← Chapters

အခန်း (၃၀၈)

Vol. 28 Ch. 308

အခန်း (၃၀၈)

Vol. 28 Ch. 308

📝အပိုင်း - ၃၀၈

ဘာသာပြန် - Na Gar🐉

"ဒါက ဒုတိယမြောက်နေ့ပဲ ရှိသေးတာပဲ"

"ဆိုလိုတာက နောက်ထပ် ခုနစ်ရက် ကျန်သေးတယ်ပေါ့"

"ဒါပေမဲ့..."

ရှာချုံက လက်ထဲက စာကို ကိုင်ထားရင်း"စစ်သေနာပတိချုပ်မုန့်က မျှော်လင့်နေတာက..."

"အဲဒါက အကြံပြုချက်ပဲ၊ အမိန့်မဟုတ်ဘူး။ ငါတို့ လိုက်နာချင်လည်း ရတယ်၊ မလိုက်နာဘဲ နေလည်း ရတယ်။"

ချန်ဆန်းရှီက ပြောလိုက်သည် "စစ်သေနာပတိချုပ်ဆီကို ငါတို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ပြန်ကြားလိုက်ပါ။ ဒါပေမဲ့ အစီအစဉ်ကတော့ မပြောင်းလဲဘူး။ ငါတို့ ဒီမှာ နောက်ထပ် ခုနစ်ရက် ဆက်နေမယ်"

"ဟုတ်ကဲ့ပါ"

...

လိုင်ပြည်နယ်...

ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက နှစ်ဖက်စလုံးက စုစုပေါင်း စစ်သည်

အင်အား သုံးသိန်းခန့် ပါဝင်တဲ့ နိုင်ငံအဆင့် စစ်ပွဲကြီးဟာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါရှန်ပြက္ခဒိန် ၁၂ လပိုင်း၊ ၆ ရက်နေ့မှာတော့...

နန်ရွှီရဲ့ ကျင့်မင်းသား လီဂုန်းဟာ ဝူထျန်းတောင်တန်းမှာ ရှုံးနိမ့်ခဲ့ပြီး လေရှန်းနဲ့ ကွေ့ဟိုင်အပါအဝင် ခရိုင် ၅ ခုကို လက်လွှတ်ခဲ့ရပါတယ်။ နယ်စားကြီး မုန့်ချူကျီကတော့ ဒါရှန်စစ်သည် တစ်သိန်းခွဲကို ဦးဆောင်ပြီး ချင်နိုင်ငံရဲ့ နယ်မြေထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ လျှပ်စီးလက်သလို မြန်ဆန်တဲ့ တိုက်စစ်နဲ့အတူ လိုင်ပြည်နယ် စစ်မြေပြင်ကို အပိုင်းပိုင်းခွဲပစ်ခဲ့ပြီး ချင်နိုင်ငံရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ကာ သူတို့ကို တစ်စုချင်းစီ ချေမှုန်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီနောက် အင်အားသာလွန်တဲ့ တပ်တွေကို စုစည်းပြီး ယုံလဲ့ခရိုင်ကို အပြင်းအထန် တိုက်ခိုက်ခြင်းအားဖြင့် ဒီစစ်ပွဲရဲ့ အောင်နိုင်မှုကို ဆုံးဖြတ်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

ရလဒ်အနေနဲ့ လိုင်ပြည်နယ်ရဲ့ နယ်စပ်တစ်လျှောက်မှာ နေ့ရောညပါ ပြင်းထန်တဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။

၁၂ လပိုင်း အကုန်ပိုင်းရောက်တဲ့အထိ ဒါရှန်ရဲ့ အနောက်မြောက်နယ်စပ်က လာတဲ့ ဗိုလ်ချုပ်ငယ် ချန်ဆန်းရှီဟာ သုံးဖက်ပိတ် တစ်ဖက်ဖွင့်ဆိုတဲ့ တိတ်ဆိတ်တဲ့ အမိန့်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအခါမှာ မိုင်ပေါင်းထောင်ချီ ရှည်လျားတဲ့ ရှေ့တန်းစစ်မျက်နှာဟာ တစ်ညတည်းမှာတင် တိတ်ဆိတ်သွားခဲ့ပါတယ်။ ဒါဟာ အပြင်းထန်ဆုံး ရွာသွန်းနေတဲ့ မိုးသက်မုန်တိုင်းကြီး ရုတ်တရက် ရပ်တန့်သွားသလိုပါပဲ။ ဒါပေမဲ့ ကောင်းကင်ယံက မည်းမှောင်နေတဲ့ တိမ်တိုက်တွေကတော့ ပျောက်ကွယ်မသွားဘဲ လိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့ပေါင်း ၂၀၀ ကျော်ပေါ်မှာ ဖုံးလွှမ်းနေဆဲ ဖြစ်ပြီး တစ်မြို့လုံးကို ထူးဆန်းတဲ့ သေမင်းတမန် တိတ်ဆိတ်မှုထဲကို နှစ်မြှုပ်ပစ်လိုက်ပါတယ်။

ချင်နိုင်ငံရဲ့ မြို့တိုင်းမှာရှိတဲ့ မြို့စောင့်တပ်တွေဟာ သူတို့ရဲ့ ညီအစ်ကို စစ်သည်တွေဟာ အစီအရီနဲ့ ချင်နိုင်ငံရဲ့ အတွင်းပိုင်းဆီကို ပြန်သွားနေကြတာကို မြင်နေရပါတယ်။

သူတို့တွေ အိမ်ပြန်နေကြတာပါ..

ဒါဟာ ချင်နိုင်ငံရဲ့ သူလျှိုတွေ စုဆောင်းရရှိထားတဲ့ အတိအကျ သတင်းအချက်အလက် ဖြစ်ပါတယ်။

ဒါရှန်စစ်တပ်ဟာ အညံ့ခံတဲ့ စစ်သည်တွေကို ပြန်လွှတ်ပေးနေတာပါ။ သူတို့ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုရုံတင်မကဘဲ ရိက္ခာခြောက်တွေပါ ဝေပေးပြီး အရှေ့ဘက်က သူတို့ရဲ့ နေရပ်တွေဆီကို ပြန်ပို့ပေးနေတာ ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ဒီတိုက်ပွဲမှာ သူတို့ ရှုံးနိမ့်သွားခဲ့ရင်တောင်မှ လိမ်လိမ်မာမာနဲ့ အညံ့ခံလိုက်မယ်ဆိုရင် ဘာမှ ပေးဆပ်စရာ မလိုဘဲ တစ်လအတွင်းမှာ သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်ဆုံနိုင်မှာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ မြို့ပြင်မှာရှိတဲ့ ဒါရှန်စစ်သည်တွေရဲ့ စဉ်ဆက်မပြတ် ဖျောင်းဖျနားချမှုတွေကြောင့် ချင်နိုင်ငံရဲ့ မြို့တိုင်းမှာရှိတဲ့ မြို့စောင့်တပ်တွေဟာ စိုးရိမ်ထိတ်လန့်တဲ့ အခြေအနေကို ရောက်ရှိနေကြပါတယ်။

ဒါပေမဲ့လည်း...

ချင်နိုင်ငံရဲ့ မြို့စောင့်ဗိုလ်ချုပ်တိုင်းက သူတို့ရဲ့ လက်အောက်ငယ်သားတွေကို ပြောနေကြပါတယ်။

"ညီအစ်ကိုတို့... နောက်ထပ် ရက်အနည်းငယ်လောက်ပဲ တောင့်ခံထားကြစမ်း"

"ငါတို့ရဲ့ စစ်ကူတပ်ကြီးတွေ မကြာခင် ရောက်လာတော့မယ်"

"နောက်ဆုံး ရက် ၄၀ ပဲ ကျန်တော့တယ်"

"မဟုတ်ဘူး၊ ရက် ၃၀ ပဲ"

"..."

လူတိုင်းကို ဆက်လက်တောင့်ခံနိုင်ဖို့ ယုံကြည်ချက်ပေးတဲ့အနေနဲ့

မြို့စောင့်ဗိုလ်ချုပ်တိုင်းက တံလျှပ်ကို ရေထင်ပြီး ရေငတ်ပြေစေခြင်းဆိုတဲ့ စိတ်ဓာတ်စစ်ဆင်ရေး ဗျူဟာကို အသုံးပြုခဲ့ကြပါတယ်။ စစ်ကူတွေ ရောက်လာမယ့်အချိန်ကို အတိုချုံးပြောပြီး စစ်သည်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ကြပါတယ်။

တကယ်တမ်းမှာလည်း..

ချင်နိုင်ငံရဲ့ စစ်ကူတပ်ကြီးတွေဟာ တကယ်ပဲ ရောက်ခါနီးနေပါပြီ။

နယ်မြေအတွင်းမှာရှိတဲ့ သူလျှိုတွေဟာ နေ့တိုင်းလိုလို သတင်းသစ်တွေ ပေးပို့နေကြပြီး ချင်နိုင်ငံရဲ့ စစ်ကူတွေဟာ အကွာအဝေး အတော်များများကို ကျော်ဖြတ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ချင်နိုင်ငံဘက်က စစ်သည်တွေ စိုးရိမ်နေရုံတင်မကဘဲ ဒါရှန်ဘက်က စစ်သည်တွေနဲ့ ဗိုလ်ချုပ်တွေလည်း ထိတ်လန့်နေကြပါတယ်။ သူတို့တွေ အမြဲတမ်း အနိုင်ရနေခဲ့တာကို ဘာဖြစ်လို့ ရုတ်တရက် ရပ်တန့်လိုက်ရတာလဲဆိုတာ သူတို့ နားမလည်ကြပေ။

အကယ်လို့ တိုက်စစ်ကိုသာ ဆက်ပြီး ဆင်နွှဲမယ်ဆိုရင် မြို့ကိုသိမ်းဖို့ ဘယ်လောက်ကြာမလဲဆိုတာ မသေချာပေမဲ့၊ ဒီလိုပဲ အချိန်ဆွဲနေမယ်ဆိုရင်တော့ ချင်နိုင်ငံရဲ့ စစ်ကူတွေကို ထိုင်စောင့်နေသလို ဖြစ်နေပြီး ကြီးမားတဲ့ ရှုံးနိမ့်မှုကြီးနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာ သူတို့ သိနေကြပါတယ်။

ယုံလဲ့ခရိုင် ပြင်ပ...

ဒါရှန်စစ်တပ် စခန်း...

"ရူးနေတာပဲ"

"ဝုန်း—"

ဖန်ထျန်းဖားဟာ မေကျိီမြို့နယ်က သတင်းကို ဖတ်ပြီးတာနဲ့ ခုံတစ်ခုလုံးကို မှောက်လှန်ပစ်လုနီးပါး ဖြစ်သွားပါတယ်"စစ်သေနာပတိချုပ်မုန့် ချန်ဆန်းရှီ ရူးနေပြီ သူ ဘာပြောလဲ သိလားသူက ကျောက်ထုံခရိုင်ကို သွားဖို့ ငြင်းဆန်တဲ့အပြင် မေကျိီမြို့နယ်မှာ ဆယ်ရက်တောင် ဆက်နေဖို့ စီစဉ်နေတယ်တဲ့ ဆယ်ရက်တောင်လေ ငါတို့သာ အဲဒီဆယ်ရက်ကို ထိုင်စောင့်နေရင် ချင်နိုင်ငံရဲ့ စစ်ကူတွေ ရောက်လာတော့မှာပေါ့"

"အခု ငါတို့ ဘာလုပ်ကြမလဲ"

ကျန်းထောင်မင်က စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေရင်း "စစ်သေနာပတိချုပ်မုန့်... ကျွန်တော့်အကြံကတော့ ချန်ဆန်းရှီရဲ့ ကွပ်ကဲမှုအာဏာကို ရုပ်သိမ်းလိုက်ပြီး သူ့ကိုကျောက်ထုံခရိုင်ဆီ အမြန်သွားဖို့ အသေခံအမိန့်

ထုတ်ပြန်လိုက်ဖို့ပါပဲ"

"အင်း..."

မုန့်ချူကျိီက လေးနက်စွာ စဉ်းစားနေပါတယ်။

လက်ရှိအခြေအနေမှာ ကျောက်ထုံခရိုင်ကို မသိမ်းပိုက်နိုင်ဘဲ ဒီလိုပဲ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေမယ်ဆိုရင် တကယ်ကို အန္တရာယ်ရှိလာမှာ ဖြစ်ပါတယ်။

သူက သက်ပြင်းချပြီး ပြောလိုက်သည် "ချန်ဆန်းရှီကို အလွန်အမင်း ယုံကြည်မိတာ ငါ့အမှားပါပဲ။ တာဝန်က ငါ့မှာ ရှိပါတယ်။ သူ့ရဲ့ ကွပ်ကဲမှုအာဏာကို ငါချက်ချင်း ရုပ်သိမ်းလိုက်မယ်၊ ပြီးရင် ကျောက်ထုံကို အမြန်သွားဖို့ အသေခံအမိန့် ထုတ်ပြန်မယ်။ ဖျောင်းဖျလို့ဘဲရရ၊ အင်အားဘဲသုံးရသုံးရ ကျောက်ထုံကိုသာ သူသိမ်းနိုင်မယ်ဆိုရင် သူ ဒီစမ်းသပ်မှုကို အောင်မြင်သွားပြီလို့ သတ်မှတ်ပေးမယ်"

"အားလုံးပဲ စိတ်အေးအေးထားကြပါဦး"

အဲဒီအချိန်မှာပဲ...

အလုပ်အကျွေးပြုသူတစ်ဦးက ဖန်ချင်းယွမ်ကို စစ်ဦးစီးဌာန ထဲကို တွန်းပို့လာပါတယ်။ သူက အေးအေးဆေးဆေး ပြောလိုက်သည် "ခင်ဗျားတို့ တစ်ခုခုကို မေ့နေကြပြီလားအစတုန်းက ဒု-ဗိုလ်ချုပ်ချန်က ငါတို့ကို ပြောခဲ့တာက လိုင်ပြည်နယ်ရဲ့ ခရိုင် ၃၆ ခုလုံးကို သိမ်းပိုက်မှာလို့ ပြောခဲ့တာလေ၊ တစ်ခုတည်း မဟုတ်ဘူး"

"သူ့ရဲ့ အစီအစဉ်ကို ငါတို့ မမြင်နိုင်ကြလို့လားမြောက်ဘက်ကို အမြန်သွားတာက မြောက်ကနေ တောင်ကို တံမြက်စည်းလှည်းသလို တစ်ပြိုင်နက် သိမ်းကျုံးဝင်လာဖို့ပဲ။ ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲအချိန်တွေ အများကြီး ကုန်မှာပေါ့"

ဖန်ထျန်းဖားက စိုးရိမ်တကြီး ပြောသည်"ငါတို့က အဲဒီလောက်ကြီး မတောင်းဆိုပါဘူး။ စစ်အမိန့်စာထဲမှာတောင် ကျောက်ထုံခရိုင် တစ်ခုတည်းကိုပဲ အတိအကျ ဖော်ပြထားတာ။ ကျောက်ထုံကို သိမ်းနိုင်ရင်တင် တော်တော်ကောင်းနေပြီ"

"မှန်ပါတယ် ဗိုလ်ချုပ်ဖန်၊ ဒု-ဗိုလ်ချုပ်ချန်က ပါးနပ်တဲ့ ဗျူဟာတွေ အများကြီး သုံးခဲ့ဖူးတယ်။ ဒါပေမဲ့ သူက နည်းနည်း လောဘကြီးနေသလိုပဲ၊ အခု အခြေအနေနဲ့တော့ မကိုက်ညီဘူး"

မုန့်ချူကျိီက လေးနက်စွာ ပြောသည်"အခု အရေးကြီးဆုံးက ကျောက်ထုံကို သိမ်းဖို့နဲ့ အစိမ်းရောင်တောင်တန်းမှာ ချင်နိုင်ငံ စစ်ကူတွေကို ရင်ဆိုင်ဖို့ အင်အားခွဲထုတ်ဖို့ပဲ။ ကျန်တာကတော့ အခြေအနေပေါ်မှာပဲ မူတည်မယ်"

"မလုံလောက်ဘူး၊ ကျောက်ထုံ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။"

ဖန်ချင်းယွမ်က စာတစ်စောင်ကို မြှောက်ပြလိုက်သည် "ငါအခုလေးတင် သတင်းရတယ်။ နန်ရွှီ က ကျင့်မင်းသားဟာစစ်သည်တစ်သိန်းကို စုစည်းပြီး အခု နယ်စပ်မှာ အသင့်ပြင်ထားပြီ။ ချင်နိုင်ငံ စစ်ကူတွေနဲ့ ပူးပေါင်းပြီး အစိမ်းရောင်တောင်တန်းကို ရောက်လာဖို့ ၉၀ ရာခိုင်နှုန်း သေချာနေပြီ"

"ဘယ်လောက်တောင်လဲ"

မုန့်ချူကျိီရဲ့ မျက်နှာဟာ ချက်ချင်း တည်တင်းသွားသည် "စစ်သည်တစ်

သိန်း... နန်ရွှီက နယ်ခြားစောင့်မင်းသားနဲ့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေတာ မဟုတ်ဘူးလားသူတို့က ဒီလောက်အင်အားကို ပို့နိုင်တယ်ဆိုရင် ချင်နိုင်ငံကို ကူညီဖို့ သူတို့နိုင်ငံရဲ့ အင်အားအားလုံးကို သုံးဖို့ ပြင်ဆင်နေတာလား"

တကယ့်ကို တစ်ချက်လှုပ်တာနဲ့တစ်ကိုယ်လုံး ထိခိုက်စေတဲ့အခြေအနေပါပဲ။

ဒါတွေအားလုံးဟာ မင်ပြည်နယ်မှာဖြစ်တဲ့ ကသောင်းကနင်း အခြေအနေတွေကြောင့် ဖြစ်လာတာဖြစ်ပြီး ဒီရန်သူနိုင်ငံတွေဟာ အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

All Chapters