အခန်း (၃၀၀)
Vol. 28 Ch. 300
📝အပိုင်း - ၃၀၀
ဘာသာပြန် - Na Gar🐉
ရွှေချုံယီက အမိန့်စာကို ဘေးသို့ပစ်ချလိုက်ပြီး "ဗိုလ်ချုပ်ရှာ... ဒီအလုပ်ကို မင်းပဲ တာဝန်ယူလိုက်တော့" ဟု ဆိုသည်။
"တကယ်ကို စိတ်ပျက်စရာပဲ"
ရှာဝမ်လုံမှာလည်း မလွဲမရှောင်သာဘဲ အမိန့်ကို လိုက်နာရန် ပြင်ဆင်ရတော့သည်။
"ချန်ဆန်းရှီ ဘာတွေပဲ ကြံစည်နေပါစေ၊ သူသာ တကယ်ပဲ ဒိန်းဖုန်းကို မြို့ထဲကနေ ထွက်လာပြီး အညံ့ခံခိုင်းနိုင်မယ်ဆိုရင် ဒါဟာ ကောင်းတဲ့အချက်လို့ပဲ မှတ်ယူရမှာပါ။ ငါတို့အပေါ်မှာရှိတဲ့ အမွေးတိုင်နတ်ဘုရားဂိုဏ်း ရဲ့ တောင်းဆိုချက်တွေနဲ့ ငါ့အဖေရဲ့ ကိစ္စတွေကို ခဏဖယ်ထားဦး..."
ချောင်ဖန်က စဉ်းစားခန်းဖွင့်နေသည် "ကျောက်ထုံခရိုင်ရဲ့ တည်နေရာက အရမ်းကို အရေးပါသလို နောက်ဆက်တွဲ စစ်ရေးအခြေအနေတွေနဲ့လည်း တိုက်ရိုက်ပတ်သက်နေတယ်။ နောက်ပြီး ဒိန်းဖုန်းက ဒေသခံတွေကြားမှာ ကောင်းကင်ထက်ကဖြောင့်မတ်တဲ့အရှင်ဒိန်း ဆိုပြီး နာမည်ကြီးလွန်းတဲ့လူ။ တကယ်လို့ ဒီလိုလူမျိုးသာ အညံ့ခံသွားမယ်ဆိုရင် တခြားမြို့တွေလည်း အလိုလို အညံ့ခံလာဖို့ လမ်းစဖြစ်သွားလိမ့်မယ်"
"ဒါပေမဲ့ မေးစရာရှိတာက သူ ဒါကို ဘယ်လိုနည်းနဲ့ လုပ်မှာလဲ"
"မျက်တောင်တစ်ခတ်အတွင်းမှာပဲ ခုနစ်ရက်တောင် ကုန်သွားပြီ။ သူ့ရဲ့ အရိပ်အယောင်ကိုတောင် မမြင်ရသေးဘူး။ နှစ်လဆိုတဲ့ အချိန်ကရော တကယ်ပဲ လုံလောက်ပါ့မလား"
အဓိကတပည့်နေရာကို ယှဉ်ပြိုင်ဖို့ လက်လျှော့လိုက်ပြီးကတည်းက ချောင်ဖန်ဟာ ချန်ဆန်းရှီအပေါ်ထားတဲ့ အာဃာတတွေ လျော့နည်းသွားပြီး အားကျစိတ်တွေတောင် ပေါ်လာမိသည်။ ဒါပေမဲ့ အခုအခြေအနေမှာတော့ ချန်ဆန်းရှီ ဘာတွေလုပ်နေလဲဆိုတာကို သူ တကယ်ကို တွေးလို့မရနိုင်အောင် ဖြစ်နေရသည်။
"သူပြောတဲ့အတိုင်းပဲ လုပ်ကြစို့"
ရွှေချုံယီက မကျေမနပ်ဖြစ်နေတဲ့ စိတ်ကိုထိန်းပြီး "တကယ်လို့ ဒါက အလုပ်မဖြစ်လို့ စစ်ရေးအခွင့်အရေးတွေ လက်လွတ်သွားပြီး ဆိုးကျိုးတွေ ဖြစ်လာရင်တောင် ဒါဟာ ငါတို့တာဝန် မဟုတ်ဘူး။ အချိန်ကလည်း နှစ်လတောင် မကျန်တော့ဘူးပဲ" ဟု ဆိုသည်။
"ဗိုလ်ချုပ်ကြီးရွှေ"
ဒါရှန်စစ်တပ်ရဲ့ အရာရှိဝတ်စုံကို ဝတ်ဆင်ထားတဲ့ ယွမ်ရှောင်ကျိီက ရှေ့ကိုတက်လာပြီး "ဒီအတိုင်း အချိန်ဆွဲနေလို့ မဖြစ်ဘူး၊ ဒီမြို့ကို အမြန်ဆုံးသိမ်းရမယ်"ဟု သတိပေးလိုက်သည်။
"စိတ်အေးအေးထားပါ ဆရာတော်"
ရွှေချုံယီက "မြို့ကို မသိမ်းနိုင်ရင်တောင်မှ အိမ်ရှေ့မင်းသား လွှဲအပ်ထားတဲ့ ကိစ္စတွေကိုတော့ အချိန်မီအောင် ငါတို့ သေချာဆောင်ရွက်သွားမှာပါ" ဟု ပြောလိုက်သည်။
"ကျွန်ုပ်က သတိပေးရုံသက်သက်ပါ"
ယွမ်ရှောင်ကျိီက ဆက်ပြောသည်"နောက်ပြီး အနိုင်အရှုံးကို ဆုံးဖြတ်ရမယ့်နေရာက မြို့တော်ရဲ့ အပြင်ဘက်မှာ ဖြစ်တာက အကောင်းဆုံးပဲ"
"ဒါကတော့ အခုချိန်မှာ ပြောရခက်သွားပြီ"
ရွှေချုံယီက မျက်မှောင်ကြုတ်လျက် "လက်ရှိအခြေအနေအရ ပြည်နယ်သုံးခုကို ပြန်သိမ်းနိုင်ဖို့ အခွင့်အရေး ဘယ်လောက်ရှိလဲဆိုတာ မသေချာဘူး။ ဘာပဲဖြစ်ဖြစ် အဆင်မပြေခဲ့ရင်တော့ တခြားအချိန်နဲ့ နေရာကိုပဲ ရွေးရမှာပေါ့"
"ဒါဆိုလည်း ကောင်းပါပြီ"
ယွမ်ရှောင်ကျိီက ဆက်မပြောတော့ဘဲ တိတ်တဆိတ် ဆုတ်ခွာသွားသည်။
...
ကျောက်ထုံခရိုင်၊ မြို့အတွင်း၌...
ရက်ပေါင်း ၄၀ ကျော်ကြာ ပြင်းထန်တဲ့ မြို့သိမ်းတိုက်ပွဲဒဏ်ကို ခံစားခဲ့ရပြီးနောက် မြို့ရိုးတွေမှာ အက်ရာဗရပွ ဖြစ်နေသလို အလောင်းတွေကလည်း တောင်ပုံရာပုံ ရှိနေသည်။ စစ်သည်တွေနဲ့ အရပ်သား အလုပ်သမားတွေဟာလည်း နွမ်းနယ်ပင်ပန်းနေကြပြီ ဖြစ်သည်။
ဒါပေမဲ့ ဒီနေ့မှာတော့ အရာအားလုံးက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
မြို့ပြင်က ရန်သူ့စစ်တပ်ဟာ အရင်နဲ့မတူဘဲ ငြိမ်သက်သွားပြီး မြို့ရိုးအောက်မှာ အညံ့ခံဖို့ လာအော်တဲ့ မြင်းစီးစစ်သည် နှစ်ယောက်၊ သုံးယောက်လောက်ပဲ ကျန်တော့သည်။ တစ်ခါတစ်ရံ မြို့ရိုးပေါ်ကို ပစ်တင်လိုက်တဲ့ မြှားတွေမှာလည်း အညံ့ခံဖို့ ဖျောင်းဖျထားတဲ့ စာလွှာတွေသာ ပါလာတတ်သည်။
"ချင်နိုင်ငံသားတွေနဲ့ မြို့ထဲက ချင်စစ်တပ်တွေ နားထောင်ကြစမ်း"
"အသက်ရှင်ချင်ရင် မြို့တံခါးကို စောစောဖွင့်ပြီး အညံ့ခံကြ။ မဟုတ်ရင် မြို့ကျသွားတာနဲ့ တစ်ယောက်မှ အသက်ချမ်းသာပေးမှာ မဟုတ်ဘူး"
"ဘာလို့ အသေခံပြီး ခုခံနေကြတာလဲ"
"မင်းတို့ဆီကို စစ်ကူတွေ လာမှာမဟုတ်ဘူး"
"..."
မြို့ရိုးပေါ်မှာ တိုက်ပွဲခေတ္တနားချိန် မြို့ရိုးပြင်ဆင်နေတဲ့ အရပ်သားတွေနဲ့ စစ်သည်တွေဟာ ဒီစကားတွေကို သံသယစိတ်နဲ့ နားထောင်နေကြသည်။
"ဗိုလ်ချုပ်ကြီး"
ချင်နိုင်ငံရဲ့ ဗိုလ်ချုပ်တွေက လာရောက်အစီရင်ခံသည် "ဒါရှန်စစ်တပ်တွေက စခန်းထဲကို ပြန်ဆုတ်သွားကြပြီ။ လောလောဆယ် မြို့ကို ဆက်မတိုက်တော့မယ့် သဘောပဲ။ ဒါ့အပြင် ကျွန်တော်တို့ လွှတ်ထားတဲ့ ကင်းထောက်တွေလည်း ရန်သူ့တပ်တွေကို ဖောက်ထွက်နိုင်သွားပြီဖြစ်လို့ မကြာခင် တခြားမြို့တွေဆီက သတင်းတွေကို ယူလာနိုင်တော့မှာပါ။ ဒါက ရန်သူတွေ ပေါ့လျော့သွားတာကို ပြနေတာလားဒီအခွင့်အရေးကို သုံးပြီး မြို့ထဲကနေ ဖောက်ထွက်ဖို့ ကြိုးစားသင့်သလား"
"မဖြစ်နိုင်ဘူး"
ကျောက်ထုံခရိုင်ရဲ့ ဗိုလ်ချုပ်ကြီးဖြစ်တဲ့ နက်နဲပုံရိပ်အထွတ်အထိပ်အဆင့်ဒိန်းဖုန်း က ကျောက်တုံးကြီးတွေကို ကိုယ်တိုင်ရွှေ့ရင်း တည်ငြိမ်စွာ ပြောလိုက်သည်"ဒါက 'သုံးဖက်ဝိုင်းပြီး တစ်ဖက်လွှတ်ထားတဲ့' ဗျူဟာပဲ။ ငါတို့ကို မြို့ထဲက ထွက်လာအောင် မျှားခေါ်နေတာ။ အပြင်မှာ ချုံခိုတိုက်ခိုက်မယ့်သူတွေ သေချာပေါက် စောင့်နေလိမ့်
မယ်။ ဆက်ပြီး မြို့ကိုပဲ ကာကွယ်ကြ"
"အရှင်... ကျွန်တော်တို့ ဘယ်လောက်အထိ ဆက်တောင့်ခံထားနိုင်ဦးမှာလဲ"
"ဟုတ်တယ် ဒါတွေက ဘယ်တော့မှ ပြီးမှာလဲယုံလဲ့ခရိုင်လည်း အဝိုင်းခံထားရပြီလို့ ကြားတယ်။ လိုင်ပြည်နယ်ကြီးတော့ ပျက်စီးတော့မှာလား"
"ဇန်နဝါရီလတောင် ရောက်ပြီ။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ အိမ်နဲ့ဝေးနေတာ လပေါင်းများစွာ ကြာခဲ့ပြီ။ ဒီနေ့အထိ အိမ်ကို စာတစ်စောင်တောင် ပြန်မပို့နိုင်သေးဘူး"
"ဟုတ်တယ်"
"..."
စစ်သည်တွေဟာ အချင်းချင်း အမျိုးမျိုး ဆွေးနွေးနေကြသည်။ မြို့ထဲက အရပ်သားတွေဟာလည်း ထပ်တူပင် ဆင်းရဲဒုက္ခ ရောက်နေကြရသည်။ မြို့စောင့်တပ်တွေထက်စာရင် သူတို့ဟာ နေ့စဉ်နဲ့အမျှ သေဆုံးမှု ပိုများနေတာ ဖြစ်သည်။
"အရှင်..."
"ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း ပြောပြပေးပါ၊ ဒါတွေက ဘယ်တော့ ပြီးမှာလဲ"
"ဟုတ်ပါတယ်၊ အပြင်က ရန်သူတွေကို ဘယ်တော့မှ မောင်းထုတ်နိုင်မှာလဲ"
"ကျွန်တော့်အဖေရဲ့ အလောင်းက မြို့ရိုးပေါ်က ပြုတ်ကျသွားတာ အခုထိ ပြန်ကောက်ဖို့ အခွင့်အရေး မရသေးဘူး..."
"..."
"ဒုန်း"
ဒိန်းဖုန်းက သူကိုင်ထားတဲ့ ကျောက်တုံးကြီးကို ရုတ်တရက် ပစ်ချလိုက်ရာ မိုးကြိုးပစ်သံကဲ့သို့ မြည်ဟည်းသွားသည်။ သူက အားမာန်ပါတဲ့ အသံနဲ့ ပြောလိုက်သည် "ငါတို့ ဘယ်လောက်အထိ ဆက်ခုခံရမလဲလို့ မင်းတို့ မေးနေကြတာလားအမှန်အတိုင်း ပြောရရင် အနည်းဆုံး နောက်ထပ် ရက်ပေါင်း ၆၀ လောက်ပဲ တကယ်လို့ မင်းတို့ ဆက်ပြီး မခုခံချင်တော့ဘူးဆိုရင် မြို့တံခါးကို သွားဖွင့်ပြီး အညံ့ခံလိုက်လို့ ရတယ်။ ငါ မတားဘူး၊ ဒါပေမဲ့—"
သူက ခေတ္တရပ်ပြီးမှ အလေးအနက် ပြောလိုက်သည်"ဒါရှန်လူမျိုးတွေရဲ့ စကားကို မင်းတို့ တကယ်ပဲ ယုံရဲလို့လား"
"ဒါကတော့..."
စစ်သည်တွေနဲ့ အရပ်သားတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း စကားမဲ့သွားကြသည်။
ဟုတ်ပါသည်။ ဒါရှန်လူမျိုးတွေရဲ့ စကားကို ယုံလို့ရပါ့မလား..
လေရှန်းခရိုင်ကို သူတို့တိုက်တုန်းကလည်း အလားတူ ကတိတွေ ပေးခဲ့တာပဲ။ ဒါပေမဲ့ အဲဒီက လူတွေ ဘယ်လိုဖြစ်ကုန်ကြလဲဆိုတာ အားလုံး မြင်တွေ့ခဲ့ကြပြီးသားပဲ။ ပြည်နယ်ငါးခုလုံး ငရဲမီးတောက်ထဲ ရောက်သွားသလို ဖြစ်ခဲ့ရတာလေ။
"မင်းတို့တွေ အဲလောက်တော့ မအကြသေးဘူးပဲ"
ဒိန်းဖုန်းက မြင့်တဲ့နေရာတစ်ခုပေါ် တက်ရပ်လိုက်ပြီး အော်ဟစ်လိုက်သည် "စဉ်းစားကြည့်ကြစမ်း၊ ဒါရှန်လူမျိုးတွေ ငါတို့ကို ဝိုင်းထားတာ တစ်လကျော်ပြီ။ ဘာလို့ အခုမှ ရုတ်တရက် ရပ်သွားတာလဲ"
"မှန်တယ်၊ အဲဒါ သူတို့တွေ မြို့ကို မသိမ်းနိုင်တော့မှန်း သိသွားလို့ပဲ။ လက်လျှော့လိုက်ရတာ"
"အညံ့ခံဖို့ ဖျောင်းဖျတဲ့ စာတွေဟာ ငါတို့ကို စိတ်ဓာတ်ကျအောင် လုပ်ဖို့ မဟုတ်ဘဲ သူတို့တွေ မကြာခင် ရှုံးတော့မယ်ဆိုတဲ့ သက်သေပဲ"
"ဗိုလ်ချုပ်ကြီး ပြောတာ မှန်တယ်" လူအုပ်ကြီးက ချက်ချင်းဆိုသလို အမြင်တွေ ရှင်းသွားကြသည်။
"သူတို့တွေ တိုက်တာကို ရပ်လိုက်တာဟာ သူတို့ ကြောက်နေလို့ပဲ"
"မထူးဆန်းတော့ဘူး၊ အရင်က ရူးသွပ်နေတဲ့အတိုင်း တိုက်နေပြီး အခုမှ ရုတ်တရက် ရပ်သွားတာကိုး"
"ငါတို့ သူတို့ရဲ့ အကွက်ထဲ မဝင်စေရဘူး။ မြို့တံခါးသာ ဖွင့်လိုက်ရင် အဲဒီ ဒါရှန်ခွေးတွေက ငါတို့ကို ရက်ရက်စက်စက် လက်စားချေကြလိမ့်မယ်"