← Chapters

အခန်း (၁၂၂၁-၁၂၂၂)

Vol. 123 Ch. 1221-1222

အခန်း (၁၂၂၁-၁၂၂၂)

Vol. 123 Ch. 1221-1222

အခန်း (၁၂၂၁) ခွေးရိုက်မယ့် အစီအစဉ်

ကျိုးရှန်းတောင် အကြီးအကဲသည် ဖန့်ချန် ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ပြီး ဧရာမ ကျားရုပ် ကို ခေါင်းခါပြလိုက်သည်

"ဒီကိစ္စမှာ သူ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးပြီ နတ်မင်းနန်းတော် က အသက်ချမ်းသာပေးဖို့ မလိုလားတာပဲ မင်းတို့ ခုနက မကြားလိုက်ဘူးလား၊ ကောင်းကင်ဓားဌာန... အဲဒီအတွက်ကြောင့်ပဲ ပျက်စီးသွားရတာလေ "

ဖန့်ချန် သည် ကျိုးရှန်းတောင် အကြီးအကဲ တို့ကို မမြင်သည့်အလား ထိုနေရာတွင် လမ်းလျှောက်နေ၏။

နန်ကုန်းယွမ်ကျိန်း သည်လည်း အရှေ့သို့ တက်၍ စကားမပြောခဲ့ပေ။

သူသည် မိမိဘေးတွင် ရှိနေသည့် ဝိညာဉ်များထဲတွင် နတ်ရိုသေနန်းတော် မှ သူလျှို ရှိ၊ မရှိ မသေချာသောကြောင့် ဖြစ်သည်။

မကြာမီပင် နေကင်းလှည့်နတ်ဘုရား တစ်ပါးသည် ထိုနေရာသို့ ရောက်လာပြီး ကျိုးရှန်းတောင် အကြီးအကဲ တို့ကို နှုတ်ဆက်ကာ လမ်းပြပေးလိုက်သည်။

ယခုတစ်ကြိမ်တွင် သေဆုံးသွားသည့် သာမန်လူဦးရေမှာ အလွန်များပြားလှသဖြင့် နေကင်းလှည့်နတ်ဘုရား တစ်မျိုးတည်းနှင့် စနစ်တကျ မစီမံနိုင်ပေ။

ထို့ကြောင့် ယင်ချောင်စီဌာန က စတင်လှုပ်ရှားသည်။

ဝိညာဉ်ဖမ်းဆီးရေးဌာန က စတင်လှုပ်ရှားသည်။

ယင်စစ်သည်ဌာန ကလည်း ယင်စစ်သည် အချို့ကို လူ့လောကသို့ စေလွှတ်ကာ ထိန်းသိမ်းစေသည်။

ရှေ့နောက် ၁၀ ရက်ကျော်ခန့် ကြာပြီးနောက် ကျိုးရှန်းတောင် ၏ ဝိညာဉ်များကို မရဏလမ်းသို့ လုံးဝ ပို့ဆောင်ပေးနိုင်ခဲ့သည်။

တုယွန်းရွှီ တို့သည် ဖန့်ချန် ရှေ့သို့ ရောက်လာသည်။

"သခင်လေး... ဒီနေရာက ကိစ္စတွေကို ရှင်းလင်းပြီးပြီ အကုန်လုံးကို မရဏလမ်းကို ပို့လိုက်ပြီ၊ တစ်ယောက်မှ မကျန်ခဲ့ပါဘူး ဒါပေမဲ့ သူတို့ထဲက လူတော်တော်များများက ဝမ်ချွမ်းမြစ် ကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး ထင်ပါတယ် "

ချီရန်ရန် က လက်အုပ်ချီလျက် ပြောသည်။

"ငါတို့ဘက်က အစွမ်းကုန် ကြိုးစားပြီးပြီ၊ ကံကြမ္မာကိုပဲ အပ်လိုက်ရုံပေါ့ "

ဖန့်ချန် က အေးဆေးစွာ ပြောလိုက်သည်

"ဒီတစ်ခါ ခင်ဗျားတို့ ဌာနအသီးသီးက ပူးပေါင်းဆောင်ရွက်မှုက တော်တော်ကောင်းပါတယ် ဒီနှစ်တွေအတွင်း ပင်ပန်းခံခဲ့ရတာတွေ အလကားမဖြစ်ဘူး ဖူထူလောက ကို ပြန်ရောက်ရင် ကျန်ကွမ်းမြို့ မှာ အစည်းအဝေးတစ်ခု လုပ်ကြမယ် "

"ဟုတ်ကဲ့ "

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခန္ဓာကိုယ်များမှာ မြူခိုးများထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ဖူထူလောက၊ ကျန်ကွမ်းမြို့။

ဖူထူလောက မှ နတ်ဘုရားဝိညာဥ်များစွာမှာ ခန်းမဆောင်တွင် ရပ်တည်နေကြသည်။

၎င်းတို့ထဲတွင် ရွှီချန်းရှီး၊ ချန်လင်တိန်၊ ယွီထင်ကျဲ နှင့် လီဝူဝမ် တို့ ပါဝင်သည်။

ယင်လောကငယ် မှ အရှင်များလည်း ရှိသည်။

ယနေ့ ခန်းမထဲတွင် စွမ်းအားအမြင့်ဆုံးမှာ ယွီထင်ကျဲ ဖြစ်ပြီး အဆင့် (၄) သို့ ရောက်ရှိနေပြီ ဖြစ်သည်။

စွမ်းအားအနိမ့်ဆုံးမှာ ကျန်းယွီရှူး၊ ရှောင်းလန်နှင့် ရှကျီ တို့ ဖြစ်ကြသည်။

သူတို့မှာ ထိုနေရာမှ နတ်ဘုရားဝိညာဥ် များ နှင့် မယှဉ်နိုင်သလို ထိုနေရာမှ အရှင်တစ်ပါးကိုမျှ မယှဉ်နိုင်ပေ။

သို့သော် သူတို့ လက်ထဲတွင် ကိုင်တွယ်ထားသည့် အာဏာမှာ ထိုင်ယင်နဂါးမင်း ကဲ့သို့ နတ်ဘုရားဝိညာဥ် များထက် အဆပေါင်းများစွာ ပို၍ ကြီးမားသည်။

"သခင်လေး... မြေမသေမျိုး က အမိန့်တင်းတင်းကျပ်ကျပ် ချထားပါတယ် ဝိညာဉ်နတ်ဘုရားဂိုဏ်း က လူတွေကို မြေဝက်ဝံဂြိုဟ် ကို စေလွှတ်ပြီး ဘယ်လောက်ပဲ ပေးဆပ်ရပါစေ မြေဝက်ဝံဂြိုဟ် ပေါ်က ထူးခြားသူ ကို ထုတ်ဖော်ဖို့ ပြောထားပါတယ် "

ရွှီချန်းရှီး က လက်အုပ်ချီ၍ ပြောသည်

"ကျွန်တော် အချိန်ဆွဲထားလို့ ရသေးပေမဲ့ ကြာလာရင် မြေမသေမျိုး သတိထားမိသွားပြီး အခြားသူကို အစားထိုးလိုက်မှာ စိုးပါတယ် အဲဒီအခါကျရင် သူက တခြားလူယုံတစ်ယောက်ကို ဖန်တီးရှင်ဂြိုဟ် ကို စေလွှတ်ပြီး ကျွန်တော့်နေရာမှာ အစားထိုးလိမ့်မယ် "

လီဝူဝမ် သည် ထောင့်တစ်နေရာတွင် ရပ်၍ နားထောင်နေသည်။

ကောင်းကင်ဓားဌာန ထဲတွင် သူတစ်ယောက်သာ ခန်းမထဲသို့ ဝင်ရောက်ခွင့် ရရှိသည်။

အခြားသူများဖြစ်သည့် လီချန်စန်း တို့လို လူမျိုးမှာ အပြင်မှာသာ စောင့်နေရပြီး ယနေ့ အစည်းအဝေးကို နားထောင်ခွင့် မရှိပေ။

လီဝူဝမ် သည် ရွှီချန်းရှီး ၏ အထောက်အထားကို အနည်းငယ် သိရှိထားသဖြင့် သူ ပြောနေစဉ်အတွင်း ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေမိသည်။

ဝိညာဉ်နတ်ဘုရားဂိုဏ်း ၏ အဆင့် (၃) ပုဂ္ဂိုလ်မှာ ဖန့်ချန် ၏ လူ ဖြစ်နေသည်။

ဒီလိုမျိုး ဘယ်သူကများ ထင်ထားမိမှာလဲ

ထို့နောက် သူသည် ယွီထင်ကျဲ ကို တစ်ချက် ကြည့်လိုက်ပြန်သည်။

ယင်စိန့်ဂိုဏ်း ၏ အဆင့် (၄) ပုဂ္ဂိုလ်၊ နတ်မင်းနန်းတော် က ခန့်အပ်သည့် ထိန်းသိမ်းစောင့်ရှောက်သူမှာလည်း ဖန့်ချန် ၏ လူ ဖြစ်သည်။

ဒါကိုရော ဘယ်သူက ထင်ထားမိမှာလဲ

ဒီလို လူတွေအပြင် ယင်လောကငယ် ထဲမှ ဌာနမှူး များ အားလုံးမှာလည်း ဖန့်ချန် ၏ လူများ ဖြစ်ကြသည်။

လီဝူဝမ် ၏ စိတ်ထဲတွင် ဝမ်းနည်းစွာ တွေးမိသည်

အကယ်၍ လွန်ခဲ့သည့် နှစ်များက ထိုအပြောင်းအလဲများသာ မရှိခဲ့ပါက ယနေ့ လူတွေရှေ့မှာ ရပ်နေမည့်သူမှာ မိမိ ဖြစ်နိုင်ပါ့မလား။

သို့သော်လည်း "အကယ်၍" ဆိုသည်မှာ မရှိနိုင်တော့ပေ။

"မြေမသေမျိုး က မသေမျိုးလောကငယ်ရဲ့ ကတိစကားကို ရထားတော့ ဒီကိစ္စကို စိတ်ဝင်စားမှာပဲ မင်း အစီအစဉ် အနည်းငယ် ရေးဆွဲလိုက်ပါ အဲဒီအခါကျရင် ဝိညာဉ်သုတ်သင်ခြင်းဌာန က အသင့်တော်ဆုံး တုံ့ပြန်ပေးလိမ့်မယ် "

ဖန့်ချန် က အေးဆေးစွာ ပြောသည်

"အချိန်တိုအတွင်းမှာ သူ သံသယဖြစ်လာမှာ မဟုတ်သလို မကျေနပ်မှုလည်း ဖြစ်လာမှာ မဟုတ်ဘူး သူနဲ့ မသေမျိုးလောကငယ် က လူတွေလည်း သိကြမှာပါ ဒီလိုကိစ္စမျိုးကို အလျင်စလို လုပ်လို့မရဘူးဆိုတာ ငါတို့မှာ အချိန်တွေ အများကြီး ရှိပါသေးတယ် "

"လျှို့ဝှက်စောင့်ရှောက်ရေးဌာန အနေနဲ့ ကျိထျန်းကျွင်း ရဲ့ တည်နေရာကို မြန်မြန်ရှာဖို့ ကြိုးစားပါ သူက အဓိကပဲ "

လူတိုင်း၏ အကြည့်တို့မှာ ရှကျီ ထံသို့ ရောက်သွားသည်။

ရှကျီ က ပြုံးလိုက်ပြီး

"လျှို့ဝှက်စောင့်ရှောက်ရေးဌာန အနေနဲ့ အခုဆိုရင် မသေမျိုးလောကငယ် ဟာ လူ့လောက ၉ ခု ထဲမှာ မပါဝင်ဘူး ဆိုတာကို သေချာပေါက် ပြောနိုင်ပါပြီ သူက ဟင်လင်းပြင်လို ဝိညာဥ်ရတနာလိုမျိုး ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် စွမ်းအားတစ်ခုခုနဲ့ ဖန်တီးထားတဲ့ ကမ္ဘာငယ်တစ်ခု ဖြစ်ချင်ဖြစ်မယ် "

"ဒါပေမဲ့ မသေမျိုးလောကငယ် ထဲက စစ်မှန်တဲ့ မသေမျိုးတွေက တစ်ခါတလေ လူ့လောက ၉ ခု ကို လာတတ်ကြတယ် သူတို့က လူ့လောက ၉ ခု ထဲက အင်အားစုတွေနဲ့ အဆက်အသွယ် ရှိကြတယ် ကျုပ်တို့က အဲဒီအတိုင်း လိုက်ရှာရင် ကျိထျန်းကျွင်း ရဲ့ ခြေရာကို ရှာတွေ့ဖို့ အခွင့်အရေး ရှိပေမဲ့ အချိန်နဲ့ ကံကောင်းခြင်း နည်းနည်း လိုအပ်ပါသေးတယ် "

ဌာနမှူးများက ခေါင်းညိတ်လိုက်ကြသည်။

ဒီနှစ်တွေအတွင်း လျှို့ဝှက်စောင့်ရှောက်ရေးဌာန ၏ နည်းလမ်းများမှာ အကျိုးအမြတ် ရှိလာပြီး ရှကျီ ၏ ဦးဆောင်မှုအောက်တွင် ထူးချွန်သော ရလဒ်များ ထွက်ပေါ်လာခဲ့သည်။

ထိုအထဲတွင် ဌာနအသီးသီးမှ အရှင်များလည်း ပါဝင်ပူးပေါင်းခဲ့ကြပြီး ရှကျီ ၏ စွမ်းဆောင်ရည်ကို ကိုယ်တွေ့ ခံစားခဲ့ရသည်။

"နတ်မင်းနန်းတော် ဘက်ကိုတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် အဆက်အသွယ် လုပ်ကြည့်ပြီးပြီ သူတို့ ဖူထူလောက ထဲမှာ ဖန်တီးထားတဲ့ ဝိညာဉ်မြို့ ကို ရော်ထျန်း လို့ ခေါ်ပါတယ် "

ယွီထင်ကျဲ က ဖြည်းဖြည်းချင်း ပြောသည်

"နတ်မင်းနန်းတော် က ကျင့်ကြံသူတွေကလည်း ယင်လောကသွားခြင်း မှာ ကျွမ်းကျင်ကြပါတယ် ဒါမှမဟုတ် ပြောရရင် ဒီလို အင်အားကြီးဂိုဏ်း တွေက သူတို့ရဲ့ ဌာနချုပ် ကို ဖူထူလောက ထဲမှာ ရှိနေကြတာပါ "

"ပထမအချက်က သတင်းပေးပို့ဖို့ လွယ်ကူစေဖို့၊ ဒုတိယအချက်က ဖူထူလောက ထဲမှာ ယင်သက်တမ်းဒဂ်ါး အပြင် သူတို့ လိုအပ်တဲ့ အရာတွေ ရှိနေလို့ပါ အဲဒါက မသေမျိုး လမ်းကြောင်းတွေနဲ့ ပတ်သက်နေတာ သူတို့ အသေးစိတ် မပြောပြပေမဲ့ နတ်ဘုရားဝိညာဉ် နဲ့ ပတ်သက်မယ်လို့ ထင်ပါတယ် "

"ကြယ်မိုးမသေမျိုးရှင် က ကျွန်တော့်ကို စည်းရုံးလိုက်ပါပြီ အခု ကျွန်တော့်ရဲ့ တကယ့် အထောက်အထားက နတ်မင်းနန်းတော် ရဲ့ ဂိုဏ်းစောင့် မသေမျိုး ၄ ပါး ထဲက တစ်ပါးပါ "

"ကျွန်တော်၊ ရှီဇီအန်း၊ ဝမ်ရှိုကျွဲ၊ ဝမ်နုံချောင် "

"ဂိုဏ်းစောင့် မသေမျိုး ၄ ပါး အပြင် အဆင့် (၃) ၁၃ ပါး၊ အဆင့် (၂) ၄၆ ပါး၊ အဆင့် (၁) ၁၅၇ ပါး ရှိပါတယ် "

"ဒီအရေအတွက်က ဆက်တိုက် တိုးလာနေမှာပါ ဘာလို့လဲဆိုတော့ နတ်မင်းနန်းတော် က အထွတ်အထိပ် ရောက်နေတဲ့ အချိန်မို့လို့ပါ "

လူတိုင်းမှာ စိတ်ထဲမှ တွက်ချက်ကြည့်ပြီး ထိတ်လန့်သွားကြသည်။

အဆင့် (၁) အရေအတွက်မှာ ကိစ္စမရှိပေ။

အင်အားကြီးဂိုဏ်း တစ်ခုအနေဖြင့် နေရာဒေသ အသီးသီးကို ထိန်းချုပ်ရန် ဒီလောက်တော့ လိုအပ်သည်။

အဓိကက အဆင့် (၃) ဖြစ်သည်။

နတ်မင်းနန်းတော် မှာ အဆင့် (၃) ၁၃ ပါး ရှိသည်။ ယွီထင်ကျဲ ကို မထည့်ဘဲ ပြောရလျှင် အဆင့် (၄) လည်း ၃ ပါး ရှိသည်။

ပြီးတော့ ထို နတ်မင်းနန်းတော် ပိုင်ရှင် ကြယ်မိုးမသေမျိုးရှင် မှာ အဆင့် (၅) ဖြစ်ပြီး သူ့အဆင့်နဲ့ သူ ဆိုရင် သူမကို မည်သူမျှ မယှဉ်နိုင်ပေ။

လီဝူဝမ် မှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

နတ်မင်းနန်းတော် က ကျိုးရှန်းတောင် ကို ချေမှုန်းပြီးနောက် ကောင်းကင်ဓားဌာန ကိုပါ ချေမှုန်းလိုက်သည်။

သို့သော် သူတို့၏ နောက်ကွယ်မှ အချက်အလက်များကို သူတို့၏ ရန်သူက အကုန်သိထားသည်ကို မသိခဲ့ကြပေ။

ဖြစ်နိုင်သည်မှာ ကြယ်မိုးမသေမျိုးရှင် က ယုံကြည်ချက် အလွန်လွန်ကဲနေတာ ဖြစ်မည်၊ ဒါမှမဟုတ် နတ်မင်းနန်းတော် က ကျင့်ကြံသူတွေကလည်း သူမလိုပဲ ယုံကြည်ချက် လွန်ကဲနေတာ ဖြစ်မည်။

ဒါမှမဟုတ် သူတို့က ဒီအချက်အလက်တွေကို လျှို့ဝှက်ထားစရာ မလိုဘူးလို့ ယူဆနေတာလည်း ဖြစ်နိုင်သည်။

ဒါပေမဲ့ သူတို့ လုံးဝ ထင်မထားမိမှာက

ဒီနေ့ ဖူထူလောက ထဲမှာ သူတို့ကို ဆန့်ကျင်သည့် အစည်းအဝေးတစ်ခု ရှိနေလိမ့်မည် ဆိုတာပင်။

အစည်းအဝေး ပြီးသွားတာနဲ့ နတ်မင်းနန်းတော် ၏ နောက်ပိုင်းရက်တွေမှာ အေးဆေးနေရတော့မှာ မဟုတ်တော့ပေ။

"ရှကျီ၊ ယွီထင်ကျဲ ပေးတဲ့ ဒီစာရင်းကို သူနဲ့အတူ စစ်ဆေးလိုက်ပါ ပြီးရင် လျှို့ဝှက်စောင့်ရှောက်ရေးဌာန ကို သူတို့ တစ်ယောက်ချင်းစီရဲ့ စရိုက်၊ အလေ့အကျင့်၊ အပေါင်းအသင်း၊ အားနည်းချက်၊ အားသာချက် တွေကို ခွဲခြမ်းစိတ်ဖြာခိုင်းပါ "

ဖန့်ချန် က ပြောသည်။

ရှကျီ ခေါင်းညိတ်လိုက်သည်။

"ဒီနေ့ အစည်းအဝေး ရဲ့ ခေါင်းစဉ်က ခွေးရိုက်မယ့်အစီအစဉ် ပဲ ဒါက အချိန်တိုအတွင်းမှာ အကျိုးသက်ရောက်မှာ မဟုတ်ဘူး ငါ နှစ်ငါးဆယ် လို့ သတ်မှတ်ထားတယ် ဒီကာလအတွင်းမှာ သတင်းအချက်အလက်တွေကို စုဆောင်းပါ အကြီးအသေး မရွေး၊ အသေးစိတ် မကျန် စောင့်ကြည့်ပါ လျစ်လျူမရှုနဲ့ "

ဖန့်ချန် က အေးဆေးစွာ ပြောသည်

"ဝိညာဉ်နတ်ဘုရားဂိုဏ်း ရဲ့ နည်းလမ်းတွေကို အတုယူပါ ခွေးရိုက်အစီအစဉ် ထဲမှာ အသုံးချပါ "

"ပြဿနာတွေ၊ ရန်ငြိုးတွေ ဖန်တီးနိုင်သလို မတော်တဆမှုတွေလည်း ဖန်တီးနိုင်ပါတယ် ဌာနအသီးသီးက ပူးပေါင်းပြီး တိုင်ပင် ဆွေးနွေးပါ "

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့ နားလည်သွားပြီ ဖြစ်သည်။

လီဝူဝမ် သည် သက်ပြင်းတစ်ချက် ရှည်လျားစွာ ချလိုက်သည်။

အခန်း (၁၂၂၂) ကိုယ်ပွား ခန္ဓာကိုယ်

ဖန့်ချန် ၏ ရှေ့တွင် မိမိနှင့် ပုံစံတူ အရိပ်ကိုးခု ရပ်တည်နေသည်။

လူတစ်ဦးစီ၏ ကိုယ်ပေါ်မှ အငွေ့အသက်မှာ တစ်ဦးနှင့်တစ်ဦး မတူညီကြဘဲ ကွဲပြားခြားနားနေသည်။

တူညီနေသည်မှာ သူတို့၏ ကျင့်စဉ်အဆင့် ဖြစ်သော ဝိညာဥ်ခွဲဖြာခြင်း အထွတ်အထိပ်အဆင့်ပင် ဖြစ်သည်။

နတ်မင်းနန်းတော် က ကျိုးရှန်းတောင် နှင့် ကောင်းကင်ဓားဌာန တို့ကို ချေမှုန်းပြီးနောက် နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဖန့်ချန် ၏ ကျန်ရှိနေသည့် ဝိညာဉ်ခွဲ နှစ်ခုမှာလည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသည်။

သူသည် တာအိုသုံးထောင်နယ်မြေ ထဲမှ တာအိုသုံးထောင်လမ်းစဥ်၏ ပေါင်းစပ်ခြင်းအပိုင်းကို ထုတ်ယူကာ ကြိုတင်၍ နှစ်အနည်းငယ်မျှ လေ့လာထားခဲ့သည်။

၎င်းထဲရှိ အဓိကသော့ချက်များကိုလည်း နားလည်သဘောပေါက်ထားပြီ ဖြစ်သည်။

သာမန်ကျင့်စဉ်များနှင့် မတူညီသည်မှာ ပေါင်းစပ်ခြင်းအပိုင်းမှ စတင်၍ တာအိုသုံးထောင်လမ်းစဉ်ဥပဒေသမှာ မိမိကိုယ်ပိုင် ထူးခြားချက်များ ရှိလာခြင်းပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဒီတစ်ကြိမ် ပေါင်းစပ်ခြင်းကို ပုံမှန်ထက် ပို၍ ခက်ခဲသွားစေသည်။

သာမန်ကျင့်ကြံသူများ ပေါင်းစပ်ရာတွင် ဝိညာဉ်ခွဲ တစ်ခုပိုလေလေ၊ ပေါင်းစပ်ရမည့် အခက်အခဲမှာ ပိုမိုမြင့်တက်လာလေလေ ဖြစ်သည်။

တာအိုသုံးထောင်လမ်းစဉ် မှာ မတူညီပေ။

ဝိညာဉ်ခွဲ တစ်ခုပိုလာ၍ ခက်ခဲမှု မြင့်တက်လာသည်နှင့်အမျှ ထိုဝိညာဉ်ခွဲ၏ ကျင့်ကြံခြင်း အခြေခံသည်လည်း ကိုယ်ပွားခန္ဓာကိုယ် တစ်ခုကဲ့သို့ ဖြစ်လာသည်။

ထိုသည်မှာ လုပ်ငန်းစဉ် တစ်ဆင့်ပိုသွားခြင်းနှင့် တူညီပြီး ပေါင်းစပ်ရမည့် အခက်အခဲကို နှစ်ဆတိုးသွားစေသည်။

ယခု ကိုးခုမြောက် ဝိညာဉ်ခွဲ၊ ကိုးခုမြောက် ကိုယ်ပွားခန္ဓာကိုယ်၊ ဤအထဲမှ အခက်အခဲကို ဖန့်ချန် တစ်ယောက်တည်းသာ နားလည်နိုင်သည်။

အခြားသူများမှာ နားလည်နိုင်မည် မဟုတ်ပေ။

"ကံကောင်းတာက ဒါဟာ သဲစားပြီး အချိန်ယူရတဲ့ အလုပ်မျိုးပါ ရွှေအမြုတေ မှ ဝိညာဥ်သန္ဓေသား ကို တက်လှမ်းတုန်းကလို ပြင်ပ ပစ္စည်းကို လိုအပ်တာမျိုး မဟုတ်ဘူး "

သူသည် ကြိုတင်၍ ရေမြေကောင်းသည့် နေရာတစ်ခုကို ရွေးချယ်ထားသည်။

ထိုနေရာတွင် ဝိညာဉ်စွမ်းအင် ကြွယ်ဝပြီး ရှုခင်းလှပကာ လူသူကင်းမဲ့သည်။

ယင်လောကငယ် နှင့် ဖူထူလောက ကိစ္စများကိုလည်း ကြိုတင် စီစဉ်ထားခဲ့သည်။

လာမည့် အချိန်ကာလအတွင်း သူ ပေါ်လာတော့မည် မဟုတ်သော်လည်း အဖွဲ့အစည်းတိုင်းမှာ မိမိတို့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြမည် ဖြစ်သည်။

ဖန့်ချန် ၏ အကြည့် ရွေ့လျားသွားပြီး ဝိညာဉ်ခွဲ ကိုးခုကို ခေါင်းညိတ်ပြလိုက်သည်။

ဝိညာဉ်ခွဲ ကိုးခုစလုံးမှာ မျက်နှာပေါ်တွင် အပြုံးတစ်ခုစီ ပေါ်လာပြီး ဖန့်ချန် ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်ကာ သူနှင့် ပေါင်းစပ်သွားသည်။

သုံးနှစ်အကြာတွင် ပထမဆုံး ဝိညာဉ်ခွဲမှာ ပေါင်းစပ်မှု အောင်မြင်သည်။

၎င်းမှာ မဟာကောင်းကင်ဘုရင်ဆေးကျမ်း ကို ကျင့်ကြံထားခြင်းဖြစ်ပြီး ၎င်းလမ်းစဉ်သည် မျက်နှာအမူအရာမဲ့သော လူငယ်တစ်ယောက် အဖြစ် ပြောင်းလဲသွားကာ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

လူငယ်၏ မျက်နှာမှာ ဖန့်ချန် နှင့် အနည်းငယ်မျှပင် ဆင်တူခြင်း မရှိသော်လည်း ၎င်းမှာ မဟာကောင်းကင်ဘုရင်ဆေးကျမ်း မှ ပြောင်းလဲသွားသည့် ကိုယ်ပွားခန္ဓာကိုယ် ဖြစ်သည်။

သူ့ကိုယ်ပေါ်မှ အငွေ့အသက်မှာ အလွန်စင်ကြယ်ပြီး မဟာကောင်းကင်ဆေးလမ်းစဉ်မှလွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။

နောက်ထပ် သုံးနှစ်အကြာတွင် ဒုတိယဝိညာဉ်ခွဲ ပေါင်းစပ်မှု အောင်မြင်သည်။

၎င်းမှာ ရှစ်မျက်နှာအရပ် ဓားကျမ်း ကို ကျင့်ကြံထားခြင်းဖြစ်ပြီး သက်လတ်ပိုင်းအရွယ် ဓားသမားတစ်ယောက် အဖြစ် ပြောင်းလဲသွားကာ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

နောက်ထပ် သုံးနှစ်အကြာတွင် တတိယဝိညာဉ်ခွဲ ပေါင်းစပ်မှု အောင်မြင်သည်။

၎င်းမှာ ရွှမ်ယန်ခန္ဓာလေးဆင့် ကို ကျင့်ကြံထားခြင်းဖြစ်ပြီး ခန္ဓာကိုယ် ၁၀ပေခန့် မြင့်မားသည့် ခွန်အားကြီးသူတစ်ယောက် အဖြစ် ပြောင်းလဲသွားသည်။

သွေးသားစွမ်းအားမှာ ပြည့်ဝနေပြီး တောက်ပသော နေမင်းကဲ့သို့ ဖြစ်သည်။

စတုတ္ထမြောက်မှာ ခေါင်းသုံးလုံး လက်ခြောက်ဖက်နည်းပညာကို ကျင့်ကြံထားပြီး ကိုယ်ပွားခန္ဓာကိုယ်မှာ ၁၀ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦးနှင့် ဆင်တူသည်။

ပဉ္စမမြောက်မှာ ရိပ်ခြေဗုဒ္ဓ နည်းပညာကို ကျင့်ကြံထားပြီး ကိုယ်ပွားခန္ဓာကိုယ်၏ အရေပြားမှာ မည်းနက်နေကာ ရွှေရောင် ထူးခြားသည့် အမှတ်အသားများ ရှိသည်။

ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဘေးတွင် ရပ်နေသည်မှာ လေပြေတစ်ခုကဲ့သို့ ဖြစ်ကာ လူအများ သတိမထားမိဘဲ တည်ရှိမှု မရှိသလို ဖြစ်နေသည်။

ဆဌမမြောက်မှာ အပြာရောင်လျှပ်စီး နည်းပညာကို ကျင့်ကြံထားပြီး ကိုယ်ပွားခန္ဓာကိုယ်မှာ ဆံပင်ဖြူ၍ မျက်နှာမှာ ကလေးငယ်ကဲ့သို့ နုပျိုသည်။

အသွင်အပြင်မှာ ဂုဏ်ရှိပြီး မျက်လုံးနှစ်ဖက်မှာ ကောင်းကင်လျှပ်စီးများဖြင့် တည်ဆောက်ထားသော်လည်း မကြာမီ ပျောက်ကွယ်သွားပြီး သာမန်လူတို့၏ မျက်လုံးနှင့် မခြားနားတော့ပေ။

သတ္တမမြောက်မှာ ဝိညာဉ်စစ်သည် နည်းပညာကို ကျင့်ကြံထားပြီး ကိုယ်ပွားခန္ဓာကိုယ်မှာ စစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။

တစ်ကိုယ်လုံးတွင် ဝိညာဉ်စွမ်းအင်နှင့် ပြင်းထန်သော အငွေ့အသက်များ လွှမ်းခြုံနေပြီး စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ စစ်တိုက်လာခဲ့သည့် ဗိုလ်ချုပ်တစ်ဦးကဲ့သို့ ဖြစ်သည်။

အဋ္ဌမမြောက်မှာ တောက်ပသောနတ်ဘုရားမျက်လုံး ကို ကျင့်ကြံထားပြီး ကိုယ်ပွားခန္ဓာကိုယ်မှာ လူငယ်စာပေသမားတစ်ဦးနှင့် ဆင်တူသည်။

လက်ထဲတွင် တစ်ပေခန့် ရှည်သော စုတ်တံကို ကိုင်ထားပြီး စုတ်တံဖျားတွင် အမျိုးမျိုးသော ဝိညာဉ်စွမ်းအင်များ စုစည်းနေသည်။

နဝမမြောက်မှာ ရှေးဦးနတ်ဘုရားမျက်လုံး ကို ကျင့်ကြံထားပြီး ထိုကိုယ်ပွားခန္ဓာကိုယ်မှာ ကိုးခုထဲတွင် တစ်ခုတည်းသော အမျိုးသမီး ဖြစ်သည်။

သို့သော် ၎င်း၏ မျက်နှာမှာ အမျှင်ပေါင်းများစွာဖြင့် တည်ဆောက်ထားသည့်အလား ဖြစ်နေသဖြင့် မျက်နှာကို သေချာ မမြင်ရပေ။

ကိုယ်ပေါ်ရှိ အမျိုးသမီးလက္ခဏာများသာ မရှိပါက မျက်နှာကို ကြည့်ပြီး ကျား၊ မ ခွဲခြားနိုင်မည် မဟုတ်ပေ။

ဖန့်ချန် စတင်လုပ်ဆောင်စဉ်က အချိန်ကို တစ်ခါတရံ မှတ်မိနေသေးသော်လည်း နောက်ပိုင်းတွင် အခက်အခဲမှာ ပိုမိုမြင့်တက်လာပြီး တစ်ချက်မှားယွင်းလျှင် ဝိညာဉ်ခွဲများ ပြိုကွဲသွားနိုင်သည်။

ထို့ကြောင့် သူသည် ပေါင်းစပ်ခြင်းထဲသို့ စိတ်ရောကိုယ်ပါ မြှုပ်နှံလိုက်သည်။

ယနေ့အချိန်အထိ သူသည် နောက်ဆုံးအဆင့်ကို မည်မျှကြာအောင် အမှားမပါဘဲ ကျော်ဖြတ်ခဲ့သည်ကို မသိတော့ပေ။

ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်မှာ လှိုင်းလုံးကြီးများကဲ့သို့ ထကြွနေပြီး ဝိညာဉ်ခွဲအဆင့်ထက် အဆ ၂၀ ခန့် ပိုမိုသိပ်သည်းသည်။

ပေါင်းစပ်ခြင်းအစောပိုင်းအဆင့် နှင့် ဝိညာဉ်ခွဲဖြာခြင်းအထွတ်အထိပ်အဆင့် ကြားတွင် ကွာဟချက်မှာ ချောက်ကြီးတစ်ခုကဲ့သို့ ဖြစ်သည်။

ထိုကွာဟချက်မှာ အဆင့်မြင့်လေလေ၊ ပိုမို ထင်ရှားလေလေ ဖြစ်သည်။

ထိုအချက်ကြောင့်ပင် လီဝူဝမ် သည် အဆင့် (၃) ဓားသမား ဖြစ်သော်လည်း တူညီသောအဆင့်တွင် အနိုင်မရှိဟု မပြောနိုင်ခြင်း ဖြစ်သည်။

ထိုအဆင့်သို့ ရောက်သောအခါ မတူညီသည့် အဆင့်များကြား ကွာဟချက်မှာ ကြီးမားလေလေ၊ တူညီသည့် အဆင့်များကြား ကွာဟချက်မှာ သေးငယ်လေလေ ဖြစ်သည်။

စုန့်ကျိလီ ကဲ့သို့သော ကောင်းကင်လှည့်စားသည့် ကျင့်စဥ်ကို ကျွမ်းကျင်သူမှာ လီဝူဝမ် ကို အနည်းငယ် စိုးရိမ်စေနိုင်သည်။

ရက်အနည်းငယ်အကြာတွင် လက်ရှိအဆင့်မှာ တည်ငြိမ်သွားသောအခါ ဖန့်ချန် ၏ အာရုံသည် ဝိညာဉ်ခွဲကိုးခုဆီသို့ ရောက်သွားသည်။

သူသည် အခြားသူတို့၏ ကျင့်စဉ်များတွင် ပေါင်းစပ်ခြင်းအပိုင်းက မည်မျှ ထူးခြားသည်ကို မသိသော်လည်း တွေးကြည့်လိုက်လျှင် ကိုယ်ပွားကိုးခု ရှိခြင်းထက် မည်သည့်အရာက ပို၍ သာလွန်မည်နည်း။

သူ့ကိုယ်သူ ထည့်တွက်လိုက်လျှင် ယခုအချိန်တွင် မည်သည့် လျှို့ဝှက်ချက်ကိုမျှ မသုံးသော်လည်း တိုက်ခိုက်ချိန်တွင် ပေါင်းစပ်ခြင်းအစောပိုင်းအဆင့် ၁၀ ခု ပုံစံဖြင့် ပေါ်လာကာ တူညီသောအဆင့်ရှိ ရန်သူကို အုပ်စုလိုက် ဝိုင်းရိုက်နိုင်ပေသည်။

ထိုပေါင်းစပ်ခြင်းအစောပိုင်းအဆင့် ၁၀ ခုစီတိုင်းမှာ အဆင့်ကျော် တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။

"လမ်းစဉ်တစ်ခုကို ကိုယ်ပွားတစ်ခုအဖြစ် ပြောင်းလဲလိုက်တာ... ဒီလိုနည်းလမ်းမျိုး... တာအိုသုံးထောင်လမ်းစဉ်ဂိုဏ်း ရဲ့ ရှေ့ပြေးဖြစ်တဲ့ သန့်စင်ခြင်းသုံးပါးဂိုဏ်း က လူ့လောက ၉ ခု ကို ဘာကြောင့် ထိန်းချုပ်နိုင်ခဲ့သလဲဆိုတာ အံ့သြစရာ မဟုတ်တော့ဘူး..."

ဖန့်ချန် ၏ စိတ်ထဲတွင် လျှို့ဝှက်စွာ ခန့်မှန်းလိုက်သည်၊ တာအိုသုံးထောင်နယ်မြေ ထဲရှိ ဗလာကျင်းနေသည့် အံဆွဲများသည်... လမ်းစဉ်မှ ဖြစ်ပေါ်လာသည့် ကိုယ်ပွားများကို ကိုယ်စားပြုနေသလား။

"တာအိုသုံးထောင်ဂိုဏ်း ရဲ့ တပည့်တိုင်းသာ ပေါင်းစပ်ခြင်းအပိုင်းကို မတက်လှမ်းမီ ကိုယ်ပွားတစ်ခု ဒါမှမဟုတ် နှစ်ခု ရရှိနိုင်မယ်ဆိုရင် တာအိုသုံးထောင်လမ်းစဉ်ဥပဒေသ အားလုံး ကိုယ်ပွားဖြစ်လာဖို့လည်း မဖြစ်နိုင်တာ မဟုတ်ဘူး... ဆရာ့ရဲ့ စွမ်းအားက ပိုတောင် ထူးခြားသေးတယ် သူ ပေါင်းစပ်ခြင်းအဆင့်ကို တက်လှမ်းတုန်းက သူ ပိုင်ဆိုင်ထားတဲ့ ကိုယ်ပွားတွေက ငါ့ထက် အများကြီး ပိုများမှာပဲ..."

ထိုသို့ တွေးမိလိုက်သောအခါ ဖန့်ချန် ၏ စိတ်ကူးမှာ တဖြည်းဖြည်း ကျယ်ပြန့်သွားသည်။

အချိန်အနည်းငယ်ကြာပြီးနောက် သူ၏ အကြည့်မှာ ကိုယ်ပွားအသီးသီးဆီသို့ ရောက်သွားသည်။

ထိုကိုယ်ပွားများနှင့် သူ့ကြားတွင် ထူးခြားသည့် ဆက်သွယ်မှုတစ်ခု ရှိနေသည်။

ဝိညာဉ်ခွဲကာလနှင့် မတူညီဘဲ ထိုဆက်သွယ်မှုမှာ ရုပ်သေးဆရာနှင့် ရုပ်သေးတို့ကြားမှ ဆက်သွယ်မှုနှင့် ဆင်တူသည်။

ကိုယ်ပွားမှာ အသိဉာဏ် မရှိသော်လည်း ပိုင်ရှင်ပေးသည့် အမိန့်တိုင်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီး လုပ်ဆောင်ချက်များတွင်လည်း ယုတ္တိရှိသော အသိဉာဏ်အနည်းငယ် ပါဝင်သည်။

ရုပ်သေးရုပ်ကိုမူ တစ်ချက်ကြည့်လိုက်ရုံနှင့် သိနိုင်သော်လည်း ယခု ကိုယ်ပွား ကိုးခုမှာ အသက်ဝင်နေပြီး ဖြစ်သည်။

ယခုအချိန်တွင် မည်သူမဆို ထိုနေရာသို့ ရောက်လာပါက သူတို့နှင့် ဖန့်ချန် ကြားမှ တကယ့်ဆက်သွယ်မှုကို သိနိုင်မည် မဟုတ်ပေ။

"မင်းတို့နာမည် တစ်ခုစီ လိုအပ်တယ် "

ဖန့်ချန် က တိုးတိုးလေး ပြောလိုက်သည်။

အနည်းငယ် စဉ်းစားပြီးနောက် သူ၏ မျက်လုံးများမှာ တောက်ပသွားသည်။

နာမည်ရှာရန် မလိုဘဲ သူတို့၏ လမ်းစဉ်ဖြင့် နာမည်ပေးလိုက်လျှင် မရနိုင်ဘူးလား။

"သခင်လေး "

အရိပ်တစ်ခုမှာ အနီးအနားတွင် ပေါ်လာသည်။

ဤနေရာကို သိသူမှာ တုယွန်းရွှီ တစ်ဦးတည်းသာ ဖြစ်သည်။

ဖန့်ချန် က အရေးကြီးသည့်ကိစ္စ မရှိပါက မလာရန် ကြိုတင်မှာကြားထားသည်။

"ငါ ကျင့်ကြံနေတာ ဘယ်နှစ်နှစ်ရှိသွားပြီလဲ "

ဖန့်ချန် က တုယွန်းရွှီ ကို ကြည့်လိုက်သည်။

တုယွန်းရွှီ ၏ အကြည့်မှာ မဟာကောင်းကင်ဘုရင်ဆေးလမ်းစဉ် ကို ကျင့်ကြံထားသည့် ကိုယ်ပွားအပေါ် တစ်ချက် ဖြတ်ကျော်သွားပြီးနောက် တိုးတိုးလေး ပြောလိုက်သည်

"လေးဆယ့်ခုနစ်နှစ် ရှိပါပြီ "

လေးဆယ့်ခုနစ်နှစ်၊ ကျိုးရှန်းတောင် ပျက်စီးသွားသည်မှာ နှစ်ပေါင်း ခြောက်ဆယ့်ခုနစ်နှစ် ရှိပြီ ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဝိညာဉ်ခွဲဖြာခြင်းမှ ပေါင်းစပ်ခြင်းအဆင့်သို့ အောင်မြင်ခဲ့သည်။

ထိုမြန်နှုန်းမှာ နှေးကွေးခြင်း မဟုတ်ဘဲ သာမန် ဝိညာဉ်ခွဲကျင့်ကြံသူများ အမြင်တွင် အလွန်မြန်ဆန်လှသည်။

ကိုယ်ပွားကိုးခုကိုလည်း တစ်ခါတည်း ပေါင်းစပ်ရသေးသည်။

"အခု အခြေအနေတွေက ဘယ်လိုရှိလဲ "

"ဒီကိစ္စအတွက် ရောက်လာတာပါ ရွှီချန်းရှီး မိတ်ဆွေကို ရာထူးမှ ဖယ်ရှားလိုက်ပါပြီ "

တုယွန်းရွှီ က ပြောသည်။

All Chapters