← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း။ ၁၂၇

ကျင်းကျဲနေ့... မြွေနဂါးနှင့် ပိုးမွှားတို့ နိုးထထွက်ပေါ်လာချိန်၊ မြေကမ္ဘာ၏ သက်စောင့်အားတို့ တစ်ဖန်ပြန်လည် နိုးကြားလာချိန်…

ထိုနေ့က တဖြည်းဖြည်း နီးကပ်လာခဲ့သည်။

သစ်ရွက်နီကျွန်းပေါ်တွင် ကျန်ရစ်သော တပည့်အရေအတွက်မှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုနည်းပါးလာသည်။

ဓားဆရာကြီး ကူယဲ့နှင့် အဖွားမုန့်တို့၏ လမ်းညွှန်မှုအောက်တွင် စုန်ယန်၏ ဆေးလုံးဖော်စပ်မှု အတွေ့အကြုံမှာ ပိုမိုကြွယ်ဝလာခဲ့ပြီး အခြေခံအဆင့် ကျင့်ကြံသူများ၏ ဝေဒနာများကို ကုသရာတွင်လည်း ပိုမိုကျွမ်းကျင်လာခဲ့သည်။ ထိုဝေဒနာများကို ကုသခြင်းမှာ စိတ်ကို တည်ငြိမ်စေရန်၊ အဆိပ်နှင့် မိစ္ဆာစွမ်းအင်များကို ဖယ်ရှားရန်နှင့် ဒဏ်ရာများကို သန့်စင်ရန်အတွက် ဆေးရည်အချို့ကို အသုံးပြုခြင်းသာ ဖြစ်သည်။

ဓားဆရာကြီး ကူယဲ့သည် သူ၏တပည့်အား တာအိုအဖော်တစ်ဦးနှင့် မိတ်ဆက်ပေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သေးသည်။ ကျင့်ကြံသူများအကြားတွင် ယင်တစ်ခုတည်းဖြင့် မကြီးထွားနိုင်သလို ယန်တစ်ခုတည်းဖြင့်လည်း မရှင်သန်နိုင်ပေ။ နှစ်ဦးတွဲကျင့်ကြံခြင်းသာလျှင် ရေရှည်တည်တံ့နိုင်သည်ဟူသော အယူအဆမှာ အားလုံးလက်ခံထားကြသည့်အတိုင်း ဖြစ်သည်။ မိစ္ဆာဂိုဏ်းများကဲ့သို့ လူသားများကို ဆေးဖော်စပ်ရာတွင် အသုံးချမည့်အစား စိတ်တူကိုယ်တူ ရေရှည်လက်တွဲရမည့် တာအိုအဖော်တစ်ဦးရှိရန်မှာ အလွန်ပင် လိုအပ်လှသည်။

သို့သော် စုန်ယန်ကမူ အမြဲတမ်း ငြင်းပယ်ခဲ့သည်။

သူသည် အချိန်မရွေး ထွက်ပြေးရန် အသင့်ဖြစ်နေသူဖြစ်ရာ တာအိုအဖော်တစ်ဦးရှိခြင်းမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုမှလွဲ၍ ဘာမျှ မဟုတ်ပေ။ အကယ်၍ သူသာ အဖော်အပေါင်းကို အမှန်

တကယ် လိုလားခဲ့လျှင် ယခင်က သခင်မလေးလင်းပေးခဲ့သကဲ့သို့ စားဝတ်နေရေးနှင့် ဘေးကင်းလုံခြုံမှုကို ပေးနိုင်သည့် တာအိုအဖော်မျိုးမဟုတ်ပါက ပြည့်တန်ဆာရုံသို့ သွားခြင်းကပင် ပို၍ သာလွန်ပေလိမ့်မည်။

ဓားဆရာကြီး ကူယဲ့မှာလည်း သူ၏ အကြိမ်ကြိမ် ငြင်းပယ်မှုများကို မြင်သောအခါ သက်ပြင်းချရင်း လက်လျှော့လိုက်ရတော့သည်။ ထိုအကြောင်းကိုလည်း ထပ်မံ၍ မပြောတော့ပေ။

ကျင်းကျဲနေ့ နီးကပ်လာသည်နှင့်အမျှ ဓားဆရာကြီး ကူယဲ့နှင့် အဖွားမုန့်တို့သည် ဝါးအိမ်မှ ခဏခဏ ထွက်ခွာသွားတတ်ကြပြီး တစ်ခါတစ်ရံတွင် နှစ်ရက်၊ သုံးရက်ခန့် ကြာတတ်သည်။ ထိုအခါ ဝါးအိမ်မှာ စုန်ယန်၏ လက်ထဲတွင်သာ ကျန်ရစ်တော့သည်။

တစ်ခါတစ်ရံတွင် ဒဏ်ရာရလာသော တပည့်များက ဓားဆရာကြီးထံ အလျင်အမြန် လာရောက်ကုသကြသော်လည်း စုန်ယန်ကပင် ကိုင်တွယ်ဖြေရှင်းပေးခဲ့ရာ ရလဒ်မှာ ဘာမျှ ကွာခြားမှု မရှိပေ။ ဓားဆရာကြီး ကူယဲ့မှာ နှစ်ကြိမ်ခန့် တိတ်တဆိတ် စောင့်ကြည့်ပြီးနောက် လုံးဝ စိတ်ချလက်ချ လွှတ်ထားလိုက်တော့သည်။

...

...

ထိုည... သန်းခေါင်ယံအချိန်...

စုန်ယန်သည် ထုံးစံအတိုင်းပင် ခုတင်ပေါ်တွင် ဘေးစောင်း လှဲလျောင်းနေသည်။ ယနေ့ညတွင်လည်း ဓားဆရာကြီး ကူယဲ့ ပြန်မလာသေးချေ။ သူသည် ဝါးအိမ်ကို ထပ်မံ၍ စောင့်ရှောက်နေရပြန်သည်။

ပြတင်းပေါက်အပြင်ဘက်တွင် မြူခိုးများ ရစ်သိုင်းနေပြီး မြူပင်လယ်၏ လှိုင်းကြက်ခွပ်သံလေးများက အသာအယာ ရိုက်ခတ်နေသည်။ အိမ်ထဲတွင်မူ ဆေးဖက်ဝင်အပင်များ၏ သင်းပျံ့သောရနံ့က ကြွင်းကျန်နေဆဲပင်...

ရုတ်တရက် အိမ်ခေါင်မိုးပေါ်မှ မိုးစက်ကျသံကို ကြားလိုက်ရပြီးနောက် ပန်းများ၊ မြက်ပင်များ၊ သစ်သားများ၊ သစ်ရွက်များ၊ ရေပြင်နှင့် ကျောက်ခဲများဆီမှ ထွက်ပေါ်လာသော အပြန်အလှန် ရိုက်ခတ်သံများက လှိုင်းလုံးများကဲ့သို့ ပဲ့တင်ထပ်လာတော့သည်။

သူသည် မည်သူမည်ဝါဖြစ်ကြောင်းကို ဟန်ဆောင်ထားရသူမျှသာ ဖြစ်သော်လည်း သစ်ရွက်နီကျွန်းပေါ်တွင် ဖြတ်သန်းခဲ့ရသော နေ့ရက်များမှာ တောင်ဘက်ဝါးတောင်ထိပ်တွင် နေခဲ့ရသည်ထက် များစွာ ပို၍ အေးချမ်းလှသည်။ ဓားဆရာကြီး ကူယဲ့၏ ခံ့ညားသော မာန်မာနမျိုးမှာ ရုပ်သေးဂိုဏ်းထဲတွင် မည်သည့်အခါမျှ တွေ့ရှိနိုင်မည် မဟုတ်ချေ။

စုယောင်ရဲ့ အေးစက်ပြီး နုံအတဲ့ စရိုက်မျိုးက ဖြောင့်မတ်တဲ့လမ်းစဉ်မှာပဲ ရှိနိုင်တဲ့ ထူးခြားမှုမျိုးပဲ...

ပြီးတော့ ရှေ့တန်းစစ်မျက်နှာမှာ သေဖို့ဝန်မလေးဘဲ စိတ်ရောကိုယ်ပါ ပေးဆပ်နေကြတဲ့ တပည့်မျိုးတွေကိုလည်း ရုပ်သေးဂိုဏ်းထဲမှာ ဘယ်လိုမှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး...

စုန်ယန်သည် တစ်ဖက်သို့ စောင်းလှဲလိုက်ပြီး အိပ်စက်ရန် မျက်လုံးများကို မှိတ်လိုက်တော့သည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သော အချိန်ခန့်သာ မျက်လုံးမှိတ်ရသေးသော်လည်း တံခါးပြင်ပမှ အလွန်အမင်း အလျင်စလိုဖြစ်နေသော ခြေသံများကို ကြားလိုက်ရသည်။ စုန်ယန်သည် မျက်လုံးဖွင့်ကာ အဝတ်အစားများကို အမြန်လဲလှယ်ပြီး တံခါးသွားဖွင့်လိုက်၏။

ကျွန်းခနဲ အသံနှင့်အတူ တံခါးပွင့်သွားသည့်အခါ...

ခြံဝင်းအပြင်ဘက်မှ အမျိုးသမီး ကျင့်ကြံသူတစ်ဦး၏ အရေးပေါ် အော်ဟစ်သံကို ကြားလိုက်ရသည်။

"ဓားဆရာကြီး... ဓားဆရာကြီးရှင် ကျွန်မရဲ့ စီနီယာအစ်မကို ကယ်ပေးပါဦး တောင်းပန်ပါတယ်ရှင်"

စုန်ယန်သည် ထိုအသံကို ရင်းနှီးနေသဖြင့် သေသေချာချာ ကြည့်လိုက်ရာ ထိုသူမှာ ဝမ်မိသားစုဆီမှာတုန်းက သူနှင့်ဆုံခဲ့ပြီး သူ့ကို အညှိုးအတေးအကြီးဆုံးနှင့် အပြင်းထန်ဆုံး ဆဲဆိုခဲ့ဖူးသည့် ညီမငယ်လေးကျို ဖြစ်နေသည်။

ညီမငယ်လေးကျိုသည် မော့ကြည့်လိုက်ရာ စုန်ယန်ကို မြင်လိုက်ရသဖြင့် သူမ၏ စိုးရိမ်ပူပန်နေသော အမူအရာမှာ မိုးရေထဲတွင် ခဏတာ တောင့်တင်းသွားသည်။ သူမ၏ ဆံပင်မှာ အတိုညှပ်ထားပြီး ထူးထူးခြားခြား လှပနေသူတော့ မဟုတ်ပေ။ ယခုအခါ သူမ၏ တစ်ကိုယ်လုံးမှာ မိုးရေများစိုရွှဲနေရုံတင်မကဘဲ သွေးစွန်းနေကာ သူမ၏ ဖိနပ်လေးများမှာလည်း ရွှံ့နွံများဖြင့် ညစ်ပတ်ပေရေနေသည်။

သူမ၏ ကျောပေါ်တွင် အမျိုးသမီး ဓားကျင့်ကြံသူတစ်ဦးကို ထမ်းပိုးလာပြီး ထိုသူမှာ သေအံ့ဆဲဆဲ အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ ညီမငယ်လေးကျိုကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရထားပုံပင်။

စုန်ယန်သည် နှာခေါင်းကို ရှုံ့လိုက်ရာ စူးရှပြီး နံစော်သော သွေးနံ့တစ်ခုကို ရလိုက်သည်။ အခြားသူများ မသိနိုင်သော်လည်း သူကတော့ ကောင်းကောင်းသိသည်။

၎င်းမှာ မိစ္ဆာချီစွမ်းအင်၏ အနံ့ပင်။

"အထဲကို အမြန်ဝင်ခဲ့။"

စုန်ယန်က ပြောလိုက်သည်။

"ဆရာက ဒီမှာမရှိဘူး အခု ဒီနေရာကို ငါပဲ တာဝန်ယူထားတာ"

ညီမငယ်လေး ကျိုမှာ သတိပြန်ဝင်လာပြီး အလျင်အမြန်ပင် "အော်" ဟု တုံ့ပြန်ကာ သူမ၏ စီနီယာကို အထဲသို့ ထမ်းပိုးဝင်လာခဲ့သည်။ စုန်ယန်၏ ညွှန်ကြားချက်အတိုင်း ကုတင်ပေါ်တွင် အသာအယာ ချထားလိုက်၏။

စုန်ယန်သည် အခြေအနေကို အတိုချုံး မေးမြန်းပြီးနောက် ကြိုတင်ပြင်ဆင်ထားသော အဆိပ်ဖြေဆေးနှင့် မိစ္ဆာချီစွမ်းအင် သန့်စင်ဆေးလုံးများကို သူတို့နှစ်ဦးအား အမြန်တိုက်ကျွေးလိုက်သည်။ ညီမငယ်လေးကျိုက ဘေးတွင် ထိုင်နေစဉ် သူသည် အမျိုးသမီး ဓားကျင့်ကြံသူ၏ ဒဏ်ရာများကို အမြန်ဆုံး ကုသပေးလိုက်သည်။

အချို့ဒဏ်ရာများမှာ ရင်ဘတ်နှင့် ဝမ်းဗိုက်နားတွင် ရှိနေသော်လည်း သူသည် မသင့်တော်သော ထိတွေ့မှုမျိုး မရှိစေရန်နှင့် အခွင့်ကောင်းယူလိုသည့် စိတ်အနည်းငယ်မျှ မရှိဘဲ ကျွမ်းကျင်စွာ ကိုင်တွယ်ခဲ့သည်။

အလုပ်များပြီးနောက်တွင် ထိုအမျိုးသမီး၏ အသက်ရှူသံမှာ မှန်သွားပြီး မျက်နှာမှာလည်း အနည်းငယ် ပြန်လည် ကြည်လင်လာသည်။ ညီမငယ်လေးကျိုသည် အားအင်ချည့်နဲ့နေသော်လည်း ဝါးအိမ်နံရံကို မှီရင်း အလုပ်ပြီးသွားသော စုန်ယန်ကို ကြည့်ကာ "ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုဘိုင်" ဟု ပြောလိုက်သည်။

ကျေးဇူးတင်စကား ပြောပြီးနောက် သူမသည် ခေါင်းကို အသာအယာ လွှဲလိုက်ပြီး ဘာမှထပ်မပြောချင်တော့ချေ။

ဘိုင်ရှို့ဟုသည် အရင်ကထက် သန်မာလာပြီး အားကိုးထိုက်သူ ဖြစ်လာခဲ့သော်လည်း သူမ၏ စိတ်ထဲတွင်မူ စွမ်းအားနှင့် ထက်မြက်မှုတို့က အတိတ်က အပြစ်တွေကို ပြန်လည် ဖုံးကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။ စီနီယာအစ်မ ယွီထန်နှင့် ဘိုင်ရှို့ဟု၏ သူရဲဘောကြောင်မှုကြောင့် သေဆုံးသွားခဲ့ရသော စီနီယာအစ်ကိုများမှာ မည်သည့်အခါမျှ ပြန်လာတော့မည် မဟုတ်ပေ။

သူမသည် စီနီယာအစ်ကိုဘိုင်၏ ကုသပေးမှုအတွက် အလွန်ကျေးဇူးတင်သလို သူ၏ဘက်မှလည်း ရပ်တည်ပေးနိုင်သော်လည်း ခွင့်လွှတ်ဖို့ဆိုသည်မှာမူ မဖြစ်နိုင်သော ကိစ္စပင်။

ဒါပေမဲ့လည်း... ဘယ်သူကများ အန္တရာယ်ကြားမှာ ရုန်းကန်နေရတဲ့ အညတရ ဓားကျင့်ကြံသူမလေးတစ်ယောက်ရဲ့ ခွင့်လွှတ်မှုကို ဂရုစိုက်နေမှာလဲ။

"ကျွန်မ... အပြင်မှာပဲ သွားစောင့်လိုက်မယ်"

ညီမငယ်လေးကျိုသည် နံရံကိုတွယ်ကာ အားယူထရပ်လိုက်ပြီး အံတင်းတင်းကြိတ်လျက် အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူမသည် အိမ်ခေါင်မိုးစွန်းအောက်ရှိ ခြောက်သွေ့သောနေရာတစ်ခုတွင် ထိုင်ချလိုက်ပြီး နံရံကိုမှီကာ ဝါးခြံစည်းရိုးခြေရင်းရှိ မြက်ရိုင်းပင်များကို ဖိနှိပ်ဖြတ်သန်းပြီး သစ်ရွက်စိမ်းသစ်လေးများပေါ်မှ လျှောကျလာသော နွေဦးမိုးစက်များကို ငေးကြည့်နေမိသည်။

သို့သော် ခဏမျှထိုင်ပြီးနောက် တံခါးပြန်ပွင့်လာသည့်အသံကို ကြားလိုက်ရပြီး သူမ၏ဘေးတွင် အရိပ်တစ်ခု လာထိုင်သည်ကို အာရုံခံမိလိုက်သည်။ သူမ အလိုအလျောက် လှည့်ကြည့်လိုက်ရာ ဘိုင်ရှို့ဟု ဖြစ်နေသည်ကို တွေ့ရသဖြင့် စကားလုံးအချို့ လည်ချောင်းဝသို့ ရောက်လာသော်လည်း နောက်ဆုံးတွင်တော့ ပြန်မျိုချလိုက်ရသည်။

စုန်ယန်ကပင် စတင်၍ “ကျန့်ရွှေမြို့တော်မှာ ထပ်ပြီး အကြီးအကျယ် တိုက်ခိုက်ခံရပြန်ပြီလား”ဟု မေးလိုက်သည်။

ညီမငယ်လေး ကျိုမှာ ထိုအကြောင်းကို ကြားလိုက်ရသည်နှင့် စကားများ ပွင့်ထွက်လာတော့သည်။

“ဟုတ်တယ် အရင်တစ်ခေါက် စီနီယာအစ်ကိုဘိုင်က မိစ္ဆာဂိုဏ်းသား တော်တော်များများကို သတ်ပစ်ခဲ့လို့ သူတို့ ခဏလောက် ငြိမ်သွားသေးတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘာကြောင့်မှန်းမသိဘဲ မိစ္ဆာဂိုဏ်းသား အုပ်စုကြီးတစ်ခု ကျန့်ရွှေမြို့တော်မှာ ပေါ်လာပြန်တယ်။

လေပြင်းတွေတိုက်ပြီး သဲတွေ ကျောက်ခဲတွေ လွင့်စင်လာသလို အရိပ်ရုပ်သေးတွေနဲ့ ရစ်ပတ်ထားတဲ့ မိစ္ဆာချီစွမ်းအင်တွေ ပြည့်နှက်နေတဲ့ သတ္တဝါဆိုးတွေလည်း အများကြီးပဲ။ ကျွန်မတို့ရဲ့ တပည့်တွေ အကျအဆုံး တော်တော်များခဲ့တယ်... ကျွန်းပေါ်မှာရှိတဲ့ ဆေးကုသဆောင်တိုင်းမှာ လူတွေ ပြည့်နေလို့ ကျွန်မလည်း စီနီယာအစ်မကို ထမ်းပြီး ဓားဆရာကြီး ကူယဲ့ဆီကို လာခဲ့တာ။

စုန်ယန်က ခပ်နောက်နောက်ပုံစံဖြင့် “ကျွန်တော့်လို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့လူနဲ့ ဆုံလိမ့်မယ်လို့တော့ မထင်ထားဘူး မဟုတ်လား” ဟု ပြောလိုက်သည်။

၎င်းမှာ ညီမငယ်လေးကျို အမှန်တကယ် တွေးနေသည့်အရာ ဖြစ်သော်လည်း သူမမှာ လန့်သွားပြီး လက်ကို အလျင်အမြန် ဝေ့ယမ်းကာ “မဟုတ်... မဟုတ်ပါဘူး စီနီယာအစ်ကိုဘိုင်... စီနီယာအစ်ကိုဘိုင်က...” ဟု ပြောရှာသည်။

“စိတ်အနှောင့်အယှက် မဖြစ်ပါဘူး”

သူမ၏ စိတ်ရင်းနှင့် ဆန့်ကျင်ဘက် စကားကို ပြောရန်မှာ သူမအတွက် အလွန်ခက်ခဲလှသည်။

သူတို့ စကားပြောနေစဉ်မှာပင် ခြံစည်းရိုးတံခါးပြင်ပမှ အလျင်စလို ခြေသံများနှင့်အတူ “ဓားဆရာကြီး... ဓားဆရာကြီး” ဟူသော စိုးရိမ်တကြီး အော်ဟစ်သံများ ထပ်မံထွက်ပေါ်လာပြန်သည်။

စုန်ယန် ချက်ချင်း ထရပ်လိုက်ပြီး “ဒီမှာ ဒီနေ့ ဆရာမရှိဘူး ကျွန်တော်ပဲ တာဝန်ယူထားတာ” ဟု လှမ်းအော်လိုက်သည်။

မကြာမီမှာပင် ဓားကျင့်ကြံသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် သွေးအလိမ်းလိမ်းဖြစ်နေသော ဝါရင့်ကျင့်ကြံသူတစ်ဦးကို ထမ်းစင်ဖြင့် ထမ်းလာကြသည်ကို တွေ့ရသည်။ စုန်ယန်သည် သူတို့ကို အမြန်အထဲခေါ်သွင်းကာ ဂရုတစိုက် ကုသပေးလိုက်သည်။

သူသည် မိုးလင်းသည့်တိုင်အောင် ထိုအလုပ်များဖြင့် အလုပ်ရှုပ်နေခဲ့သည်။ စုန်ယန်သည် သူနှင့်မရင်းနှီးသော ထိုဂိုဏ်းတူတပည့်များနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောကြည့်လိုက်သည်။

ဓားကျင့်ကြံသူ တစ်ဦးက အေးစက်စွာ ပြောသည်မှာ “အဲဒီမိစ္ဆာကျင့်ကြံသူတွေက ကုန်းလန်တောင် တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရုတ်ရုတ်သဲသဲ လုပ်နေကြတာပဲ။ ဒါကြောင့် နေရာအနှံ့ကနေ တိုက်ခိုက်နေကြတာ”

အခြားတစ်ဦးကလည်း “အဲဒီ မိစ္ဆာကောင်တွေက အကောက်ကျစ်ဆုံးပဲ သူတို့က အကြီးအကဲချုပ်ချန်းရဲ့ အာရုံကို လွှဲချင်နေကြတာ ကံမကောင်းတာက သူတို့တွေက သူစိမ်းနယ်မြေမှာ လာကစားနေကြတာပဲ။ ကျွန်မတို့ရဲ့ တပည့်တွေကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပေမဲ့ သူတို့လည်း အကောင်းအတိုင်းတော့ ပြန်မသွားရပါဘူး စက္ကူရုပ်သေးတွေကို ထိန်းချုပ်နေတဲ့ မိစ္ဆာကောင်

တစ်ကောင်ကို ကျွန်တော်ကိုယ်တိုင် ပိုင်းဖြတ်ပစ်ခဲ့တာ။ တကယ်ကို အားရစရာပဲ အားရစရာကောင်းလိုက်တာ”

နောက်ထပ် ကျင့်ကြံသူတစ်ဦးကလည်း ထပ်ပြောသည်။

“အကြီးအကဲချုပ်ချန်းရဲ့ အာရုံကို လွှဲဖို့ ကြိုးစားနေတာလား စိတ်ကူးယဉ်နေကြတာပဲ အကြီးအကဲချုပ်ချန်းက သေချာပေါက် အနိုင်ရမှာ”

အပြင်ဘက်မှ ညီမငယ်လေးကျို၏ အသံကလည်း လွင့်ပျံလာသည်။

“ဟုတ်တယ် ရှေးယခင်ကတည်းက အဓမ္မဟာ ဓမ္မကို ဘယ်တော့မှ မနိုင်ခဲ့ပါဘူး”

ညီမငယ်လေးကျို၏ စိတ်အားထက်သန်ပြီး ပြင်းပြသော အသံကို နားထောင်ရင်း စုန်ယန်မှာ ဘာပြောရမှန်းမသိ ဆွံ့အသွားရသည်။

ခုနလေးတင် သေလုမျောပါး ဖြစ်နေပြီးမှ အခုတော့ စိတ်ဓာတ်တွေ အားတက်သရောနဲ့ ဒါတွေကို ပြောနေနိုင်သေးတယ်ပေါ့

သို့သော် ချက်ချင်းပင် သူသည် မျက်လုံးများကို အနည်းငယ်မှေးလိုက်ပြီး အလေးအနက် စဉ်းစားခန်း ဝင်သွားတော့သည်။ သူသည် သဘာဝအရ သတင်းအချက်အလက်များအပေါ် အလွန်အမင်း အာရုံခံစားလွယ်သူ ဖြစ်သည်။

ရုပ်သေးဂိုဏ်းထဲတွင်သာ သူသည် သတင်းအချက်အလက်အပေါ် အာရုံမစိုက်ခဲ့ပါက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေဆုံးခဲ့ပြီးလောက်ပြီ ဖြစ်သည်။

အပြောင်းအလဲများ မတိုင်မီကပင် အရိပ်အယောင်လေးများကို သတိပြုမိတတ်ခြင်း၊ အလိုလိုနေရင်း အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ခြင်းတို့မှာ စုန်ယန်အတွက်မူ နေ့စဉ်ကျင့်စဉ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

သွေးကြွနေသော ဓားကျင့်ကြံသူတို့၏ စိတ်အားထက်သန်သည့် စကားဝိုင်းများကြားတွင် စုန်ယန်ကမူ ပြန်လည်စဉ်းစားနေမိသည်။ မကြာသေးမီက သူကုသပေးခဲ့ရသည့် ဒဏ်ရာရတပည့်များ၏ အခြေအနေမှာ အတော်လေး ဆင်တူနေသည်။ အားလုံးမှာ မိစ္ဆာဂိုဏ်းသား များ၏ တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိလာကြခြင်း ဖြစ်သည်။

ဓားကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများက လုံးဝမတူညီကြပေ။ ဓားကျင့်ကြံသူတို့က မိမိကိုယ်ကိုနှင့် မိမိဆုပ်ကိုင်ထားသော ဓားကိုသာ အဓိကအားကိုးကြသော်လည်း မိစ္ဆာကျင့်ကြံသူတို့မှာမူ အလွန်ရှုပ်ထွေးလှသည်။ အမျိုးမျိုးသော ရုပ်သေးများ၊ ယုတ်မာသည့် နည်းလမ်းမျိုးစုံဖြင့် ခုခံရန်ပင် မဖြစ်နိုင်လောက်အောင် တိုက်ခိုက်တတ်ကြသည်။

ထိပ်တိုက်ရင်ဆိုင်ရလျှင်မူ မိစ္ဆာကျင့်ကြံသူတို့မှာ သေချာပေါက် ရှုံးနိမ့်မည်ဖြစ်သော်လည်း ယခုကဲ့သို့ ပြောက်ကျားစနစ်ဖြင့် ချုံခိုတိုက်ခိုက်ခြင်းမျိုးတွင်မူ ဓားကျင့်ကြံသူတို့သည် တစ်နေ့လုံး တိုက်ခိုက်နေရသော်လည်း မိစ္ဆာကျင့်ကြံသူတို့၏ ရုပ်သေးများကိုသာ ဖျက်ဆီးနိုင်ခြင်းမျိုး ဖြစ်တတ်သည်။

ဤအကြောင်းကို စုန်ယန်ထက် ပိုမိုသိရှိသူ မရှိနိုင်ပေ။ အရင်တုန်းက မြေခွေးအဘွားကြီး က သူ၏ရုပ်သေးကို ဖျက်ဆီးပြီး ရတနာတိုက်ထဲသို့ ခေါ်ဆောင်သွားရာမှ သွေးချောင်းစီးသည့် ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွါးခဲ့သည်။

ထို့ကြောင့် သူသည် မိစ္ဆာဂိုဏ်းသားတို့၏ သဘာဝကို အစောကတည်းက အလွန်ကောင်းမွန်စွာ သိရှိထားသည်။ ချုံခိုတိုက်ခိုက်ခြင်းမျိုး ပြုလုပ်နိုင်သော်လည်း ရန်သူတစ်ထောင်သေရန် မိမိဘက်က ရှစ်ရာ အသေခံရမည်ဆိုသော အလုပ်မျိုးကိုမူ မိစ္ဆာဂိုဏ်းသားတို့ ဘယ်တော့မှ လုပ်ဆောင်ကြမည်မဟုတ်ချေ။

ဤကဲ့သို့ အကျအဆုံးများပြားသော တိုက်ပွဲမျိုးတွင် မိစ္ဆာကျင့်ကြံသူတို့သည် ဓားကျင့်ကြံသူတို့ထက်စော၍ စိတ်ဓာတ်ပြိုလဲသွားကြမည်မှာ အသေအချာပင်။ သစ်ရွက်နီကျွန်းရှိ ဝါးအိမ်များတွင် လူသူဤမျှ လစ်ဟာသွားသည်ကို ကြည့်ခြင်းဖြင့် စုန်ယန် အခိုင်အမာ ယုံကြည်သည်မှာ... ဝူတောင်ပိုင်းနယ်မြေ အတွင်း ဓားကျင့်ကြံသူတစ်ဦး သေဆုံးလျှင် မိစ္ဆာကျင့်ကြံသူတစ်ဦးလည်း လိုက်ပါသေဆုံးရမည်သာ ဖြစ်သည်။

ဒီလောက် လူတွေအများကြီး အတုံးအရုံး သေနေတာကိုတောင် သူတို့က ဘာလို့ အသက်စွန့်ပြီး လာတိုက်နေကြတာလဲ။ အခုလို သေရကျိုးနပ်အောင်ရော သူတို့ ဘာကို ရမှာမလို့လဲ။

အရုဏ်ဦး၏ ဝေလီဝေလင်းအချိန်တွင် စုန်ယန်မှာ တစ်ချက်မျှ ငိုက်ခနဲ ဖြစ်သွားသော်လည်း သူ၏ မျက်နှာပေးမှာမူ အတော်လေး တည်တင်းသွားသည်။ တွက်ချက်ကြည့်ရသလောက် မိစ္ဆာကျင့်ကြံသူတို့မှာ ယုံကြည်ချက်တစ်ခုတည်းဖြင့် တိုက်ပွဲဝင်မည့်သူများ မဟုတ်ပေ။ ဤသို့ အကျအဆုံးများပြားပြီး ရှုပ်ထွေးသည့် အခင်းအကျင်းမျိုးတွင် သူတို့က နာမည်ပြရုံသာ လုပ်ဆောင်ကြမည်ဖြစ်သည်။ တကယ်တမ်း အသက်နှင့်ရင်း၍ တိုက်မည့်သူဆိုသည်မှာ လူနည်းစုသာ ရှိပေလိမ့်မည်။

သို့သော် ယခုမူ သူတို့က အမှန်တကယ်ပင် အသက်စွန့်၍ တိုက်ခိုက်နေကြသည်ဆိုပါက ကြီးမားသော ပြဿနာတစ်ခု ရှိနေသည်မှာ အသေအချာပင်။ စုန်ယန်၏ မျက်လုံးများမှာ ပိုမိုမှေးစက်လာသည်။ မြေခွေးအဘွားကြီးသည် လွန်ခဲ့သော နှစ်နှစ်ကတည်းက ခေါင်းနှစ်လုံးပါသည့် ဘီလန်ရှီကျင်းမျိုးနွယ်စုနှင့် သဘောတူညီချက် ပြုလုပ်ပြီးမှ သူ့ကို လိုက်လံရှာဖွေခဲ့သည်ကို ရုတ်တရက် သတိရလိုက်သည်။

ဆိုလိုသည်မှာ မြေခွေးအဘွားကြီးက ချန်းဝမ်ကျားသွေးကို ခိုးယူခဲ့သည့်ကိစ္စသည် လုံးဝ ဖုံးကွယ်ထား၍ မရတော့ဘဲ အာရုံစိုက်ခံရသည့် အရာဖြစ်လာခဲ့သည်။ ၎င်းအပြင် မြေခွေးအဘွားကြီးက သူ့ကို အသည်းအသန် ရှာဖွေနေသည့် အချက်ကလည်း သူ့ကို မြေခွေး၊ ဝံပုလွေနှင့် ဘီလန်ရှီကျင်းမျိုးနွယ်စုတို့၏ သတ်မှတ်စာရင်းထဲသို့ အနည်းဆုံး ရောက်ရှိသွားစေခဲ့သည်။

ဤကိစ္စမှာ လွန်ခဲ့သော နှစ်နှစ်ကတည်းက ဖြစ်သည်။

အခုဆို နှစ်နှစ်တောင် ရှိတော့မယ်... မြေခွေးနဲ့ ဝံပုလွေမျိုးနွယ်စုတွေက ဘာမှမလုပ်ဘဲ ဒီတိုင်း ငြိမ်နေကြမှာတဲ့လား။ မဖြစ်နိုင်တာ တကယ်လို့များ သူတို့ တစ်ခုခု ကြံစည်ပြီး လုပ်ခဲ့မယ်ဆိုရင်... အခုချိန်မှာ ရုပ်သေးဂိုဏ်းက လွတ်လပ်တဲ့ ဂိုဏ်းတစ်ခုအဖြစ် တည်ရှိနေနိုင်ပါဦးမလား။

သာမန်လူများကို ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်ရုံဖြင့် ထူးခြားမည်မဟုတ်သော်လည်း ကုဟွမ်ကျီ ကဲ့သို့သော လူမျိုးတို့၏ ဝိညာဉ်ကို ရှာဖွေနိုင်မည်ဆိုပါက အမှန်တရားကို တွေ့ရှိနိုင်လိမ့်မည်ပင်။ စုန်ယန်က မျက်လုံးများကို မှိတ်ထားလိုက်ပြီး ဤအခြေအနေကို အရှိတရားအဖြစ် ယူဆကာ ခန့်မှန်းတွက်ချက်ကြည့်လိုက်သောအခါ မိစ္ဆာဂိုဏ်းသားတို့၏ ပုံမှန်မဟုတ်သော တက်ကြွမှုအတွက် အဖြေတစ်ခု ထွက်ပေါ်လာတော့သည်။

ရုတ်တရက် သူ၏ နှလုံးခုန်သံများ မြန်လာသည်ကို ခံစားလိုက်ရသည်။ ကျင်းကျဲနေ့တွင် ဖြစ်ပွားမည့် ကုန်းလန်တောင်တိုက်ပွဲ၏ နောက်ကွယ်၌ သူထင်ထားသည်ထက် ပိုမိုနက်နဲသော အရာများ ရှိနေနိုင်သည်။

အခန်း။ ၁၂၈

ကျင်းကျဲနေ့ ရောက်ရန် ရက်အနည်းငယ်သာ လိုတော့သည်။

နန်ဝူဓားဂိုဏ်း၏ ကြက်သွေးရောင်နန်းတော်အဆင့်ရှိ ကျွမ်းကျင်သူများသည် ကုန်းလန်တောင်ရှိ မိစ္ဆာများကို အကောင်းဆုံးသော အခြေအနေဖြင့် ရင်ဆိုင်နိုင်ရန်အတွက် အစာဖြတ်၍ ကျင့်ကြံသည့် အဆင့်မြင့် ထုံးတမ်းစဉ်လာများကို စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။

ကင်းထောက်များမှာလည်း မရှိမဖြစ် အရေးပါလာပြီး ၎င်းကို စုန်ယန်၏ အဆက်မပြတ် အလုပ်ရှုပ်နေမှုက သက်သေပြနေသည်။ အစတုန်းကဆိုလျှင် မည်သူမျှ လာရောက်ခြင်းမရှိသော နေ့ရက်များရှိခဲ့သော်လည်း ယခုမူ နေ့စဉ်နှင့်အမျှ ဒဏ်ရာရသူများ ရောက်ရှိလာနေသည်။

နွေဦးမိုးက ဆက်လက်ရွာသွန်းနေဆဲဖြစ်ရာ ဝါးအိမ်အပြင်ဘက်ရှိ လမ်းမှာ တစ်ခါတစ်ရံ စိုစွတ်လိုက် တစ်ခါတစ်ရံ ခြောက်သွေ့လိုက်နှင့် ရှိနေသည်။ လမ်းပေါ်ရှိ ခြေရာများစွာမှာ ခေတ္တခဏ တည်ရှိနေပြီး ထိုခြေရာပိုင်ရှင် အချို့မှာ အသက်ရှင်လျက်ရှိသော်လည်း အချို့မှာမူ စစ်မြေပြင်သို့ ပြန်သွားပြီးနောက် သေဆုံးသွားခဲ့ကြသည်။

ထိုနေ့တွင် စုန်ယန်သည် စိုက်ခင်းမှ ပြန်လာကာ ဆေးဖက်ဝင်အပင်သစ်အချို့ကို ဝါးဆေးစင်ပေါ်တွင် တင်လိုက်သည်။ ထို့နောက် မိုးရွာတော့မည့် အရိပ်အယောင်ကို မြင်သဖြင့် ၎င်းတို့ကို အိမ်ထဲသို့ အမြန်ရွှေ့လိုက်ရ၏။ အဝေးမှ ဒဏ်ရာရသူအချို့ အလျင်အလို ရောက်ရှိလာပြန်သဖြင့် စုန်ယန်မှာ တစ်ဖန် အလုပ်ရှုပ်သွားပြန်သည်။

အလုပ်ပြီးသွားသောအခါ သူသည် အိမ်ခေါင်မိုးစွန်းအောက်ရှိ လွှဲကုလားထိုင်ပေါ်တွင် ထိုင်

လိုက်သည်။ ကျွီခနဲ မြည်နေသော အသံများနှင့်အတူ မှိုင်းညို့နေသော မီးခိုးရောင် ကောင်းကင်ကြီးကို ငေးကြည့်ရင်း ခဏတာ အနားယူနေမိသည်။

လွန်ခဲ့သော ရက်ပိုင်းကတည်းက သူ ဤအကြောင်းကို အလေးအနက် စဉ်းစားနေခဲ့ခြင်းပင်။

မြေခွေးနှင့် ဝံပုလွေ မျိုးနွယ်စုတွေက ကစားကွက်ထဲ ရောက်နေပြီ။ ကုန်းလန်တောင် တိုက်ပွဲက တစ်ဦးချင်းကနေ လေးယောက်ချင်းစီ ဖြစ်သွားတယ်။ မိစ္ဆာဂိုဏ်းသားတွေက အသည်းအသန် တိုက်ခိုက်လာတယ်...

ဒီလောက်များတဲ့ အချက်အလက်တွေကြားမှာ ငါတို့မသိတဲ့ လျှို့ဝှက်ပရိယာယ်တွေ ဘယ်လောက်တောင် ရှိနေဦးမလဲ။ နောက်ဆုံးရလဒ်ကရော ဘာဖြစ်မလဲ။

သူသည် ဟာလာဟင်းလင်း ဖြစ်နေသော လေထုထဲကို ငေးကြည့်ရင်း မှောင်မိုက်သော နေရာတွင် ပုန်းကွယ်နေသည့် မိစ္ဆာမျိုးနွယ်စုများ၊ ပြန့်ကျဲနေသော ဓားဂိုဏ်းနှင့် ရုပ်သေးဂိုဏ်းတို့ကို မြင်ယောင်နေမိသည်။

ထို့နောက် သူသည် ထိုအုပ်စုသုံးစုကို တစ်စုတည်းဖြစ်အောင် ဖြည်းဖြည်းချင်း ပေါင်းစပ်

ကြည့်ကာ သူတို့ကို နယ်ရုပ်သုံးခု အဖြစ် စိတ်ကူးကြည့်လိုက်တော့သည်...

စစ်တုရင်ကစားကွက်ကတော့ ရုပ်သေးဂိုဏ်း၊ ကုန်းလန်တောင်၊ မြူပင်လယ်။

သူသည် စိတ်ကူးထဲတွင် ထိုနယ်ရုပ်များကို အဆင်ပြေသလို ရွှေ့ပြောင်းကြည့်ရင်း အရှင်းလင်းဆုံးသော ဟာကွက်တစ်ခုကို ရှာဖွေရန် ကြိုးစားနေမိသည်။

ရုတ်တရက် စုန်ယန်၏ သူငယ်အိမ်များ ကျုံ့သွားသည်။

သူ၏ စိတ်ကူးထဲတွင် မရည်ရွယ်ဘဲ နယ်ရုပ်များကို နေရာချလိုက်မိသည်မှာ မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများက ကုန်းလန်တောင်တွင် နေရာယူလိုက်ကာ ရုပ်သေးဂိုဏ်းက မြူပင်

လယ်ထဲသို့ ရောက်ရှိသွားသည့်အချိန်တွင် နန်ဝူဓားဂိုဏ်းက ကုန်းလန်တောင်သို့ ဦးတည်သွားနေသည်...

စုန်ယန် လန့်ဖျတ်ကာ ရုတ်တရက် ထထိုင်လိုက်မိသည်။

နောက်ထပ် မြင်ယောင်လာသော မြင်ကွင်းတွင် ကုန်းလန်တောင်သို့ သွားနေသော နန်ဝူဓားဂိုဏ်း၏ အကြီးအကဲများမှာ မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများ၏ ဝါးမျိုခြင်းကို အပြီးအပိုင် ခံလိုက်ရသည်။ ထိုအချိန်တွင် မြူပင်လယ်သို့ ရောက်သွားသော ရုပ်သေးဂိုဏ်းသားများက နန်ဝူဓားဂိုဏ်း တစ်ခုလုံးကို ပြာကျအောင် လုပ်လိုက်သည်။

ထို့နောက် မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများက ရုပ်သေးဂိုဏ်းကိုပါ ထပ်မံ ဝါးမျိုပစ်လိုက်ပြန်သည်။

ထိုအခါမျိုးတွင် မိစ္ဆာမျိုးနွယ်စုများနှင့် သူ့အကြား၌ မည်သည့် ကြားခံအတားအဆီးမျှ မရှိတော့ပေ။ မိစ္ဆာမျိုးနွယ်စုများက သူ့ဆီသို့ တိုက်ရိုက်ခုန်ကျော်လာပြီး သူ့ကိုပါဝါးမျိုပစ်လိုက်တော့သည်။

ဖြစ်စဉ်တစ်ခုလုံးမှာ အလွန်အမင်း ချောမွေ့လွန်းနေသည်။

မဟုတ်ဘူး... တစ်ခုခုတော့ မှားနေပြီ။ ပြဿနာ ရှိနေတယ်...

စုန်ယန် သူ၏ အတွေးများကို အနည်းငယ် ပြန်လည် ပြုပြင်လိုက်သည်။

မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများက ကုန်းလန်တောင်တွင် ဓားဂိုဏ်းအကြီးအကဲများကို ဝါးမျိုနေချိန် ကုဟွမ်ကျီတို့ကဲ့သို့ ရုပ်သေးဂိုဏ်းသားများက ဓားဂိုဏ်းကို တိုက်ခိုက်ချင်ယောင်ဆောင်ပြီး အမှန်တကယ်တွင်မူ ထွက်ပြေးကြလိမ့်မည်။ သူတို့သည် ဓားဂိုဏ်းနှင့် ရုပ်သေးဂိုဏ်း အောက်ခြေတပည့်များကို မိစ္ဆာမျိုးနွယ်စုများကို ခုခံခိုင်းထားပြီး သူတို့အတွက် အချိန်ဆွဲခိုင်းထားမည်ဖြစ်သည်။

ဒါပေမဲ့ ကုဟွမ်ကျီနဲ့ အခြားသူတွေက ဘယ်ကို ထွက်ပြေးမှာလဲ။

စုန်ယန်သည် အတော်ကြာအောင် စဉ်းစားပြီးနောက် တည်နေရာများထဲတွင် ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်ကို ထပ်မံဖြည့်စွက်လိုက်သည်။

ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်နှင့် ပတ်သက်သော ကိစ္စမှာ လျှို့ဝှက်ချက်ဖြစ်သော်လည်း မြေခွေးအဘွားကြီးက သိရှိထားသည်။ ကုဟွမ်ကျီကဲ့သို့ နိုင်ငံသုံးနိုင်ငံကို ဖြတ်သန်းစိုးမိုးထားသည့် ဝါရင့်အရှင်သခင်တစ်ဦးအနေဖြင့် ဤအကြောင်းကို သိရှိနိုင်ခြေမှာ အလွန်မြင့်မားလှသည်

ဒါပေမဲ့ ဒီအစီအရင်မှာ ပြုပြင်ဖို့ လိုအပ်နေတာကို သူ သိရောသိရဲ့လား။

စုန်ယန်သည် စိတ်ကိုဖြေလျှော့ရန် မျက်လုံးများကို မှိတ်လိုက်ပြီး လွှဲကုလားထိုင်ပေါ်တွင် ပြန်လည်မှီလိုက်သည်။ ခဏအကြာတွင် သူသည် ခေါင်းကို ခါလိုက်မိ၏။ အပြောင်းအလဲများက များပြားလွန်းလှသဖြင့် ရှုပ်ထွေးနေသော အခြေအနေကို အလွန်အကျွံ ဆက်မတွေးသင့်တော့ပေ။ အကယ်၍ ခြေလှမ်းတစ်လှမ်း မှားတွေးမိပြီး ၎င်းအပေါ် အခြေခံကာ မှားယွင်းသော ဆုံးဖြတ်ချက်ချမိပါက အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ပထမခြေလှမ်းကိုတော့ မဖြစ်မနေ တားဆီးရမည်။

အကယ်၍ မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများက ကုန်းလန်တောင်တွင် ဓားဂိုဏ်းအကြီးအကဲများကို တကယ်စောင့်ဆိုင်းနေပါက အကြီးအကဲများသည် ကြက်သွေးရောင်နန်းတော်စွမ်းအင်များကို အာရုံခံမိသည်နှင့် မမှားမယွင်းဘဲ ရှေ့ဆက်တိုးကြပေလိမ့်မည်။ ထိုအခါ သူတို့အားလုံးမှာ ဝါးမျိုခံရရုံသာ ရှိတော့သည်။

မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ထိခိုက်ဆုံးရှုံးမှုတော့ မရှိနိုင်ပါဘူး။

ဒါပေမဲ့ ကြိုတင်ကာကွယ်ထားဖို့တော့ လိုအပ်တယ်။

မြေခွေးအဘွားကြီး တစ်ယောက်တည်းနှင့်တင် အတော်လေး ဒုက္ခများနေပြီဖြစ်ရာ စုန်ယန်အနေဖြင့် မြေခွေး၊ ဝံပုလွေနှင့် ဘီလန်ရှီကျင်း မျိုးနွယ်စုများကို တိုက်ရိုက်မရင်ဆိုင်လိုပေ။ ထို့ကြောင့် သူသည် ဤကြားခံနယ်ရုပ်များကို အလွယ်တကူ အဆုံးရှုံးမခံနိုင်ချေ။

...

...

သူ စဉ်းစားနေစဉ်မှာပင် ကောင်းကင်ယံမှ အလင်းတန်းနှစ်ခု ဆင်းသက်လာပြီး သက်ကြီးရွယ်အို နှစ်ဦး ပေါ်လာတော့သည်။

စုန်ယန်သည် သူ၏အတွေးများကို အမြန်စုစည်းကာ မတ်တပ်ရပ်လိုက်ပြီး လှမ်းအော်လိုက်

သည်။

"ဆရာကူယဲ့ ဆရာမုန့်"

ဓားဆရာကြီး ကူယဲ့နှင့် အဖွားမုန့်တို့သည် ပခုံးချင်းယှဉ်လျက် လျှောက်လာကြသည်။

စုန်ယန်က "ကျွန်တော် စားစရာတချို့ သွားပြင်လိုက်ပါ့မယ်" ဟု ပြောရာ ဓားဆရာကြီး ကူယဲ့က လက်ကို အလျင်အမြန်ပင် ဝေ့ယမ်းကာ "ရှို့ဟု... မလိုတော့ဘူးကွ။ ငါနဲ့ မင်းရဲ့ဆရာမုန့်က မင်းကို နှုတ်ဆက်ဖို့ လာခဲ့တာ။ ငါတို့ ကုန်းလန်တောင်နားမှာ သွားစောင့်နေကြတော့မယ်။ ကြက်သွေးရောင်နန်းတော်ရဲ့ အရှိန်အဝါကို ခံစားမိတာနဲ့ အကြီးအကဲချုပ်နဲ့အတူ တောင်ထိပ်ကို တက်သွားကြတော့မှာ။ အဲဒီအချိန်ကျရင် အကြီးအကဲချုပ်နဲ့ ငါတို့ဓားဂိုဏ်းရဲ့ အသန်မာဆုံး ငါးယောက်က ရုပ်သေးဂိုဏ်းရဲ့ တောင်ထိပ်သခင် လေးယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်ကြလိမ့်မယ်" ဟု ပြောသည်။

ပြောပြီးသည်နှင့် သူသည် ရင်ဘတ်ထဲမှ သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ စုန်ယန်ထံသို့ လှမ်းပစ်ပေးလိုက်သည်။

"ရှို့ဟု... ဒါတွေက မင်းအတွက် ငါချန်ထားပေးခဲ့တဲ့ ပစ္စည်းတွေပါ"

စုန်ယန်သည် အိတ်ကို လက်ခံလိုက်ပြီး ခဏတာ တိတ်ဆိတ်သွား၏။ ထို့နောက် သူသည် ကောင်းကင်ကို မော့ကြည့်ကာ အားပါးတရ ရယ်မောလိုက်သည်။

"ဒါဆိုရင်တော့... တပည့်က ဆရာတို့ရဲ့ အောင်ပွဲခံ ပြန်လာမယ့်အချိန်ကို ဒီနေရာကနေပဲ စောင့်ကြိုနေပါ့မယ်"

ဓားဆရာကြီး ကူယဲ့မှာလည်း ထိုစကားကို ကြားသောအခါ အားရပါးရ ရယ်မောရင်း အဖွားမုန့်ဘက်သို့ လှည့်ကာ "ညီမလေးမုန့်... ငါပြောသားပဲ ဒီကလေးက ငါတို့ကို မသွားပါနဲ့လို့ ငိုယိုတောင်းပန်မှာ မဟုတ်ဘူးဆိုတာ။ ခုတော့ ငါပြောတာ မှန်သွားပြီ မဟုတ်လား"

အဖွားမုန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"မင်းရဲ့ စရိုက်အတိုင်းပဲ။ တကယ်တော့ ဒီနေ့မှာ ငါတို့ကို ဆွဲထားမယ့် မြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ ငါ တကယ် ထင်ခဲ့တာ"

ဓားဆရာကြီး ကူယဲ့က ရယ်မောလျက် "ရှို့ဟုမှာ အကျင့်စာရိတ္တပိုင်း အားနည်းချက်လေးတွေ ရှိကောင်းရှိနိုင်ပေမဲ့ သူ့ရဲ့ စိတ်ထားကတော့ မှန်ကန်ပါတယ်။ မိစ္ဆာတွေကို နှိမ်နင်းပြီး ဘေးအန္တရာယ်တွေကို အဆုံးသတ်မယ့် အလုပ်မျိုးကိုတော့ သူ ဘယ်တော့မှ တားမှာမဟုတ်ဘူး"

ထိုစကားအပြီးတွင် လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

စုန်ယန်သည် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အလေးအနက် ဂါရဝပြုလိုက်သည်။

"ဆရာတို့... ဂရုစိုက်ကြပါ"

သူသည် ဤသက်ကြီးရွယ်အို နှစ်ဦးအပေါ်တွင် အမှန်တကယ်ပင် ကျေးဇူးတင်စိတ် ရှိနေမိသည်။ သူသည် ရုပ်သေးဂိုဏ်းထဲတွင် အချိန်အတော်ကြာ နေခဲ့သော်လည်း ကောင်းမွန်သော ကျင့်စဉ်တစ်ခုမျှ မရခဲ့ချေ။ သို့သော် ဤအဘိုးကြီးနှင့် အဘွားကြီးတို့ကမူ နန်ဝူဓားဂိုဏ်း၏ အမာခံကျင့်စဉ်ဖြစ်သော ထူးကဲဓားကျမ်းစာကို သူ့အား အပြည့်အဝ လက်ဆင့်ကမ်းပေးခဲ့ကြသည်။ ၎င်းနောက်ကွယ်တွင် ပရိယာယ်အချို့ ရှိနေနိုင်သော်လည်း သူတို့သည် စုန်ယန်အပေါ်တွင် အမှန်တကယ် စိတ်ရင်းရှိခဲ့ကြသည်မှာ ငြင်းမရပေ။

"ဂရုစိုက်ကြပါ"

သူသည် နောက်တစ်ကြိမ် အလေးအနက် ထပ်မံပြောလိုက်မိသည်။

အဖွားမုန့်က သူ့ကို ကြည့်ကာ ကျေနပ်သော အပြုံးတစ်ခု ပြုံးလိုက်ပြီး "ဒီကလေးက သံယောဇဉ် တကယ်ကြီးတာပဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်၏။

ဓားဆရာကြီး ကူယဲ့၏ မျက်နှာမှာမူ ရှုပ်ထွေးသော အမူအရာများဖြင့် ပြည့်နှက်နေပြီး အသံတိုးတိုးဖြင့် "ရှို့ဟု... ဓားရဲ့နှလုံးသားနဲ့ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်အောင်ကြည့်ပါ။ မင်းက ကလေးကောင်းတစ်ယောက်ပါ။ အနာဂတ်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ မင်းရဲ့ လမ်းစဉ်ကနေ သွေဖည်မသွားပါနဲ့။ ဆုံးဖြတ်ရခက်တဲ့အခါကျရင် မင်းရဲ့ နှလုံးသားထဲမှာရှိတဲ့ ဓားကိုပဲ မေးမြန်းလိုက်ပါ" ဟု မှာရှာသည်။

All Chapters