အခန်း (၃၀၂)
Vol. 28 Ch. 302
📝အပိုင်း - ၃၀၂
ဘာသာပြန် - Na Gar🐉
"နောက်ထပ် အဖွဲ့တစ်ဖွဲ့ကို ထပ်လွှတ်လိုက်ဦး၊ တခြားမြို့တွေကို သတိပေးဖို့ ကြိုးစားကြည့်ရမယ်။ သူတို့တွေ ရန်သူ့ထောင်ချောက်ထဲ မကျအောင် သေချာလုပ်ကြ"
"..."
"ဟုတ်ကဲ့ပါ"
...
ယုံလဲ့ခရိုင်...
"ကျိ——"
ပင်လယ်သိမ်းငှက်တစ်ကောင်က ယုံလဲ့ခရိုင် မြို့ထဲကို ပျံသန်းဝင်ရောက်လာခဲ့ပါတယ်။
သတင်းအချက်အလက်တွေကို သယ်ဆောင်လာတဲ့ ဒီထူးဆန်းတဲ့ သတ္တဝါတွေဟာ သူတို့သွားရမယ့် ပန်းတိုင်ကို တိတိကျကျ သိရုံတင်မကဘဲ မြင့်မားတဲ့ အရပ်ကနေ ပျံသန်းပြီး ရန်သူ့မြှားတွေကိုပါ ရှောင်ကွင်းနိုင်တာကြောင့် ပစ်ချဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
မင်းသား လီဂုန်းဟာ ဗဟိုတပ်ကွပ်ကဲရေးရုံးအဖြစ် အသုံးပြုထားတဲ့ စံအိမ်တော်ရှေ့မှာ ရပ်နေရင်း သူ့လက်မောင်းကို ဆန့်ထုတ်လိုက်ရာ ငှက်ဟာ လာရောက်နားခိုပါတယ်။ သူက ငှက်ဆီက သတင်းလွှာကို ဖြန့်ဖတ်ကြည့်လိုက်တဲ့အခါ မျက်နှာမှာ ဝမ်းသာရိပ်တွေ ချက်ချင်း ပေါ်လာတော့တယ်။
"အရှင်..."
ဘေးက ဒုတိယဗိုလ်ချုပ်ကလည်း သတင်းကောင်းဆိုတာ သိလိုက်တာကြောင့် "အမြန်ပြောပြပါဦး၊ ညီအစ်ကိုတွေပါ ပျော်ရအောင်လို့ပါ" လို့ ဆိုပါတယ်။
"ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ကြွလာတော့မယ်"
လီဂုန်းက သူကိုင်ထားတဲ့ စာရွက်ကို အားလုံးမြင်အောင် ပြလိုက်ပြီး "ဧကရာဇ်မင်းမြတ်က စစ်သည် ခုနစ်သောင်းကို ဦးဆောင်ပြီး ကိုယ်တိုင် စစ်ထွက်လာပြီ။ နောက်ထပ် ရက်ပေါင်း ၅၀ လောက်ဆိုရင် အစိမ်းရောင်တောင်တန်းကို ရောက်မယ်။ ပြီးတော့ ရက် ၈၀ လောက်ဆိုရင် နန်ရွှီနိုင်ငံက စစ်ကူ တစ်သိန်းလည်း ဟူလောင်ကွမ်းကို ရောက်လာတော့မှာ"
"ဒါ တကယ့်ကို ကောင်းတဲ့သတင်းပဲ"
ဒုတိယဗိုလ်ချုပ်နဲ့ တခြားဗိုလ်ချုပ်တွေဟာ ချက်ချင်း အားတက်သွားကြပါတယ်"ဒီစစ်သည် ခုနစ်သောင်းသာ ရောက်လာရင် ဒါရှန်စစ်တပ်တွေကမြို့တွေကို တစ်မြို့ချင်းစီ ခွဲတိုက်နေတဲ့ အစီအစဉ်ကို လက်လွှတ်ပြီး သူတို့တပ်တွေကို ပြန်စုရတော့မယ်။ ဒါဆိုရင် ယုံလဲ့ခရိုင် ဝိုင်းရံခံထားရတာလည်း ပြေလည်သွားမှာပဲ"
"ဒါပေမဲ့ အဓိကကျတဲ့ အချက်တစ်ခု ရှိသေးတယ်"
လီဂုန်းက လေးနက်စွာ ပြောလိုက်ပါတယ် "ကျောက်ထုံခရိုင်ကို အောင်မြင်အောင် ခုခံထားဖို့ ဒိန်းဖုန်းကို သတင်းပို့လိုက်။ သူက တခြားမြို့တွေအတွက် စံပြဖြစ်ရမယ်။ ဧကရာဇ်မင်းမြတ် ရောက်လာတဲ့အချိန်မှာ ငါတို့ဘက်က စစ်သည်အင်အား အလုံအလောက် ကျန်နေသရွေ့ ငါတို့ကိုယ်တိုင်ပဲ ဒါရှန်လူမျိုးတွေကို ကိုင်တွယ်နိုင်လိမ့်မယ်။ နန်ရွှီတပ်တွေကို ငါတို့ပိုင်နက်ထဲအထိ ဖိတ်ခေါ်စရာတောင် လိုမှာမဟုတ်ဘူး"
နန်ရွှီနိုင်ငံက စစ်ကူလွှတ်ဖို့ သဘောတူခဲ့တာက တစ်ဖက်မှာ သူတို့ရဲ့ အကျိုးစီးပွားချင်း ဆက်နွှယ်နေလို့ ဖြစ်သလို၊ နောက်တစ်ဖက်မှာလည်း အခြေအနေကို အခွင့်ကောင်းယူပြီး အကျိုးအမြတ် ထုတ်ချင်ကြလို့ပဲ ဖြစ်ပါတယ်။
"အရှင် စိတ်ချပါ"
"ဒိန်းဖုန်းက တုနှိုင်းမရတဲ့ ရဲစွမ်းသတ္တိရှိသလို သစ္စာလည်း ရှိပါတယ်။ သူ သေချာပေါက် အောင်မြင်အောင် ခုခံနိုင်မှာပါ"
"..."
"ဒါနဲ့..."
လီဂုန်းက စကားလမ်းကြောင်းကို ပြောင်းလိုက်ပါတယ်"ချန်ဆန်းရှီရဲ့ အကြောင်းတွေကို စုံစမ်းလို့ ပြီးပြီလား"
"စုံစမ်းပြီးပါပြီ။ အဲဒီ အချက်အလက်စာတွဲကို လာပို့တာပါ"
ဒုတိယဗိုလ်ချုပ်က စာရွက်တစ်ရွက်ကို ကမ်းပေးရင်း"သူက ဒီနှစ်နှစ်အတွင်းမှာ နာမည်ကြီးလွန်းတာကြောင့် သူ့နောက်ကြောင်းကို စုံစမ်းရတာ လွယ်ပါတယ်။ ထူးထူးခြားခြားတော့ ဘာမှမရှိပါဘူး။ ဆင်းရဲတဲ့ဒေသကနေ ရုန်းကန်တက်လှမ်းလာတဲ့ ပါရမီရှင် ဆင်းရဲသားလေး တစ်ယောက်ပါပဲ"
လီဂုန်းက စာကို ဖတ်ကြည့်လိုက်ပါတယ် "ဂူရှင်းလန်... ဒါက သူ့ဇနီးလား"
"အရှင်... သူ့မိသားစုဝင်တွေကိုပါ စုံစမ်းချင်လို့လား"
"ငါက စုံစမ်းချင်တာ မဟုတ်ဘူး၊ ဧကရာဇ်မင်းမြတ်က သိချင်နေတာ။ ငါကတော့ ဒါတွေ လိုက်လုပ်ဖို့ အချိန်မရှိပါဘူး"
လီဂုန်းက ဆက်ဖတ်ပါတယ် "ဂူရှင်းလန်... မူလက အနိမ့်တန်းစားထဲကလူ ဖြစ်ပြီး ချန်ဆန်းရှီရဲ့ အဖေက သူ့သားအတွက်ဇနီးလောင်းအဖြစ် ဝယ်ယူခဲ့တာလို့ ဆိုထားတာလား ဒါပဲလားနောက်ထပ် ဘာမှမရှိတော့ဘူးလားဘယ်နှစ်မှာ၊ ဘယ်နေရာမှာ၊ ဘာအကြောင်းကြောင့် အနိမ့်တန်းစာရင်းထဲ ရောက်သွားတာလဲ ဆိုတာမျိုး မပါဘူးလား"
"ဒါပဲ ရှိတာပါ"
ဒုတိယဗိုလ်ချုပ်က အားနာစွာနဲ့ "ရန်သူက တံခါးဝအထိ ရောက်နေတဲ့အချိန်မှာ အသေးစိတ် လိုက်စုံစမ်းဖို့က တကယ်ကို မဖြစ်နိုင်ပါဘူး။ ဒီအချက်အလက်တွေတောင် ဟုန်ကျဲမြစ် တစ်ဖက်ကမ်းက သတင်းတွေ ရောက်လာမှ ရခဲ့တာပါ"
"အင်း... နားလည်ပြီ"
လီဂုန်းက တိတ်ဆိတ်သွားပြီး ဧကရာဇ်မင်းမြတ်က ဘာဖြစ်လို့ တခြားသူရဲ့ မိသားစုဝင်တွေအပေါ် စိတ်ဝင်တစား ဖြစ်နေရတာလဲဆိုတာကို စဉ်းစားနေမိပါတယ်။
...
"ဒါနဲ့ အရှင်... တတိယအဆင့်က တကယ်တော့ ဘာလဲဟင်"
ရှာချုံဟာ အပြေးအလွှား လိုက်လာရင်း မေးလိုက်ပါတယ်။
"တတိယအဆင့်ကတော့..."
ချန်ဆန်းရှီက အလေးအနက် ပြောလိုက်ပါတယ် "ဝိုင်းရံလုယက်ပြီး အင်အားစုဆောင်းကာ အခွင့်အရေးကို စောင့်ဆိုင်းခြင်းပဲ"
"ဝိုင်းတိုက်မယ်ဒါပေမဲ့ အရှင်က အညံ့ခံအောင်ပဲ အဓိက ဖျောင်းဖျမယ်လို့ ပြောခဲ့တယ် မဟုတ်လားမြို့ကို တိုက်ဖို့ မဟုတ်ဘူးလေ... ကောင်းပါပြီ..."
ရှာချုံက ဆက်ပြီး မမေးရဲတော့ဘဲ မြေပုံကို ထုတ်ကြည့်လိုက်ပါတယ်"ကျွန်တော်တို့ ခရီးသွားနေတာ တစ်လခွဲလောက် ရှိပါပြီ။ အခု လိုင်ပြည်နယ်ရဲ့ အရှေ့မြောက်ဘက်၊ အခြောက်သွေ့ဆုံး ဒေသကို ရောက်နေတာ။ ပြီးခဲ့တဲ့နှစ်က ဒီမှာ မိုးခေါင်ခဲ့လို့ ဘာသီးနှံမှ မရိတ်သိမ်းနိုင်ခဲ့ဘူး။ ဒီနှစ် တိုက်ပွဲတွေ စလာပြီးတဲ့နောက်မှာတော့ ဒီဒေသမှာ အကြီးဆုံးမြို့ဖြစ်တဲ့ စင်ဟွားခရိုင်မှာတောင် ရိက္ခာက မလောက်မင ဖြစ်နေပြီး တခြားမြို့တွေဆီက အထောက်အပံ့ကိုပဲ အားကိုးနေရတာ။ အခုဆိုရင် ရိက္ခာက အရမ်းကို နည်းနေပြီး အလွန်ဆုံး တစ်လလောက်ပဲ တောင့်ခံနိုင်တော့မယ်"
"ငါ သိတယ်"
"အရှင်က ရိက္ခာပြတ်လပ်နေတာကို အခွင့်ကောင်းယူပြီး စင်ဟွားခရိုင်ကို တိုက်ချင်တာပေါ့။ ကျွန်တော် သိရသလောက်တော့ မြို့စောင့်ဗိုလ်ချုပ် မာဟုက ဆေးရည်တွေသောက်ပြီး မဟာသွေးကြောအဆင့်အထိပဲ ရောက်ပါသေးတယ်။ မြို့ထဲမှာ စစ်သား လေးထောင်ရှိပြီး ကျွန်တော်တို့ဘက်မှာတော့ ရှစ်ထောင်ရှိတယ်။ နက်နဲပုံရိပ်အဆင့် မဟုတ်ပေမဲ့ မဟာသွေးကြော အဆင့်ရှိတဲ့ ဗိုလ်ချုပ်တစ်ဦးလည်း ပါပါတယ်။ စင်ဟွားခရိုင်ရဲ့ တည်နေရာက သာမန်ပဲဆိုပေမဲ့ ခရိုင်မြို့ကြီး ဖြစ်တာကြောင့် သိမ်းပိုက်နိုင်ရင် အရှိန်အဟုန်ဖန်တီးရာမှာတော့ အသုံးဝင်မှာပါ"
"စင်ဟွားခရိုင်ကို မတိုက်နဲ့"
ချန်ဆန်းရှီက မြင်းပေါ်ကနေ လှံရှည်နဲ့ မြေပုံပေါ်က မြို့ငယ်လေးတစ်ခုကို ညွှန်ပြလိုက်ပါတယ် "အရင်ဆုံး မေကျိီမြို့နယ်ကို တိုက်မယ်"
"မေကျိီမြို့နယ်လား"
ရှာချုံမှာ ပိုပြီး ဇဝေဇဝါ ဖြစ်သွားပါတယ်"အရှင်... မေကျိီမြို့နယ်ဆိုတာ လိုင်ပြည်နယ်ရဲ့ ဗဟိုနားမှာရှိတဲ့ မြို့နယ်သေးသေးလေးပါ။ ရိက္ခာလည်း မရှိသလို လူအင်အားလည်း နည်းပါတယ်။ မြို့စောင့်စစ်သား တစ်ရာကျော်ပဲ ရှိပြီး အဲဒါကလည်း မြို့ငြိမ်ဝပ်ပိပြားရေးအတွက်ပဲ ထားတာ။ တိုက်ခိုက်ရေးစွမ်းရည်က အနိမ့်ဆုံးပဲ"
ချန်ဆန်းရှီက ဖြည့်ပြောလိုက်ပါတယ် "ဒါဆိုရင် သိမ်းရတာ လွယ်တာပေါ့၊ ဟုတ်တယ်မလား"
"သိမ်းရတာကတော့ လွယ်ပါတယ်။ အထိအခိုက်တောင် ရှိမှာမဟုတ်ဘူး..." ရှာချုံက မေးလိုက်ပါတယ်"ဒါပေမဲ့ အဲဒီမြို့ကို သိမ်းလို့ ဘာထူးမှာလဲဒီမြို့နယ်ရဲ့ တည်နေရာက ဘာမှ အသုံးမဝင်ဘူးလေ"
ချန်ဆန်းရှီက အရှည်ကြီး ထပ်ရှင်းမနေတော့ဘဲ တည်ငြိမ်စွာပဲ ပြောလိုက်ပါတယ် "ထွက်ကြစို့။ နေမဝင်ခင်မှာ မေကျိီမြို့နယ်ကို ငါ သိမ်းချင်တယ်"
...
မေကျိီမြို့နယ်...
နိမ့်ပါးလှတဲ့ မြို့ရိုးပေါ်မှာ ပိန်လှီနေတဲ့ စစ်သည် ခုနစ်ယောက်၊ ရှစ်ယောက်လောက်ဟာ သံချေးတက်နေတဲ့ လှံရှည်တွေကို ကိုင်ပြီး အပြင်ကို ကြည့်နေကြပါတယ်။ အေးစက်တဲ့ လေတိုက်လိုက်တဲ့အခါ မြို့ရိုးပေါ်က ကျောက်တုံးတွေတောင် ပြိုကျပြီး ဟာကွက်တွေ ဖြစ်သွားသလို၊ စစ်သည်တွေရဲ့ ဟောင်းနွမ်းနေတဲ့ သံချပ်ကာတွေဆီကလည်း တချွတ်ချွတ် အသံတွေ ထွက်ပေါ်နေပါတယ်။
"ဒုန်း... ဒုန်း..."
မြင်းခွာသံတွေဟာ အဝေးကနေ တဖြည်းဖြည်း နီးကပ်လာပါတယ်။ မကြာခင်မှာပဲ ချင်နိုင်ငံရဲ့ အနီရောင်သံချပ်ကာတပ်ဖွဲ့ရဲ့ အလံကို ကိုင်ဆောင်ထားတဲ့ မြင်းစီးစစ်သည် တစ်ဒါဇင်လောက်နဲ့ ခြေလျင်တပ်သား နှစ်ဆယ်လောက်ကို မြင်လိုက်ရပါတယ်။ သူတို့အားလုံးဟာ ခန့်ညားတဲ့ သံချပ်ကာတွေကို ဝတ်ဆင်ထားပြီး အရပ်အမောင်း ကောင်းကြပါတယ်။
ရှေ့ဆုံးက မြင်းစီးလာတဲ့သူက အော်ဟစ်လိုက်ပါတယ်"ဘာစောင့်နေတာလဲမြို့တံခါးကို အမြန်ဖွင့်စမ်း"
"ဘာလို့ စင်ဟွားခရိုင်က လူတွေ ထပ်ရောက်လာပြန်တာလဲ"
ကင်းစောင့်စစ်သားက မျက်မှောင်ကြုတ်ရင်း တံခါးဖွင့်ဖို့ ညွှန်ကြားလိုက်
သလို"သွား... စစ်ဆေးရေးမှူး ဝမ် ကို သွားခေါ်လိုက်"လို့ ပြောလိုက်ပါတယ်။
"ကျွီ——"
မြို့တံခါး ပွင့်သွားတဲ့အခါ...
အနီရောင် သံချပ်ကာတပ်ဖွဲ့ဝင်တွေ မြို့ထဲကို တိုးဝင်လာကြပါတယ်။
မေကျိီမြို့နယ်ရဲ့ စစ်ဆေးရေးမှူး ဝမ်ဖုန်းဟာ အပြေးအလွှား လာကြိုပါတယ် "ဗိုလ်မှူး ဒူပေါင်ကျုံး... ဘာဖြစ်လို့ ဒီကို ထပ်ရောက်လာတာလဲ"
"ငါတို့ ရိက္ခာတွေ လိုတယ်"
ဒူပေါင်ကျုံးက မြင်းပေါ်ကမဆင်းဘဲ ပြောလိုက်ပါတယ်"စင်ဟွားခရိုင်မှာ ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်။ ဒါကြောင့် မင်းတို့မြို့နယ်ဆီကနေ ရိက္ခာတွေ လာသိမ်းတာပဲ"