← Chapters

အခန်း (၂၉၈)

Vol. 28 Ch. 298

အခန်း (၂၉၈)

Vol. 28 Ch. 298

📝အပိုင်း - ၂၉၈

ဘာသာပြန် - Na Gar🐉

ချန်ဆန်းရှီသည် သူ၏တပ်ဖွဲ့များကို ဦးဆောင်ကာ ထွက်ခွာလာခဲ့ပြီးနောက် မိုင် ၅၀ ခန့်အကွာ တောရိုင်းထဲရှိ လမ်းဆုံတစ်ခုတွင် ရပ်နားလိုက်သည်။

"ရွှီ..."

သူ့ပါးစပ်မှ အလိုလို ထွက်သွားသဖြင့် ပြန်ပြင်ရန်ပင် ခက်ခဲနေမိသည်။

"မြေပုံပေးစမ်း"

"ဘယ်သူ့မှာ မြေပုံရှိလဲ မြန်မြန်ထုတ်"

ကျောက်ကန်နှင့် တခြားသူများ ရှာဖွေနေကြသော်လည်း အချိန်အတော်ကြာသည်အထိ အသံထွက်မလာပေ။

"အရှင်... ကျွန်တော့်မှာ ရှိပါတယ်"

ရှာချုံ က ကြိုတင်ပြင်ဆင်ထားပုံရသည်။ သူသည် မြေပုံကို ချက်ချင်းထုတ်ယူကာ ချန်ဆန်းရှီရှေ့တွင် ရိုသေစွာ ဖြန့်ခင်းပေးလိုက်သည်။

"ကျွန်တော့်မှာ အကြံအချို့ရှိပါတယ်၊ ပြောခွင့်ပြုမလားခင်ဗျာ"

ခရီးတစ်လျှောက်တွင် ဗိုလ်ချုပ်ဖြစ်သူသည် ဝူလုံဟု တင်စားရမည့်

ပညာရှင်ရွှီကို တမ်းတနေသည်ကို သူ သတိပြုမိသည်။ ၎င်းက ဗိုလ်ချုပ်တွင် လက်ရုံးတစ်ဆူ လိုအပ်နေသည်ကို ပြသနေခြင်းပင်။ ထို့ကြောင့် သူက ထိုနေရာတွင် ဝင်ရောက်ကူညီရန် အသင့်ပြင်ထားပြီး ဗိုလ်ချုပ်အနီးတွင် ပညာသင်ယူကာ ယုံကြည်ရသော လူယုံတစ်ဦး ဖြစ်လာရန် မျှော်လင့်နေသည်။

ချန်ဆန်းရှီက မြေပုံကို ကြည့်နေရာမှ ခေါင်းမဖော်ဘဲ ပြန်ဖြေလိုက်သည်။

"ပြောပါ"

"ကျေးဇူးတင်ပါတယ် အရှင်"

ရှာချုံက အလေးအနက် ဂါရဝပြုလိုက်သည် "ကျွန်တော့်အမြင်အရတော့ သုံ့ပန်းတွေကို လွှတ်ပေးရုံနဲ့ တိုက်ရိုက်ဖျောင်းဖျတာက ထိရောက်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ဘက်က အရင်ဆုံး အင်အားသုံးပြပြီးမှ မေတ္တာတရားကို ပြရပါမယ်။ မြို့တစ်မြို့ကို အရင်သိမ်းပိုက်ပြပြီးမှ လက်တွေ့လုပ်ဆောင်ချက်နဲ့ သက်သေပြရပါလိမ့်မယ်"

"အင်း... မင်းရဲ့ စဉ်းစားပုံက မမှားပါဘူး"

ချန်ဆန်းရှီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ဆက်ပြောဦး" ဟု ဆိုသည်။

အားတက်သွားသော ရှာချုံက သူပြင်ဆင်ထားသော ဆန်းစစ်ချက်များကို တင်ပြတော့သည်"ကျောက်ထုံခရိုင်ထဲမှာ မြို့စောင့်တပ် ရှစ်ထောင် ရှိနေဆဲပါ။ အဲဒီထဲမှာ နှစ်ထောင်က ဒေသခံတပ်သားတွေဖြစ်ပြီး ကျန်တဲ့ ခြောက်ထောင်က တခြားနေရာတွေကနေ ခေါ်ထားတဲ့ တပ်စခန်းရှစ်ခု ထဲက အထူးတပ်သားတွေပါ။ အရပ်သားတွေရဲ့ ကူညီမှုနဲ့ဆိုရင် ကျောက်ထုံကို တိုက်ရိုက်တိုက်ခိုက်ဖို့က လုံးဝ မဖြစ်နိုင်ပါဘူး"

"ဒါကြောင့် ကျွန်တော့်အမြင်အရ ကျောက်ထုံနဲ့ နီးကပ်တဲ့ ဆုန်လင် ခရိုင်ကို အရင်တိုက်သင့်ပါတယ်။ အဲဒီက ရန်သူ့ခံစစ်က မတောင့်တင်းသလို ဝိုင်းထားတာလည်း ကြာပါပြီ။ အကယ်၍ ကျွန်တော်တို့ရဲ့ အနက်ရောင်သံချပ်ကာတပ်ဖွဲ့ သုံးထောင်က အပြင်းအထန် ဝင်တိုက်မယ်ဆိုရင် သိမ်းပိုက်နိုင်ဖို့ အခွင့်အရေး အများကြီးရှိပါတယ်။ ဆုန်လင်ခရိုင် ကျသွားပြီဆိုရင် ကျောက်ထုံခရိုင်ရဲ့ စိတ်ဓာတ်က အလိုလို ပျက်ပြားသွားမှာပါ။ အဲဒီအချိန်ကျမှ သူတို့ကို အညံ့ခံဖို့ ဖျောင်းဖျသင့်ပါတယ်"

"မဟုတ်ဘူး၊ အဲဒါက လုံးဝ မလုံလောက်သေးဘူး"

ချန်ဆန်းရှီက ထိုအကြံကို ပယ်ချလိုက်သည်"အဲဒီအတွက် ဘယ်လောက်တောင် ပေးဆပ်ရမလဲဆိုတာ မပြောနဲ့ဦး၊ အချိန်က ငါတို့အတွက် အလဟဿ အကုန်မခံနိုင်တဲ့အရာပဲ။ ဒါ့အပြင်... ငါတို့ ကျောက်ထုံခရိုင်ကို ဘာကြောင့် နှစ်လအတွင်းမှာ သိမ်းရမလဲဆိုတာ မင်းသိလား"

"ယုံလဲ့ခရိုင်ကို တိုက်ဖို့ စစ်သည်အင်အား စုစည်းဖို့အပြင်... ကျွန်တော် ထင်တာကတော့..."

ရှာချုံမှာ စာမေးပွဲဖြေနေရသကဲ့သို့ ခံစားရပြီး အလေးအနက် ပြန်ဖြေသည် "နောက်နှစ်လအတွင်းမှာ ချင်နိုင်ငံက စစ်ကူတွေ ရောက်လာနိုင်ပါတယ်။ အနည်းဆုံး ငါးသောင်းထက်မနည်း ရှိနိုင်တယ်။ သူတို့ကို တားဆီးဖို့ အကောင်းဆုံးနေရာက အစိမ်းရောင်တောင်တန်းရဲ့ အပြင်ဘက် မိုင် ၂၀ အကွာမှာပါ။ ဒါပေမဲ့ အဲဒီကိုသွားဖို့ ကျောက်ထုံကို ပတ်သွားရပါလိမ့်မယ်။ အကယ်၍ ကျောက်ထုံကို မသိမ်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ နောက်ကျောမှာ ဓားတစ်စင်း ရှိနေသလိုမျိုး အချိန်မရွေး တိုက်ခိုက်ခံရနိုင်ပါတယ်"

"တကယ်လို့ မင်းပြောသလိုဆိုရင်..."

"ငါတို့ရဲ့ အခြေအနေက ထင်သလောက် မကောင်းဘူးပေါ့"

သူ့မျက်နှာက ပိုပြီး လေးနက်သွားသည်"ချင်နိုင်ငံရဲ့ စစ်ကူတွေသာအစိမ်းရောင်တောင်ကြောကို ရောက်လာပြီး ငါတို့ဘက်က သူတို့ကို တားဆီးဖို့ စစ်သားအလုံအလောက် မရှိဘူးဆိုရင် ယုံလဲ့ခရိုင်ကို တိုက်နေတာကို လက်လွှတ်ပြီး တခြားမြို့တစ်မြို့ကို ပြောင်းကာ ကာကွယ်ရပါလိမ့်မယ်"

"အဲဒီလိုဖြစ်လာရင် အခြေအနေက ဒါရှန်အင်ပါယာက ရန်သူကို ဝိုင်းထားရာကနေ နှစ်ဖက် တစ်ဆို့နေတဲ့ အခြေအနေကို ပြောင်းသွားလိမ့်မယ်"

"ချင်နိုင်ငံက လိုင်ပြည်နယ်မှာ တစ်ဆို့နေတဲ့ အခြေအနေကနေ ပြန်ပြီး အသက်ဝင်လာနိုင်တယ်"

"ပြီးတော့ ဟူလောင်မြို့ပြင်မှာ အချိန်မရွေး ပေါ်လာနိုင်တဲ့ နန်ရွှီနိုင်ငံက စစ်ကူတွေသာ ရှိမယ်ဆိုရင်..."

"ဒါရှန်အင်ပါယာက လိုင်ပြည်နယ်မှာ ကြိုးစားခဲ့သမျှ အချည်းနှီးဖြစ်သွားနိုင်ပြီး ပြည်နယ်သုံးခုကို ပြန်သိမ်းဖို့ဆိုတာ အိပ်မက်တစ်ခုပဲ ဖြစ်သွားလိမ့်မယ်"

ဘေးနားမှ အနက်ရောင်သံချပ်ကာတပ်ဖွဲ့ ၏ တခြားတပ်ရင်းမှူးနှစ်ဦးဖြစ်သော ရှောင်ကျန်း နှင့် ယူကျိခယ် တို့သည်လည်း လေးနက်သော အမူအရာဖြင့် နားထောင်နေကြသည်။

"မင်းတို့တွေကတော့ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်ကြသေးသားပဲ"

ချန်ဆန်းရှီက ဆက်ပြောသည် "ဒါကြောင့် ငါတို့လုပ်ရမှာက အချိန်နဲ့ ပြေးရမယ်။ အချိန်ဆိုတာ အခွင့်အရေးပဲ။ မြို့တိုင်းမှာရှိတဲ့ စစ်သည်တွေနဲ့ မြင်းတွေကို မြန်မြန်ကိုင်တွယ်နိုင်လေ၊ ဒါရှန်အင်ပါယာရဲ့ တကွဲတပြားဖြစ်နေတဲ့ အင်အားတွေကို မြန်မြန်စုစည်းနိုင်လေ၊ လာမယ့် အပြောင်းအလဲတွေကို ရင်ဆိုင်ဖို့ ပိုပြီး အသင့်ဖြစ်လေပဲ"

"မြို့တစ်မြို့ကို အမြန်ဆုံးသိမ်းနိုင်တဲ့ နည်းလမ်းကတော့ ရန်သူ့စစ်တပ်ကို တံခါးဖွင့်ပြီး အညံ့ခံခိုင်းတာပဲ။ တိုက်ပွဲသာ ဖြစ်လာရင် အသေးဆုံးမြို့လေးတောင်မှ ငါတို့ရဲ့ အချိန်နဲ့ စစ်သည်တွေကို အများကြီး ကုန်ဆုံးစေလိမ့်မယ်။ မိုင်တစ်ထောင်နီးပါးရှိတဲ့ စစ်မျက်နှာပြင်မှာ မြို့တွေ အများကြီးရှိနေတာ။ ငါတို့မှာ အဲဒီလို အချိန်ကုန်ခံနိုင်တဲ့ အင်အား မရှိဘူး"

"ဆုန်လင် တစ်မြို့တည်းနဲ့ မလုံလောက်ဘူး၊ ကျောက်ထုံ တစ်မြို့တည်းနဲ့လည်း မလုံလောက်ဘူး"

"ငါလိုချင်တာက ယုံလဲ့ခရိုင်ကလွဲရင် လိုင်ပြည်နယ်ထဲမှာရှိတဲ့ ခရိုင်ပေါင်း ၃၆ ခုလုံး ငါတို့ စစ်တပ်ကို မြင်တာနဲ့တင် အညံ့ခံသွားဖို့ပဲ"

ခရိုင် ၃၆ ခုလုံး မြင်တာနဲ့ အညံ့ခံဖို့တဲ့လား..

ရှာချုံနှင့် တခြားသူများ အချင်းချင်း ကြည့်လိုက်ကြပြီး မယုံနိုင်သလို ဖြစ်နေကြသည်။

ဒါ့အပြင် စစ်မိန့်အရဆိုရင်...

သူတို့ဟာ ကျောက်ထုံခရိုင်ကိုပဲ ကိုင်တွယ်ဖို့ တာဝန်ရှိတာပါ။ ဒီလောက်အထိ လုပ်ဖို့ တကယ်ပဲ လိုအပ်လို့လား..

ရှောင်ကျန်းက သူ၏ သံသယကို ထုတ်ဖော်ပြောဆိုသည် "အရှင်... ကျွန်တော် ရဲရဲဝံ့ဝံ့ပဲ တင်ပြပါရစေ။ ဒါက အရမ်းကို ခက်ခဲလွန်းမနေဘူးလား"

"ဟုတ်ပါတယ် အရှင်၊ ကျွန်တော်တို့ အရှင်ကို မယုံတာ မဟုတ်ပါဘူး၊ ဒါပေမဲ့..."

ယူကျိခယ်ကလည်း ဖြည့်ပြောသည်"အဓိကကျတဲ့ မြို့တစ်မြို့၊ နှစ်မြို့ကို အညံ့ခံအောင် လုပ်ဖို့တောင် တကယ့်ကို ခက်ခဲတဲ့အလုပ်ပါ။ ခရိုင် ၃၆ ခုလုံးကို ဖျောင်းဖျဖို့ဆိုတာကတော့... တကယ်ပဲ မဖြစ်နိုင်တာကြီး မဟုတ်လား"

"ဟင်း..ဘာမှမဟုတ်တာကို အဟုတ်လုပ်နေကြပြန်ပြီ"

ကျူထုံ က လှောင်ပြောင်သလို ပြောလိုက်သည် "ငါတောင် သိသေးတယ်၊ အရင်ဆုံး ဒါကိုလုပ်၊ ပြီးရင် ဟိုဟာကိုလုပ်၊ ဒါဆိုရင် အောင်မြင်မှာပဲ"

"အဘိုးကြီးကျူ... ပြဿနာမရှာနဲ့"

ကျွမ်းယီက သူ့ကို ဘေးသို့ ဆွဲထုတ်လိုက်သည် "ဗိုလ်ချုပ်ပြောတာကိုပဲ နားထောင်စမ်းပါ၊ မင်းက ဘာမှလည်း သိတာမဟုတ်ဘဲနဲ့"

သို့သော် ပိုယန်က ညီအစ်ကိုများကတော့ မည်သို့မျှ မဖြစ်ကြပေ။ သူတို့၏ ဗိုလ်ချုပ်သည် သူပြောသည့်အတိုင်း မဟာဗျူဟာမြောက် ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်မည်ဟု လုံးဝ ယုံကြည်ထားကြသည်။

"ယူကျိခယ်... မင်း မှားနေတဲ့ အချက်တစ်ခု ရှိတယ်"

ချန်ဆန်းရှီ၏ အကြည့်မှာ မြေပုံပေါ်တွင်သာ ရှိနေဆဲဖြစ်သည် "တစ်ခါတလေမှာ ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ မြို့ပေါင်းများစွာကို အညံ့ခံအောင် လုပ်ဖို့က မြို့တစ်မြို့၊ နှစ်မြို့တည်းကို ဖျောင်းဖျရတာထက် အများကြီး ပိုပြီး လွယ်ကူတတ်တယ်။ ဒါကို အရှိန်အဟုန် လို့ခေါ်တယ်"

"တချို့က စစ်ပွဲမှာ လှည့်ဖြားခြင်းက အဓိကလို့ ပြောကြတယ်၊ တချို့ကတော့ အာဏာက အဓိကလို့ ပြောကြတယ်၊ တချို့ကလည်း ကိုယ့်ရဲ့ အနေအထားကို တည်ငြိမ်အောင် ထိန်းထားပြီး ရန်သူ့ရဲ့ အမှားကို စောင့်ဖို့က အရေးကြီးဆုံးလို့ ပြောကြတယ်။ ဒါပေမဲ့ ငါပြောတာကတော့—"

သူက အလေးအနက်ထား၍ ခေတ္တရပ်လိုက်သည်။ သူပြောလိုက်သော စကားလုံးတိုင်းမှာ ခေါင်းလောင်းသံကဲ့သို့ ဟိန်းထွက်သွားသည်"စစ်ပညာမှာ အရှိန်အဟုန်ကသာ အရာအားလုံးပဲ"

All Chapters