အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
Chapter 73
~
အခန်း ၇၃
~
ချောင်မူက ခုခံရန် ရည်ရွယ်ချက် မရှိသဖြင့် ချက်ချင်း ဖမ်းဆီးခံလိုက်ရ၏ ။ သို့ရာတွင် သူ့ကို အံ့အားသင့်စေသည်က ပထမဦးဆုံး လှုပ်ရှားသူမှာ ချန်ချန် ဖြစ်နေခြင်းပင် ။ ချန်ချန်၏ ပြောင်းလဲတက်မှုမှာ မြန်ဆန်လွန်းလှသည် ။
" ခေါင်းဆောင်ချောင်.. ကျုပ်ကို အပြစ်မတင်ပါနဲ့.. "
ချန်ချန်က ကိုယ်ကိုကိုင်းပြီး တိုးတိုးလေးပြောလိုက်သည် ။
" နန်းတော်ရဲ့ မကောင်းကြောင်းပြောပြီး ဧကရာဇ်ကို အပုတ်ချရင် သေဒဏ်ချမှတ်ခံရမှာ သေချာတယ်.. "
" ကျုပ်တို့ နှစ်ယောက်က ရင်နှီးတယ်လို့ ထင်ရတာကြောင့် ကျုပ် အရင် လှုပ်ရှားမှ ဖြစ်မယ်.. ကျုပ်မှာ အသက်၆၀ ကျော် အရွယ် အဖေ ရှိနေသေးတယ်လေ.. "
" ရပြီ..ရပြီ.. ကျုပ်ကို အဲ့လောက် ပြောနေစရာ မလိုဘူး .."
ချောင်မူက တည်ငြိမ်စွာ ပြောလိုက်သည် ။
ထို့နောက် တပ်သားများက ချောင်မူကို ထောင်သို့ ခေါ်ဆောင်သွားတော့သည် ။
အဖြစ်အပျက်များ မြန်ဆန်လွန်းလှသဖြင့် လူဆိုးထိန်းများ ကြောင်တောင်တောင် ဖြစ်နေကြဆဲပင် ။
အထူးသဖြင့် ချောင်မူ၏ အမူအရာက တည်ငြိမ်လွန်းနေ၏ ။ ထောင်ကျမည့်သူ ၊ သေဒဏ်ကျမည့်သူနှင့် မတူဘဲ ထောင်သို့ အလည်သွားသည်နှင့်ပင် တူနေသေးသည် ။
" ခေါင်းဆောင်ချောင် ရောက်လာတာ မကြာသေးဘူးမှတ်လား.. "
" သူ့ကို ဘာလို့ လာဖမ်းတာလဲ သိကြလား.. လူဆိုးထိန်းတစ်ယောက်က နန်းတော်ကို ဘာလို့ ဝေဖန်တာလဲ.. "
" စစ်သည်တွေတောင် လာဖမ်းရတယ်ဆိုတော့ သူဘာပြောခဲ့လို့လဲ.. "
ဘာမှ မသိသည့် လူဆိုးထိန်းများက ဆွေးနွေးနေကြသော်လည်း ချောင်မူ၏ နောက်လိုက်များက တိတ်ဆိတ်နေကြ၏ ။
ချောင်မူ မည်သည့်အတွက်ကြောင့် အဖမ်းခံရသည်ကို သူတို့သိသော်လည်း ထုတ်မပြောရဲ ။ ချောင်မူ ပြောခဲ့သည့် စကားများက နားထောင်သူများပင် ကွက်မျက်ခံရရန် လုံလောက်နေသည် ။
ချောင်မူ ရုံးတော်သို့ ရောက်သည်မှာ ရက်ပိုင်းသာ ရှိသေးပြီး မည်သူနှင့်မှ ရင်းနှီးစွာ မနေခဲ့သဖြင့် လူဆိုးထိန်းများက ဤကိစ္စကို မည်သို့မှ မခံစားရချေ ။ အံ့သြနေကြရုံသာ ဖြစ်သည် ။
ကျင့်ကြံသူမင်ယွဲ့သည် လူဆိုးထိန်းများနှင့် အမှုအကြောင်း ဆက်လက်ဆွေးနွေး နေသော်လည်း နွေးထွေးသောအပြုံး မရှိတော့ ။ လျစ်လျူရှုဟန်သာ ပေါ်နေ၏ ။ ထို့ကြောင့် လူဆိုးထိန်းများက ချောင်မူကို စိတ်ထဲမှ ကျိန်ဆဲနေကြသည် ။
" အကျဥ်းချုပ်ပြောရရင် ဒီသားရဲက အန္တရာယ်များတယ်.. သူ့ရဲ့ ပုံစံကို မသိရသေးပေမဲ့ ကျားနဲ့ တူနိုင်တယ်.. သူ့ကို တွေ့ရင် ရှင်တို့ သိပ်မရဲနဲ့ အမြန်ဆုံး ကျွန်မကို အချက်ပြပါ.. "
ထို့နောက် မင်ယွဲ့က လက်ကိုမြှောက်၍ စက္ကူကြိုးကြာကို လေပေါ်သို့ ပစ်လွှတ်လိုက်သည် ။ ကြိုးကြာက ချက်ချင်းကြီးမားသွားပြီး သူမက ကြိုးကြာပေါ်သို့ ခုန်တက်ကာ လေပေါ်သို့ ပျံသန်းသွား၏ ။
" ဝါး... မိုက်လိုက်တာ.. "
" လက်နဲ့ ခြေထောက်ပဲ သုံးတက်တဲ့ ငါတို့ သိုင်းပညာရှင်တွေနဲ့များ ကွာလိုက်တာ.. "
လူဆိုးထိန်းများက မနာလို အားကျစွာ ကြည့်နေကြ၏ ။
သို့ရာတွင် လူဆိုးထိန်းများ၏ အမြင်အာရုံက လုံလောက်အောင် မကောင်းသဖြင့် ကြိုးကြာပေါ်မှ ကျင့်ကြံသူမင်ယွဲ့၏ တုန်ရီနေသော ပုခုံးကို သတိမပြုမိကြ ။
" ဟီးဟီးဟီး... ဒီတောသားတွေရှေ့မှာ သူတော်စင်လို နေရတာ မိုက်လိုက်တာ .."
မင်ယွဲ့က ကျေနပ်အားရနေ၏ ။ အမှန်တကယ်တော့ သူမသည် ရွှမ်ထျန်းဂိုဏ်း၏ သားရဲစောင့်ရှောက်သူ တပည့်တစ်ယောက်သာ ဖြစ်လေသည် ။ အစစ်အမှန် တပည့်ပင် မဟုတ်ဘဲ သူတော်စင်မ ဝူချင်ရှင်း၏ အစေခံတစ်ယောက်သာ ဖြစ်၏ ။
သူမ အင်မော်တယ် လမ်းစဥ်ကို ကျင့်ကြံသော်လည်း အဆင့်သိပ်မမြင့်သေးပေ ။ သေမျိုးခန္ဓာကိုယ် ကို မှီခိုနေရဆဲပင် ။ ဂိုဏ်းအတွင်း သူမ ကြွားဝါ နိုင်သည့်အရာမှာ ဝိညာဥ်သားရဲများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်တက်ခြင်းသာရှိ၏ ။
သို့သော်လည်း မင်ယွဲ့သည် သာမန်လူအများကြားသို့ ပေါ်လာလျှင် သူတော်စင်တစ်ယောက်သဖွယ် ဆက်ဆံခံရသည် ။ သာမန်လူများ အမြင်အရ ကျင့်ကြံသူအားလုံးမှာ အင်မော်တယ်များဖြစ်ကြ၏ ။ ကွဲပြားမှု မရှိ ။
'ငါ နွေးနွေးထွေးထွေး ဆက်ဆံပြတာ နဲနဲ လွန်သွားတယ်ထင်တယ်.. ငါ အရမ်း မပြုံးသင့်ဘူး.. '
ရွှမ်းထျန်းဂိုဏ်းမှ အင်မော်တယ် တစ်ယောက်အနေဖြင့် သူမ နွေးနွေးထွေးထွေး ဆက်ဆံလိုက်လျှင် လူဆိုးထိန်းများက ပိုပြီး အားထုတ်လိမ့်မည်ဟု ထင်မှတ်ခဲ့လေသည် ။
' ငါ ကြင်နာတက်တာတွေ အဲ့ခွေးကောင်က တန်ဖိုးမထားဘူး .. ကျင့်ဝတ်မရှိလိုက်တာ ငါ့ကိုတောင် ဆန့်ကျင်ရဲတယ်..'
' ဟမ့် ဘာပဲဖြစ်ဖြစ် သူသေတော့မှာဆိုတော့ မေ့ထားလိုက်ပါတော့မယ်.. '
' ခုလောလောဆယ် အရေးကြီးဆုံးက သားရဲကို ဖမ်းမိဖို့ပဲ.. '
မင်ယွဲ့ တွေးနေသည် ။
' ဒီသားရဲသာ သေမင်းစွမ်းအင်ကို တကယ်ခံစားနိုင်ရင် ငါဂိုဏ်းအတွက် ပံ့ပိုးကူညီမှု တစ်ခုလုပ်ခဲ့တယ်လို့ သတ်မှတ်ခံရနိုင်တယ်.. '
သေဆုံးခြင်းစွမ်းအင်ဟူသည်က မမြင်နိုင်သော ဆန်းကြယ်သည့် စွမ်းအင်တစ်မျိုးဖြစ်သည် ။ ဤကမ္ဘာပေါ်တွင် လူတစ်ဦး သေဆုံးသည့်အခိုက်အတန့်တွင်သာ ပေါ်ထွက်လာမည်ဖြစ်သည် ။ ထူးခြားသော သားရဲအချို့သာ ထိုစွမ်းအင်ကို အာရုံခံနိုင်ကြသည် ။
မူလက ထိုသို့ သားရဲများ မရှားပါးချေ ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကျင့်ကြံသူတစ်ဦးသည် ဤသို့သော သားရဲတစ်ကောင်၏ အဆီအနှစ်ကို အသုံးပြု၍ မိစ္ဆာလက်နက်တစ်ခု ဖန်တီးခဲ့၏ ။ ထို့နောက် ရက်စက်စွာ ကြမ်းကြုတ်စွာ လူသတ်ခဲ့သဖြင့် ဖြောင့်မတ်သော ကျင့်ကြံသူများက လက်မခံကြပေ ။
ဤအဖြစ်အပျက်က လူသားများ၏ သိုင်းသူတော်စင်ကို ဒေါသထွက်စေခဲ့သည် ။ ထိုကျင့်ကြံသူကို သိုင်းသူတော်စင်ကိုယ်တိုင် သတ်ခဲ့ရုံသာမက ဝူကျိအသင်းတစ်ခုလုံးကို သုံး၍ ထိုသို့သော သားရဲများကို အမြစ်ဖြတ်သုတ်သင်ခဲ့သည် ။ ထို့ကြောင့် မျိုးသုဥ်းလုနီးပါး ပျောက်ကွယ်ခဲ့ရသည် ။
' ဒီသားရဲကိုသာ ဖမ်းမိရင် သူတော်စင်မရဲ့ မျက်လုံးပြာကျားပျံ နဲ့ အတူထားရမယ်.. အဲ့ကျားပေါက်လေး ကြီးလာရင် သေမင်းစွမ်းအင်ကို အာရုံခံနိုင်တဲ့ သားပေါက်လေးတွေ အများကြီးမွေး... ဟီဟိ.."
မင်ယွဲ့က ကြိုးကြာကို စီးရင်း အတွေးယာဥ်ကျောတွင် နစ်မြောနေသည် ။
………………..
ဟဲရန်မြို့၏ ထောင်အတွင်း...
" အေးအေးဆေးဆေးနေနော်.. "
" ချောင်ပိုင်ဖူ.. "
" သူက လူဆိုးထိန်း ဆိုတော့ သံကြိုးခတ်ထားလိုက်.. "
ချောင်မူသည် ခြေထောက်ကို ကားလိုက်ပြီး လက်ကိုမြှောက်ကာ သံကြိုးတပ်ဆင်နေသည်ကို ငြိမ်ခံနေ၏ ။ သူက သံကြိုးတပ်ဆင်နေသော ထောင်မှူးကို မျှော်လင့်ချက်အနည်းငယ်ဖြင့် ကြည့်ကာ မေးလိုက်သည် ။
" ဆရာသမား သူတို့ ကျုပ်ကို ဘယ်တော့ သတ်မှာလဲ သိလား.. "
" ဆောင်းဦးရာသီတော့ မဟုတ်လောက်ဘူးမှတ်လား.. ခုမှ နွေရာသီပဲ ရှိသေးတယ်.. အဲ့အချိန်ထိဆိုရင် အကြာကြီး ကြာအုံးမှာ.. "
" အချိန်အကြာကြီး ဖမ်းမထားနဲ့လေ.. ကျုပ်ကို အစာ ကျွေးနေရတာက အခွန်ထမ်းပြည်သူတွေကို စော်ကားနေသလိုပဲ.. ငွေကို မဖြုန်းတီးသင့်ဘူး .."
" ပြောလို့ ပြီးပြီလား.. အဲ့လောက် ပြန်မွေးဖွားချင်နေတာလား.. "
ထောင်မှူးက ဒေါသထွက်ပြီး ကျားတစ်ကောင်လို ဟိန်းဟောက်လိုက်၏ ။
" ဟုတ်တယ် ..ဟုတ်တယ်..သံကို ပူနေတုန်းထုသင့်တာပေါ့.. အဲ.. မဟုတ်ဘူး ..အချိန်နဲ့ နေရာကို ရွေးစရာ မလိုဘူး.. လာလာ.. ခုသတ်လိုက်တော့.. "
" ကွက်မျက်ခံရတဲ့ အချိန်မှာ လူတွေအများကြီးကို အသိပေးသင့်တယ်.. ကျုပ်က ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနား ဆို ပိုတောင် ကြိုက်သေးတယ်.. ဖြစ်နိုင်ရင် ဟဲရန်မြို့စားကိုပါ ဖိတ်ခေါ်လိုက် .."
ထောင်စောင့်များက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏ ။ ဤလူက သေချင်သည် ပြောနေသော်လည်း တည်ငြိမ်လွန်းလှသည် ။ ထောင်ထဲသို့ ရောက်သည်ကိုပင် အိမ်ဟု ထင်မှတ်နေ၏ ။ ထူးဆန်းလွန်းသည် ဤသည်က ပုံမှန်မဟုတ် ။ အကြောက်အလန့်မရှိသည်ထက် သေရမည်မဟုတ်မှန်း သိနေမှသာ ထိုမျှ ရဲရင့်နိုင်ပေမည် ။
" ဒီလူက တခြားဒေသ ကလို့ကြားတယ်.. ဟဲရန်မြို့မှာ လူဆိုးထိန်းဖြစ်လာတာတောင် ရာထူးကြီးတဲ့ တစ်ယောက်ယောက်က ကူညီခဲ့တာတဲ့.. "
" တော်ရုံတန်ရုံ လူ မဟုတ်လောက်ဘူး.. ခုလို နန်းတော်နဲ့ ဧကရာဇ်ကို စော်ကားပြီး သေမှာ မကြောက်ဘူးဆိုတော့ .. သူ့နောက်ကွယ်က လူက ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ.. "
ထောင်စောင့်များက ဆွေးနွေးနေကြသော်လည်း ဤအကြောင်းအရာက သူတို့နားလည်နိုင်သည်ထက် ပိုနေ၏ ။ ထို့ကြောင့် ချောင်ပိုင်ဖူအား ကောင်းမွန်စွာ ထားရန် ဆုံးဖြတ်လိုက်ကြသည် ။
အခန်းတံခါး ပိတ်သွားသည်နှင့် အခန်းငယ်လေးထဲတွင် သံကြိုးခတ်ထားသော ချောင်မူ တစ်ယောက်ထဲသာ ကျန်နေခဲ့သည် ။
အခန်း နံရံတွင် လေးထောင့် ပြတင်းပေါက်ငယ်လေးတစ်ခု ရှိနေ၏ ။ ညအချိန်ဖြစ်သဖြင့် လရောင်ဖျော့ဖျာ့က ထိုပြတင်းပေါက်ငယ်မှ ဖြာကျနေပြီး ကြမ်းပြင်ပေါ်တွင် အလင်းရောင်အကွက်တစ်ခု ဖြစ်ပေါ်စေသည် ။ မြူမှုန့်များက ထိုအလင်းတန်းထဲတွင် လွင့်မျောနေလေ၏ ။
လေထုက အနံအသက် သိပ်မကောင်း ။ အညစ်အကြေးနံ့များနှင့် မှိုနံ့ ရောစပ်ထားသည့် အောက်သိုးသိုးနံ့က ဖုံးလွှမ်းထားသည် ။
ချောင်မူက ခြေလှမ်းအနည်းငယ် လှမ်းလိုက်လျှင် သံကြိုးအား စောင့်ဆွဲလိုက်သလို ဖြစ်ပြီး သံကြိုးသံက အခန်းငယ်ထဲတွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏ ။
Chapter 74
~
အခန်း ၇၄
~
" တိတ်ဆိတ်နေတာပဲ.. "
ချောင်မူက လရောင်ခံရင်း မျက်လုံးမှိတ်ထား၏ ။
သူသည် ခန့်အပ် ခံထားရသည်မှာ မကြာသေးသော လူဆိုးထိန်းဖြစ်သဖြင့် သူ့အား လာရောက်ဖမ်းဆီးသူများမှာ တပ်မှူးတစ်ယောက်နှင့် သာမန်တပ်သာစ များသာဖြစ်၏ ။
ချောင်မူသည် အဆင့်၆ သိုင်းပညာရှင် မှန်း မည်သူမှ မသိကြပေ ။ အဆင့် ၉ သိုင်းပညာရှင်ဟုသာ ထင်မှတ်ကြ၍ သာမန်သံကြိုးများကို အသုံးပြုထားကြသည် ။ အဆင့် ၆ သိုင်းပညာရှင်၏ ခွန်အားက သံကြိုးကို ဖျက်ဆီးနိုင်မည်လော ။ သူ စမ်းသပ်ချင်စိတ်မရှိ ။
ထောင်အခန်းလေးက တိတ်ဆိတ်နေသဖြင့် ချောင်မူ သဘောကျနေ၏ ။ သူ ထွက်သွားလိုစိတ်ပင် မရှိ ။ သူ့တွင် ထာဝရအသက်ရှိနေ၍ မည်သည့်နေရာတွင် မဆို ပျော်တက်နေလေပြီ ။
" အဟမ်း..."
ခဏအကြာတွင် ချောင်းဟမ့်သံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည် ။
" ညီလေး.. ညီလေး ပုံစံနဲ့ဆို ဒီလို နေရာကို ခဏခဏ ရောက်ဖူးပုံပဲ.. "
စကားပြောလိုက်သူက အနီးရှိ အခန်းတစ်ခုမှ အသက်ခြောက်ဆယ်ခုနှစ်ဆယ်ခန့်ရှိ အဘိုးအို တစ်ဦးဖြစ်သည် ။ ပိန်ပိန်ပါးပါး ခန္ဓာကိုယ် ၊ သွေးဆုတ်နေသော မျက်နှာနှင့် ဝါညစ်ညစ် အသားအရေ ရှိနေ၍ ထောင်ကျနေသည်မှာ ကြာပြီဖြစ်ပြီး ကျန်းမာရေးမကောင်းမှန်း သိသာနေပေသည် ။
" ညီလေး.. ဒီကို ဘာအမှူနဲ့ ရောက်လာတာလဲ.. "
" ဧကရာဇ်ကို လူကြားထဲ ဝေဖန်မှု.. "
အဘိုးကြီး..... " ....."
" မင်း လျောက်ပြောမနေနဲ့.. အဲ့အမှုနဲ့ဆို မင်းသေတာ ကြာလှပြီ ခုလို တည်ငြိမ်နေနိုင်မှာ မဟုတ်ဘူး.. "
အဘိုးကြီးက သံသယဝင်သွားပြီး ပြောလိုက်၏ ။
" သေတာကြာပြီတဲ့လား.. "
ချောင်မူက ထိုစကားကို ကြားလျှင် နောင်တရသော အသံဖြင့် သက်ပြင်းချလိုက်၏ ။
" ကျုပ် တကယ်ဆို ဧကရာဇ်ကို ထိုင်ဆဲ နေလိုက်ရမှာ.. အဲ့တာဆို တဖြည်းဖြည်းချင်း ညှင်းပန်းနှိပ်စက်ပြီး အသတ်ခံရမှာ.. "
" အဲ့ ကွက်မျက်တဲ့ ပုံစံကို ခင်ဗျားသိတယ်မှတ်လား..အဲ့တာမျိုး စီရင်တာ နည်းတယ်တဲ့.. အဲ့လိုသာဆို လူတွေ ဝိုင်းအုံပြီး ကြည့်နေလောက်တယ်.. "
အဘိုးကြီး ဆွံ့အနေ၏ ။ သူ ထောင်ထဲရောက်နေစဥ် အပြင်လောကကြီးက ဤမျှ ပြောင်းလဲ သွားသည်လော ။ အပြင်လူ၏ စကားများကို သူလိုက်မမီနိုင်တော့ ။
သူက ထစ်ထစ်အအနှင့် စကားလမ်းကြောင်းပြောင်းလိုက်၏ ။
" ညီလေး.. ခုန ထောင်အစောင့်တွေ ပြောသွားတာ ညီလေးက လူဆိုးထိန်းခေါင်းဆောင် အသစ်ဆို.. "
" ဟုတ်ပါတယ်.. ဘာလို့လဲ.. "
" အဲ့တာဆို မင်းမှာ နောက်ခံရှိလား.. မင်းတို့ မိသားစုမှာ သြဇာအာဏာရှိတဲ့ အကြီးအကဲတွေ ရှိလား.. "
ချောင်မူ ခဏစဥ်းစားကြည့်လိုက်၏ ။ သူ၏ ချောင်မိသားစုသည် အဆုံးမရှိသဖြင့် အနာဂတ်တွင် သြဇာအာဏာရှိသည့် အကြီးအကဲ ရှိသည်ဟု ပြောလျှင် မှားမည်မထင် ။
" ခင်ဗျား ထင်ထားသလိုတော့ မဟုတ်ပေမဲ့ ရှိတယ်လို့ ပြောလို့ရပါတယ်.. "
ချောင်မူက မရေမရာ ပြောလိုက်သည် ။
" ညီလေးက သာမန်လူ မဟုတ်ဘူးဘဲ.. "
အဘိုးကြီးက အံသြတကြီး ပြောလိုက်သည် ။ သူ ခဏတာ စဥ်းစားပြီးမှ ထပ်ပြော၏ ။
" တကယ်တော့ ကျုပ် ငယ်ငယ်က ချမ်းသာတဲ့ သူတွေ ဆီကနေ ခိုးပြီး သာမန်လူတွေကို မျှဝေပေးတဲ့ ကောင်းတဲ့ သူခိုး တစ်ယောက်ပါ .. နောက်ဆုံး ချမ်းသာတဲ့ မိသားစု တစ်ခုထဲ ဝင်ခိုးရင်း အဖမ်းခံ ခဲ့ရတာ.. "
" အဲ့မိသားစုက ကလေးတစ်ယောက် မျိုးနွယ်ခြားလို့ ဘယ်သူထင်မိမှာလဲ.. "
" မျိုးနွယ်ခြားက ခင်ဗျားကို ဖမ်းခဲ့တာလား.. "
ချောင်မူ စိတ်ဝင်စားသွား၏ ။ သိုင်းပညာရှင်နှင့် ကျင့်ကြံသူများ ၏ ကွာခြားချက်ကို သူ သိချင်သည် ။
" မျိုးနွယ်ခြားနဲ့တောင် မတွေ့လိုက်ရပါဘူး.. သူတို့အိမ်မှာ မျိုးနွယ်ခြားရှိတော့ မြို့စောင့်တပ်က ဖားပြီး သူတို့အိမ်နားမှာ ကင်းလှည့်ပေးတယ်လေ ..သူတို့နဲ့ တိုးပြီး ကျုပ် အဖမ်းခံလိုက်ရတာ.. "
" ကျုပ် ထောင်ထဲ ရောက်နေပေမဲ့ အပြင်မှာ ဖွက်ထားတဲ့ ပစ္စည်းတချို့ ရှိနေသေးတယ်.. ဆင်းရဲသားတွေကို ခွဲဝေပေးဖို့ အဆင်မပြေတဲ့ ပစ္စည်းတွေပါ စုစုပေါင်းတန်ဖိုး ငွေစ ထောင်ပေါင်းများစွာ လောက်တန်မယ် .."
" ညီလေးသာ လွတ်မြောက်ဖို့ နည်းလမ်းရှိလို့ အကို့ကိုပါ ခေါ်သွားနိုင်ရင် ဒီပစ္စည်းတွေအကုန် ညီလေး အတွက်ပဲ.. "
" သြော်..."
ချောင်မူက သဘောလည်းမတူ ၊ ကန့်လည်း မကန့်ကွက် ။ အနှီအဘိုးကြီးက ဖြောင့်မတ်သည့် သူခိုးဟန်ဆောင်ပြီး ကုန်းဆင်းချင်ပုံရ၏ ။
" ကျုပ်မှာ နည်းလမ်း ရှိပေမဲ့ လူတိုင်းအတွက် မလွယ်ဘူးနော်.. "
ချောင်မူက အလေးမထားဟန်ဖြင့် ပြောလိုက်သည် ။
" ဆက်ပြောပါအုံး.. ကျုပ် အသက်အရွယ်ကို ကြည့်ပြီး အထင်မသေးပါနဲ့ ကျုပ်မှာ အရည်အချင်းနဲနဲတော့ ရှိပါသေးတယ်.. "
အဘိုးကြီးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် ။
ချောင်မူက လေးနက်သည့်ဟန်ဖြင့်...
" ပထမဦးဆုံး ခင်ဗျား အပြစ်အကြီးဆုံး ပြစ်မှုကို ကျူးလွန်ရမယ်.. "
" ဒုတိယ အနေနဲ့ ကွက်မျက်တဲ့ နေရာ ရောက်ရင် ကွက်မျက်မယ့်သူကို ထမင်း စားပြီးပြီလား မေးရမယ်.. "
အဘိုးကြီးက မည်သို့မည်ပုံ စဥ်းစားရမည်မသိ ဖြစ်သွား၏ ။ ထမင်းစားပြီးပြီလား ဟူသည်က လျှို့ဝှက်ကုတ် တစ်မျိုး ဖြစ်နေသည်လော ။ ဤ လူသစ်က ကွက်မျက်သူနှင့် အပေးအယူလုပ်ထား၍ ထိုစကားကို ပြောလိုက်လျှင် ထွက်ပြေးရန် လမ်းစ ရှာတွေ့မည်လော ။
သို့သော်လည်း ကွက်မျက်သည့် နေရာအထိ ရောက်နေသည်ဖြစ်၍ ချက်ချင်း ကွက်မျက်ခံရတော့မည်ဖြစ်သည် ။ မည်သို့ ထွက်ပြေးရပါမည်နည်း ။
" ပြီးတော့ရော.. "
အဘိုးကြီးက စိတ်အားထက်သန်စွာ မေးလိုက်၏ ။
" ပြီးတော့.. ပြီးသွားပြီလေ ဘာဆက်ပြောရမှာတုန်း .."
ချောင်မူက မျက်လုံးပြန်မှိတ်လိုက်ပြီး လျစ်လျူရှုထားလိုက်တော့၏ ။
အဘိုးကြီး က ခဏတာ စဥ်းစားကြည့်ပြီးမှ သဘောပေါက်သွား၏ ။ ဤလူ၏ ခေါင်းက မှားယွင်းနေသည်လော ။ သို့မဟုတ် သူ့အား တမင်စနောက် နေသည်လော ။
" ဟားဟားဟားဟား...."
အဘိုးကြီးက စိတ်ပျက်လက်ပျက် ရယ်လိုက်မိ၏ ။ ဤသူငယ်ချင်းအသစ်၏ နည်းလမ်းမှာ သူလုပ်နိုင်သည့်အရာမဟုတ် ။
……………
ဟဲရန်မြို့၏ ခြံဝင်းတစ်ခုထဲတွင်...
ယန်ဧကရာဇ်က မျက်ခုံးနှစ်ခု ထိလုနီးပါး မျက်မှောင်ကြုတ်ပြီး ခြံဝင်းထဲတွင် စက်ဝိုင်းပုံ လှည့်ပတ်လျှောက်နေ၏ ။
သူ ယခုအထိ ချောင်မူ ပြောခဲ့သည်များကို မမေ့နိုင်သေးပေ ။ ဤနှစ်များတလျောက် တစ်ခါမျှ ဤသို့ အပြောခံရဖူးခြင်းမရှိ ။ အထူးသဖြင့် နောက်ဆုံး ပြောခဲ့သည့် အကြောင်းအရာပင် ။
" ငါက ငါ့လုံခြုံရေးအတွက် ပြည်သူတွေကို ထိုးကျွေးနေတယ်လို့ ချောင်ပိုင်ဖူက သံသယဝင်နေတာလား.. "
သူ ၏ မျက်နှာက ပို၍ လေးနက်လာ၏ ။ ချောင်ပိုင်ဖူသာ သာမန်လူဖြစ်နေပါက လက်ဖက်ရည်ဆိုင်ထဲတွင်ပင် အသတ်ခံလိုက်ရမည်ဖြစ်သည် ။ သို့ရာတွင် ချောင်ပိုင်ဖူက သာမန်လူမဟုတ် ။ ဝမ်စုန့်ဟဲ ကိုယ်တိုင် စေလွှတ်ထားသူဖြစ်၏ ။
ဝမ်စုန့်ဟဲသာ အသက်ရှင်နေပါက ယခုအချိန်တွင် အသက် ၇၀ နီးပါး ရှိပြီး မီးစာကုန်ဆီခမ်းလုနီးပါး ဖြစ်နေလေပြီ ။ ထို့ကြောင့် ချောင်ပိုင်ဖူအား ဟဲရန်မြို့ကိုအုပ်ချုပ်စေလို၍ စေလွှတ်ချင်း ဖြစ်နေမည်လော ။ ထို့အပြင် ချောင်ပိုင်ဖူ၏ နိုင်ငံရေးအမြင်က ဝမ်စုန့်ဟဲထံမှ ဆင်းသက်လာခြင်းဖြစ်သည် ။
ယန်ဧကရာဇ်သည် ငယ်ရွယ်စဥ်ကတည်းက ဝမ်စုန့်ဟဲအား လေးစား ခဲ့သူဖြစ်၏ ။ တိုင်းပြည်အတွက် ကိုယ်ကျိုးမငဲ့ဘဲ အသက်စွန့်ရဲသူ ဖြစ်သဖြင့် သူ၏ စံပြ ပုဂ္ဂိုလ်လည်း ဖြစ်သည် ။ သူ စဥ်းစားနေစဥ် အစောင့်ချူးက ခြံဝင်းထဲသို့ ဝင်လာပြီး အမြန်လျောက်တင်လိုက်သည် ။
" အရှင်.. ချောင်ပိုင်ဖူကို စစ်သည်တွေ ဖမ်းသွားပြီး ထောင်ထဲထည့်ထားပါတယ်.. "
" ကြည့်ရတာ လက်ဖက်ရည်ဆိုင်မှာ စကားပြောခဲ့တာကို တယောက်ယောက်က သွားတိုင်တဲ့ပုံပဲ.. ဒီမြို့က အရာရှိ တစ်ယောက်က ချက်ချင်း အရေးယူလိုက်တာထင်တယ်.. "
" ဟမ်..."
ယန်ဧကရာဇ်၏ မျက်လုံးက ကျဥ်းမြောင်းသွားပြီး...
" ဒီလူက ကွက်မျက်ခံရမယ် ဆိုရင်တောင် အမိန့်ပေးသူက ငါပဲ ဖြစ်ရမယ်.. "
" ဒါဆို ဟဲရန်မြို့စား လော့ကို ပေါ့ပေါ့ဆဆ မလုပ်မိအောင် အကြောင်းကြားလိုက်ရမလား.. "
" မလိုဘူး.. "
ယန်ဧကရာဇ်က စိတ်မရှည်ဟန်ဖြင့် ...
" ဧကရာဇ်ကို စော်ကားတဲ့ ဒီလို ရာဇဝတ်မှုမျိုးကို အပြစ်မပေးဘူးဆိုရင် ဧကရာဇ်ရဲ့ ဂုဏ်သိက္ခာကို ဘယ်လို ထိန်းသိန်းရမှာလဲ.. သူ့ကို မသတ်ဘူးဆိုပေမဲ့ ထောင်ထဲမှာ ရက်နည်းနည်းလောက် ပစ်ထားလိုက်.. ပြီးမှ ပြန်ထုတ်ပေးမယ် .."