အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း။ ၁၂၃
နန်ဝူဓားဂိုဏ်းတွင် စာကြည့်ဆောင်နှစ်ခုရှိသည်။ တစ်ခုမှာ မြူပင်လယ်အနောက်ဘက်ရှိ စုမိသားစုထံတွင်ရှိပြီး နောက်တစ်ခုမှာ ဆန်းမိသားစုထံတွင် ရှိသည်။
အကြီးအကဲချုပ်မှာ ဆန်းမိသားစုဝင်ဖြစ်ခြင်းကြောင့်လည်းကောင်း စုမိသားစု၏ ဘိုးဘေးမှာ ဆူးမြေခွေးတိုက်ပွဲတွင် ကျဆုံးသွားခဲ့ခြင်းကြောင့်လည်းကောင်း စုမိသားစုစာကြည့်ဆောင်ရှိ အရေးကြီးသော ကျမ်းစာအုပ်များအားလုံးမှာ ဆန်းမိသားစုထံသို့ ရွှေ့ပြောင်းရောက်ရှိသွားခဲ့သည်။
ဆန်းမိသားစု တည်ရှိရာကျွန်းမှာ ကြေးနီစာကလေးကျွန်းပင်။
ကြေးနီစာကလေးကျွန်းပေါ်တွင် ဓားသက်တံအလင်းတန်းမှာ ဆင်းသက်လာသည်။ စုန်ယန်သည် သူ၏မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံတံဆိပ်နှင့် ဓားဆရာကြီး ကူယဲ့ပေးလိုက်သော တံဆိပ်တို့ကို ပြသပြီးနောက် ကျွန်းအတွင်းသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့သည်။
သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မြူမှောင်များကြားတွင် သစ်တောတစ်ခုသဖွယ် မြင့်မားစွာ တည်ရှိနေသော ပြာသာဒ်ဆောင်များနှင့် မျှော်စင်များကို တွေ့ရသည်။ ရေမြူများကြားတွင် တည်ရှိနေပုံမှာ အမှန်တကယ်ပင် နတ်ဘုရားတို့၏ နယ်မြေတစ်ခုကဲ့သို့ လှပလွန်းလှသည်။
မြူစောင့်ကြည့်ကျွန်းမှာ နန်ဝူဓားဂိုဏ်း၏ အဝင်အဆင့်ကျွန်းဖြစ်ပြီး သစ်ရွက်နီကျွန်းနှင့် အခြားကျွန်းကြီးများမှာ အလယ်ပိုင်းအတားအဆီးများ ဖြစ်ကြသည်။ နောက်ဘက်အကျဆုံးတွင် ကျွန်းသုံးကျွန်းသာ ရှိတော့သည်။ ၎င်းတို့မှာ ဆန်းမိသားစု၏ ကြေးနီစာကလေးကျွန်း၊ စုမိသားစု၏ ရွှေငါးကျွန်းနှင့် လျို့ရှစက္ကူကျွန်းတို့ ဖြစ်ကြသည်။
အကျယ်အဝန်းအရဆိုလျှင် ဤကျွန်းသုံးကျွန်းမှာ ရှေ့ပိုင်းကျွန်းများထက် သေးငယ်သော်လည်း ၎င်းတို့၏ အရေးပါမှုနှင့် ထိုကျွန်းများပေါ်ရှိ ပညာရှင်များ၏ အစွမ်းမှာ အခြားကျွန်းများကို များစွာသာလွန်သည်။ ထို့ကြောင့် စုန်ယန်သည် အတွင်းသို့ဝင်စဉ် အကြီးအကဲချုပ် သို့မဟုတ် အခြားသော ကြက်သွေးရောင်နန်းတော် အလယ်အလတ်အဆင့် ပညာရှင်များနှင့် ထိပ်တိုက်မတိုးမိစေရန် အထူးသတိထားပြီး ခပ်လျှိုလျှိုသာ သွားလာနေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဆန်းမိသားစုစာကြည့်ဆောင် တည်ရှိရာနေရာမှာ အလွန်ပင် ဆိတ်ငြိမ်ပြီး ပတ်ဝန်းကျင်တွင်လည်း စူးစမ်းရှာဖွေမှုများကို တားဆီးရန် အစီအရင်အလံများ စိုက်ထူထားသည်။ စုန်ယန်သည် အစီအရင်နယ်နိမိတ်အတွင်းသို့ ခြေချလိုက်သည်နှင့် ပြင်ပမှ အသံဗလံအားလုံးမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
စာကြည့်ဆောင်အတွင်းတွင် စာအုပ်လာရောက်ငှားရမ်းသည့် တပည့်အနည်းငယ်မှာ ဟိုဟိုဒီဒီ သွားလာနေကြသည်။ စာအုပ်များကို အမျိုးအစားနှစ်မျိုး ခွဲခြားထားသည်။
ကျောက်စိမ်းလိပ်စာလိပ်များထဲတွင် စနစ်ကျသော မှော်အတတ်ပညာရပ်များကို သိမ်းဆည်းထားလေ့ရှိကာ ရှေ့ယခင်ပညာရှင်များ၏ အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှုများကို အဓိကဖော်ပြထားသည်။
အဘယ်ကြောင့်ဆိုသော် မှော်အတတ်နှင့် ကျင့်ကြံခြင်းမှာ မတူညီသောကြောင့်ပင်။ ကျင့်ကြံခြင်းမှာ အချိန်စုဆောင်းမှုအပေါ်တွင်သာ မူတည်ပြီး ပါရမီ၊ ထူးကဲမြစ်ဖျားခံမှုနှင့် အရင်းအမြစ်များပေါ်တွင်သာ မူတည်သော်လည်း မှော်အတတ်မှာမူ နားလည်သဘောပေါက်မှုလိုအပ်သည်။ ထို့ကြောင့် ဤစာအုပ်များမှာ အလွန်အရေးကြီးလှသည်။ အခြားသူများ၏ အတွေ့အကြုံများ အထူးသဖြင့် မိသားစုဘိုးဘေးများ ချန်ထားရစ်ခဲ့သော အောင်မြင်မှုအတွေ့အကြုံများသည် နောင်လာနောက်သားများအတွက် လမ်းမှားမရောက်စေရန် များစွာအထောက်အကူပြုသည်။
...
စုန်ယန်သည် ငါးထပ်မြင့်သော စာကြည့်ဆောင်ကြီးကို မော့ကြည့်လိုက်ပြီးနောက် အတွင်းသို့ ဝင်လာခဲ့သည်။ လမ်းတွင် တပည့်အချို့မှာ သူ့ကို မှတ်မိပုံရပြီး ပြုံး၍ နှုတ်ဆက်ကြသော်လည်း မည်သူမျှ စကားမပြောကြချေ။
ဤနေရာရှိ စာကြည့်ဆောင်စောင့်မှာ အလွန်စည်းကမ်းကြီးသော အဘွားအိုတစ်ဦးဖြစ်ပြီး မည်သူမဆို စာကြည့်ဆောင်ဝင်းအတွင်း ဆူညံသံပြုလုပ်ပါက ထိုအဘွားအိုက တိုက်ရိုက်နှင်ထုတ်တတ်သည်။ မျိုးဆက်သစ်လူငယ်များထဲတွင် သူမ၏အမည်ကို သိသူအလွန်နည်းပါးပြီး စုန်ယန်၏ မှတ်ဉာဏ်ထဲတွင်မူ ထိုအဘွားအိုမှာ ဆန်းမိသားစုဝင် မဟုတ်ဘူးဟုသာ မှတ်သားထားမိသည်။ ဆန်းမိသားစုဝင်မဟုတ်ဘဲ ဆန်းမိသားစုစာကြည့်ဆောင်ကို စောင့်ကြပ်နေခြင်းက သူမ၏ အဆင့်အတန်းမှာ အတော်လေး ထူးခြားနေကြောင်း ပြသနေသည်။
ဤနေရာတွင် စာအုပ်လာဖတ်သူတိုင်းက သူမကို ခေါ်ကြသည်မှာ...
"အဖွားမုန့်..."
စုန်ယန်သည် ရိုသေစွာ အရိုအသေပေးလိုက်ပြီး ဓားဆရာကြီး ကူယဲ့ ပေးလိုက်သော တံဆိပ်ကို ပြသလိုက်သည်။
အဘွားအိုမှာ အစပိုင်းတွင် ငိုက်မြည်းနေသော ပုံစံဖြင့် ခေါင်းငိုက်စိုက်ကျနေသော်လည်း တံဆိပ်ကို မြင်လိုက်ရသည့်အခါ ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။ သူမ၏ အကြည့်များမှာ လျှပ်စီးလက်သကဲ့သို့ ထက်မြက်လှပြီး စုန်ယန်အား အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ အေးစက်စွာ နှာမှုတ်လိုက်၏။ ထို့နောက် သူမ၏ ဝတ်ရုံလက်အင်္ကျီအတွင်းမှ ကျောက်စိမ်းလိပ်စာလိပ်တစ်ခုကို ဖတ်ခနဲ ပစ်ပေးလိုက်ပြီး ငြင်းဆိုခွင့်မရှိသော လေသံဖြင့် ပြောသည်မှာ "ရော့ ဒီထဲက လျှို့ဝှက်နည်းစနစ်ကို ယူသွားတော့"
စုန်ယန် ခေတ္တမျှ ဆွံ့အသွားရသည်။
အဖွားမုန့်က မျက်မှောင်ကြုတ်လျက် "ဝေခွဲမရဖြစ်နေတဲ့ပုံစံက မင်းဆရာနဲ့ တစ်ပုံစံတည်းပဲ။ တစ်ယောက်က ဓားဂိုဏ်းရဲ့ လျှို့ဝှက်နည်းစနစ်ကို ပေးချင်တာတောင် ခိုးကြောင်ခိုးဝှက် လုပ်
တယ်။ နောက်တစ်ယောက်ကလည်း အခုထိ ဝေခွဲမရ ဖြစ်နေတုန်း... ငါ အခုပဲ ပြောလိုက်မယ်။ ဒီနည်းစနစ်ကို မင်း လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ယူကိုယူသွားရမယ်"
စုန်ယန် အလွန်အမင်း တုန်လှုပ်သွားရသည်။ သူသည် ကျောက်စိမ်းလိပ်ကို ကိုင်ကြည့်လိုက်ရာ အတွင်းမှ သတင်းအချက်အလက်များက သူ့ဦးနှောက်အတွင်းသို့ တိုက်ရိုက် စီးဝင်လာတော့သည်။ အတန်ကြာပြီးနောက် သူ၏ ကျင့်စဉ်ကဏ္ဍတွင် အချက်အလက်အသစ်တစ်ခု ပေါ်လာခဲ့သည်။
[ကျင့်စဉ်: ထူးကဲဓားကျမ်းစာ]
ဤထူးကဲဓားကျမ်းစာမှာ မည်သည့်အရာဖြစ်ကြောင်း သူ အကြမ်းဖျင်း နားလည်သွားခဲ့သည်။ ဤသည်မှာ နန်ဝူဓားဂိုဏ်း၏ အစစ်အမှန် လျှို့ဝှက်နည်းစနစ်ဖြစ်ပြီး ထူးကဲအသွင်ပြောင်းလဲခြင်း ဓားကျင့်စဉ်ကို အခြေခံအဖြစ် တတ်မြောက်ထားကာ မိမိ၏ဓားကို မြင်တွေ့ပြီး လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်းကို နားလည်ထားသူများသာ ကျင့်ကြံနိုင်သည်။ ၎င်းသည် ကြက်သွေးရောင်နန်းတော်၏ အဆင့်မြင့်ပိုင်းအထိ ကျင့်ကြံနိုင်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။
ဤကျင့်စဉ်သည် အဓိကအားဖြင့် အချက်သုံးချက်ကို သင်ကြားပေးကာ မိမိ၏ ထူးကဲချီတစကိုယ်လုံးကို ဓားချီအဖြစ် ပြောင်းလဲခြင်းဖြစ်ပြီး ထိုချီစွမ်းအင်သည် ငါးပါးသော ဓာတ်ကြီးများအနက် ရွှေဓာတ်ဘက်သို့ ယိမ်းသော်လည်း ပင်ကိုယ်ရွှေဓာတ်အမြစ်ရှိရန် မလိုအပ်ပေ။ ၎င်းသည် အလွန်တရာ ထက်မြက်ပြီး ပင်ကိုယ်ကပင် တိုက်ခိုက်ရေးစွမ်းအား အပြည့်ရှိသည်။ အသုံးပြုလိုက်ပါက သာမန်ထူးကဲချီထက် များစွာသာလွန်ပြီး ဓားအမျိုးအစား ထူးကဲရတနာနှင့် တွဲဖက်ပါက စွမ်းအားမှာ အဆပေါင်းများစွာ တိုးပွားသွားမည်ဖြစ်သည်။
ကြက်သွေးရောင်နန်းတော် နယ်ပယ်တွင် နန်းတော်ကိုးခု သွေးစွမ်းအင်ကို အခြေခံသော်လည်း ထိုသွေးစွမ်းအင်ကို ထူးကဲချီဖြင့် နန်းတော်အတွင်း ကိန်းဝပ်စေရသည်။ ယခုအခါ ထူးကဲချီမှာ ဓားချီအဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ ဓားချီသည် ထိုသွေးစွမ်းအင်၏ ပြုစုပျိုးထောင်မှုကို ခံယူပြီး တစ်မူထူးခြားသောအထူးဓားချီအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ သွေးစွမ်းအင် ပိုမိုထူးခြားလေလေ ဓားချီကို ပျိုးထောင်ရန် ခက်ခဲလေဖြစ်သော်လည်း ၎င်း၏ စွမ်းအားမှာလည်း ပိုမိုပြင်းထန်လာမည်ဖြစ်သည်။
အထူးဓားချီကို သူ့ချည်းသက်သက် အသုံးပြုနိုင်သော်လည်း ၎င်းနှင့် ကိုက်ညီသော အထူးဓားပျံများနှင့် တွဲဖက်အသုံးပြုနိုင်ပါက စွမ်းအားမှာ နှစ်ဆ သို့မဟုတ် ထို့ထက်မက တိုးပွားသွားနိုင်သည်။
အထူးဓားပျံများကို မည်သို့ သွန်းလုပ်ရမည် ဆိုသည်ကိုလည်း ထူးကဲဓားကျမ်းစာထဲတွင် အသေးစိတ် ဖော်ပြထားသည်။
အထူးဓားချီကို ဖော်ဆောင်ရန် ခက်ခဲပါ့မလားဆိုသည်ကို စုန်ယန် မသိသော်လည်း သူ၏ စိတ်ထဲတွင်မူ အလွန်ပင် ဝမ်းသာနေမိသည်။ ဤသည်မှာ သူ ရှာဖွေနေခဲ့သော ကြက်သွေးရောင်နန်းတော်အဆင့် ကျင့်ကြံသူများအတွက် သင့်တော်သည့် ဓားလမ်းစဉ်အတတ်ပညာမျိုး ဖြစ်နေသောကြောင့်ပင်။
ထို့နောက် သူသည် ဆေးဝါးဗေဒဆိုင်ရာ စာအုပ်တစ်အုပ်ကို အလျင်အမြန် ကောက်ယူပြီးနောက် ထွက်ခွာလာခဲ့တော့သည်။
...
...
သစ်ရွက်နီကျွန်းသို့ ပြန်ရောက်သည့်အခါ ဓားဆရာကြီး ကူယဲ့က “ဟေ့ကောင်လေး... မင်း ရခဲ့ရဲ့လား...” ဟု လှမ်းမေးလိုက်သည်။
စုန်ယန်က “အဖွားမုန့်က တပည့်ကို ထူးကဲဓားကျမ်းစာ ပေးလိုက်ပါတယ်” ဟု ပြန်ဖြေလိုက်၏။
ဓားဆရာကြီး ကူယဲ့မှာ ခဏမျှ မှင်တက်သွားရသည်။ သူသည် အဖွားမုန့်ကို လျှို့ဝှကကျင့်စဉ်အချို့ ချန်ထားပေးရန် တောင်းဆိုခဲ့သော်လည်း ထူးကဲဓားကျမ်းစာကို ပေးရန် မပြောခဲ့ပေ။
ထူးကဲဓားကျမ်းစာဆိုသည်မှာ နန်ဝူဓားဂိုဏ်း၏ အမာခံကျင့်စဉ်တစ်ခုဖြစ်သည်။ ၎င်းသည် ကျင့်စဉ်တစ်ခု ဖြစ်သော်လည်း ၎င်းမှနေ၍ မရေမတွက်နိုင်သော မှော်အတတ်များအဖြစ် ဆင့်ပွားပြောင်းလဲနိုင်သည်။ ၎င်းသည် ဂိုဏ်း၏ အမြင့်ဆုံး အထွတ်အထိပ် လျှို့ဝှက်ပညာရပမဟုတ်သော်လည်း ထိုအထွတ်အထိပ် ပညာရပ်များမှာ ဤကျမ်းစာမှပင် ဆင်းသက်လာခြင်း ဖြစ်သည်။
နန်ဝူဓားဂိုဏ်းကို သစ်ပင်ကြီးတစ်ပင်ဟု တင်စားလျှင် ထူးကဲဓားကျမ်းစာမှာ ပင်စည်မကြီးဖြစ်ပြီး အထွတ်အထိပ် ပညာရပ်များမှာ ထိုပင်စည်မှ ထွက်ပေါ်လာသော အကောင်းဆုံး အသီးအပွင့်များသာ ဖြစ်သည်ဟု ပြောနိုင်သည်။
နန်ဝူဓားဂိုဏ်း တစ်ခုလုံးတွင် ဤကျမ်းစာကို လက်ဆင့်ကမ်းပေးရန် လုပ်ပိုင်ခွင့်ရှိသူ အလွနနည်းပါးပြီး အဖွားမုန့်မှာ ထိုသူများထဲမှ တစ်ဦး ဖြစ်နေပြန်သည်။ သို့သော် ဤလက်ဆင့်ကမ်းခွင့်မှာလည်း ကန့်သတ်ချက် ရှိသည်။ အခြေအနေ ထူးခြားမှု မရှိပါက သုံးနှစ်လျှင် တစ်ဦးကိုသာ သင်ကြားပေးခွင့် ရှိသည်။
အဖွားမုန့်က ယခုနှစ်တွင် စုန်ယန်အား သင်ကြားပေးလိုက်ပြီ ဖြစ်ရာ နောက်ထပ် သုံးနှစ်အတွင်း သူမသည် အခြားသူကို သင်ကြားပေးခွင့် မရှိတော့ချေ။ လက်ရှိ စစ်မက်ဖြစ်ပွားနေသော ထူးခြားသည့် အခြေအနေကို ထည့်တွက်လျှင် စုန်ယန်မှာ သူမ၏ နောက်ဆုံးသော တပည့်ပင် ဖြစ်ကောင်းဖြစ်သွားနိုင်သည်။ တစ်နည်းအားဖြင့် အဖွားမုန့်ကို စုန်ယန်၏ ပညာသင်ဆရာဟု သတ်မှတ်လို့ ရသည်။
ဓားဆရာကြီး ကူယဲ့က “သူက မင်းကို ဆရာလို့ ခေါ်ခိုင်းလား” ဟု မေးရာ စုန်ယန်က ခေါင်းခါပြပြီး ပြန်မေးလိုက်သည်။
“ဆရာ... ဆရာက အဖွားမုန့်ကို သိတာလား”
ဓားဆရာကြီး ကူယဲ့၏ မျက်နှာတွင် အတိတ်ကို ပြန်လည်အမှတ်ရနေသည့် အမူအရာတစ်ခု ထွက်ပေါ်လာပြီး နှုတ်ခမ်းထောင့်များမှာ ခါးသီးသော အပြုံးတစ်ခုနှင့်အတူ တွန့်ချိုးသွားသည်။ သူသည် သက်ပြင်းအကြိမ်ကြိမ် ချလိုက်ပြီးမှ အေးစက်စွာ ပြောလိုက်သည် ာ
“သူ့ကို မသိတဲ့သူ ဘယ်သူရှိမှာလဲ ခေါင်းမာပြီး စိတ်တိုတတ်တဲ့ စည်းကမ်းကြီးတဲ့ အဘွားကြီးပဲ”
စကားအဆုံးတွင် သူက ဆက်ပြောသည်။
“မနက်ဖြန်ကျရင် ငါ... ငါ မင်းအတွက် အဆင့်နိမ့်ထူးကဲလက်ဖက်ခြောက်နှစ်သေတ္တာလောက် အသာလေး ယူထားပေးမယ်။ အဲဒါတွေကို ယူသွားပြီး သူ့ကို ဆရာလို့ သွားခေါ်လိုက်”
စုန်ယန် ဆွံ့အသွားသည်ကို မြင်သောအခါ သူက ဆက်၍ “အဲဒီအဘွားကြီးက မင်းကို ထူးကဲဓားကျမ်းစာ သင်ပေးလိုက်ပြီပဲ။ သူက မင်းရဲ့ဆရာလို့ ခေါ်တာနဲ့ ထိုက်တန်ပါတယ်။ သွားစမ်းပါ”
စုန်ယန်က “ဒါပေမဲ့ ဆရာ... လက်ဖက်ခြောက်ကောင်းကောင်းလေး ယူသွားသင့်တာ မဟုတ်ဘူးလား” ဟု မေးလိုက်၏။
ဓားဆရာကြီး ကူယဲ့က ပြန်ဖြေသည်မှာ “ပေါက်ကရတွေ ဘာပဲဖြစ်ဖြစ် သူ့ကိုတွေ့ရင် ဒီလက်ဖက်ခြောက်က ငါအမှတ်မထင် ယူလာတာလို့ပဲ ပြော ငါ... ငါ အဲဒါကို မသောက်ချင်တော့လို့ ပေးလိုက်တာလို့ပဲ ပြောလိုက် သိလား”
စုန်ယန်: ...
ဒါကတော့...
ဒီအဘိုးကြီးက တကယ့်ကို စိတ်ထဲရှိတာနဲ့ အပြင်ကအမူအရာနဲ့ မတူတဲ့သူလုပ်နေတာပဲမဟုတ်ဘူးလား။
...
...
ထိုညတွင် ဓားဆရာကြီး ကူယဲ့သည် သူနှစ်ပေါင်းများစွာ တန်ဖိုးထားသိမ်းဆည်းထားပြီး ကိုယ်တိုင်ပင် မသောက်ရက်ခဲ့သော ထူးကဲလက်ဖက်ခြောက် နှစ်သေတ္တာကို ထုတ်ယူလိုက်သည်။ သူသည် ပိုးကြိုးအိတ်လေးများဖြင့် သေချာစွာ ချည်နှောင်ကာ အကြိမ်ကြိမ် စစ်ဆေးပြီးမှသာ စိတ်ချလက်ချ ရပ်နားလိုက်တော့သည်။
...
ဝါးအိမ်ငယ်လေးသို့ ပြန်ရောက်ပြီးနောက် စုန်ယန်သည် မျက်လုံးများကိုမှိတ်ကာ ထူးကဲဓားကျမ်းစာထဲမှ အကြောင်းအရာများကို အသေးစိတ် ဆန်းစစ်နေမိသည်။ ၎င်းကို လေ့လာလေလေ ဤကျမ်းစာ၏ ဆန်းကြယ်နက်ရှိုင်းမှုမှာ အလွန်အမင်း ထူးကဲအခြေခံအုတ်မြစ်ရှိသည့် ပညာရှင်ကြီးများက မျိုးဆက်ပေါင်းများစွာသော ပါရမီရှင်များ၏ အစွမ်းဖြင့် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိသာလာလေပင်။
ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်နားမှ ကျိုးပဲ့နေသောဓားနှင့် ထိုအစီအရင်၏ တောင်မြောက် ဆက်သွယ်ထားသော လမ်းကြောင်းများကို တွေးမိရင်း စုန်ယန် စဉ်းစားမိသည်။
"နန်ဝူဓားဂိုဏ်းက မြောက်ဘက်ဒေသက ဂိုဏ်းကြီးတစ်ခုရဲ့ ဂိုဏ်းခွဲတစ်ခု ဖြစ်နေနိုင်မလား ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင် ပျောက်ကွယ်သွားတာနဲ့အတူ ဆက်သွယ်ရေးလမ်းကြောင်းတွေပါ လုံးဝ ပြတ်တောက်သွားခဲ့တာလား"
သို့သော် သူသည် ချက်ချင်းပင် ခေါင်းခါလိုက်သည်။ ဤကဲ့သို့သော ခန့်မှန်းချက်မျိုးမှာ အထောက်အထားလည်းမရှိသလို လက်ရှိတွင်လည်း အရေးမပါသေးချေ။
ယနေ့ညတွင် သူသည် ထူးကဲဓားကျမ်းစာကို ကျင့်ကြံရန် အစီအစဉ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် စာကြည့်ဆောင်အတွင်းရှိ ဓားဖျောက်အတတ်ကို မျက်စိကျနေသောကြောင့်ပင်။
၎င်းသည် ချီစွမ်းအင်ဖုံးကွယ်ခြင်းဘက်သို့ ယိမ်းသော အတတ်ပညာဖြစ်သော်လည်း ၎င်းကို စတင်သင်ယူရန် လိုအပ်ချက်မှာ သာမန် ချီစွမ်းအင်ဖုံးကွယ်ခြင်း အတတ်ထက် များစွာ မြင့်မားလှသည်။ ကျင့်ကြံမှုအဆင့်အရဆိုလျှင် ထူးကဲချီသန့်စင်ခြင်း၏ ဆဋ္ဌမအဆင့်သာ လိုအပ်သော်လည်း ဖုံးကွယ်ထားသော လိုအပ်ချက်မှာ လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်းပင်။
ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် ဓားနှင့် တစ်သားတည်း မဖြစ်နိုင်ပါက မည်သည့်အတတ်ပညာမဆို အပေါ်ယံသာ ဖြစ်နေမည်ဖြစ်ပြီး အခြေခံအတွင်းသို့ပင် မဝင်ရောက်နိုင်သဖြင့် ထိုစနစ်နှင့် သက်ဆိုင်သော အဆင့်မြင့်အတတ်ပညာများကိုလည်း ကျင့်ကြံနိုင်မည် မဟုတ်ချေ။
သူ၏ စွမ်းအင်စုဆောင်းမှုမှာ လက်ရှိတွင် အဆောင်များနှင့် ပေါင်းစပ်လိုက်လျှင်ပင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ပိုမိုကောင်းမွန်သော ချီစွမ်းအင်
ဖုံးကွယ်ခြင်း အတတ်သစ်တစ်ခု လိုအပ်နေသည်။ နန်ဝူဓားဂိုဏ်း၏ စာကြည့်ဆောင်က သူ့အတွက် ထိုအခွင့်အရေးကို ပေးလိုက်ခြင်းပင်။
...
...
နောက်တစ်နေ့ စုန်ယန်သည် လက်ဖက်ခြောက်သေတ္တာများကို သယ်ဆောင်လျက် ကြေးနီစာကလေးကျွန်းရှိ စာကြည့်ဆောင်သို့ ထပ်မံရောက်ရှိလာခဲ့သည်။ သူသည် အဘွားအိုကို ရိုသေစွာ ဂါရဝပြုရင်း "ဆရာက ပြောပါတယ်။ အဖွားက တပည့်ကို ဒီကျင့်စဉ်ကို သင်ပေးခဲ့တာဆိုတော့ အဖွားကလည်း တပည့်ရဲ့ ဆရာတစ်ယောက်ပါပဲတဲ့။ ဒါကတော့... ဆရာ့ကို ဂါရဝပြုတဲ့အနေနဲ့ ပေးလိုက်တဲ့ လက်ဖက်ခြောက်ပါ" ဟု ပြောလိုက်သည်။
အဖွားမုန့်က အေးစက်စွာ နှာမှုတ်လိုက်ပြီး လက်ဖက်ခြောက်ကို တစ်ချက်ကြည့်ကာ "ဘာလက်ဖက်ခြောက်လဲ" ဟု မေးသည်။
စုန်ယန်က ပြန်ဖြေသည်။
"ဒါက... ဆရာကူယဲ့ နှစ်ပေါင်းများစွာ မြတ်နိုးတန်ဖိုးထားခဲ့ပြီး ကိုယ်တိုင်တောင် မသောက်ရက်ခဲ့တဲ့ လက်ဖက်ခြောက်ပါ။ အဖွားအတွက်ဆိုပြီး သူ အထူးတလည် ထုတ်ပေးလိုက်တာ။ သူကတော့ ကျွန်တော့်ကို မသိဘူးထင်နေတာ။ တကယ်တော့ ကျွန်တော် အားလုံးကို နားလည်ပါတယ်"
အဖွားမုန့်: ...
စုန်ယန်က သူ၏ နဖူးကို လက်ဖြင့် ပုတ်လိုက်ရင်း ဆက်ပြောသည်။
"အော်... ဟုတ်သားပဲ။ ဆရာကူယဲ့က အထူးမှာလိုက်ပါသေးတယ်။ ဒီလက်ဖက်ခြောက် နှစသေတ္တာက သူအမှတ်မထင် ယူလာတာပါတဲ့ သူ မသောက်ချင်တော့လို့ ပေးလိုက်တာပါတဲ့"
အဖွားမုန့်: ...
စုန်ယန်သည် ချောင်းတစ်ချက်ဟန့်လိုက်ကာ ဓားဆရာကြီး ကူယဲ့၏ လေသံနှင့် အမူအရာကို အတုယူလျက် "ပေါက်ကရတွေ ဘာပဲဖြစ်ဖြစ် သူ့ကိုတွေ့ရင် ဒီလက်ဖက်ခြောက်က ငါအမှတ်မထင် ယူလာတာလို့ပဲ ပြော ငါ... ငါ အဲဒါကို မသောက်ချင်တော့လို့ ပေးလိုက်တာလို့ပဲ ပြောလိုက် သိလား" ဟု ပြောလိုက်သည်။
အဖွားမုန့်၏ အမူအရာမှာ ထူးခြားစွာ ပြောင်းလဲသွားတော့သည်။ အမြဲတမ်း အောက်သို့ တွန့်ကျနေလေ့ရှိသော သူမ၏ နှုတ်ခမ်းထောင့်များမှာ တုန်ခါလာပြီးနောက် အားရပါးရ ရယ်မောလိုက်တော့သည်။
သူမသည် စိတ်အခြေအနေ အလွန်ကောင်းသွားကာ "ကောင်လေး... အတွင်းထဲသွားပြီး စာအုပ်တွေ ရှာဖတ်တော့။ ဒီနေ့ မင်းအဖွား စိတ်ကြည်နေတယ်။ နောက်ထပ် ကျင့်စဉ်စာအုပ်
တစ်အုပ် ထပ်ယူသွားလို့ရတယ်။ ငါကပဲ လက်ဆင့်ကမ်းပေးလိုက်တယ်လို့ သဘောထားလိုက်"
"ကျေးဇူးတင်ပါတယ် ဆရာမုန့်"
စုန်ယန်သည် အသာအယာ ဦးညွှတ်လိုက်ကာ လက်ဖက်ခြောက်များကို စားပွဲပေါ်၌ တင်ထားခဲ့သည်။ အဖွားမုန့်၏ မျက်ဝန်းများတွင် အတိတ်ကို လွမ်းဆွတ်နေသည့် အရိပ်အယောင်များကို သူ ဖျတ်ခနဲ မြင်တွေ့လိုက်ရသည်။
သူသည် အတွင်းသို့ အမြန်ဝင်ကာ ဟိုဟိုဒီဒီ ဟန်ဆောင်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ဓားဖျောက်အတတ်ကို ရွေးချယ်လိုက်ကာ အရှေ့ဘက်ရှိ အဖွားမုန့်ထံတွင် မှတ်ပုံတင်ရန် ယူဆောင်လာခဲ့တော့သည်။
အခန်း။ ၁၂၄
သစ်ရွက်နီကျွန်းပေါ်တွင်...
ကျွန်းသို့ ပြန်ရောက်ပြီးနောက် စုန်ယန်သည် ဘာစကားမျှမဆိုဘဲ သူ၏ဓားပျံကို ဆွဲယူကာ ထူးကဲတောင်ကြားစိုက်ခင်းသို့ သွားရောက်၍ ပေါင်းမြက်များ နုတ်ခြင်း၊ ငှက်နှင့် သားရဲများကို မောင်းနှင်ခြင်းများ ပြုလုပ်နေတော့သည်။
ဓားဆရာကြီး ကူယဲ့မှာမူ ထုံးစံအတိုင်းပင် ရှေ့ဝန်းထဲတွင် စာဖတ်လိုက်၊ နောက်ဖေးဝန်းထဲတွင် ဆေးလုံးဖော်စပ်ရန် ကြိုးစားလိုက်ဖြင့် အလုပ်ရှုပ်နေသည်။ စာကြည့်ဆောင်တွင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကိုတော့ ဤယောင်္ကျားနှစ်ဦးစလုံးမှာ ခေါင်းမာစွာဖြင့် တစ်ခွန်းမျှ ဟမလာကြချေ။
တစ်ယောက်က တမင်မပြောဘဲ နေကာ နောက်တစ်ယောက်ကလည်း တမင်မမေးဘဲ အောင့်ထားသည်။
ဤသို့ဖြင့် သူတို့နှစ်ဦးစလုံးမှာ တစ်ဖက်လူက အရင်စပြောမည့်အချိန်ကို ခေါင်းမာမာဖြင့် စောင့်ဆိုင်းနေကြတော့သည်။
...
မွန်းလွဲပိုင်းအချိန်...
ဝါးအိမ်ခြံဝင်းရှေ့သို့ ငွေရောင်ဝတ်စုံဝတ် ဓားကျင့်ကြံသူ သုံးဦး အတူတူ ရောက်ရှိလာကြပြီး ဓားဆရာကြီး ကူယဲ့၏ တံခါးဝတွင် ဦးညွှတ်ဂါရဝပြုကြသည်။
“တပည့် ကျူးစန်းကျိ ဆရာ့ကို နှုတ်ဆက်ဖို့ ရောက်လာတာပါ။ လော့မြစ်ဘက်ကို ကင်းလှည့်ဖို့ မြောက်ဘက်ကို သွားရပါတော့မယ်”
“တပည့် ချူဟွာယန် ဆရာ့ကို နှုတ်ဆက်ဖို့ ရောက်လာတာပါ။ လော့မြစ် ဘက်ကို ကင်းလှည့်ဖို့ မြောက်ဘက်ကို သွားရပါတော့မယ်”
“တပည့် ဆန်းရူဖူ ဆရာ့ကို နှုတ်ဆက်ဖို့ ရောက်လာတာပါ။ လော့မြစ် ဘက်ကို ကင်းလှည့်ဖို့ မြောက်ဘက်ကို သွားရပါတော့မယ်”
လော့မြစ်သည် ရုပ်သေးဂိုဏ်းနှင့် အလွန်နီးကပ်သော မြစ်ကြီးတစ်စင်းဖြစ်ပြီး ကုန်းလန်တောင် နှင့်လည်း အတော်အတန် နီးကပ်သည်။ ထို့ကြောင့် ဤခရီးမှာ အလွန်တရာ အန္တရာယ်များမည်ဖြစ်ကြောင်း သိသာလှသည်။
ဓားဆရာကြီး ကူယဲ့က အထဲမှ လှမ်းအော်လိုက်သည်။
“မင်းတို့ သုံးယောက်စလုံး အထဲဝင်ခဲ့ကြစမ်း။ ပြီးတော့ တံခါးဝက ဆေးဗန်းထဲက ခရမ်းရောင်ကျီးကန်းမြက် တစ်ခက်၊ သံတံမြက်စည်းပန်းနှစ်ပွင့်နဲ့ ကံကော်အသီးခြောက်တစ်လုံး ယူခဲ့ပေးကြဦး”
ဓားကျင့်ကြံသူ သုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ သိတတ်နားလည်စွာ ပြုံးလိုက်ကြသည်။ သူတို့သည် ဆေးမြက်များကို ယူဆောင်ကာ နောက်ဖေးဝန်းထဲသို့ ဝင်လာကြပြီး အလုပ်ရှုပ်နေသော ဆရာဖြစ်သူကို ကြည့်နေကြသည်။
ဓားဆရာကြီးကူယဲ့ သူ၏အလုပ်ကို အဆုံးသတ်လိုက်သည့်အခါ ထိုသုံးဦးမှာ ထပ်မံ၍ ရိုသေစွာ အလေးပြုကြပြန်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထူးထူးခြားခြား တိတ်ဆိတ်သွားသော်လည်း ဓားဆရာကြီး ကူယဲ့၏ အားရပါးရ ရယ်မောသံကြီးက ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တော့သည်။
“ကောင်းတယ် ငါ့ကလေးတို့... ဒါက မင်းတို့အတွက် အခွင့်အရေးပဲ”
ဓားကျင့်ကြံသူတစ်ဦးကလည်း အားတက်သရော ပြန်လည်ရယ်မောလိုက်ပြီး “ဆရာပြောတာ မှန်ပါတယ်။ မိစ္ဆာနောက်လိုက်တွေရဲ့ သွေးနဲ့ ငါ့ဓားကို ဆေးကြောပြီး ငါ့ရဲ့ ဓားနှလုံးသားကို ဉာဏ်ပွင့်စေဖို့ ဒါက အကောင်းဆုံးအချိန်ပါပဲ”
နောက်ထပ် ဓားကျင့်ကြံသူတစ်ဦးကလည်း “ကျွန်တော်လည်း ဒီလိုအခွင့်အရေးကို အမြဲစောင့်နေခဲ့တာပါ။ ဓားကျင့်ကြံသူဆိုတာ အန္တရာယ်တွေကြားမှာ ကိုယ့်ကိုယ်ကိုယ် သွေးယူရမယ်၊ အဲဒီကျမှ ဓားက ပိုပြီး ထက်မြက်လာမှာ”
နောက်ဆုံးတစ်ဦးဖြစ်သော အမျိုးသမီး ဓားကျင့်ကြံသူကမူ တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်ပြီး “ဆရာ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး” ဟု တိုးညင်းစွာ ပြောလိုက်သည်။
ဓားဆရာကြီး ကူယဲ့က ခေါင်းကို အသာအယာ ညိတ်ပြကာ ထိုသုံးဦးကို လိုအပ်သော လမ်းညွှန်ချက်အချို့ ပေးလိုက်သည်။ ထို့နောက် ဝါးအိမ်လေးမှ ပျံသန်းထွက်ခွာသွားသော သက်တံရောင် အလင်းတန်း သုံးခုကို ငေးကြည့်နေတော့သည်။
သူသည် ကောင်းကင်ယံကို မော့ကြည့်ရင်း ထိုဝေးကွာသွားသော အရိပ်ကလေးများ လုံးဝ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ အတန်ကြာအောင် မှိုင်တွေနေပြီးမှ အားရပါးရ ရယ်မောလိုက်ပြီး သူ၏အလုပ်များကိုသာ ဆက်လက် လုပ်ကိုင်နေတော့သည်။
လွန်ခဲ့သော တစ်နှစ်အတွင်း အထူးသဖြင့် နောက်ဆုံး နှစ်လခန့်တွင် နှုတ်ဆက်ခွဲခွာရန် လာရောက်ကြသော တပည့်အရေအတွက်မှာ တစ်စထက်တစ်စ ပိုမိုများပြားလာခဲ့သည်။
...
...
ညနေခင်းတွင် မြူပင်လယ်မှ ပါးလွှာသော မြူခိုးများက ကျွန်းများနှင့် တောင်ကုန်းများကို တစ်ဖက်တစ်လမ်းမှ ထပ်မံ၍ လွှမ်းခြုံလာပြန်သည်။
မြူခိုးများ၏ အလွန်တွင်မူ တိမ်တိုက်များသည် နေဝင်ဆည်းဆာ၏ နွေးထွေးသော လိမ္မော်ရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး မြူထုအတွင်းသို့ ပျံ့နှံ့ဝင်ရောက်ကာ အရာအားလုံးကို ဝေဝါးစေရုံတင်မကဘဲ ဝါကျင်ကျင်အရောင် အနည်းငယ်ပါ စွန်းထင်စေတော့သည်။
စုန်ယန်သည် နှုတ်ဆက်ရန်အတွက် ဝါးအိမ်တံခါးဝသို့ တစ်ဖက်တစ်လမ်းမှ ထပ်မံချဉ်းကပ်လာခဲ့သည်။
ဓားဆရာကြီး ကူယဲ့မှာ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ မေးလိုက်တော့သည်။
“ရှို့ဟု... မင်း... စာကြည့်ဆောင်မှာတုန်းက... အဲဒီအဘွားကြီးကို ဘယ်လိုခေါ်ခဲ့လဲ”
စုန်ယန်က “ဆရာလို့ခေါ်ခဲ့ပါတယ် ဆရာ” ဟု ပြန်ဖြေလိုက်၏။
ဓားဆရာကြီး ကူယဲ့က ဘာမှထပ်မမေးချင်တော့သည့်ပုံစံဖြင့် အသိအမှတ်ပြုသံ ပြုလိုက်သော်လည်း စုန်ယန်က ချက်ချင်းပင် ဆက်ပြောလိုက်သည်။
“ဆရာမုန့်က ကျွန်တော့်ကို မေးတယ် သူ့အတွက် ဘာလက်ဖက်ခြောက် ယူလာပေးတာလဲတဲ့”
ဓားဆရာကြီး ကူယဲ့မှာ နားစွင့်နေသော်လည်း အေးစက်စွာ နှာမှုတ်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြုံးလျက် “ငါ အမှတ်မထင် ယူပေးလိုက်တဲ့ ထူးကဲလက်ဖက်ခြောက်ပါပဲကွာ မင်းလည်း အဲဒီအတိုင်းပဲ ပြောခဲ့တယ် မဟုတ်လား”
စုန်ယန်က လက်မထောင်ပြပြီး သဘောကျသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဆရာက ကျွန်တော့်ကို တကယ် သိတာပဲ”
ထို့နောက် သူက ဆက်၍ “ကျွန်တော် သူ့ကို ပြောလိုက်တယ်။ ဒါက ဓားဆရာကြီး ကူယဲ့ နှစ်ပေါင်းများစွာ မြတ်နိုးတန်ဖိုးထားခဲ့တာဖြစ်ပြီး ကိုယ်တိုင်တောင် မသောက်ရက်ဘဲ ဆရာမုန့်အတွက် အထူးတလည် ပေးလိုက်တာပါလို့။ ပြီးတော့ ဆရာကူယဲ့က ကျွန်တော့်ကို မသိဘူးထင်နေတာ။ တကယ်တော့ ကျွန်တော် အားလုံးကို နားလည်ပါတယ်လို့လည်း ပြောလိုက်သေးတယ်”
ဓားဆရာကြီး ကူယဲ့: …..
“မင်း... မင်း...”
စုန်ယန်က သူ၏နဖူးကို ရိုက်လိုက်ပြီး “အဲဒီနေ့က ဆရာ ကျွန်တော့်ကို ပြောခဲ့တဲ့ပုံစံအတိုင်းတောင် အမူအရာလုပ်ပြခဲ့သေးတယ်”
ဓားဆရာကြီး ကူယဲ့၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး ဘာတွေရေရွတ်နေမှန်း မသိသော ထူးဆန်းသည့် အသံများ ထွက်ပေါ်လာသည်။ စုန်ယန်ကမူ သတိမထားမိဟန်ဆောင်ကာ ချောင်းနှစ်ချက်
ဟန့်၍ အသံကို ရှင်းလိုက်ပြီး ထိုနေ့က ဓားဆရာကြီး ကူယဲ့၏ လေသံကို အတုခိုးလိုက်သည်။
“ပွစိပွစိ ပြောမနေနဲ့ ဘာပဲဖြစ်ဖြစ် သူ့ကိုတွေ့ရင် ဒီလက်ဖက်ခြောက်က ငါအမှတ်မထင် ပေးလိုက်တာပါလို့ပဲ ပြော ငါကိုယ်တိုင်တောင် မသောက်ချင်လို့ ပေးလိုက်တာလို့ ပြောလိုက်”
ဓားဆရာကြီး ကူယဲ့၏ မျက်နှာမှာ လုံးဝကို ဆိုးဆိုးရွားရွား ဖြစ်သွားပြီး ဒေါသတကြီး ခုန်ပေါက်ကာ အော်ဟစ်တော့သည်။
“ထွက်သွားစမ်း ထွက်သွား”
စုန်ယန်က အေးအေးဆေးဆေးပင် “အော်” ဟု တုံ့ပြန်ကာ မြူခိုးများကြားထဲသို့ အပြေးကလေး ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
ဓားဆရာကြီး ကူယဲ့မှာ ရှုပ်ထွေးသော အမူအရာဖြင့် ထိုနေရာမှာပင် ရပ်ကျန်ရစ်ခဲ့သည်။ ရုတ်တရက် ဝေးရာမှ လေနှင့်အတူ သူ၏တပည့်ဖြစ်သူ၏ အသံက ထပ်မံလွင့်ပါးလာပြန်သည်။
“ဒါနဲ့ ဆရာ... ကျွန်တော် ထွက်လာတဲ့အချိန်မှာ ဆရာမုန့်က ဆရာပေးတဲ့ လက်ဖက်ခြောက်ကို စိတ်အားထက်သန်စွာနဲ့ ခပ်သောက်နေတာ မြင်ခဲ့ရတယ်။ သူ အရမ်း သဘောကျနေပုံရပေမဲ့... တစ်ဖက်မှာလည်း ဘာကြောင့်မှန်းမသိဘဲ ငိုင်နေသလိုပဲ။ ဘာလို့လဲဆိုတာတော့ ကျွန်တော်လည်း နားမလည်ဘူး”
ကြည်လင်သော ထိုအသံမှာ ဓားဆရာကြီး ကူယဲ့၏ နားထဲသို့ တိုးဝင်သွားသည်။ အဘိုးအိုမှာ ခဏမျှ မှင်တက်သွားပြီးနောက် အသာအယာ သက်ပြင်းချလိုက်တော့သည်။
ဓားဆရာကြီး ကူယဲ့မှာ ခါးလေးအနည်းငယ်ကိုင်းကာ ဝါးခြံစည်းရိုးကို မှီရပ်ရင်း အတိတ်ကို လွမ်းဆွတ်တမ်းတနေသော မျက်ဝန်းများဖြင့် တိုးတိုးလေး ရေရွတ်နေမိသည်။
“အချိန်တွေက ဘယ်လိုတောင် အကုန်မြန်သွားတာလဲ ငါလည်း အိုသွားပြီပဲ...
မင်းလည်း အိုသွားပြီပဲ... အရင်တုန်းကဆိုရင် မင်း ဒီလို ဖြစ်မှာ မဟုတ်ဘူး...”
သူ၏ ရေရွတ်သံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံမှ အေးစက်သော အသံတစ်သံ ရုတ်တရက် ဟိန်းထွက်လာတော့သည်။
“အဲဒီတုန်းကဆိုရင် ဘာဖြစ်မှာမို့လို့လဲ”
ဓားဆရာကြီး ကူယဲ့ မော့ကြည့်လိုက်ရာ လေထုထဲရှိ မြူခိုးများကြားတွင် အားမာန်အပြည့်ရှိသော အဘွားအိုတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ အေးစက်သော အကြည့်များက အပေါ်စီးမှ ကျဆင်းလာနေ၏။ ထိုသူမှာ အဖွားမုန့်မှတစ်ပါး အခြားသူ မဟုတ်ပေ။
သက်ကြီးရွယ်အို နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။
အဖွားမုန့်က “အဲဒီကောင်လေးက ပြောတယ်။ ဒီနေ့ ရှင် ကျွန်မကို ဖိတ်ထားတယ်ဆိုလို့... ကျွန်မ စာကြည့်ဆောင်ကိုတောင် စောစောပိတ်ပြီး လာခဲ့တာ” ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် အဘွားအိုသည် အောက်သို့ အသာအယာ လွင့်ဆင်းလာသည်။ အဘိုးအို၏ အလွန်အမင်း အံ့အားသင့်နေသော အမူအရာကို သတိမထားမိသယောင် ဆောင်ကာ လက်ကိုဆန့်ထုတ်လျက် ခြံတံခါးဆီသို့ လျှောက်သွားသည်။ ထို့နောက် တံခါးဝသို့ ရောက်
သည့်အခါ နောက်သို့ လှည့်ကြည့်ကာ “ကျွန်မ တစ်နေ့လုံး ပင်ပန်းလာတာ။ ရှင်က ဖိတ်ထားပြီးတော့ ကောင်းမွန်တဲ့ ထမင်းတစ်နပ်တောင် မပြင်ဆင်ထားဘူးလား။ ကျွန်မတော့ တကယ် စိတ်ပျက်မိတယ်” ဟု ပြောလိုက်၏။
ဓားဆရာကြီး ကူယဲ့က ကိုယ်ကိုလှည့်ကာ “ရုံအာ... အဲဒီတုန်းက ကိစ္စက ငါ့အမှားပါ။ ငါ... ငါ အစွမ်းထက်တဲ့ ကြက်သွေးရောင်နန်းတော် မိစ္ဆာသားရဲရဲ့ စွမ်းအားကို မက်မောပြီး ငါတို့နှစ်ယောက်လုံး အဲဒီ ကြက်သွေးရောင်နန်းတော် ဆေးလုံးကို စွန့်စွန့်စားစား သောက်ခိုင်းခဲ့မိတယ်။ ငါတို့ အတူတူ လမ်းသစ်ရှာနိုင်မယ်လို့ ထင်ခဲ့တာ။ ရလဒ်ကတော့... ငါတို့နှစ်ယောက်လုံး ကြက်သွေးရောင်နန်းတော်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရပ်တန့်သွားပြီး ဆေးအဆိပ်တွေရဲ့ ဒဏ်ကို အခုထိ ခံစားနေရတာပဲ”
အဖွားမုန့် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြုံးလိုက်သည်။
“ရှင်ကတော့ တကယ်ပဲ အဆင်မပြေတဲ့ အတိတ်တွေကို ပြန်တူးဆွတတ်တာပဲ။ ဟိုကောင်လေးတောင် ရှင့်ထက် ပိုပါးနပ်သေးတယ်။ ကျွန်မသာ အဲဒီကိစ္စတွေကို စိတ်ထဲထားနေသေးရင် ဒီနေ့ လာပါ့မလား။ ငါတို့တွေ အိုကုန်ကြပါပြီ။ အဲဒီကိစ္စတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ”
ဓားဆရာကြီး ကူယဲ့၏ မျက်ဝန်းအိုကြီးများမှာ နီမြန်းလာသည်။ ထို့နောက် သူက ရယ်မောကာ သူ၏ခေါင်းကို ရိုက်လိုက်ပြီး “ငါ့မှတ်ဉာဏ်ကို ကြည့်စမ်းပါဦး မင်းလာမယ်ဆိုတာပဲ သိပြီး ဘာမှ မပြင်ဆင်ရသေးဘူး။ ရုံအာ... ခဏစောင့်ဦး။ ငါ့ရဲ့စိုက်ခင်းထဲမှာ ချက်ပြုတ်ဖို့ကောင်းတဲ့ ထူးကဲပန်းနဲ့ ထူးကဲမြက်တွေ အများကြီးရှိတယ်။ ငါ သွားခူးလိုက်ဦးမယ်။ မင်း ထိုင်နေဦး ထိုင်နေဦး”
အဖွားမုန့်သည် အိမ်ထဲသို့ဝင်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေသည်။
“ဒီနေရာရဲ့ ပြင်ဆင်ပုံက ငါတို့ အတူတူရှိခဲ့စဉ်ကအတိုင်း မပြောင်းလဲသေးဘူးပဲ။ ရှင်ကတော့ တကယ်ကို...”
ဓားဆရာကြီး ကူယဲ့၏ မျက်နှာမှာ ရှက်သွေးဖြာကာ နီမြန်းသွားသည်။ သူသည် ဓားကိုထိန်းချုပ်ကာ သက်တံအလင်းအဖြစ် ပြောင်းလဲလျက် စိုက်ခင်းဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။ အသက်တစ်ရာကျော်ပြီ ဖြစ်သော်လည်း သူ၏နှလုံးသားမှာ တစ်ဖန်ပြန်၍ ရင်ခုန်လှုပ်ရှားလာခဲ့သည်။
...
...
စုန်ယန်သည် မြူခိုးများအကြား ပုန်းကွယ်နေသော ဝါးအိမ်ငယ်လေးများရှိရာ လမ်းအတိုင်း တစ်ဦးတည်း လျှောက်လှမ်းလာခဲ့သည်။ ဤကဲ့သို့သော မြူငွေ့များမှာ အလွန်ပင် လန်းဆန်းစေကာ သူ ယခင်နေခဲ့သော တောင်ဘက်ဝါးတောင်ထိပ်နှင့် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှသည်။
သို့သော် သူ သတိထားမိသည်မှာ သူ ပထမဆုံး ရောက်ရှိလာစဉ်ကထက် သစ်ရွက်နီကျွန်းပေါ်တွင် နေထိုင်သူ အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားခြင်းပင်။ အိမ်အချို့မှာ လူမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေပြီး ထိုသူများ ပြန်လာကြမည်လားဆိုသည်မှာလည်း မသေချာချေ။
ငါ အချိန်ဆွဲလို့ မဖြစ်တော့ဘူး။
စုန်ယန်သည် စိတ်မသက်မသာဖြစ်ကာ သူ၏ဝါးအိမ်လေးသို့ ပြန်လာခဲ့သည်။ တံခါးကို လုံအောင်ပိတ်လိုက်ပြီးနောက် သူ၏ အာရုံကို မှော်အတတ်ကဏ္ဍရှိ ဓားဖျောက်အတတ်ဆီသို့ အမြန်ပို့လိုက်သည်။ ထို့နောက် ကျင့်စဉ်ကဏ္ဍရှိ ထူးကဲဓားကျမ်းစာကိုလည်း တစ်ချက်ကြည့်လိုက်၏။
ယနေ့တွင် သူသည် ပထမဆုံးဓားဖျောက်အတတ်ကို ကျင့်ကြံရန် ရည်ရွယ်ထားပြီး ၎င်း၏ ဖုံးကွယ်ခြင်း အာနိသင်ကို အသုံးပြုကာ ထူးကဲဓားကျမ်းစာကို ဆက်လက်ကျင့်ကြံသွားမည် ဖြစ်သည်။
ရင်းနှီးနေပြီဖြစ်သော အချက်အလက်များ စနစ်မျက်နှာပြင်ပေါ်တွင် ပေါ်လာတော့သည်။
[ကျေးဇူးပြု၍ ရင်းနှီးမြှုပ်နှံမည့် သက်တမ်းပမာဏကို ရွေးချယ်ပါ]
...
[ပထမနှစ်တွင် ဝီရိယရှိရှိ လေ့ကျင့်မှုကြောင့် သင်သည် ဓားဖျောက်အတတ်ကို အခြေခံအဆင့် နားလည်သဘောပေါက်သွားခဲ့သည်။ ဤအတတ်ပညာ၏ သဘောတရားကို သိရှိသွားချိန်တွင် သင်သည် ၎င်းကို မိစ္ဆာစွမ်းအင် စုစည်း၍ ထူးကဲချီ ထိန်းချုပ်ခြင်းအတတ်နှင့် နှိုင်းယှဉ်ကြည့်မိကာ အနာဂတ်အတွက် မျှော်လင့်ချက်များ ဖြစ်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဤအတတ်ပညာနှစ်ခု၏ အခြေခံသဘောတရားမှာ လုံးဝဥဿုံ ကွဲပြားနေသောကြောင့်ဖြစ်သည်]
မိစ္ဆာစွမ်းအင် စုစည်း၍ ထူးကဲချီ ထိန်းချုပ်ခြင်းအတတ်ဆိုသည်မှာ ချီစွမ်းအင်ဖုံးကွယ်ခြင်းအတတ်မှနေ၍ နှစ်ကြိမ်တိုင်တိုင် ပြီးပြည့်စုံစွာ အသွင်ပြောင်းလဲထားသော မှော်အတတ်ဖြစ်ပြီး မိစ္ဆာစွမ်းအင်ကို အသုံးပြု၍ ခန္ဓာကိုယ်တွင်းရှိ ထူးကဲချီများကို တစ်စိတ်တစ်ပိုင်း ဖုံးကွယ်ဝါးမျိုစေကာ ရုတ်တရက် ပေါက်ကွဲထွက်စေခြင်း ဖြစ်သည်။ ဤအတတ်ကို ကျွမ်းကျင်ရန် စွမ်းအင်ဝါးမျိုမှုကို စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် အဆက်မပြတ် လေ့ကျင့်ရန် လိုအပ်သည်။
သို့သော် ဓားဖျောက်အတတ်ကမူ ထိုသို့မဟုတ်ပေ။
၎င်း၏ အဓိက အာရုံစိုက်မှုမှာ ကျွမ်းကျင်မှုမဟုတ်ဘဲ စိတ်အခြေအနေသာ ဖြစ်သည်။ ကျမ်းစာ၏ အစပိုင်းတွင် "နှလုံးသားထဲတွင် ဓားကို ဝှက်ထားနိုင်လျှင် ဓားကို ကိုင်ဆောင်ရန်ပင် မလိုတော့ချေ၊ လွှတ်ချခြင်းနှင့် ပြန်လည်ရုပ်သိမ်းခြင်းကို စိတ်အလိုရှိတိုင်း ပြုလုပ်နိုင်ပေလိမ့်မည်" ဟု ဖော်ပြထားသည်။
ဤအတတ်၏ အနှစ်သာရမှာ ဖြေလျှော့ခြင်းကို အလေးပေးထားပြီး အရာအားလုံးကို လွှတ်ချလိုက်ခြင်းဖြင့် မိမိကိုယ်ကိုယ် အလွန်တရာ ငြိမ်သက်ခြင်းအခြေအနေသို့ ရောက်ရှိစေခြင်း ဖြစ်သည်။ ထိုအခြေအနေတွင် ခွန်အားကြီးသော အမျိုးသားတစ်ဦး အိပ်ပျော်နေစဉ် ခန္ဓာကိုယ်နှင့် ကြွက်သားများကို ဖြေလျှော့ထားသကဲ့သို့ ဓားချီအားလုံးသည်လည်း ငြိမ်သက်သွားမည် ဖြစ်သည်။
ချီစွမ်းအင်ဖုံးကွယ်ခြင်းအတတ်က ရှိပြီးသားအရာတွေကို အတင်းအကျပ် အံဆွဲထဲ ထည့်
ဝှက်ထားတာမျိုးဆိုရင် ဓားဖျောက်အတတ်က ထိုအရာများ၏ ပမာဏကို ခေတ္တလျှော့ချလိုက်ခြင်းပင်။ စိတ်ကူးစိတ်သန်းများက ခလုတ်တစ်ခုလို အလုပ်လုပ်သည်။ ဒေါသထွက်လာလျှင် ဓားချီက ရုတ်တရက် ပေါက်ကွဲထွက်လာမည်ဖြစ်ပြီး စိတ်တည်ငြိမ်နေလျှင် ဓားချီကလည်း လိုက်ပါငြိမ်သက်နေမည် ဖြစ်သည်။ အကယ်၍ ငြိမ်သက်ခြင်းကို အပြည့်အဝရရှိသွားလျှင် ဓားကို သဘာဝအလျောက် ဝှက်ထားနိုင်မည်ဖြစ်ရာ ဘယ်သူမျှ ရှာမတွေ့နိုင်တော့ပေ။
[၂၁ နှစ်ကြာသောအခါ သင်သည် ဓားဖျောက်အတတ်ကို ပြီးပြည့်စုံသောအဆင့်အထိ ကျွမ်းကျင်သွားခဲ့ပြီ ဖြစ်သည်။ ဓားချီအားလုံးကို ခန္ဓာကိုယ်အတွင်း အေးချမ်းစွာ အနားယူစေနိုင်ပြီး တည်ငြိမ်နေချိန်တွင် ပုန်းကွယ်နေကာ လှုပ်ရှားလိုက်ချိန်တွင် ပေါက်ကွဲထွက်လာမည်ဖြစ်သည်။ အားလုံးကို သင်၏ အတွေးဖြင့်သာ ထိန်းချုပ်နိုင်တော့သည်]
စုန်ယန်သည် အသွင်ပြောင်းလဲမှုရရှိရန် သက်တမ်းကို ဆက်လက် ရင်းနှီးမြှုပ်နှံလိုက်သည်။
[၁၂၅ နှစ်ကြာသောအခါ သင်သည် မိစ္ဆာထူးကဲအမြစ်၏ ထူးခြားမှုကို အသုံးချကာ ထူးကဲမိစ္ဆာဓား ဝါးမျိုခြင်းစွမ်းရည်ကို နားလည်သွားခဲ့သည်။ သင်သည် စိတ်အခြေအနေဖြင့် ဓားချီကို ဝှက်ထားနိုင်ရုံတင်မကဘဲ အပြင်သို့ ထွက်ပေါ်နေသော ဓားချီအားလုံးကို အတွင်းရှိ မိစ္ဆာစွမ်းအင်ဖြင့် ဝါးမျိုပစ်နိုင်သည်။ သို့သော် ဝါးမျိုပြီးနောက် ထိုစွမ်းအင်မှာ မိစ္ဆာစွမ်းအင်အဖြစ် လုံးဝ ပြောင်းလဲသွားလိမ့်မည်]
[၂၀၈၅ နှစ်ကြာသောအခါ သင်သည် ဒုတိယအကြိမ်မြောက် ပြီးပြည့်စုံသော အသွင်ပြောင်းလျှို့ဝှက်ချက်ဖြစ်သည့် ဓားနှင့် မိစ္ဆာနှစ်သွယ်သော အသွင်သဏ္ဌာန်အတတ်ကို ထုတ်ဖော်နိုင်ခဲ့သည်။ အတွေးတစ်ချက်ဖြင့် နိုးကြားခြင်း၊ အတွေးတစ်ချက်ဖြင့် မိစ္ဆာဖြစ်ခြင်း ၊ ဓားချီနှင့် မိစ္ဆာစွမ်းအင်၊ ရှေ့တစ်ခုက စိတ်ကြည်လင်မှုလိုအပ်ပြီး နောက်တစ်ခုက ရှုပ်ထွေးညစ်ညမ်းမှုလိုအပ်သော်လည်း သင်သည် စိတ်ကြိုက် ပြောင်းလဲနိုင်သည်။ ဓားချီကို မိစ္ဆာစွမ်းအင်အဖြစ်
လည်းကောင်း မိစ္ဆာစွမ်းအင်ကို ဓားချီအဖြစ်လည်းကောင်း အပြန်အလှန် ပြောင်းလဲနိုင်ပြီ ဖြစ်သည်]
စုန်ယန် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်မိသည်။ ဤအတတ်သစ်မှာ ဓားဖျောက်အတတနှင့် မိစ္ဆာစွမ်းအင် စုစည်း၍ ထူးကဲချီ ထိန်းချုပ်ခြင်းအတတ်နှစ်ခုစလုံးအပေါ် အခြေခံထားသည့် ပြီးပြည့်စုံသော မှော်အတတ်ဖြစ်ကြောင်း သူ သိလိုက်ရသည်။ ဤအတတ်ကို အသုံးပြုလိုက်
သည်နှင့် ခန္ဓာကိုယ်တွင်းရှိ ချီစွမ်းအင်အားလုံးကို လမ်းကြောင်းနှစ်ခုဖြင့် အလျင်အမြန် ဖုံးကွယ်နိုင်ရုံတင်မက မိစ္ဆာစွမ်းအင်နှင့် ဓားချီကြားတွင်လည်း ချောမွေ့စွာ ကူးပြောင်းနိုင်တော့မည်။
ထို့အပြင် သူတစ်ပါး၏ စွမ်းအင်ကို ဝါးမျိုခြင်းနှင့် စွမ်းအင်ကို စုစည်း၍ ရုတ်တရက် ပေါက်ကွဲစေခြင်းစသည့် ယခင်အတတ်ဟောင်းမှ နည်းပရိယာယ်များကိုလည်း ဓားချီ၏ ထက်မြက်မှုနှင့် ပေါင်းစပ်ကာ စိတ်ကြိုက် အသုံးပြုနိုင်ပြီ ဖြစ်သည်။ ဤသည်မှာ တကယ့်ကို အစွမ်းထက်လှသော အပြောင်းအလဲပင်။
အတွေးတစ်ချက်မှာ ဓားချီ၊ အတွေးတစ်ချက်မှာ မိစ္ဆာစွမ်းအင်ဆိုသည်မှာ အတွေးတစ်ချက်မှာ ဓားကျင့်ကြံသူ၊ အတွေးတစ်ချက်မှာ သရဲတစ္ဆေကျင့်ကြံသူဖြစ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်ရာ အမှန်တကယ်ပင် အံ့မခန်းလှပေ။
သို့သော် စုန်ယန်မှာ ပြဿနာတစ်ခုကို ချက်ချင်း သတိထားမိသွားသည်။ လောလောဆယ်တွင် သူ၏ကိုယ်တွင်း၌ အများစုမှာ သာမန်ထူးကဲချီများ ဖြစ်ကြပြီး မိစ္ဆာစွမ်းအင်မှာ အနည်းငယ်သာ ရှိသေးသည်။ အကယ်၍ သူက သာမန်စွမ်းအင်အားလုံးကို ဓားချီအဖြစ် ပြောင်းလဲကျင့်ကြံလိုက်လျှင် နောင်တွင် သူသည် ဓားနှင့် မိစ္ဆာအကြား၌သာ ကူးပြောင်းနိုင်တော့မည်ဖြစ်ပြီး သာမန်ချီစွမ်းအင်သို့ ပြန်ပြောင်းနိုင်တော့မည် မဟုတ်ပေ။
ဓားချီက ထက်မြက်ပြီး မိစ္ဆာစွမ်းအင်က ထူးခြားဆန်းပြားကာ သာမန်အခြေအနေသို့ ပြန်မရနိုင်တော့ခြင်းက ကောင်းသလား ဆိုးသလားဆိုသည်ကို စုန်ယန် မဝေခွဲနိုင်သေးချေ။ သို့သော် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။
မဆိုးဘူးဆိုရင်တော့ အဆုံးထိ တိုးကြည့်တာပေါ့။ ထူးကဲဓားကျမ်းစာကို ဆက်ပြီး ကျင့်ကြံရတော့မယ်။ အဆင့်တက်ရမယ့် အချိန်ရောက်ပြီ။