အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
အခန်း ၁၄၉ - မဟာဧကရာဇ် အထွတ်အထိပ်အဆင့် သားရဲဆိုးက ဒီလောက်ပဲလား
တစ်ချိန်တည်းမှာပင် ဝူယိတောက်သည် ထျန်းဝူတောင်အောက်တွင် ဖိနှိပ်ထားသော မဟာဧကရာဇ် သားရဲဆိုးကို တိုက်ခိုက်တော့မည် ဟူသော သတင်းကို လီထိုက်ပိုင်နှင့် အခြားသူများလည်း ရရှိခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ဝူယိတောက်အနေဖြင့် မခံနိုင်တော့ပါက ဝင်ရောက် ကူညီပေးရန်အတွက် ထျန်းဝူတောင် အနီးတစ်ဝိုက်သို့ အလျင်အမြန် သွားရောက်ကာ စောင့်ဆိုင်းနေကြသည်။
“တစ်နေ့ကျရင် ငါ တကယ်ပဲ ထျန်းဝူတောင်အောက်က သားရဲဆိုးရဲ့ ချိတ်စည်းကို ချိုးဖျက်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး... ငါ့သက်တမ်း တစ်လျှောက်လုံး လုံးဝ ချိုးဖျက်နိုင်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ”
လေဝမ်ယွင်က တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“မဟာသခင်မြတ် လေးပါးစလုံးက ထျန်းဝူတောင်အောက်မှာ ဖိနှိပ်ထားတဲ့ သားရဲဆိုး အကြောင်းကို သိကြတယ်... ပြီးတော့ သူတို့ အားလုံးက ထျန်းဝူတောင်ရဲ့ အခြေအနေကို အမြဲတမ်း စောင့်ကြည့်နေခဲ့တာ... တစ်ယောက်ယောက်ကများ ထျန်းဝူတောင်ကို လှုပ်ရှားဖို့ ကြံစည်ဝံ့ရင် မဟာသခင်မြတ် လေးပါးက အရင်ဆုံး ကန့်ကွက်ကြမှာပဲ”
မဟာဧကရာဇ် သားရဲဆိုး လွတ်မြောက်လာမည်ကို သူတို့အားလုံး စိုးရိမ်မိသည်။ ထိုအချိန်ကျရင် သူတို့ အားလုံး ပူးပေါင်းလျှင်ပင် သားရဲဆိုး၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။ မဟာဧကရာဇ်အဆင့်ရှိ သားရဲဆိုး၏ ချိတ်စည်းကို ဖွင့်ပေးရမည့် ယခုလို နေ့မျိုး ရောက်ရှိလာလိမ့်မည်ဟု သူတို့ လုံးဝမှ မျှော်လင့်မထားမိကြပေ။
“ဒါနဲ့ ဒီကိစ္စမှာ ငါတို့ ကူညီဖို့ လိုမယ်လို့ မင်း ထင်လား”
လီထိုက်ပိုင်က လင်းရွှေရိုနှင့် လေဝမ်ယွင်တို့ကို ကြည့်ကာ တီးတိုး မေးလိုက်သည်။
လင်းရွှေရိုက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။
“ငါတို့ ဒီရောက်လာတာက အခြေအနေ တစ်ခုခု ဖြစ်လာရင်ဆိုတဲ့ သဘောမျိုးနဲ့ လာခဲ့တာ... တကယ်တော့ ငါတို့ အားလုံးလည်း သိကြတာပဲ... ဝူယိတောက်ရဲ့ စွမ်းအားနဲ့ဆိုရင် ငါတို့ လက်တစ်ချောင်းတောင် လှုပ်စရာ မလိုဘူး”
ထိုစကားများကို ကြားသောအခါ လီထိုက်ပိုင်နှင့် လေဝမ်ယွင်တို့က အနည်းငယ် ခေါင်းညိတ်လိုက်ကြသည်။
ထိုအခိုက်မှာပင် ၊ သူတို့ အားလုံးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး တောင်ဘက်သို့ လှမ်းကြည့်လိုက်ရာ လှံရှည် တစ်လက်ကို ကိုင်ဆောင်ထားသော ဝူယိတောက်သည် ဝူမိသားစု ရှိရာ အရပ်မှနေ၍ အလျင်အမြန် ပြန်လာနေသည်ကို မြင်လိုက်ရသည်။
ဝူယိတောက်၏ လက်ထဲရှိ လှံကို မြင်သောအခါ လီထိုက်ပိုင်နှင့် လေဝမ်ယွင်တို့မှာ အသက်ရှူမှားလုနီးပါး ဖြစ်ခဲ့ရသည်။ ဝူယိတောက်၏ လက်ထဲရှိ လှံသည် ဧကရာဇ်လက်နက် တစ်ခု ဖြစ်ကြောင်းနှင့် သူတို့၏ ကိုယ်ပိုင် ဧကရာဇ်လက်နက်များထက်ပင် ပို၍ စွမ်းအားကြီးမားကြောင်း သူတို့ နှစ်ယောက်စလုံး အာရုံခံမိကြသည်။
ဝူယိတောက်သည် လီထိုက်ပိုင်နှင့် အခြားသူများ ရှိနေကြောင်းကို သဘာဝကျကျပင် သတိပြုမိသော်လည်း ဘာမျှ မပြောခဲ့ပေ။
မကြာမီမှာပင် သူသည် သိုင်းသူတော်စင် နာ့စန်း၏ ရှေ့သို့ ရောက်ရှိလာပြီး ၊ အဆင်သင့်ဖြစ်ကြောင်း ခေါင်းညိတ်ပြလိုက်သည်နှင့် ၊ သိုင်းသူတော်စင် နာ့စန်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ထျန်းဝူတောင်ဆီသို့ ပျံသန်းသွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် ထျန်းဝူတောင်၏ ဂိုဏ်းချုပ် တံဆိပ်ပြားသည် သိုင်းသူတော်စင် နာ့စန်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သိုင်းသူတော်စင် နာ့စန်းသည် လက်သင်္ကေတများကို ပြုလုပ်၍ မန္တန်များ ရွတ်ဆိုလိုက်သည်နှင့် ၊ ဂိုဏ်းချုပ် တံဆိပ်ပြား မှ အနီရောင် သွေးကြိုးရှည်များ ဖြာထွက်လာပြီး ထျန်းဝူတောင်အောက်သို့ ဆင်းသက်သွားသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ၊ ၎င်းသည် ထျန်းဝူတောင် တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။ သိုင်းသူတော်စင် နာ့စန်းသည် သူ၏ စွမ်းအားများကို တိုးမြှင့်လိုက်သည်နှင့်၊ မရေမတွက်နိုင်သော သွေးကြိုးများသည် ထျန်းဝူတောင်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။ ထျန်းဝူတောင် ပျက်စီးသွားပြီးနောက် သိပ်မကြာမီမှာပင် မြေအောက်မှနေ၍ ထိတ်လန့်ဖွယ် ကောင်းသော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကျောချမ်းဖွယ် ကောင်းသော အသံကို ရွှမ်ထျန်းကမ္ဘာရှိ သက်ရှိ အားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး ကြောက်ရွံ့ထိတ်လန့်သွားကြသည်။
“သောက်ကျိုးနည်း...ဒါ ဘာဖြစ်တာလဲ... အစောက အသံက ဘာကြီးလဲ”
“ရှူး... ဒါက ထျန်းဝူတောင်ဘက်က လာတာပဲ... ငါက ထျန်းဝူတောင်နားက အဖွဲ့အစည်း တစ်ခုကပဲ... ထျန်းဝူတောင် ပျောက်ကွယ်သွားတာကို ငါ အခုလေးတင် မြင်လိုက်ရတယ်... ပြီးတော့ ထျန်းဝူတောင် အောက်ကနေ ဒီဟိန်းဟောက်သံကြီး ထွက်လာတာပဲ”
“ ကျွန်တော် က ထျန်းဝူတောင်က တပည့်ပါ... မဟာဧကရာဇ် နယ်ပယ်ရှိတဲ့ သားရဲဆိုးကြီး တစ်ကောင်ကို ထျန်းဝူတောင်အောက်မှာ ဖိနှိပ်ထားတယ်ဆိုတာ မကြာသေးခင်ကမှ သူတော်စင်ဆီကနေ ကျွန်တော်တို့ သိလိုက်ရတယ်... အစောက ကြားလိုက်ရတဲ့ အသံက သူတော်စင်က သားရဲဆိုးကြီးကို ဖြေရှင်းဖို့ ချုပ်လှောင်မှုကနေ လွှတ်ပေးလိုက်တဲ့ အသံ ဖြစ်လောက်တယ်... မလန့်ကြပါနဲ့”
“သောက်ကျိုးနည်း...မဟာ ဧကရာဇ်အဆင့်ရှိတဲ့ သားရဲဆိုးကြီးကို မင်းတို့ ထျန်းဝူတောင်က သူတော်စင်က ဖြေရှင်းနိုင်လို့လား... ဪ... ဒါနဲ့ မင်းတို့ ထျန်းဝူတောင်က သူတော်စင်က ဝူယိတောက်ကိုး... တောင်းပန်ပါတယ်... ငါ လောသွားတယ်”
“လုပ်သာလုပ် ...ထျန်းဝူတောင် သူတော်စင်”
ဝူယိတောက်မှာ ဤအရာများကို မသိရှာပေ။ ဤအခိုက်အတန့်တွင် သူသည် ဖရိုဖရဲလှံကို လက်ထဲတွင် ကိုင်ဆောင်ထားပြီး သူ၏ အမူအရာသည် အလွန်ပင် လေးနက်နေခဲ့သည်။
သိုင်းသူတော်စင် နာ့စန်းသည် ထျန်းဝူတောင်ကို ဖယ်ရှားလိုက်ပြီး ၊ ဧရာမ လက်ဝါးကြီး တစ်ခုဖြင့် မြေပြင်ပေါ်သို့ ရိုက်ချလိုက်ရာ ၊ ထိတ်လန့်ဖွယ် ကောင်းသော အားအဟုန်ကြောင့် မိုင်တစ်သန်း အတွင်းရှိ မြေပြင်သည် အက်ကွဲသွားသည်။
“အချိန်ကျပြီ... ဧကရာဇ်ရဲ့ တိုက်ကွက်”
သားရဲဆိုး ပေါ်ထွက်လာတော့မည်ကို မြင်သည်နှင့် ၊ ဝူယိတောက်သည် အရင် တိုက်ခိုက်ရန် ရွေးချယ်လိုက်ပြီး ထျန်းဝူတောင်ခြေဆီသို့ လှံတစ်ချက် ပစ်သွင်းလိုက်သည်။
ထိုအခိုက်အတန့်မှာပင် ၊ အပြင်သို့ ခေါင်းပြူထွက်လာသော သားရဲဆိုးသည် သူဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာသော ဝူယိတောက်၏ လှံကို မြင်လိုက်ရသည်။ သူ မတုံ့ပြန်နိုင်မီမှာပင်၊ ခန္ဓာကိုယ်ကို ဖောက်ထွင်းခံလိုက်ရပြီး သံသယဖြစ်စရာ မလိုဘဲ သေဆုံးသွားလေတော့သည်။ ပေါ်လာလာချင်း အနိစ္စရောက်ခဲ့ခြင်းပင် ဖြစ်သည်။
သားရဲဆိုးသည် ဝူယိတောက်၏ လှံတစ်ချက်တည်းဖြင့် ချက်ချင်း သေဆုံးသွားပြီးနောက်တွင်ပင် ၊ လီထိုက်ပိုင်နှင့် အခြားသူများမှာ နေရာတွင်ပင် ကြောင်အမ်းစွာဖြင့် ရပ်ကြည့်နေမိသည်။ အတော်တန်ကြာပြီးနောက်၊ လီထိုက်ပိုင်သည် သတိပြန်ကပ်လာကာ ချီတုံချတုံဖြင့် ပြောလိုက်သည်။
“ငါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား”
သို့သော်လည်း တိတ်ဆိတ်နေသော လေဝမ်ယွင်နှင့် လင်းရွှေရိုတို့ကို မြင်ပြိိီးနောက် ၊ လီထိုက်ပိုင်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက်လှည့်၍ ထွက်သွားလေတော့သည်။
“ငါတို့က လူငယ်တွေရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး ထင်တယ်... ပြန်ပြီး ဆက်ကျင့်ကြံကြတာပေါ့”
“ကောင်းပြီ... အခု ထျန်းဝူတောင် ကိစ္စလည်း ဖြေရှင်းပြီးသွားပြီ ဆိုတော့ ငါ အခု ပြန်တော့မယ်”
လေဝမ်ယွင်သည် အလျင်အမြန် လှည့်၍ ထွက်ခွာသွားလေသည်။ အကယ်၍ သူသာ ဤနေရာတွင် ဆက်နေဦးမည်ဆိုပါက ၊ သူ၏ တာအိုနှလုံးသား ပျက်စီးသွားမည်ကို စိုးရိမ်မိသည်။ ရွှမ်ထျန်းကမ္ဘာရှိ ဧကရာဇ်တစ်ပိုင်းအဆင့် အားလုံး ပူးပေါင်းပြီး ဧကရာဇ်လက်နက် လေးခုဖြင့် ဖိနှိပ်ထားရသော သားရဲဆိုးသည် ဝူယိတောက်၏ လှံတစ်ချက်အောက်တွင် သတ်ဖြတ်ခံလိုက်ရသည်။
ဝူယိတောက်သည် သူတို့ထက် စွမ်းအားကြီးလွန်းနေသလော သို့မဟုတ် သားရဲဆိုးသည် အားနည်းလွန်းနေသလော။
လင်းရွှေရိုသည် ဝူယိတောက်ကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းချကာ ထွက်ခွာသွားလေသည်။
သားရဲဆိုးသည် အလွန်တိုတောင်းသော အချိန်ခဏလေးအတွင်းသာ ပေါ်ထွက်လာခဲ့သော်လည်း ၊ ၎င်းသည် မည်မျှ စွမ်းအားကြီးမားကြောင်း သူတို့ သုံးယောက်စလုံးက အာရုံခံမိကြသည်။ သူတို့ သုံးယောက်စလုံး ပူးပေါင်း၍ တိုက်ခိုက်လျှင်ပင် သူ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ကြောင်း ခံစားမိကြသည်။
သို့သော်လည်း ဝူယိတောက်သည် လှံတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ခဲ့သည်။ တစ်နည်းအားဖြင့် ၊ ဝူယိတောက်သည် သူတို့ကိုလည်း လှံတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်ဟု ဆိုလိုခြင်းပင် မဟုတ်လော။
မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသည်နှင့် သူတို့သည် မောက်မာခွင့် ရတော့မည်ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း ၊ ဝူယိတောက်သည် သူတို့၏ အားနည်းသောဖြစ်တည်မှုကို ပြသခဲ့သည်။
ဝူယိတောက်ကိုယ်တိုင်ကလည်း ဆွံ့အနေသည်။ ဧကရာဇ်အဆင့်ရှိ သားရဲဆိုးကို လှံတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်လိမ့်မည်ဟု သူကိုယ်တိုင်ပင် မျှော်လင့်မထားချေ။ သူ့ဘေးတွင် ရပ်နေသော သိုင်းသူတော်စင် နာ့စန်းမှာလည်း ထိုနည်းတူစွာ ဆွံ့အနေပြီး မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။
ဝူယိတောက်သည် သားရဲဆိုးနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲရလိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သော်လည်း ၊ အောင်ပွဲသည် ဤမျှ လွယ်ကူလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
“မင်း ကောင်းကောင်း လုပ်ခဲ့တယ်”
အတန်ကြာ ချီတုံချတုံ ဖြစ်နေပြီးနောက် ၊ သားရဲဆိုးသည် အားနည်းလွန်းနေ၍ မဟုတ်ဘဲ ဝူယိတောက်သည် စွမ်းအားကြီးလွန်းသောကြောင့် ဖြစ်သည်ကို သိုင်းသူတော်စင် နာ့စန်းလည်း နောက်ဆုံးတွင် နားလည်သွားသည်။
သားရဲဆိုးသည် အားနည်းလွန်းသည်ဟု ဆိုပါက ၊ ထိုအချိန်က သူတို့သည် အတော်လေး အားနည်းလွန်းရာရောက်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။
“ငါ တောင် အလေးအနက် မထားရသေးဘူး... သူ က သေသွားပြီလား “
ဝူယိတောက်သည် လှောင်ပြောင်သည့် စကားတစ်ခွန်းကို ထပ်ပြောလိုက်သော်လည်း ၊ သိုင်းသူတော်စင် နာ့စန်းမှာ ဘာပြောရမှန်း မသိတော့ဘဲ လှည့်ထွက်လာခဲ့တော့သည်။
ယခု သားရဲဆိုးကို ရှင်းလင်းလိုက်ပြီဖြစ်သောကြောင့် သူသည် မဟာဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် အချိန်တန်ခဲ့ချေပြီ။ သိုင်းသူတော်စင် နာ့စန်းသည် လွန်ခဲ့သော နှစ်ပေါင်း သုံးသိန်းက ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ၊ ထိုအဆင့်တွင် နေလာခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
သားရဲဆိုးကို ဖိနှိပ်ထားသော ဂိုဏ်းချုပ် တံဆိပ်ပြားသည် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့သည်။ မဟာဧကရာဇ် အဆင့်သို့ ထိုးဖောက်ဝင်ရောက်ခြင်းသည် ပိတ်လှောင်မှုကို လျော့ရဲသွားစေကာ သားရဲဆိုးကို လွတ်မြောက်သွားစေနိုင်သောကြောင့် သူသည် မဟာဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် မပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“သူတော်စင်... ငါတို့ရဲ့ ထျန်းဝူတောင်ကို ဘာလို့ ထျန်းဝူတောင်လို့ ခေါ်တာလဲ မင်း သိလား... သားရဲဆိုးကို ငါတို့ ထျန်းဝူတောင်အောက်မှာ ဖိနှိပ်ထားလို့ပဲ... ငါတို့က မူလက ထျန်းဝူဂိုဏ်း ဖြစ်ပြီး သားရဲဆိုးကို ဖိနှိပ်ပြီးမှသာ ယနေ့ ငါတို့ သိကြတဲ့ ထျန်းဝူတောင် ဆိုပြီး ဖြစ်လာခဲ့တာ”
“အခု သားရဲဆိုးကို ဖယ်ရှားလိုက်ပြီ ဆိုတော့ ငါတို့ရဲ့ ထျန်းဝူတောင်ကို ထျန်းဝူဂိုဏ်းအဖြစ် နာမည်ပြောင်းရမယ့် အချိန် ရောက်ပြီ”
ထိုအခိုက်အတန့်မှာပင် ချန်ဝူရွှမ်သည် ဝူယိတောက်၏အနားသို့ ရောက်ရှိလာပြီး ဖယ်ရှားလိုက်သော ထျန်းဝူတောင်ကို ကြည့်ကာ လွမ်းဆွတ်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။
“ထျန်းဝူဂိုဏ်း ဟုတ်လား... တစ်နေ့ကျရင် ထျန်းဝူဂိုဏ်းရဲ့ နာမည်ကို အထက်ဘုံ တစ်ခုလုံးမှာ ပဲ့တင်ထပ်သွားအောင် ငါ လုပ်ပြမယ်”
ဝူယိတောက်သည် စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သူသည် တက်လှမ်းခြင်း ပြုလုပ်ပြီးနောက် ၊ ထျန်းဝူဂိုဏ်း ဟူသော နာမည်ကို အထက်ဘုံရှိ လူတိုင်း သိအောင် လုပ်ဆောင်မည်ဟု ဆုံးဖြတ်လိုက်သည်။
အခန်း ၁၅၀ - အထက်ဘုံသို့ တက်လှမ်းခြင်း၊ ကောင်းကင်တာအို ဟင်းလင်းပြင်
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး ၊ မျက်တောင်တစ်ခတ်အတွင်း ရှစ်နှစ်တာ အချိန်ကာလကို ကုန်လွန်သွားခဲ့သည်။ ဤရှစ်နှစ်တာ ကာလအတွင်း ၊ ရွှမ်ထျန်းကမ္ဘာသည် ဆက်လက် စည်ပင်ဝပြောလာခဲ့သည်။
ကောင်းကင်တာအိုသည် ရွှမ်ထျန်းကမ္ဘာ၏ အချိန်အကြာကြီး အကျဉ်းချခံထားရမှုကို စာနာမိသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ ဆယ့်ရှစ်နှစ် ဟူသော အချိန်တိုလေးအတွင်း ၊ ရွှမ်ထျန်းကမ္ဘာရှိ မဟာဧကရာဇ် အရေအတွက်သည် အဆမတန် တိုးပွားလာခဲ့သည်။
ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြသော စွမ်းအားရှင် အားလုံးသည် မဟာဧကရာဇ်များ ဖြစ်လာကြသည်ဟု ဆိုနိုင်သည်။
ဤအထဲတွင် လင်းထျန်းရီနှင့် အခြားသူများလည်း သဘာဝကျကျပင် ပါဝင်ပြီး ၊ ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးသည် ရွှေရောင်ခေတ် တစ်ခုသို့ ဝင်ရောက်သွားသကဲ့သို့ပင်။
ဤရှစ်နှစ်တာ ကာလအတွင်း ဝူယိတောက်သည် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး လူသားအင်မော်တယ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ရန် ပြင်ဆင်နေကာ ထို့နောက် အထက်ဘုံသို့ တက်လှမ်းခြင်း ပြုလုပ်တော့မည် ဖြစ်သည်။
ဤသတင်းသည် ရွှမ်ထျန်းကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ရွှမ်ထျန်းကမ္ဘာ သမိုင်းတွင် စည်းတံဆိပ်ချိုးဖျက်ပြီးနောက်ပိုင်း ၊ အထက်ဘုံသို့ တက်လှမ်းခြင်း ပြုလုပ်မည့် ပထမဆုံးသော ကျင့်ကြံသူ ဖြစ်သောကြောင့်ပင်။
တစ်ချိန်တည်းမှာပင် ထျန်းဝူတောင်၌ မဟာဧကရာဇ်အဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီးဖြစ်သော သိုင်းသူတော်စင် နာ့စန်းသည် ဝူယိတောက်၏ ဘေးတွင် ရပ်ကာ ရှုပ်ထွေးသော စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်နေလေသည်။
မူလက သူသည် ဝူယိတောက်၏ ပါရမီကို တန်ဖိုးထားပြီး ၊ သူ မခံနိုင်တော့သည့် တစ်နေ့တွင် သားရဲဆိုးကို တာဝန်ယူ ဖိနှိပ်စေလိုသောကြောင့် ဝူယိတောင်ကို ထျန်းဝူတောင်သို့ ခေါ်ဆောင်လာခဲ့သည်။ သို့သော်လည်း ဝူယိတောက်သည် ပြဿနာကို တိုက်ရိုက် ဖြေရှင်းပေးနိုင်ခဲ့မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
“မင်း မကြာခင် အထက်ဘုံကို သွားရတော့မယ်... ဟိုရောက်ရင် သတိထား... လူသားအင်မော်တယ်အဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်ရင်တောင် အထက်ဘုံမှာ ဘာမှ မဟုတ်သေးဘူး”
ဆရာဖြစ်သူ၏ သတိပေးချက်ကို ဝူယိတောက်သည် ခေါင်းညိတ်၍ တုံ့ပြန်လိုက်သည်။
“ကျွန်တော် နားလည်ပါတယ် ဆရာ”
ဝူယိတောက် ထုတ်မပြောခဲ့သည့် အရာမှာ သူ၏ ဝမ်းကွဲအစ်ကို ဖြစ်သူ ဝူယီဖန်သည် အထက်ဘုံ တစ်ခုလုံးတွင် အင်အားအကြီးဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သော ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သူတော်စင် ဖြစ်နေသည် ဟူသောအချက်ပင် ဖြစ်သည်။ ထို့ကြောင့် သူ အထက်ဘုံသို့ ရောက်သည့်အခါ ၊ သူ့ကို အနိုင်ကျင့်ရဲသူ မရှိလောက်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ ၊ ထိုအင်မော်တယ်ဧကရာဇ်များသည် သူနှင့် ဝူယီဖန်ကြားက ညီအစ်ကိုဆက်ဆံရေးကို မြင်တွေ့ခဲ့ပြီး ၊ ထို့အပြင် ဝူယီဖန်သည် ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ၏ သူတော်စင် ဖြစ်သည့်အတွက် သူ့အပေါ်သို့ ကြံစည်ရဲလိမ့်မည် မဟုတ်။
ဆရာနှင့် အခြားသူများကို ညွှန်ကြားချက်များနှင့် အကြံဉာဏ်များ ပေးပြီးနောက် ၊ ဝူယိတောက်သည် တက်လှမ်းခြင်း ပြုလုပ်ရန် ထျန်းဝူတောင်တွင် တည်ဆောက်ထားသော တက်လှမ်းခြင်း စင်မြင့်ဆီသို့ လျှောက်သွားခဲ့သည်။
ဝူမိသားစုဝင်များနှင့် ပတ်သက်၍ ၊ ဝူယိတောက်သည် အစီအစဉ်များ ချမှတ်ထားပြီး ဖြစ်ကာ နှစ်အနည်းငယ်အတွင်း တက်လှမ်းခြင်း ပြုလုပ်ကြမည်ဟု ခန့်မှန်းထားသဖြင့် အလွန်အမင်း ဝမ်းနည်းနေခြင်း မရှိပေ။
တက်လှမ်းခြင်း စင်မြင့်ပေါ်တွင် ရပ်လျက် ဝူယိတောက်သည် အသက်ကပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ၊ တင်ပျဉ်ခွေ ထိုင်ကာ လူသားအင်မော်တယ် နယ်ပယ်သို့ ထိုးဖောက်ဝင်ရောက်ရန် သူ၏ စွမ်းအားများကို နှိုးဆော်လိုက်သည်။
တစ်ချိန်တည်းမှာပင် ၊ တက်လှမ်းခြင်း စင်မြင့်၏ အနီးတစ်ဝိုက်တွင် ရွှမ်ထျန်းကမ္ဘာ အနှံ့အပြားမှ အလျင်အမြန် ရောက်ရှိလာကြသော စွမ်းအားရှင်များဖြင့် ပြည့်နှက်နေပြီး ၊ လူတိုင်းက ဝူယိတောက်၏ တတ်လှမ်းခြင်းကို မျက်မြင်တွေ့လိုကြသည်။
ဝူယိတောက်၏ တက်လှမ်းခြင်းမှတစ်ဆင့် သူတို့သည် အနာဂတ်တွင် သူတို့၏ တက်လှမ်းခြင်းအတွက် အထောက်အကူ ဖြစ်လာနိုင်မည့် အကြောင်းအရာများကို သင်ယူနိုင်ပေလိမ့်မည်။
သုံးရက် သုံးည ကြာမြင့်သွားပြီးနောက် ၊ အဆုံးတွင် ဝူယိတောက်သည် လူသားအင်မော်တယ်၏ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့သည်။ သူ၏ မျက်လုံးများသည် ရုတ်တရက် ပွင့်လာပြီး တီးတိုး ပြောလိုက်သည်။
“လူသားအင်မော်တယ်အဆင့်... ထိုးဖောက်ဝင်ရောက်စမ်း”
ဝူယိတောက်၏ စကားအဆုံးတွင် ၊ ထိတ်လန့်ဖွယ် ကောင်းသော အငွေ့အသက် တစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာပြီး ရွှမ်ထျန်းကမ္ဘာဆီသို့ ပျံ့နှံ့သွားလေသည်။ ဤအငွေ့အသက် ရောက်ရှိသွားသော နေရာတိုင်း ၊ ကြီးမားသော ကိစ္စကြီးတစ်ခု ဖြစ်ပွားတော့မည့်အတိုင်း လူတိုင်း၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်မှု တစ်ခုကို ခံစားလိုက်ရသည်။
သူတို့ မတုံ့ပြန်နိုင်မီမှာပင် ၊ ရွှမ်ထျန်းကမ္ဘာ ဝန်းကျင်မှ ရွှေရောင် အမှုန်အမွှားများ ထွက်ပေါ်လာပြီး အလယ်ပိုင်းဒေသဆီသို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရသည်။
မျက်တောင်တစ်ခတ်အတွင်း ၊ ထျန်းဝူဂိုဏ်း၏ တက်လှမ်းခြင်း စင်မြင့်ပေါ်ရှိ စွမ်းအားရှင်များမှာ ရွှမ်ထျန်းကမ္ဘာ ဝန်းကျင်မှ ဖြာထွက်လာသော ရွေရောင်အလင်းတန်းများသည် ဝူယိတောက်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်ကို မြင်လိုက်ရသည်။
“ဘာ... ဒါ ကောင်းကင်တာအိုရဲ့ ကောင်းချီးပဲ”
ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက် လီထိုက်ပိုင်မှာ မထိန်းနိုင်တော့ဘဲ ဟစ်အော်လိုက်သည်။
မဟာမြင့်မြတ်နယ်မြေကြီး လေးခုတွင် ရွှမ်ထျန်းကမ္ဘာနှင့် ပတ်သက်သော မှတ်တမ်းအမျိုးမျိုး ရှိထားသဖြင့် ၊ သူတို့ရှေ့ရှိ ဤအရာသည် ရွှမ်ထျန်းကမ္ဘာ၏ ကောင်းကင်တာအို မှ ဝူယိတောက်အား ပေးသနားသော ကောင်းချီးများဖြစ်ကြောင်း နားလည်လိုက်သည်။
“ ဝူယိတောက်က ရွှမ်ထျန်းကမ္ဘာကနေ အထက်ဘုံကို တတ်လှမ်းမယ့် ပထမဆုံး ကျင့်ကြံသူ ဖြစ်နေလို့များလား ... ဒါပေမဲ့ ဝူယီဖန်ကလည်း ပြီးခဲ့တဲ့ အကြိမ်တုန်းက ရွှမ်ထျန်းကမ္ဘာကနေ တတ်လှမ်းသွားတာပဲ မဟုတ်လား”
“မဟုတ်ဘူး... ငါ သိသလောက်တော့ ဝူယီဖန်က ရွှမ်ထျန်းကမ္ဘာမှာ မဟုတ်ဘူး... သူက လူသားအင်မော်တယ်အဆင့်ကို ထိုးဖောက်ဝင်ရောက်ခြင်း မရှိဘဲ နတ်သင်္ချိုင်းတောင်ကြားထဲကနေ အမွေအနှစ်တစ်ခုကို ရရှိခဲ့ရင်းက တတ်လှမ်းခြင်းပြုလုပ်နိုင်ခဲ့တာ.. ဒါကြောင့် သူက ငါတို့ ရွှမ်ထျန်းကမ္ဘာကနေ အထက်ဘုံကို တက်လှမ်းတဲ့ ပထမဆုံးသော လူသားအင်မော်တယ် မဟုတ်ဘူး”
လင်းရွှေရိုသာ် တစ်စုံတစ်ခုကို တွေးမိသွားပြီး ပျောက်ကွယ်သွားသော နတ်သင်္ချိုင်းတောင်ကြားကို လှမ်းကြည့်ကာ ပြောလိုက်သည်။
ဤစကားများကို ကြားပြီးနောက် ၊ လူတိုင်းက ဝူယိတောက်ကို အားကျစွာဖြင့် ကြည့်လိုက်ကြသည်။ ၎င်းသည် ကောင်းကင်တာအို၏ ကောင်းချီး ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအရာကို ရရှိခဲ့လျှင်ဖြင့် ၊ သူတို့၏ ကံကြမ္မာသည် ထိုအချိန်မှစ၍ ပြောင်းလဲသွားပေလိမ့်မည်။သို့သော်လည်း ဝူယိတောက်သည် အပြင်ဘက်ရှိ အခြေအနေများကို မသိရှာပေ။
ဤအခိုက်အတန့်တွင် သူသည် ကောင်းကင်တာအို၏ ကောင်းချီးထဲတွင် နစ်မြောနေပြီး သူ၏ အသိစိတ်သည် ခမ်းနားထည်ဝါသော ရွှေရောင် ဟင်းလင်းပြင် တစ်ခုထဲသို့ ရောက်ရှိသွား၏။
ငါ ဘယ်ရောက်နေတာလဲ...
ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရသည်မှာ ဝူယီဖန်အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ ဟွမ်သွမ်ြ မဟာဧကရာဇ်၏ အမွေအနှစ်ထဲတွင်ပင် ဤကဲ့သို့ မကြုံတွေ့ခဲ့ဖူးချေ။
ဝူယိတောက် အံ့သြနေစဉ်မှာပင် ၊ ရွှေရောင် အလင်းမှုန်များ လှုပ်ရှားလာပြီး ပုံရိပ်တစ်ခုအဖြစ် ဖြည်းညင်းစွာ စုစည်းသွားကာ ၊ မကြာမီမှာပင် ရွှေရောင်ဆံပင်နှင့် ပြာလဲ့လဲ့မျက်လုံးများကို ပိုင်ဆိုင်ထားသော ချစ်စရာကောင်းသည့် ကောင်မလေး တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။
“မင်းက ဘယ်သူလဲ”
ဝူယိတောက်သည် သိချင်စိတ် ပြင်းပြသွားသည်။ သူ့ရှေ့ရှိ ကောင်မလေးထံမှ အလွန်ပင် နွေးထွေးသော ခံစားချက်ကို သူ ခံစားလိုက်ရသည်။ ဤသည်မှာ မိသားစုဝင် တစ်ဦးကဲ့သို့သော ခံစားချက်မျိုး ဖြစ်သည်။
“ဒီနေရာက ကောင်းကင်တာအိုရဲ့ ဟင်းလင်းပြင်ပဲ... မင်း မြင်တဲ့အတိုင်းပဲ ငါက ကောင်းကင်တာအိုရဲ့ ကိုယ်ပွားပဲ”
“ကောင်းကင်တာအို”
သူ့ရှေ့ရှိ ချစ်စရာကောင်းသော ကောင်မလေးသည် ကောင်းကင်တာအို၏ လူ့အသွင် ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ဝူယိတောက်သည် မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ဟွမ်သွမ့် မဟာဧကရာဇ်၏ အမွေအနှစ်မှတစ်ဆင့် ကောင်းကင်တာအို အကြောင်းကိိုအနည်းငယ် သိရှိထားသည်။ ကောင်းကင်တာအိုသည် ဘက်လိုက်မှုကင်းပြီး ကိုယ်ကျိုးမဖက်သော တည်ရှိမှု တစ်ခု ဖြစ်ကာ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းရန်သာ တာဝန်ရှိသည်။ ကမ္ဘာကြီး ပြိုကျမည့် အန္တရာယ် မရှိသရွေ့ ကောင်းကင်တာအိုသည်လည်း ပေါ်ထွက်လာလိမ့်မည် မဟုတ်ချေ။
ထို့အပြင် ဝူယိတောက်သည် အနည်းငယ် သိချင်နေမိသည်။ သူ့ရှေ့ရှိ ကောင်းကင်တာအိုသည် စိတ်ခံစားမှုများ ရှိနေသကဲ့သို့ သူ ခံစားမိသည်။
“အင်း... ငါ မင်းကို ဒီကို ဘာလို့ ခေါ်လာတာလဲဆိုတာ မင်း သိချင်နေမှာ သေချာတယ်... တကယ်တော့ ရွှမ်ထျန်းကမ္ဘာက အပြစ်သား ကမ္ဘာပဲ”
ကောင်းကင်တာအိုသည် ဝူယိတောက်ကို ကြည့်၍ လေးနက်သော အမူအရာဖြင့် ထိုကိစ္စကို ပြောပြလိုက်သည်။
ဤစကားကို ကြားလိုက်ရချိန်တွင် ဝူယိတောက်မှာ နောက်တစ်ကြိမ် မှင်သက်သွားပြန်သည်။ သူသည် တစ်စုံတစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ၊ ယခုတွင်မူ ထိုအရာမှ ရုန်းထွက်၍ မရနိုင်တော့သကဲ့သို့ ဖြစ်နေကာ သူ့ရှေ့ရှိ ကောင်းကင်တာအို ကိုယ်ပွား၏ စကားကို နားထောင်ရုံသာ တတ်နိုင်တော့သည်။
“စိတ်ဝင်စားစရာပဲ... ကောင်းကင်တာအိုက ယိတောက်ကို ကောင်းကင်တာအို ဟင်းလင်းပြင်ထဲ တကယ်ကြီး ဆွဲသွင်းသွားတာလား... သူ ဘာလုပ်ဖို့ စီစဉ်နေတာလဲ”
ဤအခိုက်အတန့်တွင် ဝူမိသားစု၌ ရှိနေသော ဝူဟောက်သည် တက်လှမ်းခြင်း စင်မြင့်၏ မြင်ကွင်းကို အဝေးမှ မြင်နေရပြီး ၊ ဝူယိတောက်သည် ကောင်းကင်တာအို၏ ဆွဲသွင်းခြင်းကို ခံလိုက်ရကြောင်း သဘာဝကျကျပင် သိရှိထားသည်။
တာဝန်ကို အခက်အခဲ အဆင့်အဖြစ် အစပျိုးလိုက်တာများလား....
ထိုအကြောင်း တွေးမိပြီး ဝူဟောက်သည် ဉာဏ်နီဉာဏ်နက် တစ်ခုကို စဉ်းစားလိုက်သည်။ သူ၏ အင်မော်တယ်အရှင်မြတ်အဆင့်ဖြင့် အခြားသူကို ခိုးကြည့်ရန်မှာ အသာလေးပင် ဖြစ်သည်။
တုံ့ဆိုင်းခြင်းမရှိ ဆုံးဖြတ်ချက် ချပြီးနောက် ၊ ဝူဟောက်သည် ကောင်းကင်တာအို၏ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ဝူဟောက်၏ ကျင့်ကြံမှုအဆင့်ဖြင့် အကယ်၍ သူသာ ဆန္ဒရှိပါက ၊ အင်မော်တယ်ဧကရာဇ် တစ်ပါးပင်လျှင် သူ့ကို အာရုံခံနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ဝူဟောက်သည် ကောင်းကင်တာအို၏ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားချိန်တွင် ကောင်းကင်တာအိုသည် ၎င်းကို လုံးဝ သတိမထားမိဘဲ ရွှမ်ထျန်းကမ္ဘာ၏ ဇာစ်မြစ်အကြောင်းကို ဆက်လက် ပြောပြနေခဲ့သည်။