← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 20 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 20 Ch. 391-392

အပိုင်း(၃၉၁) ညဘက် ဝင်ရောက်စီးနင်းခြင်း

ပတ်ဝန်းကျင်ရှိ ထူထပ်သော မြူခိုးများကို ကြည့်ရင်း လင်းယွမ်က အတွေးများယောက်ယက်ခတ်နေသည်။

"လန်ယွဲ့ဟွာ ပြောပြချက်အရဆိုရင် ဒီလင်ကျန်းဟီရဲ့ အရည်အချင်းက တော်တော်မြင့်တယ်... သူ ဒီမြူခိုးမြို့တော်ကို ရောက်လာတာ တစ်လပဲ ရှိသေးပေမယ့် သင်္ဘောကပ္ပတိန် တော်တော်များများကို သိမ်းသွင်းထားနိုင်ခဲ့ပြီ"

"သူ့လှုပ်ရှားမှုတွေက ဒီလောက်တောင် ကြီးပြီး ခပ်စိပ်စိပ် ဖြစ်နေတာဆိုတော့ ရည်ရွယ်ချက်က သေးငယ်မှာ မဟုတ်ဘူး"

"တစ်ဖက်လူကများ ငါ့လိုပဲ ဒီလူတွေကို စုစည်းပြီးမှ မြူခိုးမြို့တော်နဲ့ ပြန်စကားပြောဖို့ စဉ်းစားထားတာလား"

လင်းယွမ်က စိတ်ထဲတွင် သံသယဝင်သွားသည်။ အကယ်၍ ထိုသို့သာဆိုလျှင် ဤလင်ကျန်းဟီက သာမန်လူ မဟုတ်နိုင်ပေ။

အစွမ်းရှိသလို ဉာဏ်လည်းကောင်းပြီး ဤအဆင့်မြင့် အပျော်စီးသင်္ဘောကြီးကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ထိုကဲ့သို့သော လူမျိုးကို သတိမထားဘဲ နေ၍မရချေ။

သို့သော်လည်း လင်းယွမ်က သိပ်ပြီး စိုးရိမ်မနေခဲ့ပေ။ ဤလင်ကျန်းဟီကလည်း မျိုးရိုးဗီဇမျိုးစေ့ကို နိုးထနိုင်ခြင်းမရှိသည့်လူ ဖြစ်ရန် ရာခိုင်နှုန်းများလှသည်။

မျက်နှာချင်းဆိုင် တိုက်ခိုက်ရမည်ဆိုလျှင် ထိုလူက သူ၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ။

ထို့အပြင် ချိတ်ပိတ် သင်္ကေတကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ တစ်ဖက်လူ၏ အစွမ်း မည်မျှပင် အစွမ်းထက်နေပါစေ သူက ဖြေရှင်းနိုင်စွမ်း ရှိသည်။

"တကယ့် ပြိုင်ဘက်စစ်စစ်က မြူခိုးမြို့တော်ထဲက မျိုးရိုးဗီဇမျိုးစေ့အဆင့် အစွမ်းထက် အစွမ်းပိုင်ရှင်တွေပဲ"

လင်းယွမ်က မျက်လုံးများကို မှေးကျဉ်းလိုက်ကာ သူ၏ အမှတ်များကို တစ်ချက် ကြည့်လိုက်သည်။

အမှတ်က တစ်သိန်းရှစ်သောင်းနီးပါး ရှိနေပြီး ထိုအမှတ်များအားလုံးကို မျိုးရိုးဗီဇ အရည်အသွေးမှတ်များ ကံစမ်းမဲနှိုက်ရာတွင် အသုံးပြုမည်ဆိုလျှင်ပင် တစ်ဆယ့်ရှစ်မှတ် ရရှိနိုင်ပေသည်။

"မျိုးရိုးဗီဇ အရည်အသွေးမှတ် ၁၈ မှတ်က ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည် တစ်ခုခုကို လျင်လျင်မြန်မြန် မြှင့်တင်ပေးနိုင်တယ်"

ညဘက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ လင်းယွမ်က နေ့လယ်ကတည်းက အနားယူထားပြီးဖြစ်ရာ ယခုအချိန်တွင်တော့ အိပ်ချင်စိတ် မရှိလှပေ။

ချိုးရင်ယွဲ့၏ လူများက အစောင့်အကြပ် လဲလှယ်ရန် စတင်နေကြပြီဖြစ်ပြီး အချို့သောသူများက ညစောင့်ရန် ပြင်ဆင်နေကြသည်။

အပြင်ဘက်တွင် မြူခိုးများ ဖုံးလွှမ်းနေပြီး ရေလှိုင်းပုတ်သံများက မကြာခဏဆိုသလို ထွက်ပေါ်လာသည်။

လင်းယွမ်က ကုန်းပတ်ပေါ်တွင် ရပ်နေကာ သင်္ဘောကြီး မျောလွင့်နေသည်ကို သိသိသာသာ ခံစားမိနေသည်။

ကြည့်ရသည်မှာ ဘုရင်မသင်္ဘောက ရေပေါ်ကျွန်း၏ ရေအောက်ကျောက်ဆောင်များကြားတွင် ညပ်နေသော်လည်း ရေပေါ်ကျွန်းနှင့်အတူ မျောပါသွားနေဆဲ ဖြစ်ပုံရသည်။

လင်းယွမ်က ညအမှောင်ကို အခွင့်ကောင်းယူကာ ရွှေချပ်ဝတ်စစ်သင်္ဘောကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်သွင်းလိုက်သည်။

ရွှေချပ်ဝတ်စစ်သင်္ဘောပေါ်ရှိ လူများအားလုံးက ဘုရင်မသင်္ဘောပေါ်သို့ ပြောင်းရွှေ့သွားကြပြီ ဖြစ်သည်။

ယခုအခါ ရွှေချပ်ဝတ်စစ်သင်္ဘောက သင်္ဘောအလွတ်ကြီး ဖြစ်နေပြီဖြစ်ရာ ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်သိမ်းထား၍ ရပေသည်။

"ရွှေချပ်ဝတ်စစ်သင်္ဘောရဲ့ ဖွဲ့စည်းပုံက တော်တော်လေး ကောင်းတယ်... အချိန်တန်လို့ ထိုက်ယန်တောင် ဆိပ်ကမ်းကို ပြန်သယ်သွားပြီး ပါမောက္ခလီတို့ကို အကိုးအကားအနေနဲ့ လေ့လာခိုင်းရမယ်... တကယ်လို့ အမြောက်အမြား ထုတ်လုပ်နိုင်မယ်ဆိုရင် ထိုက်ယန်တောင် ခိုလှုံရေးစခန်းကလည်း မကြာခင်မှာ စစ်သင်္ဘောတပ်ဖွဲ့တစ်ခုကို ပိုင်ဆိုင်နိုင်တော့မှာပဲ"

"အုန်း"

လင်းယွမ် တွေးတောနေစဉ် ရုတ်တရက် အလွန် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ထို့နောက် မြူခိုးများကြားမှ မီးလုံးများစွာ အရှိန်ပြင်းပြင်းဖြင့် လွင့်စင်လာသည်ကို မြင်လိုက်ရသည်။

ညအမှောင်ထုကြီးက ချက်ချင်းပင် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်သွားပြီး မီးရောင်များက အမှောင်ထုကို ခွင်းကာ ထူထပ်သော မြူခိုးများကိုပါ ဖယ်ရှားပစ်လိုက်သည်။

သင်္ဘောကြီးတစ်စင်းက အလျင်အမြန် ချဉ်းကပ်လာနေသည်။ မြူခိုးများကြားမှနေ၍ ဤသင်္ဘော၏ အရွယ်အစားမှာ ကြီးမားသော်လည်း ဘုရင်မသင်္ဘောလောက် မကြီးမားဘဲ ရွှေချပ်ဝတ်စစ်သင်္ဘောနှင့် အရွယ်အစား အရွယ်အစားတူညီကြောင်း ဝိုးတဝါး မြင်တွေ့နေရသည်။

သင်္ဘောပေါ်တွင် လူရိပ်များစွာ ရှိနေပြီး မီးဓာတ် အစွမ်းပိုင်ရှင် အချို့က ရူးသွပ်စွာ ရယ်မောအော်ဟစ်နေကြကာ မီးလုံးများကို အဆက်မပြတ် ပစ်ပေါက်နေကြသည်။

ထို့ထက်ပို၍ အနီးကပ်တိုက်ခိုက်ရေး အစွမ်းပိုင်ရှင် လေးငါးယောက်ခန့်က ရွက်တိုင်ပေါ်သို့ တက်ကာ ကြိုးများကို ဆွဲကိုင်၍ လေထဲမှနေ၍ အရှိန်ဖြင့် လွှဲကာ ကူးလာကြသည်။

"ရန်သူလာပြီဟေ့"

ညအမှောင်ထဲတွင် ဘုရင်မသင်္ဘောပေါ်ရှိ အစွမ်းပိုင်ရှင် တစ်ယောက်က ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထို့နောက် ကြိုတင် နေရာယူထားသော လူများက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။

လေးသမားအချို့က လျင်မြန်စွာ လေးကြိုးကို တင်ကာ တစ်ဖက်မှ လူရိပ်များဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပစ်ခတ်လိုက်ကြသည်။

"ဝုန်း"

သို့သော် တစ်ဖက်သင်္ဘောပေါ်တွင် ရုတ်တရက် ဧရာမ ရေကန့်လန့်ကာကြီးတစ်ခု လင်းလက်လာသည်ကို မြင်လိုက်ရသည်။

ရေပြာရောင် အလင်းတန်းများ လှည့်ပတ်သွားပြီး မြှားတံများအားလုံးက ရေစီးကြောင်းနှင့် တိုက်မိကာ ဘုန်းဘုန်းမြည်လျက် လွင့်စင်သွားကြသည်။

ကြိုးများကို လွှဲကာ ပျံသန်းလာသော အစွမ်းပိုင်ရှင်များကလည်း မြေပြင်ပေါ်သို့ ကျရောက်သည်နှင့် တစ်ပြိုင်နက် ဓားများကို ဆွဲထုတ်ကာ အသံကုန်ဟစ်လျက် ချိုးရင်ယွဲ့၏ လက်အောက်ငယ်သားများဆီသို့ ရူးသွပ်စွာ တိုက်ခိုက်လာကြသည်။

ချိုးရင်ယွဲ့ဘက်မှ လူများကလည်း ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ ဒုတိယအကြိမ် မြှားများကို ထပ်မံ ပစ်ခတ်လိုက်ကြသည်။

အစွမ်းပိုင်ရှင် အချို့မှာ လေထဲတွင်ပင် ဖြူကောင်ကဲ့သို့ မြှားစူးခံလိုက်ရသည်။

အောက်သို့ ကျဆင်းလာသူများ၏ အများစုမှာ ကာကွယ်ရေး အမျိုးအစား အစွမ်းပိုင်ရှင်များ ဖြစ်ကြသည်။

တစ်ယောက်ချင်းစီတိုင်းက အမျိုးမျိုးသော ကာကွယ်ရေး စစ်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း အမျိုးမျိုးသော အကာအကွယ် ဒိုင်းလွှား အလင်းရောင်များ ရှိနေကြသည်။

ဓားများကို ဆွဲထုတ်ကာ ရူးသွပ်စွာ ခုတ်ပိုင်းနေစဉ်မှာပင် ပါးစပ်မှလည်း စူးရှသော ရယ်သံများနှင့်အတူ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေပြီး အရှိန်အဝါ အလွန် ကြီးမားလှသည်။

မည်မျှပင် အစွမ်းထက်သော အစွမ်းပိုင်ရှင် ဖြစ်ပါစေ တိုက်ခိုက်ရာတွင် အခြေခံအကျဆုံး နည်းလမ်းမှာ အသံဖြင့် အရင် အသာစီးယူခြင်းပင် ဖြစ်သည်။

အသံကုန်ဟစ်ခြင်းက မိမိ၏ ရဲစွမ်းသတ္တိကို တိုးပွားစေပြီး တစ်ချိန်တည်းမှာပင် ပြိုင်ဘက်ကို ခြောက်လှန့်နိုင်သည်။

သို့သော် ချိုးရင်ယွဲ့ဘက်မှ လူများက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ အနည်းငယ်မျှပင် ကြောက်ရွံ့သွားခြင်း မရှိပေ။

လင်းဝူက လူများကို ခေါ်ဆောင်ကာ ဧရာမ ပိုက်ကွန်ကြီးများကို ကြိုတင် ပြင်ဆင်ထားပြီး အရှိန်ပြင်းပြင်းဖြင့် လှမ်းပစ်လိုက်သည်။

ချက်ချင်းပင် ပိုက်ကွန်ကြီးက ရန်သူများကို ဖုံးအုပ်သွားရာ ထိုကာကွယ်ရေး အမျိုးအစား အစွမ်းပိုင်ရှင်များက အလွန် အံ့အားသင့်သွားကြပြီး ပိုက်ကွန်ကြိုးများကို ဖြတ်တောက်ရန် ဓားများကို ကပျာကယာ ဝှေ့ယမ်းလိုက်ကြသည်။

သို့သော် ချင်ဇီဟန်က လူများကို ခေါ်ဆောင်ကာ ပြေးဝင်လာပြီဖြစ်ပြီး မီးဓား၊ ရေဓားစသည့် အမျိုးမျိုးသော အစွမ်းများဖြင့် အဆက်မပြတ် တိုက်ခိုက်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် အမျိုးမျိုးသော အစွမ်း အလင်းရောင်များ တောက်ပလာပြီး စွမ်းအင်လှိုင်းများ အဆက်မပြတ် ပေါက်ကွဲထွက်ကာ ထူထပ်သော မီးခိုးလုံးများကို လွင့်စင်သွားစေသည်။

ဤနေရာရှိ တိုက်ပွဲကို လင်းယွမ်က သွားမကြည့်ပေ။ ဤလူများအားလုံးက လက်အောက်ငယ်သားများသာ ဖြစ်ပြီး သူ ဂရုစိုက်ရန် မတန်ချေ။

သူ၏ အကြည့်များက အဆက်မပြတ် ချဉ်းကပ်လာနေသော တစ်ဖက်သင်္ဘောဆီသို့ ရောက်ရှိသွားသည်။

ဤသင်္ဘောပေါ်တွင် အလွန် အစွမ်းထက်သော အငွေ့အသက်တစ်ခုကို သူ ခံစားမိနေသည်။

"ဒုန်း"

ထိုသင်္ဘောက အရှိန်လျှော့မည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိဘဲ ဘုရင်မသင်္ဘောဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်လိုက်သည်။

ချက်ချင်းပင် ကျယ်လောင်သော မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာပြီး ဘုရင်မသင်္ဘော၏ ဘေးဘက်ကို အတိုက်ခံလိုက်ရသဖြင့် ပြင်းထန်စွာ ယိမ်းယိုင်သွားသည်။

ထို့နောက် တစ်ဖက်သင်္ဘောပေါ်မှ သံကျောက်ဆူးများ တစ်ခုပြီးတစ်ခု လွင့်စင်လာသည်။

နောက်ပြန်ချိတ်များ အပြည့်ပါသော သံကျောက်ဆူးများက ဘုန်းဘုန်းမြည်လျက် ဘုရင်မသင်္ဘောပေါ်သို့ ကျရောက်လာသည်။

ချလွမ်... ဆိုသော လျှောတိုက်သံများနှင့်အတူ သံကျောက်ဆူးများက သင်္ဘောနံရံကို ချက်ချင်း တင်းကျပ်စွာ ဆွဲချိတ်လိုက်ပြီး သံကြိုးများက ချက်ချင်းပင် ဖြောင့်တန်းသွားသည်။

ထို့နောက် တစ်ဖက်မှ လူရိပ်အမြောက်အမြားက သံကျောက်ဆူးကြိုးများကို နင်းကာ တစ်ယောက်ပြီးတစ်ယောက် ခုန်ကူးလာကြသည်။

တိုက်ပွဲက ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး နှစ်ဖက်လူများက ပြင်းထန်စွာ သတ်ဖြတ်နေကြသည်။

တစ်ချိန်တည်းမှာပင် တစ်ဖက်သင်္ဘောဦးပိုင်း၌ အဖြူရောင် ရှပ်အင်္ကျီ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က မြေပြင်ပေါ်တွင် ဒူးထောက်ဝပ်တွားနေသော အမျိုးသမီးတစ်ယောက်၏ ကိုယ်ပေါ်တွင် ထိုင်နေသည်။

သူ၏ လက်ထဲတွင် ဝိုင်နီတစ်ခွက်ကို လှုပ်ယမ်းနေပြီး မျက်နှာပေါ်တွင်လည်း ရူးသွပ်နေသည့်အလား အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။

"ဟဲဟဲ... လန်ယွဲ့ဟွာ... နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီပဲ"

ပတ်ဝန်းကျင်တွင် အမျိုးသမီး အများအပြား ဒူးထောက်နေကြပြီး ထိုအမျိုးသမီးများက လုံခြုံမှုမရှိသော အဝတ်အစားများကို ဝတ်ဆင်ထားကာ အားလုံးက ဆွဲဆောင်မှုရှိသော အစေခံမိန်းကလေးဝတ်စုံများ ဖြစ်ကြပြီး နောက်ကြောတွင်ပင် အမွေးပွအမြီးများကို ထိုးထည့်ထားကြသည်။

ချွင်းချက်မရှိ အားလုံး၏ လည်ပင်းတွင် သံကြိုးများ ချည်နှောင်ထားပြီး ပါးစပ်ထဲတွင်လည်း ပလတ်စတစ်ဘောလုံးများ ဆို့ထားကာ တံတွေးများ အဆက်မပြတ် ကျဆင်းနေကြသည်။

ကြည့်ရသည်မှာ ထိုသူများက လူသားများ မဟုတ်ဘဲ အလှမွေးခွေးလေးများ အလားပင်။

လူငယ်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး လက်ထဲရှိ ဝိုင်နီများကို လွှင့်ပစ်လိုက်သည်။

ချက်ချင်းပင် ထိုအလှမွေးခွေးလေးများက တစ်ကောင်ပြီးတစ်ကောင် ပြေးဝင်လာကြကာ ပါးစပ်ထဲရှိ ပလတ်စတစ်ဘောလုံးများကို ထွေးထုတ်ပြီး မြေပြင်ပေါ်ရှိ ဝိုင်နီအရည်များကို စတင် လျက်ကြတော့သည်။

လူငယ်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ့ဘေးရှိ အလှမွေးခွေးတစ်ကောင်၏ ဆံပင်ကို ဆွဲကိုင်ကာ သူမ၏ တွဲကျနေသော ရင်သားများကို ထင်သလို ဆုပ်နယ်လိုက်သည်။

"ဟဲဟဲဟဲ... မလောကြပါနဲ့... ခဏနေ မင်းတို့ ညီအမတစ်ယောက် ထပ်တိုးတော့မှာပါ... ဟားဟားဟား"

အလှမွေးခွေးက အလိုလိုက်သည့်အလား တအီအီ အဆက်မပြတ် မြည်တွန်နေသည်။

လူငယ်က ထိုအလှမွေးခွေးကို ဆောင့်တွန်းလိုက်ပြီး "ကျောက်ခန်... ငါ့လက်နက်ကို ယူခဲ့စမ်း" ဟု အော်ဟစ်လိုက်သည်။

ဘေးဘက်မှ တစ်ကိုယ်လုံး ကြွက်သားများဖြင့် ပြည့်နှက်နေသော လူသန်ကြီးတစ်ယောက်က ဧရာမ အရိုးဓားကြီးတစ်လက်ကို ထမ်းကာ လျှောက်လာသည်။

ဤအရိုးဓား၏ ပုံပန်းသဏ္ဍာန်က အလွန် ထူးဆန်းပြီး ရှေးခေတ် စစ်သူကြီးများ၏ လက်ကိုင်ရှည် လက်နက်များနှင့် ဆင်တူသည်။

လက်ကိုင်ရိုးက ခြောက်ပေခန့် ရှည်လျားပြီး တစ်စုံတစ်ရာသော ငါးမျိုးစိတ်၏ ကျောရိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

အရှေ့ဘက်ရှိ ဓားသွားကတော့ တြိဂံပုံစံ ဖြစ်ပြီး လင်းယွမ် အသုံးပြုခဲ့ဖူးသော ကင်းမွန်အရိုးဒိုင်းနှင့် ဆင်တူသည်။

သို့သော် ဤတြိဂံပုံစံက အလွန် ထက်မြက်အောင် သွေးထားပြီး အရိုးတုတ်နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်ထားသည်။

ထို့အပြင် ၎င်းပေါ်တွင် ရွှေရောင် မျဉ်းကြောင်းများပင် ရှိနေပြီး ကျောရိုးအဆစ်တိုင်းပေါ်တွင် စွမ်းအင်ကျောက်တုံးများကိုပါ ထည့်သွင်းထားသေးသည်။

သိသာထင်ရှားစွာပင် ဤအရာက အစွမ်းလက်နက်တစ်ခု ဖြစ်သည်။

"သခင်လေးလင်... ဒီလို အကောင်မွှားလေးတွေအတွက် သခင်လေး ကိုယ်တိုင် ဝင်ပါဖို့မလိုပါဘူး"

"သခင်လေးလင်... သခင်လေး အနားယူနေလိုက်ပါ... ကျွန်တော်တို့ကိုပဲ လုပ်ခိုင်းလိုက်ပါ"

ပတ်ဝန်းကျင်မှ လူများက အော်ဟစ်လိုက်ကြသည်။

ဤလူငယ်က အခြားသူမဟုတ်ဘဲ သမ္မတ ၇ ၏ ပိုင်ရှင် လင်ကျန်းဟီပင် ဖြစ်သည်။

ပတ်ဝန်းကျင်မှ မြှောက်ပင့်သံများကို ကြားသောအခါ လင်ကျန်းဟီက ချက်ချင်းပင် ရူးသွပ်စွာ ရယ်မောလိုက်သည်။

"အားလုံးပဲ သေချာနားထောင်ထား... ဒီသင်္ဘောပေါ်က ယောက်ျားတွေ အကုန်လုံးကို သတ်ပစ်... မိန်းမတွေကိုတော့ အကုန် လုယူခဲ့"

"လန်ယွဲ့ဟွာကိုတော့ ငါကိုယ်တိုင် ဖမ်းမယ်... ဟားဟားဟား"

"သတ်ကြဟေ့"

"သတ်"

ဤလူအုပ်ကြီးက ဘုရင်မသင်္ဘောဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကာ ပွဲတော်တစ်ခုကို ကျင်းပတော့မည့်အလား ဖြစ်နေသည်။

လင်ကျန်းဟီကလည်း ရက်စက်စွာ ပြုံးလိုက်ပြီး တြိဂံဓားရှည်ကို ကိုင်ဆောင်ကာ ခြေတစ်လှမ်း လှမ်းလိုက်သည်။

ချက်ချင်းပင် တစ်ကိုယ်လုံး ရွှေရောင်အလင်းများ တောက်ပလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ အရေပြားနှင့် ဆံပင်များ အားလုံးက ရွှေဝါရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏ တစ်ကိုယ်လုံးက ရွှေဖြင့် သွန်းလုပ်ထားသည့်အလား ဖြစ်နေသည်။

"ဝုန်း"

ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်က ခုန်ပျံသွားပြီး ရွှေရောင် အလင်းတန်းတစ်ခုအလား တစ်ဖက်ရှိ ဘုရင်မသင်္ဘောပေါ်သို့ ဝင်တိုက်သွားသည်။

"ဘုန်း ဘုန်း ဘုန်း"

သူ၏ အလျင်က လျော့မသွားဘဲ ပတ်ဝန်းကျင်ရှိ အမျိုးမျိုးသော တိုက်ခိုက်မှုများကို လျစ်လျူရှုကာ လူသုံးလေးယောက်ကို တိုက်ရိုက် ဝင်တိုက်ပစ်လိုက်သည်။

အချို့သောသူများမှာ သူ၏ တိုက်မိမှုကြောင့် တစ်ကိုယ်လုံးရှိ အရိုးများ ကျိုးကြေသွားပြီး လိမ့်ကျကာ သွေးများ အန်ထွက်လာကြသည်။

သူက ဟားဟားဟား ဟု ရူးသွပ်စွာ ရယ်မောလိုက်ပြီး လက်ထဲရှိ တြိဂံဓားရှည်ကြီးကို အရှိန်ပြင်းပြင်းဖြင့် ကန့်လန့်ဖြတ် ရမ်းခုတ်လိုက်သည်။

"ဝှစ် ဝှစ် ဝှစ်"

"ရွှပ် ရွှပ် ရွှပ်"

မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ကိုယ်အင်္ဂါ အစိတ်အပိုင်းများ လွင့်စင်သွားပြီး သွေးသားများ ဖြာထွက်သွားသည်။

စူးရှသော အော်ဟစ်ညည်းတွားသံများ ချက်ချင်း ထွက်ပေါ်လာသည်။

လူတစ်ယောက်၏ ခေါင်းမှာ တစ်ဝက် ခုတ်ပိုင်းခံလိုက်ရပြီး ဦးခေါင်းတစ်ဝက်က လွင့်စင်သွားသည်။

ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်က ရန်သူတစ်ယောက်ကို ထမ်းကာ လင်ကျန်းဟီဆီသို့ အားကုန် ပစ်ပေါက်လိုက်သည်။

လင်ကျန်းဟီက ကြည့်ပင်မကြည့်ဘဲ ဓားတစ်ချက်ကို ပေါ့ပါးစွာ ခုတ်ပိုင်းလိုက်သည်။

ရွှပ်ခနဲ အသံနှင့်အတူ ပစ်ပေါက်ခံရသော လူနှင့် ထိုအစွမ်းပိုင်ရှင်တို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း နှစ်ပိုင်း ပြတ်သွားကြသည်။

ကလီစာများက ချက်ချင်းပင် မြေပြင်ပေါ်သို့ ဖြာကျသွားပြီး သွေးထွက်သံယို ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက လူတိုင်းကို ထိတ်လန့်တုန်လှုပ်သွားစေသည်။

ဤလင်ကျန်းဟီက ရူးသွပ်နေသည့်အလား ရန်သူနှင့် မိမိလူကို ခွဲခြားခြင်း မရှိဘဲ မည်သူက သူ့ကို တားဆီးရဲပါစေ ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်သည်။

အသက်ရှူကြိမ် အနည်းငယ်မျှ အချိန်အတွင်းမှာပင် လင်ကျန်းဟီ၏ တြိဂံဓားရှည်က အစွမ်းပိုင်ရှင် ဆယ်ယောက်ကျော်ကို သတ်ဖြတ်ပြီးသွားပြီ ဖြစ်သည်။

ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသော ချိုးရင်ယွဲ့က ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သေချင်နေတာလား"

"ဖြန်း"

သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးများ ပေါက်ကွဲထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဆံပင်များ လွင့်ပျံသွားကာ လျှပ်စီးနတ်ဘုရားတစ်ပါးအလား ဖျပ်ခနဲ နေရာမှ ပျောက်ကွယ်သွားသည်။

ပြန်ပေါ်လာချိန်တွင် လင်ကျန်းဟီ၏ အနောက်သို့ တိုက်ရိုက် ရောက်ရှိသွားပြီ ဖြစ်သည်။

ထို့နောက် လက်သီးကို မြှောက်လိုက်ရာ လက်သီးပေါ်တွင် လျှပ်စီးများ ခုန်ပေါက်နေပြီး လျှပ်စစ်လှိုင်းများ ပေါက်ကွဲထွက်လာသည်။

"အုန်း"

ကြောက်မက်ဖွယ်ကောင်းသော လက်သီးတစ်ချက်ကို ထိုးချလိုက်ရာ လျှပ်စီးများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီး ကျယ်လောင်စွာ မြည်ဟည်းသွားသည်။

"သေလိုက်စမ်း"

ချိုးရင်ယွဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံးရှိ လျှပ်စီးအစွမ်းများက ဧရာမ မိုးကြိုးသွားကြီးများအဖြစ် ရူးသွပ်စွာ ပြောင်းလဲသွားကာ လင်ကျန်းဟီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

လင်ကျန်းဟီ၏ ခန္ဓာကိုယ်က ချက်ချင်းပင် ပြင်းထန်စွာ တုန်ရီသွားသည်။

သူ၏ တစ်ကိုယ်လုံး ရွှေအဖြစ် ပြောင်းလဲသွားပြီးနောက် လျှပ်ကူးနိုင်စွမ်းက အလွန် အားကောင်းသွားသည်။

လျှပ်စီးကြောင်းများ အားလုံး သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲတွင် အနည်းငယ်မျှ ရပ်တန့်မနေဘဲ ချက်ချင်းပင် သူ့ထံမှတစ်ဆင့် ပြန်လည် ထုတ်လွှတ်ခံလိုက်ရသည်။

သို့သော် သူက လေထဲသို့ တိုက်ရိုက် ထုတ်လွှတ်လိုက်ခြင်း မဟုတ်ဘဲ ထိုလျှပ်စီးများ အားလုံးကို လက်ထဲရှိ တြိဂံဓားရှည်ပေါ်သို့ စီးဝင်သွားစေခဲ့သည်။

ချက်ချင်းပင် သူ၏ တြိဂံဓားရှည်ပေါ်တွင် လျှပ်စီးများ တောက်ပလာပြီး ဓားရိုးနှင့် ဓားသွားတို့မှ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးအလင်းရောင်များ ပေါက်ကွဲထွက်လာသည်။

"ဟားဟားဟား... မိုက်တယ်ကွ"

လင်ကျန်းဟီက ရူးသွပ်နေသည့်အလား ရက်စက်စွာ ပြုံးလိုက်ပြီး လျှပ်စီးဓားသွားကို မြင့်မားစွာ မြှောက်ကာ အပြင်ဘက်သို့ အားကုန် ရမ်းခုတ်လိုက်သည်။

"ဝုန်း"ခနဲ...

ဤဓားတစ်ချက်က မိုးကြိုး ပေါက်ကွဲသွားသည့်အလား လျှပ်စီးများက လျှပ်စီးဓားသွားအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ လူများကို ရူးသွပ်စွာ ကန့်လန့်ဖြတ် ရမ်းခုတ်လိုက်သည်။

သူက ချိုးရင်ယွဲ့ ထုတ်ဖော်လိုက်သော လျှပ်စီးစွမ်းအားများကို သူ၏ တိုက်ခိုက်မှုအဖြစ် အားလုံး ပြောင်းလဲပစ်လိုက်ခြင်းပင် ဖြစ်သည်။

ဓားသွား ဖြတ်သန်းသွားသော နေရာတိုင်းတွင် လျှပ်စီးများ ပျံ့နှံ့သွားပြီး လူတိုင်း၏ မျက်စိများ ချက်ချင်း ကန်းသွားသည့်အလား နေ့ခင်းဘက်ကဲ့သို့ စူးရှသော အလင်းရောင်များသာ ရှိနေတော့သည်။

ဤမျှ မြင့်မားသော လျှပ်စစ်ဖိအားပါဝင်သည့် လျှပ်စီးဓားချက်၏ စွမ်းအားက အလွန် ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ကာကွယ်ရေး အမျိုးအစား အစွမ်းပိုင်ရှင် အချို့မှာ တုံ့ပြန်နိုင်ခြင်းပင် မရှိလိုက်ဘဲ လျှပ်စီးဓားအလင်း၏ ပေါက်ကွဲမှုကြောင့် ချက်ချင်းပင် မီးကျွမ်းနေသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ကာကွယ်ရေး အမျိုးအစား မဟုတ်သော အစွမ်းပိုင်ရှင်များဆိုလျှင် တစ်ချက်ကလေးမျှပင် ကာကွယ်နိုင်စွမ်း မရှိခဲ့ကြပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် လျှပ်စီးအလင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

ဟန်ရှန်းမန်သည်လည်း ဤဓားချက်၏ လွှမ်းခြုံနိုင်သော အကွာအဝေးအောက်တွင် ရှိနေခဲ့သည်။

ဤအချိန်တွင် သူမ၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး မျက်လုံးများထဲတွင် မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"ဘယ်လိုလုပ်... ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"

ဟန်ရှန်းမန်၏ ရင်ထဲတွင် တုန်လှုပ်သွားသည်။ သမ္မတ ၇ မှ ဤရန်သူက မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို သူမ မတွေးမိခဲ့သည် မဟုတ်ပေ။

သို့သော် မျက်မှောက်ရှိ ဤလျှပ်စီးဓားချက်၏ စွမ်းအားက သူမ၏ သိနားလည်နိုင်စွမ်းထက် အမှန်တကယ်ပင် ကျော်လွန်နေခဲ့သည်။

ဤဓားချက်က အလွန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် ခုတ်ပိုင်းလာသည်ကို မြင်နေရသော်လည်း သူမတွင် ရှောင်တိမ်းနိုင်မည့် အခွင့်အရေး အနည်းငယ်မျှပင် မရှိပေ။

လတ်တလောတွင် သေမည့်အချိန်ကို စောင့်ဆိုင်းရန် လမ်းတစ်လမ်းသာ ရှိနေပုံရသည်။

ဟန်ရှန်းမန်၏ မျက်လုံးများထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။

"ငါက ဒီနေရာမှာ ဘယ်လိုလုပ် အသေခံလို့ရမလဲ"

"ငါ မလုပ်ရသေးတဲ့ ကိစ္စတွေ အများကြီး ရှိသေးတယ်... ဇာတိကိုပြန်ပြီး ငါ့မိဘတွေကိုတောင် မရှာရသေးဘူး... ငါ ဒီနေရာမှာ သေလို့မဖြစ်ဘူး"

သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် မရေမတွက်နိုင်သော ရေခိုးရေငွေ့များ ရူးသွပ်စွာ ထွက်ပေါ်လာပြီး ရေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ လေချွန်သံနှင့်အတူ လှည့်ပတ်သွားပြီး ဧရာမ ရေနံရံကြီးတစ်ခုအဖြစ် စုစည်းကာ အရှေ့တွင် ကာကွယ်လိုက်သည်။

"ဝုန်း"ခနဲ...

လျှပ်စီးဓားချက်က ရေနံရံပေါ်သို့ ကျရောက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးလုံးဟိန်းမတတ် ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။

ဖျောက်ဖျောက်ဖျပ်ဖျပ် အသံများနှင့်အတူ လျှပ်စစ်လှိုင်းများ ပေါက်ကွဲထွက်သွားပြီး ရေနံရံက ချက်ချင်းပင် မြင့်မားသော လျှပ်စစ်ဖိအား၏ ဖြိုခွဲမှုကို ခံလိုက်ရကာ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင် အမြောက်အမြား ပေါက်ကွဲထွက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မီးလျှံများ လိမ့်တက်လာသည်။

ရေနံရံ တစ်ခုလုံးက မျက်စိဖြင့် မြင်တွေ့နိုင်သော အလျင်ဖြင့် ရူးသွပ်စွာ ပြိုကွဲပျောက်ကွယ်သွားသည်။

သို့သော် လျှပ်စီးကလည်း ဤအချိန်လေးအတွင်းမှာပင် အလျင်အမြန် ဖြိုခွဲချေဖျက်ခံလိုက်ရသည်။

သို့ရာတွင် သူမ၏ ရေနံရံက နောက်ဆုံး၌ တစ်ဖက်မှ ဤလျှပ်စီးဓားချက်ထဲတွင် ပါဝင်သော စွမ်းအင်များလောက် မကြောက်မက်ဖွယ် မကောင်းချေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရေနံရံက အလုံးစုံ ပေါက်ကွဲထွက်သွားပြီ ဖြစ်သည်။

ကျန်ရစ်နေသော လျှပ်စီးဓားသွားက များစွာ ပါးလွှာသွားသော်လည်း မိုးကြိုးပစ်ချသည့်အလား ခုတ်ပိုင်းလာဆဲ ဖြစ်သည်။

ဆက်ရန်...

အပိုင်း(၃၉၂) ရွှေကိုယ်ထည်

"ဝုန်း... ဝုန်း... ဝုန်း"

ဟန်ရှန်းမန်၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်းစွမ်းအင်များ ကုန်ခမ်းသွားပြီဖြစ်ရာ ယခုကျန်ရစ်နေသည့် လျှပ်စီးမိုးကြိုးများကို ရင်ဆိုင်ရန် မည်သည့် ခုခံနိုင်စွမ်းမျှ တကယ်ကို မရှိတော့ပေ။

ပတ်ဝန်းကျင်ရှိ အစွမ်းပိုင်ရှင်များမှာလည်း အခြေခံအားဖြင့် မြေပြင်ပေါ်တွင် အားလုံး လဲကျနေကြပြီဖြစ်ပြီး ခေါင်းနှင့်ကိုယ် ကွဲကွာနေကြသည်။

ကျန်ရစ်နေသည့် လက်ချိုးရေတွက်၍ရသော လူအနည်းငယ်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရကာ သေလုမျောပါး ဖြစ်နေကြသည်။

အသက်အန္တရာယ် ကြုံတွေ့နေရသည့် အချိန်တွင် လူရိပ်တစ်ခုက ဟန်ရှန်းမန်၏ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့သည်။

ရောက်လာသူက သူ၏လက်တစ်ဖက်ဖြင့် ကျန်ရစ်နေသော လျှပ်စီးမိုးကြိုးများဆီသို့ ဖိနှိပ်လိုက်သည်။

သူ၏ လက်ဝါးထဲတွင် သင်္ကေတများ ပွင့်အာလာပြီး အလင်းရောင်များ အရပ်မျက်နှာအနှံ့ ထွက်ပေါ်လာသည်။

သင်္ကေတ အလင်းရောင်များ ရောက်ရှိသွားသည့် နေရာတိုင်းတွင် ပတ်ဝန်းကျင်ရှိ လျှပ်စီးအလင်းရောင်များက အလျင်အမြန် မှေးမှိန်ပျောက်ကွယ်သွားကြသည်။

ဆားက ရေထဲတွင် ပျော်ဝင်သွားသကဲ့သို့ အလွန် လျင်မြန်စွာ လွင့်စင်ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ဤမြင်ကွင်းကြောင့် လူတိုင်း ချက်ချင်း မျက်လုံးပြူးကာ အံ့အားသင့်သွားကြသည်။

တစ်ဖက်တွင် ရွှေရောင်အလင်းများ တစ်ကိုယ်လုံး တောက်ပနေသည့် ရွှေကိုယ်ထည်ပိုင်ရှင် လင်ကျန်းဟီပင်လျှင် ဤအချိန်၌ မျက်မှောင်ကြုတ်သွားသည်။

လင်းယွမ်က လျှပ်စီးမိုးကြိုးများရှေ့တွင် ရပ်နေကာ ပန်းခြံထဲ လမ်းလျှောက်နေသကဲ့သို့ သက်တောင့်သက်သာဖြင့် တစ်ဖက်ရှိ လင်ကျန်းဟီဆီသို့ လျှောက်သွားသည်ကိုသာ မြင်လိုက်ရသည်။

"သေချင်နေတာပဲ"

လင်ကျန်းဟီက တစ်ဖက်လူ၏ အမှုမထားသော အမူအရာကို ခံစားလိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ ဒေါသများ ချက်ချင်း ပေါက်ကွဲထွက်လာသည်။

သူ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ရုတ်တရက် ထွက်ပေါ်လာသည်။

သူက ခြေလှမ်းတစ်လှမ်းကို အားကုန် လှမ်းလိုက်ပြီး ဓားရှည်ဖြင့် ကန့်လန့်ဖြတ် ရိုက်ချလိုက်ရာ သူ၏အနောက်တွင် ရှိနေသော ချိုးရင်ယွဲ့မှာ ဓားချက်ကြောင့် တန်းတန်းမတ်မတ် လွင့်ထွက်သွားတော့သည်။

ထို့နောက် သူက တောင်ကိုထမ်း၍ လကိုလိုက်ဖမ်းသကဲ့သို့ ပြင်းထန်သော ခြေသံများဖြင့် တဒုန်းဒုန်း နင်းကာ ပြေးလာခဲ့သည်။

သူ၏ လက်ထဲရှိ ဧရာမဓားကြီးက တောင်တန်းမြစ်ချောင်းများကို ခုတ်ပိုင်းပစ်နိုင်မည့် အရှိန်အဟုန်ဖြင့် လင်းယွမ်ဆီသို့ ရူးသွပ်စွာ ခုတ်ချလာသည်။

လင်းယွမ်က တည်ငြိမ်သောအမူအရာဖြင့် ရှိနေပြီး သူ၏ မျက်လုံးအစုံတွင် သင်္ကေတများ တလက်လက် တောက်ပနေသည်။

ထောက်လှမ်းရေး သင်္ကေတက လင်းလက်သွားပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်းစွမ်းအင် ပြင်းအားက သူ၏ မြင်ကွင်းထဲသို့ ချက်ချင်း ကျရောက်လာသည်။

"အမှတ် ၅၀ ဝန်းကျင်လောက်လား"

လင်းယွမ်က ချက်ချင်း မျက်ခုံးပင့်လိုက်မိသည်၊ ဤလူက ဤမျှအထိ စွမ်းအားကြီးမားနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

သူက အရည်အသွေးမှတ် ၅၀ အထိ ကန့်သတ်ချက်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

တစ်ဖက်လူက မျိုးရိုးဗီဇမျိုးစေ့ တစ်စေ့သာ လိုအပ်တော့ပြီး ၎င်းကိုရပါက အရည်အသွေး ကန့်သတ်ချက်ကို တိုက်ရိုက်ချိုးဖျက်ကာ မျိုးရိုးဗီဇမြေပုံကို ပုံဖော်နိုင်တော့မည် ဖြစ်သည်။

"ဝုန်း"

လေထုက တုန်ခါမြည်ဟည်းသွားပြီး လေလှိုင်းများက အလွှာလိုက် ပေါက်ကွဲထွက်သွားသည်။

လေလှိုင်းများ လိမ့်တက်လာပြီး ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။

ဓားသွားက ဟင်းလင်းပြင်ကို ခုတ်ဖြတ်တော့မည့်အလား တစ်ကမ္ဘာလုံးကို သယ်ဆောင်ကာ ဖိနှိပ်လာသည်။

လင်းယွမ်က တည်ငြိမ်စွာပင် ရှိနေပြီး သူ၏ လက်သီးပေါ်တွင် ရွှေရောင် သံချပ်ကာအမြောက်အမြား ထွက်ပေါ်လာသည်။

မျက်တောင်တစ်ခတ်အတွင်း ရွှေရောင် သံချပ်ကာများက သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး ငါးအကြေးခွံများကဲ့သို့ အလွှာလိုက် ထပ်နေသည်။

"ရွှေအကြေးခွံ ချပ်ဝတ်"

သူက လက်တစ်ဖက်ကို မြှောက်လိုက်သည်။

"ဒေါင်"

တြိဂံပုံ ဓားရှည်ကြီးက ဝုန်းခနဲ မြည်သံနှင့်အတူ သူ၏ လက်မောင်းပေါ်သို့ ကျရောက်လာသည်။

လေလှိုင်းများက မြည်ဟည်းစွာ တိုက်ခတ်လာပြီး လင်းယွမ်၏ အဝတ်အစားများက ချက်ချင်း တဖျပ်ဖျပ် လွင့်ခါသွားသည်။

သို့သော် သူ၏ ကိုယ်ဟန်က မြင့်မားမတ်စောက်သော တောင်တန်းကြီးတစ်ခုကဲ့သို့ တစ်ချက်လေးမျှ မတုန်မလှုပ် ရှိနေသည်။

သူ မြှောက်ထားသည့် လက်မောင်းနှင့် ရွှေရောင်တောက်ပနေသော သံချပ်ကာမှာပင် မည်သည့် တုန်ခါမှုမျှ မရှိခဲ့ပေ။

တစ်ဖက်ရှိ လင်ကျန်းဟီ၏ သူငယ်အိမ်များက ချက်ချင်း ကျုံ့ဝင်သွားပြီး မယုံကြည်နိုင်သလို ဓားသွားကို အားကုန် ဖိချလိုက်သည်။

"ဂျစ်... ဂျစ်"

ဓားသွားက ရွှေရောင် သံချပ်ကာကို ဖိနှိပ်လိုက်ရာ သွားကျိန်းစရာ ကောင်းသော အသံများ ထွက်ပေါ်လာသည်။

လင်းယွမ်က အနည်းငယ် စိတ်မမှန်သလို ဖြစ်နေသည့် ဤလူငယ်ကို တည်ငြိမ်သော အကြည့်များဖြင့် ကြည့်လိုက်သည်။

"ထမင်းစားမလာဘူးလား... မင်းအားက ဒီလောက်ပဲလား"

"မင်း..."

လင်ကျန်းဟီက ချက်ချင်း ရူးသွပ်လာပြီး မျက်လုံးအစုံမှာ သွေးများပြည့်လာသကဲ့သို့ ဒေါသကြောင့် နီရဲသွားသည်။

"ဘယ်သူမှ ငါ့ကို အထင်သေးလို့ မရဘူး... အား..."

လင်ကျန်းဟီက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး တြိဂံပုံ ဓားရှည်ကြီးကို ပြန်ဆွဲယူကာ မြေပြင်ကို အားကုန် ဆောင့်ကန်လိုက်သည်။

သူ့တစ်ကိုယ်လုံး လေထဲသို့ မြောက်တက်သွားပြီး လေထဲတွင် တစ်ပတ်လည်ကာ အရှိန်ယူ၍ ဓားကိုကိုင်ကာ ဝုန်းခနဲ နောက်တစ်ကြိမ် ခုတ်ချလိုက်ပြန်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက လေထုကို ဖိနှိပ်ပေါက်ကွဲစေပြီး မီးခိုးဖြူရောင် လေစီးကြောင်းများအဖြစ် အလွှာလိုက် ပြောင်းလဲသွားကာ ဓားသွား၏ တစ်ဖက်တစ်ချက်ဆီသို့ လွင့်စင်သွားသည်။

သို့သော် ဤဓားချက်က စောစောက လျှပ်စီးမိုးကြိုး တိုက်ခိုက်မှုလောက်တော့ အလှမ်းဝေးနေသေးသည်။

မည်သို့ပင်ဆိုစေ စောစောက လျှပ်စီးမိုးကြိုး ဓားချက်သည် ချိုးရင်ယွဲ့၏ လျှပ်စီးစွမ်းအားကို ငှားရမ်းအသုံးပြုထားခြင်း ဖြစ်သည်။

ယခု ဤဓားချက်သည် လင်ကျန်းဟီ၏ ကိုယ်ပိုင်အင်အား အများစု ဖြစ်နေသည်။

သူ၏ ကိုယ်ပိုင်အင်အားမှာ ရွှေရောင်ပြောင်းလဲထားသော ခန္ဓာကိုယ်ဖြစ်ပြီး ကာကွယ်ခြင်းက သူ၏ အားသာချက် ဖြစ်သော်လည်း တိုက်ခိုက်ခြင်းကတော့ မဟုတ်ပေ။

သူက မိမိ၏ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် လူတစ်ယောက်ကို အထူးတလည် ခိုင်းစေကာ ဤသန္ဓေပြောင်းစွမ်းအင် လက်နက် ဓားရှည်ကို သွန်းလုပ်စေခဲ့သည်။

ဤလက်နက်တွင် စွမ်းအင်များကို စုဆောင်းကာ ပေါက်ကွဲစေနိုင်သည့် အာနိသင် ရှိသည်။

ယင်းက သူ့အား ရန်သူ၏ တိုက်ခိုက်မှုများကို စုပ်ယူကာ ဓားရှည်ထဲသို့ သွင်းယူစေနိုင်ပြီး ထိုမှတစ်ဆင့် သန္ဓေပြောင်းစွမ်းအင် လက်နက်ပေါ်ရှိ သင်္ကေတများ၏ အကူအညီဖြင့် ပေါက်ကွဲအားကို မြှင့်တင်နိုင်စေသည်။

ဤလက်နက်က ကြည့်ရသည်မှာ စွမ်းအားကြီးမားပုံပေါ်သော်လည်း လက်တွေ့ အဓိကရည်ရွယ်ချက်မှာ သူ၏ တိုက်ခိုက်မှု အားနည်းသည့် အားနည်းချက်ကို ဖြည့်ဆည်းရန် ဖြစ်သည်။

လင်းယွမ်ကတော့ သူ၏ အားနည်းချက်ကို စောစောစီးစီးကတည်းက သိမြင်ပြီးသား ဖြစ်သည်။

ဤလူ၏ ကာကွယ်မှုက ပြိုင်ဘက်ကင်းပြီး တစ်ကိုယ်လုံး ရွှေကိုယ်ထည် ဖြစ်ကာ စိတ်စွမ်းအင်ပင်လျှင် သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေ။

ရွှေကိုယ်ထည်ကို အားကိုးကာ ဓာတ်သဘာဝ တိုက်ခိုက်မှု တစ်စိတ်တစ်ပိုင်းကိုပင် ခုခံနိုင်စွမ်း ရှိသည်။

ဥပမာ လျှပ်စီးမိုးကြိုး တိုက်ခိုက်မှုမျိုးဆိုလျှင် သူက လျှပ်စီးကို တိုက်ရိုက် လမ်းကြောင်းလွှဲကာ မိမိအတွက် အသုံးပြုနိုင်စွမ်းပင် ရှိသည်။

ထို့ကြောင့် လင်းယွမ်က မီးနဂါးအက ကဲ့သို့သော ဓာတ်သဘာဝ တိုက်ခိုက်မှု အစွမ်းများကို အရမ်းကာရော အသုံးမပြုခဲ့ခြင်း ဖြစ်သည်။

သူက တက်လာကတည်းက အင်အားကို အင်အားဖြင့်သာ ချိုးဖျက်ခဲ့သည်။

မင်းရဲ့ အကာအကွယ်က ပြိုင်ဘက်ကင်းတယ် ဆိုရင်တောင် ငါ့ရဲ့ ရွှေအကြေးခွံ ချပ်ဝတ်ကလည်း သာမန်မဟုတ်ဘူး။

မင်းရဲ့ အကျွမ်းကျင်ဆုံး အရာနဲ့ပဲ မင်းကို အပြတ်အသတ် ချေမှုန်းပြမယ်။

"ထန်... ထန်... ထန်"

ဆက်တိုက် ခုတ်ချလာသော ဓားချက်များကို လင်းယွမ်က မျက်နှာတွင် တည်ငြိမ်မှု အပြည့်ဖြင့် မူလနေရာမှာပင် ရပ်ကာ လက်ဖြင့် အလွယ်တကူ ကာကွယ်လိုက်တိုင်း မီးပွားများ လွင့်စင်ထွက်လာသည်။

သူ၏ ခွန်အားက အမှတ် ၅၀ ကျော်လွန်နေပြီဖြစ်ရာ တစ်ဖက်ရှိ လင်ကျန်းဟီကို လုံးဝ ချေမှုန်းနိုင်စွမ်း ရှိသည်။

လင်ကျန်းဟီက မည်သို့ပင် ခုတ်ပိုင်းနေစေကာမူ သူ၏ ရွှေအကြေးခွံ ချပ်ဝတ်ကို အစမှအဆုံး ဖျက်ဆီးနိုင်ခြင်း မရှိပေ။

ပထမဆုံးအကြိမ်အဖြစ် လင်ကျန်းဟီက တခြားသူများ သူ့ကို တိုက်ခိုက်စဉ်က ခံစားရသည့် ကူကယ်ရာမဲ့မှုနှင့် ဒေါသမျိုးကို ခံစားလိုက်ရသည်။

"တောက်... ငါ့ရဲ့ ခွန်အားက အရမ်း အားနည်းနေတုန်းပဲ"

လင်ကျန်းဟီက ရင်ထဲတွင် ဒေါသတကြီး ဟစ်အော်လိုက်သည်၊ သန္ဓေပြောင်းစွမ်းအင် လက်နက်ကို အသုံးပြုထားသော်လည်း သူ၏ တိုက်ခိုက်မှု အင်အားက မလုံလောက်သေးပေ။

သူ၏ အကာအကွယ်က ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သော်လည်း ခွန်အားပိုင်းတွင် လင်းယွမ်နှင့် ကွာဟချက်မှာ မသေးငယ်လှပေ။

တိုက်ခိုက်မှု မလုံလောက်သည့် အခြေအနေမျိုးတွင် လင်းယွမ်က သူ့ကို ရပ်၍ အထိုးခံနေလျှင်တောင် သူက ရွှေအကြေးခွံ ချပ်ဝတ်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။

လင်းယွမ်ကတော့ ယခုအချိန်တွင် လှောင်ပြောင်သည့် ပုံစံကို စတင်နေပြီ ဖြစ်သည်။

"ဒီလောက် အားလေးနဲ့... မင်းက မိန်းမလျားလား"

"မင်းလို သတ္တိကြောင်တဲ့ကောင်ကများ ခိုးကြောင်ခိုးဝှက် လာတိုက်ခိုက်ရဲသေးတယ်ပေါ့"

"အားထည့်စမ်းပါ... မင်းလို အသုံးမကျတဲ့ကောင်က အရိုးဓားတစ်လက် ကိုင်ပြီးတော့ မိန်းမတွေကိုပဲ ခြောက်လှန့်နိုင်တာလား"

"လာစမ်း... ထပ်လာခဲ့စမ်း"

"လိပ်တစ်ကောင်လို နှေးကွေးနေလိုက်တာ... လန်ယွဲ့ဟွာက မင်းလို အသုံးမကျတဲ့ကောင် လိုက်ဖမ်းတာကို နေရာအနှံ့ ထွက်ပြေးနေရတယ် ဆိုပါလား... ဟားဟားဟား... တကယ်ပဲ ရယ်ရလွန်းလို့သေတော့မှာပဲ"

"အသုံးမကျတဲ့ကောင်... ဘာမှအသုံးမကျတဲ့ကောင်... ထပ်လာခဲ့စမ်း"

အသုံးမကျတဲ့ကောင် ဆိုသည့် စကားလုံးတိုင်းက လင်ကျန်းဟီ၏ မျက်လုံးများကို နီရဲသွားစေပြီး မခံမရပ်နိုင်စွာ ဒေါသတကြီး ဟစ်အော်သံများကို ဆက်တိုက် ထွက်ပေါ်လာစေသည်။

သို့သော် ဤသို့ဖြစ်နေလျှင်ပင် လင်းယွမ်က သူ့ကို မျက်နှာချင်းဆိုင်မှ ဖိနှိပ်ထားဆဲပင်။

သူ၏ ရူးသွပ်စွာ ခုတ်ပိုင်းနေမှုများကို ခုခံရင်းနှင့်ပင် တစ်လှမ်းချင်း ချဉ်းကပ်ကာ ဖိနှိပ်နေသည်။

"မင်း... ပါးစပ်ပိတ်ထားစမ်း"

"ဒေါင်"

လင်ကျန်းဟီက ဒေါသတကြီး ဟစ်အော်လိုက်ပြီး ရုတ်တရက် နောက်တစ်ကြိမ် ခုတ်ချလိုက်ပြန်သည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ သူ၏ ဓားကို ပြန်ဆွဲယူ၍ မရတော့ပေ။

လင်းယွမ်က ထက်မြက်လှသော ဓားသွားကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်ကာ လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တစ်ချက်လေးမျှ မတုန်မလှုပ် ရှိနေသည်ကို မြင်လိုက်ရသည်။

"မိန်းမလျားကောင်... လူတစ်ယောက်ကို ဘယ်လို ရိုက်ရတယ်ဆိုတာ ငါ သင်ပေးမယ်"

လင်းယွမ်ကလည်း ရုတ်တရက် ရက်စက်စွာ ပြုံးလိုက်ပြီး နောက်တစ်ခဏတွင် သူ၏ ညာဘက်ခြေထောက်ကို အနောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။

တစ်ကိုယ်လုံးရှိ ကြွက်သားများ တုန်ခါသွားကာ သွေးသားများ ရူးသွပ်စွာ လည်ပတ်လာပြီး ကြွက်သားများ ချက်ချင်း ဖောင်းကြွလာသည်။

ညာဘက်လက်မောင်းကို အနောက်သို့ တစ်ပေခွဲခန့် ဆုတ်လိုက်ကာ ခန္ဓာကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး ခါးအင်အားကို ပခုံးဆီသို့၊ ပခုံးအင်အားကို လက်သီးဆီသို့ ပို့လွှတ်လိုက်သည်။

"ဝုန်း"

လက်သီးတစ်ချက် ထိုးချလိုက်သည်။

လေထုက ချက်ချင်း ပုံပျက်သွားကာ ပေါက်ကွဲထွက်သွားသည်။

မီးခိုးဖြူရောင် လေစီးကြောင်းများက ကောင်းကင်မှ မိုးရေများကို ရစ်ပတ်ကာ သူ၏ လက်သီးမျက်နှာပြင်ပေါ်မှ ရူးသွပ်စွာ ထွက်ပြေးသွားကြသည်။

သူ၏ လက်သီးမျက်နှာပြင်ပေါ်တွင် အားကောင်းသော လေတိုက်ခတ်မှုကြောင့် ခုံးနေသော လေတံတိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုလေတံတိုင်းက သူ၏ လက်သီးအရှိန် အလွန်မြန်လွန်းမှုကြောင့် အရှင်လတ်လတ် ဖိချေပေါက်ကွဲခံလိုက်ရပြီး ပိုမိုထူထဲသော လေတံတိုင်းတစ်ခုအဖြစ် ဖြစ်ပေါ်လာပြန်သည်။

"ဝှီး"

လင်ကျန်းဟီက ပြင်းထန်သော လေဖိအား မျက်နှာဆီ တိုက်ခတ်လာသည်ကိုသာ ခံစားလိုက်ရပြီး သူ၏ နားထဲတွင် အသံပင် မကြားရသေးခင်မှာပင် ထိုလက်သီးက သူ၏ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"ဒုန်း"

ဒုံးကျည်တစ်စင်းက သူ၏ မျက်နှာကို လာမှန်သွားသကဲ့သို့ လင်ကျန်းဟီမှာ မျက်စိရှေ့တွင် ပြာဝေသွားသည်ဟုသာ ခံစားလိုက်ရပြီး ယှဉ်ပြိုင်၍မရနိုင်သော ဧရာမခွန်အားကြီးက သူ၏ ခေါင်းကို အရှင်လတ်လတ် ညှစ်ခြေဖျက်ဆီးပစ်တော့မည့်အလား ဖြစ်သွားသည်။

သူ၏ ခြေနှစ်ဖက်က အလိုအလျောက် မြေပြင်မှ ခွာတက်သွားသည်။

လက်နက်ကို ဆုပ်ကိုင်ထားသော လက်ဝါးကလည်း အလိုအလျောက် ပြေလျော့သွားသည်။

အကယ်၍ လက်နက်ကိုသာ လွှတ်မချလိုက်ပါက သူ၏ ခေါင်းကို ဤဧရာမခွန်အားကြီးက ဆွဲဖြဲပစ်လိုက်နိုင်သည်ဟု သူ ထင်ယောင်ထင်မှား ဖြစ်သွားမိသည်။

ယခုအချိန်တွင် အလိုအလျောက် သိစိတ်ကို လိုက်နာကာ သူက လက်ဝါးကို ဖြည်ချလိုက်ရာ ခန္ဓာကိုယ်မှာ ဤဧရာမခွန်အားကြီး၏ ဖုံးလွှမ်းမှုခံရပြီး လေတဖြတ်ဖြတ် မြည်သံနှင့်အတူ အနောက်သို့ လွင့်ထွက်သွားတော့သည်။

"ဝုန်း"

ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ ရွှေများဖြင့် သွန်းလုပ်ထားသည့် လင်ကျန်းဟီမှာ သူလာခဲ့သည့် သင်္ဘောထဲသို့ ချက်ချင်း ရိုက်ချခံလိုက်ရသည်။

ကြောက်မက်ဖွယ် ကောင်းလှသော ခွန်အားအောက်တွင် သူက သင်္ဘောဘေးဘောင်ကို တိုက်ရိုက် ဖောက်ထွက်သွားပြီး သင်္ဘောကုန်းပတ်ကိုလည်း ကွဲကြေသွားစေသည်။

ကုန်းပတ်ပေါ်ရှိ သံမဏိများမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး အပေါက်ကြီးတစ်ခု ပွင့်သွားကာ သူ့ကို မျိုချသွားတော့သည်။

လင်းယွမ်က တြိဂံပုံ ဓားရှည်ကြီးကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ပစ္စည်းသိုလှောင်ခန်းထဲသို့ အလွယ်တကူ သိမ်းဆည်းလိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ "ဘယ်လောက်တောင် စွမ်းနေသလဲ မှတ်တယ်... ဒီလောက် အဆင့်လေးပဲကို"

သူ၏ အကြည့်များက ကြက်သေသေနေကြပြီဖြစ်သော လင်ကျန်းဟီ ခေါ်လာသည့် လူအုပ်ကြီးဆီသို့ ဝေ့ဝဲသွားသည်။

ထိုအချိန်မှာပင် ထိုလူအုပ်ကြီးမှာ ရုတ်တရက် တုန်တက်သွားကြပြီး ကြောက်လန့်တကြားဖြင့် သူတို့လက်ထဲရှိ လက်နက်မျိုးစုံကို ပစ်ချကာ မြေပြင်ပေါ်သို့ ဖုန်းခနဲ ဒူးထောက်ချလိုက်ကြသည်။

"အသက်ချမ်းသာပေးပါ... အသက်ချမ်းသာပေးပါ"

"သခင်မလေး လန် အသက်ချမ်းသာပေးပါဗျာ... ကျွန်တော်တို့လည်း အတင်းအကျပ် ခိုင်းစေခံရလို့ပါ"

"သခင်မလေး လန် ကျွန်တော်တို့က လင်ကျန်းဟီ ဆိုတဲ့ အရူးကောင် အတင်းအကျပ် ခိုင်းစေလို့ပါ... ကျွန်တော်တို့လည်း ခင်ဗျားတို့ကို လာမနှောင့်ယှက်ချင်ပါဘူး"

"ဒီက အစ်ကိုကြီး... ကျွန်တော်တို့နဲ့ လင်ကျန်းဟီက မရင်းနှီးပါဘူး... သူက ကျွန်တော်တို့ကို အတင်း ခိုင်းတာပါ"

...

ခဏအတွင်းမှာပင် ထိုလူများက ဆူညံစွာ အော်ဟစ်ကာ အသက်ချမ်းသာပေးရန် တောင်းပန်လာကြသည်။

ဤနေရာရှိ လူများက ဘုရင်မသင်္ဘော ပိုင်ရှင် ပြောင်းသွားပြီကို မသိကြပေ၊ ယခု ဒူးထောက် တောင်းပန်နေချိန်တွင် လန်ယွဲ့ဟွာ၏ နာမည်ကို ကျယ်လောင်စွာ အော်ဟစ်ကာ ခွင့်လွှတ်ပေးရန် ဆုတောင်းနေကြဆဲ ဖြစ်သည်။

တချို့ကလည်း သေသေချာချာ ကြားလိုက်ကြသည်၊ စောစောက လင်ကျန်းဟီကို လက်သီးဖြင့် ထိုးလိုက်သည့် ဤလူငယ်၏ ပါးစပ်ထဲတွင် လန်ယွဲ့ဟွာအပေါ် မည်သည့် လေးစားမှုမျှ မရှိခဲ့ပေ။

ထို့ကြောင့် အားလုံးက ဤလူငယ်ကို အသက်လု၍ တောင်းပန်နေကြခြင်း ဖြစ်သည်။

လင်းယွမ်၏ အကြည့်များက ဤလူများဆီသို့ ဖြတ်ပြေးသွားပြီး ခဏတာမျှ မျက်လုံးများကို မနေနိုင်ဘဲ မှိတ်လိုက်မိသည်။

ဤလူများ၏ အပြောအဆိုကိုကြည့်၍ မျက်နှာပြောင်တိုက်နိုင်သည့် အရည်အချင်းမှာ မသေးလှပေ၊ တစ်ယောက်ချင်းစီတိုင်းတွင် အရှက်အကြောက် ဆိုသည့် စိတ်ဓာတ် တစ်စက်လေးမျှပင် မရှိကြပေ။

ဘယ်သူနိုင်နိုင်... ချက်ချင်း ဒူးထောက် တောင်းပန်နိုင်ကြပြီး ခေါင်းလှည့်ကာ တစ်ချိန်က ခေါင်းဆောင်ကို ရောင်းစားပစ်လိုက်ကြသည်။

ဤမြင်ကွင်းက လင်းယွမ်ကို ကျင်းယုံဝတ္ထုထဲက ရှင်းရှို့ဂိုဏ်းသားများကို အမှတ်မထင် သတိရသွားစေသည်။

မဟုတ်ဘူး... မဟုတ်သေးဘူး... ဒီလူတွေရဲ့ လုပ်ရပ်က ကာရေဘီယံ ပင်လယ်ဓားပြတွေနဲ့ ပိုတူနေတယ်။

သိက္ခာမရှိ၊ ဂုဏ်သိက္ခာမရှိတဲ့ ပင်လယ်ဓားပြ တစ်သိုက်ပဲ။

လင်းယွမ်က မျက်လုံးကို အနည်းငယ် မှိတ်လိုက်သည်၊ သံသယဖြစ်စရာမလိုဘဲ ဤလူစုက ယုံကြည်ရလောက်သည့် သူများ မဟုတ်ကြသလို လင်းယွမ်က သိမ်းသွင်းရန်ပင် မတန်ပေ။

သို့သော် ယခုအချိန်တွင် ဤလူများက သိက္ခာမရှိသည်ကလည်း ကောင်းပုံရသည်၊ အနည်းဆုံးတော့ အပေါ်ယံအားဖြင့် သူ၏ စကားကို နားထောင်နိုင်ပေသည်။

ဤသို့ တွေးမိလိုက်သောအခါ လင်းယွမ်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ကောင်းပြီ... လက်နက်တွေချပြီး ငါ့ကို သစ္စာခံမယ်ဆိုရင် မင်းတို့ကို သေဘေးကနေ အသက်ချမ်းသာပေးမယ်"

ချက်ချင်းပင် ထိုလူများက သက်ပြင်းချလိုက်နိုင်ကြပြီး လက်ထဲရှိ သန္ဓေပြောင်းစွမ်းအင် လက်နက်များကို ဆက်တိုက် လွှင့်ပစ်ကာ လက်နက်ချ အရှုံးပေးလိုက်ကြသည်။

ဤလူအုပ်ကြီးက ဤစည်းမျဉ်းကို အစောကြီးကတည်းက အကျင့်ပါနေပုံရပြီး လုပ်ဆောင်ရာတွင် မည်သည့် မလိုလားမှုမျှ မရှိဘဲ တော်တော်လေးကို ချောမွေ့နေသည်။

"ဒေါင်"

တစ်ဖက်ရှိ ထိုသံသင်္ဘောထဲမှ သတ္တုချင်း ရိုက်ခတ်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုနောက်တွင် ရွှေရောင် ကိုယ်ဟန်တစ်ခုက သင်္ဘောခန်းထဲမှ ခုန်ထွက်လာသည်ကို မြင်လိုက်ရသည်။

လင်ကျန်းဟီက ပြန်လည် တွားသွား ထွက်လာခြင်း ဖြစ်သည်။

စောစောက တိုက်ခိုက်မှုမှာ အင်အား ကြောက်မက်ဖွယ်ကောင်းပုံ ရသော်လည်း သူ့ကို ဒဏ်ရာရစေရန်တော့ မလုံလောက်ခဲ့ပေ။

ယခုအချိန်တွင် လင်ကျန်းဟီ၏ မျက်နှာပေါ်၌ ယခင်ကလို ရူးသွပ်ကြမ်းကြုတ်သည့် အမူအရာ မရှိတော့ဘဲ ဒေါသများ အားလုံးကို ထိန်းချုပ်ထားလိုက်ပြီ ဖြစ်သည်။

သူ၏ မျက်လုံးများက လင်းယွမ်ကို စူးစိုက်ကြည့်နေပြီး အနည်းငယ် စိုးရိမ်ထိတ်လန့်မှု ပါဝင်နေသလို ယုတ်မာသည့် အငြိုးအာဃာတများလည်း ကိန်းအောင်းနေသည်။

"မင်းက ဘယ်သူလဲ"

သူက လင်းယွမ်ကို ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ကြည့်ကာ လင်းယွမ်၏ နာမည်ကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။

လင်းယွမ်က ဘုရင်မသင်္ဘော ကုန်းပတ်ပေါ်တွင် ရပ်နေကာ သူ့ကို အဝေးမှ မျက်နှာချင်းဆိုင် ကြည့်နေသည်။

သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ပါဝင်နေသည်။ "အခုမှ မေးရကောင်းမှန်း သိတာလား"

"မင်းက ငါ နာမည်သိဖို့ အရည်အချင်း ရှိတယ်" လင်ကျန်းဟီက သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ ပြောလိုက်သည်။

လင်းယွမ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်၊ ဤကောင်က တော်တော်လေး ဟန်ဆောင်နိုင်တာပဲ။

"ငါ့နာမည်ကိုသိဖို့တော့ မင်းမှာ အရည်အချင်း မရှိသေးဘူး"

လင်ကျန်းဟီ၏ သူငယ်အိမ်များ ချက်ချင်း ကျုံ့ဝင်သွားပြီးနောက် ရင်ထဲတွင် အဆုံးအစမဲ့သော အရှက်ရမှုများ ဆူပွက်လာသည်။

သို့သော် နောက်တစ်ခဏတွင် လင်းယွမ်၏ ကိုယ်ဟန်က တစ်ချက်လက်သွားပြီး မူလနေရာမှ ရွှတ်ခနဲ ပျောက်ကွယ်သွားသည်။

တစ်ဖန် ပြန်ပေါ်လာချိန်တွင် တစ်ဖက်သင်္ဘောပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လင်ကျန်းဟီ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ရင်ထဲတွင် အံ့အားသင့်သွားသည်။ "ဘယ်လိုလုပ် ဒီလောက် မြန်ရတာလဲ... သူက တကယ်တမ်း ဘယ်လိုအမျိုးအစား အစွမ်းပိုင်ရှင်လဲ"

စတင်တိုက်ခိုက်ချိန်မှ ယခုအထိ တစ်ဖက်လူက သူ၏ ရွှေကိုယ်ထည်နှင့် ယှဉ်နိုင်သည့် အလွန်စွမ်းအားကြီးသော ကာကွယ်မှုအစွမ်းကို ထုတ်ဖော်ပြသခဲ့ပြီး သူ့ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ခွန်အားအစွမ်းလည်း ရှိနေသေးသည်။

ယခုလည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အလျင်အစွမ်းကို ထုတ်ဖော်ပြသလာပြန်သည်။

တစ်ချိန်တည်းမှာပင် လင်ကျန်းဟီမှာ ဤလူက တကယ်တမ်း မည်သည့်အမျိုးအစား အစွမ်းပိုင်ရှင်လဲဆိုတာကို တွေးတောနိုင်စွမ်းပင် မရှိတော့ပေ။

သို့သော် မည်သည့်အမျိုးအစား အစွမ်းပိုင်ရှင်ပင် ဖြစ်ပါစေ... ယခုအချိန်တွင် သူက ကိစ္စတစ်ခုကို နားလည်သွားပြီ ဖြစ်သည်။

သူ တစ်ဖက်လူကို မနိုင်နိုင်ပေ။

လင်းယွမ်၏ ကိုယ်ဟန်က သူ၏ အနောက်တွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။

လက်ဝါးတစ်ဖက်က သူ၏ လည်ပင်းကို တိုက်ရိုက် ဖိနှိပ်ထားလိုက်သည်။

လင်ကျန်းဟီက မကြောက်ရွံ့ပေ၊ သူ မနိုင်သော်လည်း ရှုံးမည်တော့ မဟုတ်ပေ။

သူ၏ ကာကွယ်မှုက ပြိုင်ဘက်ကင်းသည်။

"မင်း အရမ်းစွမ်းတယ်ဆိုတာကို ငါ ဝန်ခံတယ်... ဒါပေမဲ့ ဘာဖြစ်လဲ... မင်း ငါ့ကို သတ်နိုင်လို့လား"

"မင်း ငါ့ကို မသတ်နိုင်သရွေ့... တစ်နေ့ကျရင် ငါ မင်းကို သတ်နိုင်မှာပဲ... ပြီးတော့ မင်း ဂရုစိုက်ရတဲ့ လူတွေနဲ့ ပစ္စည်းတွေ အားလုံးကိုရောပဲ"

လင်ကျန်းဟီက ရူးသွပ်သကဲ့သို့ ရက်စက်စွာ ပြုံးလိုက်ပြီး မည်သည့် ကြောက်ရွံ့မှုမျှ မရှိဘဲ ခေါင်းလှည့်ကာ လင်းယွမ်ကို စူးစိုက်ကြည့်ရင်း ခြိမ်းခြောက်လိုက်သည်။

ဆက်ရန်...

All Chapters