← Chapters

အခန်း (၂၉၉)

Vol. 28 Ch. 299

အခန်း (၂၉၉)

Vol. 28 Ch. 299

📝အပိုင်း - ၂၉၉

ဘာသာပြန် - NaGar🐉

"အရှိန်အဟုန်... ဟုတ်လား"

ရှာချုံမှာ ခေတ္တမျှ ကြောင်အသွားသည်။

သို့သော် သူတို့အားလုံးသည် ချက်ချင်းဆိုသလိုပင် သတိပြန်ဝင်လာကာ လက်သီးဆုပ် ဂါရဝပြုရင်း တညီတညွတ်တည်း ပြောလိုက်ကြသည်။

"အရှင်... ကျွန်တော်တို့ကို လမ်းညွှန်ပြသပေးပါဦး"

"လောကမှာရှိတဲ့ အရာအားလုံးဟာ အရှိန်အဟုန်ဆိုတဲ့အပေါ်မှာပဲ မူတည်နေတာပါ"

စစ်ထဲဝင်ကတည်းက ချန်ဆန်းရှီသည် တိုက်ပွဲကြီးငယ် မြောက်မြားစွာတွင် ပါဝင်ခဲ့ပြီးနောက် အချို့သော အမြင်သစ်များကို ရရှိခဲ့သည် "မြို့ကို ဝိုင်းဝန်းတိုက်ခိုက်တဲ့နေရာမှာ မသေမချင်း မဆုတ်တမ်းတိုက်မယ့် အရှိန်အဟုန်ရှိတယ်၊ မြို့ကို ခုခံကာကွယ်တဲ့နေရာမှာတော့ အညံ့ခံမယ့်အစား သေတာကမှ မြတ်ဦးမယ်ဆိုတဲ့ အရှိန်အဟုန်ရှိတယ်၊ ရန်သူ့တပ်ထဲကို ထိုးဖောက်ဝင်ရောက်တဲ့အခါမှာတော့ သေမင်းကို ရှာဖွေဖို့အထိ ဝံ့ရဲတဲ့ အရှိန်အဟုန်ရှိပြီး၊ တိုက်ပွဲမှာ အနိုင်ရနေတဲ့အခါမှာတော့ တားဆီးလို့မရနိုင်တဲ့ အရှိန်အဟုန်ရှိတတ်ကြတယ်။ အလားတူပါပဲ... စစ်ရှုံးပြီး ပြိုကွဲတဲ့အခါမှာတော့ မိုင်ပေါင်းထောင်ချီ ထွက်ပြေးရတဲ့အထိ ပျက်စီးသွားတဲ့ အရှိန်အဟုန်ရှိသလို၊ အညံ့ခံတဲ့နေရာမှာတောင်မှ စိတ်ဓာတ်တွေ အောက်ဆုံးထိကျပြီး ရန်သူ့ကို မြင်တာနဲ့တင် ဒူးထောက်အရှုံးပေးလိုက်ရတဲ့ အရှိန်အဟုန်မျိုးလည်း ရှိတယ်"

"ဒီလို အရှိန်အဟုန်မျိုးသာ ဖြစ်ပေါ်လာပြီဆိုရင် ရန်သူဟာ အိမ်ခြေရာမဲ့ဖြစ်သွားတဲ့ ခွေးတစ်ကောင်လို၊ ရှုံးနိမ့်သွားတဲ့ ကြက်ဖတစ်ကောင်လို ဖြစ်သွားပြီး ဘာခုခံလိုစိတ်မှ ရှိတော့မှာ မဟုတ်ဘူး။ သူတို့မှာ တစ်ခုတည်းသော အတွေးပဲ ကျန်တော့မယ်၊ အဲဒါကတော့ အညံ့ခံဖို့ပဲ"

"ငါတို့လုပ်ရမှာကတော့ ဒီ 'အညံ့ခံခြင်း' ဆိုတဲ့ လွှမ်းမိုးမှုကြီးမားတဲ့ အရှိန်အဟုန်ကို ဖန်တီးဖို့ပဲ"

"စစ်ပညာဆိုတာ အရှိန်အဟုန်ပါပဲ"

ရှာချုံက ဇဝေဇဝါဖြစ်နေဆဲဖြင့် မေးလိုက်သည်"ဒါဆိုရင် အရှင်... ဒီလို ကြီးမားတဲ့ အရှိန်အဟုန်မျိုးဖြစ်အောင် နောက်ထပ် ဘယ်လို ဖန်တီးရမလဲခင်ဗျာ"

"စုစုပေါင်း အဆင့်ငါးဆင့် ရှိတယ်"

"ပထမအဆင့်ကိုတော့ 'ရည်ရွယ်ချက်ရှိရှိ ဟာကွက်ချန်ကာ အတင်းအကျပ် ဝိုင်းရံခြင်း' လို့ ငါခေါ်တယ်"

ချန်ဆန်းရှီက အမိန့်ပေးလိုက်သည် "ငါ့ရဲ့ အမိန့်ကို လက်ဆင့်ကမ်းလိုက်ပါ။ ယုံလဲ့ခရိုင်ကလွဲရင် ကျန်တဲ့ ဗိုလ်ချုပ်အားလုံး မြို့ကို ဝိုင်းတိုက်နေတာကို ချက်ချင်းရပ်ရမယ်။ ပြီးရင် လမ်းကြောင်းအနည်းငယ်ကို ဖွင့်ပေးထားရမယ်။ အဲဒါမှ ရန်သူ့ဘက်က ကင်းထောက်တွေဟာ တစ်မြို့နဲ့တစ်မြို့ ဆက်သွယ်နိုင်ပြီး သတင်းအချက်အလက်တွေ အပြန်အလှန် ပေးပို့နိုင်ကြမှာ"

"ရှာချုံ... ငါပြောတဲ့အတိုင်း အတိအကျရေးပြီး သိမ်းငှက်နဲ့ တပ်ဖွဲ့အားလုံးဆီ ပို့လိုက်ပါ"

ဒီတစ်ကြိမ်မှာတော့ သူဟာ စတုတ္ထအစ်ကိုရဲ့ သိမ်းငှက်ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

"ဒါဆိုရင် ဒုတိယအဆင့်ကို သွားကြစို့၊ ငါ့နောက်ကို လိုက်ခဲ့"

"ချီတက်ကြ——"

အဖွဲ့သားအားလုံးသည် အရှိန်အဟုန်ဖြင့် ချီတက်လာကြရာ မကြာမီမှာပင်...

သုံ့ပန်းများကို ထိန်းသိမ်းထားသည့် အနီးဆုံးမြို့သို့ ရောက်ရှိလာကြသည်။

စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် စစ်သည်များ ကို သီးခြားစီ ခွဲခြားထားသည်။ ၎င်းတို့ထဲတွင် အတွင်းအားသန့်စင်ခြင်းအဆင့်နှင့် အထက်ရှိသော အရာရှိများကိုမူ မတော်တဆမှုများ မဖြစ်ပေါ်စေရန်အတွက် သူတို့၏ ပခုံးရိုးများနှင့် တခြားသော အစိတ်အပိုင်းများကို မော်ကွန်းဝင် သံချိတ်များဖြင့် ထိုးဖောက်ကာ ထိန်းချုပ်ထားသည်။

သို့သော် အဖွဲ့အစည်းစစ်သည်များ အတွက်မူ ထိုသို့ လုပ်ဆောင်ရန် မလိုအပ်ပေ။

၎င်းတို့မှာ သံချပ်ကာများကို ချွတ်ခိုင်းထားပြီး လက်နက်များကိုလည်း သိမ်းဆည်းထားကာ အဖွဲ့အစည်းကိုလည်း ဖြိုခွဲထားပြီးဖြစ်သည်။ ဦးဆောင်မည့် အရာရှိမရှိလျှင် ၎င်းတို့မှာ လက်နက်မဲ့နေသော သာမန်အရပ်သားများကဲ့သို့ပင် စည်းကမ်းမဲ့နေကြသည်။

ချန်ဆန်းရှီသည် သူ၏ မြင်းကို ရပ်တန့်လိုက်ပြီး အမိန့်ပေးတံဆိပ်ကို မြှောက်လျက် အော်ဟစ်လိုက်သည် "ဒီမှာရှိတဲ့ သုံ့ပန်းတွေကို စောင့်ကြပ်ဖို့ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်က ဘယ်သူလဲ"

"ဗိုလ်ချုပ်ချန်"

အရင်က ညွှန်ကြားချက်များ ရရှိထားသော ဒုတိယဗိုလ်ချုပ် ကျူးချီ သည် မြို့ထဲမှ ထွက်လာကာ သူ့ကို လာရောက်ကြိုဆိုသည် "ကျွန်တော်က ဒီက သုံ့ပန်းတွေကို စောင့်ကြပ်နေတဲ့ ကျူးချီပါခင်ဗျာ။ ဗိုလ်ချုပ်

ချန်မှာ ဘာများ ညွှန်ကြားစရာ ရှိပါသလဲ"

ချန်ဆန်းရှီက တည်ငြိမ်စွာဖြင့်"မြေပုံ" ဟု ပြောလိုက်သည်။

ရှာချုံက ချက်ချင်းပင် မြေပုံကို ဖြန့်ပေးလိုက်သည်။

"ပြီးတော့ စာရေးကိရိယာတွေရော"ချန်ဆန်းရှီက ထပ်မေးသည်။

"ကျွန်တော်မျိုးသေထိုက်ပါတယ်၊ စာရေးကိရိယာတွေကို အမြဲအသင့်

ပြင်ထားရမှာကို"ရှာချုံက အလျင်အမြန်ပင် ပြင်ဆင်လိုက်ပြီး မှင်နှစ်ထားသော စုတ်တံကို ကမ်းပေးလိုက်သည်။

ချန်ဆန်းရှီက စုတ်တံကို ယူကာ မြေပုံပေါ်တွင် လမ်းကြောင်းတစ်ခုကို ရေးဆွဲလိုက်ပြီး အမိန့်ပေးသည် "ဒု-ဗိုလ်ချုပ်ကျူး... ခင်ဗျားသုံ့ပန်းတွေကို လွှတ်ပေးတဲ့အခါမှာ ငါဆွဲထားတဲ့ ဒီလမ်းကြောင်းအတိုင်း အတိအကျ လိုက်ပို့ရမယ်။ သူတို့ကို ရိက္ခာခြောက်တွေလည်း ပေးလိုက်။ ပြီးတော့ ဆူဆူညံညံနဲ့ လူသိရှင်ကြား ဖြစ်လေလေ ပိုကောင်းလေလေပဲ"

"ဒီလမ်းကြောင်းတွေက..."

ကျူးချီက မြေပုံပေါ်က အနက်ရောင်လိုင်းတွေကို ကြည့်လိုက်သည် "ဒါက သူတို့ကို လူမြင်ကွင်းမှာ တမင်တကာ ပေါ်လွင်အောင် လုပ်လိုက်တာ မဟုတ်လားကျွန်တော် နားလည်ပါပြီ၊ ဗိုလ်ချုပ်ချန်ရဲ့ ရည်ရွယ်ချက်က သုံ့ပန်းတွေကို လွှတ်ပေးနေတယ်ဆိုတာကို လူတိုင်းမြင်အောင် ပြခြင်းအားဖြင့် တခြားမြို့တွေမှာ ခုခံနေတဲ့ စစ်သည်တွေရဲ့ စိတ်ဓာတ်ကို လျှော့ချဖို့ပဲ ဖြစ်ရမယ်"

"အင်း"

ချန်ဆန်းရှီက ခေါင်းညိတ်လိုက်ပြီး "ဒါ့အပြင် အသံကျယ်ကျယ်နဲ့ အော်နိုင်တဲ့ သုံ့ပန်း နှစ်ထောင်လောက်ကို ရွေးထားဦး။ သူတို့ကိုတော့ အခုချက်ချင်း မလွှတ်နဲ့ဦး၊ သူတို့ကို တခြားကိစ္စအတွက် သုံးရမယ်"

"အသံကျယ်တဲ့သူတွေ"

ကျူးချီမှာ ဤသို့ စီစဉ်ရခြင်း၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည် "နားလည်ပါပြီ။ ဗိုလ်ချုပ်ကြီးချန် စိတ်ချပါ၊ ကျွန်တော် အမှားအယွင်းမရှိအောင် အတိအကျ ဆောင်ရွက်ပါ့မယ်"

"အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ရင်တော့ မင်းခေါင်း ပြုတ်သွားလိမ့်မယ်"ချန်ဆန်းရှီက သတိပေးလိုက်သည်။

"နားလည်ပါပြီ"

ကျူးချီသည် လှည့်ထွက်သွားပြီး အလုပ်များကို စတင်လုပ်ဆောင်တော့သည်။

ချန်ဆန်းရှီသည် မြင်းပေါ်တွင် ခန့်ခန့်ထည်ထည် ထိုင်လျက် ကြေညာလိုက်သည် "နောက်ထပ် တတိယအဆင့်ကို သွားမယ်"

...

ကျောက်ထုံခရိုင်...

မြို့အပြင်ဘက်၌...

ရွှေချုံယီသည် နောက်ဆုံးရရှိထားသော အမိန့်စာကို စကားတစ်ခွန်းမှ မပြောဘဲ အကြာကြီး စိုက်ကြည့်နေသည်။

"ဗိုလ်ချုပ်ကြီးရွှေ"

ရှာဝမ်လုံက မေးလိုက်သည် "အဲဒီ ချန် ဆိုတဲ့လူက ငါတို့ကို ဘာအမိန့်

အသစ်တွေ ထပ်ပေးလိုက်ပြန်တာလဲ"

သူတို့မှာ ရာထူးအရ အဓိက ဗိုလ်ချုပ်ကြီးများ ဖြစ်သော်လည်း ယခုအခါတွင်မူ လက်ထောက်ဗိုလ်ချုပ်လေး တစ်ယောက်၏ အမိန့်ကို နေ့တိုင်း စောင့်နေရသည်။

"ဟုတ်တယ်"

ရွှေချုံယီက ဆိုသည် "သူက ငါတို့ကို မြို့ကို ဝိုင်းတိုက်နေတာကို ရပ်ခိုင်းတယ်။ ပြီးရင် နေ့တိုင်း အညံ့ခံစာ ပေးပို့ရမယ်၊ နေ့ရောညပါ မပြတ် အော်ဟစ်နေရမယ်။ ဒါ့အပြင် မြို့ပြင်က စစ်တပ်တွေကမြို့ကို ဝိုင်းထားတဲ့နေရာမှာ လမ်းကြောင်းတစ်ခုကို ဟာကွက်ချန်ထားပေးရမယ်။ အဲဒါမှ ကျောက်ထုံမြို့ထဲက သူလျှိုတွေနဲ့ ကင်းထောက်တွေဟာ အပြင်ကိုထွက်ပြီး သတင်းတွေ စုဆောင်းနိုင်မှာတဲ့"

"အဓိပ္ပာယ်မရှိလိုက်တာ"

ရှာဝမ်လုံမှာ တကယ်ပင် နားမလည်နိုင်တော့ဘဲ "မြို့ကို ဝိုင်းတိုက်တဲ့နေရာမှာ အစွမ်းကုန် ဖိအားပေးဖို့ လိုအပ်တယ်။ မြို့ထဲကလူတွေရဲ့ ဆက်သွယ်ရေးကို ဖြတ်တောက်ပြီး စိတ်မအေးဖြစ်အောင် လုပ်တာက ဖိအားပေးဖို့ အကောင်းဆုံးနည်းလမ်းပဲ။ အခုတော့ သူတို့ကို အပြင်ထွက်ခွင့်ပေးတယ်ဆိုတာက သူတို့ကို မျှော်လင့်ချက်ပေးလိုက်သလိုပဲ"

သိမ်းငှက်သယ်ဆောင်လာသော သတင်းအချက်အလက်မှာမူ အကန့်အသတ်ရှိသည်။ အဆင့်မြင့် အရာရှိများသာ ထိုသတင်းကို ရရှိနိုင်သည်။

ပိုပြီး အသေးစိတ်ကျသော သတင်းများကိုမူ များသောအားဖြင့် ကင်းထောက်များက စုံစမ်းရခြင်းဖြစ်သည်။

ကင်းထောက်အားလုံးကို မြို့ထဲတွင် ပိတ်လှောင်ထားခြင်းမှာ မြို့စောင့်တပ်၏ အမြင်တွင် ယုံလဲ့ခရိုင်ကဲ့သို့သော နေရာအနည်းငယ်မှလွဲ၍ ကျန်သည့်နေရာအားလုံးသည် မှောင်အတိ ကျနေသကဲ့သို့ပင်။

သို့သော် ကင်းထောက်များကို အပြင်သို့ လွှတ်ပေးလိုက်လျှင် မြို့များအချင်းချင်း ဆက်သွယ်နိုင်မည်ဖြစ်ကာ အတူတူ စစ်ဗျူဟာများ ချမှတ်နိုင်မည် ဖြစ်သည်။ ၎င်းက သူတို့ကို အချင်းချင်း အထောက်အကူရနေသလို ခံစားချက်ပေးစွမ်းနိုင်ပြီး ဆက်လက်ခုခံလိုသော ယုံကြည်ချက်မှာလည်း ပိုပြီး ကြီးမားလာမည် ဖြစ်သည်။

"ဒါက ငါတို့အတွက် မြို့သိမ်းဖို့ ပိုပြီး ခက်ခဲအောင် လုပ်လိုက်တာပဲ။ တကယ်ကို ပေါ့ဆတဲ့ အမိန့်ပေးချက်ပဲ သူတို့ တကယ် ထွက်ပြေးသွားမှာကို မကြောက်ဘူးလား"

ထိုသို့ ပြောလိုက်ပြီးနောက် ရှာဝမ်လုံ၏ မျက်လုံးများမှာ အရောင်

တောက်လာသည် "ငါ့မှာ အကြံတစ်ခုရှိတယ်။ သူတို့ထဲက တချို့ကို တမင်တကာ ထွက်ပြေးခွင့်ပေးလိုက်ရင်ရောဆုံးရှုံးမှုကို အတိုင်းအတာတစ်ခုအထိပဲ ထိန်းထားပြီးမှ ဒါက ချန်ရဲ့ အမိန့်အမှားကြောင့်လို့ အကြောင်းပြပြီး သူ့ခေါင်းကို ဖြတ်လိုက်ရင် ဘယ်လိုလဲ"

"မင်း အရမ်း စဉ်းစားနေတာပဲ"

ရွှေချုံယီက လှောင်ပြောင်လိုက်သည် "ချန်ဆန်းရှီက ငါတို့ကို အဲဒီဟာကွက်ကို အတိအကျ ထိန်းချုပ်ထားဖို့ အမိန့်ပေးထားတယ်။ ကင်းထောက်တွေကိုပဲ ထွက်ခွင့်ပေးရမှာ၊ ရန်သူ့တပ်တွေကို မဟုတ်ဘူး။ အကယ်၍ ဒါကို အခွင့်ကောင်းယူပြီး တစ်ယောက်ယောက်သာ ထွက်ပြေးသွားရင် သူက ငါတို့ခေါင်းကို အရင်ဖြတ်မှာ"

"သူ မဝံ့ရဲပါဘူး"

"သူ ဘာမဝံ့ရဲတာ ရှိလဲစစ်သေနာပတိချုပ်က သူ့ကို အမိန့်ပေးတံဆိပ် ပေးထားပြီးသား။ မင်းသာ အမိန့်ကို ဖီဆန်ရင် သူ မင်းကို ကွပ်မျက်လိုက်ရင်တောင် မင်း ဘာမှ ပြန်လုပ်နိုင်မှာ မဟုတ်ဘူး"

All Chapters