← Chapters

နတ်ဘုရားများကို သုတ်သင်ခြင်း၏ သက်ရောက်မှု

Vol. 11 Ch. 161

နတ်ဘုရားများကို သုတ်သင်ခြင်း၏ သက်ရောက်မှု

Vol. 11 Ch. 161

“အလုပ်ထွက်လိုက်တာလား”

ဤသို့သော အဖြေမျိုး ရလာလိမ့်မည်ဟု ရဲ့လင်းချန် ထင်မထားမိပါ။

“ဟုတ်တယ်”

စုန့်ချမ်က ဆက်ပြောသည်။

“ဝိုင်နတ်ဘုရား အခုလို ဖြစ်သွားရတဲ့အတွက် ငါ တောင်းပန်ပါတယ်၊ ဟူယွီက ရာထူးကြီးပုဂ္ဂိုလ်တွေက အဲ့လောက် ရက်စက်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ မင်းက ဟူယွီကို ကျဆင်းတော့မယ့် အခြေအနေက ကယ်ခဲ့ပင်မယ့် သူတို့က မင်းကို ဒီလိုမျိုးတောင် ပြန်ဆက်ဆံခဲ့တယ်”

“သူတို့ ဒီလို မရိုးမဖြောင့် လုပ်ရဲရတဲ့ အဓိက အကြောင်းရင်းက ကျုပ်ရဲ့ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းရဲ မူပိုင်ခွင့် တစ်ဝက်ကို သူတို့ ပိုင်ထားလို့ မဟုတ်လား”

ရဲ့လင်းချန် လှောင်ရယ်လိုက်သည်။

“အမှန်ပဲ”

စုန့်ချမ် ခေါင်းညိတ်သည်။

“ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းက မင်းရဲ့ လက်ရာကောင်းလို့ သူတို့ အမြဲတမ်း တွက်ထားကြတယ်၊ မင်းက ပလက်ဖောင်းနဲ့ မူပိုင်ခွင့်ကို မျှဝေပေးထားပင်မယ့် ပလက်ဖောင်းက မင်းစာအုပ်ကို သူတို့ ပိုင်တယ်လို့ ယူဆထားတာလေ၊ အဲ့ဒါကြောင့် မင်း ဘာဖြစ်ဖြစ် သူတို့ အရေးမစိုက်တာ”

“ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းနဲ့ သူတို့ ဘာလုပ်ဖို့ စဉ်းစားထားလဲ ခင်ဗျား သိလား”

“သူတို့ မူပိုင်ခွင့် လျှောက်ဖို့ ပြင်ထားပြီးပြီ၊ ပြီးရင် ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို သုံးပြီး ထုတ်လွှင့်ရေးကနေ ဂိမ်းတွေ ရုပ်ရှင်တွေ ဖြန့်တော့မှာ”

စုန့်ချမ်က အတွင်းသတင်းအချို့ကို သိထားပြီးသား ဖြစ်သည်။

ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို ရေးသားသူက ဝိုင်နတ်ဘုရား ဖြစ်သော်လည်း သူက ပလက်ဖောင်းမှ ပိတ်ပင်ခံခဲ့ရသည်။ ထို့ကြောင့် ပလက်ဖောင်းက ၎င်းကို သူတို့ ပိုင်ဆိုင်မှုဟု သတ်မှတ်ပြီး သူ့ကို ရိုင်းစိုင်း ယုတ်မာသော အပြုအမူဖြင့် ရှင်းထုတ်ကာ အကျိုးအမြတ် ရယူလေသည်။

အချိန်တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရဲ့လင်းချန် မေးလိုက်သည်။

“ဟူယွီအပြင် အခြား ဘာပလက်ဖောင်းတွေ ရှိသေးလဲ”

“အရင်အချိန်တွေတုန်းက ထုတ်လွှင့်ရေး ပလက်ဖောင်းတွေ ခက်ခဲတဲ့အချိန်အချို့ကို ဖြတ်သန်းခဲံရတယ်၊ ပလက်ဖောင်း တော်တော်များများက ပိတ်သိမ်းသွားပြီ၊ အခုထိ ရှိနေသေးတဲ့ အရာတွေကတော့ နည်းနည်း ကြီးတဲ့ ပလက်ဖောင်းအချို့ပဲ၊ ဒါပေမဲ့ သူတို့လည်း ပိတ်သိမ်းခါ နီးနေပြီ”

ရဲ့လင်းချန် ဘာကို ဦးတည်ပြောချင်နေသလဲ စုန့်ချမ် ခန့်မှန်းမိသည်။ ထို့ကြောင့် သူ ဆက်ပြောလိုက်သည်။

“တကယ်လို့ မင်း အဲ့ပလက်ဖောင်းတွေကိုသုံးပြီး ဟူယွီကို ရင်ဆိုင်ချင်တယ်ဆိုရင် အရမ်း ခက်ခဲလိမ့်မယ်”

ဟူယွီက ဤနယ်ပယ်၌ အတော်လေး တစ်ဦးတည်း လက်ဝါးကြီး အုပ်ထားခဲ့သည်။ ထို့ကြောင့်ပင် ဤသို့ မရိုးမဖြောင့် လုပ်ရဲခြင်း ဖြစ်လေသည်။

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် စုန့်ချမ်က ထပ်ပြောသည်။

“ငါ ဟူယွီက ထွက်လာပြီးတော့ အခု ပန်ဒါ ထုတ်လွှင့်ရေးမှာ လုပ်နေတယ်၊ ဒါပေမဲ့ သူတို့ လက်ရှိ အခြေအနေကလည်း သိပ်မကောင်းဘူး …”

ပန်ဒါ ထုတ်လွှင့်ရေးသည် လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်က တည်ထောင်ခဲ့သော တိုက်ရိုက် ထုတ်လွှင့်ရေး ပလက်ဖောင်း တစ်ခု ဖြစ်သည်။ သို့သော် သူတို့ ကံမကောင်းချေ။ နာမည်ကို လူမသိခင်မှာပင် ထုတ်လွှင့်ရေး နယ်ပယ်၏ ခက်ခဲကြမ်းတမ်းမှုကို ကြုံတွေ့လိုက်ရသည်။ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးကာ ရင်းနှီးမတည်ငွေ ကင်းမဲ့လာ သောကြောင့် ရပ်တည်ရ ခဲလာသည်။ လက်ရှိအချိန်တွင် သူတို့သည် သူတို့ထံမှ တင်ဆက်သူများကိုပင် လစာပေးရန် မစွမ်းနိုင် ဖြစ်နေ၏။

စုန့်ချမ်သည် မကြာသေးခင်ကမှ ပန်ဒါထုတ်လွှင့်ရေးထံ၌ ဝင်လုပ်နေခြင်း ဖြစ်သည်။ ကုမ္ပဏီ အတွင်းပိုင်း အခြေအနေကို သူ ယခု အပြည့်အဝ နားလည်နေ၏။

“ပလက်ဖောင်းတစ်ခုလုံးက တင်ဆက်သူအချို့လည်း ထွက်ကုန်ပြီ၊ အခုအချိန်မှာ ပလက်ဖောင်းက အကြွေးတွေ တင်နေပြီးတော့ လည်ပတ်ဖို့ ခက်ခဲနေတယ်”

၎င်းသည် ထုတ်လွှင့်ရေး ပလက်ဖောင်း အသေးစားလေးတစ်ခုသာ ဖြစ်ပြီး ဟူယွီနှင့် မယှဉ်နိုင်ချေ။

“ထုတ်လွှင့်ရေး ပလက်ဖောင်း ဖြစ်နေသရွေ့ အဆင်ပြေတယ်”

ရဲ့လင်းချန် တစ်ခဏမျှ တိတ်နေပြီးမှ ပြောလိုက်သည်။

“ကျုပ် အဲ့ပလက်ဖောင်းကို ဝယ်မယ်ဆိုရင် ဘယ်လောက် ကုန်မလဲ”

“ဝ … ဝယ်မလို့လား”

စုန့်ချမ် ထိတ်လန့်သွားသည်။ သူ ပင့်သက်ရှိုက်လိုက်ပြီးမှ ပြန်မေးလေသည်။

“ဝိုင်နတ်ဘုရား မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ဘူးမလား”

ပန်ဒါထုတ်လွှင့်ရေးက ဒေဝါလီ ခံရလုနီးပါး ဖြစ်နေသော်လည်း ပလက်ဖောင်း ကုမ္ပဏီတစ်ခု ဖြစ်နေဆဲပင်။ ၎င်းကို ဝယ်ရန် လိုအပ်သည့် ကြွယ်ဝမှု ပမာဏက အနည်းငယ်မျှနှင့် မရပါ။

“တကယ် ပြောတာ”

ရဲ့လင်းချန် တည်ငြိမ်စွာ ဖြေလိုက်သည်။

“ဘယ်လောက်လဲဆိုတာပဲ ပြောပြပါ”

ထုတ်လွှင့်ရေး ပလက်ဖောင်းတစ်ခု၏ ကြီးစိုးခြယ်လှယ်မှုနှင့် ရက်စက်မှုတို့ကို ရဲ့လင်းချန် ကောင်းကောင်းကြီး နားလည်သွားလေပြီ။ ဟူယွီ ထုတ်လွှင့်ရေးဘက်မှ ဦးစွာ တိုက်ခိုက်လာခြင်း ဖြစ်သဖြင့် သူ ဒါကို တိတ်တဆိတ် ငြိမ်ခံနေလိုစိတ် မရှိပါ။

ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းသည် သူ၏ ပထမဆုံး ဖန်တီးမှု လက်ရာ ဖြစ်သည်။ ပါရမီရှင် စနစ်၏ ဂုဏ်သိက္ခာကို ဖော်ပြနိုင်သော အရာလည်း ဖြစ်သည်။ ဤအတွက် သူ အပြည့်အဝ လက်တုံ့ပြန်မှ ဖြစ်မည်။ ယင်းကလည်း ရက်စက်စွာ လုပ်မှဖြစ်ပေမည်။

အခြား ပလက်ဖောင်းများအတွက် အလုပ်လုပ်မည့်အစား သူ့ကိုယ်ပိုင် လုပ်ငန်းကိုသာ သူ တည်ထောင်လိုက်မည်။ ဟူယွီကို သူ့ကိုယ်ပိုင် ထုတ်လွှင့်ရေး ပလက်ဖောင်းကို သုံး၍ အနိုင်ပိုင်းလိုက်လျင် ခံစားချက် အတော်လေး ကောင်းမှာ သေချာ၏။

ပလက်ဖောင်းတစ်ခုကို အစမှ စတင်ခြင်းက အလွန် ကသီလင်တ ဖြစ်သည်။ အချိန်ကုန် သက်သာစေရန် အလို့ငှာ ရှိပြီးသား တစ်ခုကို ဝယ်လိုက်သည်က ပိုကောင်းပေသည်။

“အခု ပန်ဒါ ထုတ်လွှင့်ရေးက အကြွေး ယွမ် သန်းသုံးဆယ်ကျော် တင်နေတယ်၊ မင်း ဝယ်ဖို့ စိတ်ကူး ထားတယ်ဆိုရင် အကြွေးကို အရင် ရှင်းမှ ရမယ်၊ သူတို့ အကြမ်းဖျင်း ယွမ် သန်းလေးဆယ်လောက်နဲ့ ကမ်းလှမ်းမယ်လို့ ငါ ထင်တယ်”

စုန့်ချမ်က ရှင်းပြသည်။

“၃၅ သန်း”

ရဲ့လင်းချန် ပြတ်ပြတ်သားသား ကမ်းလှမ်းလိုက်သည်။

“ခင်ဗျား သူတို့နဲ့ ဆက်သွယ်ပြောဆိုဖို့ ကျုပ်ကို ကူညီပေးပါ၊ ကျုပ် ၃၅ သန်းပဲ ကမ်းလှမ်းမယ်၊ ဒီလိုဆိုရင် သူတို့ အကြွေးလည်း ကြေမယ်၊ အမြတ် ၅ သန်းလည်း ရမယ်၊ သူတို့ ကမ်းလှမ်းမှုကို ငြင်းစရာ အကြောင်း မရှိဘူး၊ ဒီအပေးအယူ ဖြစ်သွားရင် ခင်ဗျား ပန်ဒါ ပလက်ဖောင်းရဲ့ ဥက္ကဋ္ဌ ဖြစ်လာစေရမယ်”

စုန့်ချမ် နှလုံးခုန်နှုန်း မြန်လာ၏။ သူ ထိတ်လန့်နေသလို စိတ်လည်း လှုပ်ရှားမိသည်။

*ဝိုင်နတ်ဘုရားက ရွက်ပုန်းသီး သူဌေးသား တစ်ယောက်ပဲ၊ မိုက်လိုက်တာ*

“ကောင်းပြီ၊ ငါ အခုချက်ချင်း အကြီးပိုင်းတွေနဲ့ စကားသွားပြောလိုက်မယ်”

စုန့်ချမ် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဤကိစ္စကို ဖြေရှင်းရန် စိတ်လှုပ်ရှားစွာ အပြေးသွားလေသည်။

ဝိုင်နတ်ဘုရားက သူ့ကို ပန်ဒါ၏ ဥက္ကဋ္ဌ ဖြစ်စေရမည်ဟု ကတိပေးခဲ့သည်။ ထို့အပြင် ဝိုင်နတ်ဘုရား၏ ကျော်ကြားမှုနှင့် ဖန်တီးမှုတို့ပါ ပေါင်းလိုက်လျင် သူ ပန်ဒါ ပလက်ဖောင်းကို သေမင်း နှုတ်ခမ်းဝမှ ပြန်ခေါ်ထုတ် လာနိုင်လောက်သည်။ ယင်းက သူ့ကိုလည်း သူ့ဘဝ၏ အမြင့်ဆုံးသို့ တက်နိုင်အောင် ခေါ်ဆောင်သွားပေလိမ့်မည်။

သူသာ ရဲ့လင်းချန်၏ ပေါင်ကို ဖက်တွယ်ထားလျင် အောင်မြင်လိမ့်မည်ဟု ခံစားမိနေ၏။

….

နောက်တစ်နေ့တွင် ယွဲ့ဝမ် ဌာနချုပ်၌ အစည်းအဝေး ပြီးဆုံးသွားပြီးနောက် ဗျာများနေကြသည်။

ဒိန်ချဉ်သည် ချွမ့်ရှစ် စာပေ website ၏ ထိပ်တန်း အယ်ဒီတာဖြစ်ပြီး ရှန်းရှ အမျိုးအစားအတွက် တာဝန်ယူရသူ ဖြစ်သည်။

“ဟူး … ဒီတစ်ခါတော့ ကောင်းကင် ဘုရင် ဆယ့်နှစ်ပါးနဲ့ လူသစ် ချန်ပီယံက ငါနဲ့ ဘာမှမဆိုင်တော့ပါလား”

ဒိန်ချဉ်က ခေါင်းခါ၍ မချိပြုံး ပြုံးလိုက်သည်။

ရှန်းရှ အမျိုးအစားသည် ခေတ်သစ်နှင့် စိတ်ကူးယဉ် အမျိုးအစားတို့နှင့် ယှဉ်လိုက်လျင် လူသိနည်းပြီး စာရေးဆရာ အချို့နှင့် ဖတ်သူအချို့သာ ရှိသည်။ ၎င်းတို့က အလွန် ကွာခြားလွန်းလှသည်။

နှစ်တိုင်းနှစ်တိုင်း ချွမ့်ရှစ် တရုတ်စာပေ websiteက စာရေးစရာများ၏ စာအုပ် ကျော်ကြားမှုအပေါ် အခြေခံ၍ အကျော်ကြားဆုံး စာရေးဆရာများကို ရွေးချယ်ကြသည်။ သို့သော် ပြီးခဲ့သော နှစ်များအတွင်း ဘယ်သူကမှ ဒိန်ချဉ်၏ ကြီးကြပ်ရေးအောက်သို့ ရောက်မလာပေ။

“မင်းက ငါ့ထက်စာရင် ပိုတော်သေးတယ်ကွ ဟုတ်ပြီလား၊ ငါက သောက်ကျိုးနည်း သမိုင်း အမျိုးအစားကြီးလေ၊ ဒါကြီးက မမျှတလွန်းဘူးကွာ”

နောက်တစ်ယောက်က ဝင်ပြောသည်။ ထိုသူက ကောင်းကင်ပြာ ဖြစ်ပြီး သမိုင်း အမျိုးအစားကို တာဝန်ယူရသူ ဖြစ်သည်။

သမိုင်း အမျိုးအစားက ရှန်းရှထက်ပင် ပိုဆိုးသေးသည်။ သူတို့ တစ်နှစ်ပတ်လုံး ဘာစာအုပ်မှပင် မရချေ။

နှစ်ယောက်သား သက်ပြင်းချပြီး တူညီသော အခြေအနေတွင်းသို့ ကျရောက်နေသည့် သူတို့၏ ဘဝများကို အပြစ်တင်နေမိသည်။

စကားပြောနေစဉ်တွင် ဒိန်ချဉ်က သူ၏ အီးမေးကို ဖွင့်လိုက်သည်။ ထင်ထားသလိုဖြင့် စာမူကြမ်းဟု တပ်ထားသော ရှန်းရှ ခေါင်းစဉ် အချို့ကိုသာ တွေ့လိုက်ရသည်။

“ဒီဝတ္ထုက သောက်ကျိုးနည်း ဘာကြီးလဲဟ၊ အဓိပ္ပာယ်ကို မရှိဘူး”

“မြတ်စွာဘုရား နောက်ထပ် အရစ်ရှည်တဲ့ ဇာတ်လမ်းပါလား”

“အင်း ဒါကမှ နည်းနည်း တော်သေးတယ်”

ဒိန်ချဉ်က ခေါင်းစဉ်တစ်ခုချင်းစီကို ခပ်သွက်သွက် ကြည့်သွားသည်။ ကောင်းကင်ပြာကလည်း အားနေသဖြင့် ဝင်ကူကြည့်နေသည်။

*ဟမ်*

*နတ်ဘုရားများကို သုတ်သင်ခြင်း ဆိုပါလား*

ဒိန်ချဉ် အံ့ဩသွားသည်။

*ဒီနာမည်က တစ်မျိုးပဲ*

ထို့နောက် သူ အနှစ်ချုပ်ကို ဖတ်လိုက်သည်။ “နတ်ဘုရားများ မရှိသော လောကကြီးတစ်ခု စတင်လာသည်။ သို့သော် ရှေးခေတ်အခါကတည်းက လူသားတွေက သူတို့ ပတ်ဝန်းကျင်၌ ရှင်းမပြတတ်သော ကိစ္စရပ်များနှင့် ပြည့်နေသည်ကို မြင်တွေ့ခဲ့ရသည်။ မိုးကြိုးပစ်ခြင်း၊ မုန်တိုင်းထန်ခြင်းနှင့် …”

*ဒီအနှစ်ချုပ်က … သိပ်မဆိုးဘူး*

ထို့နောက် သူ မာတိကာကို ကြည့်လိုက်သည်။ နိဒါန်း၊ အခန်းတစ်၊ အခန်းနှစ်၊ အခန်းသုံး။

ဒိန်ချဉ်နှင့် ကောင်းကင်ပြာတို့သည် နှစ်ယောက်သား စကားမပြောဘဲ ကွန်ပျူတာကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။

သူတို့ တစ်မျက်နှာချင်းစီ ဖတ်လိုက်တိုင်း စာအုပ်ထဲ ဆွဲခေါ်ခံလိုက်ရသလို ဖြစ်သွားပြီး နတ်ဘုရားများကို သုတ်သင်ခြင်း လောကထဲ ဝင်ရောက်သွားသလို ခံစားလိုက်ရသည်။ ထိုအခိုက်တွင် သူတို့သည် ကျန်းရှောင်ဖန် အဖြစ် ကူးပြောင်းသွားပြီး ထူးခြားသော ရှန်းရှလောကကို ဖြတ်သန်းနေသည်ဟုပင် ခံစားမိနေ၏။

“သောက်ကျိုးနည်း ဒါပဲလား၊ တိုလိုက်တာကွ”

ဒိန်ချဉ်က နောက်ဆုံးစာမျက်နှာကို လှန်လိုက်ပြီးနောက် မကျေမနပ် ခံစားရကာ နောက်ထပ် အပိုင်းများ ထပ်ဖတ်ချင်နေသည်။

“ဟုတ်တယ် သူ ဘာလို့ ဒီလို အပိုင်းတိုတိုလေးတွေပဲ တင်တာလဲ”

ကောင်းကင်ပြာကလည်း မကျေနပ်သလို ခံစားမိသည်။

သို့သော် သူတို့ စာလုံး အရေအတွက်ကို စစ်ကြည့်သောအခါ မှင်တက်သွားကြသည်။ စာလုံးရေက တစ်သောင်းခွဲကျော် ရှိနေ၏။ ထိုအခါတွင်မှ သူတို့ အချိန်ကို သတိထားမိသွားသည်။ သူတို့ ဆယ့်ငါးမိနစ်နီးပါး ဤစာအုပ်ကို ဖတ်နေမိခဲ့ခြင်းပင်။

သူတို့ အချင်းချင်း ပြန်ကြည့်လိုက်မိသည်။

*အချိန်ကုန်သွားတာ မသိလိုက်သလိုပဲ*

နတ်ဘုရားများကို သုတ်သင်ခြင်းက တကယ် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ ၎င်း၌ မလိုအပ်သော အပိုစကားလုံးများ လုံးဝ မပါချေ။ အကြောင်းအရာက အဆက်အစပ်ရှိပြီး အထင်ကြီးစရာပင်။

“ချီးပဲ ဒိန်ချဉ်ရေ မင်းတို့ ထီပေါက်ပြီကွ”

ကောင်းကင်ပြာ၏ မျက်လုံးက နီရဲလာပြီး မနာလိုစိတ်တို့ ပေါ်လာသည်။

သူတို့ တစ်ချက်ဖတ်ကြည့်ရုံနှင့် ဝတ္ထုတစ်ပုဒ်၏ အလားအလာကို မှန်းနိုင်ပါသည်။ နတ်ဘုရားများကို သုတ်သင်ခြင်းက စတင်ခါစက ရှိသေးသော်လည်း သူတို့ကို လတ်ဆတ်သော ခံစားမှုကို ပေးစွမ်းသည်။ ၎င်း၌ ပေါက်မည့် အလားအလာရှိပေသည်။

ရှန်းရှ စာပေအမျိုးအစားက မှတ်တိုင်သစ်သို့ ရောက်ပေတော့မည်။

*ဒီလို ထူးချွန်တဲ့ စာရေးဆရာက ဘာလို့ သမိုင်း အမျိုးအစားဆီ မလာတာလဲကွာ၊ ဟင့်ဟင့်ဟင့် … ငါ အရမ်း မနာလို ဖြစ်မိပြီ”

“အဟွတ် အဟွတ် အဟွတ်၊ စိတ်ထိန်းပါဦးကွ”

ဒိန်ချဉ်က ပါးစပ်က နားရွက်သို့ တက်ချိတ်မတတ် ပြုံးနေသည်။ အခြား အယ်ဒီတာများ ဤဝတ္ထုအား သူ့ထံမှ ခိုးယူသွားမည်ကိုပင် ကြောက်နေသည်။ သူ ဝတ္ထုကို ချက်ချင်း မောင်ပိုင်စီးလိုက်ပြီး ရဲ့လင်းချန်ထံ စာပို့လိုက်သည်။

တစ်နေကုန် အတန်းတက်ပြီးနောက် ရဲ့လင်းချန် အိမ်ပြန်လာပြီး စာရေးသူ ကဏ္ဍထဲ ဝင်လိုက်သည်။

ညာဘက် အပေါ်ထောင့်စွန်း၌ စာပို့ထားသည့် အသိပေးစာလေး ပေါ်နေသည်။ ၎င်းသည် ရှန်းရှ စာပေ အမျိုးအစား၏ အယ်ဒီတာထံမှ ဖြစ်ပြီး သူ့အား နတ်ဘုရားများကို သုတ်သင်ခြင်းက လိုအပ်ချက်များနှင့် ကိုက်ညီသည်ဟု အသိပေးထားခြင်း ဖြစ်လေသည်။

အယ်ဒီတာနာမည်က ဒိန်ချဉ် ဖြစ်သည်။

“တင် တင် တင်”

သူ ဒိန်ချဉ်ကို QQ messenger ထဲသို့ ထည့်လိုက်ချိန်တွင် ဒိန်ချဉ်ထံမှ ချက်ချင်း စာဝင်လာ၏။

“အာ … ငါကဝိုင်၊ မင်းနာမည်က …”

ဒိန်ချဉ်သည် နာမည်နဲ့ ပတ်သက်ပြီး အခက်တွေ့နေလေသည်။ ဝိုင်ဟူသော နာမည်က အတော်လေး ကျော်ကြားနေသည် မဟုတ်ပါလော။

ရဲ့လင်းချန်က ပျော်ရွှင်မှုကြောင့် မျက်ရည်ကျနေသော အီမိုဂျီလေးကို ဒိန်ချဉ်ထံ ပို့လိုက်သည်။

“ငါ မင်းရဲ့ အခန်းအားလုံးကို ဖတ်ပြီးပြီ၊ သိပ်ကောင်းတယ်၊ ပုံစံက အံ့ဩစရာပဲ၊ မင်း ဒါကို ဆက်ထိန်းထားရင် သေချာပေါက် ပေါက်မှာ၊ အကောင်းဆုံးပဲ”

ဒိန်ချဉ်က စိတ်အားထက်သန်စွာ ပြောသည်။

“ကျေးဇူးတင်ပါတယ် အယ်ဒီတာ ဒိန်ချဉ်”

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

“ငါ မင်းကို website ရဲ့ စာချုပ်ချုပ်ထားတဲ့ စာရေးသူ အဖွဲ့ထဲ အရင် ထည့်ပေးမယ်၊ မင်း နားမလည်တာရှိရင် အဖွဲ့ထဲက ဘယ်သူ့ကိုမဆို မေးလို့ရတယ်၊ ဒါမှမဟုတ် ငါ့ကိုမေးလည်းရတယ်”

ဒိန်ချဉ်က ချက်ချင်း စကားပြောခန်း အဖွဲ့၏ ဖိတ်ခေါ်မှု လင့်ခ်ကို ပို့လိုက်သည်။

“တင် တင် တင်”

လျင်မြန်စွာပင် အဖွဲ့လိုက် စကားပြောခန်းက အသက်ဝင်လာ၏။

[Traceless stream: ကြိုဆိုပါတယ် မိတ်ဆွေသစ်လေး၊ မင်းနာမည်က နည်းနည်းတော့ ထူးဆန်းတယ်]

[God of Twilight: လူသစ်လေးကို အဖွဲ့က ကြိုဆိုပါတယ်၊ မင်းပုံကို ပို့မလား ဒါမှမဟုတ် စာအိတ်နီ ပို့မလား၊ မဟုတ်လို့ကတော့ နှင်ထုတ်ခံရမယ်၊ ကျေးဇူးပါ]

[Monocolored Wind: သောက်ချီး အဲ့နာမည်ကြောင့် ငါတို့အဖွဲ့ထဲကို ဝိုင် ဝင်လာတယ်လို့ ထင်မိတော့မလို့၊ ငါ စိတ်တောင် လှုပ်ရှားသွားတယ်]

[Rugao Under The Bridge: အယ်ဒီတာကိုယ်တိုင် ဖိတ်ခေါ်ထားတဲ့လူပဲ၊ ငါတို့တော့ အကောင်ကြီးကြီး ရလာပြီနဲ့ တူတယ်]

…

ငါကဝိုင် ဟူသော နာမည်က လူတိုင်းအတွက် ရယ်ချင်စရာ ဖြစ်နေသည်။ ၎င်းက အလွန် မျက်စိဖမ်းစား လွန်း၍လည်း ဖြစ်နိုင်သည်။

နာမည်ကျော်များ စကားပြောနေကြသဖြင့် ရဲ့လင်းချန်ကဲ့သို့ လူသစ်လေးက ဆိတ်ဆိတ်မနေနိုင်တော့ပေ။

[လူသစ်လေးက သတင်းပို့ပါတယ်၊ ကျွန်တော့်ရဲ့ ဝတ္ထုသစ်လေးက နတ်ဘုရားများကို သုတ်သင်ခြင်းပါ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဂရုစိုက်ပေးကြပါဦး]

Rugao Under The Bridge [နတ်ဘုရားများကို သုတ်သင်ခြင်းလား၊ နာမည်ကတော့ မဆိုးဘူး၊ ရှန်းရှ အမျိုးအစားလား၊ ငါ တစ်ချက်ကြည့်ဦးမယ်]

ဆယ်မိနစ်ကြာသော်

Rugao Under The Bridge [လခွမ်း နတ်ဘုရားများကို သုတ်သင်ခြင်းက မိုက်တယ်ဟ၊ ဒီဝတ္ထုက သေချာပေါက် ပေါက်မှာ၊ အပိုင်းများများ တင်ပေးပါဦးကွာ]

Traceless stream [တကယ်လား ငါလည်း ဖတ်ကြည့်ဦးမယ်]

Monocolored Wind [Rugao Under The Bridger က ပြောတယ်ဆိုမှတော့ ပေါက်မှာ သေချာတယ်]

စာရေးဆရာများ ချက်ချင်း စိတ်လှုပ်ရှားလာပြီး သိချင်စိတ်ဖြင့် သွားဖတ်ကြတော့သည်။ တစ်ခဏကြာသော် စကားပြောခန်းတစ်ခုလုံး ဆူညံလာ၏။

[စာရေးတဲ့ပုံစံက … မိုက်တယ်ဟ]

[မြတ်စွာဘုရား ရှန်းရှစာပေ အမျိုးအစား ဦးမော့လာတော့မှာလား၊ ဒါ နတ်ဘုရားတွေရဲ့ ဖန်တီးမှုလိုပဲ]

[ငါကဝိုင် ဒီမှာ ရှိလား၊ ငါ အပိုင်းများများ တင်ပေးဖို့ တောင်းဆိုပါတယ်ကွာ၊ ကျန်းရှောင်ဖန် ဘာဖြစ်သွားမှာလဲ]

[ဒါကို စာရေးဆရာ အသစ်လေးက ရေးထားတာလဲ၊ အမှန်အတိုင်း ပြောစမ်း နောက်အကောင့် တစ်ခုနဲ့ ဒါကို ရေးနေတဲ့ နာမည်ကျော် စာရေးဆရာ မဟုတ်လား]

…

Rugao Under The Bridger ၏ တုံ့ပြန်မှုက ပို၍ မယုံနိုင်စရာ ကောင်းလှသည်။ သူက ချက်ချင်း ပေါင်ကို ဖက်ထားသည့် လူတစ်ယောက်ပုံကို ပို့၍ သနားစဖွယ် ငိုလေသည်။

[အစ်ကိုကြီး ကျွန်တော်က အရမ်း ဆင်းရဲလို့ သဲကိုပဲ စားနေရတာပါ၊ ကျွန်တော်တို့ နေရာလဲလို့ ရမလား၊ ငါ့ဝတ္ထုက တောင်ကိုသိမ်း၍ ဘုရင်ဖြစ်ခြင်းပါ၊ ငါ့ကိုလည်း နာမည်ကြီးအောင် လုပ်ပေးပါ ….]

All Chapters