← Chapters

အခန်း (၃၈၇-၃၈၈)

Vol. 20 Ch. 387-388

အခန်း (၃၈၇-၃၈၈)

Vol. 20 Ch. 387-388

အပိုင်း(၃၈၇) မင်းကို ငါလိုချင်တယ်

စကားဆုံးသည်နှင့် လန်ယွဲ့ဟွာက တကယ်ပင် ပါးစပ်ဟကာ လျှာကိုကိုက်၍ မိမိကိုယ်ကို သတ်သေရန် ပြင်လိုက်တော့သည်။

သို့သော် လင်းယွမ်၏ လှုပ်ရှားမှုက ပိုမြန်နေကာ သူမ၏ မေးရိုးကို ဆွဲဖမ်းလိုက်ပြီး အားကုန် ဆွဲချလိုက်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ သူမ၏ မေးရိုး ပြုတ်ထွက်သွားလေသည်။

လင်းယွမ်က ရက်စက်စွာ ပြုံးလိုက်ပြီး "မင်းက ရှင်ချင်တိုင်း ရှင်လို့ရပြီး သေချင်တိုင်း သေလို့ရမယ် ထင်နေတာလား"

"ဝူး... ဝူး... တိရစ္ဆာန်... ဝူး..."

လန်ယွဲ့ဟွာက ပီပီသသ မထွက်သော အသံဖြင့် ကျယ်လောင်စွာ ကျိန်ဆဲနေသော်လည်း ဘာပြောနေမှန်း လုံးဝ နားမလည်နိုင်ပေ။

လင်းယွမ်က အေးစက်စက် ပြုံးလိုက်ကာ ပစ္စည်းသိုလှောင်ခန်းထဲမှ လည်ပတ်တစ်ခုကို ထုတ်ယူလိုက်သည်။

၎င်းမှာ စွမ်းအင်ချိတ်ပိတ် သင်္ကေတ လည်ပတ် ဖြစ်ပြီး အရင်က ချိုးရင်ယွဲ့ကို ဤလည်ပတ်ဖြင့် ထိန်းချုပ်ကာ ဝိညာဉ်စွမ်းအင်ဂိုဏ်းမှ ဟော့ယွမ်တုက သင်္ဘောကပ္ပတိန်အခန်းရှိ ကုတင်ပေါ်တွင် ကြိုးတုပ်ထားခဲ့ခြင်း ဖြစ်သည်။

လင်းယွမ်က စကားအပို မပြောတော့ဘဲ လည်ပတ်ကို လန်ယွဲ့ဟွာ၏ လည်ပင်းတွင် စွပ်ပေးလိုက်သည်။

ချက်ချင်းပင် လည်ပတ်အတွင်းရှိ ဆူးချွန်များက သူမ၏ လည်ပင်းထဲသို့ စူးဝင်သွားပြီး လန်ယွဲ့ဟွာ၏ သန္ဓေပြောင်းစွမ်းအင်များကို လုံးဝ ချိတ်ပိတ်သွားစေသည်။

ထိုအခါမှသာ လင်းယွမ်က သူ၏ လက်ဝါးထဲရှိ ချိတ်ပိတ် သင်္ကေတကို ပြန်လည် သိမ်းဆည်းလိုက်သည်။

တစ်ချိန်တည်းမှာပင် မမျှော်လင့်ထားသည်များ ဖြစ်လာမည်ကို ကာကွယ်ရန် လန်ယွဲ့ဟွာ၏ ခေါင်းထဲသို့ ကပ်ပါးမျိုးစေ့ တစ်ခုကို ထည့်သွင်းလိုက်သည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လင်းယွမ်က လင်းယာဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။ "ငါ တစ်ကနေ ဆယ်အထိ ရေမယ်... မင်း သဘောတူရင် သူ့ကို လွှတ်ပေးမယ်"

"မင်း သဘောမတူရင်လည်း ရတယ်... ငါ မင်းကို အကျပ်မကိုင်ဘူး... ဒါပေမဲ့ ဒီမိန်းမက ငါ့ကို စော်ကားတဲ့အတွက် သေချာပေါက် သေရမယ်"

"တစ်"

လင်းယာ၏ မျက်နှာက နီရဲသွားပြီး ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားကာ လင်းယွမ်ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

ထို့နောက် သနားစရာကောင်းလောက်အောင် ဖြစ်နေသော လန်ယွဲ့ဟွာကို လှမ်းကြည့်လိုက်ပြန်သည်။

သူမ၏ မျက်ရည်များက တောက်လျှောက် စီးကျလာပြီး ဤကာလအတွင်း လန်ယွဲ့ဟွာက သူမကို လိုက်ပိုးပန်းနေခဲ့သည်များက ခေါင်းထဲတွင် ဖြတ်ပြေးသွားသည်။

မှန်ပေသည်။ လန်ယွဲ့ဟွာက အစွန်းရောက် မိန်းမဝါဒီ ဖြစ်ရုံသာမကဘဲ ရေလွှမ်းမိုးဘေးကြီး စတင်ချိန်က တိုက်ထဲရှိ ယောက်ျားများ၏ ပြစ်မှုကျူးလွန်ပုံကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် ယောက်ျားများကို ပြင်းပြင်းထန်ထန် မုန်းတီးသည့် စိတ်ဓာတ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သူမ၏ လိင်ပိုင်းဆိုင်ရာ ခံယူချက်များပါ ဆိုးရွားစွာ ပျက်စီးသွားခဲ့ပြီး ထိုအချိန်မှစ၍ မိန်းမများကိုသာ နှစ်သက်တော့သည်။

စောစောက ချိုသာသော ရုပ်ရည်ရှိသည့် ဆံပင်နှစ်ဖက်ချည်ထားသော ကောင်မလေး လျှိုဆစ်ဆစ်က သူမ၏ ချစ်သူ ကောင်မလေး ဖြစ်သည်။

သူမ အစွမ်း နိုးထလာချိန်တွင်တော့ ထိုပုံမှန်မဟုတ်သော အကျင့်များက ပိုမို ကြီးထွားလာပြီး အိမ်နီးချင်းဖြစ်သော လင်းယာကိုပါ မျက်စိကျလာခဲ့သည်။

ထို့ကြောင့်ပင် အစပိုင်းကတည်းက လင်းယာတစ်ယောက် သူမ၏ အထူး ဂရုစိုက်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။

သို့သော် လန်ယွဲ့ဟွာက ယောက်ျားများကို ဝက်၊ ခွေးများသဖွယ် သဘောထားသည့် အခြေအနေနှင့် ယှဉ်ကြည့်လျှင်...

သူမက အမျိုးသမီးများအပေါ် ဆက်ဆံရာတွင်မူ အထူး ဂရုစိုက်တတ်သည်။

အလိုလိုက် အကြိုက်ဆောင်သည့် အဆင့်အထိပင် လုပ်ပေးနိုင်သည်ဟု ဆိုနိုင်သည်။

သူမက လင်းယာကို ပိုးပန်းခဲ့သော်လည်း လင်းယာကို တစ်ခါမှ အတင်းအကျပ် မလုပ်ခဲ့ဖူးချေ။

လင်းယာက ပုံမှန် အမျိုးသမီးတစ်ယောက် ဖြစ်သောကြောင့် ဤကဲ့သို့ ပုံမှန်မဟုတ်သော ဆက်ဆံရေးမျိုးကို အလိုလိုပင် သဘောမတူခဲ့ပေ။

နောက်ပိုင်းတွင် ဘုရင်မသင်္ဘောကို လုယူပြီးနောက် သင်္ဘောပေါ်တွင် လူအင်အား အသစ်များ တိုးလာခဲ့ရာ ၎င်းတို့ထဲတွင် သူမနှင့် ရုပ်ရည်သွင်ပြင် ခပ်ဆင်ဆင်တူသော ရှန်ယွင်ရှီလည်း ပါဝင်လာခဲ့သည်။

ရှန်ယွင်ရှီက လင်ကျန်းတက္ကသိုလ်မှ ပါမောက္ခတစ်ဦး ဖြစ်ပြီး အသက် ၃၁ နှစ်ရှိ ရင့်ကျက်သော မိန်းမလှတစ်ဦး ဖြစ်သည်။

သူမက ရေကြောင်းပြ အင်ဂျင်နီယာ ပါမောက္ခ ဖြစ်ပြီး သင်္ဘောမောင်းနှင်တတ်သောကြောင့် လန်ယွဲ့ဟွာက အရေးပေးခဲ့ကာ ဘုရင်မသင်္ဘော၏ နည်းပညာ အကြံပေးအဖြစ် သီးသန့် ခန့်အပ်ပြီး သင်္ဘောမောင်းနှင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်း စသည့် ကိစ္စရပ်များကို တာဝန်ယူစေခဲ့သည်။

ရှန်ယွင်ရှီ၏ လှပသော ရုပ်ရည်ကလည်း လင်းယာထက် မလျော့ကျလှသဖြင့် လင်းယာကို အချိန်ကြာမြင့်စွာ ပိုးပန်းသော်လည်း အရာမထင်သောအခါ လန်ယွဲ့ဟွာက ရှန်ယွင်ရှီထံသို့ အာရုံပြောင်းသွားခဲ့သည်။

ရှန်ယွင်ရှီကလည်း ပုံမှန် အမျိုးသမီးတစ်ယောက်သာ ဖြစ်ရာ ဤကဲ့သို့ ပုံမှန်မဟုတ်သော အချစ်ရေးမျိုးကို လုံးဝ လက်မခံနိုင်ခဲ့ဘဲ ထိတ်လန့်တကြားဖြင့် လန်ယွဲ့ဟွာကို အမြဲတမ်း တမင် ရှောင်ဖယ်နေခဲ့သည်။

ကြာလာသည်နှင့်အမျှ လင်းယာနှင့်ပါ ရင်းနှီးသွားခဲ့ပြီး သူတို့နှစ်ယောက်က ညီအစ်မကောင်းများ ဖြစ်သွားကြသည်။

သို့သော် ဤသို့ ဖြစ်နေသည့်တိုင် လန်ယွဲ့ဟွာက လင်းယာနှင့် ရှန်ယွင်ရှီတို့အပေါ် တစ်ခါမှ မျက်နှာပျက်ပြခဲ့ခြင်း မရှိပေ။

သူမတို့ နှစ်ယောက်ကို နေရာတကာတွင် ဂရုစိုက်ပေးခဲ့ပြီး ရှန်ယွင်ရှီ တစ်ယောက် စိတ်အာရုံလှည့်စားခြင်း အစွမ်း နိုးထလာနိုင်ခြင်းမှာလည်း လန်ယွဲ့ဟွာက သန္ဓေပြောင်း အသီးကို အထူးတလည် ရှာဖွေပေးကာ သူမကို စားစေခဲ့သောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် လင်းယာက လန်ယွဲ့ဟွာ သူမအပေါ် ကောင်းခဲ့သည်များကို ပြန်တွေးမိကာ နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်မိသည်။

နားထဲတွင်တော့ လင်းယွမ် ရေတွက်လိုက်သည့် "တစ်ဆယ်" ဆိုသော အသံကို ကြားလိုက်ရပြီ ဖြစ်သည်။

နောက်ဆုံးတွင်တော့ သူမ၏ စိတ်ခံတပ် ပြိုကျသွားပြီး ငိုကြွေးကာ ပြောလိုက်သည်။ "ကျွန်မ သဘောတူပါတယ်... သဘောတူပါတယ်"

"သူ့ကို အန္တရာယ် မပေးသရွေ့ ရှင်ဘာခိုင်းခိုင်း ကျွန်မ သဘောတူပါတယ်"

လင်းယွမ်က မျက်မှောင်ကြုတ်သွားပြီး ရှိုက်ကြီးတငင် ငိုကြွေးနေသော လင်းယာကို ကြည့်လိုက်သည်။

"မင်းက သိပ်ပြီး သဘောမကျတဲ့ပုံပဲ"

"မင်း သဘောမတူရင်လည်း ထားလိုက်... မဟုတ်ရင် ငါကပဲ မင်းကို အတင်း အကျပ်ကိုင်တယ် ဖြစ်နေမယ်"

"ငါ့လက်အောက်မှာ မင်းတစ်ယောက် ပိုလာလို့လည်း များမသွားသလို မင်းတစ်ယောက် လျော့သွားလို့လည်း နည်းမသွားဘူး... မင်းရဲ့ မာကျောအစွမ်းက ငါ့ရဲ့ ခိုလှုံရေးစခန်းအတွက် အများကြီး အထောက်အကူ ပြုနိုင်မယ်ယူဆလို့ သဘောကျခဲ့တာ... မဟုတ်ရင် ငါ မင်းကို လိုချင်မှာတောင် မဟုတ်ဘူး"

လင်းယွမ်က အေးစက်သောအသံဖြင့် ပြောလိုက်သည်။

ဒီမိန်းမ ဘာလို့ ဒီလောက်တောင် ငိုနေရသလဲ ဆိုတာကို သူ နားမလည်နိုင်ပေ။

သူမကို သူ့နောက်လိုက်စေပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်းထဲ ဝင်ခိုင်းတာက ဒီသင်္ဘောစုတ်ကြီးပေါ်မှာ နေရတာထက် ပိုပြီး ကောင်းမသွားဘူးလား။

လင်းယာက လင်းယွမ်၏ စကားကို ကြားသောအခါ ရုတ်တရက် မျက်လုံးပြူးသွားပြီး မျက်နှာပေါ်တွင် မျက်ရည်များ တွဲခိုနေဆဲဖြစ်သော်လည်း အံ့ဩဝမ်းသာစွာဖြင့် မေးလိုက်သည်။ "ရှင်... ရှင်က ကျွန်မကို လိုချင်တာ မဟုတ်ဘူးလား"

"ဟမ်"

"အို... ကျွန်မ ဆိုလိုတာက ရှင်... ရှင်က ကျွန်မရဲ့ အစွမ်းကို သဘောကျလို့လား... ကျွန်မကို လိုချင်လို့ မဟုတ်ဘူးလား..."

လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း ဆွံ့အသွားပြီး ဘာဖြစ်သွားမှန်း အခုမှ သဘောပေါက်သွားလေသည်။

ဒီမိန်းမက တော်တော်လေးကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာပဲ။

သူက မနေနိုင်ဘဲ ခေါင်းယမ်းလိုက်သည်။ "မင်း အတွေးလွန်နေပြီ... ငါ့ဆီမှာ မိန်းမ မရှားဘူး"

လင်းယာ၏ မျက်နှာက ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည့် တစ်ချိန်တည်းမှာပင် အမြန် တောင်းပန်လိုက်သည်။ "တောင်းပန်ပါတယ်... ကျွန်မ အထင်လွဲသွားလို့ပါ... ကျွန်မ ထင်လိုက်တာက... အို... ဘာပဲဖြစ်ဖြစ် ရှင် စိတ်ချပါ... ကျွန်မ ရှင့်အဖွဲ့ထဲ ဝင်ပါ့မယ်... လန်ယွဲ့ဟွာကို လွှတ်ပေးရင် ရပါပြီ"

လင်းယွမ်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။ "ဒီမိန်းမကို ငါ လောလောဆယ် လွှတ်ပေးလို့ မရသေးဘူး... ငါ့ကိစ္စတွေ ပြီးလို့ မင်း ငါနဲ့လိုက်ခဲ့ရင် သူ့ကို အလိုလို လွှတ်ပေးလိုက်မှာပါ"

လင်းယာက မငြင်းဆန်ရဲသဖြင့် ခေါင်းညိတ် သဘောတူလိုက်ရသည်။

ထို့နောက်ပိုင်း ကိစ္စများက ပိုမို လွယ်ကူသွားပြီး လန်ယွဲ့ဟွာအပါအဝင် ခေါင်းဆောင်ပိုင်းများကို ထိန်းချုပ်လိုက်နိုင်သဖြင့် ဘုရင်မသင်္ဘောကို လင်းယွမ်က တရားဝင် လွှဲပြောင်းရယူလိုက်သည်။

လင်းယွမ်က လင်းယာကို ဤသင်္ဘောပေါ်ရှိ လူများကို ထိန်းချုပ်ရန် တာဝန်ပေးလိုက်ပြီး သူကိုယ်တိုင်ကမူ လန်ယွဲ့ဟွာ၊ လျှိုဆစ်ဆစ်နှင့် "ကျိုးထျန်ထျန်" ဟုခေါ်သော ကိုယ်ပျောက် ကောင်မလေးတစ်ယောက်ကို ဖမ်းဆွဲကာ သင်္ဘောခန်းထဲသို့ ဝင်သွားလေသည်။

သင်္ဘောခန်းအောက်သို့ ရောက်သောအခါမှ ဤနေရာ၌ အကျဉ်းခန်းများကို တစ်ခန်းချင်း တည်ဆောက်ထားကြောင်း လင်းယွမ် တွေ့လိုက်ရသည်။

အကျဉ်းခန်းထဲတွင် အမျိုးသား အစွမ်းပိုင်ရှင် အချို့ကိုလည်း ဖမ်းဆီး ချုပ်နှောင်ထားသေးသည်။

ထိုအမျိုးသား အစွမ်းပိုင်ရှင်များ၏ ပုံစံက အလွန် သနားစရာ ကောင်းနေပြီး အချို့ဆိုလျှင် ယောက်ျားအင်္ဂါများပင် ဖြတ်တောက်ခံထားရသည်။

လင်းယွမ်က ကြည့်ရင်းဖြင့် ရင်ထဲ စိမ့်တက်သွားကာ မျက်နှာက အလွန်အမင်း မှောင်မိုက်သွားလေသည်။

ကျိုးထျန်ထျန်က အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ် ကောင်မလေးတစ်ယောက် ဖြစ်ပြီး လန်ယွဲ့ဟွာ တစ်ယောက် သူ့လက်ချက်ဖြင့် မီးလောင်သေဆုံးလုနီးပါး ဖြစ်ချိန်တွင် စူးစူးဝါးဝါး အော်ဟစ်ခဲ့သည့် မိန်းကလေးသုံးယောက်အနက် တစ်ယောက် အပါအဝင် ဖြစ်သည်။

ဤကောင်မလေးက လန်ယွဲ့ဟွာနှင့် သံယောဇဉ် အလွန်နက်ရှိုင်းကြောင်း မြင်နိုင်ပေသည်။

"ဒါ မင်းတို့ လက်ချက်လား" လင်းယွမ်က အေးစက်သောအသံဖြင့် မေးလိုက်သည်။

ကျိုးထျန်ထျန်က လန့်သွားပြီး မျက်နှာ ဖြူရော်သွားကာ စကားတစ်ခွန်းမှ မပြောရဲပေ။

လျှိုဆစ်ဆစ်က သတိလစ်နေပြီ ဖြစ်ရာ ပြန်လည် မဖြေကြားနိုင်တော့ပေ။

လန်ယွဲ့ဟွာ တစ်ယောက်သာ သတိရနေသေးသော်လည်း မေးရိုး ပြုတ်နေသဖြင့် ဝူးဝူးဝါးဝါး အသံများသာ ထွက်ပေါ်နေပြီး စကားကို နားမလည်နိုင်ပေ။

လင်းယွမ်က သူမ၏ မေးရိုးကို လက်ဖြင့် လှမ်းပုတ်လိုက်ရာ ချက်ချင်းပင် မေးရိုးက နေရာပြန်ကျသွားလေသည်။

လန်ယွဲ့ဟွာက ချက်ချင်း ဆဲဆိုလိုက်သည်။ "နင့် တိရစ္ဆာန်ကောင်... သတ္တိရှိရင် ငါ့ပဲ လာလုပ်လေ... မိန်းမတစ်သိုက်ကို အကျပ်ကိုင်နေတာက ဘာအရည်အချင်းလဲ"

"နင့်အမေက နင့်လို တိရစ္ဆာန်ကောင်ကို ဘယ်လိုများ မွေးထုတ်လိုက်တာလဲ... နင့်အမေအတွက် တကယ် စိတ်မကောင်းဘူး..."

လန်ယွဲ့ဟွာက ပါးစပ်ဟလိုက်သည်နှင့် အလွန်အမင်း ရက်စက် ကြမ်းကြုတ်နေတော့သည်။

လင်းယွမ်က လန်ယွဲ့ဟွာကို အေးစက်စွာ ကြည့်လိုက်ပြီး "မင်း နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရဲရင်... မင်းရဲ့ ဒီချစ်သူ ကောင်မလေးကို အရင်သတ်ပစ်မယ်"

သူက သတိလစ်နေသော လျှိုဆစ်ဆစ်၏ လည်ပင်းကို ဆုပ်ညှစ်လိုက်သည်။

လန်ယွဲ့ဟွာ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး အံကြိတ်ကာ ပြောလိုက်သည်။ "နင် ဘာဖြစ်ချင်တာလဲ ငါ့ဆီပဲ လာစမ်းပါ"

လင်းယွမ်က အေးစက်စွာ ပြုံးလိုက်သည်။ "မင်း သေရမှာကို မကြောက်ဘူးဆိုတာ ငါသိတယ်... ဒါပေမဲ့ ဒီလောကကြီးမှာ သေရတာထက် ပိုဆိုးတဲ့ ကိစ္စတွေ အများကြီး ရှိတယ်ဆိုတာ မင်း သိထားသင့်တယ်လို့ ငါထင်တယ်"

"ငါ့ကို အတင်းလာမလုပ်နဲ့... ငါ လုပ်နိုင်တဲ့ ရက်စက်တဲ့ လုပ်ရပ်တွေက မင်း တွေးထင်ထားတာထက် အများကြီး ပိုကြောက်စရာ ကောင်းတယ်"

လန်ယွဲ့ဟွာ၏ မျက်တောင်များ ကျုံ့သွားကာ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရွသွားသော်လည်း နောက်ဆုံးတွင် အသံထွက်မလာတော့ပေ။

လင်းယွမ်က အေးစက်စက် တစ်ချက် ပြုံးလိုက်ပြီး သူတို့သုံးယောက်ကို ဆွဲခေါ်ကာ အကျဉ်းခန်းတစ်ခုထဲသို့ ဝင်လာခဲ့သည်။

သုံးယောက်သားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် လင်းယွမ်က စတင် စစ်ဆေး မေးမြန်းတော့သည်။

"မင်းတို့ ဒီတစ်ခေါက် မြူခိုးမြို့တော်ကို သွားခဲ့တာလား"

လန်ယွဲ့ဟွာက အသံမထွက်သလို ပူးပေါင်းဆောင်ရွက်ခြင်းလည်း မရှိဘဲ စကားတစ်ခွန်းမှ မပြောပေ။

လင်းယွမ်က ဟက်ဟက်ပက်ပက် ပြုံးလိုက်သည်။ သူမကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို သူ စောစောကတည်းက သိထားပြီး ဖြစ်သည်။

သူက မတ်တတ်ထလိုက်ပြီး ကျိုးထျန်ထျန်ဆိုသော ကောင်မလေးကို လှမ်းဆွဲလိုက်ကာ မေးလိုက်သည်။ "သူက မင်းရဲ့ ဘာလဲ"

"နင် သူ့ကို လွှတ်ပေးလိုက်စမ်း"

လန်ယွဲ့ဟွာက ချက်ချင်း ဒေါသတကြီး စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ပြေးဝင်လာရန် ပြင်လိုက်သည်။

သို့သော် လင်းယွမ်က သူ၏ လက်ချောင်းကို ကျိုးထျန်ထျန်၏ လည်ပင်းပေါ်သို့ တင်လိုက်ရုံဖြင့် လန်ယွဲ့ဟွာကို ချက်ချင်း လန့်သွားစေကာ နေရာမှာပင် ရပ်တန့်သွားစေသည်။

"စကားနားမထောင်ရင် သူ့ကို ငါ အရင်သတ်မယ်"

လန်ယွဲ့ဟွာက အံကြိတ်ကာ လင်းယွမ်ကို ရက်စက်စွာ ကြည့်လိုက်သည်။ "နင် ဝဋ်လည်လိမ့်မယ်... နင် ကောင်းကောင်း သေရမှာ မဟုတ်ဘူး"

လင်းယွမ်က ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။ "ဝဋ်လည်မယ်... အဲ့ဒီလိုမျိုး တကယ်ရှိခဲ့ရင်တောင် နင်က ဒီမှာ ယောက်ျားတွေကို ဖမ်းချုပ်ပြီး နှိပ်စက်စော်ကားနေတာ ဝဋ်မလည်ဘူးလား"

"ဟားဟားဟား... အဲဒီတိရစ္ဆာန်တွေက ခံသင့်ခံထိုက်လို့ ခံရတာပဲ... ငါက သူတို့အတွက် ဝဋ်ပဲ" လန်ယွဲ့ဟွာက အရူးတစ်ယောက်လို စူးစူးဝါးဝါး ရယ်မောလိုက်သည်။

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ဒီမိန်းမနှင့် အပိုစကားတွေ ဆက်မပြောတော့ပေ။

ဒီမိန်းမက တကယ်ကို ပုံမှန် မဟုတ်ပေ။

"ငါ ဘာမေးမေး ရိုးရိုးသားသား ဖြေ"

"လျှောက်ပြောတာဖြစ်ဖြစ်၊ တစ်ခွန်း ဖုံးကွယ်ထားတာဖြစ်ဖြစ်... ဒီကျိုးထျန်ထျန်ရဲ့ အဝတ်ကို ချွတ်ပစ်မယ်"

လင်းယွမ်၏ စကားတစ်ခွန်းက လန်ယွဲ့ဟွာ၏ မျက်ဝန်းများကို ချက်ချင်း နီရဲသွားစေရန် လှုံ့ဆော်လိုက်လေသည်။

ကျိုးထျန်ထျန်က နာမည်နှင့်လိုက်အောင်ပင် ချိုသာလှပသော မိန်းကလေးတစ်ယောက် ဖြစ်ပြီး အသက် ဆယ့်နှစ်နှစ်၊ ဆယ့်သုံးနှစ်အရွယ်ရှိကာ အလွန် ချစ်စရာကောင်းလှသည်။ သူမကို လန်ယွဲ့ဟွာက အမြဲတမ်း ညီမအရင်းတစ်ယောက်လို သဘောထားခဲ့ခြင်း ဖြစ်သည်။

သို့သော် တကယ်တမ်း သူမ၏ စိတ်ထဲတွင် မည်သို့သော ခံစားချက်မျိုး ရှိနေသည်ကိုမူ အပြင်လူများ မသိနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ ကျိုးထျန်ထျန်နှင့် လျှိုဆစ်ဆစ်တို့က သူမအမြင်တွင်တော့ အခြားသူများ ထိပါးခွင့်မရှိသော အရာများ ဖြစ်သည်။

သူမတို့၏ လက်ချောင်းလေးတစ်ချောင်းကိုပင် ယောက်ျားများ ထိကိုင်ခြင်းကို သူမ လုံးဝ ခွင့်မပြုနိုင်ပေ။

လင်းယွမ်က သူမတို့၏ အဝတ်အစားများကို ချွတ်မည်ဆိုပါက ပို၍ပင် ပြောစရာမလိုတော့ချေ။

"နင် လုပ်ရဲလုပ်ကြည့်စမ်း"

လန်ယွဲ့ဟွာက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး လင်းယွမ်ကို အမုန်းတရားများဖြင့် ကြည့်လိုက်သည်။

လင်းယွမ်က ဂရုမစိုက်ဘဲ သူ၏ သဘောထားကို ပြသရန် တိုက်ရိုက်ပင် လက်စွမ်းပြလိုက်သည်။

"ရွှစ်ခနဲ"

သူက ဘေးနားရှိ ကျိုးထျန်ထျန်၏ အင်္ကျီလက်ကို အားကုန် ဆွဲဆုတ်လိုက်သည်။

ချက်ချင်းပင် ကြာရိုးလေးသဖွယ် ဖြူဖွေးနုဖတ်နေသော လက်မောင်းလေး တစ်ဖက် ပေါ်လာတော့သည်။

ကျိုးထျန်ထျန်က ချက်ချင်း လန့်သွားကာ စူးစူးဝါးဝါး တစ်ချက် အော်လိုက်ပြီး မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လန်ယွဲ့ဟွာ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ရူးသွပ်မတတ် ရုန်းကန်ကာ အော်ဟစ်လိုက်သည်။ "ရပ်လိုက်စမ်း... နင် ရပ်လိုက်စမ်း... နင်တိရစ္ဆာန်ကောင်... မေးလေ... မေးမှာကိုမေးလေ... နင်မှ မမေးတာ"

လင်းယွမ်က အေးစက်စက် ပြုံးလိုက်ပြီး "မင်း စကားပြောတဲ့ လေသံကို ဆင်ခြင်"

လန်ယွဲ့ဟွာက ချက်ချင်း သွားကို တင်းတင်းကြိတ်ထားလိုက်ပြီး နောက်ထပ် စကားတစ်ခွန်းမှ ပိုမပြောရဲတော့ဘဲ သူမ၏ အကြည့်များက လင်းယွမ်ထံသို့ စူးစိုက်နေကာ မည်မျှပင် အမုန်းတရား ကြီးမားနေသည်ကို ပြသနေသည်။

ထိုအကြည့်က အဆိပ်ပြင်းမြွေ ထောင်သောင်းချီ၍ စိုက်ကြည့်နေသည့်အလားပင်။

လင်းယွမ်က အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "မင်းရဲ့ မျက်နှာအမူအရာကိုလည်း... ထိန်းထား... ငါ့ကို လာလာမဆွနဲ့"

လန်ယွဲ့ဟွာ၏ ပါးစပ်ထောင့်များ တွန့်လိမ်သွားပြီး နှာခေါင်းဝများ ပြင်းထန်စွာ နှစ်ချက်မျှ ပွတ်တိုက်သွားပြီးနောက် မျက်လုံးများကို မှိတ်ထားရန် ရွေးချယ်လိုက်သည်။

"မင်းတို့ မြူခိုးမြို့တော်ကို သွားပြီး ဘာလုပ်ခဲ့ကြတာလဲ" လင်းယွမ်က မေးလိုက်သည်။

"ကြေးစားစစ်သား သွားရှာတာပါ"

"ကြေးစားစစ်သား... ဘာကြေးစားစစ်သားလဲ"

"မြူခိုးမြို့တော်ထဲမှာ အစွမ်းပိုင်ရှင်တွေ အများကြီး ရှိတယ်... စွမ်းအားကြီးတဲ့ အစွမ်းပိုင်ရှင်တော်တော်များများက ကြေးစားစစ်သားအဖြစ် ဖွဲ့စည်းပြီး ကြေးစားတပ်ဖွဲ့ တည်ထောင်ကြတယ်... ကြေးစားတာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး စွမ်းအင်ကျောက်တုံးတွေ ရှာဖွေကြတယ်"

"ဒီအစွမ်းပိုင်ရှင်တွေက မြို့ထဲက နေထိုင်သူတွေလား"

"မဟုတ်ဘူး... အများစုက ဒီမှာ ကျန်ရစ်နေခဲ့တဲ့ ဒေသခံမဟုတ်တဲ့ လူတွေ... သူတို့ ကြေးစားစစ်သား ဖြစ်လာတာက စွမ်းအင်ကျောက်တုံးတွေ ရဖို့ပဲ... ပြီးတော့ ဒီမှာ နေထိုင်ခွင့် ရဖို့အတွက် နည်းလမ်းရှာပြီး လဲလှယ်ကြတာ"

"မင်းတို့က ကြေးစားစစ်သား ရှာပြီး ဘာလုပ်မလို့လဲ"

"သမ္မတ ၇ က လူတွေကို ရင်ဆိုင်ဖို့ပါ"

လင်းယွမ် ရုတ်တရက် သဘောပေါက်သွားသည်။ လန်ယွဲ့ဟွာတို့က သမ္မတ ၇ မှ လင်ကျန်းဟီကို မရင်ဆိုင်နိုင်သဖြင့် မြူခိုးမြို့တော်ထဲတွင် အကူအညီ သွားရောက်ရှာဖွေရန် နည်းလမ်း ရှာခဲ့ခြင်း ဖြစ်သည်။

သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။ "မြူခိုးမြို့တော်ထဲက အခြေအနေကို ငါ့ကို ပြောပြစမ်း"

ဆက်ရန်...

အပိုင်း (၃၈၈) စစ်ဆေးမေးမြန်းခြင်း

"မြူခိုးမြို့တော်အကြောင်း ငါ့ကို ပြောပြစမ်း"

ယခုအချိန်အထိ လန်ယွဲ့ဟွာက လင်းယွမ် ဆက်သွယ်ခဲ့ဖူးသမျှထဲတွင် မြူခိုးမြို့တော်သို့ တကယ် ဝင်ရောက်ဖူးသည့် တစ်ဦးတည်းသောသူ ဖြစ်လေသည်။

သူကိုယ်တိုင် မြူခိုးမြို့တော်ထဲသို့ အလျင်စလို ဝင်ရောက်သွားမည် မဟုတ်ပေ။ ထို့ကြောင့် ဤအမျိုးသမီးထံမှ တိကျသော သတင်းအချက်အလက်အချို့ကို ဦးစွာ မေးမြန်းနေခြင်း ဖြစ်သည်။

"မြူခိုးမြို့တော်ဆိုတာက ကျွန်မတို့လို အပြင်လူတွေ ခေါ်တဲ့ နာမည်ပါ... ဒီက ဒေသခံတွေကတော့ မြူရေခဲမြို့တော်လို့ ခေါ်ကြတယ်"

"မြူခိုးမြို့တော် တစ်ခုလုံးကို အပိုင်းသုံးပိုင်း ခွဲခြားထားပါတယ်... မြူခိုးသစ်တော... မြူရေခဲမြို့တော်နဲ့ ရေခဲလွင်ပြင်တို့ ပဲ"

"အဲ့ဒီထဲက ဒေသခံအများစုက မြူရေခဲမြို့တော်ထဲမှာ နေထိုင်ကြတယ်... အဲ့ဒီထဲကလူတွေက ကိုယ့်ဖာသာ ဖူလုံအောင် ရပ်တည်နိုင်ကြတယ်"

"မြူခိုးသစ်တောကတော့ တစ်နှစ်ပတ်လုံး မြူတွေ ဖုံးလွှမ်းနေတယ်... အဲ့ဒီထဲမှာ သန္ဓေပြောင်း သတ္တဝါတွေ အများကြီး ရှိသလို သန္ဓေပြောင်း အပင်တွေလည်း မျိုးစုံ ရှိတယ်... ပြီးတော့ စွမ်းအင်ကျောက်တုံးတွေလည်း ရှိနေနိုင်တယ်"

"ရေခဲလွင်ပြင်ကတော့ ကုန်းပြင်မြင့် ဒေသတစ်ခုပဲ... တစ်နှစ်ပတ်လုံး ရေခဲတွေ ဖုံးလွှမ်းနေတယ်"

"ဘာလို့ ဒီနေရာမှာ ရေခဲတွေ ဖုံးလွှမ်းနေရတာလဲ"

လင်းယွမ်က မေးလိုက်သည်။

ယခု အပြင်ဘက်တွင် ဒီဇင်ဘာလသို့ ရောက်နေပြီ ဖြစ်သော်လည်း အပူချိန်က သိပ်မဆိုးသေးဘဲ အလွန်အမင်း အေးခဲမနေသေးသည်ကို သိထားရမည်။ ရေလွှမ်းမိုးဘေးကြီး မတိုင်ခင်က လင်ကျောင်းမြို့၏ ရာသီဥတုက ဆွယ်တာအင်္ကျီ တစ်ထည်လောက် ဝတ်ထားရုံဖြင့် လုံလောက်နေခဲ့သည်။

ဒီ မြူခိုးမြို့တော် ဆိုသည့် နေရာကတော့ ရေခဲများ ဖုံးလွှမ်းနေသည်ဟု ဆိုသဖြင့် ဤသည်က အလွန် ပုံမှန်မဟုတ်သော ကိစ္စဖြစ်သည်။

"ကျွန်မ မသိဘူး"

လင်းယွမ်က ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး အကြည့်များက စူးရှသွားကာ ကျိုးထျန်ထျန်၏ အင်္ကျီကို လှမ်းဆွဲလိုက်သည်။

လန်ယွဲ့ဟွာက ချက်ချင်း အော်ဟစ်လိုက်သည်။

"ကျွန်မ တကယ် မသိပါဘူး... ကျွန်မ ဒီကို ရောက်လာတုန်းက နိုဝင်ဘာလပဲ ရှိသေးတယ်... အဲ့ဒီအချိန်ကတည်းက ဒီနေရာက ရေခဲပြင်ကြီး ဖြစ်နေတာ"

လင်းယွမ်က ခေတ္တ တိတ်ဆိတ်သွားပြီး တစ်ဖက်လူ လိမ်ပြောနေခြင်း မဟုတ်ဟု ခံစားလိုက်ရသည်။

"အဲ့ဒီ နေရာသုံးခု ပေါင်းလိုက်ရင် စုစုပေါင်း အကျယ်အဝန်း ဘယ်လောက်လောက် ရှိမလဲ"

"ခန့်မှန်းခြေ စတုရန်းမိုင် ၂၀ လောက် ရှိပါတယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

"မဖြစ်နိုင်တာ... လင်ကျောင်းမြို့ တစ်မြို့လုံးက ဘယ်လောက်တောင် ကျယ်လို့လဲ... စတုရန်းမိုင် ၂၀ ဆိုတာက လင်ကျောင်းမြို့ရဲ့ အသေးဆုံး ခရိုင်ဖြစ်တဲ့ ကျင်းဟန်ခရိုင်လောက်တောင် နီးပါး ရှိနေပြီ မဟုတ်ဘူးလား"

လင်ကျောင်းမြို့၏ ပင်မမြို့ပြဧရိယာ ဖြစ်သော ကျင်းဟန်ခရိုင်၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းမိုင် ၃၅ မိုင်ခန့်သာ ရှိသည်ကို သိထားရမည်။

ရေပေါ်ကျွန်း ဆိုတာက ဒီလောက် ကြီးမားတဲ့ အကျယ်အဝန်း ရှိနိုင်လို့လား။

လန်ယွဲ့ဟွာက ပြောလိုက်သည်။

"ကျင်းဟန်ခရိုင်က ဘယ်လောက်ကျယ်လဲတော့ ကျွန်မ မသိပါဘူး... ဒါပေမဲ့ ဒီကလူတွေကတော့ မြူခိုးမြို့တော်က စတုရန်းမိုင် ၂၀ ကျော်လောက် ကျယ်တယ်လို့ ပြောကြတာပဲ... ကျွန်မလည်း သေချာတော့ မစစ်ဆေးကြည့်ဖူးဘူး... အတိအကျတော့ ကျွန်မကို မမေးနဲ့"

လင်းယွမ်က စဉ်းစားလိုက်သည်။ ယခုအချိန်တွင် နေရာအနှံ့ ရေလွှမ်းမိုးခံထားရပြီး ကမ္ဘာကြီးတစ်ခုလုံးမှာ ပင်လယ်ပြင်ကြီးတစ်ခု အသွင် ပြောင်းလဲသွားပြီ ဖြစ်ရာ ဤမျှ ကြီးမားသော ကျွန်းကြီးတစ်ခုက ပင်လယ်ပြင်ကြီးထဲတွင် ရှိနေမည် ဆိုလျှင်တော့ သိပ်သိသာမည် မဟုတ်ပေ။

သူက ဤကိစ္စနှင့် ပတ်သက်၍ ဆက်ပြီး အငြင်းပွားမနေတော့ဘဲ စကားလမ်းကြောင်း လွှဲကာ မေးလိုက်သည်။

"မြူခိုးမြို့တော်မှာ လူဦးရေ ဘယ်လောက် ရှိလဲ"

"ခြောက်ထောင် ခုနစ်ထောင်လောက်တော့ ရှိနိုင်တယ်... အတိအကျကိုတော့ ကျွန်မ မသိဘူး"

"ဒေသခံ ခြောက်ထောင် ခုနစ်ထောင်လောက် ရှိတယ်"

လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။

"ဟုတ်တယ်... ပြီးတော့ အများစုက အစွမ်းပိုင်ရှင်တွေချည်းပဲ... အစွမ်းပိုင်ရှင် မဟုတ်တဲ့သူ နည်းနည်းပဲ ရှိတယ်... သူတို့ကလည်း အစွမ်းပိုင်ရှင်တွေရဲ့ မိသားစုဝင်တွေ"

"ဒါဆို ဒေသခံမဟုတ်တဲ့ လူဦးရေကရော ဘယ်လောက်ရှိလဲ"

"ရှင် ပြောတာက ဒီမှာ ပိတ်မိနေတဲ့ ကျွန်မတို့လို လူမျိုးတွေကို ပြောတာလား"

"ဟုတ်တယ်"

"ထောင်ဂဏန်းလောက်တော့ ရှိမယ်... သင်္ဘောပေါ်မှာ ပိတ်မိနေတဲ့သူတွေချည်းပဲ သင်္ဘော အစင်းပေါင်း ဆယ်ဂဏန်းလောက် ရှိတယ်"

"သင်္ဘောတွေ ဖောင်တွေ နစ်မြုပ်သွားလို့ မြူခိုးမြို့တော်ထဲကို ဝင်ရောက်ဖို့ ရွေးချယ်လိုက်တဲ့ သူတွေလည်း အများကြီး ရှိသေးတယ်"

"ဒါပေမဲ့ အဲ့ဒီလူတွေက မြူရေခဲမြို့တော်ထဲမှာ သွားနေဖို့ အရည်အချင်း မပြည့်မီကြဘူး... အများစုက မြူခိုးသစ်တောထဲမှာပဲ နေထိုင်ကြရတယ်"

"မင်းတို့က ဘာလို့ မြူခိုးသစ်တောထဲ မသွားတာလဲ"

"မြူခိုးသစ်တောက လုံခြုံတဲ့ နေရာတစ်ခု မဟုတ်ဘူး... အဲ့ဒီထဲမှာ အင်အား အရမ်းကြီးတဲ့ သန္ဓေပြောင်း သတ္တဝါတွေ ရှိတယ်"

"မြူခိုးမြို့တော်ရဲ့ ဒေသခံ အင်အားစုတွေက ဘယ်သူတွေလဲ"

"ရေခဲချပ်ဝတ်စစ်သည်... ကြေးစားတပ်ဖွဲ့ကြီးတွေနဲ့ အမဲလိုက်တပ်ဖွဲ့တွေပါ... အဲ့ဒီအထဲက ရေခဲချပ်ဝတ်စစ်သည်ကိုတော့ မြူခိုးမြို့တော် သခင်က အုပ်ချုပ်ပြီး တခြား ကြေးစားတပ်ဖွဲ့တွေ အမဲလိုက်တပ်ဖွဲ့တွေလို အဖွဲ့ငယ်လေးတွေကိုတော့ မြူခိုးသစ်တောထဲက သန္ဓေပြောင်း သတ္တဝါတွေကို ရင်ဆိုင်ဖို့ ပြည်သူတွေက သူတို့ဖာသာ ဖွဲ့စည်းထားကြတာ"

"မျိုးရိုးဗီဇမျိုးစေ့ သတင်းနဲ့ ပတ်သက်ပြီး မင်း ဘယ်လောက် သိထားလဲ"

လင်းယွမ်က ရုတ်တရက် စကားလမ်းကြောင်း လွှဲလိုက်ပြီး မျိုးရိုးဗီဇမျိုးစေ့ အကြောင်းကို မေးမြန်းလိုက်သည်။

လန်ယွဲ့ဟွာက ခေါင်းခါလိုက်သည်။

"သိပ်မသိဘူး... မြူရေခဲမြို့တော်မှာ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းတဲ့ နည်းလမ်း ရှိတယ် ဆိုတာလောက်ပဲ ကျွန်မ သိထားတယ်... အတိအကျ နည်းလမ်းက ဘာလဲဆိုတာကိုတော့ ကျွန်မ မသိဘူး"

"ဒေသခံတွေ ပြောတာကတော့ ရေခဲချပ်ဝတ်စစ်သည် အဖွဲ့ဝင် ဖြစ်လာမှ... မျိုးရိုးဗီဇမျိုးစေ့ရဲ့ လျှို့ဝှက်ချက်ကို သိခွင့်ရမယ်တဲ့"

"အပြင်လူတွေကတော့ သိဖို့ မဖြစ်နိုင်ပါဘူး"

လင်းယွမ်က နောက်ထပ် မေးခွန်းအချို့ကို မေးလိုက်သေးရာ အခြေခံအားဖြင့် လင်းယာ သူ့ကို ပြောပြခဲ့သည်များနှင့် သိပ်မကွာခြားလှပေ။

ကြည့်ရသည်မှာ လျှိုဆစ်ဆစ်နှင့် ကျိုးထျန်ထျန်တို့ကို အသုံးချလိုက်ခြင်းက လန်ယွဲ့ဟွာကို မပူးပေါင်းဘဲ မနေရဲအောင် ပြုလုပ်နိုင်ခဲ့ပုံ ပေါ်သည်။

လင်းယွမ်က လန်ယွဲ့ဟွာကို လက်ဖဝါးဖြင့် ရိုက်ကာ သတိလစ်သွားစေလိုက်ပြီး လျှိုဆစ်ဆစ်ကို ပြန်လည် နိုးထလာစေရန် ပြုလုပ်လိုက်သည်။

လျှိုဆစ်ဆစ် အရူးတစ်ယောက်လို အော်ဟစ်နေသည်ကို ဂရုမစိုက်ဘဲ သူက လန်ယွဲ့ဟွာ၏ အသက်ဖြင့် ခြိမ်းခြောက်ကာ သူမအား သူ၏ မေးခွန်းများကို ဖြေဆိုရန် ဖိအားပေးလိုက်သည်။

နှစ်ကြိမ်တိုင်တိုင် စစ်ဆေးမေးမြန်းပြီးနောက်တွင်တော့ မြူခိုးမြို့တော်၏ အခြေအနေ အကြမ်းဖျင်းကို သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် အနီးနားရှိ ပိတ်မိနေသော သင်္ဘောများ၏ အခြေအနေကိုပါ လင်းယွမ်က အတော်လေး သိရှိသွားခဲ့သည်။

အနီးနားတွင် ပိတ်မိနေသော သင်္ဘောပေါင်း သုံးဆယ်ကျော်ခန့် ရှိပြီး အရွယ်အစား အမျိုးမျိုး ဖြစ်ကာ ကုန်တင်သင်္ဘောများ... အပျော်စီးသင်္ဘောများနှင့် ရွက်လှေများလည်း ပါဝင်သည်။

သင်္ဘော သုံးဆယ်ကျော်တွင် လူတစ်ထောင်ကျော်ခန့် ရှိပြီး အများစုမှာ အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။

မြူခိုးသစ်တောထဲတွင်လည်း ပုန်းအောင်းနေသူ ထောင်ဂဏန်းခန့် ရှိနေသေးသည်။

ထိုလူများအထဲမှ သင်္ဘောပေါ်တွင် ကျန်ရှိနေသည့် လူတစ်ထောင်ကျော်မှာ အဖွဲ့သုံးလေးဖွဲ့ခန့် စုစည်းမိနေကြသည်။

မြူခိုးသစ်တောထဲတွင် ကျန်ရစ်နေသူများကတော့ အဖွဲ့ငယ်လေး ဆယ်ဖွဲ့ကျော်ခန့် ရှိနေသည်။

လင်းယွမ် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဤမျှ နည်းပါးသော လူဦးရေလေးဖြင့်ပင် ဤမျှများပြားသော အဖွဲ့ငယ်လေးများ ကွဲပြားနေသေးသည်။

ကြည့်ရသည်မှာ ထိုလူများအထဲတွင် အစွမ်းထက်သောသူများ ရှိသည့်ပုံ မပေါ်ပေ။

ထိုသို့မဟုတ်ပါက ထိုလူအုပ်စုကို စောစောစီးစီးကတည်းက စုစည်းထားနိုင်ခဲ့လောက်ပြီ ဖြစ်သည်။

"ဒီ သင်္ဘောခေါင်းဆောင်တွေဆီကနေ အရင် စတင်ရမယ်"

လင်းယွမ်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရာ အေးစက်စူးရှသော အသွင်အပြင်များ ပေါ်ထွက်လာခဲ့သည်။

အပြင်လောကတွင် ဤမျှ အင်အားကြီးမားသော အဖွဲ့အစည်းများ ရှိနေကြောင်း သိလိုက်ရသဖြင့် လင်းယွမ်က ထိုက်ယန်တောင်၏ အခြေအနေကို အလွန် စိုးရိမ်သွားခဲ့သည်။

သူက အပြင်ဘက်တွင် အချိန်အကြာကြီး နေ၍ မရနိုင်ပေ။ မြူခိုးမြို့တော်ဘက်ရှိ ပြဿနာများကို အမြန်ဆုံး ဖြေရှင်းရမည် ဖြစ်သည်။

အဆိုးဆုံး ဆိုလျှင်တောင်မှ မျိုးရိုးဗီဇမျိုးစေ့ကို နိုးထစေနိုင်သည့် နည်းလမ်းကို ရအောင် ယူရမည် ဖြစ်သည်။

ထိုအကြောင်းကို တွေးမိလိုက်သောအခါ လင်းယွမ်က အခြားလူနှစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ကပ်ပါးမျိုးစေ့ ချန်ရစ်ထားခဲ့ပြီး မြေအောက်အကျဉ်းထောင်ထဲမှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။

လင်းယာ၏ မာကျောအစွမ်းက ထိုက်ယန်တောင်အတွက် အလွန် အသုံးဝင်သဖြင့် လင်းယွမ်က သူမကို ချန်ထားချင်နေသည်။ ထို့ကြောင့် လန်ယွဲ့ဟွာကို ချက်ချင်း သတ်ပစ်ရန် မသင့်တော်သေးပေ။

သို့သော် ဤနေရာမှ ထွက်ခွာသွားပြီးနောက်တွင်တော့ ကပ်ပါးမျိုးစေ့က သူ၏ ထိန်းချုပ်မှု အောက်မှ လွတ်ကင်းသွားမည် ဖြစ်ပြီး အနှေးနှင့်အမြန် ခန္ဓာကိုယ်ကို ဖောက်ထွက်လာမည် ဖြစ်ရာ ဤအမျိုးသမီးလည်း သေလမ်းတစ်ခုသာ ရှိတော့မည် ဖြစ်သည်။

ထို့ကြောင့် လင်းယွမ်က လန်ယွဲ့ဟွာကို ဂရုမစိုက်တော့ပေ။

ဘုရင်မသင်္ဘော၏ ကုန်းပတ်ပေါ်သို့ ပြန်ရောက်ပြီးနောက် လင်းယွမ်က ဘုရင်မသင်္ဘော၏ သင်္ဘောကပ္ပတိန် အခန်းဆီသို့ လျှောက်လာခဲ့သည်။

ဘုရင်မသင်္ဘော၏ သင်္ဘောကပ္ပတိန် အခန်းတွင်းရှိ စက်ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ရာ ခရီးသည်တင် သင်္ဘော၏ စက်ပစ္စည်းများက ကုန်တင်သင်္ဘောထက် အများကြီး ပိုကောင်းနေသည်ကို တွေ့လိုက်ရသည်။

အတွင်းပိုင်း အပြင်အဆင်များကလည်း ကုန်တင်သင်္ဘောထက် အများကြီး ပိုကောင်းနေသည်။

အတွင်းဘက်ရှိ အနားယူသည့် အခန်းကို ဖွင့်လိုက်သည်နှင့် လင်းယွမ်က အမျိုးသမီးတစ်ယောက်၏ ကိုယ်သင်းရနံ့ကို ချက်ချင်း ရလိုက်သည်။

သူက မျက်ခုံးပင့်လိုက်ပြီး ကုတင်ဘက်သို့ ကြည့်လိုက်သည်။

ကုတင်ပေါ်တွင်တော့ အတွင်းခံ အင်္ကျီနှင့် ဘောင်းဘီများ ပြန့်ကျဲနေပြီး သိမ်းဆည်းရန် အချိန်မရခဲ့ပုံ ပေါ်သည်။

လင်းယွမ်က ကုတင်ရှေ့သို့ လျှောက်သွားကာ အနက်ရောင် အတွင်းခံ တစ်ထည်ကို ကောက်ကိုင်လိုက်ရာ ထိုကြီးမားလှသော အရွယ်အစားကြောင့် လင်းယာ၏ ပြည့်ဖြိုးလှသော ခန္ဓာကိုယ်ကို အလိုအလျောက် သတိရသွားစေသည်။

သို့သော် ချက်ချင်းပင် သူက ခေါင်းခါလိုက်သည်။ ဤနေရာက လင်းယာ နေထိုင်သည့်နေရာ မဖြစ်နိုင်ပေ။

သူက သေချာ ပြန်လည် စဉ်းစားကြည့်လိုက်ရာ စိတ်ဝိညာဉ် ထင်ယောင်ထင်မှား အစွမ်းကို အသုံးပြုနိုင်သော ရွှေရောင်ဆံပင်နှင့် အမျိုးသမီး၏ ခန္ဓာကိုယ် အချိုးအစားက ဤအဝတ်အစားများနှင့် ပိုမို ကိုက်ညီနေပုံ ပေါ်သည်။

ထိုအမျိုးသမီးမှာ သူ၏ စိတ်ဝိညာဉ်မီးတောက်ကြောင့် စိတ်ပင်လယ် လောင်ကျွမ်းခံခဲ့ရပြီး ထိုအချိန်က လင်းယာက သူမကို သွားရောက် တွဲကူပေးခဲ့ရာ အမျိုးသမီး နှစ်ယောက် ယှဉ်ရပ်နေစဉ် သူတို့၏ ပြည့်ဖြိုးမှု အတိုင်းအတာက သိပ်မကွာခြားလှပေ။

"ဒေါက်... ဒေါက်... ဒေါက်"

ရုတ်တရက် တံခါးအပြင်ဘက်မှ ကပျာကယာ ခြေသံများ ထွက်ပေါ်လာပြီးနောက် ဟန်ရှန်းမန်၏ အသံကို ကြားလိုက်ရသည်။

"ကိုလင်းယွမ်... အို"

ဟန်ရှန်းမန် စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် လင်းယွမ်က အနက်ရောင် အတွင်းခံ တစ်စုံကို ကိုင်ထားသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း အာမေဋိတ်သံ ထွက်သွားခဲ့သည်။

လင်းယွမ်လည်း ချက်ချင်း သတိဝင်လာပြီး အတွင်းခံကို ကပျာကယာ ပြန်ချထားလိုက်ကာ ပြောလိုက်သည်။

"ငါ သင်္ဘောကပ္ပတိန် အခန်းကို လာကြည့်တာ..."

သူက စကားတစ်ခွန်း ရှင်းပြရန် ပြင်လိုက်သော်လည်း ချက်ချင်း ပြန်ရပ်တန့်လိုက်သည်။ သူက ဘာလို့ ရှင်းပြနေရမှာလဲ။

သူက လှည့်ကာ ဟန်ရှန်းမန်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။

"ဘာကိစ္စ ရှိလို့ ဒီလောက်တောင် လောနေရတာလဲ"

ဟန်ရှန်းမန်က လင်းယွမ်ကို ထူးဆန်းသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီး ကုတင်ပေါ်ရှိ အတွင်းခံကိုလည်း လှမ်းကြည့်လိုက်သည်။

ထို့နောက် အလိုအလျောက် သူမ၏ ရင်ဘတ်ကို ပြန်ငုံ့ကြည့်လိုက်မိပြီး စိတ်ထဲတွင် စိတ်ပျက်သွားမိသည်။

သူမ၏ စိတ်ထဲတွင် ရန်မေနှင့် တင်းယန်တို့ကို အလိုအလျောက် သတိရသွားပြီး ခိုလှုံရေးစခန်းမှ အမျိုးသမီးများကြားတွင် ပျံ့နှံ့နေသော ကောလာဟလများကို ပိုမို ယုံကြည်သွားခဲ့သည်။

ကိုလင်းယွမ်က တကယ်ကို ကြီးတဲ့ ဟာတွေကို သဘောကျတာပဲ။

"အဟမ်း... အဟမ်း... ဟိုလေ... စောစောက မချိုးတို့ လူစုက ရေမျောက်ဝံ အကောင်တချို့ကို ဖမ်းမိလိုက်တယ်"

"ရေမျောက်ဝံ"

လင်းယွမ်က အံ့အားသင့်သွားသည်။ ဒီလို သန္ဓေပြောင်း သတ္တဝါမျိုးလည်း ရှိသေးတာလား။

ဟန်ရှန်းမန်က ကပျာကယာ ရှင်းပြလိုက်သည်။

"ရေထဲကနေ ခိုးဝင်လာတဲ့ ရန်သူတွေပါ... သူတို့ဘက်က အဲ့ဒီလိုလူမျိုးတွေကို ရေမျောက်ဝံလို့ ခေါ်ကြပါတယ်"

"စောစောက စစ်ဆေးမေးမြန်းကြည့်ပြီးပါပြီ... အဲ့ဒီလူတွေ အကုန်လုံးက သမ္မတ ၇ သင်္ဘောပေါ်က လူတွေပဲ... လင်ကျန်းဟီက ဘုရင်မသင်္ဘောကို ရှာဖို့ လွှတ်လိုက်တာလို့ ပြောတယ်"

"ချိုးရင်ယွဲ့ ပြောတာတာ့ အဲ့ဒီအချိန်က စုစုပေါင်း ရေမျောက်ဝံ လေးယောက် ရှိတာတဲ့... သူ့လူတွေက သုံးယောက်ကိုပဲ ဖမ်းမိလိုက်ပြီး တစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားလို့ ရှင့်ကို လာအကြောင်းကြားခိုင်းလိုက်တာပါ"

"ထွက်ပြေးသွားတဲ့ တစ်ယောက်က ကျွန်မတို့ဆီက အခြေအနေတွေကို သမ္မတ ၇ သင်္ဘောဆီကို သွားပြောပြမှာ စိုးရိမ်ရတယ်... ကျွန်မတို့ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားသင့်တယ်"

လင်းယွမ်က ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ငါ သိပြီ... ဒါနဲ့ ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်က လူတွေ အကုန်လုံးကို ဘုရင်မသင်္ဘောပေါ် ပြောင်းရွှေ့လာဖို့ အကြောင်းကြားလိုက်... အခုကစပြီး တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားကြ"

"ဒါဆို ရွှေချပ်ဝတ်စစ်သင်္ဘောကိုရော ဘယ်လို လုပ်မလဲ"

"ငါ့မှာ အစီအစဉ် ရှိပါတယ်"

"ဟုတ်ကဲ့ပါ"

ဟန်ရှန်းမန်က အခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားသည်။ သို့သော် ထွက်သွားချိန်တွင် ကုတင်ပေါ်ရှိ အတွင်းခံများကို ထပ်မံ ကြည့်လိုက်မိပြီး စကားပြောချင်နေသော်လည်း အဆုံးတွင် သက်ပြင်းတစ်ချက်ချကာ ဘာမှ မပြောတော့ဘဲ ထွက်သွားခဲ့သည်။

လင်းယွမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားပြီး ကုတင်ပေါ်ရှိ အိပ်ရာခင်းများကို လိပ်ကာ ဘေးသို့ ပုံချလိုက်သည်။

ထို့နောက် ကုတင်နှင့် ဗီရိုထဲတွင် တစ်ပတ်ခန့် ထပ်မံ ရှာဖွေလိုက်သည်။

ယုတ္တိတန်တန် စဉ်းစားကြည့်လျှင် သင်္ဘောကပ္ပတိန် အခန်းတွင် ရေကြောင်းပြမြေပုံများ... စွမ်းအင်ကျောက်တုံးများနှင့် အခြားသော အရင်းအမြစ်များ ရှိသင့်သည်။

သို့သော် တစ်ပတ်ခန့် ရှာဖွေပြီးနောက် မည်သည့် စွမ်းအင်ကျောက်တုံးကိုမျှ မတွေ့ရဘဲ လက်ဖြင့် ရေးဆွဲထားသော ရေကြောင်းပြမြေပုံ တစ်ခုကိုသာ တွေ့ရှိခဲ့သည်။

အပေါ်ရှိ သပ်ရပ်လှပသော လက်ရေးများကို ကြည့်ခြင်းအားဖြင့် လင်းယွမ်က ထိုမြေပုံမှာ ရှန်ယွင်ရှီ ဆိုသည့် အမျိုးသမီး ကိုယ်တိုင် ရေးဆွဲထားခြင်း ဖြစ်မည်ဟု ခန့်မှန်းမိသည်။

လင်းယွမ်က ထိုရေကြောင်းပြမြေပုံကို ကြည့်လိုက်ရာ အစပိုင်းတွင် သိပ်ပြီး ဂရုမစိုက်မိသော်လည်း သေချာစွာ ကြည့်ရှုပြီးနောက် သူ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

ဤရေကြောင်းပြမြေပုံပေါ်တွင် လမ်းကြောင်းမျဉ်းများနှင့် အိမ်မြှောင်ပြဒိုင်ခွက်များကို မှတ်သားထားရုံသာမက ထင်ရှားသော ပထဝီဝင် တည်နေရာများနှင့် အထင်ကရ အဆောက်အအုံများကိုပါ မှတ်သားထားသည်။

ထို့အပြင် အချိုးအစား ပြစကေးများကိုပါ မှတ်သားထားပြီး ရေကြောင်းခရီးစဉ်များကိုလည်း ရှင်းလင်းပြတ်သားစွာ ရေးဆွဲထားသည်။

ဤအကြောင်းအရာများက ရှန်ယွင်ရှီ ဆိုသည့် အမျိုးသမီးမှာ သာမန် အစွမ်းပိုင်ရှင် တစ်ယောက် လုံးဝ မဟုတ်ကြောင်းကို လင်းယွမ် နားလည်သွားစေရန် လုံလောက်နေခဲ့သည်။

ဤအမျိုးသမီးက ရေကြောင်းသွားလာရေးနှင့် သင်္ဘောပေါ်ရှိ စက်ပစ္စည်း ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်သော အမျိုးသမီး တစ်ယောက် ဖြစ်သည်။

လင်းယွမ်၏ မျက်နှာက ချက်ချင်း လေးနက်သွားပြီး ဤသူမှာ အလွယ်တကူ ရှာဖွေ၍ မရနိုင်သော ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ကမ္ဘာကြီး တစ်ခုလုံး ရေလွှမ်းမိုးခံထားရသော အခြေအနေမျိုးတွင် ဤကဲ့သို့ ရေကြောင်းပညာကို ကျွမ်းကျင်သော ပါရမီရှင်များမှာ အနာဂတ်တွင် လုံးဝကို အလိုအပ်ဆုံးသော ပါရမီရှင်များ ဖြစ်လာမည်မှာ သေချာလှသည်။

လင်းယွမ်က ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး သင်္ဘောကပ္ပတိန် အခန်းထဲမှ ထွက်ခွာလာကာ ခရီးသည်တင် သင်္ဘော၏ ခရီးသည် အခန်းများဆီသို့ လျှောက်လာခဲ့သည်။

မကြာမီမှာပင် သူက ရှန်ယွင်ရှီ၏ အခန်းကို ရှာတွေ့သွားခဲ့သည်။

ယခုအချိန်တွင် ဘုရင်မသင်္ဘော၏ အဆင့်မြင့် အဖွဲ့သား အများစုမှာ ခရီးသည် အခန်းများထဲတွင် အကျယ်ချုပ် ချထားခံရပြီး အခန်းအပြင်ဘက်တွင် ချိုးရင်ယွဲ့၏ လူများက စောင့်ကြပ်နေကြသည်။

"မင်္ဂလာပါ ဆရာလင်း"

တံခါးဝရှိ အစောင့်များက လင်းယွမ်ကို နှုတ်ဆက်လိုက်ကြပြီး သူတို့၏ မျက်လုံးထဲတွင်တော့ ရူးသွပ်လုမတတ် ကြည်ညိုလေးစားမှုများ ပါဝင်နေသည်။

လင်းယွမ်က သူတို့ကို ရွှေချပ်ဝတ်စစ်သင်္ဘောထဲမှ ကယ်တင်ပေးခဲ့ပြီး ဘုရင်မသင်္ဘောပေါ်ရှိ လူများကိုပါ အနိုင်ယူကာ ပြိုင်ဘက်ကင်းသော အစွမ်းအစများကို ပြသခဲ့သည်။

ဤလူများက အလိုအလျောက်ပင် လင်းယွမ်ကို ကြည်ညိုလေးစားနေကြခြင်း ဖြစ်သည်။

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"အားလုံးပင်ပန်းသွားကြပြီ"

"မပင်ပန်းပါဘူး... ဒါက ကျွန်တော်တို့ လုပ်ရမယ့် အလုပ်တွေပါ"

"ဆရာလင်း နောက်ကို လိုက်ခွင့်ရတာက ကျွန်တော်တို့ရဲ့ ကံကောင်းမှုပါပဲ"

ထိုလူနှစ်ယောက်လုံးက အလွန် စိတ်လှုပ်ရှားနေကြပြီး စကားပြောလည်း အလွန် တတ်ကြသည်။

သူတို့ ကြားထားသည်မှာ ဆရာလင်းက တောင်တစ်လုံးလုံးကို သိမ်းပိုက်ထားသော ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ ခေါင်းဆောင်ဟူ၍ ဖြစ်သည်။

အကယ်၍ သူတို့က ဆရာလင်း၏ ချီးကျူးမှုကို ရရှိမည် ဆိုလျှင် နောက်ပိုင်းတွင် သူတို့လည်း ဆရာလင်း၏ ခိုလှုံရေးစခန်းသို့ သွားရောက် နေထိုင်ခွင့် ရနိုင်လောက်သည်။

ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးဘေးကြီးထဲတွင် သူတို့က နေစရာအိမ် မရှိတော့သည်မှာ ကြာပြီ ဖြစ်သည်။

အကယ်၍ တည်ငြိမ်ပြီး ကိုယ့်ဖာသာ ဖူလုံစွာ ရပ်တည်နိုင်သော ခိုလှုံရေးစခန်း တစ်ခုထဲသို့ ဝင်ရောက်ခွင့် ရမည်ဆိုလျှင်တော့ တကယ်ကို ကောင်းမွန်လှပေမည်။

ဆက်ရန်...

All Chapters