← Chapters

အခန်း (၄၆၉-၄၇၀)

Vol. 47 Ch. 469-470

အခန်း (၄၆၉-၄၇၀)

Vol. 47 Ch. 469-470

အခန်း (၄၆၉) ထိုအရာများမှာ ကျောက်စိမ်းများဖြစ်သည်

"နင်တို့လို ကောင်မတွေ... အကုန်လုံးက ရွံစရာကောင်းတဲ့ မိန်းမတွေချည်းပဲ နင်တို့က ပိုက်ဆံမရှာနိုင်လို့ ငါ့ကို လာတိုက်ခိုက်နေတာမလား ငါ ပြန်ထလာတဲ့တစ်နေ့ကျရင် နင်တို့အားလုံး နောင်တရစေရမယ်"

ရှောင်ယူသည် ရူးသွပ်နေသော မိန်းမတစ်ဦးကဲ့သို့ အခန်းထဲ၌ စူးစူးဝါးဝါး အော်ဟစ်နေမိသည်။

သို့သော် သူမ၏ ကျောရိုးကို ရိုက်ချိုးလိုက်သည့် နောက်ဆုံးသော အချက်ပြသံမှာ ဂီတအသင်းထံမှ ရောက်ရှိလာခဲ့သည်။

#ဆူရှင်းယု (ရှောင်ယူ) ၏ ကျင့်ဝတ်ပျက်ပြားမှုများကြောင့် သူမအား ဂီတအသင်းဝင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ် ပါသည်#

အွန်လိုင်းပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်ခဲ့သည့် အချိန်မှစ၍ သူမသည် ပီယာနိုကို စနစ်တကျ မလေ့ကျင့်တော့သလို၊ အသံပိုင်းဆိုင်ရာ လေ့ကျင့်မှုများကိုလည်း လျစ်လျူရှုထားခဲ့သည်။

အွန်လိုင်းပေါ်ရှိ လူအများစုမှာ ဂီတကို နက်နက်နဲနဲ နားမလည်ကြသဖြင့် သူမက အပေါ်ယံမျှ တီးခတ်ပြရုံဖြင့် ချီးကျူးသံများ ဝေစည်နေခဲ့ရာမှ သူမ၏ ကြိုးစားအားထုတ်မှုများမှာ တဖြည်းဖြည်း မှေးမှိန်ခဲ့ရသည်။

ဂီတအသင်းဝင်ဟူသော ဂုဏ်ပုဒ်ရှိနေသရွေ့ Live မလွှင့်ရလျှင်ပင် ကျောင်းသားအချို့ကို သင်ကြားပေးကာ အေးဆေးစွာ အသက်မွေးနိုင်မည်ဟု သူမ တွေးထားခဲ့သော်လည်း ယခုမူ ဂီတအသင်း၏ ပြတ်သားသော ထုတ်ပြန်ချက်က သူမ၏ ဂီတလမ်းကြောင်းကို လုံးဝ အဆုံးသတ်လိုက်လေပြီ။

"ယူယူ... အွန်လိုင်းမှာ နင့်ကို ဝိုင်းပြောနေကြတာတွေက ဘာလဲဟင် ဂီတအသင်းကိစ္စကရော ဘယ်လိုဖြစ်ရတာလဲ"

သူမ၏ မိဘများမှာလည်း အခြေအနေကို သိရှိသွားကာ စိုးရိမ်တကြီး မေးမြန်းလာကြသည်။

သူမ၏ မိဘများမှာ အိမ်ရှင်မိသားစုကောင်းနှင့် တွေ့ထားသဖြင့် ငွေကြေးချမ်းသာကြသူများ ဖြစ်သည်။

သမီးတစ်ယောက်တည်း ရှိသဖြင့် အလိုလိုက်ထားခဲ့ကြသော်လည်း ယခုကဲ့သို့ တစ်နိုင်ငံလုံးက ဝိုင်းဝန်းရှုံ့ချနေသည့် အခြေအနေမျိုးကိုမူ သူတို့ မခံစားနိုင်ကြပေ။

"မေမေ... တစ်ယောက်ယောက်က သမီးကို လုပ်ကြံနေတာ အွန်လိုင်းပေါ်က လူတွေက သမီးကို ဒုက္ခပေးနေကြတာ"

သူမသည် အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးကဲ့သို့ မိခင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ငိုကြွေးနေတော့သည်။

"ဘာတွေဖြစ်ခဲ့တာလဲ သမီးရယ်... အမေတို့ကို ပြောပြဦးလေ"

"မမေးပါနဲ့တော့... သမီး နိုင်ငံခြားသွားပြီး စိတ် အပန်းဖြေချင်တယ်"

သူမသည် မိမိကျူးလွန်ခဲ့သော အမှားများကို ထုတ်မပြောဘဲ ပုန်းရှောင်ရန်သာ ကြိုးစားနေတော့သည်။

မိဘများကလည်း သမီးဖြစ်သူ စိတ်ဆင်းရဲမည်စိုးသဖြင့်

“အေးလေ... အွန်လိုင်းပေါ်က လူတွေက ကီးဘုတ်ပေါ်ကနေပဲ တိုက်ခိုက်တတ်ကြတာ Live တွေလည်း ဆက်မလုပ်နဲ့တော့"

ဟုသာ နှစ်သိမ့်ကြရသည်။

ရှောင်ယူ၏ ရင်ထဲတွင်မူ ရှက်စိတ်နှင့် ဒေါသတို့ ရောပြွမ်းနေသည်။ သူမက ဆက်မလုပ်ချင်သည် မဟုတ်ဘဲ မည်သည့် ပလက်ဖောင်းကမှ သူမကို လက်မခံတော့ခြင်းသာ ဖြစ်သည်။

"သမီး စိတ်ဖြေဖို့အတွက် အမေ သိန်းသုံးဆယ် (၃၀,၀၀၀ ယွမ်) ပေးမယ်"

"သိန်းသုံးဆယ်နဲ့ မလုံလောက်ဘူး မေမေ"

ဘေးတွင် ရပ်နေသော ဖခင်ဖြစ်သူကလည်း

“ငါ နောက်ထပ် သိန်းနှစ်ဆယ် ထပ်ပေးမယ်"

ဟု ဆိုကာ ဖြည့်စွက်ပေးလိုက်သည်။

ရှောင်ယူသည် မကျေမနပ်ဖြင့်ပင် လက်ခံလိုက်ရသည်။ သူမသည် နာမည်ကြီး အစီအစဉ်တင်ဆက်သူအဖြစ် ငွေများစွာ ရရှိခဲ့သော်လည်း "သူဌေးသမီး" ပုံရိပ်ကို တည်ဆောက်ရန်အတွက် အသုံးအစွဲ ကြီးမားခဲ့သူ ဖြစ်သည်။

သူမ၌ လက်ရှိတွင် သိန်းရှစ်ရာခန့် (၈၀၀,၀၀၀ ယွမ်) ရှိနေသေးသော်လည်း အသုံးအဖြုန်းကြီးသော အလေ့အထကြောင့် မိဘများထံမှ ငွေကိုသာ အပိုင်တောင်းယူနေခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ မင်ယွဲ့သည် ထိုကိစ္စများကို စိတ်မဝင်စားတော့ဘဲ သူမ၏ ပရိသတ်များနှင့်သာ အချိန်ကုန်ဆုံးနေသည်။

"မင်ယွဲ့လေး... ပေါ်မလာတာ ကြာပြီနော် သီချင်းရေးနေလို့လား၊ ပန်းချီရော ဘယ်တော့ ပြန်ဆွဲမှာလဲ"

"တို့တွေကို မေ့နေပြီလားလို့တောင် ထင်နေတာ"

မှတ်ချက်ကဏ္ဍတွင် ပရိသတ်များ၏ ချစ်စဖွယ် စနောက်မှုများဖြင့် ပြည့်နှက်နေသည်။

မင်ယွဲ့က ရယ်မောလျက်—

“အခုတလော သစ်သားပန်းပု ပညာကို လေ့လာနေလို့ပါ ပရိသတ် (၅၀) ကို ရွေးပြီး လက်ဆောင်လေးတွေ ပေးချင်ပါတယ် ဆုတောင်းလို့ ရတယ်နော်၊ ဒါပေမဲ့ အကုန်လုံး ပြည့်စုံဖို့တော့ မသေချာဘူး"

ဟု ပြန်ပြောလိုက်သည်။

လက်ဆောင်ပေးမည့် လင့်ခ် (Link) ကို ချပေးလိုက်သည်နှင့် လူပေါင်း သိန်းချီ၍ ပါဝင်လာကြသည်။

မင်ယွဲ့သည် စနစ်အတွင်းရှိ လေ့လာရေးခန်းမ၌ အချိန်ကို အသုံးချကာ ပရိသတ်များ အလိုရှိသော သစ်သားရုပ်ထုလေးများကို စိတ်အားထက်သန်စွာ ထုဆစ်ခဲ့သည်။

သူမ၏ လက်ရာများမှာ သက်ဝင်လှပလွန်းလှသဖြင့် ရရှိသူများမှာ အလွန်ဝမ်းသာသွားကြသည်။

မင်ယွဲ့သည် သစ်သားပန်းပုလေးများအပြင် သူမ လေ့လာစဉ်က ပိုလျှံနေသော ကျောက်စိမ်းအပိုင်းအစလေးများကို အသုံးပြုကာ လခြမ်းပုံသဏ္ဌာန် ဆွဲသီးလေးများ ပြုလုပ်လိုက်သည်။

သူမသည် ငွေကြိုးလေးများနှင့် တွဲဖက်ကာ အနီ၊ အပြာ၊ အစိမ်း ရောင်စုံလခြမ်းလက်ဆောင်လေးများကို ပြင်ဆင်လိုက်သည်။

၎င်းတို့မှာ အပိုင်းအစများ ဖြစ်သော်လည်း အဆင့်မြင့် ကျောက်စိမ်းများ ဖြစ်သဖြင့် အရောင်အသွေးနှင့် ကြည်လင်မှုမှာ ပြိုင်ဘက် ကင်းလှသည်။

"တကယ်ပဲ ပင်ပန်းသွားပြီ"

မင်ယွဲ့သည် အလုပ်ပြီးသောအခါ ကိုယ်လက် ဆန့်ကာ သက်ပြင်းချလိုက်သည်။

ထို့နောက် လက်ဆောင်များကို တစ်ခုချင်းစီ ထုပ်ပိုးကာ လိပ်စာများအတိုင်း ပေးပို့လိုက်

သည်။

ထိုနေ့တွင် သူမသည် အိမ်တွင် ကိုယ်တိုင်

ချက်ပြုတ်ကာ မိုဟန်ကျီကို စောင့်ကြိုနေခဲ့သည်။ မိုဟန်ကျီ ပြန်ရောက်လာသောအခါ—

"ပြန်ရောက်ပြီလား... လာ၊ ထမင်းစားရအောင်"

နှစ်ဦးသား၏ ဘဝမှာ အေးချမ်းသာယာလှသည်။

ယွမ်တန်း ဗီလာ၏ ကြီးမားကျယ်ပြန့်သော အခန်းထဲတွင် သူတို့နှစ်ဦး၏ ချစ်ခြင်းရိပ်မြုံမှာ ပိုမိုနက်ရှိုင်းလာသည်။

မင်ယွဲ့သည် ကျောင်းပြီးရန်အတွက် ဘွဲ့လွန်ကျမ်း ကိုသာ အပြီးသတ်ရန် လိုတော့သဖြင့် ယခုတလော အားလပ်နေခြင်း ဖြစ်သည်။

လက်ဆောင်များ ရရှိသွားသော ပရိသတ်များက အွန်လိုင်းပေါ်တွင် ဓာတ်ပုံများ တင်ကာ ချီးကျူးကြသောအခါ မလိုတမာဖြစ်သူများကလည်း

"သစ်သားအစုတ်လေးတွေနဲ့ ဖန်စီလက်ပတ်လေးတွေကို ဒီလောက် ပျော်နေကြတာလား"

ဟု လာရောက် ရန်စကြပြန်သည်။

"နင်တို့ နားမလည်ရင် ငြိမ်ငြိမ်နေကြစမ်းပါ ဒီလခြမ်းဆွဲသီးလေးက အဆင့်မြင့် ခရမ်းရောင် ကျောက်စိမ်းလေ သေးပေမဲ့ စျေးကွက်ထဲမှာ သိန်းချီတန်တယ်"

ပရိသတ်တစ်ဦးက သူမ၏ အစ်မဖြစ်သူမှာ နိုင်ငံတကာ ကျောက်မျက်ပညာရှင် ဖြစ်ကြောင်း သက်သေပြကာ ပြန်လည် တုံ့ပြန်လိုက်သည်။

နောက်ထပ် ပရိသတ်တစ်ဦး၏ လက်ဆောင်မှာမူ 'ဧကရာဇ်စိမ်း' ဖြစ်နိုင်ကြောင်း ခန့်မှန်းကြသောအခါ အွန်လိုင်းလောကတစ်ခုလုံး ဆူညံသွားတော့သည်။

မလိုတမာသမားများက

“ဒါတွေက လူငှားပြီး ပြောခိုင်းနေတာပါ၊ တကယ့် သူဌေးတွေက ဒီလိုမျိုး ကြွားမနေဘူး"

ဟု ဆိုကာ ထပ်မံ တိုက်ခိုက်လာသည်။

ထိုအခါ မင်ယွဲ့က သူမ၏ စနစ်အတွင်းရှိ ကျောက်မျက်ရတနာ အစုအဝေးကြီးကို ဓာတ်ပုံရိုက်ကာ တင်လိုက်ပြီး—

"ဒါကိုမှ ချမ်းသာကြွယ်ဝမှုကို ထုတ်ပြတယ်လို့ ခေါ်တာပါ"

ဟု စာသားလေးဖြင့် တုံ့ပြန်လိုက်သည်။

ထိုဓာတ်ပုံထဲရှိ အဖိုးတန် ကျောက်မျက်ရတနာများကို မြင်လိုက်ရသောအခါ ကဲ့ရဲ့ရှုံ့ချသူများမှာ ပါးစပ်ပိတ်သွားရတော့သည်။

မင်ယွဲ့၏ ပရိသတ်များမှာလည်း အားတက်သွားကာ ဝိုင်းဝန်း အောင်ပွဲခံကြသည်။

မင်ယွဲ့သည် ဖုန်းကို ပိတ်ကာ အိပ်ရာဝင်ရန် ပြင်နေစဉ်တွင် စောစောက ကျောက်မျက်ပညာရှင်၏ ညီမထံမှ သီးသန့်စာ ရောက်လာသည်။

"မမ... ကျွန်မအစ်မက မေးခိုင်းလို့ပါ မမဆီက ဧကရာဇ်စိမ်း ကျောက်စိမ်းကို ရောင်းဖို့ စိတ်ကူးရှိလားဟင်"

မင်ယွဲ့သည် ခေတ္တစဉ်းစားပြီးနောက်—

“ရပါတယ်"

ဟု တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

သူမ၌ ထိုကဲ့သို့သော အဖိုးတန် ကျောက်မျက်များစွာ ရှိနေသဖြင့် အမှန်တကယ် လိုအပ်သူထံသို့ ခွဲဝေပေးရန် သူမ ဝန်မလေးခဲ့ပေ။

အခန်း (၄၇၀) ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်

မင်ယွဲ့ထံမှ ခွင့်ပြုချက်ရရှိသွားသဖြင့် ထိုမိန်းကလေးမှာ ဝမ်းသာအားရဖြစ်ကာ သူမ၏အစ်မကို ဖက်လိုက်တော့သည်။

အစ်မဖြစ်သူမှာ တည်ငြိမ်သူပီပီ အပြင်ပန်း၌ သိသိသာသာ မတုံ့ပြန်သော်လည်း မျက်နှာတွင်မူ ကျေနပ်သည့် အပြုံးရိပ်တို့ ထင်ဟပ်နေ၏။

"စျေးနှုန်းကိစ္စ ဆွေးနွေးဖို့ သူ့ကို တွေ့ဆုံဖို့ ချိန်းပေးလို့ ရမလား"

သူမသည် နာမည်ကျော် ရတနာဒီဇိုင်းပညာရှင်နှင့် ကျောက်စိမ်းပန်းပုဆရာတစ်ဦး ဖြစ်သော်လည်း အဆင့်မြင့်ကျောက်စိမ်းရရှိရန် အမြဲအခက်တွေ့နေရသူဖြစ်သည်။

သူမ၏ ဂုဏ်သတင်းနှင့် ကွန်ရက်ကို ချဲ့ထွင်ရန် ထိပ်တန်းအရည်အသွေးရှိသော ကုန်ကြမ်းများ လိုအပ်နေချိန်တွင် ညီမဖြစ်သူ ရရှိလာသော ခရမ်းရောင်ကျောက်စိမ်းကို မြင်လိုက်ရခြင်းမှာ သူမအတွက် မျှော်လင့်ချက်အလင်းရောင်ပင် ဖြစ်တော့သည်။

မင်ယွဲ့ထံတွင် အဖိုးတန်ပစ္စည်းများစွာ ရှိနေနိုင်ကြောင်း သူမ တွက်ဆမိလိုက်သည်။

အထူးသဖြင့် 'ဧကရာဇ်စိမ်း' ဓာတ်ပုံကို မြင်လိုက်ရချိန်တွင် သူမ၏ စိတ်အာရုံတို့မှာ လုံးဝ ဖမ်းစားခံလိုက်ရတော့သည်။

"အစ်မ... သူ သဘောတူပြီ မနက်ဖြန် မနက် (၁၀) နာရီမှာ စားသောက်ဆိုင်မှာ တွေ့ကြမယ်တဲ့"

မင်ယွဲ့သည် သူမ၏ ကိုယ်ပိုင်စားသောက်ဆိုင်သို့သာ ချိန်းဆိုလိုက်ခြင်းဖြစ်သည်။ ဆိုင်သို့ မရောက်သည်မှာ ကြာပြီဖြစ်၍ တစ်ချက်ကြည့်ရှုစစ်ဆေးရန်လည်း ရည်ရွယ်ထား၏။

"ဒီတစ်ခါတော့ နင့်ကို အမှတ်ပေးရမယ် အလုပ်ဖြစ်သွားရင် နင်လိုချင်နေတဲ့ အိတ်ကို ဝယ်ပေးမယ်"

"ကျေးဇူးပါ အစ်မ”

ညီမဖြစ်သူမှာ ပျော်ရွှင်စွာဖြင့် အခန်းထဲမှ ပြေးထွက်သွားပြီးမှ တံခါးဝတွင် ခေါင်းလေးပြန်ပြူကာ—

“အစ်မ... အဲဒီဆိုင်က အရမ်းကောင်းတယ်လို့ ကြားဖူးတယ် မနက်ဖြန် ကျွန်မပါ လိုက်ခဲ့လို့ ရမလားဟင်"

ဟု မေးရာ အစ်မဖြစ်သူက ခေါင်းငြိမ့်ပြသဖြင့် ကုတင်ပေါ်တွင် လူးလိမ့်ကာ ပျော်နေတော့သည်။

နောက်တစ်နေ့တွင် မင်ယွဲ့သည် စားသောက်ဆိုင်သို့ စောစီးစွာ ရောက်ရှိနေခဲ့သည်။ ဆိုင်ရှင်ကိုယ်တိုင် ရောက်နေသဖြင့် မီးဖိုချောင်မှ ဆရာကြီးရွှီကလည်း အကောင်းဆုံး ဟင်းလျာများကို ကိုယ်တိုင်ချက်ပြုတ်ရန် ပြင်ဆင်နေ၏။

"မစ္စမင်..."

ရောက်ရှိလာသော ဧည့်သည်မှာ သီးသန့်ခန်း၏ ခန့်ညားမှုကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူမတို့ စောစောရောက်လာသည်ဟု ထင်ထားသော်လည်း မင်ယွဲ့က သူမတို့ထက်ပင် စောနေခဲ့သည်။

"ဒီမှာ လုပ်စရာလေးတွေ ရှိနေလို့ စောစောရောက်နေတာပါ ထိုင်ကြပါဦး"

မင်ယွဲ့က ဖော်ရွေစွာ ကြိုဆိုလိုက်သည်။

"ဟင်းအချို့တော့ မှာထားပြီးပြီ၊ ကျန်တာ လိုချင်တာရှိရင် ထပ်မှာကြပါဦး"

ကျူးကျွင်းသည် လူမှုဆက်ဆံရေးနယ်ပယ်တွင် အထိုက်အလျောက် နေရာရထားသူ ဖြစ်သော်လည်း ယခု မင်ယွဲ့၏ ရှေ့တွင်မူ သူမ၏ လွှမ်းမိုးနိုင်စွမ်းတို့ ပျောက်ဆုံးနေသကဲ့သို့ ခံစားရသည်။

သူမ၏ ညီမထက် သိပ်မကြီးသော ရှေ့မှ မိန်းကလေးသည် နူးညံ့သိမ်မွေ့သော်လည်း ထက်မြက်သော အရှိန်အဝါရှိနေသဖြင့် မည်သူမျှ လွယ်လွယ်နှင့် မစော်ကားရဲပေ။

"မစ္စမင်... ကျွန်မနာမည်က ကျူးကျွင်းပါ ဒါကတော့ ညီမလေး ကျူးရှောင်ရှောင်ပါ 'ဧကရာဇ်စိမ်း' ကို ယူလာခဲ့လားဟင်"

သူမက မျှော်လင့်တကြီး မေးလိုက်သည်။

မင်ယွဲ့သည် သူမ၏ လက်ကိုင်အိတ်ထဲမှ ကျောက်စိမ်းကို ပေါ့ပေါ့ပါးပါး ထုတ်လိုက်ပြီး—

"ကျွန်မ အချို့ကို အသုံးပြုထားလို့ အခုတော့ လက်သီးဆုပ်ခန့်ပဲ ကျန်ပါတော့တယ်"

ဟု ဆိုလိုက်သည်။

ကျူးကျွင်းမှာ မင်ယွဲ့၏ ပေါ့ပါးသော အမူအရာကို ကြည့်ကာ ရင်တုန်သွားရသည်။

ဤမျှ တန်ဖိုးကြီးသော အရာကို သေတ္တာနှင့် ဂရုတစိုက် မသိမ်းဘဲ လက်ကိုင်အိတ်ထဲ ထည့်လာခြင်းမှာ သူမအတွက် မယုံနိုင်စရာပင်။

"ကျွန်မ ကြည့်လို့ရမလား"

ကျူးကျွင်း၏ မျက်လုံးများမှာ တောက်ပနေသည်။

မင်ယွဲ့က ကမ်းပေးလိုက်ရာ ကျူးကျွင်းက လက်နှစ်ဖက်ဖြင့် တုန်တုန်ရင်ရင် လှမ်းယူလိုက်သည်။

“တကယ်ကို လှလွန်းတယ်”

ညီမဖြစ်သူ ကျူးရှောင်ရှောင်မှာလည်း ထိုအစိမ်းရောင်၏ ကြည်လင်တောက်ပမှုနှင့် နွေးထွေးသော အသားစိုင်တို့ကြောင့် မှင်သက်နေမိသည်။

ရွှေတွင် တန်ဖိုးရှိသော်လည်း ကျောက်စိမ်းမှာ ဖြတ်မရသော တန်ဖိုးရှိသည်ဟူသော စကားမှာ အမှန်ပင် ဖြစ်တော့သည်။

"ရှင် ဘယ်လောက် ပေးချင်လဲ"

မင်ယွဲ့က မေးလိုက်သည်။

"ယွမ် သန်းရှစ်ဆယ် (၈၀,၀၀၀,၀၀၀) ဆိုရင်ရော ဘယ်လိုလဲဟင်"

ကျူးကျွင်းက မဝံ့မရဲ မေးလိုက်ခြင်းဖြစ်သည်။

စျေးကွက်ပေါက်စျေးအရ သန်းရှစ်ဆယ်မှာ သင့်တော်သော်လည်း ဤကဲ့သို့သော အရှားပါးပစ္စည်းမျိုးမှာ စျေးနှုန်းသတ်မှတ်ချက် မရှိပေ။ မင်ယွဲ့က စျေးတင်လိုလျှင်လည်း သူမ ပေးရပေလိမ့်မည်။

"ရပါတယ်"

မင်ယွဲ့က ချက်ချင်း သဘောတူလိုက်သဖြင့် ကျူးကျွင်းမှာ ဝမ်းသာအားရဖြင့် မင်ယွဲ့၏ လက်ကို လှမ်းကိုင်မိတော့သည်။

ထမင်းစားသောက်ပြီးနောက် မင်ယွဲ့၌ အတွေးသစ်တစ်ခု ဝင်လာသည်။

“ဒါနဲ့... ရှင်က ရတနာဆိုင်ဖွင့်ဖို့ စိတ်ကူးရှိတယ်ဆိုတော့ ကျွန်မတို့ အတူတူ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားလား"

မင်ယွဲ့ထံတွင် ကျောက်စိမ်းတွင်းရှိပြီး တစ်ဖက်လူတွင် ကျွမ်းကျင်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည် ရှိနေသဖြင့် ဤသည်မှာ လက်တွဲသင့်သော အခွင့်အရေးပင်။

"ဒါဟာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ”

"ဒါဆိုရင်လည်း အကြီးအကျယ်ပဲ လုပ်ကြတာပေါ့ မြို့အရှေ့ဘက်က စီးပွားရေးလမ်းမပေါ်မှာ သုံးထပ်ပါတဲ့ ရတနာအဆောက်အအုံတစ်ခု ဆောက်မယ်ာဆိုင်နေရာကို ကျွန်မဘက်က တာဝန်ယူမယ်၊ နောက်ထပ် ယွမ် သန်းခြောက် ဆယ် (သန်း ၆၀) ရင်းနှီးမြှုပ်နှံမယ် ကျွန်မက အစုရှယ်ယာ ၆၀ ရာခိုင်နှုန်း ယူမယ်"

မင်ယွဲ့၏ တောင်းဆိုချက်မှာ အလွန်ပင် မျှတလှသည်။ ကျူးကျွင်းအနေဖြင့်လည်း လုပ်ငန်းကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရမည်ဖြစ်သဖြင့် လုံးဝ သဘောတူလိုက်တော့သည်။

ဆိုင်ဖွင့်ရန် ပြင်ဆင်မှုများအပြင် မင်ယွဲ့သည် သူမ၏ 'ချန်ယွဲ့ ဖျော်ဖြေရေး' ကုမ္ပဏီသို့လည်း သွားရောက်ခဲ့သည်။

ထိုနေရာတွင် မင်းသမီး လျိုရဲ နှင့် သရုပ်ဆောင်သင်တန်း ဆရာမတို့ ရှိနေကြသည်။

မင်ယွဲ့သည် ဝန်ထမ်းများအတွက် စားသောက်ဆိုင်များ တည်ဆောက်ပေးထားသဖြင့် ဝန်ထမ်းများအားလုံးမှာ ကျေနပ်ပျော် ရွှင်နေကြ၏။

ထမင်းစားရင်းဖြင့် ဝမ်ကျန်းက—

“ယွဲ့ယွဲ့... ထျန်းယွမ် ဖျော်ဖြေရေးနဲ့ ထိုမားတိုးပလက်ဖောင်းတို့ ပူးပေါင်းပြီး 'Youth Trainees' ဆိုတဲ့ အမျိုးသားအဖွဲ့သစ် ဖွဲ့စည်းမယ့် အစီအစဉ်တစ်ခု လုပ်နေကြတယ် တို့ကုမ္ပဏီကနေ လူလွှတ်ကြည့်ရင် ကောင်းမလား"

ဟု အကြံပေးလာသည်။

မင်ယွဲ့က စားပွဲကို လက်ချောင်းဖြင့် ဖြည်းညင်းစွာ ခေါက်ရင်း—

"ထျန်းယွမ် ဖျော်ဖြေရေးဆိုတာ ကျန်းမိသားစုပိုင်တဲ့ ကုမ္ပဏီ မဟုတ်လား"

ဟု ဆိုလိုက်သည်။

သူမသည် စီးပွားရေးလောကထဲသို့ ခြေစုံပစ်ဝင်ရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ ရန်ကျင်းရှိ အင်အားကြီးလုပ်ငန်းစုများကို လေ့လာထားပြီးဖြစ်သည်။

မိုဟန်ကျီနှင့် ကျန်းကျွင်းတို့မှာ သူငယ်ချင်းကောင်းများဖြစ်သဖြင့် မင်ယွဲ့အနေဖြင့် အကူအညီတောင်းရန် လွယ်ကူသော်လည်း သူမသည် ကိုယ်ပိုင်အရည်အချင်းဖြင့်သာ 'ချန်ယွဲ့ ဖျော်ဖြေရေး' ကို အောင်မြင်အောင် တည်ဆောက်လိုသည့် ရည်မှန်းချက် ပြင်းပြနေတော့သည်။

All Chapters