← Chapters

တဟုန်ထိုးအဆင့်တက်လာသော ထာဝရအရိုး

Vol. 9 Ch. 844

တဟုန်ထိုးအဆင့်တက်လာသော ထာဝရအရိုး

Vol. 9 Ch. 844

ပိုင်ရှောင်ချန်းမှာ သူ့တပည့်အတွက် ပျော်ရွှင်ေနပြီး သူ့ဂုဏ်ပုဒ်အသစ်အပေါ် စိတ်လှုပ်ရှားနေလျက် လက်ထဲတွင် ကိုင်ဆောင်ထားသော ဆံနွယ်ကို ငုံကြည့်လိုက်သည်တွင် ရင်တဒိန်းဒိန်းခုန်လာပြန်သည်။

" ကောင်းကင်ဧကရာဇ်ရဲ့ ဆံပင်။ ဒါက သူ့ခေါင်းပေါ်က တစ်ခုတည်းသော အနီရောင်ဆံနွယ်ပဲ။ ဒီလို ရတနာတစ်ပါးက ကောင်းကင်ဧကရာဇ်အတွက် ဘယ်လောက် အရေးကြီးလဲဆိုတာ ငါစိတ်ကူးကြည့်လို့ပဲရတယ် "

သူ၏အတွေးစများက ထိုေနရာသို့ရောက်သော် သူသည် ဘေးဘီဝဲယာအား အယောင်ယောင်အမှားမှား လှည့်ပတ်ကြည့်လိုက်သည်။

မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာကို စောင့်ကြပ်ရန် ယခင်က ဤနေရာတွင် တပ်ချထားခဲ့သော ကျင့်ကြံသူများ၏အရိပ်အယောင်ကို မမြင်ရပေ။ သူ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။ သူတို့မှာ သင်္ချိုင်းစောင့်ကြီးကြောင့်သော်လည်းကောင်း၊ မဟာတံတိုင်းပျက်စီးခြင်းနှင့် တုန်လှုပ်စရာကောင်းသော တိုက်ပွဲကြောင့်သော်လည်းကောင်း ထွက်ခွာသွားခြင်း ဖြစ်တန်ရာသည်။ မြေရိုင်းဒေသ၏ တည်ဆောက်ပုံတစ်ခုလုံးကား ပြောင်းလဲလာတော့မည် ဖြစ်သည်။ ထိုစဥ် သူက အံတင်းတင်းကြိတ်လိုက်၏။

" အရေးမပါတာ။ ငါ ဘာကို ကြောက်နေရမှာတုန်း။ သင်္ချိုင်းစောင့်ဘိုးဘိုးကြီးက ငါ့ကို ဒါပေးလိုက်တာလေ။ အခု ငါ့အပိုင် ဖြစ်နေပြီပဲကို။ ပြီးတော့ သင်္ချိုင်းစောင့်ဘိုးဘိုးကြီး ပြောစကားအရဆို ဒီသက်စောင့်အားတွေကို ငါစုပ်ယူလိုက်ရင် ငါက ထာဝရအရိုးတွေရဲ့ အထွတ်အထိပ်ကို ရောက်သွားမယ်တဲ့။ ဒီဆံပင်က ပိုစွမ်းအားကြီးတဲ့ လူတစ်ယောက်နဲ့ သက်ဆိုင်နေရင်တောင်မှ ငါ ဒါကို စုပ်ယူရမှာပဲ"

မြေရိုင်းဒေသထဲ သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များပြီးနောက် ပိုင်ရှောင်ချန်းသည် ယခင်ကထက် ပို၍ သတ္တိလာပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် မြေအောက်ကမ္ဘာတားမြစ်နေရာတွင် ယာယီအင်မော်တယ်ဂူတစ်လုံးအဖြစ် အသုံးပြုရန် သင့်တော်သော နေရာတစ်ခုရှာလိုက်ပြီးနောက် တံခါးပိတ်ကျင့်ကြံရန် ဝင်သွားလိုက်သည်။

****

မြေရိုင်းဒေသထဲရှိ မတူညီသော နယ်ပယ်တစ်ခုမှာ ရှိနေဟန်တူသည့် ဧရာမ အနက်ရောင် မြစ်ကြီးတစ်စင်းရှိ၏။ ယင်းကား မြေအောက်ကမ္ဘာမြစ်ကလွဲ၍ တခြားမဟုတ်ပေ။

၄င်းသည် ညအမှောင်ထုအလား နက်မှောင်နေသည့်တိုင် တသွင်သွင်စီးဆင်းနေသော မြစ်ရေများ၏ အဆုံးသတ်တွင် ဧရာမနန်းတော်ကြီးတစ်ခုကို မြင်နိုင်သည်။

နန်းတော်သည်လည်း နက်မှောင်နေပြီး အလွန်ကြောက်မက်ဖွယ်သွင်ပြင်ဖြင့် မြေရေအထက် မြင့်တက်လျက် တည်ရှိသည်။ ၄င်းမှာ အစွမ်းတစ်ခုရှိနေပြီး ၄င်းထံသို့ ဝိညာဥ်များ အတန်းလိုက် အဆက်မပြတ်ပျံသန်းနေကြကာ ၄င်းကို ဝန်းရံပြီးနောက် ပျောက်ကွယ်သွားပြီး ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြသည်။

၎င်းသည်ကား ငရဲဧကရာဇ်နန်းတော်မှလွဲ၍ တခြားမဟုတ်ပေ။

ဤနေရာက တမလွန်ဘဝကူးပြောင်းခြင်းကို ထိန်းချုပ်ထားပြီး သေခြင်း၊ရှင်ခြင်းကိစ္စရေးရာများကို ဆုံးဖြတ်ပေး၏။

ထိုနန်းတော်ရှိ မဟာခန်းမများအနက် တစ်ခန်းတွင် မြေအောက်ကမ္ဘာစစ်သူကြီးနှင့်တူသော ရုပ်တုအတန်းနှစ်တန်း နံရံများတွင် စီတန်းနေသည်ကို မြင်နိုင်သည်။ ရုပ်တုများ၏အနောက်ဘက် ခန်းမ၏ အဆုံးသတ်တွင် အနက်ရောင်အရိုးများနှင့် ပြုလုပ်ထားသော ဧရာမပလ္လင်ကြီးတစ်ခုရှိသည်။

ရုတ်တရက် သင်္ချိုင်းစောင့်ကြီးပေါ်လာပြီး ပလ္လင်ထံရောက်သည့်အထိ လမ်းလျှောက်သွားကာ ထိုင်ချလိုက်သည်။ သူကို တန်ခိုးအာဏာကြီးမားသော အရှိန်အဝါတစ်ခုက ခြံရံထားလေရာ ပြိုင်စံရှားတစ်ယောက် သို့မဟုတ် တန်ခိုးရှင်တစ်ပါးအသွင် ရှိနေပေသည်။ သူက တော်ဝင်သရဖူကို ဆောင်းထာားပြီး မြေအောက်ကမ္ဘာနဂါးတစ်ကောင်နှင့် တန်ဆာဆင်ထားသော အနက်ရောင်ဝတ်ရုံကိုလည်း ဝတ်ဆင်ထား၏။

သူက လက်လေးတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် သူ့ရှေ့တည့်တည့်တွင် ပိုင်ဟောက် ဖြစ်တည်လာတော့သည်။

ပိုင်ဟောက်မှာ အနေရခက်နေ၏။ သူက နက်နဲသော သေမင်း အငွေ့အသက်များနှင့် ရင်သပ်ရှုမောဖွယ်ခမ်းနားသော ခန်းမကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ပလ္လင်ပေါ်တွင် ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ထိုင်နေသည့် သင်္ချိုင်းစောင့်ကြီးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက အလျင်အမြန် ခေါင်းငုံ့ပြီး လက်ယှက် ဂါဝရပြုလိုက်သည်။

" ပိုင်ဟောက် "

သင်္ချိုင်းစောင့်ကြီးက စူးရှတောက်ပသော မျက်ဝန်းများနှင့် ပြောသည်။ သူ့အသံသည် ကောင်းကင်ဘုံမိုးကြိုးအလား ပဲ့တင်သွားလေသည်။

သင်္ချိုင်းစောင့်ကြီးသည် စောစောက ပိုင်ရှောင်ချန်းနှင့် စကားပြောခဲ့စဥ်အသွင်အပြင်နှင့် အလွန်ကွဲပြားနေပုံပေါ်သည်။ ယခုအချိန်တွင် သူက ကြီးကျယ်မြင့်မြတ်သော ငရဲဧကရာဇ်သဖွယ် လုံးဝထင်ဟပ်နေတော့သည်။

ပိုင်ဟောက်၏မျက်နှာထက်တွက် အလွန်လေးနက်သော အရိပ်အယောင်များ ကြီးစိုးသွား၏။

" ကောင်းကောင်း နားထောင် ပိုင်ဟောက် "

သင်္ချိုင်းစောင့်ကြီးက ဆက်ပြောသည်။ လျှို့ဝှက်ဆန်းကြယ်စွမ်းအားများဖြင့် သူ့အသံသည် သူ၏ဝိညာဥ်ကိုယ်ထဲ ဖောက်ထွင်းသွားပြီး သူ့ဝိညာဥ်နှင့် ပေါင်းစပ်သွားသည်။ ထိုသည်ကြောင့် သင်္ချိုင်းစောင့်ကြီးသည် ပိုင်ဟောက်၏ ဝိညာဥ်ထဲရှိ အသေးငယ်ဆုံးသော အခိုးအငွေ့များကို မြင်နိုင်မည်ဖြစ်ပြီး သူ လိမ်နေသည်လား အမှန်ပြောနေသည်လား ချက်ချင်းသိနိုင်သည်။

" ပိုင်ရှောင်ချန်းက လောလောဆယ်မှာ မင်းဆရာ၊ နောက်လည်း မင်းဆရာပဲ။ မင်းရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့ ငါ ကိုယ်တိုင် လုပ်ခဲ့ပေမယ့် တကယ်က ငါမင်းကို ပိုင်ရှောင်ချန်းဘေးနား ထားပေးလိုက်တာပဲရှိတာ။ သူက မင်းကို တပည့်အဖြစ်လက်ခံတဲ့လူပဲ။ အဲဒါက ငါ့စီစဥ်ချက်မဟုတ်ဘူး။ ဒါက မင်းရဲ့ ကံတရားသက်သက်ပဲ “

"ပြီးတော့ မင်းက ငါ့ဆက်ခံသူဖြစ်လာရတဲ့ အကြောင်းရင်းက ငါမင်းကို အသိအမှတ်ပြုလို့မဟုတ်ဘူး။ မင်းဆရာပိုင်ရှောင်ချန်းက မင်းကို အသိအမှတ်ပြုလို့ပဲ “

" ကောင်းကောင်းမှတ်ထား။ မင်းတာဝန်က မြေအောက်ကမ္ဘာမြစ်ကို စောင့်ရှောက်ရမှာ မဟုတ်သလို တမလွန်ဘဝကူးပြောင်းခြင်းကို စောင့်ကြပ်ပေးရမှာလဲ မဟုတ်ဘူး။ ဒီအစား မင်းက မင်းဆရာကို မြေအောက်ကမ္ဘာမြစ်ကို စောင့်ရှောက်ရာမှာ ကူညီပေးရမယ်။ မင်းက မင်းဆရာကို ကာကွယ်ပေးရမှာ။ မင်း သူ့ကို သစ္စာဖောက်ရင် မြေအောက်ကမ္ဘာမြစ်ကိုယ်တိုင်က မင်းရဲ့ ခန္ဓာကိုယ်ကော ဝိညာဥ်ပါ သတ်ပစ်လိမ့်မယ် "

သင်္ချိုင်းစောင့်ကြီးစကားပြောနေစဥ် သူ့အသံသည် အရာခပ်သိမ်းအား တုန်ခါသွားစေပြီး မြေအောက်ကမ္ဘာမြစ်ရေများကိုပင် လှိုင်းထန်သွားစေသည်အထိ ကျယ်လောင်လာ၏။

မရေမတွက်နိုင်သော ဝိညာဥ်များ တဆတ်ဆတ် တုန်ရီလာကြပြီးနောက် မြေအောက်ကမ္ဘာနန်းတော်အား ဝပ်တွားအရိုအသေပေးလိုက်ကြသည်။

ပိုင်ဟောက်မှာ တုန်လှုပ်သွားသော်လည်း တစ်ချက်လေးပင် တုံ့ဆိုင်းတွေဝေနေခြင်းမရှိဘဲ ပြောသည်။

" သစ္စာဖောက်ခြင်း ဆိုတဲ့ စကားလုံးက ပိုင်ဟောက်မှာ မရှိပါဘူး "

သူက ထိုစကားလုံးများကို တည်ကြည်လေးနက်စွာ ရိုးရိုးသားသားပြောလိုက်၏။ သူ့ကမ္ဘာငယ်လေးထဲတွင် သူ၏ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သော သူ့ဆရာပိုင်ရှောင်ချန်းထက် အရေးကြီးသော အရာဟူ၍မရှိပေ။

အမှန်တွင် သူက သင်္ချိုင်းစောင့်ကြီး ပြောခဲ့သည့်အရာများအား စိတ်ကွက်ခြင်းလည်း မရှိ၊ စိုးရိမ်ခြင်းလည်း မရှိပေ။ အမှန်တွင် ၄င်းက သူမည်သို့ခံစားနေရသည်နှင့် တစ်ထပ်တည်းပင်။ သူ့အဖြေထက် ပို၍ မပွင့်လင်းနိုင်တော့ပေ။

သင်္ချိုင်းစောင့်ကြီး၏မျက်လုံးများထဲတွင် ချီးကျူးသော အရိပ်အယောင်များ ထင်ဟပ်သွား၏။ ဤသည်က ပိုင်ဟောက်အတွက် သူ၏ နောက်ဆုံးစမ်းသပ်ချက်ဖြစ်သည်။ ငရဲဧကရာဇ်၏ ရာထူးသည် အလွန်အရေးကြီးသောကြောင့် အမှားအယွင်းတစ်ခုမှ ရှိ၍မဖြစ်ပေ။ ဤအချိန်တွင် သူက ပိုင်ရှောင်ချန်းအတွက် မှန်ကန်သော ဆုံးဖြတ်ချက်ချခဲ့ကြောင်း လက်ခံယုံကြည်နေသည်။

"နောက်လ.... မင်း ငရဲဧကရာဇ်ဖြစ်မယ် "

ထို့နောက် သူက သူ့လက်ညှိုးကို ပိုင်ဟောက်ထံ ဝှေ့ယမ်းကာ သူ၏အမွေနှင့် နတ်ဘုရားစွမ်းရည်များကို သူ့ထံ စေလွှတ်လိုက်သည်။

ထိုမျှသာမက မြေအောက်ကမ္ဘာနန်းတော် အပြင်ဘက်တွင် မရေမတွက်နိုင်သော မှော်သင်္ကတများအား မြင်နိုင်သည်။ ၎င်းတို့က ဧရာမရေဝဲကြီးတစ်ခုအသွင် ပြောင်းလဲသွားသည့်တိုင်အောင် တလက်လက်တောက်ပလာ၏။ ထိုရေဝဲကြီးလည်ပတ်နေခြင်းက အမွေလွဲပြောင်းခြင်းစတင်ခဲ့ပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။

ငရဲဧကရာဇ်၏ အမွေ လက်ဆင့်ကမ်းနေစဥ် ပိုင်ရှောင်ချန်းသည် မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာရှိ အင်မော်တယ်ဂူထဲတွင် ကောင်းကင်ဧကရာဇ်၏ သွေးဆံနွယ်ထံမှ သက်စောင့်အားများအား စုပ်ယူနေလေသည်။

ထာဝရအပိုင်းကို အရေပြား၊ ကြွက်သား၊ အရွတ်ကြောများ၊ အရိုးများနှင့် သွေးဟူ၍ ခွဲခြားထား၏။

ပိုင်ရှောင်ချန်းသည် အခြေခံမှ စတင်ခဲ့ပြီး လေးတွဲမြောက်ထိ တောက်လျှောက်ကျင့်ကြံခဲ့သည်။ ယခုအချိန်တွင် သူသည် စွမ်းအားအရိုးအဆင့်တွင် ရှိသည်။ ထို့နောက်တွင် ကောင်းကင်အရိုးလာပြီး နောက်ဆုံးကား စစ်မှန်သော ထာဝရအရိုးဖြစ်သည်။

သူ၏ ထာဝရအတွဲ ကျင့်ကြံခြင်းအတွက် သော့ချက်မှာ သက်စောင့်အားဖြစ်သည်။ သက်စောင့်အားလုံလုံလောက်လောက်ရှိမှသာလျှင် တဟုန်ထိုးတိုးတက်နိုင်သည်။

ယခင်က သူသည် မြေရိုင်းသားလက်ရွေးစင်များထံမှ သက်စောင့်အားများကို စုပ်ယူရန် သူ၏ထာဝရထီးကို အားထားခဲ့ရသည်။ ထိုသည်က သူ့ကို ရောစပ်အရိုးအဆင့်မှ စွမ်းအားအရိုးအဆင့်သို့ ဖောက်ထွက်ရန် ကူညီပေးခဲ့သည်။

သို့သော် ယခုတွင် ကောင်းကင်ဧကရာဇ်က မရေမတွက်နိုင်သော စစ်ဆေးစမ်းသပ်ချက်များကို ကျော်ဖြတ်ကာ ကျင့်ကြံထားခဲ့ရသည့် သွေးဆံနွယ်ထဲမှ သက်စောင့်အားများကြောင့် ပိုင်ရှောင်ချန်းမှာ ကြောက်မခန်းလိလိ တိုးတက်လာနေသည်။

ပြင်းထန်သော ထစ်ခြုန်းမြည်ဟည်းသံများ ကြားလိုက်ရပြီး သူ၏ အရိုးများ တဂျွတ်ဂျွတ်အက်ကွဲလာသောကြောင့် သူ့တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ သူက အရိုးစုအသွင် ပြောင်းလဲနေသည့်အလား ဖြစ်နေရာ ထာဝရအတွဲ၏ လေးဆင့်မြောက်သို့ လျင်မြန်စွာ အဆင့်တက်သွားလေသည်။

အမှန်စင်စစ် သူသည် ကောင်းကင်အရိုးအဆင့်သို့ ချက်ချင်း အဆင့်တက်သွားလေပြီ။

သူက တွင်းနက်ကြီးအလား သွေးဆံနွယ်မှ သက်စောင့်အားများအားလုံးကို စုပ်ယူပြီး ထာဝရသိုင်းကို သုံး၍ သူ့အရိုးများထံ အပြေးအလွှားစေလွှတ်ကာ ပြောင်းလဲပစ်နေသည်။

ဝုန်းး

အပြင်ဘက်ရှိ မည်သူမှ ကြောက်မခန်းလိလိအသံများကို မကြားနိုင်သော်လည်း ပိုင်ရှောင်ချန်းမှာမူ ပြတ်ပြတ်သားသား ကြားနေရသည်။ ထိုမျှသာမက သူ၏ထာဝရအရိုးများက သက်စောင့်အားများကို အလျင်အမြန်စုပ်ယူရင်း အထဲသို့ စီးဝင်နေစေသည်ကို သူ အာရုံရလိုက်သည်။

သူ၏ ထာဝရအရိုးသည် တတိယအဆင့်တို့ ချက်ချင်း ဝင်ရောက်သွားပြီးနောက် လေးဆင့်မြောက်။ ငါးဆင့်မြောက်။ ခုနစ်ဆင့်မြောက်.... ကိုးဆင့်မြောက်။

ယင်းကား တဟုန်ထိုးမြင့်တက်နေသည်။

နောက်ထပ် အဆင့်တက်လေပြီ။

ယခုတွင် သူက ထာဝရအရိုးများ၏ ပထမဆုံးအဆင့်မှာ ဖြစ်သည့်တိုင် ကောင်းကင်ဧကရာဇ်၏ သွေးဆံနွယ်မှ သက်စောင့်အား တစ်ပိုင်းတစသာ စုပ်ယူရသေးသည်။ ထို့နောက် ထိုသက်စောင့်အားများက သူ့ကို ထာဝရအရိုးအဆင့်သို့ ဆက်လက်တွန်းပို့ပေးနေ၏။

ထာဝရအရိုး၏ နောက်ဆုံးအဆင့်သည် အရှေ့ရှိ အဆင့်သုံးခုလုံး ပေါင်းသည်ထက်ပိုသော သက်စောင့်အားပမာဏများစွာ လိုအပ်သည်။ ထိုမျှသာမက သူ အထွတ်အထိပ်ရောက်သည်နှင့် သူ၏ အပြင်ခန္ဓာကိုယ်သည် လက်ဖျားခါလောက်အောင် မြင့်မားသောအဆင့်တစ်ခုသို့ ရောက်သွားလိမ့်မည်။

သူ၏ အပြင်ခန္ဓာကိုယ်သည် နတ်အဆင့်ကျင့်ကြံသူနှင့်ပင် ယှဥ်နိုင်မည် ဖြစ်သည်။ သူ့အရေပြား၊ ကြွက်သားများနှင့် အရိုးများက ဖျက်စီး၍မရနိုင်လောက်သော အဆင့်တစ်ခု ရောက်သွားပေမည်။

ထို့နောက် ကြောက်မက်ဖွယ်အစွမ်းရှိသော ထာဝရသွေး လာပေမည်။ ထိုအချိန်တွင် သူ့အပြင်ခန္ဓာကိုယ်သည် စစ်မှန်သော ထာဝရအဆင့်နှင့် အလွန် နီးကပ်သွားပေလိမ့်မည်။ ထို့နောက် သူသည် အဏ္ဏဝါခေါ်သံဂိုဏ်းက သွေးဘိုးဘေးကြီးနှင့် အဆင့်တူသွားလိမ့်မည်။

ထိုအချိန်တွင် သူ၏ထာဝရအပိုင်းကျင့်ကြံအားထုတ်ခြင်း ပြီးမြောက်သွားပေမည်။

ယခုအချိန်တွင် သူက တဟုန်ထိုးမြင့်တက်ရန် ကောင်းကင်ဧကရာဇ်၏ သွေးဆံနွယ်ကို အားထားနေရသည်။ သူ၏ ထာဝရအရိုးများကား ပထမအဆင့်မှ လေးဆင့်မြောက်ထိ ဆက်လက် အဆင့်တက်နေ၏။

ငါးဆင့်မြောက်၊ ခြောက်ဆင့်မြောက်၊ ခုနစ်ဆင့်မြောက်......

All Chapters