← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 17 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 17 Ch. 203-204

အခန်း ၂၀၃ –

ယင်နှင့်ယန် သဟာဇာတဖြစ်ခြင်း၏ အကျိုးတရားများ ... ။

ကူချန်တစ်ယောက် မနက်စာသစ်သားဗန်းနှစ်ချပ်ကို သူနှင့်အတူ ပျံဝဲလိုက်ပါလာစေခဲ့လိုက်သည်။

အခန်းထဲတွင် မုဝေသည် ပေါ့ပေါ့ပါးပါး ညဝတ်အင်္ကျီတစ်ထည်ကို လဲလှယ်ထားခဲ့ပြီး ဆံပင်ရှည်များကိုဖြီးသင်လျက် မှန်တင်ခုံ ရှေ့တွင် ထိုင်နေ၏။

ကူချန်က သစ်သားဗန်းများကို စားပွဲပေါ်ချထားလိုက်ကာ သူမအနားသို့ လျှောက်လှမ်းသွားသည်။

ထို့နောက် မုဝေလက်အတွင်းမှ ဝက်မှင်ဘီးကိုယူကာ သူကိုယ်တိုင်ဖြီးသင်လျက် ကျစ်ဆံမြီးကျစ်ပေးလိုက်၏။

မုဝေက အံ့အားသင့်လျက် ပျော်ရွှင်လာပြီးနောက် ရှက်ရွံ့ဟန်ဖြင့်ကူချန်ကို တိတ်တိတ်လေး မှန်ထဲမှခိုးကြည့်လေသည်။

“ ကျစ်ဆံမြီးကျစ်တတ်လို့လား။ ”

“ မင်ယွဲ့ဆံပင်ဖြီးနေတာ ငါမြင်ဖူးတယ် ... လင်းရင်ဘုံကျောင်းမှာက တာအိုဘုန်းကြီးတိုင်း ပေါင်မုန့်လုပ်နည်းပဲသိကြတယ် ...

... ကျစ်ဆံမြီးကျစ်နည်း ဘယ်သူမှ မသိကြဘူး ... ဒါကြောင့် ငါနည်းနည်း လေ့လာ ခဲ့ရတယ် ... မင်ယွဲ့က ဒီမှာနေပေမယ် သူမကို တာအိုမိန်းကလေးအဖြစ် ယူဆလို့မရဘူး ...

... ဒါကြောင့် သူမကိုဘယ်လို ဝတ်ဆင်ရမလဲဆိုတာ သင်ပေးဖို့ လိုအပ်တယ် နောက်ဆုံးတော့ အလှအပကို ...

... မြတ်နိုးတတ်တာ မိန်းကလေးတွေရဲ့ သဘာဝပဲမဟုတ်လား ငါတို့မင်ယွဲ့ကိုလူကြားထဲ လှနေဖို့လိုတယ်။ ”

ကူချန်အဖြေကြောင့် မုဝေ၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။ များမကြာမီ ကျစ်ဆံမြီးကျစ်၍ပြီးသွား၏။ ကူချန်မှ မှန်ထဲကနေပြန်ကြည့်ကာ မုဝေကို ‘အဆင်ပြေရဲ့လား’ဟု မေးမြန်းလေသည်။

“ အင်း ... ပြေတယ်။ ”

မုဝေက မှန်ထဲရှိ သူမကိုယ်သူမ ပြန်မော့ကြည့်ကာ မဆိုင်းမတွဖြေကြားသည်။ ကူချန်မှ ပြုံးပြီး၊

“ ဒါဆို ... မနက်စာ အရင်စားနှင့်ပါ ... ငါအခုသတိရမိတာလေးတစ်ခုရှိနေလို့ အရင်ဆုံး လုပ်လိုက်ဦးမယ်။ ”

-ဟု ခွင့်တောင်းလိုက်၏။

“ အင်း ... ။ ”

မုဝေက ခေါင်းညိတ်ပြသည်။ ကူချန်တစ်ယောက် ကြယ်နယ်မြေအတွင်းသို့ ဝင်ရောက်ကာ ကျောက်စိမ်းသစ်ခွပင်အနား၌ တင်ပျဉ်ခွေထိုင်နေခဲ့၏။

ယနေ့မနက် အိပ်ရာမှနိုးထလာချိန်တွင် သူ့စိတ်ထဲ လျှို့ဝှက်ဆန်းကြယ်သောအသံကို ကြားလိုက်ရသည်။

ယင်းသည် ကျင့်ကြံခြင်းနည်းစနစ် ပေးအပ်လာခြင်းပေပင်။ ဤတစ်ကြိမ်တွင် ထိုနည်းစနစ်သည် လေ့ကျင့်ရန် မလိုအပ်ခဲ့ဘဲ ထိုးထွင်းသိမြင်နိုင်မှု သဘောတရားများသာ ဖြစ်လေသည်။

ဤအရာက ကူချန်ကို ပို၍ ရှုပ်ထွေးစေခဲ့သည်။ ခရမ်းရောင်နေမင်းနယ်ပယ် ရောက်ရှိလာသည့်တိုင် ထိုအသံသည်ခန္ဓာကိုယ် မည်သည့်အရပ်တွင်ရှိနေမှန်း မမြင်နိုင်သေးချေ။

ဤအသံသည် သူ့ကိုများစွာ အထောက်အကူပြု၏။ အဆုံး၌အသက်ပြင်းချ လိုက်ကာ ထိုအကြောင်းကို တွေးမနေတော့ဘဲ အချက်အလက်များ စစ်ထုတ်နေလိုက်သည်။

“ ကောင်းကင်နှင့် မြေကြီးကြား ယင်နှင့်ယန်သဟာဇာတဖြစ်ခြင်း။ ”

ဤသည်မှာ နှစ်မွှာကျင့်ကြံမှု နည်းစနစ်တစ်ရပ်မဟုတ်ခဲ့ဘဲ နှစ်မွှာကျင့်ကြံမှု နည်းစနစ်၏ အခြေခံသဘောတရားပေပင်။

ကောင်းကင်တာအို ပေါင်းစည်းခြင်း နည်းစနစ်ကဲ့သို့ လက်ရှိကျင့်ကြံမှုကမ္ဘာကြီးမှ နည်းစနစ်များအပေါ် သတ်မှတ်ထားသော အမျိုးအစားများအတွင်း မပါရှိချေ။

ဆိုလိုသည်မှာ ယင်ယန် သဟာဇာတဖြစ်အောင် လုပ်ဆောင်ခြင်းဖြင့် ရရှိနိုင်သော အကျိုးတရားများပေပင်။

ယင်နှင့်ယန်သည် ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခုကိုကိုယ်စားပြုပြီး အရိုးရှင်းဆုံး ကိုယ်စားပြုမှုသည် ရေနှင့်မီးဖြစ်၏။

ရေသည် မီးကိုအောင်နိုင်သည်ဟု လူများက ယုံကြည်ကြသည်။ သို့သော် မီးသည် ရေများကို အငွေ့ပျံစေနိုင်ပြန်၏။ ထို့ကြောင့် ၎င်းတို့နှစ်ခု စလုံးသည် အချင်းချင်း တစ်ခုကိုတစ်ခု လုံးလုံးလျားလျား အထိန်းချုပ်နိုင်ချေ။

ဥပမာအားဖြင့် ရေလွှမ်းမိုးခြင်းသည် ကမ္ဘာပေါ်ရှိသက်ရှိအားလုံးကို ဖျက်ဆီးပစ်နိုင် သော်လည်း ထိုရေကြောင့်ပင် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို မွေးဖွားပေးနိုင်၏။

ယင်းသည် ကောင်းကင်တာအို ပေါင်းစည်းခြင်းပညာရပ်ကဲ့သို့ ကျယ်ပြောသော အချက်အလက်များဖြစ်သဖြင့် သဘာဝအတိုင်း နားလည်မှုရရန် အလွန်အချိန်ပေးရပေမည်။

တစ်ကြိမ်တည်းဖြင့် လုံးဝ မကျွမ်းကျင်နိုင်ချေ။ နှစ်မွှာကျင့်ကြံခြင်းများနှင့် ယင်ယန်သဟဇာတဖြစ်ခြင်း တို့ကိုသာ အလေးထားလေ့လာခဲ့ခြင်းဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် သူ့ခရမ်းရောင်နန်းတော်တွင် မူလရေမျိုးစေ့နှင့် သန့်စင်သောမီးတောက်တို့ ရှိနေသည်။

လက်ရှိအချိန်၌ ၎င်းတို့နှစ်ခုကြား အပြန်အလှန်သက်ရောက်မှုကို ထိန်းချုပ်ထား နိုင်သော်လည်း အချင်းချင်းလွှမ်းမိုးလိုသော သဘာဝမှာရှိနေကြဆဲပေပင်။

ထို့ကြောင့် ဤယင်ယန်သဟာဇာတ ဖြစ်ခြင်းကိုနားလည်ခဲ့သော် ထိုလွှမ်းမိုးမှုအပေါ် ဖယ်ရှားပစ်နိုင်မည်ဖြစ်သည်။

ယင်းသည် ယင်ယန်သဟာဇာတဖြစ်မှု အခြေအနေမျိုးသို့ ဆိုက်ရောက်လာကာ ဝိညာဉ် စွမ်းအင်များ စုပ်ယူရာတွင် အကျိုးထူးမည်။

သူ့ခရမ်းရောင်နန်းတော်ထဲတွင် နေမင်း(၉)စင်းဖန်တီးထားရာ ဤသဟာဇာတ ဖြစ်မှုအပေါ် ကျွမ်းကျင်ခဲ့သော် နေမင်းတစ်စင်း ထပ်မံရရှိလိုက်သည်နှင့် မခြားချေ။

စွမ်းအင်စုပ်ယူနိုင်သည့် အမြန်နှုန်းသည် ခရမ်းရောင်နေမင်း(၁၀)စင်း အသုံးပြုနေသည့် အလား ဆယ်ဆမျှမြင့်တက်လာပေမည်။

ထို့နောက်အတွေးများ ရုတ်သိမ်းကာ ကြယ်နယ်မြေအတွင်းမှ ထွက်ခွာလာခဲ့သည်။ ကြယ်နယ်မြေအပြင်တွင် နေ့လည်အချိန်အခါသို့ ရောက်နေပြီဖြစ်ရာ မုဝေမရှိတော့ချေ။

ဝိညာဉ်အသိဖြင့် ရှာဖွေကြည့်သော် ရှောင်ယွင်နှင့်အတူ ကူဖုန်းထံပါး၌ စကားစမြည် ပြောကြားနေကြောင်း တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် မနှောင့်ယှက်တော့ဘဲ လင်းရင်တောင်သို့ပြန်လာခဲ့၏။ လင်းရင်တောင် ပေါ်တွင် တာအိုချင်းရှနှင့် ချန်ချွမ်တို့သုံးဦးသည် အကြောင်းအရာတစ်ခုကို ဆွေးနွေးနေ၏။

“ ဟမ့် ... ဒီအမွှာလေးတွေက ဘာလာလုပ်နေကြတာလဲ။ ”

တာအိုချင်းရှဇနီးနှင့် အမွှာ(၂)ယောက် သည်လည်း ရှိနေခဲ့သဖြင့် ကူချန်မှအနည်းငယ် အံ့အားသင့်သွားသည်။

“ တာအိုကူ ... ။ ”

ချန်ချွမ်နှင့် အမျိုးသမီးနှစ်ယောက်က သူ့ကိုမြင်သောအခါ မတ်တပ်ရပ်ပြီး နှုတ်ဆက် လာကြ၏။ ထို့ကြောင့် သူသည်လည်း ပြန်လည် နှုတ်ဆက်ကာ မနေ့ညကမင်္ဂလာပွဲ ကျင်းပနေ သဖြင့် သူတို့ကို ဧည်မခံနိုင်ခဲ့သောကြောင့် မက်မွန်ဝိုင်ထုတ်ကာ ဧည်ခံလိုက်သည်။

တာအိုချင်းရှက ကူချန်ထံ လှည့်ကြည့်ကာ၊

“ ချန် ... ငါ့ဂိုဏ်းတူမောင်နှမတွေက ပြန်တော့မှာမို့ လာနှုတ်ကြတာ ... ။ ”

-ဟု ပြောကြားလိုက်၏။

“ အိုး ... တာအိုချန်တို့ ပြန်တော့မှာလား။ ”

ကူချန်မှ အံ့အားသင့်သွားသည်။ ချန်ချွမ်တစ်ယောက်ပြုံးပြီး ခေါင်းညိတ်ပြကာ၊

“ ဟုတ်တယ် တာအိုကူ ... ချမ်ယွမ်နိုင်ငံရဲ့ကပ်ဘေးကို ဖြေရှင်းပြီးသွားပြီမို့ ငါတို့တွေဒီရက်ပိုင်းအတွင်း ဂိုဏ်းကို ပြန်တော့မယ် ...

... နှင်းပန်းဓားကျောင်းနဲ့ ဒီအရပ်က မိုင်ပေါင်းတစ်သန်းကျော်ဝေးတယ် တာအိုကူကို ပေးထားတဲ့ ဆက်သွယ်ရေးတံဆိပ်ပြားက ဒီအကွာအဝေးမှာ အသုံးမဝင်တော့ဘူး ...

... ဒါကြောင့် တာအိုကူကိုနှုတ်ဆက်ဖို့ ကိုယ်တိုင်လာခဲ့တာ ဒါပေမယ့် ဒီမှာမင်္ဂလာပွဲနဲ့ ကြုံရလိမ့်မယ်လို့ မထင်ထားမိဘူး။ ”

-ဟု ရှင်းပြလိုက်သည်။

သူတို့၏ ဆက်သွယ်ရေးတံဆိပ်သည် မိုင်ထောင်ချီဧရိယာအတွင်းသာ သက်ရောက်နိုင် ချေ၏။ မိုင်သန်းပေါင်းများစွာ အကွာအဝေးကို မဖြတ်ကျော်နိုင်ချေ။

ထိုအချိန်တွင် ချူဟွာရီသည် ကျောက်စိမ်းပုလင်းငယ်တစ်လုံး ထုတ်ယူ လိုက်ပြီး၊

“ ငါ့ရဲ့အသက်ကို ကယ်တင်ခဲ့ဖူးတဲ့ တာအိုကူရဲ့ကျေးဇူးကို မမေ့နိုင်ပါဘူး ... ဒါက ငါတို့ဂိုဏ်းရဲ့ နုပျိုခြင်းဆေးပြားပါ ... ညီမမုကို ပေးပေးပါ။ ”

-ဟု ပေးအပ်လာ၏။

“ ကျေးဇူးတင်ပါတယ် တာအိုချူ ... ။ ”

ကူချန်မှ မငြင်းချေ။ လက်ခံလိုက်၏။ နုပျိုခြင်းဆေးပြားကဲ့သို့သော အရာများသည် မိန်းကလေးတစ်ယောက်အတွက် အလွန်ပင် ဆွဲဆောင်မှု ရှိလှချေသည်။

သူ့တွင်လည်း နုပျိုခြင်းဆေးပြား ဖော်စပ်နည်းရှိ၏။ သို့သော် ဆေးဝါးဖော်စပ်ခြင်း ဟူသည် ကျင့်ကြံမှုနယ်ပယ်နှင့် များပြားလှသော အရင်းအမြစ်များလိုအပ်သည်။

လူတစ်ဦးတစ်ယောက်၏ အစွမ်းသည် အကန့်အသတ်ရှိပြီး နှင်းပန်းဓားကျောင်းကဲ့သို့ ကျင့်ကြံမှုအင်အားစုကြီး၏ စုပေါင်းစွမ်းအားကို မမီနိုင်ချေ။ ဤသည်မှာ ကျင့်ကြံမှု အင်အားစုများ၏ အားသာချက်ပေပင်။

“ ငါတို့က ဂျူနီယာချင်းရှရဲ့ ကလေးနှစ်ယောက်ကို နှင်းပန်းဓားကျောင်းဆီ ခေါ်သွားဖို့ စီစဉ်နေတာ။ ”

နုပျိုခြင်းဆေးပြားများ လက်ဆောင် ပေးပြီးနောက်တွင် ချူဟွာရီက တာအိုချင်းရှထံ တစ်ချက်မျှကြည့်လိုက်ပြီး ကူချန်ကိုအသိပေး စကားပြောကြားလာတော့၏။

ထိုသတင်းကြောင့် ကူချန်တစ်ယောက် မျက်နှာပြောင်းသွားချေပြီ။ မယုံကြည့်နိုင်သည့် အမူအရာဖြင့် တာအိုချင်းရှထံ ကြည့်လိုက်မိ၏။

***

အခန်း ၂၀၄ -

တည်နေရာရွေ့ပြောင်း အစီအရင် ... ။

နှင်းပန်းဓားဂိုဏ်း၏ တပည့်လက်ခံသည့်ပုံစံတွင် တင်းကျပ်သော စည်းမျဉ်းများစွာရှိပေသည်။

၎င်းတို့အနက်သည် မိဘနှင့် ဇနီးခင်ပွန်း ရှိနေသူကို လက်မခံခြင်း၊ ကလေးသူငယ်များစွာ ရှိနေသူများကို လက်မခံခြင်း၊ လောဘကြီးသူကို လက်မခံခြင်းနှင့် ရာဇဝတ်သားကို လက်မခံခြင်း တို့သည် အရေးအကြီးဆုံးဖြစ်၏။

သို့သော် ဤစည်းမျဉ်းများသည် သေချာပေါက် တည်မြဲနေနိုင်သည်တော့ မဟုတ်ချေ။ တစ်နည်းအားဖြင့် ဤစည်းမျဉ်းများသည် သာမန်ပြည်သူများ အတွက်သာ ရည်ရွယ်ခြင်းဖြစ်သည်။

လောကကြီးတွင် အာဏာနှင့် ခွန်အားအပေါ်လိုက်စားသူ အများအပြား ရှိကြသည်။

ထိုသူများသည် ဇနီးမယား၊ သားသမီးနှင့် အိုမင်းမစွမ်းသောမိဘများကို စွန့်ပစ်နိုင်ချေ၏။ ယင်းကြောင့် ထိုသူများကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ချေ။

သို့သော် ကျင့်ကြံသူမျိုးရိုးရှိသော မိသားစုများအတွက်မူ ဤစည်းမျဉ်းများသည် ချွင်းချက်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံသူမျိုးရိုးများသည် အနည်းဆုံးတော့ ကြွယ်ဝသူများဖြစ်ကြသဖြင့် စားဝတ်နေရေး အတွက် ပူပန်နေရန်မလိုအပ်ချေ။

အမွှာနှစ်ယောက်ဖြစ်သော ချန်ယွဲ့နှင့် ချန်ဟောက်တို့သည် ဤပြဿနာများ၌ပို၍ပင် လွတ်မြောက်နေသည်။

သူတို့ဖခင် တာအိုချင်းရှသည် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး နှင်းပန်းဓားဂိုဏ်း၏ ပြင်ပတပည့်လည်းဖြစ်၏။

သည့်ပြင် တာအိုချင်းရှကိုယ်တိုင်ပင် အမွှာနှစ်ယောက်ကို ပို့ဆောင်ရန်ဆန္ဒရှိနေခြင်း ပေပင်။

ထို့သို့ မိဘများကိုယ်တိုင် ကျောင်းသို့ အပ်နှံလိုကြသောကလေးများကို အချင်းအရာ သုံးမျိုးခွဲကာ လက်ခံပေးကြသည်။

ယင်းသည် မိဘများမှသားသမီးများကို ကျင့်ကြံသူဖြစ်စေလိုခြင်း၊ ဆင်းရဲမွဲတေမှုအရ ဆက်၍ မကျွေးမွေးနိုင်ခြင်းနှင့် တစ်စုံတစ်ရာ ချို့ယွင်းချက်ကြောင့် စွန့်ပစ်လိုခြင်း စသည့် ကလေးများဖြစ်သည်။

ဤကဲ့သို့သော ကလေးများကို နှင်းပန်းဓား‌ကျောင်းသည် တစ်ကြိမ်လက်ခံကာ အခွင့်အရေးပေးလေ့ရှိ၏။

ကူချန်က ချူဟွာရီ၏ အထက်ပါ စည်းကမ်းများကိုကြားသိပြီးနောက် သိလိုသော အမူအရာဖြင့် တာအိုချင်းရှဇနီးထံ လှည့်ကြည့် မေးမြန်းလိုက်သည်။

“ အစ်မချင်း ... မင်းရော တကယ်ပဲ သဘောတူလိုက်တာလား။ ”

သူမသည် မူလမျိုးရိုးသည် ကျန်းမျိုးရိုးဖြစ်၏။ သူမတွင် စားသောက်ဆိုင်၊ ဆန်ဆိုင်နှင့် အထည်ဆိုင်များကိုပိုင်ဆိုင်သည်။

အမည်မှာကျန်းနင်ကျိ ဖြစ်သော်လည်း တာအိုချင်းရှနှင့် လက်ထပ်ခဲ့သဖြင့် အစ်မချင်း အဖြစ် ပြောင်းလဲခေါ်ဆိုလိုက်ခြင်းပေပင်။

သူမနှင့် တာအိုချင်းရှတို့ လက်ထပ် လိုက်စဉ်က အတင်းအဖျင်းအချို့ပျံ့လွင့်ဖူး၏။ သို့သော် ကူချန်သည် လင်းရင်ဘုံ‌ကျောင်းတွင် ကျင့်ကြံနေသည်ဟူသော သတင်းများထွက်ပေါ် လာပြီးနောက် ထိုအတင်းအဖျင်းများသည် ချီးမွမ်းသံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အမြင်ကျယ် မျက်စိစူးရှသူဖြစ်လျက် တာအိုချင်းရှကို ကြိုတင်ရွေးချယ်ထားသည်မှာ စီးပွားရေးအမြင်ရှိကြောင်း ချီးမွန်းကုန်၏။

နောင်တွင် နတ်နဂါးမြို့သာမက ဖူစု တစ်နိုင်ငံလုံးတွင် နာမည်ကြီးကုန်သည်တစ်ဦး ဖြစ်လာလိမ့်မည်ဟုပင် မြှောက်ပင့်လာသည်။

ထို့ပြင် တာအိုချင်းရှနှင့် ကူချန်၏ ပတ်သက်မှုကြောင့် သူမ၏လုပ်ငန်းများမှာ အမှန်တကယ်ပင် အဆင်ပြေချောမွေ့ လာခဲ့သည်ကို ငြင်းမရချေ။

ကျန်းနင်ကျိက မျက်နှာအနည်းငယ် ဖြူဖျော့နေဟန်ဖြင့် ကလေးနှစ်ယောက်ထံ ပြန်ကြည့်သည်။ ယမန်နေ့ညက သူမအတွက် ညတာရှည်ခဲ့ပုံပေပင်။ အဆုံး၌ မျက်ဝန်းများက လွမ်းဆွတ်နေဟန်ဖြင့်၊

“ အစ်မလည်း သဘောတူပါတယ် ... တောင်ပေါ်မှာကျင့်ကြံရတာက လူ့လောကထဲ ရုန်းကန်နေရတာထက် အများကြီးတော့ ပိုကောင်းပါသေးတယ်။”

-ဟု ဖြည်းညင်းစွာ ဖြေကြားလာ၏။

ကျင့်ကြံသူတစ်ဦး၏ ဇနီးတစ်ယောက်အနေဖြင့် ဤလောကကြီး အကြောင်း သူမ သိထားသည်များမှာ မနည်းလှချေ။

ထိုအထဲတွင် အလွန်ဝေးကွာလှသော မြောက်ဘက်အရပ်မှ ချန်ယွမ်မင်းဆက်အတွင်း ဖြစ်ပျက်သမျှလည်း ပါဝင်သည်။

လက်ရှိဖူစုနိုင်ငံ ဘေးကင်းနေခြင်းသည် ကူချန်ကြောင့်ဖြစ်ကြောင်းလည်း သိထားချေ၏။ မြောက်ဘက်အရပ်တွင်မူ မိစ္ဆာများ၏ရန်ကြောင့် နိုင်ငံများစွာသည် ဖူစုကဲ့သို့မတည်ငြိမ်တော့ဘဲ ပျက်စီးနေခဲ့ရချေပြီ။

သာမန်လူသန်းပေါင်းများစွာသည် မိစ္ဆာများလက်ချက်ကြောင့် နေ့စဉ်အသက်ဆုံးရှုံး နေခဲ့ရ၏။ အများစုသည် သူတို့မည်သို့ သေဆုံးရ သည်ကိုပင် သိခွင့်မရလိုက်ကြချေ။ ဤသည်မှာ ရက်စက်သော သဘာဝတရားကြီးပေပင်။

သေရသည့်အကြောင်းရင်းကို သိရန်ပင်အားနည်းခြင်းဟု အဓိပ္ပါယ်ရချေပြီ။ ကျင့်ကြံသူများနှင့် သာမန်လူများအကြား ခြားနားချက်ကြီးဖြစ်သည်။

သားသမီးများနှင့် ခွဲခွာရမည်ကို ဝမ်းနည်းသော်လည်း လောကကြီးအကြောင်း မသိသော မိမိကဲ့သို့သာမန်လူတစ်ဦးအဖြစ် မရှင်သန်စေလိုချေ။

အနည်းဆုံးတော့ မိမိကံကြမ္မာကို မိမိကိုယ်တိုင် မဆုံးဖြတ်နိုင်ဘဲ တိုက်ပွဲတစ်ခု၏ အကြွင်းအကျန်လှိုင်းဖြင့်ပင် သေဆုံးသွားရမည့် အဖြစ်မျိုးမှ ကင်းဝေးနိုင်ပေမည်။

ထိုအဖြစ်မျိုးကို တွေးကြည့်ရုံနှင့်ပင် များစွာကြောက်လန့်ရသည်။ ကူချန်က သူမကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအတွေးများကို နားလည်သွားသည်။

တစ်ဆက်တည်းမှာပင် တာအိုချင်းရှ၏ တိတ်ဆိတ်နေမှုကိုလည်း သတိထားမိလာ၏။ ဆရာတော်သည်မိဘမဲ့ဖြစ်ပြီး ဤအသက်မှသာ မိသားစုဘဝ ပျော်ရွှင်မှုကိုခံစားရသူဖြစ်သည်။

ယခုမူ သားသမီးများကို သူနှင့်ဝေးရာသို့ ပို့ရမည်ဖြစ်သဖြင့် စိတ်မကောင်းဖြစ်နေမည်မှာ သဘာဝပေပင်။ ထို့ကြောင့် တာအိုချင်းရှထံ ကြည့်လိုက်ကာ၊

“ ဆရာ ... မင်းနဲ့ အစ်မချင်တို့ရော ဘာလို့လိုက်မသွားတာလဲ ဒါဆိုရင်ချန်ယွဲ့တို့ မောင်နှမကိုလည်း ဂရုစိုက်လို့ရတာပေါ့။

-ဟု မေးမြန်းလိုက်သည်။

ထိုမေးခွန်းကြောင့် တာအိုချင်းရှမှ ချက်ချင်းခေါင်းယမ်းလျက်၊

“ မင်းရဲ့မိသားစုကို အနှစ်(၂၀) စောင့်ရှောက်ပေးမယ်လို့ ငါ ကတိပေးထားတယ် ငါ့ကတိအတိုင်း တည်အောင်လုပ်မယ်။ ”

-ဟု ပြန်ဖြေသည်။

“ အဲ့ဒါက အရင်တုန်းကပဲ ... အခုငါ့အဖေက ယွမ်ဖူနယ်ပယ်ကို ရောက်နေပြီဆိုတော့ ငါတို့ရဲ့ ကတိကဝတ်ကို ဖျက်သိမ်းလို့ရပါပြီ ... ။ ”

ကူချန်မှ နဖူးကိုကုပ်ခြစ်ကာ ပြောကြားလိုက်သည်။ ဤသည်မှာ ယခင်အချိန် သူ မရှိခိုက်တွင် အဖေနှင့်သူ့ညီဘေးကင်းရန် စီစဉ်ခဲ့ခြင်းပေပင်။

ယခုမူ ဖခင်သည် ယွမ်ဖူနယ်ပယ်သို့ ရောက်ရှိလာပြီး အဆောင်တံဆိပ်များဖြင့်လည်း သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိနေပြီဖြစ်၏။

သို့သော် တာအိုချင်းရှက သူ့ထံသို့အေးစက်စွာ ပြန်စိုက်ကြည့်လျက်၊

“ ချန် ... ငါက နှင်းပန်းဓားကျောင်းရဲ့ တပည့်တစ်ယောက်ပဲ ပေးထားတဲ့ကတိကို ဖျက်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ...

... ငါ့ရဲ့ ဂိုဏ်းတူမောင်နှမတွေရှေ့မှာ ... မင်းငါ့ကိုအကျပ်ရိုက်အောင် မလုပ်ပါနဲ့ ငါ့ကတိ အတိုင်း အနှစ်(၂၀)တိတိ ငါဒီမှာနေမှာပါ။ ”

-ဟု ကြေငြာလိုက်တော့၏။

ထိုတုန့်ပြန်မှုကြောင့် ကူချန်တစ်ယောက် ကူကယ်ရာမဲ့သွား၏။ တစ်ဖက်လူမှ အမှန်ပင် စောင့်ထိန်းလိုသည်လော သို့မဟုတ် ဟန်ဆောင်နေသည်လော သူ ခွဲခြားမရတော့ချေ။

သို့သော် တာအိုချင်းရှသည် သူ့ဂိုဏ်း၏ တပည့်ဖြစ်ရခြင်းအပေါ် အမြဲဂုဏ်ယူလေ့ရှိရာ ဤစကားသည် သူ၏စိတ်ရင်းခံဖြစ်တန်ရာ၏။ ထိုစဉ်ဘေးမှနေပြီး သူတို့စကားဝိုင်းအပေါ် နားထောင်နေခဲ့သော ချန်ချွမ်က၊

“ ဒီအတွက် အရမ်းကြီးစိတ်မပူပါနဲ့ ... နောက်ဆိုဒီနေရာကနေ နှင်းပန်းဓားကျောင်းဆီ လာဖို့အတွက် အချိန်တွေအများကြီးပေးစရာ မလိုတော့ဘူးလို့ ငါထင်တယ်။”

-ဟု ပြောကြားလိုက်၏။

“ ဟင် ... ဘာလို့လဲ။ ”

ကူချန်မှ စိတ်ဝင်စားသွားသည်။ ချန်ချွမ်က၊

“ ချန်ယွမ်နိုင်ငံရဲ့ဘိုးဘေးက ကုသမှု မအောင်မြင်ဘူး ... သိပ်မကြာခင်မှာ သူ သေဆုံး လိမ့်မယ်လို့ အကြီးအကဲတွေပြောနေတာ ငါကြားမိတယ် ...

... အဲဒီဘိုးဘေးချန်က စိတ်ဝိညာဉ်သခင်နယ်ပယ်ထဲကို ခြေတစ်ဖက် လှမ်းထားနိုင်တယ် ... သူသာ မရှိတော့ရင် ချန်ယွမ်မင်းဆက်မှာ ...

... မဟာတန်ခိုးရှင်နယ်ပယ် ... ကျင့်ကြံသူဆိုလို့ တစ်ယောက်စ၊ နှစ်ယောက်စပဲ ကျန်တော့လိမ့်မယ် ဒါကမလုံလောက်ဘူး ...

... မကြာခင်မှာ ချန်ယွမ်မင်းဆက်ရဲ့ သြဇာအာဏာကျဆင်းပြီး နယ်မြေတွေလည်း ဆုံးရှုံးလာရလိမ့်မယ် ...

... ရွှမ်လင်ကုန်းမြေမှာ အိမ်မက်တစ္ဆေရေကန်ဟာ နာမည်အကြီးဆုံး တားမြစ်ဒေသကြီးပဲ ... ချန်ယွမ်မင်းဆက်က အဲ့ဒီဒေသရဲ့ တောင်ပိုင်းကို စိုးမိုးထားနိုင်ပြီး အမြတ်အစွန်းတွေ အများကြီးရခဲ့တယ် ...

... ပတ်ဝန်းကျင်နိုင်ငံတွေကလည်း ဘိုးဘေးချန်ရဲ့ နာမည်ကြောင့် မထိရဲကြဘူး ဒါပေမယ့် အခုလို သူသေသွားပြီးရင်တော့ ဒါ ဆန့်ကျင်ဘက် အဓိပ္ပါယ်ဆောင်လိမ့်မယ်။ ”

တစ်ဖက်တွင် ချန်ချွမ်စကားကို နားထောင်နေသော ကူချန်သည် ဇဝေဇဝါ ဖြစ်လာခဲ့သည်။ ဤသို့ပြောဆိုနေသော အချင်းအရာများနှင့် သူ့မေးခွန်း အနည်းငယ် ကွဲလွဲနေသလိုပေပင်။

“ ဒါကြောင့်လည်း ဘိုးဘေးချန်က ... ငါတို့ဂိုဏ်းရဲ့အကြီးအကဲတွေနဲ့ ... ကိစ္စအချို့ကို တိုင်ပင်ခဲ့တယ် ဒါကချန်ယွမ်နိုင်ငံကနေ နှင်းပန်းဓားကျောင်းအထိ ...

... တည်နေရာရွေ့ပြောင်း အစီအရင်ကို တည်ဆောက်ဖို့ပဲ ကုန်ကျစရိတ်မှန်သမျှ သူတို့ ကျခံပြီး ချန်ယွမ်ကနေ ...

... နှင်းပန်းဓားကျောင်းကို သွားမယ့် ဝန်ဆောင်ခကို သူတို့ကောက်ယူလိမ့်မယ် ငါတို့ နှင်းပန်းဓားကျောင်းကတော့ ဒီကိုပြန်လာမယ့် ဝန်ဆောင်ခကို ယူရမယ်။ ”

“ ဟမ့် ... ဒါဆိုဘိုးဘေးချန်က အကျိုးအမြတ်တစ်ခုနဲ့ နှင်းပန်းဓားကျောင်းကို နောက်ခံအဖြစ် အသုံးချလိုက်တာပဲ။ ”

ကူချန်မှ နားလည်သွား၏။ ချန်ချွမ်က ပြုံးလျက်၊

“ ဒါအမှန်ပါပဲ ... ဒါပေမဲ့ ငါတို့က ဒီကိစ္စတွေထဲမှာ အလွန်အကျွံပါဝင်လာမှာတော့ မဟုတ်ပါဘူး ... အကြီးအကဲတွေစကားအရ ...

... ငါတို့ဟာ ချန်ယွမ်မင်းဆက်အပေါ် နှစ်ပေါင်းတစ်ရာပဲ အကာအကွယ်ပေးလိမ့်မယ် နှစ်တစ်ရာပြည့်ပြီးရင်တော့ ဘယ်သူအုပ်စိုးပါစေ ငါတို့ဂရုစိုက်တော့မှာမဟုတ်ဘူး ...

... ငါတို့ဂိုဏ်းဟာ လူသားတွေနဲ့ မိစ္ဆာတွေကြားတိုက်ပွဲကိုပဲ ဝင်ပါပေးလိမ့်မယ် လူသားအချင်းချင်း အာဏာလုပွဲအတွက်တော့ ဝင်ပါတော့မှာမဟုတ်ဘူး။ ”

***

All Chapters