အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
Chapter 79
~
အခန်း ၇၉
~
နတ်ယစ်မူးစားတော်ဆက်သည် ဟဲရန်မြို့၏ ဇိမ်ခံ စားသောက်ဆိုင် ဖြစ်၏ ။ နေ့စဥ် စားသုံးသူ မများသော်လည်း လာသမျှ ဖောက်သည်များမှာ အရာရှိများနှင့် ချမ်းသာသည့် ကုန်သည်များသာ ဖြစ်ကြသည် ။
ယနေ့ စားပွဲထိုးက ပျင်းရိစွာ ငိုက်နေစဥ် ဝင်ပေါက်တွင် လူဆိုးထိန်းနှစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရ၏ ။
' လက်ထောက်ချန်ပါလား.. ဒီရပ်ကွက်ထဲ ဘာဖြစ်လို့ပါလိမ့်.. '
စာပွဲထိုးက ရှုပ်ထွေးဟန်ဖြင့် အပြင်သို့ ထွက်လာ၏ ။ နတ်မူးယစ် စားတော်ဆက်ပိုင်ရှင်သည် သာမန်ချမ်းသာသူမဟုတ် ။ မြို့စားနှင့် ဆက်စပ်မှု ရှိသည်ဟု သတင်းထွက်နေသူဖြစ်၏ ။ ထို့ကြောင့် ဤဆိုင်သို့ လူဆိုးထိန်းများ အနားမသီရဲပေ ။
စားပွဲထိုးက အနီးအနား ရပ်ကွက်တစ်ခုခုတွင် လူသတ်မှု ဖြစ်၍ လာစုံစမ်းသည်ဟု ထင်လိုက်၏ ။
" မင်း ပုံစံက ဘာဖြစ်နေတာလဲ.. ဒီနေ့ ငါနဲ့ ခေါင်းဆောင်ချောင် အတူသောက်မလို့လာတာ.."
ချန်ချန်က စိတ်မရှည်စွာဖြင့် စီး၍ ဟောက်လိုက်၏ ။
" ဆရာတို့ နှစ်ယောက် ကြွပါ ကြွပါ.. "
စားပွဲထိုးက မျက်နှာချိုသွေးလိုက်ပြီး ချောင်မူတို့နှစ်ယောက်ကို ခန်းမ၏ ထောင့်တစ်နေရာသို့ ခေါ်သွား၏ ။
ဤကဲ့သို့ စားသောက်ဆိုင်မျိုးသည် လာစားသူ မည်သူကိုမှ မချေမခံ မဆက်ဆံပေ ။ စားပွဲထိုးများက ဖော်ရွှေကြ၏ ။
ချန်ချန်ကသာ လူကဲခတ် တော်နေသဖြင့် စားပွဲထိုး၏ အမူအရာကို မြင်မိခြင်းပင် ။ သူ သိပ်မကျေနပ်သော်လည်း အားတင်း၍ ပြုံးလိုက်ပြီး ဟင်းပွဲများ မှာလိုက်သည် ။
' ဟူးး..ငါတို့လို မတက်နိုင်တဲ့ ဆင်းရဲသားတွေ ဝင်လာလို့ အံ့သြနေတာ သူ့အပြစ်မဟုတ်ပါဘူး.. '
" ခေါင်းဆောင်ချောင်.. ဒါ ဒီဆိုင်ရဲ့ အထူးဟင်းလျာ သုံးရောင်သမင်သားစွပ်ပြုတ်..သုံးဆောင်ကြည့်ပါအုံး.. "
" ဒီစွပ်ပြုတ်က တော်တော်လေး အဖိုးတန်တယ်.. သုံးရောင်သမင်က ချင်းမင် တောင်တန်းတွေပေါ်မှာ နေတဲ့ ဆန်းကြယ်တဲ့ သားရဲလေ.. သူ့အသားက စွမ်းအင်အများကြီးပါတော့ သိုင်းပညာရှင်တွေအတွက် အများကြီးကောင်းတယ် .."
ချန်ချန်က ရက်ရောဟန်ဖြင့် တဇွန်းခတ်ကာ ချောင်မူ၏ ခွက်အတွင်းသို့ ထည့်လိုက်သော်လည်း မသိစိတ်ကြောင့် တိုးတိုးလေး ရေရွတ်လိုက်မိ၏ ။
" တစ်လစာလေး.."
" ဘာလလဲ .."
စွပ်ပြုတ်သောက်ရန် ပြင်နေသည့် ချောင်မူက ခပ်ပေါ့ပေါ့ မေးလိုက်၏ ။
" ဘာ..ဘာမှ မဟုတ်ပါဘူး..ဒီတိုင်း ပါးစပ်က ထွက်သွားတာပါ.. "
ချန်ချန်က ခေါင်းကုတ်ပြီး ရှက်ရယ် ရယ်လိုက်၏ ။
" ရှင်းရှင်းလင်းလင်း ပြောပါ.. "
ချောင်မူက တူကို ချလိုက်ပြီး ချန်ချန်အား စေ့စေ့ကြည့်လိုက်၏ ။ သူ သေရမည်ကို မကြောက်သော်လည်း တခြားသူများနှင့် ဆက်ဆံရာတွင် သတိထားတက်၏ ။ ချန်ချန်က သူ့ကို အဆိပ်ခတ်လိမ့်မည်ဟု မထင်သော်လည်း သတိထားသည်က မမှားပေ ။
" တကယ်တော့ ..တခြားဘာအဓိပ္ပါယ်မှ မဟုတ်ပါဘူး.. "
ချန်ချန်က ရှက်ရွံစွာပြုံးလိုက်ပြီး...
" ဒီစွပ်ပြုတ်က အထူးဟင်းလျာဆိုတော့ တစ်ပွဲကို ကျုပ် တစ်လစာ လစာ လောက်ရှိတယ်.. စိတ်မရှိပါနဲ့.. "
' အော် သူက ငွေကုန်လို့ ညည်းနေတာကိုး..'
ချောင်မူက စွပ်ပြုတ်တစ်ခွန်း မြည်းကြည့်လိုက်၏ ။ အရသာက အမှန်တကယ်ပင် ကောင်းလွန်းလှသည် ။
ချန်ချန်က..
" ဒါ နတ်မူးယစ်စားတော်ဆက်က အင်မော်တယ်အရက်ပါ.. အင်မော်တယ်တွေတောင် သောက်ပြီးရင် မူးတယ်လို့ ပြောကြတယ်.. ဒါက စွပ်ပြုတ်ထက်တောင် အဖိုးတန်သေးတယ်.. "
" ဘာလဲ အဖိုးတန်တယ်ဆိုတော့ ပိုစျေးကြီးတယ်ပေါ့.. "
ချောင်မူက စနောက်လိုက်၏ ။ ထို့နောက် ချန်ချန်က ဟင်းပွဲတစ်ခု မိတ်ဆက်ပြီးတိုင်း စျေးနှုန်းကို ညည်းနေသဖြင့် ချောင်မူ မပျော်တော့ ။ ဤအစားအစာများအား စျေးမပြောဘဲ စား၍ မရသည်လော ။
ထို့နောက် ချောင်မူက...
" လက်ထောက်ချန်.. ပိုက်ဆံဆိုတာ ရုပ်ဝတ္ထုပစ္စည်း ပဲလေ.. ခုဒီမှာ စားနေပြီဆိုတော့ စျေးပြောနေတာ အဓိပ္ပါယ် မရှိဘူးမှတ်လား.. "
ချန်ချန်က ခဏတာ တုန့်ဆိုင်းသွားပြီး ခါးသီးဟန်ဖြင့် ပြုံးလိုက်ကာ..
" ကျုပ်တောင်းပန်ပါတယ်.. ကျုပ်က သာမန် မိသားစုကပါ ..ခုအသက် ၃၀ ကျော်ပြီ.. ခွန်အားလည်း လျှော့ကျလာပြီဆိုတော့ မစဥ်းစားဘဲ မနေနိုင်ဖြစ်နေမိလို့ပါ.. ခေါင်းဆောင်ချောင်တို့လို အံ့သြစရာကောင်းတဲ့ မိသားစုမျိုးနဲ့ ဘယ်တူမလဲ.. "
ချန်ချန်က သူစကားများလွန်းနေမိသည်ကို နားလည်သွားပြီး သူယူလာသည့် သိုင်းကျမ်းနှစ်ခုကို ထုတ်ပေးလိုက်၏ ။
ချောင်မူက ယူကြည့်လိုက်သည် ။
' အပြင်သိုင်း ရွှေခေါင်းလောင်းဒိုင်းနဲ့.. ကိုယ်ဖော့သိုင်း အရိပ်ခြေလှမ်း ဆိုပါလား.. '
ချန်ချန်က...
" ရွှေခေါင်းလောင်းဒိုင်းက ကျုပ်ရဲ့ အဓိက သိုင်းကျမ်းပါ.. အသက် ၂၈ တုန်းက လူဆိုးထိန်းချုပ် လုပ်ခဲ့သေးတယ်လေ.. အဆင့် ၈ သိုင်းပညာရှင် အဆင့်အထိ ရောက်ခဲ့ပေမဲ့ အပြင်သိုင်းဆိုတော့ နောက်ပိုင်း ပြန်ဆုတ်ရုတ်လာတာပေါ့.. ဒီသိုင်းက ကျုပ်အသက်ကို ခဏခဏ ကယ်ခဲ့ဘူးတယ်လို့ ပြောရမယ်.. "
ချောင်မူက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည် ။ သူ့တွင် ထိပ်တန်းသိုင်းကျမ်းများစွာ ရှိသော်လည်း အပိုကျွမ်းကျင်မှု ရှိနေသည်က ပိုကောင်းလေသည် ။
" ပြီးတော့ အရိပ်ခြေလှမ်းက.. "
ချန်ချန် ခဏတာ တွန့်ဆုတ် သွားပြီးမှ...
" တကယ်တော့ ကျုပ်တို့ ဘိုးဘေးတွေက သူခိုးတွေလေ.. ဒီသိုင်းကျမ်းက မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာတဲ့ အမွေတစ်ခုပါ.. တိတ်တဆိတ် ရွေ့လျားနည်း ..အရိပ်ထဲမှာ ပုန်းတဲ့နည်း.. နံရံတွေ ခေါင်မိုးတွေပေါ်ကို တွယ်တက်တဲ့နည်းတွေ အများကြီးပါတယ်.. ဒီသိုင်းက ရွှေခေါင်းလောင်းဒိုင်းထက်တောင် ပိုအဆင့်မြင့်သေးတယ်.. ကျုပ်တောင် ခုမှ အစပြုသူ အဆင့်ပဲ ရှိသေးတာ.. "
ချောင်မူ အနည်းငယ် အံ့သြသွားသည် ။ သူ့တွင် ကိုယ်ဖော့သိုင်း မရှိသေးပေ ။ အတွင်းအားနှင့် သန်မာသော ခန္ဓာကိုယ်ကိုသာ အားကိုးနေရ၏ ။ ကိုယ်ဖော့သိုင်းကောင်းကောင်းသာ ရပါက အားနည်းချက် မရှိသလောက် ဖြစ်သွားမည်ပင် ။ တခြားသူများ တစ်ဘဝလုံး လေ့ကျင့်ရသော်လည်း သူသည်တော့ အကြိမ်အနည်းငယ် သေလိုက်လျှင် ကျွမ်းကျင်ပြီးသားဖြစ်၏ ။
ချောင်မူက လေးနက်သည့်ဟန်ဖြင့်...
" လက်ထောက်ချန် ဒီသိုင်းကျမ်းတွေက ကျုပ်အတွက် အများကြီး အထောက်အကူဖြစ်တယ်.. အရင်က ဖြစ်ခဲ့တာတွေကို မေ့ထားလိုက်ရအောင်.. "
သူ ပြောလိုက်သည်က ချန်ချန် စိတ်အေးသွားအောင်ပင် ။ ချန်ချန်၏ လုပ်ရပ်ကြောင့် သူစိတ်မဆိုးခဲ့ချေ ။
ဤစကားကို ကြားလျှင် ချန်ချန် စိတ်သက်သာရာ ရသွား၏ ။
ခဏကြာအောင် စားသောက်ပြီးနောက် ချောင်မူက သိုင်းလေ့ကျင့်တော့မည်ဖြစ်ကြောင်း တောင်းပန်၍ ပြန်သွားသည် ။
ချန်ချန်က စားကြွင်းစားကျန်များကို ကြည့်ရင်း အနည်းငယ် နောင်တရမိနေ၏ ။
" ငါ့ သုံးလစာလေး.. "
သူက အသင့်ယူလာသော ဗူးတစ်ဗူးကိုထုတ်ပြီး စားကြွင်းစားကျန်များအားလုံးကို စုထည့်လိုက်သည် ။
ချန်ချန်၏ အိမ်နေရာမှာ မြို့မြောက်အရပ်ရှိ ချောင်မိသားစု၏ ခြံအနီးတွင် ရှိလေသည် ။
ချောင်မိသားစု၏ ခြံဝင်းမှာ ရွမ်ထျန်းဘုရားကျောင်း ဖြစ်သွား၍ ဘုရားဖူးများ အဆက်မပြတ် စည်ကားနေ၏ ။
ချန်ချန်က ဘုရားဖူးများကို ရှောင်ဖယ်ရင်း သူ့အိမ်သို့ ပြန်ရောက်လာသည် ။
သူ တံခါးဖွင့်၍ ဝင်လိုက်လျှင် ချစ်စရာကောင်းသော ကလေးမလေးတစ်ယောက်က ပြေးလာပြီး သူ့ခြေထောက်ကို ဖက်ထား၏ ။
" သမီးလေး ဂျီကျမနေနဲ့.. ဒီနေ့ သမီးစားဖို့ အရသာရှိတာလေးတွေ ဖေဖေ ယူလာတယ်.. "
………..
ရွှမ်ထျန်း ဘုရားကျောင်းသည် ရွှမ်ထျန်းဂိုဏ်း၏ အဓိက အဆောက်အအုံဖြစ်သော်လည်း ဤခြံဝင်းတစ်ခုတည်းမဟုတ်ပေ ။ မြို့မြောက်ဘက်၏ တဝက်ခန့်မှာ ရွှမ်ထျန်းဂိုဏ်း အပိုင်ဖြစ်သည် ။ ချောင်မိသားစု ခြံဝင်း၏ နောက်ရှိ တောင်အငယ်လေးပင် ပါဝင်၏ ။
ရွှမ်းထျန်းဘုရားကျောင်းသည် ဘုရားဖူးများ အမွှေးတိုင်ပူဇော်ရာ နေရာဖြစ်ပြီး တောင်အငယ်လေးတွင် ဂိုဏ်းသားများ နေထိုင်ကြသည် ။
" ဝေါင်းးးး...."
ပြင်းထန်သည့် ဟိန်းဟောက်သံကြောင့် လေထုတုန်ခါသွားပြီး တာအိုဝတ်ရုံ ဝတ်ဆင်ထားသော ရွှမ်ထျန်းဂိုဏ်းမှ တပည့်များ ကြောက်ရွံ့စွာ နောက်သို့ ဆုတ်လိုက်မိကြ၏ ။
သူတို့၏ ရှေ့တွင် အလျား သုံးမီတာနှင့် အနံ ၂ မြင့်သော ကျားဖြူကြီးတစ်ကောင် ရှိနေ၏ ။ ကျားဖြူကြီး၏ ကျောတွင် အတောင်နှစ်ခုရှိပြီး တစ်ကိုယ်လုံးစွတ်စွတ်ဖြူနေကာ မြကျောက်သဖွယ် မျက်လုံးများ ပိုင်ဆိုင်ထားသည် ။
ယခုအချိန်တွင် ထိုကျားဖြူကြီးက အစွယ်ထုတ်ပြီး ဂိုဏ်းတပည့်များကို ဟိန်းဟောက်နေ၏ ။ ဟိန်းဟောက်သံကြောင့် လေပြင်းများဖြစ်ပေါ်လာပြီး တပည့်များ လွင့်ထွက်သွားကြသည် ။
Chapter 80
~
အခန်း ၈၀
~
" စီနီယာအစ်မ မင်ယွဲ့.. ဒီကျားက ကြောက်စရာကောင်းလိုက်တာ.. အစ်မ ထွက်မသွားပါနဲ့ဦး .. "
ငယ်ရွယ်သော တပည့်တစ်ဦးက တောင်းပန်လိုက်၏ ။
" ဟုတ်တယ်.. ဟုတ်တယ်..ဝိညာဥ်သားရဲကို စောင့်ရှောက်ဖို့က ကျွန်တော်တို့ တာဝန်လေ.. စီနီယာအစ်မ ခဏခဏ အပြင်ထွက်နေတာ.. သူတော်စင်သာ ကျင့်ကြံတဲ့နေရာက ထွက်လာပြီး အပြစ်ပေးရင်.. "
" ဘာပဲဖြစ်ဖြစ် သူတော်စင်မ မျိုးရိုနာမည်က ဝူပဲလေ.. "
သူတော်စင်မအကြောင်း စဥ်းစားမိတိုင်း သူတို့အားလုံး အံ့သြရစမြဲပင် ။
ရွှမ်ထျန်းဂိုဏ်း၏ သူတော်စင်မ ဝူချင်ရှင်း ။ ဝူ မျိုးရိုးနာမည်က အဆန်းမဟုတ်သော်လည်း သူမ ငယ်ရွယ်စဥ်အခါက သိုင်းသူတော်စင်၏ တပည့်တစ်ဦး ဖြစ်ခဲ့ဘူး၏ ။ နောက်ပိုင်းတွင် သူမက သိုင်းသူတော်စင်ကို သစ္စာဖောက်ပြီး ရွှမ်ထျန်းဂိုဏ်းတွင် ခိုလှုံခဲ့ကာ ဂိုဏ်း၏ သူတော်စင်မ ဖြစ်လာခဲ့သည် ။
" ပါးစပ်ပိတ်ထား.. ငါဘာလုပ်ရမယ်ဆိုတာကို နင်တို့ ပြောနေစရာမလိုဘူး.. "
မင်ယွဲ့က အော်ငေါက်လိုက်ပြီး ဒေါသထွက်နေသော မျက်လုံးပြာကျားပျံ ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏ ။
မင်ယွဲ့ ရှေ့တွင်တော့ ကျားကြီး၏ နာခံစွာ ငြိမ်သက်နေ၏ ။
' ဒီအရူးတွေ ဘာမှမသိဘူး.. '
မင်ယွဲ့က ကျားကြီးကို နူးညံ့ညင်သာစွာ နှစ်သိမ့်ပေးနေသော်လည်း သူမ၏ မျက်လုံးထဲတွင် ရက်စက်မှုများ ထင်ဟပ်နေသည် ။
ဤမျက်လုံးပြာကျားပျံသည် အရွယ်မရောက်သေးသော်လည်း အဆင့် ၆ သိုင်းပညာရှင်တစ်ယောက်ကို အလွယ်တကူအနိုင်ယူနိုင်၏ ။ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများသည် သိုင်းပညာရှင်များနှင့် မခြားသဖြင့် မျက်လုံးပြာကျားပျံ သာ ရိုင်းစိုင်းသွားပါက အကုန်ဒုက္ခရောက်ကြပေမည် ။
မင်ယွဲ့သည် ဝိညာဥ်သားရဲများ မွေးမြူရာတွင် ပါရမီရှိ၍ သူတော်စင်မက မျက်နှာသာပေးထား၏ ။ သူမ၏ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှုကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါလေသည် ။
' ဒီကျားစုတ်သာ ရူးမသွားရင် ငါ့အရည်အချင်းကို ဘယ်ပြလို့ရမလဲ.. သူတော်စင်မက ငါ့ကို ဘယ်လိုလုပ် အထင်ကြီးပါတော့မလဲ.. သူ အပြင်ခဏခဏ မထွက်တော့ ငါအပြင်သွားတာ ဘာမှမဖြစ်ဘူး.. "
မင်ယွဲ့သည် ဤရက်များအတွင် ဝိညာဥ်ဖမ်းသားရဲကြောင့် အပြင်ခဏခဏ ထွက်နေရ၏ ။ ကျားပျံသည် သူမကို မတွေ့ရသဖြင့် မကြာခဏ စိတ်ရိုင်းဝင်လာခြင်းဖြစ်သည် ။
' ဝိညာဥ်ဖမ်းသားရဲကို ရှာတွေ့ရင် ဒီကိစ္စလောက်က ဘာမှ မဟုတ်တော့ဘူး..'
မင်ယွဲ့က ကျားပျံကို ချော့မော့ပြီးနောက် သူမ၏ အိတ်ကပ်ထဲမှ စက္ကူကြိုးကြာတစ်ကောင်ကို ထုတ်ယူပြီး လေဖြင့် ဖြေးဖြေးလေး မှုတ်လိုက်ရာ အသက်ဝင်လာ၏ ။ သူမက ကြိုးကြာပေါ်သို့ ခုန်တက်ပြီး လေပေါ်ပျံသန်းသွားတော့သည် ။
……………
နေ့တဝက်အကြာ ဟဲရန်ခရိုင်ရုံးတော်၌...
လူဆိုးထိန်းများ ပြန်လည်စုဝေးနေကြပြီး ထောင်မှလွတ်လာသော ချောင်မူသည်လည်း ပါဝင်၏ ။
ယခုအခါတွင် ရုံးတော်၌ ချောင်မူ၏ အကြောင်းကို မသိသူမရှိတော့ပေ ။
ချောင်မူသည် ဧကရာဇ်ကို အပြစ်တင်အပုတ်ချခဲ့သော်လည်း ပြန်လွတ်လာခဲ့၏ ။ ဤအမှုသည် ပုံမှန်ဆိုလျှင် သေဒဏ်သာ ဖြစ်ပြီး လွတ်မြောက်နိုင်မည် မဟုတ်ချေ ။
ဤသည်က လူဆိုးထိန်းများ၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားလေပြီ ။ မည်သို့သော နောက်ခံမျိုး ရှိနေ၍ ဤမျှကြီးမားသော ပြစ်ဒဏ်မှ လွတ်မြောက်နိုင်ပါသနည်း ။
သူတို့ သိနိုင်သည့် တစ်ခုတည်းသောအရာမှာ ချောင်ပိုင်ဖူကို ရန်မစ ရန်သာဖြစ်တော့သည် ။
ထို့ကြောင့် လူဆိုးထိန်းများသည် ချောင်မူအား အဘိုးတစ်ယောက်သဖွယ် နွေးထွေးစွာ ဆက်ဆံနေကြ၏ ။
လူအုပ်ကြားထဲတွင် ချန်ယင်းရွှယ်က ခေါင်းတထောင်ထောင် လည်တခါခါ ဖြင့် အနည်းငယ် မာန်တက်နေပုံရ၏ ။ သူမက ချောင်မူကို ရံဖန်ရံခါ ရန်လိုသည့် အကြည့်ဖြင့် စိုက်ကြည့်နေပေသည် ။ သူမ ရုတ်တရက် မေးလိုက်၏ ။
" ဒီနေ့ လက်ထောက်ချန် ဘာလို့ မလာတာလဲ .."
ချန်ချန်နှင့် ရင်နှီးသော လူဆိုးထိန်း တစ်ယောက်က ပြန်ဖြေလိုက်သည် ။
" လက်ထောက်ချန်က ဒီနေ့ ဗိုက်အောင့်ပြီး နေမကောင်းဖြစ်နေတယ်လို့ သတင်းပို့ခိုင်းထားပါတယ် .."
လူဆိုးထိန်းများ၏ ဆွေးနွေးသံများက ဆူညံလာ၏ ။
" ဟမ်..သိုင်းပညာရှင်တစ်ယောက်က ဒီလို ရောဂါမျိုး ဖြစ်သေးလို့လား .."
" လက်ထောက်ချန်က ဒီနှစ် အသက် ၃၅ နှစ် ကျော်လာပြီဟ.. သူက ငယ်ငယ်ထဲက အပြင်သိုင်းကို ဦးစားပေး လေ့ကျင့်တာဆိုတော့ ချီနဲ့သွေးစွမ်းအင် ကျဆင်းလာပြီ ..အရင်လို မကျန်းမာနိုင်တော့ဘူး.. "
" အာ...ငါသူ့ကို အသက် ၄၅ လောက် ထင်နေတာ.. "
" မနက်က ငါ့ကိုလည်း ပြောလိုက်တယ်.. သူ ရှားရှားပါးပါး အရသာရှိတဲ့ တစ်ခုခုကို အများကြီး စားမိလို့ ဆိုလားပဲ .."
ထို့နောက် လူဆိုးထိန်းများက ဝိညာဥ်ဖမ်းသားရဲ၏ အသေးစိတ်အချက်အလက်များကို ဆွေးနွေးကြတော့သည် ။
သာမန်အမှုကိစ္စများတွင် ရွှမ်ထျန်းဂိုဏ်း မပါဝင်သော်လည်း ယခုကိစ္စတွင် ပါဝင်နေသဖြင့် တပ်ချုပ်ချန်ယင်းရွှယ်အား အထူးတာဝန်ပေးထား၏ ။
" ဟူး... ငါ ချောင်ပိုင်ဖူ မရှိတော့ ဒီအမှုက တိုးတက်မှု မရှိပါလား.. "
ချောင်မူက သက်ပြင်းချလိုက်၏ ။
သူ့ နောက်လိုက် လူဆိုးထိန်းများက မျက်လုံးလှန်ကြည့်လိုက်ကြသည် ။ ချောက်ပိုင်ဖူသည် မည်သည့်အမှုတွင်မှ မပါဝင်ရသေးပဲ ယခုမှ ထောင်က လွတ်လာသူဖြစ်၏ ။ အမှုတစ်ခုမှ မကိုင်တွယ်ရသေးသူက မည်သည့်အတွက်ကြောင့် ဖျင်ဂေါင်းကျယ်နေပါသနည်း ။ သို့သော်လည်း သူတို့ တက်ကြွစွာဖြင့်...
" ခေါင်းဆောင်ချောင် ပြောတာ မှန်လိုက်တာ.. ကျုပ်တို့ ဆရာ့ကို မျှော်နေကြတာ.. ခုဆရာရောက်လာပြီဆိုတော့ ဒီအမှုက အေးဆေးဖြစ်သွားပြီ.. "
သူတို့ ဆွေးနွေးနေကြစဥ် စက္ကူကြိုးကြာတစ်ကောင်က လေပေါ်တွင် ပျံသန်းလာပြီး ကျင့်ကြံသူမင်ယွဲ့ ခုန်ဆင်းလာသည် ။
ကျင့်ကြံသူမင်ယွဲ့က စကားပြောရန် ပြင်လိုက်သော်လည်း တစ်ခုခုကို အာရုံခံမိသွားပြီး သူမ၏ အိတ်ထဲမှ အစိမ်းရောင်မီးအိမ်တစ်လုံးကို ထုတ်ယူလိုက်သည် ။ အစိမ်းရောင်မီးအိမ်ထဲတွင် လက်ညိုးအရွယ် ထူးဆန်းသော အပြာရောင် မီးတောက်တစ်ခု ရှိနေသည် ။
ကျင့်ကြံသူမင်ယွဲ့က ချောင်မူထံလို့ လျှောက်လာလျှင် မီးတောက်က ပိုပိုကြီးလာပြီး အနားသို့ ရောက်သောအခါ လက်သီးဆုပ်လောက်ပင် ဖြစ်သွားသည် ။
" ဒီနေ့တော့ ထီပေါက်ပြီ.. "
မင်ယွဲ့က မီးအိမ်ကို သေချာအာရုံစိုက်၍ ကြည့်လိုက်ပြီး...
" ငါ အရင်တစ်ခေါက်က ဖမ်းယူနိုင်ခဲ့တဲ့သားရဲရဲ့ အော်ရာကို သုံးပြီး ခြေရာခံ ကရိယာထဲမှာ ထည့်ထားတာ.. သူ့ နဲ့ နီးကပ်လာရင် မီးတောက်ပိုပြင်းလာတယ်.."
" မင်းအပေါ်မှာ အဲ့သားရဲရဲ့ အော်ရာက အားကောင်းနေသေးတယ်.. ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သားရဲကို မြင်ဖူးလား ..ဒါမှမဟုတ် သေခါနီး လူတစ်ယောက်ကို မြင်ဖူးလား.. "
ချောင်မူက အံ့အားသင့် သွား၏ ။
" ထောင်ထဲမှာ ဖြစ်နိုင်မလား..."
ချန်ယင်းရွှယ်က ညဏ်ကောင်းသဖြင့် ပထဆုံး ပြောလိုက်ပြီး...
" ထောင်ထဲမှာ လူတစ်ယောက် သေသွားတယ်လို့ သတင်းကြားမိလိုက်တယ်.. "
ချောင်မူ သဘောပေါက်သွားသည် ။ သေခါနီးအဘိုးချန်၏ အနားသို့ ကပ်လာသည်မှာ ထူးဆန်းသောကြောင်ပေါက်ငတုံးလေးသာဖြစ်၏ ။ သူက ခေါင်းညိတ်လိုက်ပြီး...
" အဟမ်း.. မှန်တာပေါ့ဗျာ.. ဒီအမှုကို ဖော်ထုတ်နိုင်ဖို့ ကျုပ်ကိုယ်တိုင် ရာဇဝတ်သား ဟန်ဆောင်ပြီး ထောင်ထဲကို စုံစမ်းခဲ့တာ.. ဒီ သားရဲ ရဲ့ ပုံစံ အစစ်အမှန်ကို မြင်ခဲ့ရတယ်.. "
ချန်ယင်းရွှယ်.... "...."
သူမ ချောင်ပိုင်ဖူကို အနည်းငယ် လေးစားမိနေခြင်းမှာ ပျောက်ရှသွားလေပြီ ။ သူမက မေးလိုက်၏ ။
" ပြောပါ.. အဲ့သားရဲရဲ့ ပုံစံက ဘယ်လိုလဲ.. "
ချောင်မူက...
" ကြောင်ပေါက်လေးပဲ ..အဖြူ..အဝါ..အနက် ..အကြားလေး.. "
သူ ပြောပြီးနောက် စိတ်ရှုပ်ထွေးသွား၏ ။ ထို ကျပ်မပြည့်သည့် ကြောင်ပေါက်လေးမှာ သွေးဆာနေသည့် လူသတ်သမားနှင့် တူမနေ ။ ထို့အပြင် မင်ယွဲ့ အရင်က ပြောခဲ့ဖူးသည်မှာ ကျားပုံစံ ဟုသာဖြစ်သည် ။
" ဒါဆို ကြောင်သားရဲပေါ့ .."
မင်ယွဲ့က ..
" အဲ့သားရဲ့က ညဏ်များလွန်းတော့ သူ့ပုံစံအမှန်ကို ငါ မသိရသေးဘူး.. ခုတော့ ဒီလူဆိုးထိန်းကြောင့် သိလိုက်ရပြီ.. "