အား အီး
Vol. 9 Ch. 833
မြေရိုင်းဒေသသည် ကြီးမားကျယ်ပြန့်သော နေရာတစ်ခု ဖြစ်ပြီး အမုန်းဝိညာဥ်များမှာ မည်သူမျှ မရေတွက်နိုင်လောက်အောင် အလွန်များပြားလှသည်။ ထိုမျှသာမက မြေရိုင်းဒေသရှိ ဝိညာဥ်ကျင့်ကြံသူများအားလုံး ၎င်းတို့ကို အောက်လမ်းပညာရပ်နှင့် ကျင့်ကြံခြင်းတွင် အသုံးပြုသည့်တိုင် ၎င်းတို့၏ အရေအတွက်က အဆက်မပြတ်ပြန်လည် ပြည့်တင်းလာသည်သာမက တိုးပင် တိုးလာသည်။
ယခုအခိုက်အတန့်တွင် မြေရိုင်းဒေသရှိ အနှောင်အဖွဲ့ကင်းသော အမုန်းဝိညာဥ်များအားလုံး မည်သည့် နေရာတွင် ရောက်နေစေကာမူ ခေါင်းမော့လိုက်ကြပြီး ဝူးဝူးဝါးဝါး အော်ဟစ်သံများ ပြုလိုက်ကြ၏။ ထို့နောက် ၎င်းတို့က ဆင့်ခေါ်ခံလိုက်ရသည့်အလား တူညီသော အရပ်မျက်နှာဆီသို့ ပျံသန်းသွားကြသည်။
၎င်းတို့က မည်မျှ နီးသည်ဖြစ်စေ၊ ေဝးသည်ဖြစ်စေ အရေးမကြီးပေ။ ၎င်းတို့သည် အလိုအလျောက် ပြုမူနေကြဟန်တူပြီး လေကိုခွင်း၍ တတ်နိုင်သမျှ အားကုန်သုံးကာ ပျံသန်းနေကြသည်။ တချို့က ယခင်ထက်ပိုမြန်သော အရှိန်ကို သုံးကာ တည်နေရာပင် ရွှေ့ပြောင်းသွားကြသည်။
မြေရိုင်းဒေသရှိ ဝိညာဥ်များအားလုံး မြင့်မြတ်သော နေရာအလား ဦးတည်နေသည့် နေရာမှာ မိန်းမပျိုလေးတစ်ယောက်၏ မျက်နှာနှင့် သွေးခဲကြီးဖြစ်ပြီး အသံလှိုင်းကန်ကြီးတစ်ခု ဖြစ်လာသည့် ကီလိုမီတာ ၅၀၀ နေရာကြီးဆီသို့ပင် ဖြစ်သည်။
ကီလိုမီတာ ၅၀၀ နေရာအတွင်းရှိ အသံလှိုင်းလုံးကြီးက မြေရိုင်းဒေသအားလုံးကို သက်ရောက်နိုင်သည့်အချက်မှာ တွေးကြည့်ရန်ပင် ခက်လှသည်။
သရဲကြီးဘုရင်၏ မျက်နှာပျက်သွား၏။
" သရဲသဟဇာတဖြစ်ခြင်း "
သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး နောက်သို့ယိမ်းယိုင်သွားကာ ထိုအသံမှ သူ့ကိုယ်သူ ကာကွယ်ရန် သူ၏ ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေရန်မှ လွဲ၍ မည်သို့မျှမလုပ်နိုင်တော့ပေ။
သူသည် လုံးဝပြိုလဲလုနီးပါး ဖြစ်နေဟန်တူပြီး တဆတ်ဆတ်တုန်ယင်နေကာ စစ်အောင်ဘုရင်၊ သောကကင်းဝေးကိုးသွယ်ဘုရင်နှင့် ဝိညာဥ်ခရီးဘုရင်သည်လည်း ထိုနည်းတူ ဖြစ်ပျက်နေတော့သည်။ သို့သော်လည်း သူတို့အားလုံးက သရဲကြီးဘုရင်ထက် အနည်းငယ် သက်သာဟန်တူသည်။
အသံ၏ပြင်းအားက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများအား မခံရပ်နိုင်လုနီးပါးအထိ ဝင်ဆောင့်သွားခဲ့သည်။
" သူက ဝိညာဥ်ကိုယ်ပွားတစ်ကောင်သာသာပဲကို။ ဘာလို့ ဒီလောက် အစွမ်းထက်နေရတာတုန်း။ ပြီးတော့ သူ့ခန္ဓာကိုယ်အစစ်ရဲ့ ကျင့်ကြံခြင်းအခြေခံက ဘာလဲ။ နတ်ဘုရားတစ်ပိုင်းထက် ကျော်နေမှာ သေချာတယ် "
" ဒီမှော်သိုင်းက ငါတို့ ကမ္ဘာက မဟုတ်ဘူး "
စစ်အောင်ဘုရင်၏မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ မြင့်တက်လာပြီး သူ ဟောဟဲလှိုက်လာသည်။ သူ၏ ဓားချီများ တိုးထွက်လာပြီး သူ့ကိုယ်သူကာကွယ်လိုက်သည့်တိုင် အသံ၏ ဖိနှိပ်မှုအောက်တွင် လုံးဝ ပြားပြားဝပ်သွားတော့သည်။
ဝိညာဥ်ခရီးဘုရင်၏ ခန္ဓာကိုယ်မှာ အဆီများ ပျောက်ကွယ်ပြီး ကျုံ့လာကာ သူ၏ မျက်နှာအသွင်အပြင်များ ပြောင်းလဲလာ၏။ သူကား သူ့ကိုယ်သူ ကာကွယ်ရန် မည်သည်ကိုမှ ချန်လှပ်မထားတော့သည်မှာ သိသာလှသည်။
သူတို့အားလုံး ထိုကဲ့သို့ သက်ရောက်ခံနေရလျှင် ချန်ဟောက်စုန့်နှင့် သူ့လူများမှာ ဆိုဖွယ်မရှိတော့ပြီ။ ကောင်းကင်နယ်စားဆယ်ဦးလုံး၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ၊ ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေလျက် တဆတ်ဆတ်တုန်နေကြပြီး ခြောက်ကပ်လာသည်။ သိသာထင်ရှားစွာပင် သူတို့က ထိုအသံလှိုင်းကို ကာကွယ်နိုင်စွမ်း လုံးလုံးမရှိကြပေ။
ခရမ်းရောင်သွေးခဲထဲမှ မိန်းကလေး၏ မျက်နှာသည် အဆက်မပြတ် စူးစူးဝါးဝါးအော်ဟစ်နေစဥ် သူမ၏မျက်လုံးများထဲ၌ အထင်မြင်သေးသော အကြည့်တစ်ခု ပေါ်လာ၏။
" ဒါက ဒဏ္ဍာရီလာ လောက နတ်ဘုရားမှော်ပညာပဲ။ မင်းက ကောင်းကင်ဘုံအလွန်က လောကနတ်ဘုရားတစ်ပါးရဲ့ လက်အောက်ခံပဲ။ ဒါပေမယ့် ဘယ်တစ်ယောက်လဲ "
မဟာကောင်းကင်သခင်က အံတင်းတင်းကြိတ်လိုက်ရာ သူ့ပတ်ပတ်လည်တွင် တလက်လက်စူးရှတောက်ပနေသော အလင်းအကာအကွယ်တစ်ခု ပေါ်ပေါက်လာ၏။ သူ လှုပ်ရှားနိုင်သေးသော်လည်း ခက်ခဲလွန်းလှပြီး သူ့ခြေထောက်၏ လှုပ်ရှားမှုတိုင်းက တောင်များနှင့် တွယ်ဆက်နေသည့်အလား ခံစားရနေရသည်။
သူ၏ စကားကြောင့် ကလေးမလေး၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွား၏။ ထို့နောက် သူမက ဆက်လက် အော်မြည်နေသည့်တိုင် ထိုအသံသည် သွေးခဲအတွင်းထဲမှ အသံပေါင်းများစွာ ရောယှက်ပါဝင်နေသည့်ဟန်တူသည်။
" မင်းက တော်တော်သိတာပဲ "
ကီလိုမီတာ ၅၀၀ နေရာအတွင်းရှိ အသံစွမ်းအား ဆက်လက် မြင့်တက်လာချိန် အမုန်းဝိညာဥ်ပင်လယ်တစ်ခုသည် နယ်နိမိတ်ထဲ ဝင်ရောက်လာ၏။ ၎င်းတို့က တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ထိုအသံနှင့် ကလေးမလေးထဲ စီးဝင်လိုက်ရာ သူမကို ပို၍ပင် သန်မာအားကောင်းသွားစေသည်။
အပြင်ဘက်ရှိ လူတိုင်းမှာ ကြောက်ကြောက်လန့်လန့် တုန်ရီနေကြကာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား မျက်နှာများ ဖြူဖျော့နေကြပြီး ခေါင်းများ ချာချာလည်သွားကြသည်။ မြေရိုင်းဒေသရှိ စွမ်းအားအကြီးဆုံး ဖြစ်သော နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူငါးဦးလုံး အတူတကွ တိုက်ခိုက်ကြသည့်တိုင် အနှီထူးဆန်းသော ကလေးမလေးကို မဖျက်စီးနိုင်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
အမှန်တွင် သူတို့မှာ သူမကို သတ်ရန် မအောင်မြင်သည်သာမက သေစေနိုင်သော အန္တရာယ်တွင်းထဲ ကျရောက်သွားလေပြီ။
" အဖေ "
သခင်မလေးဟုန်ချိန်က စိုးရိမ်မှုများဖြင့် တဆတ်ဆတ်တုန်ရီနေရင်း အော်လိုက်သည်။ သူမက ပိုင်ရှောင်ချန်းလက်တွင်းမှ ရုန်းကန်လိုက်သော်လည်း သူက သူမကို တင်းကြပ်စွာ ပွေ့ဖက်ထားသည်။
" ဖယ် နင့်လက်ဖယ်လို့ "
သူမက အော်သည်။ သို့သော် သူမမှာ အလွန်အားနည်းပြီး မည်မျှပင် ရုန်းကန်စေကာမူ မရုန်းထွက်နိုင်ပေ။ သူမမှာ သူမဖခင် အသံရေကန်အတွင်း သေအံဆဲဆဲ ပိတ်မိနေသည်ကိုသာ ကြည့်နေနိုင်သည်။
ထိုမျှသာမက သရဲကြီးဘုရင်မှာ ထိခိုက်ထားပြီး အခြားသူများထက် ပို၍ အားနည်းနေကာ ကြာရှည်စွာ တောင့်ခံနိုင်မည်မဟုတ်ကြောင်း သိသာသည်။
" စိတ်အေးအေးထားစမ်း "
ပိုင်ရှောင်ချန်းက မျက်လုံးများ နီရဲလျက် အော်လိုက်သည်။
" မင်း အခုသွားရင် မင်း သေချာပေါက် သေသွားလိမ့်မယ် "
သခင်မလေးဟုန်ချိန်၏မျက်ဝန်းလေးများထဲတွင် မျက်ရည်များ ပြည့်နှက်လာ၏။ ယခုအခိုက်အတန့်တွင် သူမသည် အင်အားကြီးသော နတ်အဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ပေ။ သူမ၏နှလုံးသားမှာ တစစီပြိုလဲနေရသည်။ ပိုင်ရှောင်ချန်းကို လှည့်ကြည့်ရင်း သူမက ဒေါသတကြီးဆို၏။
" ငါ့အဖေက နင့်ကို အများကြီး ကြင်နာသနားခဲ့တာလေ ပိုင်ဟောက်။ နင် သူ့ကို မကယ်ချင်ရင် ရတယ်ထား။ ဒါပေမယ့် ငါ့ကို ဘာလို့ တားရဲတာလဲ။ နင်.. "
" တော်စမ်း "
ပိုင်ရှောင်ချန်းက သူ့ရင်ထဲရှိ စိုးရိမ်သောကများကို ရဲရဲနီနေသော မျက်လုံးများတွင် ပေါ်လွင်နေခြင်းငှာ မတားဆီးနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။ သူသည် အခြားသူများ မည်သို့ဖြစ်စေ လျစ်လျူရှုထားနိုင်သော်လည်း သရဲကြီးဘုရင်ကိုတော့ မဟုတ်ပေ။ ကီလိုမီတာ ၅၀၀ အသံလှိုင်းကန်ကြီးကို ခါးသီးစွာ စိုက်ကြည့်ရင်း သူက ဖြစ်ညှစ်စဥ်းစားလိုက်သည်။ ထိုအချိန်တွင် သရဲကြီးဘုရင်က သွေးများ ထပ်မံအန်လိုက်ပြီး အားအင်ချည့်နဲ့စွာ ယိမ်းယိုင်သွား၏။ သခင်မလေးဟုန်ချိန်မှာ ပို၍ပင် ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်ပြီး သူမ၏မျက်နှာလေးပေါ်တွင် မျက်ရည်များစီးကျလာတော့သည်။
" အဖေ "
ကြည့်ရသရွေ့ သရဲကြီးဘုရင်က သူမအသံကြားလိုက်ဟန်တူသည်။ သူက သူ၏ လေးလံနေသော မျက်လုံးများကို ဖွင့်လိုက်ပြီး ပိုင်ရှောင်ချန်းနှင့် သခင်မလေးဟုန်ချိန်ကို လှမ်းကြည့်လိုက်ကာ ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ သူက စကားပြောလိုသည့်အလား ပါးစပ်ဟလိုက်သော်လည်း သူနှင့် အခြေအနေတူသော အခြားသူများနည်းတူ အသံကို ခုခံရန် အလွန်ပြင်းပြင်းထန်ထန် ကြိုးစားနေရသည်။
သခင်မလေးဟုန်ချိန်က ရုန်းထွက်ရန် နှစ်ဆကြိုးစားလိုက်သည်။ သို့သော် ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ခေါင်းနောက်လှန်ပြီး ဟိန်းဟောက်လိုက်၏။ သခင်မလေးဟုန်ချိန်ကို ဘေးချရင်း သူက လေကိုခွင်း၍ ကီလိုမီတာ ၅၀၀ အသံလှိုင်းကန်ကြီးထံ တဟုန်ထိုးသွားလိုက်သည်။
သရဲကြီးဘုရင်ကို ကယ်ရန် မကြိုးစားဘဲ သူလက်ပိုက်ကြည့်မနေနိုင်ပေ။ သရဲကြီးဘုရင်သည် သူ့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး ယခုတွင် ထိုကြင်နာမှုကျေးဇူးတရားကို ပြန်ပေးဆပ်ရမည့် အချိန်ဖြစ်သည်။ သူ အားနည်းပြီး ဤနေရာတွင် သေတော့မည်ကို သည်အတိုင်း ကြည့်မနေနိုင်ပေ။ ထိုမျှသာမက ကလေးမလေးသည် အမှန်တွင် လှုပ်ရှားနေသည့် ပုံမရပေ။
" သူဋ္ဌေးဖြစ်ဖြစ် ခွေးဖြစ်ဖြစ် ပုံအော်ပစ်လိုက်တော့မယ် "
သူက အော်လိုက်သည်။
" ပုံအောပစ်မယ်" သူ ကီလိုမီတာ ၅၀၀ အသံလှိုင်းကန်ကြီးနား ချဥ်းကပ်လာသည်ကို သရဲကြီးဘုရင် သတိထားမိသွား၏။ သူ၏ ကျေးဇူးတင်ခြင်းက မြင်သာသော်လည်း စိုးရိမ်ပူပန်ခြင်းက များစွာပါဝင်နေသည်။
" ပြန်သွား ပိုင်ဟောက်။ ဒီသရဲမက ကောင်းကင်အလွန်က မှော်အတတ်တစ်ခုကို သုံးနေတာ။ ငါတို့ကော သူကော လှုပ်မရဘူး။ ဒီက ထွက်သွား။ မြေအောက်ကမ္ဘာမြစ် တားမြစ်နေရာကိုပြန်သွား"
အသံကျယ်ကျယ် ပြောလိုက်ခြင်းက သူ၏ ခုခံစွမ်းအားကို ယိမ်းယိုင်သွားစေသည်။ သူ့တစ်ကိုယ်လုံး တုန်တက်သွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။
စောင့်ကြည့်နေကြသူများအားလုံး ယခင်ထက်ပို၍ စိတ်လှုပ်ရှားလာကြပြီး အထူးသဖြင့် သခင်မလေးဟုန်ချိန်ပင်။ သူမမှာ တုန်ရီနေပြီး တစ်စုံတခုပြောချင်နေပုံရသော်လည်း မျက်ရည်များနှင့် အလွန် စိတ်ထိခိုက်နေသည်။ သို့သော် ပိုင်ရှောင်ချန်းက သရဲကြီးဘုရင်ပြောသည်ကို မကြားသည့်အလား ရှေ့ဆက်သွား၏။ မကြာမီ သူသည် အသံလှိုင်းကန်ကြီး၏ အစွန်းနား ရောက်သွားလေပြီ။ သူ ဖော်ထုတ်မိမည့် လျှို့ဝှက်ချက်တစ်စုံတရာကိုမှ စဥ်းစားမနေတော့ဘဲ သူ့ကိုယ်ထဲမှ လိပ်ဒယ်အိုးအား ပျံထွက်စေလိုက်သည်။ ၄င်းကို ခေါင်းပေါ်မရင်း အသံလှိုင်းကန်ကြီးထဲ ချီတက်လိုက်သည်။
အတွင်းရောက်သည်နှင့်တစ်ပြိုင်နက် သူက မြေပေါ်ဒူးထောက်လိုက်ပြိး ဒယ်အိုးကို သူ့အပေါ် ထားလိုက်သည်။ ယင်းမှာ သူ အဏ္ဏဝါခေါ်သံဂိုဏ်းမှာရှိစဥ်က အလယ်ပိုင်းဒေသဂိုဏ်းများနှင့် ရှင်းကုံကျစ်တာအိုဂိုဏ်း၏ အမွေအနှစ်နယ်မြေထဲတွင် တိုက်ခိုက်ခဲ့စဥ် သုံးခဲ့သည့် နည်းလမ်းနှင့် တစ်ထပ်တည်းပင်။
၄င်းမှာ သူအလုပ်ဖြစ်မည်ထင်သည့် တစ်ခုတည်းသော ဗျူဟာဖြစ်သည်။ အမှန်တကယ်တော့ သူ အသံနယ်ပယ်ထဲ ဝင်လိုက်သည်နှင့် ၄င်းက သူ့ကို သက်ရောက်သွားပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သို့သော် သူ ဒူးထောက်ပြီး လိပ်ဒယ်အိုးကို သူ့အပေါ် ထားလိုက်သောအခါ သူ့ပတ်လည်ရှိ အသံများအားလုံး ပျောက်ကွယ်သွားလေသည်။
" ဘာအသံမှ မကြားရပါလား "
တခဏကြာ ကြက်သေသေနေပြီးနောက် သူ၏ သွေးဆုပ်ဖြူရော်နေသော မျက်နှာသည် ပျော်ရွှင်မှုများဖြင့် တောက်ပလာ၏။ ပထမတွင် ၄င်းက အမှန်ဖြစ်မည်ဆိုလျှင် ကောင်းလိမ့်မည်ဖြစ်ရာ တခဏကြာသော် သူက သိချင်စိတ်ပြင်းပြစွာ ရှေ့တက်လိုက်သည်။ သရဲကြီးဘုရင်နှင့် အခြားသူများအားလုံး ဖြစ်ပျက်နေသည်အား မြင်သောအခါ လုံးဝတုန်လှုပ်သွား၏။ အဝေးမှ စောင့်ကြည့်နေကြသူများမှာ အလွန်အံ့သြလွန်း၍ အသက်ရှူရန်ပင် မေ့သွားကြလေသည်။
သခင်မလေးဟုန်ချိန်မှာမူ စိုးရိမ်စိတ်များနှင့် နှုတ်ခမ်းလေးကို ဖိကိုက်လိုက်သည်။
ပိုင်ရှောင်ချန်းက ဆက်သွားနေရင်း ယခု သူက လူတစ်ယောက်ကို ကယ်တင်ရန် သွားနေသည်ဆိုသည့်အချက်အရ သူ့ကိုယ်သူ အတန်ငယ် ပို၍ရဲရင့်သည့်ပုံပေါ်အောင် ကြိုးစားသင့်ကြောင်း သဘောပေါက်လိုက်သည်။ ထိုရည်ရွယ်ချက်နှင့် သံသယအဝင်မခံရစေရန် သူက လိပ်ဒယ်အိုးအစွန်းကို မလိုက်ပြီး လူတိုင်းကြားနိုင်လောက်သည်အထိ ကျယ်လောင်စွာ နာကျင်နေသည့်အလား အော်လိုက်သည်။
" အား၊ အင့်၊ သေစမ်း။ အီး.. ခင်ဗျားအတွက် ကျုပ် အကုန်လုပ်ပေးမယ် ယောက္ခမကြီးရေ။ အိုး၊ ယောက္ခမကြီး.... အိုး ။ ခင်များရဲ့ သမက်လေးက ခင်ဗျားကိုကယ်ဖို့ သနားစရာအသက်ကလေးကို စွန့်စားနေတာနော် အီး "
ထိုသို့ဖြင့် တင်းမာခက်ထန်သော တိုက်ပွဲအတွင်း ပိုင်ရှောင်ချန်း၏အသံသည် လူတိုင်းနားထဲ ပဲ့တင်ထပ်လာ၏။ သူသည် လိပ်တစ်ကောင်သဖွယ် လေးဖက်ထောက်သွားရင်း သရဲကြီးဘုရင်ထံ တဖြေးဖြေး ချဥ်းကပ်သွားလေသည်။ အသံလှိုင်းကန်ကြီး၏ အပြင်ကဖြစ်စေ၊ အတွင်းမှဖြစ်စေ စောင့်ကြည့်နေကြသူများမှာမူ လုံးလုံးလျားလျား အံအားသင့်လျက် စိုက်ကြည့်လိုက်ကြသည်။
ခရမ်းရောင်သွေးခဲအတွင်းရှိ မိန်းကလေးပင် မှင်သက်သွားသည်။ သရဲကြီးဘုရင်က လိပ်ခွံနှင့် အနီးဆုံးဖြစ်သည်။ သူ့ကို ပြင်းထန်သောအသံလှိုင်းများ ဝင်ဆောင့်တိုက်ခတ်နေသည့်တိုင် အတွင်းမှ ဟန်လုပ်ထားသော နာနာကျင်ကျင်အော်သံများကို ပြတ်ပြတ်သားသားကြားရလေရာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
" စိတ်မပူနဲ့ ကျစ်မို။ ငါသေရင်တောင်မှ ငါသေချာပေါက် … အီး ငါသေချာပေါက် ငါတို့ အဖေကို ကယ်မှာ။ အိုးး အိုးး "