← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း။ ၁၂၉

စုန်ယန်က ခေါင်းညိတ်ပြလိုက်သည်။

သက်ကြီးရွယ်အိုနှစ်ဦးမှာလည်း တွန့်ဆုတ်မနေတော့ဘဲ သက်တံ့ရောင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားကြတော့သည်။

...

...

ညမှောင်ရီပျိုးစတွင် နွေဦးမိုးက တစ်ဖန်ပြန်လည်ရွာသွန်းလာပြန်ရာ အလင်းဖျော့ဖျော့ပေးသော မီးအိမ်လေးများမှာ ဝေဝါးသော အလင်းတန်းများကိုသာ ထုတ်လွှတ်နေတော့သည်။ ဝါးအိမ်ပတ်ဝန်းကျင် တစ်ခုလုံးမှာမူ အမှောင်အတိ ကျနေသည်။

လူရိပ်တစ်ခုသည် မြူပင်လယ်၏ မြူခိုးလှိုင်းတံပိုးများအောက်တွင် ရပ်နေ၏။ သူ၏ ဘယ်ဘက်လက်ကို အသာအယာ မြှောက်လိုက်သည့်အခါ ထူးဆန်းပြီး မည်းနက်နေသော ကျီးကန်းတစ်ကောင် ရုတ်တရက် ပေါ်လာသည်။

၎င်းမှာ အမည်မဲ့ ဝိညာဉ်ကျီးကန်းပင်။

သူသည် လက်မောင်းကို အသာအယာ ပင့်တင်လိုက်ရာ အမည်မဲ့ ဝိညာဉ်ကျီးကန်းမှာ ပျံတက်သွားပြီး အမှောင်ထုထဲတွင် ပျော်ဝင်လျက် ကုန်းလန်တောင်ဆီသို့ အပြေးအလွှား ပျံသန်းသွားတော့သည်။

စုန်ယန်သည် ထိုဘက်သို့ ငေးကြည့်နေပြီးမှ အသာအယာ လှည့်ပြန်ကာ ဝါးအိမ်အတွင်းသို့ ဝင်ခဲ့သည်။

မီးဖိုထဲရှိ သစ်သားမီးသွေးခဲများမှာ နီရဲလျက် ရှိနေဆဲပင်။ သူသည် ရေနွေးအိုးကို ကိုင်ကာ အခြောက်ခံထားသော လရောင်မြက်အနည်းငယ်ကို ဖြူးလိုက်ပြီး မီးသွေးဖိုပေါ်သို့ တင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေမိသည်။

ထို့နောက် သူသည် လွှဲကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ မှီလျက် ကျွီခနဲ အသံပေးကာ ငြိမ့်ငြိမ့်လေး လှုပ်ခါနေတော့သည်။

ဓားဆရာကြီး ကူယဲ့ ပေးခဲ့သော သိုလှောင်အိတ်ထဲတွင် ပစ္စည်းများစွာ ပါဝင်နေ၏။

ပထမအရာက စာကြည့်ဆောင် ဝင်ခွင့်အမိန့်ပြားပင်။ ဤအမိန့်ပြားသည် စာကြည့်ဆောင်အတွင်းရှိ ကျမ်းစာများစွာကို ငှားရမ်းခွင့်ပြုရာ အလွန်ပင် ရှားပါးလှသည်။ အကြီးအကဲအဆင့်ရှိသူ နှစ်ဦးက ပူးတွဲအာမခံမှသာ ဤအမိန့်ပြားကို ထုတ်ပေးခြင်းဖြစ်သည်။ သိသာသည်မှာ ဓားဆရာကြီး ကူယဲ့နှင့် အဖွားမုန့်တို့က သူ့အတွက် အာမခံပေးခဲ့ခြင်းပင်။

ဒုတိယအချက်မှာ ထူးကဲချီသန့်စင်ခြင်းနယ်ပယ် ဆဋ္ဌမအဆင့်ကို ကျော်လွန်ပြီး ဖောက်ထွက်ရန် လိုအပ်သော အရင်းအမြစ်များဖြစ်သည့် အင်္ဂါအစိတ်အပိုင်း သန့်စင်ဆေးလုံးများပင် ပါဝင်သည်။

တတိယအချက်မှာ ကြက်သွေးရောင်နန်းတော် ဆေးလုံးများ ဖော်စပ်ခြင်းဆိုင်ရာ နားလည်သဘောပေါက်မှုများကို မှတ်တမ်းတင်ထားသော မင်နံ့မပြယ်သေးသည့် မှတ်စုစာအုပ်များစွာ ဖြစ်သည်။

ကြက်သွေးရောင်နန်းတော် ဆေးလုံး ဖော်စပ်ခြင်းမှာ ကြီးမားသော လုပ်ငန်းစဉ်ဖြစ်ပြီး မျိုးဆက်ပေါင်းများစွာ ဆယ်စုနှစ်ပေါင်းများစွာ လေ့လာစူးစမ်းခဲ့ရသော အသိပညာများ လိုအပ်သည်။ ဤလေ့လာမှု နက်ရှိုင်းလေလေ ဂိုဏ်း၏ အခြေခံအုတ်မြစ် ခိုင်မာလေလေဖြစ်ပြီး ပိုမိုအစွမ်းထက်သော ကျင့်ကြံသူများကို မွေးထုတ်ပေးနိုင်လေဖြစ်သည်။

ဓားဆရာကြီး ကူယဲ့သည် ဝိညာဉ်အဆိပ် ဖယ်ရှားခြင်းကို အထူးတလည် အာရုံစိုက်ခဲ့ပုံပင်။ သူသည် အောင်မြင်မှု လုံးဝမရသေးသော်လည်း ခရမ်းရောင်ကျီးကန်းမြက်နှင့် မန်ကျိမြက်တို့ကဲ့သို့သော ဆေးဖက်ဝင်အပင်များကို အသုံးပြု၍ ဝိညာဉ်အဆိပ်ကို သက်သာစေသည့် ဆေးရည်တစ်မျိုးကို ဖော်စပ်ခဲ့ပြီး ၎င်း၏ မှတ်တမ်းများကိုလည်း ရေးသားခဲ့သည်။

ဤပစ္စည်းများမှာ အလွန်များပြားပြီး ပြန့်ကျဲနေသည်။

အကယ်၍ စုန်ယန်သာ ပိုင်ဆိုင်မှုပစ္စည်းများ၏ ထောင့်စေ့အောင် အမြန်စစ်ဆေးတတ်သည့် အကျင့်မရှိပါက နောက်ဆုံး မှတ်စုစာအုပ်၏ အလယ်တွင် ညှပ်ထားသော သေးငယ်ပြီး သတိမမူမိနိုင်သော စာနှစ်စောင်ကို မည်သည့်အခါမျှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။

ထိုစာထဲတွင် ရေးသားထားသော စကားလုံးတိုင်းမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလှသည်။

စုန်ယန်သည် ထိုစာကို ဖြန့်ဖတ်လိုက်သည့်အခါ သူ၏ မျက်မှောင်များမှာ တင်းခနဲ ဖြစ်သွားသည်။

ပထမစာစောင်တွင် အစပြုထားသည်မှာ "ငါ့တပည့်ထံသို့" ဟူသော စကားလုံးသုံးလုံးဖြင့် ဖြစ်သည်။

စာကိုယ်ထဲတွင်မူ

"ငါ့တပည့်... မင်း ဒီစာကို မြင်ရတဲ့အချိန်မှာ ငါက စစ်ပွဲထဲမှာ သေဆုံးသွားခဲ့တာ ဖြစ်လိမ့်မယ်။

ဒီဘဝမှာ နောင်တတွေ ရှိခဲ့ပေမဲ့ ငါ့ဘဝရဲ့ ချစ်သူနဲ့ ပြန်ဆုံစည်းခွင့်ရပြီး လက်တွဲတိုက်ပွဲဝင်ခွင့် ရခဲ့တာ၊ ဖျားနာပြီး ကုတင်ပေါ်မှာ သေဆုံးရမယ့်အစား စစ်မြေပြင်မှာ အသေခံတိုက်ပွဲဝင်ခွင့် ရခဲ့တာတွေကြောင့် ငါ ကျေနပ်ပါတယ်။

ဒါပေမဲ့ ငါ့မှာ နောင်တတစ်ခုတော့ ကျန်နေသေးတယ်။ အသက်ရှင်စဉ်မှာ ထုတ်ပြောဖို့ ခက်ခဲတဲ့ နောင်တမျိုးပေါ့။ ဒါပေမဲ့ ငါသေသွားတဲ့အခါမှာတော့ မင်းကို ဝေမျှပေးနိုင်ပါတယ်။

ဘိုင်ရှို့ဟုရဲ့ စရိုက်နဲ့ဆိုရင် အဲဒီလို ရွှံ့ညွန်ထဲကနေ ရုန်းထွက်နိုင်တာကိုက အံ့ဖွယ်တစ်ခုပဲ။ ဒါပေမဲ့ သူ့ရဲ့ ဓားသိုင်းပါရမီကတော့ ဝါရင့်ပုဂ္ဂိုလ်ကြီးရဲ့ ပါရမီမျိုးလို ဒီလောက်အထိ ထူးခြားပြောင်မြောက်နေစရာ အကြောင်းမရှိပါဘူး။

မင်းရဲ့ အရင်ဘဝက အဆင့်အတန်းက ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒီဘဝမှာတော့ မင်းနဲ့ငါက ဆရာတပည့် ဆက်ဆံရေးမျိုး အတော်အသင့် ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း နှလုံးသားဆိုတာ ဓားနဲ့ သန့်စင်နိုင်တယ်ဆိုတာကို ငါ အခိုင်အမာ ယုံကြည်တယ်။ အကယ်၍ မင်းသာ မင်းရဲ့ဓားကို ဖြောင့်မတ်စွာ ကိုင်စွဲထားမယ်ဆိုရင် မင်းရဲ့ နောက်ကြောင်းရာဇဝင်ကို ငါ ဘာလို့ စုံစမ်းနေဖို့ လိုဦးမှာလဲ။

ငါ မျှော်လင့်တာတစ်ခုကတော့ အနာဂတ်လမ်းခရီးက ဘယ်လိုပဲဖြစ်နေပါစေ။ မင်းရဲ့ လမ်းစဉ်ကနေ သွေဖည်မသွားဖို့ပါပဲ။ ဆုံးဖြတ်ရခက်တဲ့အခါ မင်းရဲ့ နှလုံးသားထဲမှာရှိတဲ့ ဓားကိုပဲ မေးမြန်းလိုက်ပါ"

စာအဆုံးတွင် လက်မှတ်အနေဖြင့် "ဆန်းကူယဲ့" ဟု ရေးထားသည်။

စုန်ယန်သည် စာကိုချလိုက်ပြီး အဝေးသို့ ငေးကြည့်နေမိသည်။

ဓားဆရာကြီး ကူယဲ့သည် သူ့ကို ဘိုင်ရှို့ဟု၏ ခန္ဓာကိုယ်ကို ဝင်ရောက်စီးနင်းထားသည့် ကြက်သွေးရောင်နန်းတော် အဆင့်ရှိ မိစ္ဆာအိုကြီးတစ်ဦးဟု သံသယဝင်နေခဲ့ခြင်းပင်။ ခန္ဓာကိုယ် စီးနင်းခြင်းဆိုသည်မှာ ရှားပါးသော်လည်း မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။ ကြက်သွေးရောင်နန်းတော် အလယ်အလတ်အဆင့် ကျော်လွန်သော ကျင့်ကြံသူများအတွက် တစ်သက်လျှင် တစ်ကြိမ်သာ ခန္ဓာကိုယ် စီးနင်းနိုင်ပြီး ၎င်းမှာ အလွန်အန္တရာယ်များကာ ပြန်လည်တိုက်ခိုက်ခံရလေ့ရှိသည်။

ဘိုင်ရှို့ဟုသည် ထူးကဲချီသန့်စင်ခြင်း ဆဋ္ဌမအဆင့်တွင် ရှိနေသဖြင့် သူ့ကို စီးနင်းရန် အလွနခက်ခဲသော်လည်း ပျက်စီးသွားသော လမ်းစဉ်နှလုံးသားနှင့် ကိုယ့်ကိုယ်ကိုယ် နိမ့်ချမှုများကြောင့် ဖြစ်နိုင်ခြေ ရှိသွားခြင်းပင်။ ထို့ကြောင့် ဓားဆရာကြီးကူယဲ့က ထိုသို့ ခန့်မှန်းခဲ့ခြင်းပင်။

ဓားဆရာကြီးသည် သူ လန့်ဖျတ်သွားမည်စိုးသဖြင့် ဤစာကို တိတ်တဆိတ် ဝှက်ထားခဲ့ခြင်းပင်။ သူ မရှိတော့မှသာ စုန်ယန်က ရှာတွေ့မည်ကို သူ သိထားသည်။ ဤသည်မှာ သံယောဇဉ်တရားကို အခြေခံ၍ စုန်ယန်အား နန်ဝူဓားဂိုဏ်းအပေါ် အမှန်တကယ် သစ္စာရှိလာစေရန် မျှော်လင့်ချက်တစ်ခုပင်။

...

ဒုတိယစာစောင်၏ အစပြုပုံနှင့် လက်မှတ်မှာ ပထမစာစောင်နှင့် အတူတူပင်။

"မင်းက အစီအရင်အတတ် ကျွမ်းကျင်တဲ့ တာအိုအဖော်တစ်ယောက် လိုအပ်တယ်လို့ တမင်တကာ ထည့်ပြောခဲ့တာနဲ့ ပတ်သက်ပြီး ငါနဲ့ မင်းရဲ့ဆရာမုန့်တို့မှာ ခန့်မှန်းချက်တချို့ ရှိပါတယ်။

မင်းရဲ့ ရည်ရွယ်ချက်က အဲဒီ ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်တွေဆီမှာပဲ ရှိမယ်ဆိုတာ သေချာသလောက်ပါပဲ။

ဂိုဏ်းချုပ်ရဲ့ မျိုးနွယ်စုက အစီအရင်အတတ်ကို အသည်းအသန် လေ့လာခဲ့ကြတာဟာ တစ်နေ့နေ့မှာ အရေးကြုံလာရင် နောက်ဆုတ်ဖို့ လမ်းကြောင်းတစ်ခုအနေနဲ့ ဒီရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်တွေကို ပြန်လည်စတင်နိုင်ဖို့ ရည်ရွယ်ခဲ့ကြတာပါ။

ဒါပေမဲ့ အဲဒီ အစီအရင်တွေရှိတဲ့ တည်နေရာတွေကတော့ ရှာဖွေရ ခက်ခဲတယ်။

တကယ်လို့ မင်းမှာ အကြံအစည် တစ်ခုခုရှိတယ်ဆိုရင်တော့ ဒီစာနှစ်စောင်ကို ရွှမ်းဝေကို ပြလိုက်ရုံနဲ့ လုံလောက်ပါပြီ။

ငါပေးထားတဲ့ စာကြည့်ဆောင် ဝင်ခွင့်အမိန့်ပြားနဲ့အတူ ဒီစာတွေကို ပြမယ်ဆိုရင် ရွှမ်းဝေက မင်းကို သေချာပေါက် ယုံကြည်လိမ့်မယ်"

...

စုန်ယန်သည် စာနှစ်စောင်လုံးကို သူ၏ သိုလှောင်နယ်မြေထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။

သူသည် စိတ်ထဲမှ တိတ်တဆိတ် အံ့သဩနေမိသည်။

"ဘယ်သူ့ကိုမှ လျှော့မတွက်သင့်ဘူးဆိုတာ တကယ်ပဲ။ ဓားဆရာကြီး ကူယဲ့က အမှန်တရားကို အတိအကျ မသိခဲ့ပေမဲ့ တကယ့်ကို နီးစပ်အောင် ခန့်မှန်းနိုင်ခဲ့တာပဲ"

အကယ်၍ သူသာ ဤအခြေအနေကို မသိရှိခဲ့ဘဲ သို့မဟုတ် ကြိုတင်ပြင်ဆင်မှု မရှိခဲ့ပါက အဆိုးရွားဆုံးသော အခြေအနေနှင့် ရင်ဆိုင်ရပေလိမ့်မည်။ အကြီးအကဲချုပ် ဦးဆောင်သော နန်ဝူဓားဂိုဏ်း၏ ကျွမ်းကျင်သူအားလုံး သုတ်သင်ခံရမည်ဖြစ်ပြီး သူသည် ယွီရွှမ်းဝေထံတွင် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ပြသရမည်ဖြစ်သည်။ ထို့ပြင် ကုဟွမ်ကျီ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရမည်ဖြစ်ပြီး အဓိကအချက်မှာ မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများကပါ စစ်ပွဲထဲသို့ ပါဝင်လာလိမ့်မည် ဖြစ်သည်။

ထိုသို့သော အခြေအနေမျိုးတွင် သူသည် သူ၏ ဝှက်ဖဲအားလုံးကို သုံးကာ သွေးချောင်းစီးသော လမ်းကြောင်းတစ်ခုကို မရမက ဖောက်ထွက်ရပေလိမ့်မည်။ အရာအားလုံးက သူ့အတွက် အရှုံးဘက်တွင် ရှိနေပြီး အတွင်းစိတ်ထဲတွင်လည်း ဒေါသနှင့် အသက်ရှူကျပ်မှုများဖြင့် ပြည့်နှက်နေပေလိမ့်မည်။

ဒါပေမဲ့ အခုတော့...

ကျွီ... ကျွီ... ကျွီ...

လွှဲကုလားထိုင်ပေါ်တွင် လှဲလျောင်းနေသော ထိုလူသားသည် ရုတ်တရက် ပြုံးလိုက်ရာ သူ၏ ဖြူဖွေးသော သွားတန်းကြီးများ ပေါ်လာသည်။ သူသည် ဟားဟား ဟု ခပ်တိုးတိုး ရယ်မောလိုက်တော့သည်။

စုန်ယန်သည် မည်သည့်အခါမျှ အခွင့်အရေးကို လက်လွှတ်ခံမည့်သူ သို့မဟုတ် ပျက်စီးခြင်းကို ငြိမ်သက်စွာ ထိုင်စောင့်နေမည့်သူ မဟုတ်ပေ။

...

...

နောက်တစ်နေ့ နံနက်တွင် စုန်ယန်သည် ဝါးအိမ်ရှိ ဒဏ်ရာရ ကျင့်ကြံသူတစ်ဦးကို ကုသပေးခဲ့သည်။ မွန်းလွဲပိုင်းတွင်မူ သူ၏ ဓားကို ထိန်းချုပ်ကာ ကြေးနီစာကလေးကျွန်းရှိ စာကြည့်

ဆောင်သို့ ဦးတည်ခဲ့သည်။ စာကြည့်ဆောင် ဝင်ခွင့်အမိန့်ပြားကို ပြသပြီးနောက် သူသည် အတွင်းသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းဝင်သွားခဲ့သည်။

ဤစာကြည့်ဆောင်တွင် နန်ဝူဓားဂိုဏ်း၏ အမြင့်ဆုံးသော လျှို့ဝှက်ကျင့်စဉ်များ မရှိနိုငသော်လည်း သူ့ကို စိတ်ဝင်စားစေမည့် မန္တန်အချို့တော့ ရှိနေမည်မှာ အသေအချာပင်။

ဤအမိန့်ပြားက သူ့အား ကျမ်းစာအားလုံးကို ဖတ်ရှုခွင့်ပြုထားသဖြင့် သူသည် မည်သို့မျှ အားနာနေခြင်း မရှိတော့ပေ။

တစ်ချိန်တည်းမှာပင် လူသူမနီးသော လူသူကင်းမဲ့သည့် မြေရိုင်းတစ်ခုတွင် ဝတ်ရုံဖြူနှင့် အကြီးအကဲချုပ်၏ မျက်ဝန်းများတွင် မသိသာသော ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များ ယှက်သန်းနေပြီး ကုန်းလန်တောင်ဘက်သို့ ငေးကြည့်ကာ သတင်းကို စောင့်ဆိုင်းနေသည်။

ဤအချိန်အတောအတွင်းမှာ သူ့အတွက် အလွန်ပင် စိတ်ပင်ပန်းစရာ ကောင်းလှသည်။ ကုန်းလန်တောင်တွင် ကြက်သွေးရောင်နန်းတော်အဆင့်ရှိ စွမ်းအင်အရှိန်အဝါများစွာ အမှန်တကယ် ပေါ်ထွက်လာပြီးမှသာ လူများကို ဦးဆောင်၍ ထိုနေရာသို့ သွားရန် သူ ဆုံးဖြတ်ရမည်ဖြစ်သည်။

မဟုတ်ပါက ဤနေရာသည် စစ်ဗျူဟာအရ အရေးပါသောနေရာဖြစ်ပြီး တိုက်စစ်ဆင်ရန် သို့မဟုတ် ဆုတ်ခွာရန်အတွက် အချိန်မီ ဆုံးဖြတ်နိုင်သည့် နေရာဖြစ်သည်။

မနေ့ညက သူသည် လျို့ရှစက္ကူကျွန်းသို့ တိတ်တဆိတ် သွားရောက်ခဲ့ပြီး အားလုံး ကျဆုံးသွားခဲ့လျှင် လုပ်ဆောင်ရမည့် နောက်ဆုံးအစီအစဉ်များကို ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ရေပျော်ဓားဧကရာဇ်သီးသန့်ကျင့်ကြံနေသော ဂိုဏ်းချုပ်၏ ပိတ်ထားသောတံခါးကိုမူ သူ မဖွင့်ခဲ့ပေ။

ထိုတံခါး ပိတ်ထားသရွေ့ မျှော်လင့်ချက် ရှိနေသေးသည်။ ထိုတံခါးမှာ လူအားလုံး ကျဆုံးသွားသည့်အခါမှသာ ယွီရွှမ်းဝေက ဖွင့်ရမည့် တံခါးဖြစ်သည်။

ယခုအချိန်တွင် အကြီးအကဲချုပ်သည် ဝတ်ရုံစများ လေထဲတွင် လွင့်ပျံနေလျက် ကောင်းကင်ယံကို ငေးကြည့်နေသည်။ သူ၏ ကိုယ်ဟန်မှာ ပိန်ပါးသော်လည်း ခိုင်မာသော ဇွဲသတ္တိများဖြင့် ပြည့်နှက်နေဆဲပင်။

ရုတ်တရက် သူ၏ အိုမင်းသော မျက်ဝန်းများက စူးရှသွားပြီး ခရမ်းရောင် လျှပ်စီးတန်းများ ကောင်းကင်သို့ ပစ်လွှတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။

ကောင်းကင်ယံရှိ တိမ်ဖြူများကြားမှ မည်းနက်နေသော မိစ္ဆာကျီးကန်းတစ်ကောင်သည် အတောင်ပံများကို ခတ်လျက် ဆင်းသက်လာပြီး သစ်ပင်အိုကြီး၏ သစ်ကိုင်းတစ်ခုပေါ်တွင် နားလိုက်သည်။ ၎င်းမှာ အမည်မဲ့ ဝိညာဉ်ကျီးကန်းဖြစ်ကြောင်း အကြီးအကဲချုပ် ချက်ချင်း သိလိုက်သည်။

သူ၏ စိတ်ထဲတွင် အမည်မဲ့ ဝိညာဉ်ကျီးကန်းဟူသည်မှာ ထူးခြားသော အဓိပ္ပာယ်ရှိသည်။ အကြောင်းမှာ လျှို့ဝှက်ချက်များကို သိရှိထားသော အထက်တန်းလွှာများအကြားတွင် ဤကျီးကန်းသည် ကျောက်သားအကြီးအကဲ၏ မျိုးနွယ်စုကို ကိုယ်စားပြုသော သင်္ကေတ ဖြစ်နေသောကြောင့်ပင်။

သို့သော် ယခုရောက်လာသော ဝိညာဉ်ကျီးကန်းမှာ ထူးခြားနေပုံပင်။

အကြီးအကဲချုပ်က သစ်ကိုင်းပေါ်ရှိ မိစ္ဆာကျီးကန်းကို စူးစိုက်ကြည့်ကာ "မင်း ဘယ်သူလဲ" ဟု မေးလိုက်သည်။

ဝိညာဉ်ကျီးကန်းက အက်ရှရှအသံဖြင့် ပြန်ဖြေသည်။

"ကျွန်တော် စုန်ယန်ပါ"

အကြီးအကဲချုပ်က တည်ငြိမ်စွာပင် "ငါတို့ မင်းကို ရှာနေတုန်းက ပေါ်မလာဘဲ အခု ရှာစရာမလိုတော့တဲ့အချိန်ကျမှ ပေါ်လာတာပေါ့။ ပြန်စဉ်းစားကြည့်ရင် မင်းလောက် ကောက်ကျစ်တဲ့ ကောင်လေးမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး" ဟု ပြောလိုက်သည်။

ထို့နောက် သူက ဆက်မေးသည်။

"အခု မင်း ဒီကိုရောက်လာပြီဆိုတော့ မင်းရဲ့ သဘောထားက ဘာလဲ ဘာတွေ တင်ပြချင်လို့လဲ"

ဝိညာဉ်ကျီးကန်းက တည့်တည့်ပင် ပြောလိုက်သည်။

"အမြီးများတဲ့ မြေခွေးမျိုးနွယ်နဲ့ အသားစား ဝံပုလွေမျိုးနွယ်တွေက ကုန်းလန်တောင်မှာ ဆရာတို့အားလုံး လာမှာကို စောင့်နေကြပြီ။ ကုဟွမ်ကျီနဲ့ တောင်ထိပ်သခင် လေးယောက်ရဲ့ တည်နေရာအတိအကျကိုတော့ ကျွန်တော်လည်း မသိဘူး။

သူတို့ ကုန်းလန်တောင်မှာ ရှိနေနိုင်သလို မြူပင်လယ်နားမှာ ချုံခိုနေတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရှေးဟောင်း ရွှေ့ပြောင်းခြင်းအစီအရင်ကို ရှာဖို့ လမ်းပေါ် ရောက်နေတာလည်း ဖြစ်နိုင်တယ်"

အကြီးအကဲချုပ်က ခပ်အေးအေးပင် "ကောက်ကျစ်တဲ့ကောင်လေး... မင်းရဲ့ တစ်ဖက်သတ် စကားတွေကို ငါက ယုံမယ်လို့ ထင်နေတာလား"

ဝိညာဉ်ကျီးကန်းက "အဘိုးကြီး... သေသေချာချာ စဉ်းစားပါ။ အကယ်၍ မင်းရဲ့ဂိုဏ်းသားတစ်ယောက်မှ အသက်မရှင်စေချင်ဘူးဆိုရင်တော့ ကုန်းလန်တောင်ကို စိတ်ကြိုက် သွားနိုင်ပါတယ်" ဟု ပြောလိုက်သည်။

စကားပြောပြီးနောက် ၎င်းသည် ကိုယ်ကိုလှည့်ကာ အတောင်ပံခတ်လျက် အဝေးသို့ ပျံသန်းထွက်ခွာသွားတော့သည်။

ဤသတင်းမှာ မှန်ချင်မှ မှန်လိမ့်မည်။ စုန်ယန်ကိုယ်တိုင်ပင် အသေအချာ မသိသော်လည်း ကုန်းလန်တောင်တွင် လှည့်ကွက်တစ်ခုခု ရှိနေတာကို သူ အသေအချာ သိနေသည်။

ဘယ်လိုပဲဖြစ်ဖြစ်လေ... တကယ်လို့ လှည့်စားခံရတော့မယ်ဆိုရင်တောင် ငါ ဖန်တီးထားတဲ့ လှည့်ကွက်ထဲမှာ ပြန်ပိတ်မိပြီး လှည့်စားခံရတာကမှ ပိုပြီး ကောင်းဦးမယ်။

အခန်း။ ၁၃၀

ကြေးနီစာကလေးကျွန်းပေါ်ရှိ စာကြည့်ဆောင်သည် သန့်ရှင်းစင်ကြယ်ပြီး လင်းထိန်နေသည်။ ပုံမှန်အားဖြင့် လူစည်ကားတတ်သော်လည်း ယခုအချိန်တွင်မူ အတော်လေး လူသူကင်းမဲ့နေ၏။

နန်ဝူဓားဂိုဏ်း၏ အမွေအနှစ်များသည် သူတို့တပည့်များ၏ စရိုက်ကဲ့သို့ပင် အလွန်ပွင့်လင်းလှသည်။ ထူးခြားသော လျှို့ဝှက်ကျင့်စဉ်များ၊ ကိုယ်ပိုင်အမွေအနှစ်များနှင့် အဆင့်မြင့်ဆုံးသော အတတ်ပညာများမှလွဲ၍ အခြားသော မန္တန်နှင့် ကျမ်းစာအားလုံးကို ဤနေရာတွင် ရှာဖွေနိုင်သည်။

သို့သော် မည်သည့်ကျမ်းစာကို လိုချင်သည်ဖြစ်စေ စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး စာကြည့်ဆောင်စောင့်ထံတွင် မှတ်ပုံတင်ပြီးမှသာ ဖတ်ရှုခွင့်ရှိသည်။ ၎င်းမှာ စာကြည့်ဆောင်၏ မဖောက်ဖျက်အပ်သော သံမဏိစည်းကမ်းပင်။ ဤစည်းကမ်းကို ချိုးဖောက်သူအား ခွင့်ပြုချက်မရှိဘဲ ခိုးယူခြင်းဟု သတ်မှတ်ပြီး အနည်းဆုံး အပြစ်ပေးစစ်ဆေးခြင်းမှ အဆိုးဆုံးမှာ ဂိုဏ်းမှ ထုတ်ပယ်ခြင်းအထိ ခံရနိုင်သည်။

အဖွားမုန့်ထွက်ခွာသွားပြီးနောက် စာကြည့်ဆောင်စောင့်အသစ် တစ်ဦး ရောက်ရှိလာခဲ့သည်။ ဤစာကြည့်ဆောင်စောင့်မှာ ပိုးသားဝတ်ရုံနှင့် ကျောက်စိမ်းခါးပတ်ကို ဝတ်ဆင်ထားပြီး ကြင်နာသောမျက်နှာဖြင့် အမြဲပြုံးနေတတ်သူဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ သူသည် စုန်ယန်၏ အသိဟောင်းတစ်ဦး ဖြစ်နေခြင်းပင်။

သူကား အခြားသူမဟုတ်ပေ။ တစ်ချိန်က အအေးကန်ချိုင့်ဝှမ်းတွင် စုန်ယန်ထံမှ နတ်

မျက်နှာပြင် ခုခံမှုတစ်ရာကို အလကားရယူရန် ကိုယ်ကျင့်တရားဖြင့် အကျပ်ကိုင်ခဲ့ဖူးသည့် ကုန်သည်မျက်နှာပေါက်နှင့် အကြီးအကဲ ဆန်းဟောင်ဖုန်းပင်။

ထိုစဉ်က စုန်ယန်၏ နန်ဝူဓားဂိုဏ်းအပေါ် ထားရှိသည့် အမြင်ကို တစ်ဦးတည်းနှင့် ပြောင်းလဲပစ်နိုင်ခဲ့သူလည်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်မူ ဤလူသည် နန်ဝူဓားဂိုဏ်း၏ အစဉ်အလာထဲမှ ဖောက်ထွက်နေသော လူတစ်ယောက်ဖြစ်ကြောင်း သိခဲ့ရသည်။

စုန်ယန် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။

"ဒါက တကယ့်ကို ကံတရားပဲ သေမှာကြောက်တဲ့သူတွေကတော့ မသေရဘူးပေါ့..."

နန်ဝူဓားဂိုဏ်း၏ အားအကောင်းဆုံးနှင့် သတ္တိအရှိဆုံးသူများမှာ ရှေ့တန်းသို့ ရောက်နေကြသော်လည်း တရားမျှတမှုအကြောင်း ပါးစပ်ကပြောပြီး လက်တွေ့တွင် အကြောက်ဆုံးဖြစ်သည့် အကြီးအကဲဆန်းကဲ့သို့သော လူမျိုးကမူ နောက်တန်းမှာ ကျန်ရစ်နေခဲ့သည်။

အကြီးအကဲချုပ်သည် လူအသုံးချရာတွင် အမှန်တကယ်ပင် ပါးနပ်လွန်းလှသူ ဖြစ်သည်။

အကယ်၍ သူတို့သည် စစ်ပွဲအတွင်း ကျဆုံးသွားခဲ့ပါက ဆန်းမိသားစုအနေဖြင့် ဆက်လက်

ရှင်သန်နိုင်ရန်အတွက် တစ်ဖက်ရန်သူထံတွင် ဝပ်တွား၍ ခိုလှုံရပေမည်။ ထိုအခါမျိုးတွင် အကြီးအကဲဆန်းကဲ့သို့ ဟန်ဆောင်ကောင်းသူများ၏ ဒူးထောက်အညံ့ခံမှုမှာ မဖြစ်မနေ လိုအပ်လာမည် ဖြစ်သည်။ သို့သော် ဤအခြေအနေမှာ စုန်ယန်အတွက်မူ လုံးဝ အကျိုးမရှိသော အရာပင်။

ရုပ်သေးဂိုဏ်း သို့မဟုတ် တောင်တန်းနှင့် ပင်လယ်မိစ္ဆာနိုင်ငံ ရှေ့မှောက်တွင် ဒူးထောက်အရှုံးပေးမည့် နန်ဝူဓားဂိုဏ်းမျိုးကို သူ အလိုမရှိပေ။ ထိုသို့သာ ဖြစ်သွားပါက သူနှင့် ရန်သူများကြားရှိ ကြားခံနယ်မြေမှာ လုံးဝ ပျောက်ကွယ်သွားမည်ပင်။

စုန်ယန်၏ အတွေးတို့သည် လျှပ်စီးကဲ့သို့ လျင်မြန်နေသည်။ သူသည် ဝင်ခွင့်အမိန့်ပြားကို အသာအယာ မြှောက်ပြလိုက်ပြီး စာကြည့်ဆောင်အတွင်းသို့ လျင်မြန်သော ခြေလှမ်းများဖြင့် ဝင်ရောက်သွားခဲ့သည်။ ထို့နောက် အမျိုးမျိုးသော မန္တန်များနှင့် ကျမ်းစာများကို စတင်စစ်ဆေးတော့သည်။

တစ်နေကုန် ရှာဖွေစစ်ဆေးပြီးနောက်တွင်မူ ဤစာကြည့်ဆောင်၏ အဖိုးတန်ဆုံးအရာမှာ ထူးကဲဓားကျမ်းစာသာ ဖြစ်နေသည်ကို သူ တွေ့ရှိလိုက်ရသည်။ သူ မသိရှိသေးသော နန်ဝူဓားဂိုဏ်း၏ အဆင့်မြင့်ဆုံး လျှို့ဝှက်ကျင့်စဉ်အချို့ကို ဖယ်ထုတ်လိုက်လျှင် အားအကောင်းဆုံး အတတ်ပညာများမှာ ဤကျမ်းစာထဲ၌ ဖော်ပြထားသည့် ထူးကဲချီစွမ်းအင်ကို ဓားချီစွမ်းအင်အဖြစ် ပြောင်းလဲခြင်း၊ ကြက်သွေးရောင်နန်းတော်၏ သွေးဖြင့် မွေးမြူထားသော အထူးဓားချီစွမ်းအင်ပင်။

ဤအရာများကိုမူ သူ ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။ သို့သော် အထူးဓားချီစွမ်းအင် ဆိုသည်မှာ တစ်ကြိမ်သာ အသုံးပြု၍ရခြင်းဖြစ်ပြီး သုံးစွဲပြီးတိုင်း အစဉ်တစိုက် ပြန်လည်ပျိုးထောင်နေရခြင်း ဖြစ်သည်။ အမှန်တကယ် မှော်အတတ်တိုက်ပွဲများတွင်မူ ဓားစနစ်သုံး မန္တန်များက မဖြစ်မနေ လိုအပ်နေဆဲပင်။

စုန်ယန် လက်ရှိပိုင်ဆိုင်ထားသည့် အားအကောင်းဆုံး ဓားမန္တန်မှာမူ မြွေဖြူဓားသိုင်းမှ အဆင့်ဆင့် ပြောင်းလဲလာပြီး ပြီးပြည့်စုံသော ပုံစံနှစ်မျိုး ဖြစ်လာသည့် အမည်းနှင့် အဖြူ အမြွှာမိစ္ဆာသိုင်းပင်။ ဤမြွေဖြူဓားသိုင်းကို လေ့ကျင့်နိုင်ရန် အနိမ့်ဆုံးသတ်မှတ်ချက်မှာ ထူးကဲချီသန့်စင်ခြင်း ပဉ္စမအဆင့်ပင်။

ဒါဆိုရင် အမြင့်ဆုံး သတ်မှတ်ချက်ရှိတဲ့ ကျမ်းစာက ဘာများ ဖြစ်မလဲ။

စုန်ယန်သည် လျင်မြန်စွာပင် ရှာဖွေလိုက်သည်။

ပဉ္စမထပ်ရှိ စာကြည့်ဆောင်တွင် ကြက်သွေးရောင်နန်းတော်အဆင့်ရှိသူများသာ လေ့ကျင့်

နိုင်သည့် ဓားစနစ်သုံး မန္တန်တစ်ခုတည်းကိုသာ သူ ရှာတွေ့ခဲ့သည်။

၎င်းမှာ ဝတ်ရုံစအတွင်းက စကြာဝဠာပင်။

ဤမန္တန်ကို လေ့ကျင့်နိုင်ရန်အတွက် ကြိုတင်သတ်မှတ်ထားသော အခြေအနေတစ်ခု ရှိနေသည်။ ၎င်းမှာ မိမိပတ်ဝန်းကျင်ရှိ ထူးကဲချီအားလုံး၏ အနည်းဆုံး ၂၀ ရာခိုင်နှုန်းကို ထူးကဲဓားကျမ်းစာမှတစ်ဆင့် ဓားချီစွမ်းအင်အဖြစ် ပြောင်းလဲထားနိုင်ရန် လိုအပ်ခြင်းပင်။ အကြောင်းမှာ ဤမန္တန်သည် ဓားချီစွမ်းအင်ကို သန့်စင်အောင် ထိန်းချုပ်ရသည့် အတတ်ပညာ ဖြစ်နေသောကြောင့်ပင်။

တစ်ဖန် ထူးကဲဓားကျမ်းစာကို လေ့ကျင့်နိုင်ရန်မှာလည်း ထူးကဲအသွင်ပြောင်းလဲခြင်း ဓားလက်စွဲမှတစ်ဆင့် ကိုယ့်ဓားကို နားလည်သဘောပေါက်ထားရန်နှင့် လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်းလျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရန် လိုအပ်သည်။

၎င်းမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်နေသော အမွေအနှစ် ကျင့်စဉ်များပင်။

စုန်ယန်သည် ဤလက်ရေးမူ မှတ်စုစာအုပ်ငယ်ကို ပြတ်ပြတ်သားသားပင် ဆွဲယူလိုက်ပြီး အမြန်လှန်လှော ကြည့်လိုက်သည်။

တစ်ချက်ကြည့်ရုံဖြင့် ဤကျမ်းစာမှာ အလွန်ပင် နက်နဲကြောင်း သိသာလှသည်။ ၎င်း၏ အနှစ်ချုပ်မှာ ဝတ်ရုံလက်စွပ်နှစ်ဖက်၏ အပိတ်သဘာဝကို အသုံးချကာ ဓားချီစွမ်းအင်များကို စုဆောင်းရန်၊ ဝတ်ရုံလက်စွပ်များ ပြည့်လျှံလာသည်အထိ ဓားချီစွမ်းအင်များကို အဆက်မပြတ် လှည့်ပတ်စီးဆင်းစေရန်ဖြစ်ပြီး၊ ထိုအချိန်တွင် ဝတ်ရုံလက်စွပ်ကို တစ်ချက်ခါလိုက်ရုံဖြင့် ထွက်ပေါ်လာမည့် ပုန်းကွယ်နေသော စွမ်းအားမှာ ပျံသန်းနေသောဓားထက်ပင် သာလွန်ပေလိမ့်မည်။

စုန်ယန် ချက်ချင်းပင် နားလည်သွားသည်။

၎င်းမှာ စွမ်းအင်အားသွင်းခြင်းနှင့် လေဆာပစ်ခတ်ခြင်းကဲ့သို့ပင်။

ဤကျမ်းစာမှာ အဘယ်ကြောင့် ကျောက်စိမ်းလိပ်စာပုံစံမဟုတ်ဘဲ စာအုပ်ပုံစံ ဖြစ်နေရတာလဲ ဆိုသည်ကိုမူ သူ မသိသလို လောလောဆယ်တွင်လည်း သူ ဂရုမစိုက်နိုင်သေးပေ။

သူ့လက်ထဲတွင် ကြက်သွေးရောင်နန်းတော်အဆင့်ရှိ ဝတ်ရုံစအတွင်းက စကြာဝဠာကျမ်းစာကို ကိုင်ဆောင်ထားရင်း အခြားသော ဓားစနစ်သုံး မန္တန်များကို သူ တစ်ချက်လှမ်းကြည့်လိုက်သည်။ ၎င်းတို့မှာ မြွေဖြူဓားသိုင်းနှင့် သဘောတရားချင်း သိပ်မထူးခြားဘဲ ဆင်တူနေသည်ကို တွေ့ရ၏။ အကယ်၍ သူ ၎င်းတို့ကို လေ့ကျင့်မည်ဆိုလျှင်ပင် အထူးတလည် ထူးခြားနေလိမ့်မည် မဟုတ်ပေ။ ၎င်းမှာ ပထမပုံစံတူ စာမေးပွဲမေးခွန်းကို ဖြေဆိုပြီးနောက် ဒုတိယပုံစံတူ စာမေးပွဲတွဲကို ထပ်မံဖြေဆိုနေရသကဲ့သို့ပင်။

စုန်ယန် အနည်းငယ် စဉ်းစားလိုက်သည်။

ဓားသိုင်းနှင့် ဓားစနစ်သုံး မန္တန်များမှာမူ သူ့တွင် ရှိနေပြီဖြစ်သည်။

သို့သော် စုန်ယန်၏ မန္တန်စနစ်တွင် ကြီးမားသော ဟာကွက်တစ်ခု ရှိနေကာ ၎င်းမှာ ထွက်ပြေးလွတ်မြောက်ခြင်း အတတ်ပညာပင်။

ဓားကို ထိန်းချုပ်ပြီး ပျံသန်းခြင်းမှာ မြန်ဆန်သည်ဟု ထင်ရသော်လည်း ၎င်းမှာ သာမန်ကျင့်ကြံသူများ၏ အမြင်တွင်သာ ဖြစ်သည်။ သူနှင့် အဆင့်တူ ကျင့်ကြံသူများနှင့် တိုက်ခိုက်ရာတွင်မူ ထွက်ပြေးလွတ်မြောက်ခြင်း အတတ်ပညာများက အလွန်အရေးပါလာသည်။ တိုက်ပွဲအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ရန်ဖြစ်စေ၊ ဆုတ်ခွာရန်ဖြစ်စေ သို့မဟုတ် တိုက်ခိုက်ရင်း ထွက်ပြေးရန်ဖြစ်စေ ဤအတတ်ပညာမှာ မရှိမဖြစ်လိုအပ်သည်။

သို့သော် ဤအတတ်ပညာမျိုးမှာ အလွန်တရာ ရှားပါးလှသည်။ စုန်ယန်အနေဖြင့် ရုပ်သေးဂိုဏ်းထဲတွင် မရရှိခဲ့သည်မှာ နားလည်ပေးနိုင်သော်လည်း နောက်ပိုင်း အအေးကန်မြို့တော်သို့ ရောက်ရှိချိန်အထိပင် မတွေ့ရှိခဲ့ရခြင်းက ဤအတတ်ပညာ၏ ရှားပါးမှုကို သက်သေပြနေသည်။

စုန်ယန်သည် စာကြည့်ဆောင်အတွင်း ခေါက်တုံ့ခေါက်ပြန် ရှာဖွေပြီးနောက် ပဉ္စမထပ်၏ ထောင့်တစ်နေရာတွင် ခမ်ရေဓာတ် ထွက်ပြေးခြင်းအတတ်ဟု ကမ္ပည်းထိုးထားသော လျှို့ဝှက်သေတ္တာတစ်ခုကို ရှာတွေ့ခဲ့သည်။ သို့သော် ထိုသေတ္တာမှာ သော့ခတ်ထားပြီး စာကြည့်ဆောင်စောင့်၏ အကူအညီဖြင့်သာ ဖွင့်နိုင်သည်။

...

စုန်ယန်သည် ဝတ်ရုံစအတွင်းက စကြာဝဠာနှင့် ခမ်ရေဓာတ် ထွက်ပြေးခြင်းအတတ်သေတ္တာကို အကြီးအကဲဆန်းထံ ယူဆောင်လာပြီး သူ၏ အမိန့်ပြားကို ထုတ်ပြလိုက်သည်။

အကြီးအကဲဆန်းက သူ့ကို အံ့သြတကြီး ကြည့်ကာ "ဒါတွေက ကြက်သွေးရောင်နန်းတော် အဆင့်ရှိသူတွေအတွက် ရည်ရွယ်ထားတဲ့ ကျင့်စဉ်တွေပဲ။ အထူးသဖြင့် ဒီဝတ်ရုံစအတွင်းက စကြာဝဠာက မင်းအတွက် ဘာများ အသုံးဝင်မှာမို့လို့လဲ။ ပြီးတော့ ခမ်ရေဓာတ် ထွက်ပြေးခြင်းအတတ် ဆိုတာကလည်း တကယ်ကို အဖိုးတန်လွန်းတဲ့ အတတ်ပညာပဲ" ဟု ပြောလိုက်သည်။

စုန်ယန်က အမိန့်ပြားကို ထပ်မံပြသရင်း "ဒါဆို ကျွန်တော် ဒါတွေကို ကြည့်ခွင့်ရှိပြီလား" ဟု မေးလိုက်သည်။

အကြီးအကဲဆန်းက အမိန့်ပြားကို တစ်ချက်ကြည့်ကာ တုံ့ဆိုင်းစွာဖြင့် "ကြည့်လို့တော့ ရပါတယ်..."

"ဒါဆိုရင် ကျွန်တော့်အတွက် မှတ်ပုံတင်ပေးဖို့ အကူအညီတောင်းပါရစေ"

စုန်ယန်က ပြောသည်။

အကြီးအကဲဆန်းက "ငါ... ငါကတော့ ဒါကို မဆုံးဖြတ်နိုင်ဘူး။ အကြီးအကဲချုပ် ပြန်လာတဲ့အထိ စောင့်ပြီးမှ ထပ်ဆွေးနွေးတာ ပိုကောင်းမယ် ထင်တယ်" ဟု ပြန်ဖြေသည်။

စုန်ယန်က သိချင်စိတ်ဖြင့် "ဒီအမိန့်ပြားက အသုံးမဝင်ဘူးလို့ ဆိုလိုတာလား"

အကြီးအကဲဆန်းက "အသုံးဝင်ပါတယ်"

စုန်ယန်က "ဒါဆို ငှားလို့ရတာပေါ့"

အကြီးအကဲဆန်းက "ရတော့ ရပါတယ်။ ဒါပေမဲ့ မင်းက... မင်းက ထူးကဲချီသန့်စင်ခြင်း ဆဋ္ဌမအဆင့်ပဲ ရှိသေးတာ ဒါတွေကို ဘာလုပ်ဖို့ လိုတာလဲ"

All Chapters