွာ တိုးတက်လာစေနိုင်သည့် အကြောင်းရင်း ဖြစ်သည်။

ဝူရူလုံသည် အင်မော်တယ်ဂူအတွင်း၌ တင်ပျဉ်ခွေ ထိုင်နေပြီး အဓိပတိနယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ရန် အားထုတ်နေစဉ် သူ၏ ချီအငွေ့အသက်များက ပို၍ စွမ်းအား ကြီးမားလာလေသည်။

အင်မော်တယ်ဂူ၏ အထက် ကောင်းကင်ယံ၌ မည်းမှောင်သော မိုးကြိုးတိမ်တိုက် တစ်ခု ထွက်ပေါ်လာသည်ကို ကြည့်လျှင်ဖြင့် ၊ ဝူရူလုံသည် အဓိပတိနယ်ပယ်သို့ တရားဝင် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြသနေသည်။

ဝူရူလုံသည် အဓိပတိနယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်သွားခြင်းသည် လီမင်းဆက်အနေဖြင့် သွေးထွက်သံယို မုန်တိုင်းတစ်ခုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း ဖော်ပြသနေသည်။

ဝူဟောက်သည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သော်လည်း ဘာမျှမပြောခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ၊ လီရွှီခွင်သည် သူ၏ သားဖြစ်သူအပေါ် လက်ပါခဲ့ပြီး သတ်ဖြတ်ရန်ပင် ကြံစည်ခဲ့သည်။ ဤတစ်ခုတည်းနှင့်ပင် လီမင်းဆက်သည် သေဆုံးရန် ထိုက်တန်နေပြီ ဖြစ်၏။

ထို့အပြင် သားဖြစ်သူအပေါ် သူ၏ နားလည်မှုအရ ၊ သူ၏ သားမှာ လူဆိုးတစ်ယောက် မဟုတ်ပေ။ အဆိုးဆုံး အနေဖြင့် သူသည် လီမိသားစု တစ်ခုလုံးကိုသာ ရှင်းလင်းပစ်မည် ဖြစ်ပြီး အခြားသူများမှာ ဘေးကင်းလုံခြုံနေမည် ဖြစ်သည်။

“ငါ ဝူရူလုံ… ဒီနေ့ အဓိပတိအဆင့် ကို ရောက်ရှိခဲ့ပြီ”

ဝူရူလုံသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ၊ သူ၏ အကြည့်များတွင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် အသက် သုံးရာ မပြည့်မီ ၊ အဓိပတိအဆင့်သို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ သူ ဝူရူလုံသည် ပါရမီရှင် ဟူသော ဘွဲ့နာမည်နှင့် မထိုက်တန်လေသလော။

မိုးခြိမ်းသံများနှင့်အတူ မိုးကြိုးကပ်ဘေးများ အဆက်မပြတ် ကျဆင်းလာသောအခါ ၊ ဝူရူလုံသည် ဧကရာဇ်ဓားကို ထိန်းချုပ်၍ ပိတ်ဆို့ ကာကွယ်ထားခဲ့သဖြင့် သူ၏ အဝတ်အစားများပင် ထိခိုက်မှု မရှိခဲ့ချေ။

တစ်ချိန်တည်းမှာပင် ၊ လီမင်းဆက်အတွင်း၌ လီရွှီခွင်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်ဖြင့် သူ၏ ရင်ထဲ၌ အန္တရာယ်ဟူသော ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။

“ငါ ဘာလို့ စိတ်မလုံခြုံသလို ခံစားနေရတာလဲ… ငါတို့ လီမင်းဆက်က ဘယ်သူ့ကိုမှ စော်ကားထားတာ မရှိပါဘူး… အရင်က ဝူမိသားစုကို စော်ကားမိခဲ့ပေမဲ့ ၊ ငါတို့ အကြွေးရှင်းပြီးသွားပြီလေ… သေချာတာက ဝူမိသားစုက ဒီလောက် အချိန်တွေ ကြာပြီးတဲ့နောက်မှာတောင် ငါ့အပေါ် အငြိုးအတေး ထားနေမှာ မဟုတ်လောက်ပါဘူး”

လီရွှီခွင်သည် စိတ်ထဲတွင် တွေးတောလိုက်၏။ ဘိုးဘေးဖြစ်သူ သေဆုံးသွားကြောင်း သိရှိပြီးနောက် ၊ လီရွှီခွင်သည် ဝူမိသားစုအပေါ်တွင် သူ၏ လှည့်စားမှုများကို ရပ်တန့်ခဲ့သည်။

အထူးသဖြင့် နောက်ပိုင်းတွင် ဝူမိသားစု၌ မဟာဧကရာဇ် တစ်ပါး အမှန်တကယ် ပေါ်ထွက်လာသည်ကို သိရှိလိုက်ရချိန်တွင် ၊ လီရွှီခွင်မှာ အတိတ်က သူ၏လုပ်ရပ်များအတွက် ကိုယ့်ကိုယ်ကိုယ် ဖြတ်ရိုက်ပစ်ချင်စိတ် ပေါက်သွားခဲ့ရသည်။

သို့သော်လည်း ကိစ္စများက ပြီးဆုံးသွားခဲ့ပြီ ဖြစ်ရာ ၊ လူသူကင်းမဲ့သည့် အချိန်များတွင်သာ လီရွှီခွင်သည် ဝူရူလုံထံသို့ တိုးတိုးတိတ်တိတ် သွားရောက်ခဲ့ရသည်။

လီရွှီခွင်။ ။ ညီအစ်ကို… စောစောက အပြင်ဘက်မှာ လူတွေ အများကြီး ရှိနေလို့ ငါ ဒီနေရာမှာပဲ မင်းကို ဦးညွှတ် ကန်တော့လိုက်ပါတယ်…

ဝူရူလုံအနေဖြင့် ဘာမှပြန်မပြောခဲ့သော်လည်း ၊ တစ်ဖက်လူသည် ဤကိစ္စကို လွှတ်ချလိုက်ပြီဟု လီရွှီခွင် ယူ‌ဆခဲ့သည်။ သို့မဟုတ်ပါက ၊ သူတို့၏ လီမင်းဆက်ကို ဖျက်ဆီးပစ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်၏။

သို့သော်လည်း ယခု ထိုခံစားချက်ကို နောက်တစ်ဖန် ခံစားမိပြီး လီရွှီခွင်မှာ စိတ်မသက်မသာ ဖြစ်နေသည်။ သူ့အနေဖြင့် ဝူရူလုံကို နောက်တစ်ကြိမ် ထပ်ရှာပြီး တောင်းပန်စကား ဆိုသင့်လေသလော။

တစ်ချိန်တည်းမှာပင်၊ ဝူရူလုံသည် အဓိပတိအဆင့်သို့ တရားဝင် တက်လှမ်းသွားခဲ့ပြီ ဖြစ်ရာ မရေမတွက်နိုင်သော အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့ပြီး ၊ ဝူရူလုံကို ပို၍ တောက်ပသွားစေခဲ့သည်။

သို့သော်လည်း သူ၏ ဂုဏ်ကျက်သရေရှိသော အခိုက်အတန့်သည် ခေတ္တမျှသာ ကြာမြင့်ခဲ့ပြီး ထိုနေရာသို့ ရောက်ရှိလာသော ဝူချီထျန်းကြောင့် အနှောင့်အယှက် ဖြစ်သွားရ၏။

“အဖေ… နောက်ဆုံးတော့ အဓိပတိအဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်သွားပြီပဲ”

သူ့ရှေ့ရှိ ဝူချီထျန်းကို ကြည့်ရင်း ၊ ဝူရူလုံမှာ မျက်မှောင်ကြုတ်သွားသည်။ သူသည် ဝူချီထျန်း၏ အာဏာရှင် အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံမှုကို အာရုံမခံစားမိပါက ၊ ဝူချီထျန်းသည် သူ့အား အမှန်တကယ် ချီးကျူးနေသည်ဟု ထင်မှတ်သွားနိုင်သည်။

ဝူမိသားစု၏ အစောဆုံးနှင့် အထူးချွန်ဆုံး ဝိညာဉ်အမြစ် ပိုင်ရှင်တစ်ဦး အနေဖြင့် ၊ ဝူချီထျန်း၏ ပါရမီကို မေးခွန်းထုတ်စရာ မလိုပေ။ ကံကြမ္မာရွေးချယ်ခံရသူ အနည်းငယ်မှလွဲ၍ ဝူမိသားစုထဲတွင် ဝူချီထျန်းနှင့် ယှဉ်နိုင်သူ အနည်းငယ်သာ ရှိသည်ဟု ဆိုနိုင်၏။

“တော်စမ်းပါကွာ…”

ဝူရူလုံသည် ကြည်ကြည်ဖြူဖြူ မရှိသော်လည်း အောက်သို့ ပျံသန်းဆင်းသက်လာခဲ့သည်။

ဝူရူလုံသည် အောက်သို့ ဆင်းသက်လာပြီးနောက် ၊ ဝူဟောက်နှင့် အခြားသူများက သူ၏ အနားသို့ ရောက်ရှိလာကြ၏။

“အဖေ”

ဝူဟောက်ကို မြင်သောအခါ ဝူရူလုံသည် ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။

ဝူဟောက်သည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်၏။

“အခု မင်းက အဓိပတိအဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီ ဆိုတော့ မင်းရဲ့ နောက်တစ်ဆင့်က လီမင်းဆက်အပေါ် ကလဲ့စားချေဖို့ပဲ မဟုတ်ဘူးလား”

အခန်း ၁၃၆ - ငါက အငြိုးမထားတတ်ဘူး

တစ်ချိန်တည်းမှာပင် ၊ လီမင်းဆက်အတွင်း၌ ထိုကိစ္စရပ်ကို ဖြေရှင်းပြီးနောက် လီရွှီခွင်သည် အဖိုးတန် ကောင်းကင်နှင့် မြေကြီး ရတနာအချို့ကို ယူဆောင်၍ ဝူမိသားစုထံ နောက်တစ်ကြိမ် တောင်းပန်ရန် ပြင်ဆင်နေ၏။

မည်သို့ပင်ဖြစ်စေ ၊ ဝူမိသားစုသည် လက်ရှိ ရွှမ်ထျန်းကမ္ဘာတွင် အင်အားအကြီးဆုံး အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ကြောင်း သူ ကောင်းကောင်း သိသည်။

သို့သော်လည်း ၊ သူ မထွက်ခွာမီ နောက်တစ်စက္ကန့်မှာပင် အလွန်တရာ ကြီးမားလှသော အငွေ့အသက် တစ်ခုက လီမင်းဆက်၏ အထက် ကောင်းကင်ယံ၌ ထွက်ပေါ်လာတော့သည်။

“လီမင်းဆက်က လူတွေ… ထွက်လာပြီး သေမင်းကို ရင်ဆိုင်ကြစမ်း”

“ဘယ်သူလဲ… ငါတို့ လီမင်းဆက်ကို ပြဿနာ လာရှာရဲတာ ဘယ်သူလဲ”

“ လီမင်းဆက်ကို ပြဿနာ လာရှာရဲတယ်ပေါ့… သေချင်နေတာ မဟုတ်ဘူးလား”

“လီမင်းဆက်ကို ပြဿနာ လာရှာရဲတဲ့သူက ဘယ်သူလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”

ဝူရူလုံ၏ အသံ ထွက်ပေါ်လာသည်နှင့် လီမင်းဆက်၏ ဘိုးဘေးများမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။ သူတို့သည် ဒေါသတကြီး အမူအရာများဖြင့် လီမင်းဆက်၏ အထက်တွင် ထွက်ပေါ်လာကြသော်လည်း ၊ ဝူရူလုံကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် သူတို့၏ ဒေါသများသည် တဟုတ်ချင်း ပျောက်ကွယ်သွားရလေသည်။

သို့သော်လည်း သူတို့ထဲမှ မည်သူကမျှ စကားမပြောရဲကြဘဲ ဝူရူလုံနှင့် ရင်ဆိုင်လျက် တိတ်ဆိတ်စွာ ရပ်နေကာ စကားပြောနိုင်စွမ်းရှိသော လီရွှီခွင် ရောက်ရှိလာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြ၏။

လီရွှီခွင်သည် နောက်ကျမှ ရောက်ရှိလာပြီး ၊ ဝူရူလုံကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် သူ၏ စိတ်ထဲ၌ ထိတ်လန့်တကြား အော်ဟစ်မိလိုက်သည်။ သူသည် ဝူရူလုံထံ အလျင်အမြန် သွားရောက်ကာ ရိုသေလေးစားစွာ နှုတ်ဆက်လိုက်၏။

“ဝူ တာအိုရောင်းရင်း… ငါတို့ကြားမှာ နားလည်မှုလွဲတာ တစ်ခုခု ရှိနေတယ်လို့ ထင်တယ်… ထိုင်ပြီး သေချာ ဆွေးနွေးကြရအောင်လား .. ငါတို့ လီမင်းဆက်က ဘယ်လို တန်ဖိုးမျိုးမဆို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်”

လီရွှီခွင်သည် ယခုအချိန်၌ ဤကိစ္စကို အသေးအမွှား ဖြစ်သွားစေရန်သာ တွေးတောနေ၏။ မိသားစု တစ်ခုလုံး သတ်ဖြတ်ခံရမည့် ဘေးမှ ရှောင်ရှားနိုင်ခြင်းသည် ပို၍ ကောင်းမွန်ပေသည်။

နှမြောစရာ ကောင်းသည်မှာ ဝူရူလုံသည် အချိန်အကြာကြီး အငြိုးအတေး ထားရှိခဲ့သည်။ သူ့ကို အငြိုးထားအောင် လုပ်နိုင်သူ မည်သူ့ကိုမဆို သူသည် ဖယ်ရှားပစ်တတ်သည်။

ဝူရူလုံသည် အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး မထီမဲ့မြင်ပြုသော အသံဖြင့် ပြောလိုက်သည်။

“နားလည်မှုလွဲတာ ဟုတ်လား… အဲဒီတုန်းက မင်းတို့ လီမင်းဆက်က ငါ့ကို လုပ်ကြံဖို့ သူတော်စင်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်ရှိတဲ့ လုပ်ကြံသူတွေကို စေလွှတ်ခဲ့တယ်… ငါသာ ကံမကောင်းခဲ့ရင် မင်းတို့ လီမင်းဆက်ရဲ့ လက်ချက်နဲ့ သေဆုံးနေခဲ့တာ ကြာလောက်ပြီ”

“အခု ငါ ဝူရူလုံဆီမှာ ကလဲ့စားချေဖို့ နည်းလမ်း ရှိနေပြီ ဆိုတော့ ဒီကိစ္စကို ရှင်းရမယ့် အချိန် ရောက်ပြီ”

ဝူရူလုံ၏ စကားကို ကြားလိုက်ရချိန်တွင် ၊ လီရွှီခွင်၏ စိတ်နှလုံးသားထဲတွင် ဗြောင်းဆန်ခတ်သွားသည်။

ဝူရူလုံ၏ စကားကို ကြားပြီးနောက် ၊ နေရာတွင် ရှိနေကြသော လီမင်းဆက်၏ စွမ်းအားရှင်များမှာလည်း ကြောင်အမ်းသွားကြသည်။ သူတို့၏ ဧကရာဇ်သည် ထိုကဲ့သို့သော ကိစ္စမျိုးကို ပြုလုပ်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။

“ဝူ တာအိုရောင်းရင်း… ငါတို့က ဒီကိစ္စကို ဘာမှ မသိခဲ့ပါဘူး… အားလုံးက လီရွှီခွင် တစ်ယောက်တည်း လုပ်ခဲ့တာပါ… မင်းသာ ဆန္ဒရှိရင် ၊ မင်းအပေါ် လုပ်ခဲ့တဲ့ အပြစ်တွေကို ပြန်လည် ပေးဆပ်တဲ့ အနေနဲ့ လီရွှီခွင်ကို သတ်ဖြတ်ပေးဖို့ ဆန္ဒရှိပါတယ်… ပြီးတော့ ဒီကိစ္စကိုလည်း စိတ်ထဲမထားဘူးလို့ တာအိုကျိန်စာနဲ့ ကျိန်ဆိုပေးနိုင်ပါတယ်”

“မှန်တယ် မှန်တယ်… ငါတို့အားလုံးက အပြစ်ကင်းပါတယ်… လီရွှီခွင် တစ်ယောက်တည်းသာ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တာပါ”

“ဝူ တာအိုရောင်းရင်း… အကယ်၍ မင်းသာ ငါတို့ လီမင်းဆက် တစ်ခုလုံးကို သုတ်သင်ပစ်မယ်ဆိုရင် မင်းရဲ့ လုပ်ရပ်တွေက နတ်ဆိုး ကျင့်ကြံသူတွေနဲ့ ဘာကွာခြားတော့မှာလဲ… အဲ့တာက ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးရဲ့ ဒေါသကို ဆွဲဆောင်သွားစေနိုင်တယ်”

လီမင်းဆက်၏ စွမ်းအားရှင်များသည် ချက်ချင်း ဝင်ပြောလိုက်ကြပြီး သူတို့၏ စကားများတွင် ဒေါသများဖြင့် ပြည့်နှက်နေကာ လီရွှီခွင်ကို တစ်စစီ ဆွဲဖြဲပစ်ချင်နေကြ၏။

လီမင်းဆက်၏ စွမ်းအားရှင်များသည် ဝူရူလုံကို ခြိမ်းခြောက်ရန်အတွက် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကိုပင် ထုတ်သုံးလာခဲ့ကြသော်လည်း ၊ ဝူရူလုံသည် နောက်ဆုတ်ပေးမည် မဟုတ်ချေ။

သူ့အနောက်မှ အကြီးအကဲများ၏ စကားများကို ကြားပြီး လီရွှီခွင်၏ အမူအရာသည် ပို၍ပင် မည်းမှောင်လာလေသည်။ ယနေ့ သူသည် သေချာပေါက် သေဆုံးရမည်ကို သိထားသဖြင့် လီမင်းဆက် တစ်ခုလုံးကို ကယ်တင်ရန်အတွက် သူ့ကိုယ်သူ စတေးလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ ထိုအတိုင်းသာဆိုလျှင်ဖြင့် သူသည် လူတိုင်း၏ ရင်ထဲတွင် အထင်မြင်ကောင်းတစ်ခု ချန်ထားနိုင်ခဲ့လိမ့်မည်။

“မှန်တယ် ဝူ တာအိုရောင်းရင်း… ဒီကိစ္စက ငါ တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပါ… ဒါကြောင့် ငါ့ကိုပဲ အပြစ်ပေးပြီး အပြစ်ကင်းတဲ့ သူတွေကို မထိခိုက်စေဖို့ ဝူ တာအိုရောင်းရင်းကို တောင်းဆိုချင်ပါတယ်”

လီရွှီခွင်သည် အံကြိတ်ကာ ရှေ့ထွက်လာပြီး ထိုကိစ္စကို ဝူရူလုံထံ ဝန်ခံလိုက်၏။

သူ၏ အာရုံခံနိုင်စွမ်းအရ ၊ ဝူရူလုံသည် အဓိပတိ ကနဦးအဆင့်မျှသာ ရှိသော်လည်း ဝူရူလုံ၏ နောက်ကွယ်တွင် အခြားသော ဝူမိသားစုဝင် စွမ်းအားရှင်များ ရှိမရှိ မည်သူများ သိနိုင်မည်နည်း။ ထို့ကြောင့် လီရွှီခွင်သည် မဆင်မခြင် မလှုပ်ရှားဝံ့ပေ။

သို့သော်လည်း ထိုအခိုက်အတန့်တွင် လီရွှီခွင်၏ စကားကို ကြားပြီးနောက် ဝူရူလုံမှာ အားရပါးရ ရယ်မောလိုက်သည်။

“ဟားဟားဟား…”

ဝူရူလုံ၏ ရယ်မောသံကို ကြားလိုက်ရချိန်တွင် လီရွှီခွင်မှာ လန့်ဖျပ်သွားပြီး မေးလိုက်မိ၏။

“ ဝူ တာအိုရောင်းရင်း… မင်း ဘာကို ဆိုလိုချင်တာလဲ”

“သူတို့က အပြစ်ကင်းတယ်လို့ မင်း ပြောတာလား… မင်းတို့ ဒီကိစ္စမှာ မပါဝင်ခဲ့ရင်တောင် မင်းတို့ လီမင်းဆက်က ဘယ်လိုလုပ်ပြီး အပြစ်ကင်းတယ်လို့ ယူဆလို့ရမှာလဲ”

“ဒါကြောင့် ဒီနေ့ လီမင်းဆက်က သေချာပေါက် ပျက်စီးရလိမ့်မယ်… ဘယ်သူမှ ကယ်တင်နိုင်မှာ မဟုတ်ဘူးဆိုတာ ငါ ပြောလိုက်မယ်”

ဝူရူလုံ၏ အမူအရာသည် အေးစက်နေကာ တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။

ဤစကားကို ကြားလိုက်ရချိန်တွင် ၊ လီရွှီခွင်နှင့် ထိုနေရာတွင် ရှိနေကြသော အကြီးအကဲများမှာ အရိုးထဲထိ အေးစိမ့်သွားသည်။ မကြာမီမှာပင် လီရွှီခွင်၏ မျက်ဝန်းများတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ဝူရူလုံကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်လိုက်သည်။

သူ၏ အမြင်တွင် ဝူရူလုံသည် သူတို့ လီမင်းဆက်သို့ တစ်ကိုယ်တည်း လာရောက်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။ အကယ်၍ သူတို့သာ ဝူရူလုံကို ဖမ်းဆီးနိုင်ခဲ့လျှင်ဖြင့် သူ့ကို အသုံးပြု၍ ဝူမိသားစုကို ခြိမ်းခြောက်နိုင်ပြီး ၊ လီမင်းဆက်ကို အရေးယူခြင်းမှ တားဆီးနိုင်မည် ဖြစ်သည်။ ဒါတင်မက ၊ငွေကြေး အမြောက်အမြားကိုပင် ရရှိနိုင်သေးသည်။

မကြာမီမှာပင် လီရွှီခွင်သည် ဝူရူလုံ၏ ရှေ့သို့ ရောက်ရှိလာ၏။ ဤမြင်ကွင်းကို မြင်သောအခါ ဝူရူလုံသည် လုံးဝ တုံ့ဆိုင်းမနေဘဲ သူ၏ ဓားဖြင့် ချက်ချင်း ခုတ်ပိုင်းလိုက်သည်။

“ငါ တွေးနေတာကလည်း အဲဒါပဲကွ”

“ဘာ…”

ဝူရူလုံသည် ဓားကို ဆွဲထုတ်လိုက်ချိန်တွင်၊ လီရွှီခွင်၏ ယခင်က တည်ငြိမ်နေခဲ့သော မျက်နှာမှာ အဆုံးသတ်တွင် ပြောင်းလဲသွားသည်။ ဤဓားချက်ကို သူ မခံနိုင်ကြောင်း သိရှိလိုက်၏။ ဓားသမား၏ ကျင့်ကြံမှုအဆင့်ကြောင့်သာမက ဓား၏ အဆင့်ကြောင့်ပါ ဖြစ်သည်။

ဧကရာဇ်လက်နက်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… အဓိပတိ အဆင့်လို နိမ့်ကျတဲ့သူက ဘယ်လိုလုပ်ပြီး ဧကရာဇ်လက်နက်ကို ပိုင်ဆိုင်နိုင်မှာလဲ”

လီရွှီခွင်၏ စကားများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသော်လည်း ၊ ဝူရူလုံသည် သေလူတစ်ယောက်၏ မေးခွန်းကို ဖြေဆိုမည် မဟုတ်ပေ။ ဓားအလင်းတန်း တစ်ချက် လက်ခနဲ ဝငိးလက်သွားပြီးနောက် လီရွှီခွင်မှာ သေဆုံးသွားလေတော့သည်။

ကျန်ရှိနေသော လီမင်းဆက်၏ စွမ်းအားရှင်များမှာ ဤမြင်ကွင်းကြောင့် မှင်တက်သွားကြပြီး တုံ့ပြန်ရန် အချိန်အတော်ကြာ ယူလိုက်ရ၏။

“အားလုံး အတူတကွ တိုက်ခိုက်ကြ… သူက တစ်ယောက်တည်းပဲ ရှိတာ ပြီးတော့ သူက အဓိပတိအဆင့်ပဲ ရှိသေးတယ်… ဧကရာဇ်အဆင့် လက်နက်တွေ ရှိနေရင်တောင်မှ အဓိပတိ ကနဦးအဆင့်နဲ့ဆိုရင် ငါတို့ အားလုံး အတူတကွ တိုက်ခိုက်ရင် သူ ငါတို့ အားလုံးကို သုတ်သင်နိုင်မှာ မဟုတ်ဘူး”

လီရွှီခွင်၏ လူယုံဖြစ်သူ ချန်ဇယ်သည် အော်ဟစ်လိုက်ပြီး ၊ ဝူရူလုံထံ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ လီမင်းဆက်မှ စစ်သည်များကလည်း အံကြိတ်ကာ နောက်မှ လိုက်ပါလာခဲ့ကြသည်။

သူတို့သည် အရူးများ မဟုတ်ကြပေ။ ဝူရူလုံသည် သူတို့ကို လွှတ်ပေးမည် မဟုတ်ကြောင်း ထင်ရှားသည်။ ဝူရူလုံသည် သူတို့ကို လွတ်လမ်းပေးမည် မဟုတ်သဖြင် သူတို့သည် တိုက်ခိုက်၍ ထွက်ပြေးရမည် ဖြစ်ပြီး ၊ ကံဆိုးခြင်းမှ ကံကောင်းခြင်းအဖြစ်သို့ ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်သည်။

ချန်ဇယ်သည် သူ့ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာသည်ကို မြင်သောအခါ ဝူရူလုံသည် အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်၏။

“ငါ မင်းကို သည်းခံလာခဲ့တာ ကြာပြီ”

ထိုသို့ ပြောပြီးနောက် ဓားချက် တစ်ချက်တည်းဖြင့် ချန်ဇယ်ကို သတ်ဖြတ်လိုက်သည်။ ကျန်ရှိနေကြသော လီမင်းဆက် စစ်သည်များသည် သေမင်းကို ဖိတ်ခေါ်နေသည့်အလား ဝူရူလုံထံ တစ်ဟုန်ထိုး တိုးဝင်လာကြသည်။

၎င်းတို့နှင့် ရင်ဆိုင်ရသည့်တိုင် ၊ ဝူရူလုံသည် မောပန်းခြင်းမရှိ သူ၏ ဓားကို ဝှေ့ယမ်းကာ တိုက်ခိုက်လေသည်။

ဝူရူလုံ၏ မညှာမတာ သတ်ဖြတ်မှုအောက်တွင် လီမင်းဆက်မှ စွမ်းအားရှင်များသည် တဖြည်းဖြည်း သုတ်သင်ခံလိုက်ရ၏။ မလှုပ်ရှားမီက ၊ ဝူရူလုံသည် လီမင်းဆက်နှင့် ပတ်သတ်သော သတင်းများကို စုံစမ်းစစ်ဆေးခဲ့ပြီး ဖြစ်ရာ အကြောင်းစုံကို သိရှိထားသည်။

ဤလီမင်းဆက်သည် လုံးဝ သန့်ရှင်းနေခြင်း မရှိပေ။ ထိုအရာက သူတို့ကို ဤမျှ လွယ်ကူစွာ သတ်ဖြတ်နိုင်စေခဲ့သည်။ တစ်နည်းအားဖြင့် ဆိုရသော် ၊ ဝူရူလုံ၏ လုပ်ရပ်များသည် ကောင်းကင်ဘုံ ကိုယ်စား အရေးယူ ဆောင်ရွက်နေခြင်းပင် ဖြစ်သည်။

နောက်ဆုံးတွင် နှစ်ရက်ခွဲခန့် သတ်ဖြတ်ပြီးနောက် လီမင်းဆက်၏ အထက်တန်းလွှာ အင်အားစု တစ်ခုလုံး ဝူရူလုံ၏ သုတ်သင်ခြင်းကို ခံလိုက်ရလေတော့သည်။

ကျန်ရှိနေသော အားနည်းသူများနှင့် ပတ်သက်၍ ၊ ဝူရူလုံသည် သူတို့ကို အလေးအနက် မထားခဲ့သလို ဂရုမစိုက်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူသည် ယခု အဓိပတိအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ၊ သူတို့ စွမ်းအားကြီးလာချိန်တွင် သူသည် အထက်ဘုံသို့ တက်လှမ်းသွားပြီးလောက်ပြီ ဖြစ်သည်။

ထို့အပြင် သူ့နောက်တွင် ဝူမိသားစု ရှိနေသရွေ့ မည်သူကများ သူ့ကို ဘာလုပ်နိုင်မည်နည်း။

ယနေ့ကို လီမင်းဆက်၏ အမှောင်မိုက်ဆုံး အချိန်ကာလဟူ၍ လူသိများခဲ့သည်။

ဝူရူလုံ ထွက်ခွာသွားပြီး သိပ်မကြာမီမှာပင် ၊ လီမင်းဆက်သည် မဟာမင်းဆက်ကြီး သုံးခု၏ ခွဲဝေယူခြင်းကို ခံလိုက်ရလေတော့သည်။

သို့သော်လည်း မဟာမင်းဆက်ကြီး သုံးခုသည် ၎င်းကို သိမ်းပိုက်လိုက်သည်ဟု တိုက်ရိုက် မပြောခဲ့ဘဲ ဝူမိသားစုထံမှ အုပ်ချုပ်မှုကို လွှဲပြောင်းယူလိုက်သည် ဟုသာ ဆိုခဲ့ကြ၏။

All Chapters