အခန်း (၃၈၉-၃၉၀)
Vol. 20 Ch. 389-390
အပိုင်း (၃၈၉) ရှန်ယွင်ရှီကို သိမ်းသွင်းလိုခြင်း
"ငါ ဝင်ဦးမယ်"
"ဟုတ်ကဲ့ပါ"
အစောင့်နှစ်ယောက်က အလျင်အမြန် ဖယ်ပေးလိုက်ပြီး သူတို့ထဲမှ တစ်ယောက်က တံခါးကို ကူညီဖွင့်ပေးလိုက်သည်။
လင်းယွမ်က တံခါးဝတွင် ရပ်ကာ အခန်းထဲသို့ ကြည့်လိုက်သည်။
ရှန်ယွင်ရှီဟုခေါ်သော အမျိုးသမီးက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး လင်းယာက ဘေးတွင် ထိုင်နေကာ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ရှိနေသည်ကို မြင်လိုက်ရသည်။
တံခါး ရုတ်တရက် ပွင့်လာသည်ကို မြင်လိုက်ရသဖြင့် သူမက အလိုအလျောက် စိုးရိမ်ထိတ်လန့်သွားပြီး အလျင်အမြန် မတ်တတ်ရပ်လိုက်သည်။
"ကိုလင်းယွမ်"
လင်းယွမ်ဖြစ်နေသည်ကို မြင်သောအခါ သူမက အလျင်အမြန် လျှောက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ကိုလင်းယွမ်... ကျွန်မ ရှင့်လက်အောက်ကို ဝင်ဖို့ သဘောတူပြီးပြီပဲ... ရှင်... ရှင် လန်ယွဲ့ဟွာတို့ကို လွှတ်ပေးလို့ ရပြီမလား"
လင်းယွမ်က လင်းယာကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "စိတ်ချပါ... ငါ သူ့ကို လွှတ်ပေးမယ်လို့ ပြောထားပြီးသားမို့လို့ ကတိမဖျက်ပါဘူး"
"ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး... ငါ ဒီမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်... သူ့ကို လွှတ်ပေးလိုက်လို့ သူက ငါတို့အတွက် ပြဿနာတွေ လုပ်လာရင် နောက်တစ်ခါ ပြန်တွေ့တဲ့အခါ ငါ သူ့ကို သတ်ရမလား... မသတ်ရဘူးလားဖြစ်သွားလိမ့်မယ်"
လင်းယာက ချက်ချင်းပင် ဆွံ့အသွားသည်။ သူမက ဉာဏ်ကောင်းသူဖြစ်ရာ လန်ယွဲ့ဟွာ၏ စရိုက်ကို ကောင်းကောင်းသိပေသည်။
အကယ်၍ လင်းယွမ်က လန်ယွဲ့ဟွာကို တကယ် လွှတ်ပေးလိုက်မည် ဆိုပါက လန်ယွဲ့ဟွာက အစွမ်းကုန် ပြန်လည်ကလဲ့စားချေမည်မှာ သေချာသလောက်ပင် ဖြစ်သည်။
သို့သော် နောက်တစ်ကြိမ် ထပ်တွေ့ပါက ကိုလင်းယွမ်က သူမကို ထပ်ပြီး ခွင့်လွှတ်ပေးပါဦးမည်လား။
လင်းယာက သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် မေးလိုက်သည်။ "ဒါဆို ရှင့်ကိစ္စတွေ ပြီးသွားရင် ကျွန်မ ရှင့်နောက်ကို လိုက်ခဲ့မယ်... အဲဒီအခါကျရင် ရှင် သူတို့ကို လွှတ်ပေးလို့ ရမလား"
လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး တိကျသော အဖြေမပေးဘဲ ပြောလိုက်သည်။ "မင်း နောင်ကျရင်လည်း ငါ့အပေါ်မှာ အခုလို သစ္စာရှိဖို့ မျှော်လင့်ပါတယ်"
လင်းယာ၏ မျက်နှာက နီရဲသွားပြီး ဘာမှ ဆက်မပြောတော့ချေ။
လင်းယွမ်ကလည်း ယခုချက်ချင်း သူမက သူ၏အပေါ် သစ္စာရှိကြောင်း ပြသလိမ့်မည်ဟု မမျှော်လင့်ထားပေ။
အကယ်၍ တစ်ဖက်လူက ယခုချက်ချင်း သစ္စာရှိကြောင်း ပြသလာလျှင်ပင် သူက ယုံကြည်မည် မဟုတ်ပေ။
တစ်ဖက်လူ၏ စိတ်ထဲတွင် သူ့ကို မည်မျှပင် အပြစ်တင်နေမည် မသိနိုင်ပေ။
သို့သော် ဤတစ်ကြိမ်တွင်မူ လင်းယွမ်က မှန်းဆချက် မှားယွင်းသွားခဲ့သည်။ လင်းယာ၏ စိတ်ထဲတွင် လင်းယွမ်အပေါ် မကျေနပ်မှုများ ရှိနေသော်လည်း လုံးဝ မုန်းတီးနေခြင်းမျိုးကား မဟုတ်ပေ။
သူမက အကျိုးအကြောင်း သိတတ်သူ ဖြစ်သည်။ ဤတစ်ကြိမ် ပဋိပက္ခက လန်ယွဲ့ဟွာ တစ်ဦးတည်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ရာ လင်းယွမ်ကို အပြစ်တင်၍ မရနိုင်ပေ။
အမှန်တကယ်တော့ သူမက လင်းယွမ်တို့နှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းပြီးသား ဖြစ်သည်။
လန်ယွဲ့ဟွာ ပြန်ရောက်လာပြီးနောက် သူတို့ အနိုင်ကျင့်ခံရသည်ဟု ကြားသိသွားချိန်တွင် ပဋိပက္ခ ဖန်တီးကာ တစ်ဖက်လူကို ပညာပေးချင်ခဲ့ခြင်းကြောင့်သာ ယခုလို ကပ်ဆိုးကြီး ကျရောက်လာရခြင်း ဖြစ်သည်။
သေချာသည်မှာ လန်ယွဲ့ဟွာက သူမအတွက် ရှေ့ထွက်ပေးခဲ့ခြင်း ဖြစ်ရာ သူမကလည်း လန်ယွဲ့ဟွာကို အပြစ်မဆိုသာပေ။
သို့သော် လန်ယွဲ့ဟွာက သူမအတွက် ရှေ့ထွက်ပေးခြင်းမှာ ဂရုစိုက်မှုကြောင့် သက်သက် မဟုတ်ဘဲ လင်းယာကို သူမ၏ ပိုင်ဆိုင်မှုတစ်ခုအနေဖြင့် သတ်မှတ်ထားခြင်းကြောင့်သာ ဖြစ်သည်။
ထိုသို့သော ပုံမှန်မဟုတ်သည့် ခံစားချက်များကသာ လန်ယွဲ့ဟွာကို အသိစိတ်လွတ်သွားစေပြီး လင်းယွမ်တို့ကို မဖြစ်မနေ ကလဲ့စားချေချင်စိတ် ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
လင်းယာက ဤအကြောင်းပြချက်များကို နားလည်ထားရာ လန်ယွဲ့ဟွာက သူမအတွက် ရှေ့ထွက်ပေးခြင်းကို သူမ၏ စိတ်ထဲတွင် သိပ်ပြီး လက်မခံနိုင်ခဲ့ပေ။
သို့သော် ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာပြီဖြစ်ရာ ထိုအကြောင်းများကို ပြောနေ၍လည်း အသုံးမဝင်တော့ပေ။
ဤတစ်ကြိမ်တွင် သူမက လင်းယွမ်ထံသို့ ခန္ဓာကိုယ်ကို ရောင်းချကာ နောက်ပိုင်းတွင် သူ့နောက်သို့ လိုက်ပြီး သူ၏ လက်အောက်သို့ ဝင်ရောက်ခြင်းမှာ လွန်ခဲ့သည့် နေ့ရက်များက လန်ယွဲ့ဟွာ၏ စောင့်ရှောက်ပေးခဲ့သော ကျေးဇူးများကို ဆပ်လိုက်ခြင်းပင် ဖြစ်သည်။
လင်းယွမ်က သူမကို သိပ်ပြီး အခက်မတွေ့စေတော့ဘဲ ကုတင်ပေါ်တွင် သတိမေ့နေသော ရှန်ယွင်ရှီကို ကြည့်လိုက်သည်။
သူ၏ စိတ်ဝိညာဉ်မီးတောက် တိုက်ခိုက်မှုကို ခံလိုက်ရသော်လည်း ရှန်ယွင်ရှီ ချက်ချင်း သေမသွားခြင်းမှာ သူမ၏ စိတ်စွမ်းအင် မအားနည်းသောကြောင့် ဖြစ်သည်။
"သူ ဘယ်လိုနေသေးလဲ"
လင်းယာက ထိုစကားကို ကြားသောအခါ ရင်ထဲ ထိတ်သွားပြီး လင်းယွမ်ကို သတိထားကာ တစ်ချက် ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "သတိမေ့နေတုန်းပဲ"
လင်းယွမ်က မေးလိုက်သည်။ "ငါ့ရဲ့ စိတ်စွမ်းအင် တိုက်ခိုက်ကွက်ကို ခံလိုက်ရတာတောင် သူ မသေတာ ကံကောင်းတာပဲ"
လင်းယာက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဘာမှ မပြောတော့ချေ။
"ဒီမိန်းမ နာမည်က ဘယ်သူလဲ"
"ရှန်ယွင်ရှီပါ"
"သူကရော ငါတို့ အိမ်ရာက ပိုင်ရှင်ပဲလား"
"မဟုတ်ဘူး" လင်းယာက ခေါင်းယမ်းလိုက်သည်။
လင်းယွမ်က သူမ မိတ်ဆက်ပေးမည်ကို စောင့်နေသော်လည်း လင်းယာက လင်းယွမ်ကို သတိထားနေပုံရကာ ဆက်ပြီး မိတ်ဆက်မပေးတော့ချေ။
ထိုအပြုအမူက လင်းယွမ်ကို အနည်းငယ် မကျေမနပ် ဖြစ်သွားစေပြီး မေးလိုက်သည်။ "ဘုရင်မသင်္ဘောရဲ့ ကပ္ပတိန်အခန်းက သူနေတာလား"
လင်းယာက ခေါင်းညိတ်ပြလိုက်သည်။
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် အရောင်လက်သွားပြီး ထပ်မေးလိုက်သည်။ "သူ့နောက်ခံက ဘာလဲ... ကပ္ပတိန်အခန်းထဲက ပစ္စည်းတော်တော်များများက အရမ်းကို ကျွမ်းကျင်တဲ့ အဆင့်မှာ ရှိနေတာကို တွေ့ရတယ်... သူ သင်္ဘောမောင်းတတ်တာလား"
"ဟုတ်တယ်... ရှန်ယွင်ရှီက လင်ကျောင်းတက္ကသိုလ် သင်္ဘောတည်ဆောက်ရေးကျောင်းက ပါမောက္ခလေ... သင်္ဘောတည်ဆောက်ရေးနဲ့ ရေကြောင်းသွားလာရေး နယ်ပယ်တွေမှာ စာတမ်းတွေ အများကြီး ထုတ်ပြန်ဖူးတယ်"
လင်းယာက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရှန်ယွင်ရှီ၏ နောက်ခံနှင့် ကျွမ်းကျင်မှုများကို အလျင်အမြန် အလေးပေး၍ မိတ်ဆက်ပေးလိုက်သည်။
လင်းယွမ်က နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကို အလွန် အလေးထားပုံရသည်ကို သူမ ရိပ်မိလိုက်သည်။
ထင်သည့်အတိုင်းပင် ရှန်ယွင်ရှီက သင်္ဘောတည်ဆောက်ရေးကျောင်း၏ ပါမောက္ခဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် လင်းယွမ်၏ မျက်လုံးများက ချက်ချင်း အရောင်လင်းလက်သွားသည်။
သူက ချက်ချင်းပင် မေးလိုက်သည်။ "သူက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ"
လင်းယာက ရှင်းပြလိုက်သည်။ "အရင်တုန်းက ကျွန်မတို့ လင်ကျောင်းတက္ကသိုလ်ကို သွားပြီး သင်္ဘောတွေကို လုယူတဲ့အချိန်မှာ... ရှန်ယွင်ရှီက အစွမ်းပိုင်ရှင်အဖြစ် နိုးထမလာသေးဘူးလေ... လူတွေ ဖမ်းဆီးတာခံရပြီး သင်္ဘောမောင်းဖို့ တာဝန်ယူခဲ့ရတာ"
"နောက်တော့ ကျွန်မတို့ ရောက်သွားပြီး လန်ယွဲ့ဟွာက ဒီသင်္ဘောကို လုယူနိုင်ခဲ့တယ်... သင်္ဘောသား တော်တော်များများကိုလည်း သိမ်းသွင်းခဲ့တယ်... ရှန်ယွင်ရှီရဲ့ ကျွမ်းကျင်တဲ့ အရည်အချင်းကို တွေ့သွားတဲ့အခါ သူ့ကို ယာယီကပ္ပတိန်အဖြစ် ရာထူးတိုးပေးပြီး... ဘုရင်မသင်္ဘောရဲ့ နည်းပညာနဲ့ ရေကြောင်းသွားလာရေး ကိစ္စတွေကို တာဝန်ယူခိုင်းခဲ့တာ"
လင်းယွမ်က "ငါထင်တဲ့အတိုင်းပဲ" ဟု စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ဤအမျိုးသမီး၏ ဖြစ်ရပ်က ပါမောက္ခလီနှင့် ဆင်တူနေပေသည်။
သို့သော် ပါမောက္ခလီက ကံမကောင်းခဲ့ပေ။ သင်္ဘောရှိသော အဖွဲ့အစည်းနှင့် မတွေ့ခဲ့ရဘဲ ချိုးရင်ယွဲ့က အဆောက်အအုံကိုသာ အသေအလဲ ကာကွယ်နေခဲ့ပြီး သင်္ဘောများကို မရရှိခဲ့သောကြောင့် ဤကဲ့သို့သော ကျွမ်းကျင်သူများကို စုဆောင်းရန် သိပ်ပြီး သတိမထားမိခဲ့ပေ။
ထို့ကြောင့် ပါမောက္ခလီက ချိုးရင်ယွဲ့၏ အဆောက်အအုံထဲတွင် ငတ်လုနီးပါး ဖြစ်ခဲ့ရသည်။
လင်းယွမ်၏ စိတ်ထဲတွင် စိတ်လှုပ်ရှားသွားသည်။ ဤအမျိုးသမီးက အလွန် အသုံးဝင်ပေသည်။ သူမကို ခေါ်သွားပြီးနောက် ရေကြောင်းသွားလာရေး ကျွမ်းကျင်သူ တစ်သိုက်ကို လေ့ကျင့်မွေးထုတ်ပေးနိုင်မည်မှာ သေချာသလောက်ပင် ဖြစ်သည်။
သူက ခဏမျှ စဉ်းစားလိုက်ပြီး လင်းယာကို ကြည့်ကာ ပြောလိုက်သည်။ "သူ့ရဲ့ စိတ်စွမ်းအင် ဒဏ်ရာကို ကုသပေးနိုင်တဲ့ နည်းလမ်း ငါ့မှာ ရှိတယ်"
လင်းယာက ချက်ချင်း ခေါင်းမော့လာပြီး သူမ၏ လှပသော မျက်လုံးများဖြင့် လင်းယွမ်ကို စိုက်ကြည့်ကာ သူ့ကို တောင်းဆိုရန် ပြင်လိုက်သည်။
ရုတ်တရက် သူမက နှုတ်ခမ်းကို ကိုက်လိုက်ပြီး လင်းယွမ်၏ လုပ်ဟန်ကို တွေးမိသွားကာ စကားလမ်းကြောင်း လွှဲလိုက်ပြီး မေးလိုက်သည်။ "ရှင်... ဘာကို လိုချင်လို့လဲ"
လင်းယွမ်က လင်းယာကို တစ်ချက်ကြည့်လိုက်ပြီး ဤအမျိုးသမီး လိမ္မာပါးနပ်လှသည်ဟု စိတ်ထဲမှ ချီးကျူးလိုက်သည်။
သူက ဟန်မပျက် ပြောလိုက်သည်။ "ရေကြောင်းသွားလာရေး ပညာရပ်မှာ သူ့ရဲ့ အရည်အချင်းတွေကို ငါ သဘောကျတယ်... သူ့ကို ကယ်ပေးလို့ ရတယ်... ဒါပေမဲ့ ကုသပြီးသွားရင် သူလည်း မင်းလိုပဲ ငါ့အတွက် အလုပ်လုပ်ပေးရမယ်"
လင်းယာ၏ မျက်နှာအဆင်း အနည်းငယ် ပြောင်းလဲသွားပြီး အနည်းငယ် တုံ့ဆိုင်းသွားကာ ပြောလိုက်သည်။ "ကျွန်မ သူ့ကိုယ်စား ဆုံးဖြတ်ပေးလို့ မရဘူးလေ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ဒါဆိုလည်း ကောင်းပြီလေ... သင်္ဘောပေါ်မှာ အလကားလူတွေကို မွေးမထားနိုင်ဘူး... ငါ လူလွှတ်ပြီး သူ့ကို မြူခိုးမြို့တော်က မြူခိုးတောအုပ်ထဲ ပို့ပြီး သေသေရှင်ရှင် ပစ်ထားလိုက်တော့မယ်"
"မလုပ်ပါနဲ့"
လင်းယာက ချက်ချင်း အထိတ်တလန့် ဖြစ်သွားပြီး အလျင်အမြန် စိုးရိမ်တကြီး ပြောလိုက်သည်။
လင်းယွမ်က ဘာမှ ဆက်မပြောဘဲ သူမကို တည်ငြိမ်စွာ ကြည့်နေလိုက်သည်။ "အဲ့တော့ ဘယ်လိုသဘောရလဲ"
သူမက ဤအမျိုးသားကို လှည့်စားရန် မဖြစ်နိုင်ကြောင်း လင်းယာ နားလည်သွားသည်။
သူမ၏ ရင်ထဲတွင် အားကိုးရာမဲ့သည့် ခံစားချက်တစ်ခု ပေါ်ထွက်လာပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "သူ့ကို ကျွန်မ ကူညီပြီး ဖျောင်းဖျပေးပါ့မယ်"
လင်းယွမ်က ချက်ချင်း ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ဒါဆိုလည်း ကောင်းတာပေါ့... မင်း ရှင်းရှင်းလင်းလင်း သိထားတာကောင်းမယ်... မင်းနဲ့သူက ရုပ်ရည်ရော ခန္ဓာကိုယ် အချိုးအစားပါ မဆိုးလှဘူး... ဒီသင်္ဘောပေါ်က ထွက်သွားရင် တခြားလူတွေ မျက်စိကျပြီး အကွက်ချ ခံရနိုင်ခြေက အရမ်းများတယ်"
"ငါ့နောက်ကို လိုက်ရင် အနည်းဆုံးတော့ ဒီလိုကိစ္စတွေ ဖြစ်လာမှာကို စိုးရိမ်စရာ မလိုတော့ဘူး... ငါ လိုချင်တာက မင်းတို့ရဲ့ ကိုယ်ပိုင် အရည်အချင်းတွေပဲ... မင်းတို့ရဲ့ ခန္ဓာကိုယ် မဟုတ်ဘူး"
"ငါ့ဆီမှာ ရှိနေရင်... မင်းတို့ကို မကောင်းတဲ့ ကိစ္စတွေ လုပ်ဖို့ အတင်းအကျပ် ခိုင်းစေမှာကို စိုးရိမ်စရာ မလိုဘူး"
"ဒါပေမဲ့ တစ်ခြားကို ရောက်သွားရင်တော့... ဘာမှအသေအချာပြောလို့ မရတော့ဘူး"
လင်းယာ၏ စိတ်ထဲတွင်လည်း ဤအကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း သိထားပေသည်။ ယခုအချိန်တွင် ခါးသီးစွာ ပြုံး၍ လက်ခံရုံမှလွဲ၍ အခြား ဘာနည်းလမ်းများ ရှိနိုင်ဦးမည်နည်း။
"ကျွန်မ နားလည်ပါတယ်" သူမက ခေါင်းငုံ့ကာ ပြောလိုက်သည်။
လင်းယွမ်က ပစ္စည်းသိုလှောင်ခန်းထဲမှ အစိမ်းရောင် ဝါးကျည်တောက် တစ်ခုကို ထုတ်ယူလိုက်ပြီး ပြောလိုက်သည်။ "ဒါက စိတ်စွမ်းအင် ပြန်ပြည့်စေတဲ့ ဆေးရည်ပဲ... သောက်ပြီးသွားရင် တစ်နာရီအတွင်း သက်သာလာလိမ့်မယ်... သူ သတိရလာတဲ့အခါ မင်း သူနဲ့ သေချာ တိုင်ပင်ကြည့်လိုက်ပေါ့... သဘောတူပြီ ဆိုရင်တော့ ကပ္ပတိန်အခန်းကို လာပြီး ငါ့ကို လာရှာလိုက်"
လင်းယာက ဆေးရည်ကို လှမ်းယူလိုက်ပြီး စိတ်ထဲတွင် သက်သာရာ ရသွားသည်။ ယခု လတ်တလော အရေးကြီးဆုံးက ရှန်ယွင်ရှီ သတိရလာအောင် အရင် ကယ်တင်ရန်သာ ဖြစ်သည်။
အခြားကိစ္စများအတွက်မူ သူမက အစွမ်းကုန် ကြိုးစားကြည့်မည်ဟုသာ ပြောနိုင်တော့သည်။
သို့သော် လန်ယွဲ့ဟွာနှင့် နှိုင်းယှဉ်လျှင် ရှန်ယွင်ရှီကို ဖျောင်းဖျရသည်မှာ ပို၍ လွယ်ကူလိမ့်မည်ဟု သူမ ခံစားရသည်။
လင်းယွမ်ကို ပြန်ပို့ပြီးနောက် လင်းယာက ဝါးကျည်တောက်ကို အလျင်အမြန် ဖွင့်လိုက်ရာ အထဲတွင် ဝါးနံ့သင်းနေသော ဆေးဖက်ဝင် အပင်အနံ့တစ်မျိုးကို ရရှိလိုက်သည်။
သူမက စိတ်ထဲတွင် အံ့သြသွားပြီး အခန်းထဲမှ ရေခွက်တစ်ခုကို ရှာကာ ငှဲ့ထည့်လိုက်သည်။
အရည်က မြစိမ်းရောင် ရှိပြီး ကြည့်ရသည်မှာ ဝါး၏ အရောင်နှင့် သိပ်မကွာလှပေ။
အညစ်အကြေးများ မရှိဘဲ စစ်ထုတ်ထားသော သန့်စင်သည့် ဆေးရည် ဖြစ်ပုံရသည်။
ရှူရှိုက်ကြည့်လိုက်ရာ တရုတ်တိုင်းရင်းဆေး အနံ့တစ်မျိုး ရနေသည်။
"တိုင်းရင်းဆေး ဆေးရည်လား"
သူမက စိတ်ထဲတွင် တိတ်တဆိတ် အံ့သြသွားသော်လည်း အကယ်၍ လင်းယွမ်က သူတို့ကို ဒုက္ခပေးချင်ပါက ဤမျှလောက် အားထုတ်စရာ မလိုကြောင်း တွေးမိလိုက်သည်။
သူမက စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် ရှန်ယွင်ရှီကို ပွေ့ချီကာ စတင် တိုက်ကျွေးလိုက်သည်။
ကံကောင်းသည်မှာ ရှန်ယွင်ရှီက သတိမေ့နေသော်လည်း လုံးဝ အသိစိတ်ကင်းမဲ့နေခြင်းမျိုးတော့ မဟုတ်ပေ။
ဆေးရည်က ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် သူမက အလိုအလျောက် မျိုချလိုက်သည်။
မကြာမီ ဆေးရည်အားလုံးကို တိုက်ကျွေးပြီးနောက် လင်းယာက တစ်စုံတစ်ရာ အလွဲအချော် ဖြစ်မည်ကို စိုးရိမ်သဖြင့် ရှန်ယွင်ရှီ၏ အနားမှ တစ်ဖဝါးမှ မခွာဘဲ စောင့်ရှောက်နေခဲ့သည်။
သို့သော် လင်းယာ၏ စိုးရိမ်မှုက ပိုလွန်းနေကြောင်း သူမ မကြာမီ တွေ့ရှိသွားသည်။
ရန်ဆန်းမင် သုတေသနပြုလုပ်ထားသော စိတ်စွမ်းအင် ပြန်လည်ပြည့်ဖြိုးစေသည့် ဆေးရည်၏ အာနိသင်က မဆိုးလှပေ။ ဆယ်မိနစ်ပင် မပြည့်မီ ရှန်ယွင်ရှီက သက်သောင့်သက်သာဖြင့် ညည်းတွားသံ တစ်ချက်ပြုလိုက်ပြီးနောက် မျက်လုံးများကို ဖွင့်လာခဲ့သည်။
သူမ၏ မျက်လုံးများက အလွန် လှပပြီး မြေခွေးမျက်လုံးများနှင့် အနည်းငယ် ဆင်တူကာ ရွှေရောင်ဆိုးထားသော ကောက်ကွေးသည့် ဆံပင်များနှင့် ပေါင်းစပ်လိုက်သောအခါ ဆွဲဆောင်မှုအပြည့်ရှိသော အမျိုးသမီးတစ်ဦး၏ အငွေ့အသက်မျိုးကို ပေးစွမ်းနေသည်။
ယခုလေးတင် သတိရလာသော သူမက အလိုအလျောက် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းထဲတွင် အူနေကာ သိပ်ပြီး နေလို့မကောင်းသေးသည့် ခံစားချက်ကို ရနေဆဲပင် ဖြစ်သည်။
သို့သော် ယခင်က ဦးနှောက်တစ်ခုလုံး မီးလောင်နေသကဲ့သို့ ခံစားရသည့် ခံစားချက်နှင့် နှိုင်းယှဉ်လျှင် အများကြီး ပိုကောင်းလာခဲ့ပြီ ဖြစ်သည်။
"ရှန်ယွင်ရှီ... နင် ဘယ်လိုနေသေးလဲ" လင်းယာက အလျင်အမြန် မေးလိုက်သည်။
ရှန်ယွင်ရှီက ခဏမျှ ကြောင်အမ်းသွားပြီး သတိမမေ့ခင်က မှတ်ဉာဏ်များ ပြန်လည်ပေါ်ပေါက်လာကာ သတိပြန်ဝင်လာပြီး လင်းယာကို ကြည့်၍ ပြောလိုက်သည်။ "ဘာ... ဘာမှမဖြစ်ပါဘူး... ခေါင်းနည်းနည်း ကိုက်နေသေးပေမယ့် အရင်ကထက် အများကြီး သက်သာသွားပါပြီ"
လင်းယာက သက်ပြင်းချလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ကိုလင်းယွမ်ရဲ့ လက်အောက်မှာ တကယ်ကို အရည်အချင်းရှိတဲ့ လူတွေ ရှိနေတာပဲ... ဒီလို ဆေးရည်မျိုးကိုတောင် သုတေသန လုပ်နိုင်တယ်ဆိုတော့"
ရှန်ယွင်ရှီက ကြောင်သွားပြီး ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို အလျင်အမြန် မေးမြန်းလိုက်သည်။
လင်းယာကလည်း ဖုံးကွယ်မထားတော့ဘဲ ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို အစမှအဆုံး သေချာ ရှင်းပြလိုက်သည်။
နောက်ဆုံးတွင် သူမ၏ မျက်နှာပေါ်၌ တောင်းပန်ချင်သည့် အရိပ်အယောင်များ ပေါ်လာပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ်ဟာ... ငါ နင့်ကိုယ်စား သဘောတူလိုက်မိတယ်... တကယ်တော့ သူက နင့်ကို မြူခိုးတောအုပ်ထဲ ပို့ပြီး သေချင်သေ ရှင်ချင်ရှင် ပစ်ထားမယ်လို့ ပြောလို့ ငါ နင့်ကိုယ်စား လက်ခံလိုက်ရတာပါ"
ရှန်ယွင်ရှီကမူ ဒေါသထွက်သည့် အရိပ်အယောင်မျိုး မပြဘဲ ရုတ်တရက် ရယ်မောလိုက်သည်။
"ဟီးဟီး... ငါ သိသားပဲ... ငါ့လို အရည်အချင်းရှိတဲ့ လူတစ်ယောက်ကို အကဲခတ်တတ်တဲ့ လူတိုင်းက လက်လွှတ်ခံမှာ မဟုတ်ဘူးလေ"
"ပြီးတော့ ဒီလင်းယွမ်ဆိုတဲ့ လူရဲ့ ရည်ရွယ်ချက်က ရိုးသားချင်မှ ရိုးသားမှာလို့ ငါ ခံစားမိတယ်"
လင်းယာက ကြောင်သွားပြီး အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ဘာအဓိပ္ပာယ်လဲ"
ရှန်ယွင်ရှီက အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။ "ဟင်းဟင်း... အရင်က တိုက်ခိုက်နေတဲ့ အချိန်တုန်းက သူက နင့်ရဲ့ ရင်ဘတ်ကို ခဏခဏ ကြည့်နေတာ... ငါ့ရဲ့ ခန္ဓာကိုယ် အချိုးအစားကလည်း နင့်ထက် မညံ့ဘူးလေ... သူက တခြား အကြံအစည်တွေ ရှိနေတာလည်း ဖြစ်နိုင်တာပဲ"
လင်းယာက ချက်ချင်း ဆွံ့အသွားပြီး သူမ၏ သူငယ်ချင်းဖြစ်သူ၏ မျက်နှာပြောင်တိုက်လွန်းသော အပြုအမူအပေါ်တွင် အနည်းငယ် လက်မြှောက်သွားသည်။
"အခုကဘယ်လိုအခြေအနေလဲ... နင်က ဒီလို နောက်ပြောင်နေတုန်းပဲလားဟဲ့"
ရှန်ယွင်ရှီကလည်း "ခစ်" ခနဲ ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "တကယ်တော့ လင်းယွမ်ကိစ္စ မရှိဘူးဆိုရင်တောင် ငါ ဘုရင်မသင်္ဘောပေါ်မှာ ဆက်နေဖို့ တကယ်ကို သည်းမခံနိုင်တော့ဘူး"
"ဒီမှာက မိန်းမတွေချည်းပဲလေ... ယောက်ျားလေး တစ်ယောက်မှ မရှိဘူး... ငါက ပုံမှန် လိင်စိတ်ရှိတဲ့ မိန်းမတစ်ယောက်... လန်ယွဲ့ဟွာလို မိန်းမချင်း ကြိုက်တတ်တဲ့ လူမျိုးမှ မဟုတ်တာ"
"ငါ့မှာ လိုအပ်ချက်တွေ ရှိလာရင်တောင် ဖြေဖျောက်စရာ နေရာမရှိဘူး... အမှန်တိုင်း ပြောရရင် ငါ ထွက်ပြေးဖို့တောင် ပြင်နေတာ... ဒီကိစ္စ ဖြစ်လာမယ်လို့ မထင်ထားဘူးလေ"
လင်းယာက ကြောင်သွားသည်။ ရှန်ယွင်ရှီက လန်ယွဲ့ဟွာအပေါ် မကျေမနပ် ဖြစ်နေပြီး ထွက်ခွာချင်သည့် စိတ်ကူးများ ရှိနေသည်ကို သူမ စောစောကတည်းက ရိပ်မိခဲ့သော်လည်း...
ရှန်ယွင်ရှီက ဘုရင်မသင်္ဘောအပေါ်တွင် ဤမျှလောက်အထိ ကြီးမားသည့် မကျေနပ်မှုများ ရှိနေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
"ရှန်ယွင်ရှီ... လန်ယွဲ့ဟွာက... ထူးခြားတဲ့ အကျင့်စရိုက်တချို့ ရှိနေပေမယ့် သူက ငါတို့ကို ဘယ်တော့မှ ဒုက္ခရောက်အောင် မလုပ်ဖူးပါဘူး"
ရှန်ယွင်ရှီက ခေါင်းယမ်းလိုက်သည်။ "တစ်ပိုင်းစီပေါ့ဟာ... သူက ငါတို့ကို ဒုက္ခရောက်အောင် မလုပ်ဖူးတာက ဟုတ်ပါတယ်... ဒါပေမဲ့ သူက ဘယ်လို စိတ်ကူးမျိုး ရှိနေလဲဆိုတာကို နင်ရော ငါပါ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိနေကြတာပဲလေ"
"ငါက မိန်းမချင်း ကြိုက်တာကို လက်မခံနိုင်ဘူး... ဒါကြောင့် ဒီသင်္ဘောပေါ်မှာ ဆက်နေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
"ဒါ့အပြင် ဘုရင်မသင်္ဘောက ရေပေါ်မှာ လွတ်လွတ်လပ်လပ် မျောနေရတာ ဟုတ်ပေမယ့်... တကယ်တမ်းကျတော့ အမြစ်မရှိတဲ့ ဗေဒါပင်လိုပဲလေ... ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်း မရှိဘူး... အရာအားလုံးက လုယက်ပြီးမှပဲ အဆင်ပြေမှာ"
"ဒီအတိုင်း ဆက်သွားနေရင် ဘုရင်မသင်္ဘောက အစောကြီး မဟုတ်ရင်တောင် နောက်ပိုင်းမှာ ပျက်စီးသွားမှာပဲ... ငါက အဲ့ဒီလို မဖြစ်ချင်ဘူး... ကိုယ့်ဘာသာကိုယ် ဖူလုံအောင် လုပ်နိုင်တဲ့ ခိုလှုံရေးစခန်း တစ်ခုကို ရှာတွေ့မှသာ တကယ့်ကို အေးအေးချမ်းချမ်း နေနိုင်မှာ"
"ဒီလင်းယွမ်ဆိုတဲ့ လူက ကြည့်ရတာ နောက်ခံအင်အား ရှိမယ့်ပုံပဲ... သူ့ကိုရွေးတာ မဆိုးဘူးလို့ပြောလို့ရတယ်"
လင်းယာက အံ့အားသင့်သွားသည်။ သူမက ဖျောင်းဖျစရာပင် မလိုဘဲ သူမ၏ အချစ်ဆုံး သူငယ်ချင်းက လင်းယွမ်၏ အဖွဲ့ထဲသို့ ဝင်ရောက်ရန် စီစဉ်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
တစ်ခဏမျှ သူမက ငိုရခက် ရယ်ရခက် ဖြစ်သွားပြီး တစ်ချိန်တည်းမှာပင် ပြန်လည်စဉ်းစား သုံးသပ်မိသွားသည်။
လန်ယွဲ့ဟွာက ဘုရင်မသင်္ဘောအပေါ် ဖိအားပေး အုပ်ချုပ်ခြင်းက လူတွေရဲ့ စိတ်နှလုံးကို သိပ်ပြီး သိမ်းကျုံးမရယူနိုင်ခဲ့ပုံပေါ်သည်။
သူမက စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်ပြီး လန်ယွဲ့ဟွာ၏ ပြင်းထန်သော ယောက်ျားမုန်းတီးရေး စိတ်ဓာတ်က တကယ်ကို ပြဿနာရှိနေကြောင်း သဘာဝကျကျပင် နားလည်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤသင်္ဘောပေါ်ရှိ အမျိုးသမီးတိုင်းက သူမကဲ့သို့ ယောက်ျားများကို မုန်းတီးနေကြခြင်း မဟုတ်ပေ။
"ဒါနဲ့... ကိုလင်းယွမ်က ပြောတယ်... နင် သတိရလာရင် ကပ္ပတိန်အခန်းကို သွားပြီး သူနဲ့ စကားပြောရမယ်တဲ့" လင်းယာက သတိပြန်ဝင်လာပြီး သတိပေးလိုက်သည်။
ဆက်ရန်...
အပိုင်း(၃၉၀) မျက်နှာပူစရာ စကားဝိုင်း
ထိုစကားကို ကြားလိုက်ရသောအခါ စောစောက ဂုဏ်ယူဝင့်ကြွားနေသော ရှန်ယွင်ရှီ၏ မျက်နှာထက်တွင် ချက်ချင်းပင် ထိတ်လန့်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
"ဟင်... ငါ... ငါတစ်ယောက်တည်းလား... နင်ပါ လိုက်ခဲ့လို့ မရဘူးလား"
တကယ်တော့ စောစောက သူမ၏ ဂုဏ်ယူဝင့်ကြွားနေမှုက အပေါ်ယံ ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။
လင်းယာက ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး မနေနိုင်ဘဲ ပြောလိုက်သည်။
"နင် စောစောကကျတော့ တော်တော် ပြောနိုင်ဆိုနိုင် ရှိနေတာ မဟုတ်ဘူးလား... အခု သူ့ဆီ သွားရမယ် ဆိုတော့ ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ"
ရှန်ယွင်ရှီက ကမန်းကတန်း ပြောလိုက်သည်။
"ဒါက တူမလားဟဲ့... သူ့ရဲ့ စိတ်စွမ်းအင်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ နင်မှ မသိတာ... ထားလိုက်တော့... နင်က စိတ်စွမ်းအင် အစွမ်းပိုင်ရှင်မှ မဟုတ်တာ... နင့်ကို ပြောပြလည်း နင် နားလည်မှာ မဟုတ်ပါဘူး"
"ဘာပဲဖြစ်ဖြစ် နင် ငါနဲ့ လိုက်ခဲ့ပေးရမယ်"
ရှန်ယွင်ရှီက လင်းယာ၏ လက်မောင်းကို ဖက်ထားရင်း မျက်နှာတစ်ခုလုံးတွင် တောင်းပန်သည့် အမူအရာများ ပြည့်နှက်နေခဲ့သည်။
လင်းယာက သက်ပြင်းချလိုက်မိသော်လည်း ရှန်ယွင်ရှီ တစ်ယောက်တည်း လင်းယွမ်ထံ သွားမည်ကိုတော့ တကယ်ကို စိတ်မချနိုင်ပေ။
မည်သို့ပင်ဆိုစေ လင်းယွမ်က လန်ယွဲ့ဟွာတို့ကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် နည်းလမ်းများက အလွန်တရာ ရက်စက်လွန်းလှသဖြင့် သူမတို့ကို တကယ်ပင် ကြောက်လန့်သွားစေခဲ့သည်။
"အေးပါ... ငါ နင်နဲ့ လိုက်ခဲ့ပေးမယ်"
သူမက ခေါင်းညိတ်ကာ သဘောတူလိုက်ပြီးနောက် ရှန်ယွင်ရှီအတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။
ထို့နောက် သူမတို့ နှစ်ယောက်က စောစောက အကြောင်းအရာကို ဆက်လက် ပြောဆိုဖြစ်ကြသည်။
"သူက ငါ့ကို ဘာလို့ ထပ်တွေ့ချင်ရတာလဲလို့ နင် ထင်လဲ" ရှန်ယွင်ရှီက မနေနိုင်ဘဲ မေးလိုက်သည်။
လင်းယာက ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူက နင့်ကို ကယ်ဖို့အတွက် စိတ်စွမ်းအင် ပြန်ပြည့်စေတဲ့ ဆေးရည်ကို ထုတ်ပေးခဲ့တာလေ... နောက်ဆိုရင် သူ့အဖွဲ့ထဲ ဝင်မယ်လို့ နင့်ကိုယ်စား ငါက သဘောတူပေးခဲ့ပေမယ့် နင့်ဘက်ကလည်း နင့်ရဲ့ သဘောထားကို ပြသဖို့ ကိုယ်တိုင် သွားပြီး ကတိပေးဖို့ လိုတာပေါ့"
ရှန်ယွင်ရှီက ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"နင် ငါ့အတွက် သဘောတူပေးလိုက်ပြီပဲကို... ငါက ကတိဖျက်လို့ ရပါတော့မလား... တကယ်ပါပဲ... သူက ငါ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တွေများ ရှိနေမလား"
လင်းယာက မျက်စောင်းထိုးလိုက်သည်။
"နင့် အတွေးတွေ လွန်နေပြီ"
"ဒါပေမယ့် သူက အရမ်း ကြမ်းတမ်းတာလေ... သူ လန်ယွဲ့ဟွာကို ရိုက်နှက်ခဲ့တာကို နင်လည်း မြင်တာပဲ... လန်ယွဲ့ဟွာကို မိန်းမတစ်ယောက်လို့တောင် သဘောမထားဘူး... သံချောင်းနဲ့ ထိုးမယ်ဆိုရင်လည်း တကယ် ထိုးချလိုက်တာပဲ... အခု ပြန်တွေးကြည့်ရင်တောင် ကြောက်ဖို့ကောင်းလိုက်တာ"
လင်းယာက သက်ပြင်းတစ်ချက် ချလိုက်ပြီး မနက်က မြင်ကွင်းကို ပြန်လည် သတိရသွားကာ အနည်းငယ် ထိတ်လန့်သွားမိသည်။
"ဒါက တိုက်ပွဲဖြစ်နေလို့ပါ... အခုက တိုက်ပွဲဝင်နေတဲ့ အချိန်မှ မဟုတ်တာ... အဲဒီလောက်ထိတော့ မဖြစ်နိုင်ပါဘူး"
စကားကို ထိုသို့ ပြောလိုက်သော်လည်း သူမ၏ စိတ်ထဲတွင်တော့ ရှန်ယွင်ရှီနှင့်အတူ လင်းယွမ်ထံ လိုက်သွားပေးရန် ဆုံးဖြတ်ချက်ချထားပြီး ဖြစ်သည်။
နာရီဝက်ခန့်ပင် မကြာလိုက်ဘဲ ရှန်ယွင်ရှီ၏ စိတ်စွမ်းအင် ဒဏ်ရာများက အလုံးစုံ ပြန်လည် သက်သာလာခဲ့သည်။
ကုတင်ပေါ်တွင် နောက်ထပ် နာရီဝက်ခန့် အချိန်ဆွဲနေခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ ရှန်ယွင်ရှီက လင်းယာ၏ ဆွဲထူခြင်းကို ခံလိုက်ရကာ သင်္ဘောကပ္ပတိန် အခန်းဆီသို့ ဦးတည်သွားကြတော့သည်။
တံခါးဝရှိ လူနှစ်ယောက်က လင်းယွမ်၏ မှာကြားချက်ကို ကြိုတင် ရရှိထားပြီးဖြစ်၍ သူမတို့ နှစ်ယောက်ကို မတားဆီးတော့ဘဲ သင်္ဘောကပ္ပတိန် အခန်းဆီသို့ ခေါ်ဆောင်သွားကြသည်။
သင်္ဘောကပ္ပတိန် အခန်းဆီသို့ ရောက်ရှိသွားသောအခါ ဟန်ရှန်းမန် တစ်ယောက် သင်္ဘောကပ္ပတိန် အခန်းထဲမှ အတိအကျ ထွက်လာသည်ကို မြင်လိုက်ရသည်။
သူမက မိန်းကလေး နှစ်ယောက်ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့သြသွားသော်လည်း ချက်ချင်းပင် တစ်စုံတစ်ရာကို တွေးမိသွားကာ ရှန်ယွင်ရှီ၏ ရင်ဘတ်ဆီသို့ အကြည့်ရောက်သွားသည်။
ရှန်ယွင်ရှီက လန်ယွဲ့ဟွာ၏ မျက်စိကျခြင်းကို ခံခဲ့ရသည်မှာ ကြာပြီဖြစ်ရာ ဤကဲ့သို့သော ထူးခြားသည့် အစိတ်အပိုင်းများဆီသို့ လာရောက်နေသည့် အကြည့်များကို အလွန် အကဲဆတ်လှသည်။
တူညီသော လိင်တူအချင်းချင်းထံမှ အကြည့်ဖြစ်နေလျှင်တောင် သူမ၏ ရင်ထဲတွင် တင်းကျပ်သွားစေပြီး တစ်ဖက်လူ၏ အကြည့်ကို အလိုအလျောက် ရှောင်လွှဲကာ ကိုယ်ကို အနည်းငယ် စောင်းလိုက်မိသည်။
ဟန်ရှန်းမန်က ထိုအပြုအမူကို မြင်လိုက်ရသောအခါ မနေနိုင်ဘဲ နှုတ်ခမ်းကို တွန့်လိုက်မိသည်။
တကယ်ကို ကြီးမားလှပေသည်။
သူမ၏ စိတ်ထဲတွင် အနည်းငယ် အားကျသွားသော်လည်း ချက်ချင်းပင် ခေါင်းယမ်းလိုက်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
ကိုလင်းယွမ်လည်း နောက်ဆုံးတော့ ဖြားယောင်းသွေးဆောင်ခံလိုက်ရပြီပဲ။
သူမက သင်္ဘောကပ္ပတိန် အခန်းထဲမှ ထွက်ခွာသွားရင်း စိတ်ထဲတွင် သက်ပြင်းချကာ ညည်းတွားလိုက်ပြီး ဘေးတိုက်အကြည့်ဖြင့် မိန်းကလေး နှစ်ယောက် သင်္ဘောကပ္ပတိန် အခန်းထဲသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသည်။
လင်းယာနှင့် ရှန်ယွင်ရှီတို့ သင်္ဘောကပ္ပတိန် အခန်းထဲသို့ ဝင်ရောက်သွားပြီးနောက် ဟန်ရှန်းမန်၏ အကြည့်များ သူမကို စိုက်မကြည့်တော့သည်ကို ခံစားလိုက်ရမှ ရှန်ယွင်ရှီက စိတ်သက်သာရာရသွားသည်။
သူမက မနေနိုင်ဘဲ တီးတိုး အသံဖြင့် ပြောလိုက်သည်။
"ဒီမိန်းမကလည်း နည်းနည်း ထူးဆန်းတယ်... လင်းယာ... နင်လည်း သတိထားဦး"
လင်းယာက စကားမဆိုနိုင်တော့ဘဲ ပြောလိုက်သည်။
"နင် နည်းနည်းလောက် တည်တည်တန့်တန့် နေလို့ မရဘူးလား... နောက်ထပ် ဒီလိုဆက်ဖြစ်နေမယ် ဆိုရင်တော့ နင့်ဘာသာနင်ပဲ ဝင်သွားတော့"
"မလုပ်ပါနဲ့ မလုပ်ပါနဲ့... ငါတို့ နှစ်ယောက် အတူတူ ဝင်ကြမယ်... သွားမယ် သွားမယ်" သူမက လင်းယာကို ကမန်းကတန်း ဆွဲထားလိုက်သည်။
လင်းယာက အခန်းတံခါးဝသို့ လျှောက်သွားကာ ရှန်ယွင်ရှီနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် နောက်ဆုံးတွင် ရှန်ယွင်ရှီက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ တံခါးကို ကိုယ်တိုင် သွားခေါက်လိုက်သည်။
"ဒေါက်... ဒေါက်... ဒေါက်..."
"ဝင်ခဲ့..."
အခန်းထဲမှ လင်းယွမ်၏ ဩရှရှ အသံ ထွက်ပေါ်လာခဲ့သည်။
ရှန်ယွင်ရှီက တံတွေးမြိုချလိုက်ပြီး လင်းယာ၏ အားပေးနေသော အကြည့်များအောက်တွင် အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
လင်းယာကလည်း အခန်းထဲသို့ လိုက်ကြည့်လိုက်ရာ လင်းယွမ်က အခန်းထဲရှိ စားပွဲရှေ့တွင် ရပ်နေကာ စားပွဲပေါ်ရှိ ပစ္စည်းများကို ကြည့်နေသည်ကို မြင်လိုက်ရသည်။
ရှန်ယွင်ရှီ၏ အကြည့်များကလည်း စားပွဲဆီသို့ အလိုအလျောက် ရောက်သွားပြီး အပေါ်တွင် သူမ ယာယီ ရေးဆွဲထားခဲ့သော ရေကြောင်းပြမြေပုံ ဖြန့်ခင်းထားသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။
သို့သော် ချက်ချင်းပင် ဤရေကြောင်းပြမြေပုံကို သူမက ဗီရိုထဲတွင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်ကို ရုတ်တရက် သတိရသွားကာ တစ်ဖက်လူက သူမ၏ ဗီရိုကိုများ မွှေနှောက်လိုက်တာလားဟု တွေးလိုက်မိသည်။
အလိုအလျောက်ပင် သူမက ဗီရိုဆီသို့ ခေါင်းလှည့်ကြည့်လိုက်ရာ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ဗီရိုတံခါးက ပွင့်ဟနေပြီး အတွင်းထဲရှိ သူမ၏ အဝတ်အစားများက စောစောကတည်းက ရှုပ်ပွကာ အပုံလိုက် ဖြစ်နေသည်ကို မြင်လိုက်ရသည်။
သူမ လျှို့ဝှက်စွာ သိမ်းဆည်းထားသော ကာမဆန္ဒနှိုးဆွသည့် အသုံးအဆောင် ပစ္စည်းလေးများကလည်း သေတ္တာထဲတွင် စုပုံနေပြီး တစ်ဖက်တွင် ဗြောင်ကျကျ တင်ထားလျက် ရှိသည်။
ထိုခဏတွင် သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
လင်းယာကတော့ ထိုအသေးစိတ် အချက်အလက်များကို သတိမထားမိခဲ့ဘဲ စိုးရိမ်တကြီးဖြင့် စကားစလိုက်သည်။
"ကိုလင်းယွမ်... ကျွန်မ ယွင်ရှီးကို ခေါ်လာခဲ့ပါပြီ"
လင်းယွမ်က ခေါင်းမော့ကာ သူမတို့ နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုင်ခုံကို ဆွဲထုတ်ကာ ထိုင်လိုက်သည်။
"ခင်ဗျားက ရှန်ယွင်ရှီ မဟုတ်လား... ဒါက ခင်ဗျားရဲ့ အခန်းလား"
ရှန်ယွင်ရှီက ခေါင်းကို အဆက်မပြတ် ရမ်းလိုက်သည်။
"မ... မဟုတ်ပါဘူး"
လင်းယွမ်က မျက်ခုံးပင့်လိုက်သည်။
"မဟုတ်ဘူးလား..."
သူက သံသယဖြင့် လင်းယာကို လှမ်းကြည့်လိုက်သည်။
လင်းယာက ကမန်းကတန်းပင် ရှန်ယွင်ရှီကို ဆွဲလိုက်ပြီး သူမကို ညည်းညူချင်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
"သူ့ရဲ့ အခန်းပါ" လင်းယာက ပြင်ဆင်ပြောကြားလိုက်သည်။
ရှန်ယွင်ရှီမှာ မြေကြီးထဲသာ တိုးဝင်သွားချင်လောက်အောင် အရှက်ရနေပြီး ကမန်းကတန်း ရှင်းပြလိုက်သည်။
"ကျွန်မ ဆိုလိုတာက လန်ယွဲ့ဟွာတို့အဖွဲ့ထဲ မဝင်ခင်တုန်းက ကျွန်မ ဒီမှာ နေတာ မဟုတ်ပါဘူး... ကျွန်မက ကျောင်းအဆောင်မှာ နေတာပါ"
"ဒီပစ္စည်းတွေ အကုန်လုံးက ကျွန်မဟာတွေချည်းပဲ မဟုတ်ပါဘူး"
သူမက လင်းယွမ် အထင်လွဲသွားမည်ကို အလွန် ကြောက်ရွံ့နေသဖြင့် ဗီရိုထဲရှိ ထိုကာမဆန္ဒနှိုးဆွသည့် အသုံးအဆောင်များ ပါဝင်သော သေတ္တာကို တစ်ချက်ကြည့်ကာ ကမန်းကတန်း ထပ်မံ ရှင်းပြလိုက်သည်။
လင်းယွမ်က ထိုစကား၏ နက်ရှိုင်းသော အဓိပ္ပာယ်ကို နားမလည်ခဲ့ဘဲ စားပွဲပေါ်ရှိ ရေကြောင်းပြမြေပုံကိုသာ လက်ညှိုးထိုးပြကာ မေးလိုက်သည်။
"ဒါက ခင်ဗျားဟာ မဟုတ်လား"
ရှန်ယွင်ရှီက ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး ရင်ထဲတွင် စိတ်သက်သာရာရသွားကာ ပြောလိုက်သည်။
"ဟုတ်ကဲ့... ဒါက ကျွန်မဟာပါ"
"ခင်ဗျား ကိုယ်တိုင် ဆွဲထားတာလား"
"ဟုတ်ကဲ့... ကျွန်မ ကိုယ်တိုင် ဆွဲထားတာပါ"
"ခင်ဗျား ရေကြောင်းသွားလာရေးကို နားလည်တာလား"
ရှန်ယွင်ရှီက ထပ်မံ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မက လင်ကျန်း တက္ကသိုလ် သင်္ဘောတည်ဆောက်ရေး ကောလိပ်က ပါမောက္ခ တစ်ယောက်ပါ... ရေကြောင်းပြမြေပုံ ရေးဆွဲတာလောက်ကတော့ အခြေခံပါပဲ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။
"ခင်ဗျား ပါမောက္ခ လီဟန်ကျုံးကို သိလား"
ရှန်ယွင်ရှီက ထိုစကားကို ကြားသောအခါ ချက်ချင်း ခေါင်းမော့လာပြီး လင်းယွမ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ရှင်... ရှင် ပါမောက္ခလီကို သိတာလား"
လင်းယွမ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ပါမောက္ခလီက အခု ကျွန်တော့်ရဲ့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာ ရှိနေတယ်... သင်္ဘော သိပ္ပံသုတေသန ပရောဂျက်ကို တာဝန်ယူထားတယ်"
ရှန်ယွင်ရှီက ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကာ အံ့သြဝမ်းသာစွာဖြင့် ပြောလိုက်သည်။
"ရှင်တို့ဆီမှာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တောင် ရှိနေတာလား"
ချက်ချင်းပင် သူမက ကိုယ့်ဘာသာကိုယ် ပြန်ပြောနေပြန်သည်။
"ဟုတ်သားပဲ... ဟုတ်သားပဲ... ပါမောက္ခ လီဟန်ကျုံးသာ ရှိနေမယ်ဆိုရင် သူ တစ်ယောက်တည်းကကိုပဲ အဖွဲ့တစ်ဖွဲ့နဲ့ ညီမျှနေတာပဲလေ"
"ကိုလင်းယွမ်... ကျွန်မနဲ့ ပါမောက္ခ လီဟန်ကျုံးက ကောလိပ်တစ်ခုတည်းက ပါမောက္ခတွေပါ... ကျွန်မက သူနဲ့အတူ သုတေသန ပရောဂျက်တွေတောင် အတူတူ လုပ်ခဲ့ဖူးပါသေးတယ်"
သူမ၏ မျက်နှာအမူအရာက အလွန် စိတ်လှုပ်ရှားနေပြီး "ကျွန်မတို့က အချင်းချင်းတွေပါပဲ" ဟု ပြောရန်သာ လိုတော့သည်။
လင်းယွမ်က သူမ၏ ဤကဲ့သို့သော အမူအရာကို မြင်လိုက်ရသောအခါ အနည်းငယ်တော့ မျှော်လင့်မထားမိဘဲ ဖြစ်သွားသည်။
ဤမိန်းမကို သူ၏ ထိုက်ယန်တောင် ခိုလှုံရေးစခန်းသို့ ဝင်ရောက်လာစေရန် ဖျောင်းဖျဖို့ရာ အချိန်အနည်းငယ် ပေးရမည်ဖြစ်ပြီး အကျိုးအမြတ် အချို့ကို အလျှော့ပေးရမည်ဟု သူက မူလက ထင်မှတ်ထားခဲ့သည်။
ဤမိန်းမက ဤမျှလောက် ပြောရဆိုရ လွယ်ကူနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
လင်းယွမ်က ရှန်ယွင်ရှီကို ထူးဆန်းသလို တစ်ချက် ကြည့်လိုက်ပြီး မေးလိုက်သည်။
"ခင်ဗျား ပါမောက္ခလီနဲ့ ဆက်ပြီး အတူတူ အလုပ်လုပ်ဖို့ စိတ်ဝင်စားလား"
ရှန်ယွင်ရှီက ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။
"စိတ်ဝင်စားတာပေါ့... ကျွန်မ သေချာပေါက် ဆန္ဒရှိပါတယ်"
လင်းယွမ်က ရယ်မောလိုက်ပြီး ချက်ချင်း မတ်တပ်ရပ်ကာ လျှောက်လာရင်း လက်ကမ်းပေးလိုက်သည်။
"ဒါဆိုရင်လည်း ထိုက်ယန်တောင် ခိုလှုံရေးစခန်းကနေ ကြိုဆိုပါတယ်... ဒီနေ့ကစပြီး ခင်ဗျားက ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်သွားပါပြီ"
ရှန်ယွင်ရှီက အလွန် ဝမ်းသာအားရ ဖြစ်သွားကာ လင်းယွမ်နှင့် ကမန်းကတန်း လက်ဆွဲနှုတ်ဆက်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
"ကျွန်မ ပါမောက္ခလီကို ဘယ်တော့လောက် တွေ့ရနိုင်မလဲဟင်"
လင်းယွမ်က မိန်းမပျိုလေး၏ ပိုးသားကဲ့သို့ နူးညံ့ချောမွေ့သော အသားအရေနှင့် သူမ၏ ခန္ဓာကိုယ်မှ သင်းပျံ့ပျံ့ ထွက်ပေါ်နေသော ကိုယ်သင်းနံ့လေးကို ခံစားလိုက်ရသည်။
သူ၏ စိတ်ထဲတွင် ကုတင်ပေါ်ရှိ ထိုကာမဆန္ဒနှိုးဆွသည့် အတွင်းခံ အဝတ်အစားများကို အလိုအလျောက် ပြန်လည် သတိရသွားသည်။
သူ၏ အကြည့်များက ရှန်ယွင်ရှီ၏ ရင်ဘတ်ဆီသို့ မရည်ရွယ်ဘဲ ရောက်ရှိသွားကာ သူမ၏ ကြီးမားလှသော အရွယ်အစားကို စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိသည်။
ရှန်ယွင်ရှီ၏ အပြုံးက ချက်ချင်းပင် တုံ့ဆိုင်းသွားပြီး အကဲဆတ်လှသော သူမက ထိုလျှို့ဝှက်သော အကြည့်ကို ချက်ချင်းပင် ခံစားမိလိုက်သည်။
အလိုအလျောက်ပင် သူမက လက်ဖဝါးကို ကမန်းကတန်း ပြန်ရုပ်လိုက်သည်။
လင်းယွမ်လည်း အချိန်မီ သတိဝင်လာကာ လက်ကို လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဘေးရှိ လင်းယာကို ကြည့်ကာ ပြောလိုက်သည်။
"မလင်းယာ... ခင်ဗျားလည်း ကျွန်တော့်အဖွဲ့ထဲ ဝင်ရောက်လာတဲ့အတွက် ကြိုဆိုပါတယ်"
"ပါမောက္ခလီကို ဘယ်တော့ တွေ့ရမလဲဆိုတာကတော့ ကျွန်တော် မြူခိုးမြို့တော်က ကိစ္စတွေကို ဖြေရှင်းလို့ ပြီးသွားတဲ့အခါ ခင်ဗျားကို ပါမောက္ခလီနဲ့ သွားတွေ့ဖို့ စီစဉ်ပေးပါ့မယ်"
ရှန်ယွင်ရှီက ဘာမှ မပြောတော့ဘဲ လင်းယွမ်ကို သံသယဖြင့် တစ်ချက် ကြည့်လိုက်ပြီး တစ်ဖက်လူ၏ အကြည့်များက မသန့်ရှင်းဘူးဟု အမြဲတမ်း ခံစားနေရသည်။
လင်းယာကလည်း စိတ်သက်သာရာရသွားကာ လင်းယွမ်ကို ကမန်းကတန်း ကျေးဇူးတင်စကား ဆိုလိုက်သည်။
နောက်ထပ် စကားအနည်းငယ် ပြောပြီးနောက် လင်းယွမ်က ဧည့်သည်များကို ပြန်လွှတ်ရန် ပြင်ဆင်လိုက်သည်။
သို့သော် ရှန်ယွင်ရှီက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကာ တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း ပြောမည်ပြုပြီးမှ ပြန်ရပ်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွမ်က တိုက်ရိုက်ပင် မေးလိုက်သည်။
"မရှန်မှာ ကိစ္စ ရှိသေးလို့လား"
"ဟိုလေ... ကျွန်မက အရင်က ဒီမှာ နေခဲ့တာဆိုတော့... ဒီမှာ အဝတ်အစားတွေ အများကြီး ကျန်နေသေးလို့ပါ... " ရှန်ယွင်ရှီက သတ္တိမွေးကာ ပြောလိုက်သည်။
လင်းယွမ်က ထိုစကားကို ကြားသောအခါ ကုတင်ပေါ်ရှိ အဝတ်အစားများကို အလိုအလျောက် တစ်ချက် ကြည့်လိုက်ပြီး စဉ်းစားကာ ပြောလိုက်သည်။
"ဒီ သင်္ဘောကပ္ပတိန် အခန်းကိုတော့ လောလောဆယ် ခင်ဗျားကို ပြန်ပေးပြီး နေခိုင်းလို့ မရသေးဘူး... ဒါပေမယ့် ဒီအဝတ်အစားတွေကိုတော့ ခင်ဗျား ယူသွားလို့ ရပါတယ်"
ရှန်ယွင်ရှီက ကမန်းကတန်း ပြောလိုက်သည်။
"ဒါဆိုလည်း ကိစ္စမရှိပါဘူး... ကျွန်မ အဝတ်အစားတွေပဲ ယူသွားပါ့မယ်"
"ကောင်းပြီလေ... ခင်ဗျားဘာသာခင်ဗျားပဲ သိမ်းဆည်းလိုက်တော့"
ရှန်ယွင်ရှီက ကုတင်ပေါ်ရှိ ရှုပ်ပွနေသော အဝတ်အစားများကို ကမန်းကတန်း သွားရောက် သိမ်းဆည်းလိုက်သော်လည်း လိပ်ထားသော စောင်ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ တစ်ကိုယ်လုံး ထုံကျင်သွားတော့သည်။
ကုတင်ပေါ်တွင် ကာမဆန္ဒနှိုးဆွသည့် အတွင်းခံ အဝတ်အစားများ အများအပြား ရှိနေကာ သူမ၏ မျက်နှာက ချက်ချင်းပင် နီမြန်းသွားပြီး ကမန်းကတန်း ပြောလိုက်သည်။
"ဒါ... ဒါက ဘယ်သူ့ဟာတွေလဲ... ဘယ်လိုလုပ်ပြီး ဒီလိုဟာတွေကို ငါ့ဆီ လာပစ်ထားရတာလဲ"
လင်းယွမ်က သူမကို ကြည့်လိုက်သလို လင်းယာကလည်း လှမ်းကြည့်လာသည်။
ရှန်ယွင်ရှီက အတင်း တည်ငြိမ်ဟန်ဆောင်ကာ စောင်ကို အလျင်အမြန် လိပ်လိုက်သည်။
ထို့နောက် လှည့်ထွက်သွားရန် ပြင်လိုက်သည်။
လင်းယွမ်က သတိပေးလိုက်သည်။
"ဗီရိုထဲမှာလည်း အဝတ်အစားတွေ ရှိသေးတယ်လေ"
လင်းယာက ကမန်းကတန်း ပြောလိုက်သည်။
"ကျွန်မ သူ့ကို ကူပြီး သိမ်းပေးလိုက်ပါ့မယ်... "
သူမက လှည့်ကာ ဗီရိုထဲသို့ သွားရောက် သိမ်းဆည်းရန် ပြင်လိုက်သော်လည်း ခေါင်းလှည့်ကြည့်လိုက်သောအခါ အဝတ်ဗီရိုထဲရှိ သေတ္တာထဲတွင် ကာမဆန္ဒနှိုးဆွသည့် အသုံးအဆောင် ပစ္စည်း တစ်ပုံတစ်ပင် ထည့်ထားသည်ကို မြင်လိုက်ရသည်။
ထိုခဏတွင် လင်းယာမှာ မိမိကိုယ်ကို ပါးရိုက်ပစ်ချင်စိတ် ပေါက်သွားတော့သည်။
ဘာလို့များ ပါးစပ်သရမ်းပြီး သူမကို ကူသိမ်းပေးမယ်လို့ ပြောလိုက်မိပါလိမ့်... ဒီရှုပ်ရှုပ်ယှက်ယှက် ပစ္စည်းတွေကို ဘယ်လိုလုပ်ပြီး သိမ်းရမှာလဲ။
သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး မမြင်ချင်ယောင်သာ ဆောင်လိုက်ကာ အဝတ်ဗီရိုထဲရှိ အဝတ်အစားများကို အလျင်အမြန် ယူလိုက်ပြီး လှည့်ထွက်သွားတော့သည်။
ဤသို့ လှည့်ကြည့်လိုက်မှသာ ရှန်ယွင်ရှီက စောင်လိပ်ကို ဆွဲကာ စောစောကတည်းက အဝေးသို့ ပြေးထွက်သွားပြီ ဖြစ်ကြောင်း သူမ တွေ့လိုက်ရသည်။
လင်းယာက သွားကြိတ်ကာ စိတ်ထဲတွင် အဆက်မပြတ် ဆဲရေးတိုင်းထွာနေပြီး ကမန်းကတန်း လိုက်သွားရန် ပြင်လိုက်သည်။
လင်းယွမ်က ရုတ်တရက် မေးလိုက်သည်။
"ဒီ ကစားစရာလေးတွေကို မယူတော့ဘူးလား"
လင်းယာ၏ ခြေလှမ်းများက ရပ်တန့်သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
"ကျွန်... ကျွန်မ... "
"အကုန်လုံး ပြန်ယူသွားလိုက်ပါ... ရေဘေးကြီး ပြီးသွားတဲ့ နောက်ပိုင်းမှာ ဒီပစ္စည်းတွေက ဝယ်ချင်လို့တောင် ဝယ်လို့ရမှာ မဟုတ်ဘူး... ဒီလောက် ကစားစရာတွေ အများကြီးကို စုဆောင်းရတာ အချိန်နဲ့ ခွန်အားတွေ အများကြီး ကုန်ခဲ့မှာ သေချာတယ်"
လင်းယွမ်က အတော်လေး နားလည်ပေးသည့်ဟန်ဖြင့် ထိုစကားတစ်ခွန်းကို ပြောလိုက်ပြီး သေတ္တာကို ပိတ်ကာ လင်းယာ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
လင်းယာက မို့မောက်နေသော ရင်ဘတ်ဖြင့် သေတ္တာကို ဖိထားကာ နီမြန်းနေသော မျက်နှာဖြင့် ထွက်ပြေးသွားတော့သည်။
မူလကတော့ အတော်လေး အေးစက်စက်နိုင်သော စကားဝိုင်းတစ်ခု ဖြစ်လာမည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် နောက်ဆုံးတွင်တော့ အနည်းငယ် ရင်ခုန်စရာကောင်းသော လေထုအခြေအနေမျိုး ဖြစ်သွားလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။
လင်းယွမ်လည်း အနည်းငယ် ရယ်ရခက် ငိုရခက် ဖြစ်သွားမိသည်။
မိန်းကလေး နှစ်ယောက် ထွက်ခွာသွားသည်ကို လိုက်ကြည့်ပြီးနောက် လင်းယွမ်လည်း သင်္ဘောကပ္ပတိန် အခန်းထဲတွင် ဆက်မနေတော့ဘဲ သင်္ဘောကုန်းပတ်ပေါ်သို့ ထွက်လာခဲ့သည်။
သင်္ဘောကုန်းပတ်ပေါ်တွင် ချိုးရင်ယွဲ့က လူများကို ခေါ်ဆောင်ကာ ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။
ရန်သူများ ရေအောက်မှ ငုပ်လျှိုးလာပြီး သင်္ဘောကို ဖောက်ခွဲမည်ကို ကာကွယ်ရန်အတွက် ရေအောက်တွင်ပင် ရေဓာတ် အစွမ်းပိုင်ရှင်များက စောင့်ကြည့်ရေးကို တာဝန်ယူထားကြသည်။
စောစောက လင်းယာတို့နှင့် စကားပြောပြီးမှသာ ရေပြင်ပေါ်ရှိ သင်္ဘောတိုက်ပွဲများတွင် သင်္ဘောကို တိုက်ရိုက် ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းမျိုးက အလွန် ရှားပါးကြောင်း သူ သိလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် နေရာအနှံ့အပြားတွင် ရေလွှမ်းမိုးနေသည့် အခြေအနေမျိုး၌ သင်္ဘောများကသာ သွားလာလှုပ်ရှားနိုင်သော တစ်ခုတည်းသော သယ်ယူပို့ဆောင်ရေး ယာဉ်များ ဖြစ်လာခဲ့သောကြောင့် ဖြစ်သည်။
ထို့အပြင် သင်္ဘောကိုယ်ထည် တည်ဆောက်ရေး ကုန်ကျစရိတ်ကလည်း မနည်းလှပေ။ အချို့သော နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိနေခြင်းကြောင့် ပိုမိုများပြားသော သင်္ဘောများကို တည်ဆောက်ရန်မှာ အလွန် ခက်ခဲလှသည်။
ထို့ကြောင့် ခေတ်မီ သင်္ဘောတစ်စင်း၏ တန်ဖိုးက အလွန် မြင့်မားလှပြီး ရန်သူများ ဖြစ်နေလျှင်တောင် သင်္ဘောတစ်စင်းကို ဖျက်ဆီးပစ်ရန် မရက်စက်နိုင်ကြပေ။
သေချာသည်ကတော့ အလွန်အမင်း ရူးသွပ်နေသူများ၊ သို့မဟုတ် နက်ရှိုင်းလှသော ရန်ငြိုးရန်စ ရှိနေသူများ ဆိုလျှင်တော့ တစ်မျိုးပေါ့လေ။
ထိုကဲ့သို့သော သူများသာ တက်လာသည်နှင့် သင်္ဘောကို ဖောက်ခွဲကာ သင်္ဘောကို နစ်မြုပ်စေပြီး မသေမချင်း တိုက်ခိုက်ကြမည် ဖြစ်သည်။
လင်းယွမ်က သူမတို့ ပြောသည့်စကားကို ယုံကြည်သည်။ သင်္ဘောများက အတော်လေး တန်ဖိုးရှိသော ပစ္စည်းများ ဖြစ်သည်မှာ သေချာလှပြီး ရန်သူများအနေဖြင့် ဤကဲ့သို့သော ယာဉ်များကို တိုက်ရိုက် ဖျက်ဆီးပစ်ရန် နှမြောနေကြမည် ဖြစ်နိုင်ခြေ အလွန် များပြားသည်။
သို့သော် လင်းယွမ်ကတော့ သတိထားခြင်းက အကောင်းဆုံးဟု ယူဆထားသည်။ သမ္မတ ၇ သင်္ဘော၏ ကပ္ပတိန် လင်ကျန်းဟီက ဤသင်္ဘောကို မျက်စိမကျဘဲ တိုက်ရိုက် ဖျက်ဆီးပစ်ချင်နေမည်လား ဆိုသည်ကို မည်သူက သိနိုင်မည်နည်း။
ဆက်ရန်...