← Chapters

အခန်း (၄၈၉-၄၉၀)

Vol. 49 Ch. 489-490

အခန်း (၄၈၉-၄၉၀)

Vol. 49 Ch. 489-490

အခန်း (၄၈၉) ရည်ရွယ်ချက်မကောင်းသော ဧည့်သည်

မင်မိသားစုနှင့်အတူ နေ့လယ်စာ သုံးဆောင်ပြီးနောက်၊ မွန်းလွဲပိုင်းတွင် မိုမိသားစုက အားလုံးကို အပြင်၌ တည်ခင်းဧည့်ခံခဲ့သည်။

မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် ပေါ့ပေါ့တန်တန် နေတတ်သူများ မဟုတ်သကဲ့သို့၊ မင်နှင့် မို မိသားစုနှစ်ခုလုံးသည်လည်း ထို့အတူပင် ဖြစ်သည်။

ထို့ကြောင့် မင်ယွဲ့နှင့် မိုဟန်ကျီတို့အတွက် လက်ထပ်စာချုပ် ချုပ်ဆိုရန်သာ ကျန်ရှိတော့ပြီး မိသားစုနှစ်ခုမှာ ကြာမြင့်စွာကတည်းကပင် ခမည်းခမက်တော်စပ်ပြီးသားဟု မှတ်ယူထားကြပြီ ဖြစ်သည်။

မိုဟန်ကျီ၏မိခင်က မင်ယွဲ့၏ မွေးနေ့အတွက် ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပပေးလိုသော်လည်း မင်ယွဲ့က ညင်သာစွာ ငြင်းပယ်ခဲ့သည်။

နောက်ဆုံးတွင် မင်ယွဲ့သည် အားလပ်ချိန် အနည်းငယ် ရရှိခဲ့ရာ ကျန်ရှိသော အချိန်များကို သူမ၏ မိသားစုနှင့်အတူ ခရီးသွားရင်း ကုန်ဆုံးစေခဲ့သည်။ မင်ကျောက်နှင့် မင်ချန်တို့မှာမူ ယန်ကျင်းမြို့၏ နေရာအနှံ့အပြားကို စိတ်ကြိုက် လေ့လာခွင့် ရခဲ့ကြသည်။

"အဖေနဲ့ အမေ... ပေကျင်းမှာပဲ အခြေချပြီး အလုပ်အကိုင်တွေ ပြောင်းလုပ်ကြရင် မကောင်းဘူးလား၊ ကျွန်မတို့ မိသားစု အတူတူ နေရတာပေါ

နောက်ဆုံးတွင် သူတို့သည် နေရပ်သို့ ပြန်ရန် ပြင်ဆင်ကြရာ မိုဟန်ကျီကလည်း သူတို့နှင့်အတူ အထူးတလည် လိုက်ပါလာခဲ့သည်။

"မလိုပါဘူး သမီးရယ်၊ ငါတို့က ဘဝတစ်လျှောက်လုံး ရွာမှာပဲ နေလာတာဆိုတော့ ယန်ကျင်းမှာ နေရတာ သိပ်အသားမကျဘူး"

ဟု ဦးလေးမင်က ဆိုသည်။

အပြင်ထွက်လိုက်တိုင်း အိမ်နီးနားချင်းများနှင့် ဆုံတွေ့ရပြီး တွေ့သမျှလူနှင့် စကားစမြည် ပြောဆိုရသည့် ဘဝမျိုးကိုသာ သူတို့ နှစ်သက်ကြသည်။

မင်ယွဲ့သည်လည်း ထပ်မံ၍ တိုက်တွန်းခြင်း မပြုတော့ပေ။ သူမ ငွေရှာနေခြင်းမှာ သူမ၏ မိဘများ ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ဖြစ်သည်။ သူတို့က ကျေးရွာ၏ လူနေမှုပုံစံကိုသာ ပို၍ မြတ်နိုးနေလျှင် သူမဘက်မှ အတင်းအကျပ် လုပ်ရန် မလိုအပ်ဟု ယူဆလိုက်သည်။

သူတို့အဖွဲ့ လီအောက်ကျေးရွာသို့ ပြန်ရောက်သောအခါ၊ ရွာလူကြီးသည် ဦးလေးမင်ထံမှ သတင်းကြိုရသဖြင့် ရွာအဝင်တွင် ဗုံမောင်ဆိုင်းများဖြင့် တခမ်းတနား စောင့်ကြိုနေခဲ့သည်။ မင်ယွဲ့မှာ တကယ့်ကို ဂုဏ်ရောင်ပြောင်စွာဖြင့် အိမ်ပြန်လာခြင်းပင် ဖြစ်သည်။

မင်ယွဲ့သည် လူအုပ်ကြီးကို မြင်ရသဖြင့် အံ့အားသင့်သွားသော်လည်း လူကြီးသူမများကို ပြုံးရွှင်စွာဖြင့် လိုက်လံနှုတ်ဆက်ခဲ့သည်။

ကျေးရွာကော်မတီဝင်များ အားလုံးကလည်း မင်ယွဲ့ကို လက်ဆွဲနှုတ်ဆက်ကြသည်။ ဤသည်မှာ ရွာရှိ လူငယ်များ ရခဲသော အခွင့်အရေး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကော်မတီဝင်များမှာ ရွာ၏ မူလနေထိုင်သူ လူကြီးများဖြစ်ကြပြီး ဝါစဉ်အရဆိုလျှင် လူငယ်များ၏ အဘိုးအဘွားများ ဖြစ်နေကြသောကြောင့်ပင်။

မင်ယွဲ့၏ စွမ်းဆောင်ရည်က သူမ၏ အသက်အရွယ်ကို လူတိုင်းအား မေ့လျော့သွားစေခဲ့ပြီး ဤမျိုးဆက်သစ် လူငယ်လေးမှာ တစ်ရွာလုံး၏ လေးစားမှုကို ရရှိခဲ့သည်။

မင်ယွဲ့သည်လည်း ယင်းအတွက်ကြောင့် မောက်မာသွားခြင်းမရှိဘဲ လူငယ်တစ်ဦး၏ နှိမ့်ချမှုကို ထိန်းသိမ်းထားဆဲပင်။

"သမီး ခဏလောက် အိမ်မှာမရှိဘူးဆိုတော့ အိမ်မှာ ဧည့်သည်လက်ခံဖို့ သိပ်အဆင်မပြေဘူးဖြစ်နေမယ်”

လူစုကွဲသွားပြီးနောက် မင်မိသားစုနှင့် ရင်းနှီးသော လူကြီးအချို့သာ ကျန်ရစ်တော့သည်။

အားလုံး ဦးလေးမင်၏ အိမ်သို့ ရောက်ရှိလာကြသည်။

ဦးလေးမင်မှာ မင်ယွဲ့ကြောင့် ဧည့်သည်များပြားနေသော်လည်း ဝမ်းမြောက်ဝမ်းသာပင် လက်ခံဧည့်ခံနေသည်။

မိုဟန်ကျီသည်လည်း လူတိုင်းက မင်ယွဲ့အပေါ် ထားရှိသည့် ချစ်ခြင်းနှင့် စိတ်လှုပ်ရှားမှုများကို ခံစားမိနေပြီး တစ်လမ်းလုံး မင်ယွဲ့၏ လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားခဲ့သည်။

ယခုအခါ မင်ယွဲ့မှာ အရပ်လေးမျက်နှာတွင် ကျော်ကြားနေပြီဖြစ်ရာ အနီးနားတစ်ဝိုက်ရှိ လူတိုင်းက သူမကို သိကြသည်။ မင်ယွဲ့နှင့် မိုဟန်ကျီတို့မှာ လုပ်ငန်းကိစ္စများ ရှိနေသေးသဖြင့် ရွာတွင် ကြာရှည်မနေနိုင်ကြပေ။

ယန်ကျင်းသို့ မပြန်မီ အဘွားဖြစ်သူ၏ အိမ်သို့ သွားရောက်လည်ပတ်ရန် စီစဉ်ကြသည်။ မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် လက်ဆောင်ပစ္စည်းများ သယ်ဆောင်လျက် မင်ချန်ကိုပါ ခေါ်ဆောင်သွားခဲ့ကြသည်။

အဘွားတို့ မိသားစုမှာ အလွန်ဝမ်းသာနေကြသည်။ မြေးမလေးမှာ လက်ဆောင်များစွာနှင့်အတူ သူတို့ တစ်ခါမှ မက်ဖူးခြင်းမရှိသော ဘဝမျိုးကို ပိုင်ဆိုင်လျက် အိမ်ပြန်လာခဲ့ပြီ မဟုတ်ပါလား။

မင်ယွဲ့၏ စက်ရုံကြောင့် ဦးလေးနှင့် အဒေါ်တို့မှာလည်း သင့်တော်သော ရာထူးနေရာများကို ရရှိထားကြသည်။

လီအောက်ကျေးရွာသည် ကျေးလက်ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် လွဲချော်ခဲ့ဖူးသော်လည်း၊ ယခုမူ မင်ယွဲ့၏ ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ကြိုဆိုခွင့် ရခဲ့သည်။

မင်ယွဲ့သည် အဘွား၏ ရွာကို တိုက်ရိုက်စီမံခန့်ခွဲခြင်း မပြုသော်လည်း မြို့ပေါ်ရှိ သူမ၏ စက်ရုံများက ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးထားသည်။

ကုမ္ပဏီအများအပြားသည် ကုန်ကျစရိတ်သက်သာစေရန်နှင့် လုပ်အားခ ဈေးပေါပေါရရန် ကျေးလက်ဒေသများတွင် စက်ရုံများ တည်ဆောက်လေ့ရှိကြသည်။

ထိုစက်ရုံများသည် အစပိုင်းတွင် ဒေသခံများထက် လုပ်အားခ အနည်းငယ် ပိုပေး၍ ဆွဲဆောင်တတ်ကြသော်လည်း၊ အလုပ်သမားများ အခြေကျသွားသောအခါ အခြေခံလစာကို လျှော့ချပြီး ထုတ်လုပ်မှုနှုန်းကို အတင်းအကျပ် တိုးမြှင့်ခိုင်းတတ်ကြသည်။

ထိုအခါ အလုပ်သမားများက မကျေမနပ်ဖြစ်လျှင် "မင်းတို့မလုပ်ရင် လုပ်မယ့်သူတွေ အများကြီးရှိတယ်" ဟု အနိုင်ကျင့်လေ့ရှိကြသည်။

လူအများမှာ မိသားစုနှင့် နီးနီးနားနား နေလိုသဖြင့် မြို့ကြီးများမှ အလုပ်ထွက်ကာ အိမ်ပြန်လာကြသော်လည်း နောက်ဆုံးတွင် အိမ်ရှိ လစာနည်းပါးမှုကြောင့် မိသားစုကို မထောက်ပံ့နိုင်သည့် အကျပ်အတည်းနှင့် ကြုံတွေ့ရတတ်သည်။

သို့သော် မင်ယွဲ့မှာမူ ထိုသို့မဟုတ်ပေ။ သူမ၏ မူလရည်ရွယ်ချက်မှာ သူမကို ပျိုးထောင်ပေးခဲ့သည့် ဤမြေဆီလွှာကို ပြန်လည်ကျေးဇူးဆပ်ရန်နှင့် လူနေမှုဘဝများကို မြှင့်တင်ပေးရန်သာ ဖြစ်သည်။

ထို့ကြောင့် မင်ယွဲ့သည် လက်တွေ့ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ကာ ဒေသတွင်း စီးပွားရေးစနစ်ကို မထိခိုက်စေဘဲ အလုပ်သမားများအတွက် အမြင့်ဆုံး လစာနှုန်းထားများကို ပေးအပ်ခဲ့သည်။

သူမ၏ လုပ်ရပ်မှာ လီအောက်ကျေးရွာအတွက်တင်မကဘဲ ပတ်ဝန်းကျင် ကျေးရွာများအတွက်ပါ အကျိုးရှိစေခဲ့သည်။

ထို့ကြောင့် ဒေသခံများက သူမအား တကယ့် စေတနာရှင်တစ်ဦးအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။

အင်တာနက်ပေါ်မှ အလှူရှင်များသည် သူတို့နှင့် အလွန်ဝေးကွာသော်လည်း၊ မင်ယွဲ့ကမူ သူတို့၏ မျက်စိရှေ့မှောက်တွင် ရှိနေသည့် အလင်းရောင် ပင် ဖြစ်သည်။

မင်ယွဲ့သည် ဦးလေးဖြစ်သူနှင့် စကားပြောနေစဉ် အပြင်ဘက်မှ ရုတ်တရက် ကြားလိုက်ရသော စိမ်းသက်သည့် အသံတစ်ခုကြောင့် နားစွင့် လိုက်မိသည်။

"ဧည့်သည်တွေ ရောက်နေတာလား”

မင်ယွဲ့က သိပ်ပြီး အလေးမထားခဲ့ပေ။ လူကို မမြင်ရသေးခင်မှာပင် ထိုသူ၏ အသံကို အရင်ကြားနေရသည်။

"ဒါ ယွဲ့ယွဲ့လေး ဖြစ်ရမယ် တီဗီထဲမှာထက်တောင် ပိုလှသေးတယ်နော်”

မင်ယွဲ့သည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း အာရုံခံစားမိလိုက်သည်။

အဘွားဖြစ်သူက သူမ၏ နောက်ကွယ်မှနေ၍ ခေါင်းညိတ်ပြကာ လာရောက်သူမှာ ရည်ရွယ်ချက်မကောင်းကြောင်း အရိပ်အယောင် ပြလိုက်သည်။

စကားပြောနေသော ဦးလေးနှင့် မိုဟန်ကျီတို့လည်း စကားဖြတ်၍ ကြည့်လိုက်ကြသည်။

"ဒါက မင်းရဲ့ အဘွားကြီးလေ၊ မတွေ့ရတာတောင် နှစ်တော်တော်ကြာပြီ"

ဟု အဘွားက အချိန်ကိုက် ဝင်ပြောလိုက်သည်။

ထိုအမျိုးသမီးမှာ မျက်နှာပြောင်လှသည်။ အခြားသူတွင် ဧည့်သည်ရှိနေသည်ကို သိလျက်နှင့် အထူးတလည် လာရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုအမျိုးသားမှာလည်း မမေးမမြန်းဘဲ အနားသို့ တိုးကပ်လာရာ ဦးလေးနှင့် အဒေါ်တို့မှာ လူငယ်များဖြစ်သည့်အားလျော်စွာ အပြုံးဖြင့်သာ နှုတ်ဆက်ကြရသည်။

"ဝင်လာလေ၊ နင်ကလည်း လူအအကျနေတာပဲ"

ဟု ထိုအမျိုးသမီးက ထိုင်ချလိုက်ရင်း နောက်မှပါလာသော သူမ၏ သားကို လှမ်းခေါ်လိုက် သည်။

မိုဟန်ကျီသည် ထိုသူနှစ်ဦးမှာ ယွဲ့ယွဲ့အတွက် ရည်ရွယ်ပြီး လာခြင်းဖြစ်ကြောင်း ရိပ်မိသဖြင့် သူ၏ ထိုင်ခုံကို မင်ယွဲ့အနားသို့ အနည်းငယ် တိုးကပ်လိုက်သည်။

မင်ယွဲ့လည်း အလိုလို ခံစားမိနေသည်။

ထိုအမျိုးသားက သူမကို ကြည့်နေသည့် အကြည့်များမှာ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။

"ယွဲ့ယွဲ့... ဒါက ငါ့တူလေးလေ သူက ထိပ်တန်းတက္ကသိုလ် ကနေ ဘွဲ့ရထားတာ၊ မာစတာဘွဲ့တောင် ရပြီးပြီ သူ့မိသားစုမှာ အိမ်နှစ်လုံးရှိတယ်၊ အခြေအနေက တော်တော်ကောင်းတယ်နော်”

ထိုစကားကြောင့် ရှိနေသူအားလုံး၏ မျက်နှာများ ချက်ချင်းပင် ပျက်သွားကြသည်။ မင်ယွဲ့တွင် ရည်းစားပါလာသည်ကို မြင်ပါလျက်နှင့် ဤလူက ဤသို့ လုပ်ရသလား။

"မလိုပါဘူး၊ ကျွန်မမှာ ရည်းစားရှိပြီးသားပါ"

ဟု မင်ယွဲ့က မိုဟန်ကျီ၏ လက်ကို ဆုပ်ကိုင်ကာ သူတို့ရှေ့တွင် မြှောက်ပြလိုက်သည်။

သို့သော် ထိုအမျိုးသမီးကြီးက မိုဟန်ကျီကို မမြင်သည့်အလား လုံးဝ လျစ်လျူရှုထားလိုက် သည်။

"ယွဲ့ယွဲ့ရယ်... နင်က ငယ်သေးတော့ ဘာမှ နားမလည်သေးဘူး ရည်းစားထားတာက ထားလို့ရပေမဲ့၊ အိမ်ထောင်ပြုမယ်ဆိုရင်တော့ ဒေသခံချင်းပဲ ရှာသင့်တယ်လေ”

မိုဟန်ကျီ၏ မျက်နှာမှာ တင်းမာသွားပြီး သူ၏ နက်မှောင်သော မျက်ဝန်းများက ထိုသူနှစ်ဦးကို စူးစိုက်ကြည့်နေသည်။ ထိုအမျိုးသားကလည်း မိုဟန်ကျီကို ပြန်လည် အကဲခတ်နေသည်။

"အဘွား... ကျွန်မမှာ ရည်းစားရှိပါတယ်၊ ဒါကြောင့် အဲဒီလို ထပ်မပြောပါနဲ့တော့"

ဟု မင်ယွဲ့က ဆိုလိုက်သည်။

သူမ၏ ယဉ်ကျေးသော အပြုံးများ ပျောက်ကွယ်သွားပြီး မကျေမနပ် ဖြစ်နေသည်မှာ သိသာလှသည်။

"ကလေးမရယ်... လူကြီးစကား နားမထောင်ရင် နောင်တရလိမ့်မယ် ငါတို့က နင်တို့ လမ်းလျှောက်တာထက်တောင် ပိုကြာကြာ အသက်ရှင်လာတာ ဝေးဝေးမြေမှာ အိမ်ထောင်ကျရင် အားကိုးရာ မရှိဘူး၊ အဲဒီမှာ အဆင်မပြေရင် နင့်မိဘတွေက လာမကူညီ နိုင်ဘူးလေ ဟုတ်တယ်မလား”

သူမက ပြောရင်းနှင့် မင်ယွဲ့၏ ဦးလေးနှင့် အဒေါ်တို့ဘက်သို့ လှည့်ကာ ထောက်ခံချက် တောင်းလိုက်သည်။

သို့သော် ဦးလေးတို့မှာ လုံးဝ သဘောမတူပေ။ ထိုအမျိုးသားမှာ မင်ယွဲ့နှင့် မည်သို့မျှ မလိုက်ဖက်ပေ။

သူတို့သည် မိုဟန်ကျီကို ဝေဖန်တတ်ကြသော်လည်း မိုဟန်ကျီမှာ ထိုအမျိုးသားထက် အဆပေါင်း ထောင်သောင်းမက သာလွန်ကြောင်း ဝန်ခံကြရမည် ဖြစ်သည်။

အိမ်သုံးလုံးဆိုသည်မှာ ဘာမျှမဟုတ်ပေ။ ဟန်မိသားစုမှာ ယန်ကျင်းမြို့၏ သူဌေးကြီးများဖြစ်သကဲ့သို့ မင်ယွဲ့ကိုယ်တိုင်မှာလည်း ယန်ကျင်းတွင် ဗီလာကြီးတစ်လုံး ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။

ဘွဲ့ရဆိုပြီး ဂုဏ်လုပ်နေသော်လည်း မင်ယွဲ့မှာ ပေကျင်းတက္ကသိုလ်မှ မာစတာဘွဲ့ရထားသူဖြစ်ကြောင်း သူ မသိလေသလား။

မင်ယွဲ့က ဒေါသတကြီး ရယ်မောလိုက်ရင်း -

"အဘွားကတော့ အနားမှာပဲ အိမ်ထောင်ကျခဲ့တာပဲ မဟုတ်လား အဘွားညီမရဲ့ ယောင်္ကျားကအဘွားကို အဲဒီအတိုင်းပဲ လက်ထပ်ပေးခဲ့တာလေအဘွားနဲ့ ရန်ဖြစ်ရင် အဘွားအမေက ဘယ် ဘက်က ပါမလဲဆိုတာ ကျွန်မ သိချင်မိတယ်"

ဟု ဆိုလိုက်သည်။

မင်ယွဲ့သည် ထိုသူအကြောင်းကို မမှတ်မိသော်လည်း ယွမ်ပေါ့ မှတစ်ဆင့် အခြေခံ အချက်အလက်များကို သိရှိထားခြင်း ဖြစ်သည်။

"နင်..."

ထိုအမျိုးသမီးသည် ဒေါသတကြီးဖြင့် မင်ယွဲ့ကို လက်ညှိုးငေါ့ငေါ့ ထိုးလိုက်သည်။

သူမ၏ လက်များမှာ အသက်ကြီး၍ တုန် နေသည်လား သို့မဟုတ် ဒေါသကြောင့် တုန် နေသည်လား မသိနိုင်ပေ။

သူမသည် တကယ့်ကို ဒေါသထွက်သွားခဲ့သည်။ သူမ၏ ခဲအိုဖြစ်သူမှာ ထိုစဉ်က တပ်ရင်းမှူး၏ သားဖြစ်သည်။

သူမ၏ ညီမမှာ မီးဖွားစဉ် သေဆုံးသွားခဲ့သဖြင့် သူမက ထိုမိသားစုထဲသို့ ဝင်ရောက်လက်ထပ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က သူမသည် ညီမဖြစ်သူအပေါ် မကောင်းကြောင်းနှင့် ရက်စက်ကြောင်း ပြောဆိုခြင်း ခံခဲ့ရသည်။

သို့သော် သူမသည် ညီမ၏ သမီးအပေါ် အမြဲ ကောင်းမွန်စွာ ဆက်ဆံခဲ့သဖြင့် နာမည်ကောင်း ပြန်ရလာခဲ့ခြင်း ဖြစ်သည်။

ယခုအခါ နှစ်ပေါင်းများစွာ ကြာပြီးမှ လူငယ်လေး မင်ယွဲ့က သူမ၏ အားနည်းချက်ကို ပြန်လည်ဖော်ထုတ်လိုက်သဖြင့် သူမ အလွန် ဒေါသထွက်သွားခြင်း ဖြစ်သည်။

"ဝမ်းကွဲညီမလေး... လူကြီးကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရတယ်လေ၊ အဲဒါမှ လူချစ်လူခင် ပေါမှာပေါ့”

ယခုမှ စကားစဟလာသော ထိုအမျိုးသား၏ နှုတ်ထွက်စကားမှာလည်း ခွေးပါးစပ်က နတ်သမီးပုံပြင် ထွက်မလာသကဲ့သို့ပင် ရှိလှသည်။

"ယွဲ့ယွဲ့က အရမ်းတော်ပါတယ်၊ ကျွန်တော်တို့ အားလုံးက သူ့ကို ချစ်ကြတယ် ခင်ဗျားတို့ဘက်က လက်မခံနိုင်ဘူးဆိုရင် အဲဒါ ခင်ဗျားတို့ ကိုယ်တိုင်မှာ ပြဿနာရှိနေလို့ပဲ ဖြစ်လိမ့်မယ်"

ဟု မိုဟန်ကျီက အေးစက်စွာ တုံ့ပြန်လိုက်သည်။

"မင်းက ယွဲ့ယွဲ့ရဲ့ ရည်းစားလား မင်းဝတ်ထားတဲ့ ဝတ်စုံကတော့ ကြည့်ကောင်းသားပဲ၊ ရုပ်ရည် လည်း မဆိုးဘူး ဒါပေမဲ့ ယောင်္ကျားတစ်ယောက်အတွက် ရုပ်ရည်က အဓိက မဟုတ်ဘူး၊ တာဝန်ယူမှု ရှိရမယ်၊ မိသားစုကို လုပ်ကျွေးနိုင်ရမယ်”

ထိုသို့ ပြောရင်း ထိုအမျိုးသားက စီးကရက်တစ်လိပ် ထုတ်ကာ မိုဟန်ကျီအား ကမ်းပေးလိုက်သည်။

“သောက်မလား”

"ယွဲ့ယွဲ့က ဆေးလိပ်နံ့ မကြိုက်ဘူး"

ဟု မိုဟန်ကျီက သူ့ကို တားဆီးလိုက်သည်။

ထိုအမျိုးသားက မင်ယွဲ့ကို ကြည့်ကာ

"နင်ကလည်း ဘာတွေ ဒီလောက် ပြဿနာ များနေတာလဲ"

ဟု ဆိုချင်သည့် အမူအရာ ပြလိုက်သည်။

"ကောင်းပြီလေ၊ မသောက်တော့ဘူး”

သူသည် အခြားသူ၏ အိမ်တွင် ရောက်နေခြင်းဖြစ်သဖြင့် ပြောချင်သည့် စကားများကို ပြန်လည် မျိုသိပ်လိုက်ရသည်။

"တကယ်လို့ မင်းက ယွဲ့ယွဲ့အတွက် အကောင်းဆုံး ဖြစ်စေချင်တယ်ဆိုရင်၊ သူ့ကို ငါ့လက်ထဲ ထည့်ပေးလိုက်ပါ ငါ့မှာ အိမ်ရှိတယ်၊ ကားရှိတယ်၊ စုဆောင်းငွေရှိတယ်၊ ပညာလည်း တတ်တယ် ငါက ယွဲ့ယွဲ့ကို ပိုကောင်းတဲ့ ဘဝမျိုး ပေးနိုင် တယ်လေ”

အခန်း (၄၉၀) ရိုက်နှက်ဆုံးမထိုက်သူများ

နံနက်ခင်း အပြင်မှ ပြန်လာချိန်တွင်ပင် မင်ချန်သည် ပေါက်ကွဲအားပြင်းလှသော ထိုစကားရပ်များကို ကြားလိုက်ရတော့သည်။

"ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲကျွန်တော့်ယောက်ဖမှာ ကုမ္ပဏီအကြီးကြီးရှိတယ်ဗျ ခင်ဗျားပြောတဲ့ အိမ်ရှိတာ၊ ကားရှိတာ၊ စုဆောင်းငွေရှိတာတွေက ဘာမှမဟုတ်ဘူးနောက်ပြီး ကျွန်တော့်ယောက်ဖကို ထည့်မတွက်ဘူးဆိုရင်တောင် ခင်ဗျားက ကျွန်တော့်အမ နဲ့ တန်တယ်လို့ ထင်နေတာလား ကျွန်တော့်အမက ပေကျင်းမှာ အိမ်ခြံမြေတွေ အများကြီး ပိုင်တာဗျ၊ ခင်ဗျားရဲ့ လုပ်ကျွေးမှုကို လိုမယ်ထင်နေလား? အိမ်မက်ကနေ နိုးလိုက်ပါဦး”

မင်ချန်၏ စကားလုံးများမှာ ထိုအမျိုးသား၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင် ပြတ်သားလှသည်။

မင်ယွဲ့၏ ဦးလေးမှာလည်း ဤမြင်ကွင်းကို မြင်ရသဖြင့် အလွန်ပင် ကျေနပ်သွားမိသည်။ လူကြီးများမှာ တစ်ခါတစ်ရံ မျက်နှာနာတတ်ကြသော်လည်း ကလေးများမှာမူ ထိုသို့ မဟုတ်ပေ။

မင်ချန်အား ယခုထက်ပို၍ပင် ပြောစေချင်ပြီး နေ့လယ်စာစားလျှင် ကြက်ပေါင်းပေါင်ကြီးတစ်လုံးဖြင့် ဆုချရန်ပင် စဉ်းစားနေတော့သည်။

မိုဟန်ကျီမှာမူ "ယောက်ဖ" ဟု အဖန်ဖန် အခေါ်ခံရသဖြင့် ရင်ထဲတွင် ကြည်နူးမှုများ လှိုင်းထနေပြီး အလွန်အမင်း စိတ်ကျေနပ်မှုကို ခံစားနေရသည်။

"မိန်းကလေးတစ်ယောက်က ဝေးဝေးမြေမှာ အိမ်ထောင်ကျတာဟာ မိဘတွေကို ပစ်ပယ်တာပဲ၊ ကျွေးမွေးပြုစုလာရတာတွေ အလကားဖြစ် ကုန်တာပေါ့”

ထိုအမျိုးသမီးကြီးသည် သူမခေါ်လာသောသူအား လူတိုင်းက ဝိုင်းဝန်းပစ်မှတ်ထားနေသည်ကို မြင်သောအခါ အရှက်ရသွားပြီး ရန်တွေ့တော့သည်။

"ခင်ဗျားက ချင်းမင်းဆက်က ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းလား အခု ဘယ်ခေတ်ရောက်နေပြီလဲ၊ ဝေးဝေးမြေမှာ အိမ်ထောင်ကျတာကို ပြောနေတုန်းပဲလား အခုခေတ်မှာ အိမ်ထောင်ပြုတယ်ဆိုတာ တန်းတူညီမျှမှုအပေါ်မှာ အခြေခံတာဗျ၊ ရောင်းစားခံရတာ မဟုတ်ဘူး ယန်ကျင်းက ဒီလောက်ကြီး ဝေးနေလို့လား”

ဟု မင်ချန်က ပြန်ပက်လိုက်သည်။

အမှန်အတိုင်းဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲ ရင့်ကျက်မှုမရှိသော မိန်းကလေးများအတွက် ဝေးလံသောဒေသတွင် အိမ်ထောင်ကျခြင်းမှာ စွန့်စားမှုတစ်ခု ဖြစ်နိုင်သော်လည်း၊ မင်ယွဲ့အတွက်မူ ထိုအန္တရာယ်မှာ လုံးဝ မရှိပေ။

"နင်ကတော့ တကယ့်ကို ကျေးဇူးကန်းတဲ့သူပဲမိဘတွေက ဒီလောက်ထိ ပြုစုပျိုးထောင်ပေးခဲ့တာကို အခုတော့ တခြားသူပိုင် ဖြစ်သွားတော့မှာလား"

ဟု ထိုအမျိုးသမီးက ဆက်ပြောနေပြန်သည်။

မင်ယွဲ့သည် ဤသူနှင့် စကားပြောနေခြင်းမှာ ကျွဲပါးစောင်းတီးနေရသကဲ့သို့ အပိုဖြစ်နေမှန်း သိလိုက်သည်။ အဘွားဖြစ်သူသည် အခန်းထဲသို့ ဝင်လာပြီး သူတို့ပြောသမျှကို ခဏမျှ နားထောင်နေရင်း နောက်ဆုံးတွင် ဆက်၍ သည်းမခံနိုင်တော့ပေ။

"ငါတို့မိသားစု ကိစ္စတွေကို နင်ဝင်ပါနေဖို့ မလိုဘူး နင့်လူကိုခေါ်ပြီး အခုချက်ချင်း ပြန်တော့”

ထိုသူများမှာ မပြန်ချင်သေးဘဲ ဇွတ်ပေကပ်နေကြသည်။

အဘွားသည် ခက်ခဲစွာ ရောက်လာသည့် မြေးမလေးအား ဆက်စပ်မှုမရှိသော ဆွေမျိုးများ၏ စိတ်အနှောင့်အယှက်ပေးမှုကို မခံစေလိုသဖြင့် တံမြက်စည်းကို ဆွဲကာ မောင်းထုတ်လိုက် တော့သည်။

"မင်ယွဲ့က ဆုရတယ်ဆိုတော့ရော ဘာဖြစ်လဲမိန်းမကောင်းတစ်ယောက်က အားကစားသမား လုပ်တယ်ဆိုတာ ဘာအဓိပ္ပာယ်ရှိလို့လဲ အဲဒီလိုလူတွေက ကလေးရဖို့ ခက်တယ်လေ ငါတို့က သူ့ကို မျက်စိကျတာကိုက သူ့ရဲ့ ကံကောင်းမှုပဲ..."

တံမြက်စည်းဖြင့် အမောင်းခံရသဖြင့် ထိုသူနှစ်ဦးမှာ အလွန်ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့သည်။ မင်ယွဲ့ကို နှိမ့်ချပြောဆိုခြင်းဖြင့် သူတို့၏ သိက္ခာကို ပြန်လည်ဆယ်တင်ရန် ကြိုးစားနေကြသည်။

"ထွက်သွားစမ်း— ငါတို့အိမ်မှာ နင်တို့ကို မကြိုဆိုဘူး၊ နောက်လည်း ငါတို့ဆီ လာမပတ်သက်နဲ့တော့”

အဘိုးဖြစ်သူက တံမြက်စည်းကို လုယူကာ ထိုသူနှစ်ဦးအား ရွယ်လိုက်သည်။

အဘွားက ခြောက်လှန့်ရုံသာ ဖြစ်သော်လည်း အဘိုးမှာမူ တကယ့်ကို ရိုက်နှက်လိုစိတ် ရှိနေသဖြင့် အင်အားအပြည့် သုံးလိုက်တော့သည်။ ထိုအမျိုးသမီးမှာ နာကျင်လွန်းသဖြင့် အော်ဟစ်ကာ လက်များဖြင့် ကာကွယ်နေရသည်။

မင်ချန်ကမူ အဘိုးအဘွားများ၏ ပြတ်သားလှသော အပြုအမူကို ကြည့်ရင်း တိတ်တဆိတ် လက်မထောင်၍ ချီးကျူးနေမိသည်။

ထိုအမျိုးသားသည် သူ၏အမေ အနှိပ်စက်ခံရသည်ကို မြင်သောအခါ ဒေါသတကြီးဖြင့် အဘိုး၏လက်ထဲမှ တံမြက်စည်းကို ဆွဲလုကာ ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သည်။

"ဒီအဖိုးကြီးက ငါ့ကိုတောင် ရိုက်ရဲတယ်ပေါ့ မင်းက မင်းကိုယ်မင်း ဘာမှတ်နေလဲ”

မင်ယွဲ့၏ မျက်နှာထား ချက်ချင်းပြောင်းလဲသွားပြီး အလျင်အမြန်ပင် ထရပ်လိုက်သည်။

မိုဟန်ကျီကမူ သူမထက်ပင် ပို၍ မြန်ဆန်လှသည်။ သူသည် ရှေ့သို့ ကျဲကျဲတောက် လှမ်းသွားကာ တံမြက်စည်းကို ဖမ်းဆွဲလိုက်ပြီး ထိုသူ့အား ချက်ချင်းပင် တုံ့ပြန်လိုက်တော့သည်။

သူသည် ထိုအမျိုးသား၏ လက်မောင်းကို လိမ်ချိုးကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားစေရန် ဖိနှိပ်လိုက်သည်။

"သေချင်းဆိုးတွေ လောကမှာ တရားမျှတမှု မရှိတော့ဘူးလား ဒီမိသားစု တစ်စုလုံးက ငါတို့ကို ဝိုင်းနှိပ်စက်နေကြတယ်”

ထိုအမျိုးသမီးကြီးသည် မြေပြင်ပေါ်တွင် ထိုင်ချလျက် မျက်ရည်များ ဖြိုင်ဖြိုင်ကျကာ အသံကုန်ဟစ်၍ ငိုကြွေးတော့သည်။

မသိသူများအဖို့မူ သူမမှာ တကယ့်ကို မတရား အနိုင်ကျင့်ခံနေရသည်ဟု ထင်မှတ်မှားစရာပင်။

ပတ်ဝန်းကျင်ရှိ ရွာသားများမှာလည်း ဆူညံသံများကြောင့် စုရုံးရောက်ရှိလာကြသည်။ အကြည့်အရှုများ ရှိလာသည်ကို မြင်သောအခါ ထိုအမျိုးသမီးမှာ ပို၍ပင် အားတက်သရော ငိုပြလေတော့သည်။

"ယွဲ့ယွဲ့လေး... မင်းအဘွားကို ကြည့်ပါဦး”

"သူက နိုင်ငံဂုဏ်ဆောင် အားကစားသမား ဖြစ်နေပြီပဲ၊ ဒီကလေးမလေးက ငယ်ငယ် ကတည်းက လူရည်ချွန် ဖြစ်မယ့်ပုံပဲ”

ရွာသားများ၏ စကားကြောင့် ထိုအမျိုးသမီးမှာ ဒေါသဖြင့် မေ့လဲလုနီးပါး ဖြစ်သွားရသည်။ လူများ ရောက်လာကြသော်လည်း သူတို့မှာ မင်ယွဲ့ကိုသာ အားပေးကြည့်ရှုနေကြပြီး သူမကိုမူ လုံးဝ ဂရုမစိုက်ကြပေ။

"ယွဲ့ယွဲ့... ဘာဖြစ်လို့လဲ”

နောက်ဆုံးတွင် တစ်ဦးက မေးလိုက်သည်။

"သူက လူကြီးကို မရိုသေတဲ့အပြင် ကျွန်မကိုတောင် ရိုက်ခဲ့တာ အဲဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး နိုင်ငံတော် အားကစားသမား ဖြစ်နိုင်မှာလဲ? ကျွန်မ တိုင်ပစ်မယ်”

ထိုစကားကို ကြားလိုက်ရသောအခါ ရွာသားများ၏ မျက်နှာထား ပြောင်းလဲသွားကြသည်။

သူတို့၏ အမျိုးအနွယ် အများအပြားမှာ မင်ယွဲ့၏ စက်ရုံတွင် အလုပ်လုပ်နေကြပြီး မင်ယွဲ့နောက်ကို လိုက်၍ ချမ်းသာကြွယ်ဝလိုကြသူများ ဖြစ်သည်။

ထို့ကြောင့် မင်ယွဲ့ကို ထိခိုက်စေမည့် မည်သည့် အရာကိုမျှ သူတို့ ခွင့်လွှတ်မည်မဟုတ်ပေ။

ထို့ပြင် ဤဒေသမှ အားကစားသမားတစ်ဦးက နိုင်ငံတော်အတွက် ဂုဏ်ဆောင်ပေးခဲ့သဖြင့် အစိုးရကလည်း နောက်ပိုင်းတွင် ဤနေရာကို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးနိုင်ကြောင်း သတင်းများ ကြားထားကြသည်။

လီအောက်ကျေးရွာနှင့် မဝေးလှဘဲ မြို့နယ်ချင်း တူနေသဖြင့် သူတို့လည်း အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိနိုင်သည်သာ။ ဤကဲ့သို့သော အခွင့်အရေးကို ဖျက်ဆီးမည့် မည်သည့် လုပ်ရပ်ကိုမျှ သူတို့ လက်ခံမည်မဟုတ်ပေ။

"ယွဲ့ယွဲ့က ငါတို့ ရှေ့မှာတင် ကြီးပြင်းလာတာ၊ သူက အဲဒီလိုလူမျိုး မဟုတ်ပါဘူး”

ရွာသားများသည် မင်ယွဲ့၏လက်ထဲမှ တံမြက်စည်းကို လျစ်လျူရှုလျက် -

“ခင်ဗျားတို့ဘက်က တစ်ခုခု လွန်လွန်ကျူးကျူး လုပ်လို့နေမှာပေါ့၊ ရိုက်ခံရတာ တန်ပါတယ်”

ဟု ဝိုင်းပြောကြတော့သည်။

မင်ယွဲ့သည် ကိုင်ထားသည့် အရာကို ချလိုက်ပြီး၊ မိုဟန်ကျီက မြေပြင်ပေါ်တွင် ဒူးထောက်နေသော အမျိုးသားကို ခြေထောက်ဖြင့် တစ်ချက် ကန် ထုတ်လိုက်သည်။

"ထွက်သွားစမ်း—"

ရွာသားများမှာ မင်ယွဲ့ဘက်မှ ပို၍ ပို၍ ဝိုင်းဝန်းလာကြသည်ကို မြင်သောအခါ၊ ထိုအမျိုးသားမှာ အနောက်တွင် ကျန်ရစ်သော သူ၏အမေကိုပင် လှည့်မကြည့်တော့ဘဲ ထွက်ပြေးသွားတော့သည်။

သူမ၏ တူဖြစ်သူ ထွက်ပြေးသွားသည်ကို မြင်သောအခါ ထိုအမျိုးသမီးကြီးလည်း အလျင်အမြန်ပင် ထွက်ပြေးသွားရလေတော့သည်။ သူတို့နှစ်ဦးမှာ အလွန်ပင် ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။

ဘယ်က ရောက်လာမှန်းမသိသော ထိုလူရမ်းကားများမှာ မင်ယွဲ့အား နှိမ့်ချရန် ကြိုးစားနေကြသည်မှာ တကယ့်ကို အဓိပ္ပာယ်မရှိလှပေ။

မင်ယွဲ့နှင့် အခြားသူများသည် အဘွားအိမ်တွင် ကြာရှည်မနေတော့ဘဲ ထမင်းစားပြီးနောက် အိမ်သို့ ပြန်ခဲ့ကြသည်။

မင်ချန်နှင့် မင်ကျောက်တို့မှာ အထက်တန်းကျောင်း တက်ကြတော့မည်ဖြစ်ရာ၊ မင်ယွဲ့က သူမ ကြိုတင်စုဆောင်းထားသော သင်ခန်းစာ လေ့လာမှု အထောက်အကူပြု ပစ္စည်းနှစ်စုံကို လက်ဆောင်ပေးလိုက်သည်။

ကောင်လေးနှစ်ယောက်မှာ ဝမ်းသာအားရ လက်ခံလိုက်ကြသည်။ မင်ယွဲ့၏ လမ်းညွှန်မှုအောက်တွင် သူတို့သည် ပညာရေး၏ အရေးပါပုံကို နားလည်လာကြပြီး မင်ယွဲ့အား စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကာ အမီလိုက်ရန် ကြိုးစားနေကြပြီ ဖြစ်သည်။

နေရပ်တွင် ရှိနေစဉ် ရက်အနည်းငယ်အတွင်း မင်ယွဲ့သည် လီအော့ကျေးရွာရှိ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် မြို့ပေါ်ရှိ စက်ရုံများကို လိုက်လံစစ်ဆေးခဲ့သည်။

မင်ယွဲ့၏ လျင်မြန်သော လုပ်ဆောင်ချက်များအပေါ် မိုဟန်ကျီမှာ အံ့ဩသွားမိသည်။ ယခင်တစ်ခေါက် လာစဉ်က သူမသည် အနာဂတ် အစီအစဉ်များနှင့် ပတ်သက်၍သာ ပြောပြခဲ့သော်လည်း ယခုမူ လီအော့ကျေးရွာမှာ လုံးဝ ပြောင်းလဲသွားပြီး ပိုမိုသာယာလှပသော နေရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ရုပ်ဝတ္ထုပစ္စည်းများ တိုးတက်မှုနှင့်အတူ ယဉ်ကျေးမှုဆိုင်ရာ တိုးတက်မှုများလည်း ဒွန်တွဲပါရှိနေပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည်။ "တောတောင်စိမ်းလန်းပြီး ရေကြည်ကန်သာ ရှိခြင်းက ရွှေတောင်ငွေတောင်များထက် ပို၍ တန်ဖိုးရှိသည်" ဆိုသော စကားမှာ အနှစ်မဲ့သော စကားလုံးများ မဟုတ်တော့ပေ။

နှစ်ဦးသားမှာ ကြာရှည်မနေဘဲ ရက်အနည်းငယ်အကြာတွင် ယန်ကျင်းသို့ ပြန်ခဲ့ကြသည်။ ယန်ကျင်းသို့ ပြန်ရောက်သောအခါ အွန်လိုင်းပေါ်ရှိ ဆူညံသံများကို ချက်ချင်း ခံစားလိုက်ရသည်။ မင်ယွဲ့နှင့် ပတ်သက်သော သတင်းများမှာ မငြိမ်သက်သေးဘဲ သူမ၏ Weibo follower များမှာလည်း သိသိသာသာ တိုးတက်လာခဲ့ရာ အနုပညာရှင် အချို့ထက်ပင် ပိုမို များပြားနေပြီ ဖြစ်သည်။

ယင်းကြောင့် ချန်ယွဲ့ ဖျော်ဖြေရေးသည်လည်း လူအများ၏ အာရုံစိုက်မှုကို ရရှိလာခဲ့သည်။

မင်ယွဲ့သည် ကုမ္ပဏီသို့ ကားမောင်းသွားစဉ် တောက်ပသော စာတမ်းကြီးတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။

ရွာသားများသာ ဤကဲ့သို့ ဂုဏ်ပြုကြမည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း ကုမ္ပဏီတွင်ပါ တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ ဝမ်ကျန်းက ပြင်ဆင်ထားခြင်းဖြစ်ကြောင်း စဉ်းစားစရာပင် မလိုတော့ဘဲ သိလိုက်သည်။

မင်ယွဲ့သည် ကုမ္ပဏီရှေ့တွင် စောင့်ဆိုင်းနေသော သတင်းထောက်များ၏ ဓာတ်ပုံရိုက်ခြင်းကို ရှောင်ရှားရန်အတွက် သူမ၏ အိတ်ဖြင့် မျက်နှာကို ကာကွယ်လိုက်ရသည်။

"ဂုဏ်ယူပါတယ် ယွဲ့ယွဲ့လေး”

မမျှော်လင့်ဘဲ ဝမ်ကျန်းသည် ပန်းစည်းကြီးကို ကိုင်လျက် သူမ၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။

မင်ယွဲ့သည် သူမအတွက် အမှန်တကယ် ဝမ်းသာပေးနေသော သူငယ်ချင်းဖြစ်သူကို ကြည့်ကာ စိတ်မပါသော်လည်း သူမ၏ အိတ်ကို ပြန်ချလိုက်သည်။

"ကျေးဇူးပဲ”

ဟု ပြောရင်း ပန်းစည်းကို လှမ်းယူလိုက်သည်။

ဝန်ထမ်းများအားလုံးကလည်း တညီတညွတ်တည်း လက်ခုပ်တီး၍ ကြိုဆိုကြသည်။ ဤသည်မှာ အတင်းအကျပ် ခိုင်းစေခြင်း မဟုတ်ဘဲ သူတို့၏ စိတ်ရင်းအတိုင်း ဖြစ်ပေါ်လာခြင်းပင်။

ဤကဲ့သို့ ထူးချွန်သော သူဌေးတစ်ဦးအောက်တွင် အလုပ်လုပ်ရခြင်းမှာ ဂုဏ်ယူစရာ မဟုတ်ပါလား။ ကုမ္ပဏီက သူတို့အပေါ် ကောင်းမွန်စွာ ဆက်ဆံသဖြင့် သူတို့သည် ကုမ္ပဏီအပေါ် သံယောဇဉ် ကြီးမားကြသည်။ ကုမ္ပဏီ ပို၍ အားကောင်းလေလေ၊ သူတို့ ပို၍ စိတ်ချရလေလေ ဖြစ်ပြီး မင်ယွဲ့ ပို၍ တော်လေလေ၊ သူတို့ ပို၍ ပျော်ရွှင်လေလေ ဖြစ်သည်။

သူဌေးနှစ်ဦး ထွက်သွားသည်ကို ကြည့်ပြီးမှ ဝန်ထမ်းများမှာ မိမိတို့ အလုပ်နေရာသို့ ပြန်သွားကြသည်။

မကြာမီတွင် မင်ယွဲ့ထံမှ လက်ဖက်ရည်နှင့် မုန့်များကို လက်ခံရရှိကြရာ သူဌေး၏ ဂရုစိုက်မှုကို ခံရခြင်းမှာ အလွန်ပင် စိတ်ချမ်းမြေ့စရာ ကောင်းလှသည်။

"ဘယ်လို ခံစားရလဲ ချန်ပီယံကြီး”

ဝမ်ကျန်းသည် သူမ၏ အချစ်ဆုံး သူငယ်ချင်းမှာ ဤမျှအထိ ထူးချွန်လိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

မင်ယွဲ့၏ လုပ်ဆောင်ချက်များမှာ သူမ၏ စိတ်ကူးယဉ်မှုများကိုပင် ကျော်လွန်ကာ ပို၍ ပို၍ အံ့ဩစရာ ကောင်းလာခဲ့သည်။

သူငယ်ချင်း နှစ်ဦး ခဏမျှ နောက်ပြောင် ကျီစယ်နေကြသည်။

"ကဲ... ရောက်တုန်းရောက်ခိုက် သွားကြည့်ကြရအောင် ‘လူငယ် လေ့ကျင့်ရေး သင်တန်းသားများ' ရဲ့ ပထမဆုံး အပိုင်းကို စတင် ရိုက်ကူးတော့မှာလေ"

ဟု ဝမ်ကျန်းက ထရပ်ရင်း ပြောလိုက်သည်။

All Chapters