← Chapters

အခန်း (၃၀၁)

Vol. 28 Ch. 301

အခန်း (၃၀၁)

Vol. 28 Ch. 301

📝အပိုင်း - ၃၀၁

ဘာသာပြန် - Na Gar🐉

"မှန်တယ်၊ သူတို့တွေက သာမန်အရပ်သားတွေကို မသတ်ရင်တောင် ငါတို့လို စစ်သည်တွေကိုတော့ အလွတ်ပေးမှာ မဟုတ်ဘူး"

"မင်းတို့သာ အညံ့ခံတဲ့ သုံ့ပန်းတွေ ဖြစ်သွားရင် ကံမကောင်းတဲ့သူတွေက ကျွန်အဖြစ် ခိုင်းစေခံရမယ်၊ ဒါမှမဟုတ် တိရစ္ဆာန်တွေလိုပဲ အသတ်ခံကြရမှာ"

"ဒါရှန်အင်ပါယာမှာ ရုန်ယန်ချိုးဆိုတဲ့ အမျိုးသမီးဗိုလ်ချုပ်တစ်ယောက်ရှိတယ်။ သူက နေ့တိုင်း လူတစ်ဒါဇင်ကျော်ကို မသတ်ရရင် အိပ်လို့မပျော်ဘူးလို့တောင် ပြောကြတယ်"

"မင်းတို့ ကံကောင်းလို့ သူတို့က လက်ခံလိုက်ရင်တောင် မင်းတို့ရမယ့် ရိက္ခာတွေနဲ့ ဆေးဝါးတွေက အညံ့ဆုံးတွေပဲ ဖြစ်လိမ့်မယ်။ နောက်ပိုင်း စစ်မြေပြင်သွားရင်လည်း မင်းတို့က အရှေ့ဆုံးကနေ တက်ပြီး သူတို့အတွက် မြှားစာခံပေးကြရမှာ"

"ပြီးတော့ မင်းတို့ မိသားစုတွေနဲ့လည်း ခွဲခွာကြရဦးမယ်"

"..."

"ငါ့ရဲ့ ညီအစ်ကိုတို့၊ လူကြီးမင်းတို့နဲ့ ရွာသူရွာသားတို့"

ဒိန်းဖုန်း၏ အသံသည် သူ၏ သွေးချီကြောင့် မိုင်ပေါင်းများစွာအထိ ဟိန်းထွက်သွားသည် "မထိတ်လန့်ကြပါနဲ့။ အခုအချိန်မှာ မြို့ထဲမှာ ဆန်ရေစပါးနဲ့ ရိက္ခာတွေ အလုံအလောက်ရှိတယ်။ ငါတို့ရဲ့ စစ်အင်အားက အနည်းငယ် အားနည်းပေမဲ့ ငါတို့မှာ အရပ်သား တစ်သိန်းကျော် ရှိနေသေးတယ်"

"အပြင်မှာရှိတဲ့ ရွှေချုံယီနဲ့ ရှာဝမ်လုံတို့ဆိုတာ ငါ့အတွက်တော့ ယင်ကောင်တွေ၊ ခွေးတွေထက် မပိုဘူး။ ထည့်ပြောနေဖို့တောင် မတန်ဘူး"

"ငါတို့ လူနှစ်သိန်းလုံးသာ စည်းစည်းလုံးလုံး ရှိမယ်ဆိုရင် မြို့ပြင်က အဲဒီလူ သုံးသောင်းလောက်က ဘာမှမဟုတ်ဘူး"

"ဒါ့အပြင် ငါ့မှာ မင်းတို့အတွက် သတင်းကောင်းတစ်ခု ရှိသေးတယ်"

"အလွန်ဆုံး နောက်ထပ် နှစ်လအတွင်းမှာ ငါတို့ ချင်နိုင်ငံရဲ့ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် စစ်ချီလာလိမ့်မယ် အဲဒီအချိန်ကျရင် ကျောက်ထုံခရိုင်က လွတ်မြောက်သွားရုံတင်မကဘဲ ငါတို့တွေက ကြီးမားတဲ့ စစ်မှုထမ်းကောင်းတံဆိပ်တွေ ရကြလိမ့်မယ်။ မြို့ကို ကာကွယ်ခဲ့တဲ့ စစ်သည်တွေနဲ့ အရပ်သားတွေ အားလုံးကိုလည်း ဆုလာဘ်တွေ အများကြီး ပေးလိမ့်မယ်"

"အခွန်တွေကို သုံးနှစ်... မဟုတ်ဘူး၊ ငါးနှစ်တိတိ ကင်းလွတ်ခွင့် ပေးမယ်"

"ငါ ဒိန်းဖုန်း ကတိပေးတယ်။ ဒီတိုက်ပွဲပြီးရင် ကျောက်ထုံတစ်မြို့လုံးကို ဆန်စပါးခွန် ငါးနှစ်တိတိ ကင်းလွတ်ခွင့် ပေးမယ်"

"ဒါ့အပြင် ကျီတွေကိုဖွင့်ပြီး နောက်လာမယ့် နှစ်လအတွင်းမှာ လူတိုင်း ဆန်ဖြူနဲ့ ပေါက်စီအဖြူကြီးတွေကို ဝဝလင်လင် စားနိုင်အောင် အမိန့်

ထုတ်လိုက်ပြီ"

ငါးနှစ်..

ငါးနှစ်တိတိ အခွန်ကင်းလွတ်ခွင့်ဆိုတာ ဘာကို ဆိုလိုတာလဲ။

အဲဒါက ဒီငါးနှစ်အတွင်းမှာ အရပ်သားတွေဟာ ဝဝလင်လင် စားနိုင်ကြမှာဖြစ်ပြီး ပိုလျှံတဲ့ ငွေတွေကိုတောင် စုဆောင်းနိုင်ကြမှာ ဖြစ်သည်။ နွေဦးစိုက်ပျိုးချိန်တိုင်းမှာ မျိုးစေ့ဖိုးအတွက် အတိုးကြီးကြီးနဲ့ ချေးငှားနေရတဲ့ ဘဝကနေ လွတ်မြောက်နိုင်မှာ ဖြစ်သည်။

ဒီစကားကို ကြားပြီးနောက်...

လူတစ်သိန်းကျော်မှာ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာကြသည်။

စကားတစ်ခွန်းတည်းပါပဲ..တောင့်ခံထားနိုင်ရင် အသက်ရှင်ရုံတင်မကဘဲ အခွန်ပါ ကင်းလွတ်ခွင့်ရမယ်။

အပြန်အလှန်အားဖြင့် မြို့တံခါးဖွင့်ပြီး အညံ့ခံလိုက်ရင်တော့ သေလမ်းပဲ ရှိသည်။

သူတို့ရဲ့ စိတ်ဓာတ်တွေဟာ အရင်ကထက် ပိုမိုမြင့်တက်လာပြီး ခံစစ်တံတိုင်းတွေကို ပိုပြီး ခိုင်ခံ့အောင် အလုအယက် လုပ်ဆောင်ကြတော့သည်။

သို့သော်လည်း ထိုနေ့ မွန်းလွဲပိုင်းတွင်...

မြို့ရိုးပေါ်မှ ချင်နိုင်ငံစစ်သည်တစ်ဦးသည် အဝေးဆီသို့ မျက်စိမှေးကြည့်လိုက်သည်။ သူက ဘာမှမရှိသည့် လွင်ပြင်ကို ညွှန်ပြကာ "မြန်မြန်

ကြည့်ကြစမ်း၊ ဟိုမှာ အနီရောင်ဝတ်ထားတဲ့သူတွေက ငါတို့ ချင်နိုင်ငံက ညီအစ်ကိုတွေနဲ့ တူတယ်" ဟု အော်လိုက်သည်။

နိုင်ငံတစ်ခုချင်းစီ၏ စစ်သည်ဝတ်စုံနှင့် သံချပ်ကာများမှာ မတူညီဘဲ ထင်ရှားလှသည်။

ချင်နိုင်ငံ စစ်သည်အများစုမှာ အနီရောင် အတွင်းသားပါသော သံချပ်ကာများကို ဝတ်ဆင်ကြသဖြင့် ခွဲခြားရ လွယ်ကူလှသည်။

"စစ်ကူတွေလား စစ်ကူတွေ ရောက်လာပြီလား"တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"မဟုတ်သေးဘူး"

"သေချာ ထပ်ကြည့်လိုက်ဦး"

"ဒါရှန်ခွေးတွေက သူတို့ကို ဘာမှ မလုပ်ကြဘူးပဲ"

"ပြီးတော့ သူတို့မှာ ဘာလို့ သံချပ်ကာတွေ မပါတာလဲလက်နက်တွေလည်း မပါကြဘူး"

"တောက် ဒါရှန့်ခွေးတွေဆီမှာ အညံ့ခံလိုက်တဲ့ သုံ့ပန်းတွေပဲ"

"ကျိန်စာသင့်စမ်း၊ သုံ့ပန်းတွေက ဒီကို ဘယ်လိုရောက်လာတာလဲ"

"..."

အသံတွေကြားတော့ ဒိန်းဖုန်းလည်း မြို့ရိုးပေါ်တက်ပြီး အခြေအနေကို ကြည့်လိုက်သည်။ သူက ချက်ချင်းပင် လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်သည်။

အဲဒီအချိန်မှာပဲ အပြင်ကို လွှတ်ထားတဲ့ ကင်းထောက်တွေ အပြေးအလွှား ပြန်ရောက်လာကြသည်။

"အစီရင်ခံပါတယ်—"

"ဗိုလ်ချုပ်ကြီး အပြင်ကလူတွေက တကယ်ပဲ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေပါ"

ဒိန်းဖုန်းက ဒေါသကို ထိန်းထားရင်း "သူတို့တွေ ရန်သူ့ဘက်ကို ကူးပြောင်းသွားကြတာလား" ဟု မေးလိုက်သည်။

"မဟုတ်ပါဘူး ဗိုလ်ချုပ်ကြီး"

ကင်းထောက်က မြေကြီးပေါ် ဒူးထောက်လျက် "ကျွန်တော် စုံစမ်းရသလောက်တော့ ဒါရှန်အင်ပါယာက အခု သုံ့ပန်းတွေကို ပြန်လွှတ်ပေးနေတာပါ"

"သုံ့ပန်းတွေကို လွှတ်ပေးတယ်း

ဒိန်းဖုန်း မျက်မှောင်ကြုတ်သွားသည်"ဘယ်ကို လွှတ်ပေးတာလဲ"

ကင်းထောက်က ထစ်ထစ်ငေါ့ငေါ့ဖြင့် "ကျွန်တော်တို့... ကျွန်တော်တို့ ချင်နိုင်ငံဆီကိုပါ"

"အဓိပ္ပာယ်မရှိတာ"

ဒိန်းဖုန်းက သူကြားလိုက်တာကို မယုံနိုင်သဖြင့် ကင်းထောက်ကို ဆွဲထူလိုက်သည်"ထပ်ပြောစမ်း"

"ဗိုလ်ချုပ်ကြီး... ဒါ တကယ့်အမှန်ပါ"

ကင်းထောက်ကိုယ်တိုင်ပင် မယုံနိုင်သလို ဖြစ်နေရသည်"ဒါရှန်အင်ပါယာက အဖမ်းခံထားရတဲ့ သုံ့ပန်း နှစ်သောင်းလုံးကို တစ္ဆေတံခါးလျှိုမြောင်ကတစ်ဆင့် ချင်နိုင်ငံပိုင်နက်ထဲကို ပြန်ပို့ဖို့ စီစဉ်နေတာပါ။ သူတို့က လူတွေကို လွှတ်ပေးရုံတင်မကဘဲ ရိက္ခာခြောက်တွေပါ ပေးလိုက်တာပါ။ လမ်းလျှောက်ဖို့ ခက်ခဲတဲ့သူတွေအတွက်ဆိုရင် မြည်းလှည်းတွေပါ စီစဉ်ပေးထားတယ်လို့ ကြားရပါတယ်"

'ဒါက ရူးသွပ်တာပဲ"

'ဒါဆိုရင် ဒီတိုက်ပွဲတစ်ခုလုံးက အလဟဿ ဖြစ်ကုန်မှာပေါ့ရန်သူ့စစ်သည်တွေကို ပြန်လွှတ်ပေးတယ်ဆိုတာ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး'

အတွေးတွေက ဒိန်းဖုန်းရဲ့ ခေါင်းထဲမှာ ဗရပွ ဖြစ်နေပေမဲ့ သူ အပြင်ကိုတော့ ထုတ်မပြောရဲဘူး။ သူက ထပ်မေးလိုက်သည်"ဘယ်သူက ဒီအမိန့်ကို ပေးတာလဲ"

သူ စကားမဆုံးခင်မှာပဲ...

သူ့ဘေးနားက စစ်သည်တွေရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ အရိပ်အယောင်တွေကို သတိပြုမိသွားသည်။

တကယ်ကို ယုတ်မာလွန်းတဲ့ ဗျူဟာပဲ..

ဒါဟာ သူတို့ရဲ့ စစ်သည်စိတ်ဓာတ်ကို ရိုက်ချိုးဖို့အတွက် လုပ်ဆောင်ချက်ဆိုတာ သိသာလွန်းလှသည်။

အကယ်၍သာ မုန့်ချူကျိီဆိုရင် ဒီလူ နှစ်သောင်းကို လူသားဒိုင်းအဖြစ် သုံးဖို့ နည်းလမ်းရှာမှာ သေချာတယ်။ ဒီလိုမျိုး လုံးလုံးလျားလျား လွှတ်ပေးမှာ မဟုတ်ဘူး။ တစ္ဆေတံခါး လျှိုမြောင်ကနေ သွားရတာကလည်း အန္တရာယ်ရှိတာပဲ။ ဒီလိုအစီအစဉ်မျိုးကို ကြံစည်ရဲတယ်ဆိုတော့..

ကင်းထောက်က တုန်တုန်ရင်ရင်ဖြင့်"အဲဒါ ချန်ဆန်းရှီ ဆိုတဲ့လူက..." ဟု ဆိုသည်။

"ချန်ဆန်းရှီ"

ဒိန်းဖုန်းက ဒီနာမည်ကို ကောင်းကောင်းသိသည်။

သူ့နိုင်ငံဖြစ်တဲ့ ချင်နိုင်ငံဟာ ဒီလူကြောင့်ပဲ ဒုက္ခရောက်ခဲ့ရတာ။

ဒီလူဟာ လွန်ခဲ့တဲ့ နှစ်နှစ်က မြစ်တွေကို ဖြတ်ကျော်တိုက်ခိုက်ခဲ့တာကြောင့် ကမ္ဘာပေါ်မှာ နာမည်ကြီးခဲ့သလို၊ ချင်နိုင်ငံက အရပ်သားတွေတောင်မှ သူ့ကို သူရဲကောင်းတစ်ဦး၊ ဖြောင့်မတ်တဲ့ အရာရှိတစ်ဦးအဖြစ် မပြတ်ချီးကျူးခဲ့ကြတာလေ။

နောက်ပိုင်း သူရရှိခဲ့တဲ့ အောင်ပွဲတွေအကြောင်းကိုတော့ ပြောမနေနဲ့တော့။

မင်ပြည်နယ်က ဟုန်ကျဲမြစ်ကို လေးကြိမ်ဖြတ်ကျော်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲဆိုရင် အားလုံးကို တုန်လှုပ်သွားစေခဲ့တာ။ အဲဒီသတင်းက နေရာအနှံ့ ပျံ့နှံ့သွားခဲ့ပြီး ချင်နိုင်ငံကို လိုင်ပြည်နယ်ကြီး ဆုံးရှုံးလုနီးပါးဖြစ်အောင် အကျပ်ရိုက်စေခဲ့တာပဲ။

ချင်နိုင်ငံတင်မကဘဲ နန်ရွှီနဲ့ မြောက်ပိုင်းလူရိုင်းတွေတောင်မှ ဒီ 'ဟုန်ကျဲမြစ် လေးကြိမ်ဖြတ်ကျော်ခြင်း' ဗျူဟာကို စတင်လေ့လာနေကြပြီလို့ ကြားရသည်။

ဒီလူဟာ...

အခု လိုင်ပြည်နယ်ကို စေလွှတ်ခံရပြန်ပြီ။ ပြီးတော့ စစချင်းမှာတင် ဒီလို ဆိပ်ပြင်းတဲ့ ဗျူဟာမျိုးနဲ့ စလိုက်တာပဲ..

"ဒါက အတုတွေပဲ"

ဒိန်းဖုန်းက ချက်ချင်း တုံ့ပြန်လိုက်သည် "ဒါက လှည့်စားမှုပဲ၊ ငါတို့ရဲ့ စိတ်ဓာတ်ကို နှောင့်ယှက်ဖို့ လုပ်တာ အပြင်က သုံ့ပန်းတွေဆိုတာ အတုတွေ၊ အနီရောင်ဝတ်ထားရုံသက်သက်ပဲ။ အနီရောင် အဝတ်အထည်ဆိုတာ ရှာရလွယ်တာပဲ မဟုတ်လား"

"ဗိုလ်ချုပ်ကြီး ပြောတာ မှန်တယ်" အားလုံးက တညီတညွတ်တည်း ထောက်ခံကြသည်။

"ဒါရှန်လူမျိုးတွေက အလိမ်အညာ အတော်ဆုံးပဲ"

"အရင်က သူတို့နဲ့ ကုန်သွယ်တုန်းကလည်း သူတို့က အမြဲလိမ်တာပဲ"

"ဒါပေမဲ့... အခုလေးတင်ပဲ ချန်ဆန်း..."

"..."

"ကြောင်ပြီး ရပ်မနေကြနဲ့"

ဒိန်းဖုန်းက ဒီအကြောင်းအရာ ဆက်မဖြစ်သွားအောင် အသံကျယ်ကျယ်နဲ့ ဖြတ်ပြောလိုက်သည် "ငါ အရင်က ပြောခဲ့တာတွေကို မေ့ကုန်ကြပြီလားသူတို့တွေ တကယ်ပဲ ထိတ်လန့်နေကြလို့ အခုလို အောက်တန်းကျတဲ့ လှည့်ကွက်တွေကို သုံးနေကြတာ။ ငါတို့ နောက်ထပ် နှစ်လလောက်ပဲ တောင့်ခံထားဖို့ လိုတယ်။ မဟုတ်ဘူး၊ နှစ်လတောင် မလိုတော့ပါဘူး"

All Chapters