အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း (၁၆၁) - ဝူမိသားစုကို တည်ဆောက်ပြီးစီးခြင်း
မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ ဆယ်နှစ်တာ ကာလသည် ကုန်လွန်သွားခဲ့သည်။ သို့သော် ဝူဟောက်သည် ဝူမိသားစု၏ နေအိမ်ကို ဆက်လက် တည်ဆောက်နေဆဲ ဖြစ်သည်။
ဤဆယ်နှစ်တာ ကာလအတွင်း ဝူဟောက်၏ ကျင့်ကြံမှုသည် အင်မော်တယ် အရှင်မြတ် နှောင်းပိုင်းအဆင့်မှ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။ ဝူမိသားစုထဲမှ တစ်စုံတစ်ယောက်သည် မဟာဧကရာဇ်အဆင့်သို့ ဖောက်ထွက်သွားခြင်း ဖြစ်နိုင်သလို ၊ ကံကြမ္မာရွေးချယ်ခံရသူ တစ်ယောက်ယောက်ကြောင့်လည်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း ဝူဟောက်သည် ထိုအရာအတွက် ဂရုမစိုက်အားချေ။ လက်ရှိတွင် သူကိုယ်တိုင် တည်ဆောက်ထားသော ခမ်းနားထည်ဝါလှသည့် ဝူမိသားစု နေအိမ်ကို ကြည့်ရင်း ၊ ကျေနပ်စွာဖြင် ခေါင်းညိတ်နေလေ၏။
“ငါ့လက်ရာက ထင်တဲ့အတိုင်းပဲ… တကယ်ကို မိုက်တာပဲ”
ဝူမိသားစု၏ အဆောက်အအုံကို ကြည့်လိုက်မည်ဆိုပါက ၊ ရိုးရှင်းသော်လည်း ခမ်းနားထည်ဝါလှသည်။ အတွင်းရှိ ဖွဲ့စည်းပုံ အစီအရင်များကလည်း အလွန်ပင် ပြောင်မြောက်ပေရာ ၊ အင်မော်တယ် မဟာဧကရာဇ်ပင်လျှင် တစ်ချက်တည်းဖြင့် လဲကျသွားနိုင်သည်။
ထို့အပြင် ဝူချီလုံ၏ စောင့်ကြပ်မှုအောက်တွင် ၊ ကောင်းကင်ဘုံမှ ရန်သူကလွဲ၍ ဝူမိသားစုကို ပြဿနာရှာဝံ့သူ မည်သူမှ ရှိမည်မထင်။
“နောက်တစ်ဆင့်က ပြန်သွားပြီး တယ်လီပို့ ဖွဲ့စည်းပုံ တပ်ဆင်ဖို့ပဲ… ဒီနေရာမှာ တယ်လီပို့ ဖွဲ့စည်းပုံကို တပ်ဆင်ပြီးတာနဲ့ သက်ဆိုင်ရာ ဟင်းလင်းပြင် တယ်လီပို့ကျောက်တုံးတွေနဲ့ဆို တောင်ပိုင်းဒေသကနေ ဖန်လိုင် အင်မော်တယ်ကျွန်းဆီ တိုက်ရိုက် သွားလို့ရပြီ”
ဝူဟောက်သည် တိတ်တဆိတ် တွေးလိုက်ပြီးနောက် ၊ ဖန်လိုင် အင်မော်တယ်ကျွန်းပေါ်တွင် ဟင်းလင်းပြင် တယ်လီပို့ဖွဲ့စည်းပုံ တစ်ခုကို အရင်ဆုံး တပ်ဆင်လိုက်သည်။ ထို့နောက် အိမ်ကို သေချာ စောင့်ကြည့်ထားရန် ဝူချီလုံကို မှာကြားပြီးနောက် ၊ တောင်ပိုင်းဒေသသို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။
သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ၊ ဖန်လိုင် အင်မော်တယ်ကျွန်း၏ အပြင်ဘက်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုသူမှာ အခြားသူမဟုတ် လီဖန်ထျန်းပင် ဖြစ်သည်။
သာမန်ဟု ထင်ရသော်လည်း ၊ ထူးခြားဆန်းကြယ်သော အရည်အသွေးများ ထွက်ပေါ်နေသည့် ဖန်လိုင်အင်မော်တယ်ကျွန်းကို ကြည့်ရင်း လီဖန်ထျန်းမှာ မှင်သက်နေမိသည်။
ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေတွင်ပင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖုန်းရွှေ အပြင်အဆင်မျိုး မရှိခဲ့ပေ။
“ဒီဝူမိသားစုရဲ့ ဘိုးဘေးကြီးက အတော်လေး အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ပဲ… နောက်ကျရင် သူနဲ့ ဆက်ဆံရေး ကောင်းအောင် သေချာပေါက် လုပ်ရမယ်”
လီဖန်ထျန်း၏ ညည်းညူမှုအပြီးတွင် ၊ သူသည် တစ်စုံတစ်ရာကို မြင်လိုက်ရသဖြင့် မျက်လုံးများက အရောင်တောက်သွားပြီး အလျင်အမြန် ရှေ့သိုတိုးသွားသည်။
“စီနီယာဝူနဲ့ တွေ့ခွင့်ရတာ ဝမ်းသာပါတယ်”
ထိုအခိုက်အတန့်တွင် ဝူဟောက်သည် ဟင်းလင်းပြင် တယ်လီပို့ ဖွဲ့စည်းပုံကို မည်သို့ တပ်ဆင်ရမည်ကို စဉ်းစားနေဆဲ ဖြစ်သော်လည်း ၊ လီဖန်ထျန်း၏ စကားများက သူ၏အတွေးများကို အနှောင့်အယှက် ဖြစ်သွားစေသည်။
ဝူဟောက်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း ၊ ထိုသူမှာ လီဖန်ထျန်း ဖြစ်နေမှန်း မြင်လိုက်ရသဖြင့် သူသည် သက်ပြင်းတစ်ချက် ချလိုက်သည်။
“မိတ်ဆွေလီ…”
ဝူဟောက်ထံ လီဖန်ထျန်း၏ လာရောက် လည်ပတ်မှုသည် အံ့သြစရာ မရှိပေ။ လီကျန်းရန်၌ အခြား ရည်ရွယ်ချက် မရှိသရွေ့ သူသည် ဤကိစ္စကို လီဖန်ထျန်းထံသို့ သေချာပေါက် သတင်းပေးပို့လိမ့်မည်။
မြင့်မြတ်နယ်မြေ၏ အရှင်သခင်များမှာ တုံးအသူများ မဟုတ်ပေ။ သူသည် ပြိုင်ဘက်ကင်းသော စွမ်းအားရှင် တစ်ဦး ဖြစ်ကြောင်း မည်သူကများ မခန့်မှန်းနိုင်မည်နည်း။
သို့သော်လည်း ဝူဟောက်သည် သူ့ကိုယ်ပိုင် ခွန်အားအပေါ် ကောင်းစွာ နားလည်ထားခြင်း မရှိပေ။ ထို့အပြင် နတ်ဘုရား မှော်လက်နက် ငါးခု၏ အကူအညီဖြင့် ၊ သူသည် နတ်ဘုရား တစ်ပါးကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် ခံစားမိသည်။
“တာအိုမိတ်ဆွေဝူကို ပထမဆုံးအကြိမ် တွေ့တုန်းကတည်းက မိတ်ဆွေရဲ့ ထူးခြားမှုကို ကျွန်တော် ခံစားမိခဲ့တယ်… ဒီနေ့ ပြန်လည် တွေ့လိုက်ရတော့ အဲ့တာကို အတည်ပြုနိုင်သွားပြီ… နောင်တစ်ချိန် မိတ်ဆွေဝူအနေနဲ့ အိမ်သစ်တက်ပွဲ ကျင်းပတဲ့အခါ ကျွန်တော်တို့ကို ဖိတ်ကြားဦးမလား သိချင်မိတယ် “
“ဒီကိစ္စကို ထားလိုက်တော့… ငါတို့ ဝူမိသားစုက ဘယ်တုန်းကမှ ထင်ပေါ်ကျော်ကြားတာကို မကြိုက်ဘူး… ဒါကြောင့် ကြီးကျယ်ခမ်းနားတဲ့ စားသောက်ပွဲကြီးတွေ လုပ်မှာ မဟုတ်ဘူး… ပြီးတော့ ငါ့မှာ လုပ်စရာ အရေးကြီးကိစ္စ ရှိသေးလို့ အခုလောလောဆယ် မင်းနဲ့အတူ မနေနိုင်သေးဘူး “
ထိုသို့ ပြောပြီးနောက် ဝူဟောက်သည် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ လီဖန်ထျန်းသည် ဝူဟောက်ကို ဆက်လက် ဆွဲဆောင်ရန် မကြိုးစားခဲ့ပေ။ တစ်ကြိမ် တွေ့ဆုံရခြင်းကပင် လုံလောက်နေပြီ ဖြစ်ရာ ၊ အတင်းအကျပ် ပြုလုပ်ခြင်းသည် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ဖြစ်စေလိမ့်မည်။
ဝူဟောက် ထွက်သွားပြီးနောက် လီဖန်ထျန်းသည် မနီးမဝေးရှိ ဖန်လိုင်အင်မော်တယ်ကျွန်းကို ကြည့်လိုက်ရင်း ၊ သူ၏ အမူအရာသည် အလွန် လေးနက်သွားသည်။ ဖန်လိုင် အင်မော်တယ်ကျွန်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ ချီအငွေ့အသက်နှင့် ၎င်းကို ဝန်းရံထားသော ထူးဆန်းသည့် လေထု အခြေအနေတို့ကို သူသည် ချက်ချင်းပင် ခံစားမိလိုက်သည်။
“အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိ စစ်မှန်နဂါး တစ်ကောင် ရှိနေရုံတင်မကဘူး ၊ မိတ်ဆွေဝူက ဖန်လိုင် အင်မော်တယ်ကျွန်းမှာ ဖွဲ့စည်းပုံအစီအရင် တစ်ခုပါ တပ်ဆင်ထားခဲ့တာပဲ… ဦးနှောက်မရှိတဲ့သူတွေကပဲ ဝူမိသားစုကို ပြဿနာရှာလိမ့်မယ် “
T/N – ( တချက်လောက် ရှင်းပြပါရစေ ၊ ကျင့်ကြံဆင့်နဲ့ ပတ်သတ်ပြီး အင်မော်တယ် ဧကရာဇ် ၊ အင်မော်တယ် အရှင်မြတ် ၊ အင်မော်တယ် မဟာဧကရာဇ်ဆိုပြီး သတ်မှတ်ခဲ့ပါတယ် ၊ MTL ကနေ ပြန်ရတာဆိုတော့ eng မှာ အင်မော်တယ် ဧကရာဇ် ၊ အင်မော်တယ် မဟာဧကရာဇ် ဒီနှစ်ခုစလုံးကို ( immortal emperor) ဆိုပြီး ရေးထားတာပါ ၊ အစကတော့ မသိပေမယ့် နည်းနည်း မူမမှန်ဘူးထင်လို့ csubကို သွားကြည့်တော့ တကယ်ပဲ လွဲနေပါတယ် ၊ ဒါ့ကြောင့် ဒီအပိုင်းတွေကစပြီး ဖြည်းဖြည်းချင်း ပြင်ယူသွားပါ့မယ် ၊ သိပ်အများကြီးတော့ မမှားထားပါဘူး ၊ ကျန်တာတွေကတော့ မူမပျက်ဘဲ ဖတ်လို့ရပါတယ် )
လီဖန်ထျန်းသည် ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်ရင်း ထို့နောက် လှည့်ထွက်သွားခဲ့သည်။
သူ လှည့်ထွက်သွားသည့် အခိုက်အတန့်မှာပင် ၊ ကျွန်း၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာတွင် ရှိနေသော ဝူချီလုံသည် သူ့မျက်လုံးများကို ပြန်မှိတ်လိုက်သည်။
“ ငါ့ရဲ့ သခင်က တကယ်ကို အစွမ်းထက်တာပဲ… အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေကတောင် သူ့ကို အရိုအသေ ပေးဆက်ဆံကြတယ်… အဲ့နေ့က ငါ အသက်ရှင်ကျန်ရစ်ခဲ့တာ တကယ်ကို ကံကောင်းတာပဲ.. အခုကစပြီး ငါ့သခင်ကို သေချာ ဆက်ဆံရမယ်”
ဝူချီလုံသည် စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ဝူဟောက်သည် မဟာဖွဲ့စည်းပုံ အစီအရင်ကို တပ်ဆင်ပြီးနောက် ၊ ဝူချီလုံသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များသည် လျော့ရဲလာသည်ကို မထင်မရှား ခံစားလိုက်ရသည်။
ဆိုလိုသည်မှာ သူသည် ဖန်လိုင် အင်မော်တယ်ကျွန်းပေါ်တွင် နေထိုင်ပြီး ၊ ဆက်လက် ကျင့်ကြံနေသရွေ့ ၊ အချိန်တိုအတွင်း အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားနိုင်သည်။
ဤသည်မှာ ယခင်က သူ လုံးဝ မမျှော်လင့်ရဲသော အရာတစ်ခု ဖြစ်သည်ကို သင် သိထားရမည်။ အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်သို့ ကျင့်ကြံပြီးနောက် ၊ သူသည် ပိတ်ဆို့မှု တစ်ခုကို ခံစားခဲ့ရပြီး ၊ အမှောင်ထဲမှ တစ်စုံတစ်ခုက သူ့ကို တားဆီးနေသကဲ့သို့ အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ဖောက်ထွက်ရန် ခဲယဉ်းနေခဲ့သည်။
ထို့ကြောင့် ဝူဟောက် မရောက်လာမီက ၊ ဝူချီလုံသည် ခေတ်ကာလပေါင်းများစွာ တိုင်အောင် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်တွင် ပိတ်မိနေခဲ့သည် ။ ယခုအခါ သူသည် နောက်ထပ်နယ်ပယ်ကို ဆက်လက် ဖောက်ထွက်နိုင်မည့် အခွင့်အရေးကို ရရှိခဲ့ပြီဖြစ်ရာ ၊ ၎င်းကို သဘာဝကျကျပင် လက်လွတ်ခံမည် မဟုတ်ချေ။
တစ်ချိန်တည်းမှာပင် ၊ ဖန်လိုင် အင်မော်တယ်ကျွန်းမှ ထွက်ခွာလာပြီးနောက် ဝူဟောက်သည် တောင်ပိုင်းဒေသသို့ လျင်မြန်စွာ ပြန်ရောက်လာခဲ့ပြီး ၊ တက်လှမ်းခြင်း နယ်မြေ၏ ပတ်ဝန်းကျင်သို့ ရောက်ရှိလာခဲ့သည်။
“ငါတို့ ဝူမိသားစုက လူတွေကို လမ်းညွှန်ပေးဖို့ သီးသန့်တယ်လီပို့ ဖွဲ့စည်းပုံ တစ်ခုကို ဒီနေရာမှာ တပ်ဆင်ရမှာဆိုတော့… လူသိသာတဲ့ နေရာတစ်ခု လိုအပ်တယ်… ပြီးတော့ တယ်လီပို့ ဖွဲ့စည်းပုံကို ထိန်းသိမ်းဖို့ ကူညီပေးမယ့် ပုဂ္ဂိုလ်အချို့ကိုလည်း ရှာရမယ်… သူတို့က အနည်းဆုံးတော့ အင်မော်တယ်ဘုရင် အဆင့်လောက် ရှိသင့်တယ်”
ဝူဟောက်သည် စိတ်ထဲတွင် တွေးဆလိုက်ပြီးနောက် ၊ ဧရိယာအတွင်း သင့်လျော်သော နေရာတစ်ခုကို စတင် ရှာဖွေလိုက်သည်။ မကြာမီမှာပင် တောင်ကုန်းတစ်ခုကို သူ ရှာတွေ့သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ၊ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ၌။
“ဆရာ… ဘာဖြစ်လို့ ကျွန်တော်တို့ရဲ့ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေကို အဲ့လို ခေါ်ရတာလဲ”
ဟွာယွန်ဖေးသည် ဆရာဖြစ်သူကို ကြည့်ကာ အနည်းငယ် စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။ သူသည် မွေးဖွားလာကတည်းက ဤနတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေတွင် ရှိနေခဲ့ရာ ၊ ဤမေးခွန်းသည် သူ့ကို အချိန်အတော်ကြာ ဒုက္ခပေးနေခဲ့သည်။ ကျင့်ကြံခြင်း စတင်တော့မည့် အချိန်တွင် သူသည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ၏ ဂိုဏ်းချုပ်သည် ကျေနပ်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါတို့ အနောက်က တောင်ကြီးကို မြင်လား… အင်မော်တယ်ဘုရင် တစ်ပါးက အဲ့တောင်ပေါ်မှာ ရပ်ပြီး တာအိုကို ကျင့်ကြံခဲ့တာ… ပြီးတော့ ငါတို့ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေရဲ့ ပထမဆုံး ဂိုဏ်းချုပ်က အဲ့ဒီအင်မော်တယ်ဘုရင်ရဲ့ တပည့် ဖြစ်တာကြောင့် နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ ဆိုပြီး ပေါ်ပေါက်လာတာပဲ”
“ဪ… နားလည်ပါပြီ…”
ဟွာယွန်ဖေးသည် တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ၊ တစ်စုံတစ်ခုကို မြင်လိုက်ရပြီး ဂိုဏ်းချုပ်၏ နောက်တွင် ရှိနေသော လူကို လှမ်းပြောလိုက်၏။
“ဟေ့… ခင်ဗျားက ဘယ်သူလဲ… ကျုပ်တို့ရဲ့ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေမှာ ဘာလာလုပ်တာလဲ”
ထိုစကားကို ကြားသောအခါ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ၏ ဂိုဏ်းချုပ်သည် သံသယဖြစ်ဖွယ် အကြည့်ဖြင့် ခေါင်း လှည့်ကြည့်လိုက်ရာ ၊ မနီးမဝေးရှိ ဝူဟောက်ကို မြင်တွေ့လိုက်ရပြီး သူ၏ အမူအရာသည် ချက်ချင်း လေးနက်သွားသည်။
သူသည် လျိုထျန်းရွှေအင်မော်တယ်အဆင့်ရှိ ကျင့်ကြံစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ၊ ဝူဟောက်၏ တည်ရှိမှုကို လုံးဝ သတိမထားမိခဲ့ပေ။ ထို့အပြင် ယခင်က အင်မော်တယ်ဘုရင်ပင်လျှင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားမျိုးကို သူ့အား မပေးစွမ်းနိုင်ခဲ့ချေ။
အင်မော်တယ် ဧကရာဇ် များလား…
ဤသို့ တွေးမိသောအခါ ၊ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ၏ ဂိုဏ်းချုပ်သည် အလွန်ပင် ထိတ်လန့်သွားပြီး အလျင်အမြန် ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
“စီနီယာ… ကျွန်တော်တို့ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေကို ဘာကိစ္စများ ရှိလို့ ခုလို လာရောက်ရတာလဲ “
ဘေးတွင် ရပ်နေသော ဟွာယွန်ဖေးမှာ ဆွံ့အသွားသည်။ ငယ်စဉ်ကတည်းက သူ၏ အမြင်တွင် ၊ ဂိုဏ်းချုပ်သည် အလွန် မာန်မာနကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဤကဲ့သို့ ပုဂ္ဂိုလ်သည် အဘယ့်ကြောင့် ခေါင်းငုံ့သွားရသနည်း။
သူ စကားမပြောနိုင်မီမှာပင် ၊ ဝူဟောက်သည် လှည့်ကာ အေးစက်စွာဖြင့် ပြောလိုက်သည်။
“ငါ့အတွက် အလုပ်လုပ်ပေး… အခုကစပြီး ငါက နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေရဲ့ နောက်ခံ အစောင့်အရှောက်ပဲ “
အခန်း (၁၆၂) - အတွေးကိုယ်စီ ရှိနေသော ဝူရှန်းနီနှင့် ဝူမိုဝူ
ဆရာဖြစ်သူသည် စိတ်လှုပ်ရှားစွာဖြင့် သဘောတူလိုက်ပြီး ၊ ဝူဟောက်အား ပြုံးပြုံးကြီး အရိုအသေပြုနေသည်ကို မြင်လိုက်ရချိန်တွင် ဟွာယွန်ဖေး၏ လောကအမြင် တစ်ခုလုံးသည် ဇောက်ထိုးမှောက်ခုံ ဖြစ်သွားခဲ့ရသည်။ သူသည် ယခင်က မာန်မာနကြီးမားသော ဆရာကို ပို၍ သဘောကျသည်။
ဝူဟောက် ထွက်သွားပြီးနောက် ၊ နောက်ဆုံးတွင် ဟွာယွန်ဖေးတစ်ယောက် မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
“ဆရာ… စောနက လူက ဘယ်သူလဲ”
“စကားပြောတာ သတိထားစမ်း… အဲ့လူက ငါတို့ ဝေဖန်ဆွေးနွေးလို့ ရတဲ့သူ မဟုတ်ဘူး…ပြီးတော့ သူ့ရဲ့ စွမ်းအားက အင်မော်တယ်ဘုရင် တစ်ပါးထက် အများကြီး သာလွန်နိုင်တယ်… အနည်းဆုံး အင်မော်တယ် ဧကရာဇ် အဆင့်ကိုတောင် ရောက်နေလောက်ပြီ”
နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ၏ ဂိုဏ်းချုပ်သည် လေးနက်သော အမူအရာဖြင့် အလျင်အမြန် ပြောဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ဟွာယွန်ဖေးမှာ တုန်လှုပ်သွားခဲ့ရသည်။ သာမန်ဟု ထင်ရသော ထိုပုဂ္ဂိုလ်သည် အင်မော်တယ် ဧကရာဇ် တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့သလို ၊ ၎င်းသည် အင်မော်တယ် ဧကရာဇ်ထက်ပင် ပို၍ မြင့်မားသော အခြေအနေတွင် ရှိနိုင်သည်။
သို့သော်လည်း နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ၏ ဂိုဏ်းချုပ်ဖြစ်သူ ကျန်းကျဲသည် သူ့ကို ဂရုမစိုက်အားဘဲ ဆက်ပြောလေသည်။
“ ပြီးတော့ အဲ့အရှင့်သခင်က ငါတို့ကို သိပ်ပြီး ခက်ခဲတဲ့ တာဝန်တွေ ပေးမသွားဘူး… ငါတို့ လုပ်ရမှာက တက်လှမ်းလာတဲ့ မျိုးဆက်သစ်တွေကို တယ်လီပို့ ဖွဲ့စည်းပုံဆီကို လမ်းညွှန်ပေးရုံပဲ… အကယ်၍ သူသာ ငါတို့ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေရဲ့ ကျောထောက်နောက်ခံ ဖြစ်လာမယ်ဆိုရင် ၊ ငါတို့ မြင့်မြတ်နယ်မြေရဲ့ အင်အားဟာ နောက်တစ်ဆင့်ကို တက်သွားလိမ့်မယ် “
ထိုသို့ ပြောရင်း ၊ ကျန်းကျဲသည် သူ၏ နောက်ဘက်ရှိ တောင်တန်းများကို လှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့လေးစားမှု အရိပ်အယောင်များ ရှိနေခဲ့သည်။
သို့သော်လည်း ထိုတောင်တန်းများသည် ယခုအခါတွင် ဝူဟောက်၏ ဓားချက်အောက်တွင် ပြားချပ်သွားခဲ့ပြီ ဖြစ်သည်။ ဝူမိသားစုဝင်များ တက်လှမ်းလာသည်နှင့် ၊ ဤနေရာကို ချက်ချင်း မြင်တွေ့နိုင်စေရန် ပြုလုပ်ခဲ့ပြီး ၎င်းအပေါ်တွင် တယ်လီပို့ဖွဲ့စည်းပုံ အစီအရင်တစ်ခုကို တပ်ဆင်ထားခဲ့သည်။
“ဒါပေမဲ့ ရွှမ်ထျန်းကမ္ဘာ… အဲ့လို အောက်ကမ္ဘာမျိုး ရှိလို့လား… ငါ ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ”
ကျန်းကျဲ၏ အမူအရာသည် အနည်းငယ် တွန့်ဆုတ်နေသည်။ မည်သို့ပင်ဆိုစေကာမူ ၊ သူသည် အောက်ကမ္ဘာများ၏ အမည်များကို ကောင်းစွာ သိရှိသော်လည်း သို့သော် ရွှမ်ထျန်းကမ္ဘာနှင့် ပတ်သတ်၍ တစ်ခါမှ မကြားဖူးချေ။
တစ်ချိန်တည်းမှာပင် ၊ ဝူဟောက်သည် ရွှမ်ထျန်းကမ္ဘာသို့ ပြန်ရောက်လာကာ ဝူမိသားစုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရွှမ်ထျန်းကမ္ဘာသို့ ပြန်ရောက်လာပြီးနောက် ၊ သူသည် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်သို့ တတ်လှမ်းသွားခဲ့သည့် အကြောင်းရင်းကို နားလည်သွားခဲ့သည်။ ဝူလီနှင့် ဝူကျန်းအဲ့တို့ နှစ်ဦးစလုံးသည် မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိသွားကြပြီ ဖြစ်ရာ ၊ ထိုကြောင့် သူသည် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်သို့ တွန်းပို့ခံလိုက်ရခြင်း ဖြစ်သည်။
ဝူရှန်းနီနှင့် ဝူမိုဝူတို့နှစ်ဦးမှာ နေရင်းထိုင်းရင်း အတွေးများနေကြသည်။ သုံးရက်သုံးညတိုင်အောင် စဉ်းစားသော်လည်း အဖြေရှာမတွေ့ခဲ့ပေ။ သူတို့သည် အင်မော်တယ်ဧကရာဇ် ဝင်စားသူများ ဖြစ်ပါလျက်နဲ့ ၊ သူတို့နှစ်ဦးသည် အဘယ့်ကြောင့် အခြားသူများအောက် နိမ့်ကျနေရသနည်း။
ဝူလီအတွက် နားလည်ပေးနိုင်သေးသည်။ မည်သို့ပင်ဖြစ်စေ ၊ ဝူလီသည် သူတို့၏ ဝမ်းကွဲအစ်ကို ဖြစ်ပြီး သူတို့ထက် ကျင့်ကြံချိန် များစွာ ရရှိခဲ့သောကြောင့် မဟာဧကရာဇ်အဆင့်သို့ ဖောက်ထွက်နိုင်ခဲ့ခြင်းအတွက် အကြောင်းပြချက် ခိုင်လုံစွာရှိပေသည်။ သို့သော်လည်း ဝူကျန်းအဲ့သည် အသက် ၂၄ နှစ်သာ ရှိသေး၏။
“ အသက် ၂၄ နှစ်အရွယ်နဲ့ မဟာဧကရာဇ်တဲ့လား… အထက်ကမ္ဘာမှာတောင် ဒီလိုမျိုး တစ်ခါမှ မကြားဖူးဘူး”
အတိတ်ဘဝက သူတို့သည် မဟာဧကရာဇ်အဆင့်ကို ရောက်ရှိခဲ့စဉ်က ၊ အသက်အားဖြင့် ရာဂဏန်းလောက် ရှိနေပြီ ဖြစ်သည်။
ဤသည်က ဝူကျန်းအဲ့သည် အင်မော်တယ် ဧကရာဇ်အထက်ရှိ ပုဂ္ဂိုလ်တစ်ဦး၏ လူဝင်စား ဖြစ်နိုင်ကြောင်း စတင် သံသယ ဝင်လာစေသည်။ သို့သော် အင်မော်တယ် ဧကရာဇ်အထက်ရှိ ပုဂ္ဂိုလ်တစ်ဦး၏ လူဝင်စားဖြစ်ခဲ့လျှင်ပင် ၊ အခြေခံအုတ်မြစ် တည်ဆောက်ပြီးသည့်တိုင်အောင် ဤမျှကြောက်မက်ဖွယ်ရာ ကောင်းသော ပါရမီရှင်တစ်ဦး ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။
“ငါ ညီမဖြစ်သူနဲ့ အချိန်တွေ အရမ်း ဖြုန်းနေမိလို့များလား… ငါ သူ့ထက်အရင် အထက်ကမ္ဘာကို တက်လှမ်းပြီး ငါ့ဘာသာငါ သန်မာအောင် လုပ်သင့်သလားပဲ”
ဝူရှန်းနီသည် မနီးမဝေးရှိ ညီမဖြစ်သူကို တစ်ချက် ကြည့်လိုက်ရင်း စိတ်ထဲကနေ တွေးလိုက်မိသည်။
သူသည် အသက်တစ်ရာကျော် အရွယ်ဖြင့် ဧကရာဇ်တစ်ပိုင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခြင်းသည် အတော်လေး ကျေနပ်စရာ ကောင်းသော်လည်း ၊ သို့သော် ဝူကျန်းအဲ့နှင့် ယှဉ်လျှင် ၎င်းမှာ ဘာမှ မဟုတ်ချေ။
မိသားစု သံယောဇဉ်များက သူ့ကို နောက်ဆွဲထားခြင်း ဖြစ်မည်ဟု တွေးမိကာ ၊ ဝူရှန်းနီသည် ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သည်။သူသည် တက်လှမ်းပြီးနောက် ၊ ညီမဖြစ်သူနှင့် ခွဲထွက်ကာ သူ့ကိုယ်ပိုင် ကျင့်ကြံမှုကို စတင်ရန် တွေးတောလိုက်သည်။
ဝူရှန်းနီ မျှော်လင့်မထားခဲ့သည်မှာ မနီးမဝေးရှိ ဝူမိုဝူတွင်လည်း အလားတူ အတွေးမျိုး ရှိနေခြင်းပင် ဖြစ်သည်။
“မိသားစု သံယောဇဉ်တွေကြောင့် ငါ နောက်ကျကျန်နေတာ ဖြစ်ရမယ်… အင်း… အဲ့တာက အဓိပ္ပာယ် ရှိတယ်… ငါက မိစ္ဆာလမ်းစဉ်ရဲ့ အင်မော်တယ်ဧကရာဇ်လေ “
သာမန် မိသားစု သံယောဇဉ်များက သူမအတွက် ကန့်သတ်ချက် တစ်ခုလို ဖြစ်နေသည်။ တက်လှမ်းပြီးသည်နှင့် ၊ သူမသည် အစ်ကိုဖြစ်သူ၏ လွှမ်းမိုးမှုမှ လွတ်ကင်းအောင် နေရမည်ဟု တွေးတောလိုက်သည်။
တစ်ချိန်တည်းမှာပင် ဝူဟောက်သည် ဘယ်သူ့ကိုမှ မပြောဘဲ ဝူမိသားစုသို့ ပြန်ရောက်လာခဲ့သည်။ စူးချောင်ရန်၏ အင်မော်တယ်လိုဏ်ဂူသို့ ရောက်ရှိလာချိန်တွင် ၊ စူးချောင်ရန်၏ ကျင့်ကြံမှုသည် မဟာဧကရာဇ် ကနဦးအဆင့်တွင် တည်ငြိမ်သွားခဲ့သည်။
“ဟူး… နောက်ဆုံးတော့ မဟာဧကရာဇ် ကနဦးအဆင့်မှာ တည်ငြိမ်သွားပြီပဲ… နောက်ထပ် မဟာဧကရာဇ် အလယ်အလတ်အဆင့်ကို ဖောက်ထွက်ဖို့ လုပ်ရမယ် “
စူးချောင်ရန်သည် သူမ၏ မျက်လုံးများကို ဖွင့်ကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီးနောက် ၊ သူမရှေ့တွင် ရပ်နေသော ဝူဟောက်ကို မြင်တွေ့လိုက်ရသည်။ သူမသည် ခဏတာ လန့်ဖျပ်သွားသော်လည်း ၊ အခြေအနေကို နားလည်သွားပြီးနောက် သူမ၏ ရင်ကိုဖိကာ မကျေနပ်သော လေသံဖြင့် ပြောလိုက်သည်။
“ရှင်ကလည်း အသံမပေးဘဲ ဘယ်လိုလုပ်ပြီး ရုတ်တရက် ရောက်ချလာတာလဲ … ဒါ ဘယ်လောက်တောင် လန့်ဖို့ကောင်းလဲဆိုတာ ရှင် မသိဘူးလား “
“ငါလည်း ဘာမှ မလုပ်ပါဘူး… ဒီတိုင်း မင်းကို လွမ်းလို့ “
ထိုမြင်ကွင်းကြောင့် စူးချောင်ရန်သည် သက်ပြင်းချလိုက်ပြီး ဝူဟောက်ကို မတတ်သာသည့်ဟန်ဖြင့် နှစ်သိမ့်ကာ ညင်သာစွာ ပွေ့ဖက်လိုက်သည်။
သို့သော်လည်း ဝူဟောက်၏ လှုပ်ရှားမှုများကို သတိပြုမိသွားပြီး ၊ စူးချောင်ရန်၏ မျက်နှာသည် ရှက်သွေးဖြာကာ နီမြန်းသွားသည်။
“မိန်းမ… ငါတို့ မတွေ့ရတာ ဆယ်နှစ်တောင် ရှိသွားပြီ… အဝေးရောက်နေရင် ပိုပြီး လွမ်းရတယ်ဆိုပေမဲ့ ခွဲနေရတာ အရမ်း ကြာသွားပြီ… ငါတို့ ပွဲကြီးပွဲကောင်း တစ်ပွဲလောက် နွှဲသင့်တယ် မဟုတ်လား”
ဝူဟောက်သည် ရမ္မက်ကြီးသော အကြည့်ဖြင့် စူးချောင်ရန်ကို ကြည့်ကာ ပြောလိုက်သည်။
စူးချောင်ရန်သည် နေရခက်စွာဖြင့် ပြန်ပြောလိုက်သည်။
“ဒါဆို… ရိုးရိုးလေးပဲ ကစားကြမလား”
“မဟုတ်ဘူး… ကိုယ်က ပုံစံအသစ်တွေ စမ်းကြည့်ချင်တာ “
ဆယ်ရက်ဆယ်ညတိုင်အောင် ပြင်းထန်စွာ တိုက်ပွဲဝင်ပြီးနောက် ၊ ဝူဟောက်သည် စူးချောင်ရန်အား မဟာဧကရာဇ် ကနဦးအဆင့်မှ မဟာဧကရာဇ် နှောင်းပိုင်းအဆင့်သို့ အတင်းအကျပ် တွန်းပို့ပေးလိုက်သည်။ ဤမျှ ကြီးမားလှသော သက်ရောက်မှုကို ခံနိုင်ရည်မရှိတော့ဘဲ စူးချောင်ရန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားလေသည်။
သို့သော်လည်း နိုးလာပြီးနောက် သူမ၏ ခန္ဓာကိုယ်ထဲရှိ အပြောင်းအလဲများကို သတိပြုမိသွားပြီး အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“ယောကျ်ား… ကျွန်မရဲ့ အဆင့်က…”
“ဒါက ပုံမှန်ပဲလေ… ငါက အရမ်း စွမ်းအားကြီးတာကိုး… ငါ့စွမ်းအားက မင်းထက် အများကြီး သာလွန်တယ်လေ… မင်း ဖောက်ထွက်မလာနိုင်ရင်သာ ငါက အံ့သြမိမှာ “
ဝူဟောက်သည် ဘာမှမထူးဆန်းသော အမူအရာဖြင့် ပြောနေသောကြောင့် စူးချောင်ရန်၏ မျက်နှာမှာ နီရဲသွားသည်။
ဒီလူ ရှက်ရကောင်းမှန်း မသိဘူးလား…
ဇနီးဖြစ်သူနှင့် နှစ်ယောက်အတူ ရှိနေချိန်တွင် ဝူဟောက်အတွက် အနည်းငယ် အရှက်မဲ့ခြင်းသည် ပုံမှန်ပင် ဖြစ်သည်။
ဝူဟောက်သည် နောက်ပိုင်းတွင် သူမအတွက် ပုံစံအသစ်များ ရှာဖွေရန် ကြိုးစားလာမည်ကို ရှောင်ရှားရန် စူးချောင်ရန်သည် အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
“ဒါနဲ့… ရှင် ပြန်ရောက်လာပြီဆိုတော့ အထက်ကမ္ဘာမှာရော… ဝူမိသားစုရဲ့ ကိစ္စတွေကို ဖြေရှင်းပြီးသွားပြီလား”
“အင်း… ဆယ်နှစ်တိုင်တိုင် ငါ မမောမပန်း ကြိုးစားအားထုတ်ခဲ့ရတဲ့ ကျေးဇူးကြောင့် အထက်ကမ္ဘာရဲ့ ပြဿနာတွေကို ဖြေရှင်းပြီးသွားပြီ… အခုတော့ မင်းတို့ တက်လှမ်းပြီး တာဝန်ယူဖို့ပဲ ကျန်တော့တယ်”
ဝူဟောက်သည် ခေါင်းညိတ်လိုက်သည်။ အရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
“အခု ဝူမိသားစုမှာ မင်းအပြင် ဝူလီ၊ ဝူကျန်းအဲ့နဲ့ ချီထျန်းတို့ကလည်း မဟာဧကရာဇ်အဆင့်ကို ဖောက်ထွက်သွားကြပြီ… တခြားသူ အများစုကလည်း ဧကရာဇ်တစ်ပိုင်း အဆင့်မှာ ရှိနေကြပြီ… ဘုရားရေ တစ်ယောက်ယောက်က ငါတို့ရဲ့ ဌာနချုပ်ကို လာတိုက်ခိုက်နေပြီ”