← Chapters

အခန်း (၃၀၅)

Vol. 28 Ch. 305

အခန်း (၃၀၅)

Vol. 28 Ch. 305

📝အပိုင်း - ၃၀၅

ဘာသာပြန် - Na Gar🐉

"အုပ်ချုပ်ရေးမှုးလီ မင်းက ဒါရှန်တပ်တွေ မြို့ထဲဝင်လာရင် မင်းရဲ့ ရာထူးပြုတ်မှာကို ကြောက်နေတာမလား၊ အဲဒါကြောင့် ငါတို့ကို အသေခံခိုင်းနေတာ"

ဝမ်ဖုန်းက အကွက်မြင်မြင်ဖြင့် ထောက်ပြလိုက်သည် "ငါတို့က ဘာလို့ မင်းအတွက်နဲ့အသက်စွန့်ရမှာလဲ လူတွေလာကြစမ်း၊ သူ့ကို အကုန်ချည်နှောင်

လိုက်ကြ"

"မင်းတို့ ရဲတယ်ပေါ့... မင်းတို့..."

အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် မည်သူမျှ မြို့နယ်အုပ်ချုပ်ရေးမှူးဆိုသည်ကို ဂရုမစိုက်ကြတော့ပေ။ လူအုပ်ကြီးသည် ဝိုင်းအုံလာပြီး သူ့ကို တင်းကျပ်စွာ တုပ်နှောင်လိုက်ကြတော့သည်။

"ဗိုလ်ချုပ်ကြီးချန်"

ဝမ်ဖုန်းက လည်ပင်းကိုဆန့်ကာ တုန်ရီသောအသံဖြင့် လှမ်းအော်သည် "ကျွန်တော်တို့ကို မလိမ်ပါနဲ့နော်။ ရိက္ခာတွေလည်း မလိုပါဘူး၊ မြို့ထဲဝင်လာရင် လူသတ်ပွဲမလုပ်ဘူးလို့ပဲ ကတိပေးပါ။ ဒါဆိုရင် မြို့တံခါးကို ဖွင့်ပေးပါ့မယ်"

ရန်သူ မြို့ထဲဝင်လာလျှင် အိမ်မီးရှို့ခြင်း၊ လုယက်ခြင်း အနည်းငယ်ကို တောင့်ခံနိုင်သော်လည်း တစ်မြို့လုံးကို သတ်ဖြတ်မည်ကိုသာ သူတို့ အကြောက်ဆုံး ဖြစ်သည်။

"စိတ်ချပါ နားခါးရင် ခွင့်လွှတ်ပါ၊ ငါတို့အင်အားချင်းက အဝေးကြီး ကွာခြားပါတယ်။ ငါကသာ တကယ် လူသတ်ချင်ရင် တိုက်ရိုက် စီးနင်းဝင်ရောက်ရုံပဲ၊ ဘာလို့ ဒီမှာ စကားတွေ အရှည်ကြီး ပြောနေမှာလဲ"

အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ချန်ဆန်းရှီ သည် တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေသော်လည်း သူ၏ လေသံမှာ အမိန့်အာဏာ စတင်

ပါဝင်လာသည်။

"ဒါရှန်အင်ပါယာရဲ့ အလံ မြို့ရိုးပေါ်မှာ လွှင့်ထူလိုက်တာနဲ့ တစ်ပြိုင်နက် မြက်တစ်ပင်၊ သစ်ပင်တစ်ပင်ကအစ၊ စစ်သည်တစ်ယောက်ကအစ ဘာမှ အထိခိုက်မခံစေရဘူး။ အညံ့ခံချင်တဲ့သူမှန်သမျှ ဒါရှန်ပြည်သူတွေအဖြစ် သတ်မှတ်မယ်၊ အညံ့မခံချင်ရင်လည်း အကျပ်မကိုင်ဘူး။

"ဒါပေမဲ့—"

"ငါတို့ရဲ့ စစ်ဆင်ရေးက အချိန်ကန့်သတ်ချက် ရှိတယ်။ အချိန်ကျော်သွားရင်တော့ ငါတို့ဘက်က အတင်းအကျပ် လုပ်ဆောင်ရလိမ့်မယ်။ အချိန်

အများကြီး မဖြုန်းပါနဲ့။ ဆေးတစ်ခွက်ကျိုစာ အချိန်အတွင်းမှာပဲ ဆုံးဖြတ်ချက်ချပါ"

"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့"

ဝမ်ဖုန်းမှာ ခုခံလိုစိတ် အစအနမျှ မရှိတော့ပေ "ဗိုလ်ချုပ်ကြီးချန်၊ ကျွန်တော်တို့ အညံ့ခံပါပြီ၊ အညံ့ခံပါပြီ"

"မြို့တံခါးကို ဖွင့်ကြစမ်း"

"အညံ့ခံပြီ—"

"ဝုန်း—"

ဆေးတစ်ခွက်ကျိုစာ အချိန်တောင် မကုန်ခင်မှာပင် မြို့တံခါးကြီး ပွင့်သွားတော့သည်။

မြို့စောင့်စစ်သည် တစ်ရာကျော်နှင့် အရာရှိ ဒါဇင်အနည်းငယ်တို့သည် မြို့ပြင်သို့ ထွက်လာကာ လမ်းဘေးဝဲယာတွင် ဒူးထောက်လိုက်ကြသည်။

အထူးသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး လီ ကို တုပ်နှောင်လျက် ခေါ်ဆောင်လာပြီး ဝမ်ဖုန်းတို့က သူ၏ အရာရှိတံဆိပ်နှင့် ဦးထုပ်ကို ဆက်သကြသည်။ သာမန်အရပ်သားများကမူ မြို့ထဲတွင် ပုန်းကွယ်နေကြပြီး အပြင်က အခြေအနေကို အဝေးမှ အကဲခတ်နေကြသည်။

မေကျိီမြို့နယ် တစ်ခုလုံးမှာ သေလူကဲ့သို့ တိတ်ဆိတ်သွားသည်။

အထူးသဖြင့် မြေကြီးပေါ်တွင် ဝပ်စတွင်း ဒူးထောက်နေသော ဝမ်ဖုန်းနှင့် တခြားသူများမှာ ကြောက်စိတ်ကြောင့် တုန်ရီနေကြသည်။ သူတို့သည် အခုအချိန်တွင် စင်းလုံးချော အသတ်ခံရမည့် ငါးများကဲ့သို့ ဖြစ်နေပြီး ကံစမ်းရုံမှတစ်ပါး အခြားမရှိပေ။

ခုခံလျှင် သေမှာသေချာသဖြင့် ဒီနာမည်ကျော် ဗိုလ်ချုပ်လူငယ်လေး ကတိတည်ပါစေဟုသာ ဆုတောင်းနေကြရသည်။

"အရှင်ချန်... ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ"

"..."

ချန်ဆန်းရှီ၏ အချက်ပြမှုဖြင့် အနက်ရောင်သံချပ်ကာတပ်ဖွဲ့သည် အလျင်အမြန် ရှေ့တက်လာကာ လက်နက်နှင့် သံချပ်ကာအားလုံးကို သိမ်းဆည်းလိုက်သည်။ စစ်တပ်ကြီး မြို့ထဲသို့ တည့်တည့်မတ်မတ် ချီတက်ဝင်ရောက်သွားတော့သည်။

ဝမ်ဖုန်းတို့ သက်ပြင်းချရုံရှိသေး၊ သံချပ်ကာတပ်ဖွဲ့ဝင်များသည် မြို့ထဲတွင် မြင်းစီးကာ စည်တီးပြီး အော်ဟစ်ကြပြန်သည်။

"ပြည်သူတို့"

"မြို့တံခါးဝမှာ စုဝေးကြစမ်း"

"မင်းတို့မှာ တစ်နာရီပဲ အချိန်ရှိတယ်"

"..."

တစ်ချိန်တည်းမှာပင် နောက်ထပ်အဖွဲ့တစ်ဖွဲ့က အိမ်တိုင်းထဲဝင်ကာ အရပ်သားအားလုံးကို အတင်းအကျပ် ထွက်ခိုင်းလေသည်။

"အရှင်ချန်"

ဝမ်ဖုန်းမှာ မျက်လုံးများ နီမြန်းလာပြီး ထိတ်လန့်တကြား အော်ဟစ်သည် "လူမသတ်ဘူးလို့ ကတိပေးခဲ့တယ်မဟုတ်လား၊ အခု... အခု ဘာလုပ်နေတာလဲ"

"ချန်ဆန်းရှီ... မင်းက သစ္စာမရှိဘူး"

ဒူပေါင်ကျုံးက ကျိန်ဆဲသည် "မင်း ငါတို့ကို လိမ်ခဲ့တာပဲ၊ မင်း ကောင်းကောင်းသေမှာ မဟုတ်ဘူး"

ချန်ဆန်းရှီက မြင်းပေါ်ကနေ ဂရုမစိုက်သလို တစ်ချက်ကြည့်ပြီး လျစ်လျူရှုထားလိုက်သည်။

"မင်းနဲ့ အသေခံ တိုက်မယ်"

ဝမ်ဖုန်းသည် သူ့မိသားစုပါ လမ်းပေါ်ရောက်လာသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် လက်နက်ကို လုယူရန် ကြိုးစားသော်လည်း ကန်ချခံလိုက်ရပြီး ဓားသွားများဖြင့် ဝိုင်းရံခြင်း ခံလိုက်ရသည်။

"အားလုံး ငြိမ်ငြိမ်နေကြ"

ရှောင်ကျန်းက စိတ်မရှည်စွာ ပြောလိုက်သည်။

နေဝင်ရီတရော အချိန်ရောက်သောအခါ မြို့သူမြို့သား ၆၀ ရာခိုင်နှုန်းခန့် မြို့တံခါးရှေ့သို့ ရောက်လာကြသည်။ သူတို့အားလုံးမှာ စုတ်ပြတ်နေသော အဝတ်အစားများဖြင့်၊ အာဟာရချို့တဲ့နေသော မျက်လုံးများတွင် နာကျင်မှု၊ ကြောက်ရွံ့မှုနှင့် မုန်းတီးမှုများ ပြည့်နှက်နေကြသည်။

လူပေါင်းသောင်းချီ၏ ကြည့်ရှုမှုအောက်တွင်...

ချန်ဆန်းရှီက သူ့လက်မောင်းကို မြှောက်လိုက်သည်။

သို့သော်လည်း သူ၏ လက်မောင်း ပြန်ကျလာချိန်တွင် လူများဆီသို့ ရောက်လာသည်မှာ အေးစက်သော ဓားသွားများ မဟုတ်ဘဲ...

ရိက္ခာများ ဖြစ်နေသည်။

လှည်းအစီးလိုက် ရိက္ခာများကို လူများရှေ့သို့ တွန်းပို့လိုက်ကြသည်။

ကျောက်ကန်နှင့် တခြားသူများက "တန်းစီကြ၊ တန်းစီကြ၊ မတွန်းနဲ့၊ လူတိုင်း ဝေစုရမယ်" ဟု အော်ဟစ်ကာ စနစ်တကျ ဖြစ်အောင် လုပ်ဆောင်ကြသည်။

"ဝုန်း—"

ဒီစကားတစ်ခွန်းက လူအုပ်ကြီးကြားမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

ရိက္ခာဝေပေးတယ် ဟုတ်လား..

ရန်သူတွေ ကျူးကျော်လာပြီးနောက်မှာ လူမသတ်ရုံတင်မကဘဲ... ရိက္ခာတွေပါ ဝေပေးနေတယ်တဲ့လား။

ဒါဟာ တကယ့်ကို ဒဏ္ဍာရီပုံပြင်လိုပါပဲ..

ဗိုလ်ချုပ်ကြီးချန်က... တကယ်ပဲ ရိက္ခာတွေ ပေးနေတာပဲ..

လူတစ်ယောက်ကို ဆန်တစ်တင်းခန့် ရရှိကြသည်။

လူပေါင်း တစ်သောင်းဆိုလျှင် ရိက္ခာတင်း တစ်ထောင်ခန့် ရှိသည်။

လူတစ်ယောက်ချင်းစီ ရရှိသည့် ပမာဏက မများသော်လည်း အရေးကြီးသည့်အချိန်တွင် အသက်ကယ်ရန် လုံလောက်လှသည်။

"ပြည်သူတို့"

အဲဒီအချိန်ကျမှ ချန်ဆန်းရှီက မြင်းပေါ်ကဆင်းပြီး မြင့်သောနေရာသို့ တက်ကာ စကားပြောသည် "ငါတို့ စစ်ချီလာတာ မြန်လွန်းလို့ ပါလာတဲ့ ရိက္ခာက သိပ်မများဘူး။ လူတိုင်းကို ဝဝလင်လင် မကျွေးနိုင်တာကိုတော့ နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်"

"သခင်ကြီး"

"နတ်ဘုရားက လွှတ်လိုက်တဲ့ မင်းကောင်းမင်းမြတ်ပဲ"

"ဒါဟာ အရပ်သားတွေကို မြစ်ကူးပေးခဲ့တဲ့ ဗိုလ်ချုပ်ကြီးချန်ပဲ၊ သူကလွဲရင် ဘယ်သူရှိဦးမှာလဲ"

"မြန်မြန်... ဒူးထောက်ပြီး ကျေးဇူးတင်ကြစမ်း"

"..."

အရပ်သား သောင်းပေါင်းများစွာဟာ တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြတော့သည်။

"လိုင်ပြည်နယ်ဟာ မနှစ်ကတည်းက သဘာဝဘေးဒဏ်တွေ ခံနေရတာကို ငါသိပါတယ်။ အခု ငါပေးနိုင်တာက အနည်းငယ်သော ကြိုးစားအားထုတ်မှုပါပဲ။"

All Chapters