အခန်း (၃၀၆)
Vol. 28 Ch. 306
📝အပိုင်း - ၃၀၆
ဘာသာပြန် - Na Gar🐉
ချန်ဆန်းရှီက ဆက်လက်မိန့်ကြားသည်"မင်းတို့မှာ အိမ်နီးချင်းမြို့နယ်တွေနဲ့ ခရိုင်တွေမှာ ဆွေမျိုးမိတ်ဆွေတွေ ရှိတယ်ဆိုရင်လည်း သတင်းစကားပါးလိုက်ကြပါ။ ငါတို့ရဲ့ ဒါရှန်အင်ပါယာဆီမှာ ငြိမ်းချမ်းစွာ အညံ့ခံတဲ့ အရပ်သားမှန်သမျှ ရိက္ခာဝေစု ရရှိစေရမယ်လို့"
"ရှောင်ကျန်း"
"ရှိပါတယ် အရှင်"
ချန်ဆန်းရှီက အမိန့်ပေးလိုက်သည်"မေကျိီမြို့နယ်ထဲက သူဌေးတွေနဲ့ သိုင်းပညာခန်းမတွေကို သွားရှာပါ။ သူတို့ရဲ့ ကျီထဲမှာရှိတဲ့ ရိက္ခာတစ်ဝက်ကို ထုတ်ပြီး ပြည်သူတွေကို ဝေငှပေးဖို့ ပြောလိုက်"
"အရှင်ချန်... အကယ်လို့ သူတို့က မကြည်ဖြူဘူးဆိုရင်ရော"
"သူတို့ ကြည်ဖြူလာပါလိမ့်မယ်"
"ဟုတ်ကဲ့ပါ"
ရှောင်ကျန်းသည် အရှင် အကြံအစည်ကို တဖြည်းဖြန်း နားလည်လာသည်"အရှင်ချန်က ချင်နိုင်ငံရဲ့ ရိက္ခာကိုသုံးပြီး ချင်နိုင်ငံသားတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်နေတာပဲ။ တကယ့်ကို ပါးနပ်တဲ့ ဗျူဟာပါပဲ"
"ဗိုလ်ချုပ်ချန်"
"ဗိုလ်ချုပ်က တကယ့်ကို ကရုဏာတရားနဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်ပါ"
ဝမ်ဖုန်းသည် မြေကြီးပေါ်တွင် တရစပ် ဦးတိုက်နေတော့သည်"အရှင်ချန်... ကျွန်တော်... ကျွန်တော် ဒါရှန်အင်ပါယာဆီမှာ အညံ့ခံပြီး အရှင့်လက်အောက်မှာ ခြေလျင်တပ်သားအဖြစ် အမှုထမ်းပါရစေ"
"ထလိုက်ပါ"
ချန်ဆန်းရှီသည် ဘေးနားတွင် ခန့်ညားသော သံချပ်ကာ ဝတ်ဆင်ထားသည့် ဗိုလ်ချုပ်ကို ကြည့်လိုက်သည် "မင်းက စင်ဟွားခရိုင်ကလား"
"ဟုတ်ပါတယ်"
ဒူပေါင်ကျုံးက တုန်တုန်ရီရီဖြင့် ဖြေသည် "ကျွန်တော်လည်း အညံ့ခံပြီး ဗိုလ်ချုပ်ချန်ရဲ့ လက်အောက်မှာ အမှု့ထမ်းချင်ပါတယ်"
"အခက်တွေ့စရာ မလိုပါဘူး"
ချန်ဆန်းရှီက အေးစက်စွာ ပြောသည် "မင်းနဲ့ မင်းရဲ့ ညီအစ်ကိုတွေ လာခဲ့တဲ့လမ်းအတိုင်း စင်ဟွားခရိုင်ကို ပြန်သွားလို့ ရပါတယ်"
'ဘာ..'
ဒူပေါင်ကျုံးသည် နားကြားမှားသည်ဟု ထင်မှတ်ကာ မယုံနိုင်စရာ မေးလိုက်သည် "အရှင်ချန်... ကျွန်တော့်ကို... ကျွန်တော့်ကို လွှတ်ပေးလိုက်တာလား"
ဒါက သူ့ကို အသုံးမကျဘူးဟု ထင်၍ အထင်သေးခြင်းလား၊ သို့မဟုတ် စမ်းသပ်ခြင်းလားချန်ဆန်းရှီက ဘာမှ ထပ်မပြောဘဲ သူ့လူတွေကို အမိန့်ပေးကာ ဒူပေါင်ကျုံးပေါ်က ချည်နှောင်မှုတွေကို ဖြုတ်ပေးခိုင်းလိုက်သည်။
"အရှင်ချန် ကျွန်တော်က အသုံးဝင်ပါတယ်"
ဒူပေါင်ကျုံးက အလျင်အမြန် ဖြည့်ပြောသည် "ကျွန်တော် စင်ဟွားခရိုင်ကို ပြန်ပြီး ဗိုလ်ချုပ်ကြီးမာကို အညံ့ခံဖို့ ဖျောင်းဖျပေးပါ့မယ်။ ဗိုလ်ချုပ်ကြီးမာက ကျွန်တော့်ရဲ့ ဆွေမျိုးအဝေးတစ်ယောက်ပါ"
ချန်ဆန်းရှီက သဘောတူခြင်းလည်း မရှိ၊ ငြင်းပယ်ခြင်းလည်း မရှိဘဲ တည်ငြိမ်စွာပင် ထပ်ပြောသည် "သွားလို့ရပါပြီ"
"ဒါ... ကျွန်တော့် အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ချန်"
ဒူပေါင်ကျုံးသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သူဘေးကင်းမှန်း သေချာသွားသောအခါမှ သူ့လူတွေကို ခေါ်ကာ မြင်းစီးပြီး မြို့ပြင်သို့ အမြန်ထွက်ခွာသွားတော့သည်။ သူတို့ လာစဉ်ကနှင့် ကွာခြားချက်မှာ လက်နက်နှင့် သံချပ်ကာများ မပါတော့ခြင်းသာ ရှိပြီး တစ်ကိုယ်လုံး အထိအခိုက်မရှိ ပြန်သွားနိုင်ခြင်း ဖြစ်သည်။
"မြို့နယ်အုပ်ချုပ်ရေးမှူး လီ"
ဝမ်ဖုန်းက စွပ်စွဲလိုက်သည် "မင်းမှာ ဘာပြောစရာ ကျန်သေးလဲကံကောင်းလို့ ငါတို့ မင်းအတွက် အသက်မစွန့်ခဲ့တာ။ မဟုတ်ရင် ဗိုလ်ချုပ်ချန်ကို လူသတ်ပွဲကြီး လုပ်ခိုင်းသလို ဖြစ်နေတော့မှာ"
အုပ်ချုပ်ရေးမှူး လီ သည် ကျောက်သားလမ်းမပေါ်တွင် နဖူးနှင့် မြေကြီး တိုက်မိသည်အထိ ပြင်းပြင်းထန်ထန် ဦးတိုက်နေပြီး သွေးစတချို့ပင် ထွက်နေသည် "အရှင်ချန်... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ ကျေးဇူးပြုပြီး ချမ်းသာပေးပါကျွန်တော်လည်း ဒါရှန်ရဲ့ နိုင်ငံသားတစ်ယောက် ဖြစ်ချင်ပါတယ်"
"နိုင်ငံသား ဟုတ်လား"
ချန်ဆန်းရှီက ပြန်မေးသည် "မင်းက ဘာလို့ မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဆက်မလုပ်နိုင်ရမှာလဲ"
"ဟင်"
အုပ်ချုပ်ရေးမှူး လီ ၏ ဦးတိုက်နေမှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည် "ဗိုလ်ချုပ်ချန်... ဘာ... ဘာကို ဆိုလိုတာလဲ"
"အနီးအနားက တခြားမြို့နယ် အုပ်ချုပ်ရေးမှူးတွေကို မင်း သိတယ် မဟုတ်လား အုပ်ချုပ်ရေးမှုးလီ"
ချန်ဆန်းရှီက လေးနက်စွာ ပြောသည် "အကယ်လို့ မင်းက တခြားမြို့နယ် အုပ်ချုပ်ရေးမှူး တစ်ယောက်ကို အညံ့ခံအောင် အောင်မြင်စွာ ဖျောင်းဖျနိုင်ရင် လိုင်ပြည်နယ် တိုက်ပွဲပြီးတဲ့နောက်မှာ မင်းက အုပ်ချုပ်ရေးမှူးအဖြစ် ဆက်ရှိနေမယ်။ အကယ်လို့ မင်း ဖျောင်းဖျနိုင်တဲ့ အရေအတွက် များမယ်ဆိုရင်တော့ ရာထူးတိုးတာနဲ့ ဘွဲ့ထူးဂုဏ်ထူးတွေပါ ရနိုင်တယ်"
"ဒါ... ဒါ တကယ်ပဲလား"
အုပ်ချုပ်ရေးမှူး လီ ၏ မျက်လုံးများမှာ အရောင်တောက်သွားသည် "ကောင်းပါပြီ၊ ကောင်းပါပြီ။ ဘေးနားက ချီမန်နဲ့ ကျန်းတဲမြို့နယ် အုပ်ချုပ်ရေးမှူးတွေက ကျွန်တော့်ရဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေပဲ။ အခု ဗိုလ်ချုပ်ကြီးချန် ကိုယ်တိုင် ရောက်နေတာဆိုတော့ ကျွန်တော့်ရဲ့ ဖျောင်းဖျမှုနဲ့ဆိုရင် သေချာပေါက် အောင်မြင်မှာပါ"
"ကောင်းပြီ။ ဒါဆို အုပ်ချုပ်ရေးမှုးလီကို အားကိုးရတော့မှာပဲ။ မင်းရဲ့ သူငယ်ချင်းတွေကိုလည်း ပြောလိုက်ပါ၊ အညံ့ခံတဲ့သူတိုင်း တူညီတဲ့ ဆက်ဆံမှု ရစေရမယ်။ ငါတို့ ဒါရှန်အင်ပါယာက ကရုဏာနဲ့ တရားမျှတမှုကို ရှေ့တန်းတင်တဲ့ စစ်တပ်ဖြစ်တယ်၊ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့ပဲ လာတာ၊ အပြစ်မဲ့သူတွေကို သတ်ဖို့ မဟုတ်ဘူး"
ချန်ဆန်းရှီက သူ့ကို ထူပေးလိုက်သည်"အုပ်ချုပ်ရေးမှုးလီအတွက် မြင်းအမြန်တစ်စီး ပြင်ပေးလိုက်ကြ၊ ပြီးတော့ သူ့ကို လမ်းမှာ စောင့်ရှောက်ဖို့ လူနှစ်ယောက် ထည့်ပေးလိုက်"
မကြာမီမှာပင် အားလုံးကို စနစ်တကျ စီစဉ်ပြီးသွားသည်။
မေကျိီမြို့နယ်က ပြည်သူတွေ ရိက္ခာရသွားကြပြီ၊ ဒူပေါင်ကျုံးက စင်ဟွားခရိုင်ကို ပြန်သွားပြီ၊ အုပ်ချုပ်ရေးမှူး လီ ကလည်း နေရာအနှံ့ကို ဖျောင်းဖျဖို့ ထွက်သွားပြီ...
သို့သော် အပြင်ပန်းကြည့်လျှင် ဘာမှ ပြောင်းလဲသွားခြင်း မရှိပေ။
ကြည့်ရသည်မှာ သူတို့သည် အသုံးမကျပြီး ဆင်းရဲလှသည့် မြို့ငယ်လေးကို သိမ်းပိုက်ရန်သာ အစွမ်းကုန် ကြိုးစားခဲ့ကြပုံရသော်လည်း၊ တကယ်တမ်းတွင်မူ 'အရှိန်အဟုန်' ကို တည်ဆောက်ပြီးသွားပြီ ဖြစ်သည်။ ကျန်တာကတော့ စောင့်ဆိုင်းဖို့သာ ရှိတော့သည်၊ ဒါကို အင်အားစုဆောင်း၍ တိုက်ခိုက်ခြင်းဟု ခေါ်သည်။
"ငါ့ရဲ့ စစ်အမိန့်ကို ထုတ်ပြန်လိုက်"
ချန်ဆန်းရှီက ကျယ်လောင်စွာ ပြောသည် "တစ်တပ်လုံး မေကျိီမြို့နယ်မှာ ဆယ်ရက်ကြာ အနားယူမယ်။ ဒီကာလအတွင်းမှာ ဘယ်သူမှ ပြည်သူတွေကို အနှောင့်အယှက် မပေးစေရဘူး။ အမိန့်ဖောက်ဖျက်တဲ့သူကို ညှာတာမှုမရှိဘဲ ကွပ်မျက်မယ် ပြီးတော့ တခြားမြို့တွေမှာရှိတဲ့ ငါတို့တပ်ဖွဲ့တွေကိုလည်း မူလနေရာမှာပဲ နေဖို့၊ ခွင့်ပြုချက်မရှိဘဲ ဘာမှမလုပ်ဖို့ အမိန့်ပို့လိုက်"
"ဆယ်ရက်တောင်လား"
ရှာချုံက ဇဝေဇဝါ ဖြစ်သွားပြီး သူ့စိုးရိမ်မှုကို ပြောပြသည် "ဒီလိုနေရာမျိုးမှာ ဆယ်ရက်တောင် နေမှာလားအဖိုးတန်တဲ့ အချိန်တွေကို ဖြုန်းတီးရာ မရောက်ဘူးလား အရှင်... အခု မေကျိီမြို့နယ်က လူတွေက ကျွန်တော်တို့ကို ကျေးဇူးတင်နေကြပြီ၊ အုပ်ချုပ်ရေးမှူးတွေကလည်း တခြားသူတွေကို ဖျောင်းဖျပေးနေကြပြီ။ ဒါဟာ အရှင်အလိုရှိတဲ့ အညံ့ခံချင်တဲ့ အရှိန်အဟုန်ပဲ မဟုတ်လားဘာလို့ သံပူခိုက်မှာ ရိုက်ပြီး မြို့တွေကို တစ်ပြိုင်နက် မသိမ်းပိုက်တာလဲ"
"ရှာချုံ... မင်းက စိတ်စောလွန်းတယ်။ ငါ့ကို လေးနဲ့ မြှား ပေးစမ်း"
ချန်ဆန်းရှီက လက်ကမ်းလိုက်ရာ မြှားအိတ်ကိုင်ဆောင်ရသူ ကျောက်ကန်က ချက်ချင်း ကမ်းပေးသည်။
သူသည် လေးကို တင်းအောင်ဆွဲပြီး ခြေအလှမ်း၃၀၀ ခန့် အကွာရှိ သစ်ပင်
ထိပ်က စာကလေးတစ်ကောင်ကို ချိန်လိုက်သည် "ဟိုစာကလေးကို မြင်
လား"
"ဝုန်း—"
လေးကြိုးသံ ဟိန်းထွက်သွားသည်။
မြှားတစ်စင်းသည် လေထုကို ခွင်း၍ အရှိန်အဟုန်ဖြင့် ပျံသန်းသွားတော့သည်။
"အရှင်..."
ရှာချုံက ပို၍ မျက်စိလည်သွားသည် "ဒီစာကလေးနဲ့ မြို့သိမ်းတာ ဘာဆိုင်လို့လဲ"
သူ့စကား မဆုံးခင်မှာပင်...
မြှားသည် စာကလေးကို တိတိကျကျ ထိမှန်သွားတော့သည်။
"မြှားကို ခဏလောက် ပျံသန်းခွင့် ပေးလိုက်ပါဦး"
...
ယုံလဲ့ခရိုင် ပြင်ပ၊
ဒါရှန်စစ်တပ် စခန်း...
"သတင်းပို့ပါတယ်—"
"ဗိုလ်ချုပ်ကြီးမုန့်... ချင်နိုင်ငံအတွင်းက သူလျှိုဆီက သတင်းရပါတယ်။ စစ်သည် ခုနစ်သောင်းပါတဲ့ စစ်တပ်ကြီးဟာ ထွက်ခွာလာပြီဖြစ်ပြီး နောက်ထပ် ရက် ၅၀ ထက်မပိုတဲ့ အချိန်အတွင်းမှာ အစိမ်းရောင်တောင်တန်း အနီးအနားကို ရောက်လာလိမ့်မယ်လို့ ဆိုပါတယ်"
"ဒီလောက်တောင် မြန်တာလား"
မုန့်ချူကျိီ အနည်းငယ် အံ့အားသင့်သွားသည်။
"ငါတို့ ဘာလုပ်ကြမလဲ"
ဒုတိယဗိုလ်ချုပ် ကျန်းထောင်မင်၏ မျက်မှောင်များ ကြုတ်သွားသည် "ချင်နိုင်ငံ စစ်ကူတွေ မရောက်ခင်မှာ အစိမ်းရောင်တောင်တန်းမှာ ငါတို့တပ်တွေကို ခုခံဖို့ ပြင်ဆင်ရမယ်။ ဒါပေမဲ့ ငါတို့တပ်အားလုံးက အခု လောလောဆယ်မှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေကြတာ။ အကုန်လက်လွှတ်လိုက်မယ်ဆိုရင်လည်း လိုင်ပြည်နယ်ရဲ့ တစ်ဝက်ကျော်ကို ဆုံးရှုံးရလိမ့်မယ်"
"ချန်ဆန်းရှီကော ဘာထူးလဲ"
မုန့်ချူကျိီက မေးလိုက်သည် "သူက ရက်ပေါင်း ၆၀ အတွင်း ကျောက်ထုံခရိုင်ကို အညံ့ခံအောင် လုပ်ပါ့မယ်ဆိုပြီး စစ်အမိန့်စာယူသွားတာ မဟုတ်
လားအခု တစ်လခွဲလောက်တောင် ရှိနေပြီ၊ သူတို့ အခု ဘယ်ရောက်နေကြပြီလဲ"