← Chapters

အခန်း (၃၀၄)

Vol. 28 Ch. 304

အခန်း (၃၀၄)

Vol. 28 Ch. 304

📝အပိုင်း - ၃၀၄

ဘာသာပြန် - Na Gar🐉

"အရှင်"

ရှာချုံက မြင်းစီးပြီး ပြန်လာသည် "သူတို့တွေ အညံ့မခံသေးဘူး၊ ပြီးတော့ အရှင်နဲ့ တွေ့ချင်တယ်လို့ ပြောနေကြတယ်"

"သူတို့နဲ့ စကားတွေ အရှည်ကြီး ပြောနေဖို့ လိုလို့လားမြို့နယ်လေးတစ်ခုအတွက် အရှင်ကိုယ်တိုင် ဒုက္ခခံနေဖို့ မလိုပါဘူး။ ကျွန်တော့်ကို မြင်းစီးစစ်သည် အယောက် ၃၀ လောက်သာ ပေးလိုက်ပါ၊ ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်။ လူအနည်းငယ်လောက်ကို သတ်ပြလိုက်ရင် သူတို့တွေ အလိုလို အညံ့ခံလာကြမှာပဲ"

ရှောင်ကျန်းက ခွင့်ပြုချက်တောင်းသည် "အရှင်... အမိန့်သာ ပေးလိုက်ပါ"

"သွေးထွက်သံယို မဖြစ်စေရဘူး"

ချန်ဆန်းရှီက ထိုအကြံကို ပယ်ချလိုက်သည် "သူတို့က ငါ့ကို တွေ့ချင်တယ်ဆိုရင်လည်း တွေ့ပေးတာပေါ့"

သူက ပြောပြောဆိုဆိုဖြင့် သူ၏ သံချပ်ကာနှင့် ဦးထုပ်ကို ချွတ်လိုက်သည်။ သူ၏ လက်နက်ကိုလည်း ကျောက်ကန်ထံသို့ အပ်နှံထားခဲ့ပြီး အဖြူရောင်မြင်းကို တစ်ဦးတည်း စီးကာ စစ်တပ်ကြီးထဲမှ ခွဲထွက်၍ မြို့တံခါးဝဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။

ရှောင်ကျန်းက စိုးရိမ်တကြီး ရေရွတ်သည် "အရှင်က တကယ်ပဲ တစ်ယောက်တည်း သွားတာလား"

"ဒါကိုတော့ စိတ်ပူနေဖို့ မလိုပါဘူး"

ရှာချုံက သူ၏ လှံရှည်ကို မြေကြီးထဲ စိုက်လိုက်ရင်း "မြို့ထဲမှာ အင်အားအကြီးဆုံးလူကတောင် အရိုးဖွဲ့စည်းခြင်းအဆင့်ပဲ ရှိတာ။ အရှင့်ရဲ့ သိုင်းပညာ အစွမ်းအစနဲ့ဆိုရင် မြို့ကို တကယ်သိမ်းချင်တာနဲ့ တစ်ယောက်တည်းတောင် လုပ်လို့ရတယ်။ ဒါပေမဲ့ မေးစရာရှိတာက ဒီလောက် သေးငယ်တဲ့ မေကျိီမြို့နယ်ကို သိမ်းလိုက်လို့ ဘာထူးမှာလဲသူတို့ အညံ့ခံလာရင်တောင် ဘာများ အသုံးကျမှာလဲအရှင်ဘာတွေ ကြံစည်နေတာလဲအင်အားစုဆောင်းပြီးမှ တိုက်ခိုက်ခြင်းဆိုတာက ဘာကို ဆိုလိုတာလဲ"

သူသည် နောက်ဆုံးဝါကျကိုတော့ အပြင်ထုတ်မပြောဘဲ စိတ်ထဲမှာသာ တွေးနေမိသည်။

မေကျိီမြို့ရိုးပေါ်တွင်...

ဝမ်ဖုန်းနှင့် တခြားသူများမှာ ရှာချုံ ထွက်သွားပြီးကတည်းက စိုးရိမ်တကြီး ဖြစ်နေကြသည်။ သူတို့ နောက်ထပ် ဘာနဲ့ ရင်ဆိုင်ရမလဲဆိုတာ မသေချာပေ။ အနက်ရောင်သံချပ်ကာတပ်ဖွဲ့ ရဲ့ မြင်းခွါသံ သုံးထောင်က မြို့ကို တက်နင်းပြီး မြေလှန်ပစ်လိုက်ဖို့ အခွင့်အရေးက တကယ်ရှိနေသည်။

"ချန်ဆန်းရှီက ငါတို့ကို တကယ် လာတွေ့မယ် ထင်လား"

"လာမှာပါ..."

"ဘယ်သူသိမှာလဲ"

"သူက တိုက်ပွဲမှာ အရမ်းရက်စက်တယ်လို့ ပြောကြတယ်၊ ငါတို့က ရန်သူတွေဆိုတော့ သူက ဒေါသတကြီးနဲ့ လာပြီး ငါတို့ကို အကုန်သတ်ပစ်တာမျိုးလည်း ဖြစ်နိုင်တာပဲ"

"..."

ဘယ်သတင်းစကားမဆို ပျံ့နှံ့ဖို့က အချိန်ယူရသည်။ အရပ်သားတွေကို မြစ်တစ်ဖက်ကမ်း ကယ်တင်ခဲ့တဲ့ ပုံပြင်ဟာ သာမန်ပြည်သူတွေကြားမှာ ဟုန်ကျဲမြစ် လေးကြိမ်ဖြတ်ကျော်ခြင်း ထက် ပိုပြီး နှေးကွေးစွာ ပျံ့နှံ့ခဲ့ပြီး စင်ဟွားခရိုင်နားကို လွန်ခဲ့တဲ့ လဝက်လောက်ကမှ ရောက်ရှိလာခြင်း ဖြစ်သည်။

အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်လအတွင်းမှာတော့ အရှိန်အဟုန် အပြင်းဆုံး ဖြစ်ခဲ့သည်။

ပုံပြောသူတွေက မြင်းဖြူစီးပြီး လှံရှည်ကိုင်ထားတဲ့ဗိုလ်ချုပ်က သံချပ်ကာဝတ်မြင်းတပ်တစ်ထောင်ငါးရာကို တစ်ကိုယ်တော် ဖောက်ထွက်နိုင်ပြီးကွယ်လွန်သွားတဲ့ ညီအစ်ကိုရဲ့ မိသားစုကို ကယ်တင်ဖို့ စစ်မြေပြင်ထဲ ခုနစ်ကြိမ်တိုင်တိုင် ဝင်ထွက်ခဲ့တဲ့ အဖြူရောင်ဝတ်ရုံနဲ့ လူငယ်လေးအကြောင်းကို နေ့တိုင်း ပြောပြနေကြသည်။

သူသည် ဒေသခံ ပြဇာတ်တွေထဲမှာ နာမည်အကြီးဆုံးနဲ့ ရေပန်းအစားဆုံး ဇာတ်ကောင် ဖြစ်လာခဲ့သည်။

တချို့လူတွေဆိုရင် မနက်ပိုင်းမှာ လက်ဖက်ရည်ဆိုင်မှာ ဒီပုံပြင်ကို နားထောင်ခဲ့ပြီး ညနေပိုင်းမှာတော့ "ချန်ဆန်းရှီ လာနေပြီ၊ မြန်မြန် အညံ့ခံကြ"ဆိုတဲ့ သတင်းကို ကြားလိုက်ရခြင်း ဖြစ်သည်။

ဒါဟာ တကယ့်ကို အိပ်မက်ဆန်ပြီး မယုံနိုင်စရာ ဖြစ်နေရသည်။

"ဟိုမှာ လာနေပြီ၊ အဲဒါ သူပဲ မဟုတ်လား"

"မြန်မြန် ကြည့်ကြစမ်း"

မြို့ရိုးပေါ်က လူတွေက အောက်ကို လက်ညှိုးထိုးပြရင်း အော်ဟစ်ကြသည်။

နေဝင်ဆည်းဆာက ကောင်းကင်ယံကိုအနီရောင် ဆိုးထားသည်။

မြင်းဖြူတစ်စီး၊ အဖြူရောင် ဝတ်ရုံနဲ့ လူတစ်ယောက်။

ချန်ဆန်းရှီသည် ရှောင်ရှင်းနဲ့တစ်ဦးတည်းလာခဲ့သည်။ သူ့လက်ထဲမှာ လက်နက်မပါသလို၊ သံချပ်ကာလည်း ဝတ်မထားပေ။ အစားထိုးအနေဖြင့် အမလန်ကိုယ်တိုင် ချုပ်လုပ်ပေးထားတဲ့ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ငြိမ်းချမ်းပြီး ဖော်ရွေတဲ့ ပုံစံမျိုးကို ပြသရန် ရည်ရွယ်ထားသည်။

သူသည် မြင်းဇက်ကြိုးကို ဆွဲထိန်းလိုက်ပြီး သင့်တင့်သော အသံနှုန်းဖြင့် လှမ်းခေါ်လိုက်သည် "မေကျိီမြို့နယ်က လူတို့... ငါ့ကို တွေ့ချင်တယ်ဆိုတာ မင်းတို့လား"

လူအုပ်ကြီးက ပြန်မေးသည် "မင်းက ချန်ဆန်းရှီ လား"

ချန်ဆန်းရှီက ပြန်ဖြေသည် "ငါ့နာမည်ကိုလည်း မပြောင်းဘူး၊ မျိုးရိုးကိုလည်း မလဲဘူး။ ငါဟာ တကယ်ပဲ ချန်ဆန်းရှီ ပါ"

မြို့ရိုးပေါ်တွင် ဆူညံသော ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

"ဘယ်လိုထင်လဲ"

"တကယ်ပဲ သူလား"

"မြင်းဖြူစီးထားတယ်၊ ကြည့်ရတာလည်း ခန့်ညားလိုက်တာ၊ ပုံပြောသူ ပြောပြတဲ့အတိုင်းပဲ၊ သေချာပေါက် သူပဲ ဖြစ်ရမယ်"

"ဟုတ်တယ်၊ သူတို့က ကိုယ့်လူအချင်းချင်း အယောင်ဆောင်မှာ မဟုတ်

ဘူး"

"..."

"ဗိုလ်ချုပ်ကြီးချန်"

ဝမ်ဖုန်းက အခေါ်အဝေါ်ကို ပြောင်းလဲပြီး လှမ်းခေါ်လိုက်သည် "မြို့တံခါးဖွင့်ပြီး အညံ့ခံရင် ဘယ်သူ့ကိုမှ မထိခိုက်စေရဘူးလို့ ခုနက ပြောခဲ့တာ တကယ်လား"

"အတိအကျပါပဲ"

ချန်ဆန်းရှီသည် သူ၏ သွေးချီကို ထိန်းညှိလိုက်သည်။ သူက အော်ဟစ်ခြင်း မပြုဘဲ မြင်းပေါ်ကနေ တည်ငြိမ်စွာ စကားပြောလိုက်သော်လည်း သူ၏ စကားလုံးတိုင်းကို မြို့ရိုးပေါ်က လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

"လူကြီးမင်းတို့"

"ငါ့လက်အောက်ငယ်သားတွေ ခုနက ပြောခဲ့တာတွေက အားလုံး အမှန်တွေပဲ"

သူက တွန့်ဆုတ်နေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး ဆက်ပြောသည်"မင်းတို့ ဘာကို စိုးရိမ်နေလဲဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ တကယ်တော့ ငါ့ကို ရန်သူတစ်ယောက်လိုဖြစ်ဖြစ်၊ တခြားလူမျိုးစု တစ်ခုလိုဖြစ်ဖြစ် မြင်နေဖို့ မလိုပါဘူး။"

"ဘာဖြစ်လို့လဲဆိုတော့ လိုင်ပြည်နယ်ရဲ့ မြေပြင်ဟာ အစဉ်အဆက် ဒါရှန်

အင်ပါယာရဲ့ ပိုင်နက် ဖြစ်ခဲ့လို့ပါပဲ"

"တစ်နည်းအားဖြင့် ပြောရရင် မင်းတို့ရဲ့ ဘိုးဘေးတွေဟာ တစ်ချိန်က ဒါရှန်အင်ပါယာရဲ့ လက်အောက်ခံတွေ ဖြစ်ခဲ့ကြတာပါ"

"အခုက ဒါရှန်ဆီကို ပြန်ရောက်လာတာပဲ ရှိတာ၊ ဒါကို ဘာဖြစ်လို့ စစ်မီးတွေ တောက်လောင်ပြီး အသက်တွေ အသေခံနေကြမှာလဲ"

ဒီစကားတွေနဲ့အတူ သူဟာ မြို့ရိုးပေါ်က လူတွေရဲ့ စိုးရိမ်ပူပန်မှု အများစုကို တိကျစွာပဲ အရည်ပျော်သွားစေခဲ့သည်။

ဟုတ်သည်။

လိုင်ပြည်နယ်ဟာ အစဉ်အဆက် ဒါရှန်ရဲ့ ပိုင်နက် ဖြစ်ခဲ့သည်။

ဒီလိုတွေးကြည့်ရင် အညံ့ခံပြီးရင်တောင်မှ သူတို့ဟာ လူရိုင်းတွေ ကျူးကျော်တုန်းကလို ဒုတိယတန်းစား၊ တတိယတန်းစား နိုင်ငံသားတွေအဖြစ် အနှိမ်ခံရမှာ မဟုတ်ဘဲ သူတို့ဘဝကို သူတို့ ဆက်ပြီး ရှင်သန်နိုင်မှာ ဖြစ်သည်။ နောက်ဆုံးတော့ လူမှုအဖွဲ့အစည်းရဲ့ အောက်ခြေမှာရှိတဲ့ လူတွေအတွက်ကတော့ ဘယ်သူပဲ ဧကရာဇ်ဖြစ်ဖြစ် ဘာများ ထူးခြားသွားမှာလဲ။

"ဘယ်လိုထင်လဲ။

ဝမ်ဖုန်းက တံတွေးကို ခက်ခက်ခဲခဲမျိုချရင်း မေးလိုက်သည် "ဒူပေါင်

ကျုံး... ငါတို့ အညံ့ခံကြမလား"

"အညံ့ခံလိုက်ကြစို့..."

ဒူပေါင်ကျုံးက 'မလုပ်ဘူး' လို့ ပြောချင်ပေမဲ့ မေကျိီမြို့နယ်ရဲ့ မြို့ရိုးတွေဟာ ခြေထောက်နဲ့ ကန်လိုက်ရုံနဲ့တောင် ပြိုကျတော့မယ့် အခြေအနေဆိုတာ သူ ကောင်းကောင်းသိသည်။ ဒါ့အပြင် အခြေအနေက အလွန်စိုးရိမ်ရတာကြောင့် မြို့ကို ကာကွယ်ဖို့ အရပ်သားတွေကို စုစည်းဖို့လည်း အချိန်မရသလို၊ မြို့သိမ်းတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း ဘာမှ မရှိခဲ့ပေ။

အကယ်၍ တိုက်ပွဲသာ ဖြစ်လာရင်...

တစ်ကြိမ်တည်းနဲ့တင် မြို့တံခါး ပွင့်သွားမှာ သေချာသည်။

အညံ့ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ ဘာများ ထူးခြားသွားမှာလဲ။

"အညံ့ခံလို့ မရဘူး၊ အညံ့ခံဖို့ ခွင့်မပြုဘူး—"

အစိမ်းရောင်ဝတ်စုံနဲ့ အရာရှိတစ်ယောက်က မြို့ရိုးပေါ်ကို အပြေးအလွားတက်လာသည်။ သူကတော့ မေကျိီမြို့နယ်ရဲ့ အုပ်ချုပ်ရေးမှူး လီဖြစ်ပြီး အမောတကောဖြင့် အော်ဟစ်လိုက်သည် "စစ်ဆေးရေးမှူးဝမ်၊ အညံ့ခံလို့ မဖြစ်ဘူး"

"အုပ်ချုပ်ရေးမှုး... အညံ့ခံဖို့က လွဲပြီးငါတို့ ရွေးချယ်ခွင့် ရှိလို့လား"

ဝမ်ဖုန်းက အပြင်ဘက်ကို ညွှန်ပြသည်"အနက်ရောင်သံချပ်ကာတပ်ဖွဲ့ လူသုံးထောင်ကို ရင်ဆိုင်ဖို့ဆိုတာ ငါတို့ တားချင်ရင်တောင် တားလို့မရဘူး"

"ဒါတောင်မှ အညံ့ခံဖို့ ခွင့်မပြုနိုင်ဘူး"

မြို့နယ်အုပ်ချုပ်ရေးမှူး လီ က စစ်သည်တစ်ဦး၏ ဓားကို ဆွဲထုတ်ကာ သူတို့ကို ဒေါသတကြီး ချိန်ရွယ်လိုက်ပြီး အော်ဟစ်သည် "ဘယ်သူပဲဖြစ်ဖြစ် မြို့တံခါးဖွင့်ပြီး အညံ့ခံရဲရင် သစ္စာဖောက်ပဲ ငါ့မှာ အဲဒီလူကို ခေါင်းဖြတ်ပိုင်

ခွင့်ရှိတယ်ငါ့အမိန့်ကို နားထောင်ကြ၊ လူတိုင်း အသေခံ တိုက်ကြစမ်း"

All Chapters