အခန်း (၁၂၂၃-၁၂၂၄)
Vol. 123 Ch. 1223-1224
အခန်း (၁၂၂၃) အကြီးစား သူလျှို
သောင်းတာအိုမျှော်စင် တွင် ရွှီချန်းရှီး သည် မျက်နှာတစ်ခုလုံး နက်မှောင်လျက် ခန်းမဆောင်၏ အလယ်ဗဟို၌ ရပ်နေသည်။
သူ၏ လက်အောက်ငယ်သားများမှာမူ နောက်တွင် အစုလိုက်အပြုံလိုက် ဒူးထောက်နေကြသည်။
ရွှီချန်းရှီး ၏ ရှေ့တွင် မြေမသေမျိုး က အဓိကနေရာတွင် ထိုင်နေပြီး သူ၏ ဘေးတွင်လည်း တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ဦး ရပ်နေသည်။
ဖန့်ချန် နှင့် တုယွန်းရွှီ တို့၏ ဝိညာဉ်ခွဲများ ထိုနေရာသို့ ဝင်ရောက်လာသောအခါ တာအိုဝတ်ရုံနှင့် သူမှာ စုန့်ကျိလီ ဖြစ်ကြောင်း တစ်ချက်တည်းနှင့် မှတ်မိလိုက်ကြသည်။
ဤလူမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်း ၏ စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူများ ခေါ်ဆောင်သွားခံရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ယနေ့တွင် သောင်းတာအိုမျှော်စင် ၌ ပြန်လည် ပေါ်လာပြန်ပြီ ဖြစ်သည်။
"ချန်းရှီး... ငါနဲ့ မင်းရဲ့ ရွှီမိသားစုကြားမှာ အရင်ကတည်းက ဆက်ဆံရေး ရှိခဲ့ဖူးတယ် ဒီတစ်ခါ ကိစ္စမှာလည်း မင်းကို မျှော်လင့်ချက်တွေ အများကြီး ထား ထားတာ "
"ဒါပေမဲ့ နှစ်၇၀ ကျော်တဲ့ အချိန်ကာလအတွင်း မင်း ဒီနေရာမှာ ဘာတိုးတက်မှုမှ မရှိဘူး ဝိညာဉ်နတ်ဘုရားဂိုဏ်း ရဲ့ အင်အားစုတွေက ဝိညာဉ်သုတ်သင်ခြင်းဌာန ရဲ့ ဖိအားပေးမှုကို ခံရပြီး တစ်နေရာတည်းမှာပဲ ကျုံ့ဝင်နေရတယ် "
"ငါကြားတာတော့ မြေဝက်ဝံဂြိုဟ် ဘက်မှာ ငါတို့ဂိုဏ်း ရဲ့ လက်လှမ်းမှီမှုက နယ်မြေတစ်ခုစာတောင် မရှိဘူးတဲ့လား "
"အခုဆိုရင် ကျင့်ကြံသူ အနည်းငယ်လောက်ပဲ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ သွေးဝိညာဉ်နတ်ဘုရားဆေးလုံး အတွက် ကြံစည်နေကြတာလား "
မြေမသေမျိုး က သက်ပြင်းတစ်ချက် ချလိုက်သည်။
သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း သူ၏ စကားထဲတွင် ပါဝင်နေသော မကျေနပ်ချက်များမှာ မည်သို့မျှ ဖုံးကွယ်ထား၍ မရတော့ပေ။
"ကျွန်တော် ထင်တာတော့ သူ ဝိညာဉ်သုတ်သင်ခြင်းဌာန ဆီကနေ အကျိုးအမြတ်တွေ ရထားလို့များ ဒီလိုမျိုး လုပ်နေတာလား မသိဘူး "
စုန့်ကျိလီ က ပြုံး၍ ပြောလိုက်သည်။
ရွှီချန်းရှီး မှာ ဒေါသအကြီးအကျယ် ထွက်သွားပြီး စုန့်ကျိလီ ကို ကြည့်ကာ အော်ဟစ်လိုက်သည်
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ ငါနူးမသား..."
"မင်း "
စုန့်ကျိလီ ၏ မျက်နှာမှာ နက်မှောင်သွားပြီး ကိုယ်ပေါ်မှ အငွေ့အသက်များမှာ မတည်မငြိမ် ဖြစ်နေသည်။
"မင်း စုန့်ကျိလီ က ဘာဖြစ်လို့ ငါ ဝိညာဉ်သုတ်သင်ခြင်းဌာန ဆီက အကျိုးအမြတ် ရထားတယ်လို့ စွပ်စွဲရဲတာလဲ အဲဒီ ဆင်းရဲသားအုပ်စုက ငါ့ကို ဘာအကျိုးမြတ် ပေးနိုင်မှာမို့လို့လဲ "
ရွှီချန်းရှီး က ဆက်လက်၍ ဆဲဆိုလိုက်သည်
"ငါက ဝိညာဉ်နတ်ဘုရားဂိုဏ်း ရဲ့ ဂုဏ်သိက္ခာရှိတဲ့ အဆင့် (၃) မသေမျိုး နောင်ကျရင် အဆင့် (၄) ကို သေချာပေါက် တက်လှမ်းမယ့်သူ မင်းက ငါ ဝိညာဉ်နတ်ဘုရားဂိုဏ်း ကို သစ္စာဖောက်တယ်လို့ စွပ်စွဲရဲတာလား "
"မင်းက ဘာအကြောင်းပြချက်နဲ့ ငါ့ကို ဒီလိုမျိုး ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ရဲတာလဲ မင်းကိုယ်တိုင်တောင် ဟန်ရွှေနတ်မီးလျှံ ကို မထိန်းသိမ်းနိုင်ဘဲနဲ့ အထက်အရာရှိတွေကို လိမ်ညာဖုံးကွယ်ခဲ့တာ မဟုတ်လား အခုချိန်မှာ မင်းက ဒီနေရာမှာ လျှောက်အော်နေမယ့်အစား ထောင်ထဲမှာပဲ နေသင့်တာ "
"ပြောစမ်းပါဦး မင်းကို ဘယ်သူက အကျိုးအမြတ် ပေးလိုက်တာလဲ ဘယ်သူက ဒီလောက်ထိ ရဲတင်းပြီး မင်းကို လွှတ်ပေးပြီး ဒီနေရာမှာ လျှောက်အော်ခိုင်းနေတာလဲ ပြောစမ်း ခွေးသား..."
"ရွှီချန်းရှီး မင်း ငါ့ဆရာကို ဒီလောက်ထိ စော်ကားရဲတယ်ပေါ့ "
မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယန်ဟောက်ရန် က ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"မင်းလည်း ပါးစပ်ပိတ်ထားစမ်း မင်းဆရာကို စည်းကမ်းထိန်းသိမ်းရေးသမားတွေ ဖမ်းသွားတာ ငါ့ကြောင့်လို့ ထင်ပြီး မင်း ဒီနှစ်တွေအတွင်းမှာ စိတ်ထဲမှာ အငြိုးအတေးတွေနဲ့ နောက်ကွယ်မှာ ငါ့ကို အကွက်ချနေတာ မဟုတ်လား "
ရွှီချန်းရှီး က ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် မြေမသေမျိုး ကို ကြည့်ကာ လက်အုပ်ချီလိုက်သည်
"အကြီးအကဲ ကျုပ် ဒီနေရာကို တာဝန်ယူချိန်မှာ ဒီနေရာက အခြေအနေက အတော်လေး ဆိုးရွားနေတာပါ ကျုပ် ဒီနှစ်တွေအတွင်းမှာ အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားနေတာပါ။"
"ဒါပေမဲ့ ကံမကောင်းတာက ကျုပ်တို့ရဲ့ အစီအစဉ်တွေကို ဝိညာဉ်သုတ်သင်ခြင်းဌာန က အမြဲတမ်း ကြိုသိနေတယ် ကျုပ် ထင်တာတော့ ဝိညာဉ်နတ်ဘုရားဂိုဏ်း ထဲမှာ သူလျှိုတွေ ရှိနေတယ် အကြီးစား သူလျှိုပေါ့ သူ့ကို မဖြစ်မနေ ဖော်ထုတ်ရမယ် "
မြေမသေမျိုး က သူ့ရှေ့တွင် အခက်အခဲများကို ပြောပြနေသော ရွှီချန်းရှီး ကို ကြည့်ပြီး ခဏတာ စကားမပြောဘဲ တိတ်ဆိတ်နေလိုက်သည်။
အချိန်အနည်းငယ် ကြာမှ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်
"စုန့်ကျိလီ ကို ငါ လွှတ်ပေးလိုက်တာပဲ"
"အို"
ရွှီချန်းရှီး သည် ချက်ချင်းပင် လေသံပြောင်းသွားသည်
"အကြီးအကဲ ခုနက ကျုပ် ပြောတာက အကြီးအကဲကို ဆဲတာ မဟုတ်ပါဘူး စုန့်ကျိလီ ဒီနေရာမှာ ပေါ်လာတာကို ကြည့်ပြီး မတရားဘူးလို့ ခံစားမိလို့ပါ "
"အကြီးအကဲ ဘာဖြစ်လို့ ဒီလို ကောင်ကို လွှတ်ပေးရတာလဲ သူတို့ ထျန်းရှန်းကျုံးဂိုဏ်း က ဘယ်လိုမျိုးလဲဆိုတာ အကြီးအကဲ သိမှာပါ "
"အရင်က ဝမ်ချုံစန်း တစ်ယောက်တည်းနဲ့တင် ထျန်းရှန်းကျုံးဂိုဏ်း ဘယ်လို ဖြစ်သွားခဲ့လဲ ကျွန်တော် ထင်တာတော့ ဒီ စုန့်ကျိလီ လည်း ဝမ်ချုံစန်း နဲ့ အတူတူပဲ သူက ကပ်ဘေးတစ်ခုပဲ "
စုန့်ကျိလီ ၏ မျက်နှာမှာ နက်မှောင်သွားသော်လည်း သူ စကားပြန်မပြောဘဲ ဒေါသကို မြိုသိပ်ထားလိုက်သည်။
သူ ဒီတစ်ခါ လွတ်မြောက်လာရန် အဖိုးအခများစွာ ပေးခဲ့ရသည်။
အနည်းငယ်သော စကားအငြင်းပွားမှုကြောင့် အမှတ်ပေးခံရပြီး မြေမသေမျိုး ကို မကျေမနပ်ဖြစ်စေရန် လုံးဝ မလုပ်ရဲပေ။
ရွှီချန်းရှီး ၏ နောက်ခံနှင့် ယှဉ်လျှင် လက်ရှိ ထျန်ရှန်းကျုံးဂိုဏ်း မှာ တကယ်ပင် အားနည်းလွန်းနေသည်။
"ဝမ်ချုံစန်း က ဝမ်ချုံစန်း ပဲ စုန့်ကျိလီ က စုန့်ကျိလီပဲ မရောထွေးပါနဲ့ "
မြေမသေမျိုး က မကျေနပ်သလို လက်ကို ဝှေ့ယမ်းလိုက်သည်
"ငါ ပြောနိုင်တာက စုန့်ကျိလီ အမှားလုပ်ခဲ့တာ မှန်ပေမဲ့ ထျန်ရှန်းကျုံးဂိုဏ်း က သူ့အတွက် အမှားပြင်ဆင်ပြီး နတ်မီးလျှံ အသစ်တစ်ခု ရှာပေးနိုင်ခဲ့တယ် ဒါကြောင့် သူ့ကို ထပ်ပြီး ပိတ်လှောင်ထားစရာ မလိုတော့ဘူး "
"ဒါဆိုရင်တော့ ထျန်ရှန်းကျုံးဂိုဏ်း က တော်တော် ထက်မြက်တာပဲ ဒီလိုခေတ်ကာလမှာ နတ်မီးလျှံ အသစ်တစ်ခု ရှာတွေ့တယ်ပေါ့ တော်တယ် တော်တယ် "
ရွှီချန်းရှီး က ပြုံး၍ ခေါင်းညိတ်ပြီးနောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်
"ဒါပေမဲ့ ဒီလောက်နဲ့ သူ အမှားမလုပ်ခဲ့ဘူးလို့ မဆိုလိုပါဘူး အကြီးအကဲ က အပြစ်ရှိတဲ့သူကို ဒီနေရာမှာ တာဝန်ပေးရမယ့်အစား ကျွန်တော့်ကို မယုံကြည်ရတာလား ကျွန်တော့် ရွှီမိသားစုက ဘယ်တုန်းက ဝိညာဉ်နတ်ဘုရားဂိုဏ်း ကို သစ္စာဖောက်ခဲ့ဖူးလို့လဲ ဘယ်သူက ဝိညာဉ်နတ်ဘုရားဂိုဏ်း အတွက် အသက်ပေးပြီး မလုပ်ခဲ့ဖူးလို့လဲ "
"ဒါပေမဲ့ စုန့်ကျိလီ ခုနက ဘာပြောခဲ့လဲ သူက ကျွန်တော် ဝိညာဉ်သုတ်သင်ခြင်းဌာန ဆီက အကျိုးအမြတ် ရထားတယ်တဲ့ "
"ကျုပ် ရွှီချန်းရှီး က မှန်မှန်ကန်ကန်ပဲ လုပ်ခဲ့တာတစ်သက်လုံး ဝိညာဉ်နတ်ဘုရားဂိုဏ်း အတွက်ပဲ ပေးဆပ်ခဲ့တာ သူက ကျုပ်ကို သစ္စာဖောက်တယ်လို့ စွပ်စွဲတာ ဘာအဓိပ္ပာယ်လဲ ဂိုဏ်းထဲက အကြီးအကဲတွေကို ကျုပ်ရဲ့ ရွှီမိသားစုကို စစ်ဆေးခိုင်းမလို့လား ဒါမှမဟုတ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှီမိသားစုကို အလျှော့ပေးခိုင်းမလို့လား "
ရွှီချန်းရှီး ၏ အသံမှာ ပြင်းထန်လာသည်
"တကယ်လို့သာ အဲဒီလိုဆိုရင် ကျုပ် အထက်ကို တိုင်ကြားမယ် အကြီးအကဲ အချို့ကို ခေါ်ပြီး ကျုပ် သစ္စာဖောက်ခြင်း ရှိ၊ မရှိ စစ်ဆေးခိုင်းမယ် တကယ်လို့ စုန့်ကျိလီ က လျှောက်ပြောနေတာဆိုရင် သူ လျှောက်အာချောင်ခဲ့တဲ့ တာဝန်ကို သူပဲ ယူရမယ် "
ဖန့်ချန် က ခေါင်းညိတ်လိုက်သည်။
ရွှီချန်းရှီး ကို သူ အကဲဖြတ် မမှားခဲ့ပေ။
သူ တကယ်ပဲ စွမ်းဆောင်နိုင်စွမ်း ရှိသည်။
ထိုအထဲတွင် နောက်ကွယ်မှ ရွှီမိသားစု ၏ အင်အားကို အသုံးပြုထားသော်လည်း သူ မြေမသေမျိုး ၏ စိတ်မလုံခြုံမှုကို ထိထိမိမိ ထောက်ပြနိုင်ခဲ့သည်။
အခြားသူဆီက အကျိုးအမြတ် ရထားတယ်ဆိုတဲ့ ကိစ္စကို သူ (မြေမသေမျိုး) တစ်ယောက်တည်းပဲ သိထားတာဖြစ်မည်။
သူက တခြားလူတွေကို သိစေပြီး အမြတ် ခွဲယူစေချင်မှာ မဟုတ်ပေ။
ဘာလို့လဲဆိုတော့ ဒါက နတ်ဆေးပင် ကဲ့သို့ တန်ဖိုးကြီးသည့် ပစ္စည်းနှင့် ပတ်သက်နေသောကြောင့်ပင်။
၎င်း၏ တန်ဖိုးမှာ ခန့်မှန်း၍ မရပေ။
တကယ်လို့ ဒီကိစ္စကို အပေါ်ကို ရောက်သွားမယ်ဆိုရင် မြေမသေမျိုး အတွက် အကျိုးမရှိနိုင်သလို စုန့်ကျိလီ ကို လွှတ်ပေးခဲ့သည့်ကိစ္စနှင့် ပတ်သက်၍လည်း အပြစ်ရှာခံရနိုင်သည်။
အမှန်အတိုင်းပင် မြေမသေမျိုး ၏ မျက်နှာမှာ ပြေလျော့သွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည်
"ချန်းရှီး... ဒီလောက်ထိ စိတ်လှုပ်ရှားမနေပါနဲ့ ငါ ဒီတစ်ခါ လာတာက မင်းကို ရာထူးကနေ ဖယ်ရှားဖို့ မဟုတ်ပါဘူး ဒီနေရာက အခြေအနေမှန်ကို သိချင်ရုံ သက်သက်ပါ "
စုန့်ကျိလီ ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
သူ မြေမသေမျိုး ကို ကြည့်လိုက်သော်လည်း မြေမသေမျိုး က သူ့ကို လုံးဝ မကြည့်။
ထိုအခါ သူ နားလည်သွားပြီး ခေါင်းငုံ့ကာ စကားမပြောတော့ပေ။
"အော်... အခြေအနေမှန် သိချင်တာလား အကြီးအကဲ... အစောတည်းက ပြောပေါ့ဗျာ ဒီကိစ္စတွေကို ယန်ဟောက်ရန် က နားလည်ပါတယ်"
ရွှီချန်းရှီး က ပြုံးပြီး စုန့်ကျိလီ ကို တစ်ချက် စိုက်ကြည့်လိုက်သည်
"မြင်လား ငါ ဒီကို ရောက်လာတော့ ယန်ဟောက်ရန် ကို အများကြီး တာဝန်ပေးထားတာ အကြီးအသေး အကုန် သူပဲ စီမံတာ ငါ ဝိညာဉ်သုတ်သင်ခြင်းဌာန ဆီက အကျိုးအမြတ် ရထားတယ်ဆိုရင် မင်းတပည့်ကလည်း ရထားမှာပေါ့၊ ဟုတ်တယ်မလား "
စုန့်ကျိလီ ၏ မျက်နှာမှာ ပို၍ ဆိုးရွားလာသည်။
သူ ပြန်မပြောနိုင်တော့ပေ။
မြေမသေမျိုး က ပြုံး၍ ပြောသည်
"ကောင်းပြီ ကောင်းပြီ၊ စိတ်မတိုပါနဲ့ စုန့်ကျိလီ ကစိတ်တိုလို့ ပြောလိုက်တဲ့ စကားပါ အတည်မယူပါနဲ့ ချန်းရှီး ဝိညာဉ်သုတ်သင်ခြင်းဌာန နဲ့ လက်တွဲစရာ အကြောင်းမရှိဘူးဆိုတာ ငါ သိပါတယ် အဲဒီဘက်က လူတွေရဲ့ လုပ်ပုံကိုင်ပုံကို မင်း လုံးဝ အထင်သေးမှာပဲ "
ရာထူးမှ ဖယ်ရှားမည့်ကိစ္စမှာ ရွှီချန်းရှီး ၏ အပြောကြောင့် ရယ်စရာတစ်ခုလိုမျိုး အဆုံးသတ်သွားခဲ့သည်။
သို့သော် ဖန့်ချန် က မြေမသေမျိုး ၏ မျက်လုံးထဲတွင် အောင်မြင်မှု အရိပ်အယောင်တစ်ခုကို မြင်လိုက်ရသည်။
"ဒီလူအိုကြီးက ရွှီချန်းရှီး ကို ရာထူးက ဖယ်ရှားဖို့ တစ်ခါမှမတွေးခဲ့ဘူး သူ့ကို ဖိအားပေးပြီး စုန့်ကျိလီ ကို ပြန်ခေါ်လာဖို့နဲ့ နှစ်ယောက်သား ပူးပေါင်းခိုင်းဖို့ လုပ်တာပဲ ကြည့်ရတာ မသေမျိုးလောကငယ် ဘက်က သူ့ကို တိုက်တွန်းနေပုံပဲ "
ဖန့်ချန် က တုယွန်းရွှီ ကို ကြည့်ပြီး ပြုံးလိုက်သည်။
ထိုအချိန်တွင် ယန်ဟောက်ရန် က ဝိညာဉ်နတ်ဘုရားဂိုဏ်း နှင့် ဝိညာဉ်သုတ်သင်ခြင်းဌာန ကြား တိုက်ပွဲ အသေးစိတ်အချက်အလက်များကို အစီရင်ခံနေသည်။
အဆုံးတွင် ယန်ဟောက်ရန် က သက်ပြင်းတစ်ချက် ချလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်
"အကြီးအကဲများ ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်တွေက ဝိညာဉ်သုတ်သင်ခြင်းဌာန ထက် အမြဲတမ်း တစ်လှမ်း နောက်ကျနေပါတယ် ဒါက ကျွန်တော်တို့ နေရာတိုင်းမှာ ရှုံးနိမ့်နေရတဲ့ အကြောင်းရင်းပါပဲ "
"ကျွန်တော်တို့တွေ ဘာမှ မသိဘဲနဲ့ ကိုယ်တိုင် လက်ရဲဇက်ရဲ လူတွေကို သတ်ဖြတ်နေလို့ မဖြစ်ဘူး မဟုတ်လား "
ခဏရပ်ပြီးနောက် ယန်ဟောက်ရန် ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး မြေမသေမျိုး ကို ပြောသည်
"အကြီးအကဲ... ကျွန်တော်တို့တွေ နတ်မင်းနန်းတော် ကို အတုယူလို့ မရဘူးလား သူတို့ အရင်က ကျိုးရှန်းတောင် ကို ဖျက်ဆီးခဲ့သလိုမျိုး နတ်မင်းနန်းတော် ကို အကူအညီတောင်းကြည့်ရင် ဘယ်လိုနေမလဲ "
"နတ်မင်းနန်းတော် လား..."
မြေမသေမျိုး ၏ မျက်နှာမှာ အနည်းငယ် သဘာဝမကျ ဖြစ်သွားသည်။
အခန်း (၁၂၂၄) ခွေးရိုက်အစီအစဉ်၏ ပထမဆုံး အကျိုးသက်ရောက်မှု
"ယန်ဟောက်ရန် မင်း ဘာတွေ လျှောက်ပြောနေတာလဲ ငါတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်း က ဘာကြောင့် နတ်မင်းနန်းတော် နဲ့ ပူးပေါင်းရမှာလဲ "
ရွှီချန်းရှီး က ယန်ဟောက်ရန် ကို မျက်စောင်းထိုးလိုက်သည်။
ယန်ဟောက်ရန် ၏ အမူအရာမှာ အနည်းငယ် ဝေဝါးနေပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည်
"တကယ်လို့ နတ်မင်းနန်းတော် ကို အကူအညီတောင်းပြီး မြေဝက်ဝံဂြိုဟ် ပေါ်မှာ တစ်ခေါက်လောက် ထပ်လုပ်ခိုင်းလိုက်ရင် အရှုံးကနေ အမြတ်ပြန်ထွက်လာပြီး ဒီနှစ်တွေအတွင်း လျော့နည်းနေတဲ့ သွေးဝိညာဉ်နတ်ဘုရားဆေးလုံး တွေကို ပြန်ဖြည့်နိုင်မှာ မဟုတ်ဘူးလား၊ ဟုတ်တယ်မလား "
စုန့်ကျိလီ က အခုချိန်မှာ ယန်ဟောက်ရန် ကို ဆက်မပြောရန် မျက်ရိပ်ပြနေသည်။
ယန်ဟောက်ရန် ကမှ အခုမှ သတိဝင်လာသလိုမျိုး ပါးစပ်ကို အမြန်ပိတ်လိုက်သည်။
မြေမသေမျိုး က ခဏတာ စဉ်းစားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်
"တကယ်တော့ သူ့အကြံက မဆိုးပါဘူး၊ ငါ နတ်မင်းနန်းတော် ရဲ့ လုပ်နည်းကိုင်နည်းတွေကို မြင်ဖူးပါတယ်၊ သူတို့ကို တစ်ခေါက်လောက် ကူညီပေးဖို့ ဖိတ်ခေါ်ရင် ပေးရမယ့် တန်ဖိုးကို ငါ ပေးနိုင်ပါတယ်၊ ဒါပေမဲ့……"
ခဏရပ်ပြီးနောက်
"မင်းတို့ကို မဖုံးကွယ်ပါဘူး၊ နတ်မင်းနန်းတော် နဲ့ ငါတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်း နဲ့ အဆင်မပြေတော့ဘူး"
"အဆင်မပြေတော့ဘူး "
ယန်ဟောက်ရန် တစ်ယောက် နားမလည်နိုင် ဖြစ်သွားသည်။
"ဟုတ်တယ် "
မြေမသေမျိုး က ခေါင်းညိတ်လိုက်သည်
"ငါ့မှာ အဝေးက ဆွေမျိုးတစ်ယောက် ရှိတယ် ဆက်ဆံရေးက သိပ်မနီးစပ်ပေမဲ့ သူ့ရဲ့ အရည်အချင်းနဲ့ ကျင့်ကြံခြင်းက မဆိုးဘူး စောစောစီးစီးပဲ အဆင့် (၃) ကို တက်လှမ်းနိုင်ခဲ့ပြီး အခြေခံတွေလည်း ပြည့်စုံနေပြီ နတ်ဆေးပင် သာ ရရင် အဆင့် (၄) ကို ချက်ချင်း တက်နိုင်မယ့်သူပဲ "
"အရင်နှစ်တွေက သူ နတ်ဆေးပင် တစ်ပင်ရဲ့ တည်နေရာကို သိလိုက်ရတယ် အဲဒီအတွက် ပြင်ဆင်မှုတွေ လုပ်ပြီးနောက် အဲဒီဆေးပင်က တခြား အဆင့် (၃) မသေမျိုး တစ်ယောက်လက်ထဲ ရောက်နေတာကို သိသွားတယ် သူက အဲဒီမသေမျိုးရဲ့ အပေါင်းအပါ နဲ့ ပူးပေါင်းပြီး အဲဒီ အဆင့် (၃) မသေမျိုးကို သတ်ဖြတ်ပစ်လိုက်တယ် "
လူတိုင်း ငြိမ်သက်သွားကြသည်။
ထိုနည်းလမ်းမှာ အနည်းငယ် စည်းကမ်းမရှိသော်လည်း နတ်ဆေးပင် အတွက်ဆိုလျှင် ဘာမှ မမှားယွင်းဟု ယူဆနိုင်သည်။
"ကံမကောင်းတာက သူ ရလိုက်တဲ့ သတင်းက အတု အဲဒီ အဆင့် (၃) မသေမျိုးဆီမှာ ဆေးပင် မရှိဘူး ပြီးတော့ သူ့ရဲ့ အထောက်အထားကလည်း ထူးခြားတယ်၊ သူက နတ်မင်းနန်းတော် က ကျင့်ကြံသူ တစ်ယောက် ဖြစ်နေတယ် "
"ဟူးးးးး"
ဒူးထောက်နေကြသော ကျင့်ကြံသူများစွာမှာ အံ့အားသင့်သွားကြသည်။
ဆိုလိုသည်မှာ မြေမသေမျိုး က နတ်မင်းနန်းတော် ကို သွယ်ဝိုက်ပြီး စော်ကားမိသလို ဖြစ်သွားသည်ပေါ့။
သူတို့သည် ကျိုးရှန်းတောင် ပျက်စီးခဲ့သည့် မြင်ကွင်း၊ ကောင်းကင်ဓားဌာန ပျက်စီးခဲ့သည့် မြင်ကွင်းကို ပြန်တွေးမိကြသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူတို့အတွက်မူ မနေ့ကလိုပင် ထင်မှတ်နေဆဲ ဖြစ်သည်။
"ဒီကိစ္စကို ယန်ဟောက်ရန် နဲ့ မယ်တော်စီ တို့ ပူးပေါင်းပြီး လုပ်ခဲ့တာပါ၊ ဘာသက်သေမှ မကျန်ခဲ့ဘူး "
တုယွန်းရွှီ က ဖန့်ချန် ဘေးတွင် တိုးတိုးလေး ပြောလိုက်သည်။
ဖန့်ချန် က နားမလည်သလို ဖြစ်နေသော ယန်ဟောက်ရန် ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
သူ ကျင့်ကြံနေချိန်အတွင်း အဖွဲ့အစည်းတိုင်းက အင်တိုက်အားတိုက် လုပ်ဆောင်နေပုံရသည်။
ခွေးရိုက်အစီအစဉ် က အောင်မြင်နေပြီ ဖြစ်သည်။
ဒီကိစ္စပြီးရင် သူ သွားပြီး သေချာလေ့လာရဦးမည်။
"ကြယ်မိုးမသေမျိုးရှင် က ဒီကိစ္စမှာ ငါ တိုက်ရိုက်မပါဝင်ဘူးဆိုတာ သိတယ် အားလုံးက နားလည်မှုလွဲတာလို့ သူ ယူဆတယ် တကယ်လို့ ငါသာ ကိုယ်တိုင် လုပ်ခဲ့ရင် အဲဒီလူမှာ ဆေးပင် အစစ် ရှိ၊ မရှိ အရင်စစ်ဆေးမှာပေါ့ ငါ့ရဲ့ ဆွေမျိုးကပဲ မိုက်မဲသွားတာပါ "
မြေမသေမျိုး က သက်ပြင်းချလိုက်သည်
"နောက်တော့ အသက်နဲ့ရင်းပြီး ဒီကိစ္စကို ဖြေရှင်းခဲ့တယ် "
"ဒါပေမဲ့ မင်းတို့လည်း နတ်မင်းနန်းတော် ရဲ့ စရိုက်ကို ကြားဖူးမှာပါ သူတို့က လက်စားချေတတ်တယ် ငါ့ကို ဘာမှ မလုပ်တာက တစ်ချက်၊ ငါက အဆင့် (၅) မသေမျိုး ဖြစ်နေလို့ နှစ်ချက်က ငါက ဝိညာဉ်နတ်ဘုရားဂိုဏ်း ရဲ့ စည်းကမ်းထိန်းသိမ်းရေး ကျင့်ကြံသူ ဖြစ်နေလို့ပါ "
"သူတို့ ဘယ်လောက်ပဲ ရူးသွပ်နေပါစေ ငါ့ကို ထိဖို့ မလွယ်ဘူး ပြီးတော့ အဲဒီဆွေမျိုးကို ကိုယ်တိုင် ပို့ပြီး တောင်းပန်ခဲ့တာလည်း ပါသေးတယ် "
"ဒါပေမဲ့... အပေါ်ယံကြည့်ရင် ကိစ္စက ပြီးသွားပေမဲ့ အတွင်းပိုင်းမှာတော့ နတ်မင်းနန်းတော် က ငါတို့ ဝိညာဉ်နတ်ဘုရားဂိုဏ်း အပေါ် တုံ့ပြန်မှုက အလွန် အေးစက်သွားတယ် ဝိညာဉ်သုတ်သင်ခြင်းဌာန နဲ့တော့ အရမ်း ရင်းနှီးသွားတယ် "
"ဒါကြောင့် ဒီကိစ္စမှာ နတ်မင်းနန်းတော် ကို အကူအညီတောင်းဖို့ မပြောနဲ့၊ သတင်းတွေ ပေါက်ကြားသွားပြီး သူတို့ သိသွားမှာကိုတောင် ရှောင်ရှားရဦးမယ် "
လူတိုင်း နားလည်သွားကြသည်။
ထို့နောက် အားလုံး တိတ်ဆိတ်သွားပြန်သည်။
နတ်မင်းနန်းတော် ဆိုတဲ့ အပြင်လူ အကူအညီ မရနိုင်တော့ဘူးဆိုရင် ဝိညာဉ်သုတ်သင်ခြင်းဌာန ကို ဘယ်လို တိုက်ခိုက်မလဲ
"ချန်းရှီး၊ ဒေသတစ်ခုစီမှာ တစ်ယောက်ပဲ ခေါင်းဆောင် ဖြစ်ရမယ်ဆိုတဲ့ စည်းကမ်းရှိပေမဲ့ ဒီတစ်ခါတော့ ငါ ဒီစည်းကမ်းကို ချိုးဖောက်မယ် မင်း အဆင်ပြေမယ် မဟုတ်လား "
"စုန့်ကျိလီ က မြေဝက်ဝံဂြိုဟ် နဲ့ ဖန်တီးရှင်ဂြိုဟ်အကြောင်း မင်းထက် ပိုသိတယ် သူက အပြစ်ရှိသူ တစ်ယောက်အနေနဲ့ ဖန်တီးရှင်ဂြိုဟ် ကို ပြန်သွားပြီး မင်းကို ကူညီပေးလိမ့်မယ် "
မြေမသေမျိုး က ပြောသည်။
"ကူညီပေးမယ် ဆိုလိုတာက သူ ကျုပ်အမိန့်ကို နာခံရမှာလား "
ရွှီချန်းရှီး က ရုတ်တရက် မထီတရီ ရယ်မောလိုက်သည်။
စုန့်ကျိလီ က ပြုံး၍ စကားမပြောပေ။
ဖန်တီးရှင်ဂြိုဟ် က သူ့နယ်မြေ ဖြစ်သည်။ တစ်ဖက်လူက နှစ်အနည်းငယ်အတွင်း ဒီနေရာကို သူ့လက်ထဲကလိုမျိုး ထိန်းချုပ်နိုင်အောင် လုပ်လို့မရနိုင်ဘူး။
သူ ဒီနေရာကို ပြန်ရောက်ရင် အောက်ကလူတွေက ဘယ်သူ့အမိန့်ကို နာခံမလဲဆိုတာ ရွှီချန်းရှီး ဆုံးဖြတ်ချက် မဟုတ်တော့ဘူး။
"ဟုတ်တယ်၊ မင်းကို ကူညီပေးဖို့ပဲ မင်းလည်း တခြားအတွေးတွေ မဝင်ပါနဲ့ တချို့ကိစ္စတွေမှာ သူ့ကို အကြံဉာဏ် တောင်းနိုင်တယ် "
"တစ်ချက်တော့ ရှိတယ် ငါ မင်းကို အတိအလင်း မပြောနိုင်ပေမဲ့ မြေဝက်ဝံဂြိုဟ် ဘက်မှာ မင်း ကိုယ်တိုင် ဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာကို ပြသတဲ့ ရလဒ်ကောင်း တစ်ခုကို ငါ မြင်ချင်တယ် "
မြေမသေမျိုး က ပြုံး၍ ပြောသည်။
သူ ရွှီချန်းရှီး ကို မသေမျိုးလောကငယ် နှင့် ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို တိုက်ရိုက် မပြောနိုင်ပေ။
ဒီတစ်ခါ စုန့်ကျိလီ ကို ပြန်လွှတ်ပေးတာကလည်း အခြေအနေမပေးလို့သာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူက ဒီကိစ္စရဲ့ အတွင်းရေးကို သိပြီးသားဆိုတော့ ပိုပြီး စိတ်ဝင်စားလိမ့်မည်။
တစ်ချိန်တည်းမှာပင် ရွှီချန်းရှီး ၏ လုပ်ဆောင်ပုံကိုလည်း သံသယ ဝင်နေသည်။
ရွှီချန်းရှီး က ဝိညာဉ်သုတ်သင်ခြင်းဌာန နဲ့ ပူးပေါင်းနေတယ်လို့တော့ မထင်ပေ။
ရွှီချန်းရှီး က သွေးဝိညာဉ်နတ်ဘုရားဆေးလုံး ကို မလိုချင်လို့ အလုပ်ကို လျစ်လျူရှုပြီး နေ့တိုင်း ဟိုလျှောက်သွား ဒီလျှောက်သွား လုပ်နေမှာကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။
စုန့်ကျိလီ ကတော့ သူ ဒီနေရာမှာ ထားခဲ့တဲ့ မျက်လုံး တစ်စုံ ဖြစ်ပြီး ဒီကိစ္စကို စောင့်ကြည့်ပေးနိုင်လိမ့်မည်။
ဒါမှလည်း မသေမျိုးလောကငယ်က သူ့ရဲ့ စိတ်ရင်းကို သိပြီး အမြဲတမ်း ဖိအားပေးနေမှာ မဟုတ်တော့ပေ။
ထူးခြားသူ ကို ဆွဲထုတ်ရတာ ဘယ်လောက် ခက်ခဲသလဲ။
ဒါက တစ်ရက်နှစ်ရက်နဲ့ ဖြစ်လာမယ့်ကိစ္စ မဟုတ်ပေ။
"မြေမသေမျိုး အကြီးအကဲ စိတ်ချပါ နောက်ဆိုရင် စုန့်ကျိလီ က ကျွန်တော့်ကို ကူညီပေးမှာဆိုတော့ ဝိညာဉ်သုတ်သင်ခြင်းဌာန နဲ့ အားပြိုင်တာ ပိုလွယ်သွားမှာပါ အဆင့် (၃) နှစ်ယောက် ရှိနေပြီဆိုတော့ သူတို့ ဘယ်လိုမှ မခံနိုင်တော့ဘူး "
ရွှီချန်းရှီး က လက်အုပ်ချီလိုက်သည်။
"ကောင်းပြီ၊ ငါ သွားတော့မယ် မင်းတို့ ဒီမှာ ဆက်ပြောကြ၊ တတ်နိုင်သလောက် မြန်မြန် ရလဒ်ကောင်းတွေ ထွက်အောင် လုပ်ပါ "
မြေမသေမျိုး က စုန့်ကျိလီ ၏ ပခုံးကို ပုတ်ကာ ခန်းမဆောင်ထဲမှ ထွက်ခွာသွားသည်။
"အဟွတ်"
စုန့်ကျိလီ က ချောင်းဟန့်လိုက်သည်
"အားလုံးပဲ ထကြတော့ "
အုပ်စုလိုက် လူတွေက ချက်ချင်း ထရပ်လိုက်ကြသည်။
ရွှီချန်းရှီး ၏ လက်ရုံးရည်များသာ ဆက်ပြီး ဒူးထောက်နေကြသည်။
ရွှီချန်းရှီး က ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာမှာ မှောင်သွားသည်။
စုန့်ကျိလီ က သူ့ကို နေရာတကာမှာ အာဏာပြပြီး ဒီနေရာမှာ ဘယ်သူက သူဌေးလဲဆိုတာကို ပြသနေခြင်း ဖြစ်သည်။
သူ လှောင်ပြုံး ရယ်မောလိုက်သည်
"အားလုံးပဲ ထကြတော့ စုန့်ကျိလီ ပြောတာ မကြားဘူးလား နားတွေ ပင်းနေကြတာလား "
"ဟုတ်ကဲ့ "
သူ၏ လက်ရုံးရည်များသာ ဖြည်းဖြည်းချင်း ထရပ်လိုက်ကြသည်။
စုန့်ကျိလီ က ရွှီချန်းရှီး ၏ လှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်
"ငါတို့ ရလဒ်တစ်ခုခု ထွက်အောင် လုပ်ရမယ်၊ ရွှီအစ်ကို မှာ ဘာအတွေး ရှိလဲ "
"ငါ့မှာ ဘာအတွေး ရှိရမှာလဲ မြေမသေမျိုး အကြီးအကဲ က မင်းက ငါ့ထက် ပိုစွမ်းဆောင်နိုင်တယ်လို့ ယူဆနေတာပဲ မင်းရဲ့ အကြံဉာဏ်ကိုပဲ ပြောပြပါဦး၊ ငါ ကြည့်ပြီး အဆင်ပြေမပြေ ဆုံးဖြတ်မယ် "
"မင်း တပည့် ယန်ဟောက်ရန် လိုမျိုး နတ်မင်းနန်းတော် အကြောင်းတော့ နောက်တစ်ခါ ထပ်မပြောနဲ့ဦး သူ့ကို မျက်ရိပ်ပြနေတာတောင် မရိပ်မိဘူး တကယ်လို့ မြေမသေမျိုး အကြီးအကဲသာ စိတ်သဘောထား ကြီးမားခြင်း မရှိရင် ငါတို့ကို သူ့ကို အရေးယူနေတယ်လို့ ထင်နေမှာ "
ရွှီချန်းရှီး က လှောင်ပြုံး ရယ်မောသည်။
မြေမသေမျိုး အကြောင်းက အပြင်မှာ ပျံ့နှံ့နေပြီးသား ဖြစ်သည်။
သူ့ရဲ့ အဝေးဆွေမျိုးက နတ်မင်းနန်းတော် က အဆင့် (၃) တစ်ယောက်ကို ခေါင်းစိမ်းစွပ်ရုံတင်မကဘဲ အပေါင်းအပါနဲ့ပါ ပူးပေါင်းပြီး သတ်ဖြတ်ခဲ့တာဖြစ်သည်။
ယနေ့အချိန်ထိ နတ်မင်းနန်းတော် က အဲဒီ အပေါင်းအပါကို လိုက်ရှာနေဆဲ ဖြစ်သည်။
ယန်ဟောက်ရန် မှာ ရှက်ရွံ့နေသည်။
"ကျုပ်မှာ အကြံတစ်ခု ရှိပါတယ် တကယ်တော့ ဖန်တီးရှင်ဂြိုဟ် ပေါ်မှာ ထျန်ရှန်းကျုံးဂိုဏ်း က ကျင့်ကြံသူ တစ်ယောက် ရှိပါတယ် သူက ထျန်ရှန်းကျုံးဂိုဏ်း မှာ အဆင့်မြင့်ပါတယ် သူ့ကို ဖိတ်ခေါ်ပြီး ဝိညာဉ်သုတ်သင်ခြင်းဌာန ရဲ့ သတင်းတွေက ငါတို့ထက် ဘာကြောင့် မြန်နေရတာလဲဆိုတာ အရင် မေးကြည့်လို့ ရပါတယ် "
စုန့်ကျိလီ က ဖြည်းဖြည်းချင်း ပြောလိုက်သည်
"တစ်ချိန်တည်းမှာပဲ ယင်စိန့်ဂိုဏ်း ဘက်ကိုလည်း အသုံးပြုလို့ ရပါတယ် ကျုပ် နဲ့ ယင်စိန့်ဂိုဏ်း က ယွီထင်ကျဲ နဲ့ ဆက်ဆံရေး နည်းနည်း ရှိတယ် "