← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 17 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 17 Ch. 205-206

အခန်း ၂၀၅ –

ကောင်းကင်နှင့် မြေကြီးကြား ဝိညာဉ်ခိုးယူသူများ ... ။

“ ဟမ့် ... ဒါဟာ တကယ့်ကို မြောက်များလှတဲ့ ပမာဏတစ်ခုနဲ့ ကမ်းလှမ်း လိုက်တာပဲ။ ”

ကူချန်မှ ကုန်ကျစရိတ်များကို အကြမ်းဖျင်းတွက်ချက်ကြည့်ပြီး မအံ့ဩဘဲ မနေနိုင်တော့ချေ။

ရွှမ်လင်ကုန်းမြေမှသည် နှင်းပန်းဓားကျောင်း၏ မည်သည့်တံခါးသို့မဆို သွားလိုပါက အနည်းဆုံး ကုန်းမြေကြီးလေးခုကို ဖြတ်ကျော်ရပေမည်။

ထိုခရီးအကွာအဝေးမှာ မိုင်ပေါင်း သန်းချီချေသည်။ ဤမျှဝေးကွာလှသော ခရီးကို သွားနိုင်ရန် အနည်းဆုံးအဆင့်(၄)အစီရင် တစ်ခုလို၏။

ထိုအဆင့်(၄)ဝင်္ကပါသခင်နှင့် အစီအရင်ကိုတည်ဆောက်ရန် ကုန်ကျနိုင်မည့် တန်ဖိုးမှာ အနန္တပေပင်။

“ ဒါ သဘာဝပါပဲ .... ။ ”

ချန်ချွမ်သည်လည်း ခေါင်းညိတ်ထောက်ခံသည်။

“ တကယ်တော့ အဆင့်(၄)အစီအရင် တည်ဆောက်ဖို့အတွက်ဆိုရင် အနည်းဆုံးသော ပမာဏအရ အဆင့်မြင့်ကျန်းချီဆေးပြား သန်းတစ်ရာနီးပါးပါပဲ။ ”

“ အဆင့်မြင့် ကျန်းချီဆေးပြား သန်းတစ်ရာလား ... တာအိုချန်ချွမ် ကျန်းချီ ဆေးပြားတွေကို အဆင့်အတန်း ခွဲခြားထားတာ ရှိနေတာလား။ ”

“ ဒါပေါ့ ... ရှိတာပေါ့။ ”

ချန်ချွမ်က ခေါင်းညိတ်ပြသည်။ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးမှ အဘယ့်ကြောင့် ဤအခြေခံဗဟုသုတများကိုပင် မသိရသနည်းဟု အနည်းငယ်တွေးမိလာ၏။

သို့သော် တစ်ဖက်လူသည် မည်သည့်ဂိုဏ်းဂဏ နောက်ခံမျှ မရှိသဖြင့် ယင်းသည် အဓိပ္ပါယ်ရှိနေပြန်သည်။

ဤသည်ကပင် သူ့ကို အနည်းငယ် ထူးဆန်းစေ၏။ ကျင့်ကြံမှုအင်အားစု နောက်ခံမျှ မရှိဘဲ အသက်ငယ်ငယ်နှင့် လက်ရှိအောင်မြင်မှု ရရှိထားခြင်းမှာ ပါရမီထူးချွန်သူဖြစ်ကြောင်း မြေကြီးလက်ခတ်မလွဲနိုင်ချေ။

“ နှမြောစရာပဲ ... ။ ”

အတွေးထဲ သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။ ဤသို့သော အစီအရင်သခင် တစ်ပါးကို မိမိတို့၏အစီအရင်တောင်ထိပ်သို့ ခေါ်ဆောင်မသွားနိုင်ခြင်းမှာ အမှန်တကယ်ပင် နှမြောစရာကောင်းလှ၏။

ဝင်္ကပါတောင်ထိပ်သခင်သည်သာ သိရှိသွားသော် ရူးမတတ်ဖြစ်နေပေလိမ့်မည်။ တစ်ဆက်တည်းမှာပင် ကူချန်အကြောင်းကို ပြန်လည်တင်ပြသင့်၊မသင့် တွေးဆနေမိ၏။

“ ကျန်းချီဆေးပြားကို အဆင့်နိမ့်၊ အလယ်အလတ်နဲ့ အဆင့်မြင့်ဆိုပြီး သုံးမျိုးအထိ ခွဲခြားတားတယ် သူတို့ရဲ့ ခြားနားချက်ကတော့ ပါဝင်တဲ့ စစ်မှန်သောစွမ်းအင်ရဲ့ သန့်စင်မှုနဲ့ သိပ်သည်းဆအပေါ်မှာ မူတည်ပါတယ် ...

... ကျန်းချီဆေးပြားတွေက တစ်စုံတစ်ယောက်ရဲ့စွမ်းအင်ကို လျင်မြန်စွာ ဖြည့်တင်းပေးနိုင်တဲ့အတွက် ကျင့်ကြံခြင်း လောကမှာ ဘုံငွေကြေးတစ်ခုပဲ ...

... အဆင့်တစ်ခုစီရဲ့ တန်ဖိုးက အဆပေါင်းတစ်ရာစီကွာခြားတယ် ဆိုလိုတာက အဆင့်မြင့်ကျန်းချီတစ်ပြားဟာ အလယ်အလတ် အဆင့် တစ်ရာ ဒါမှမဟုတ် အဆင့်နိမ့် တစ်သောင်း ပမာဏနဲ့ ညီမျှပါတယ် ...

... ရှန်ရှင်းနယ်ပယ်၊ ယွမ်ဖူနယ်ပယ်နဲ့ ခရမ်းရောင်နေမင်းနယ်ပယ်က ကျင့်ကြံသူတွေ သန့်စင်တဲ့ကျန်းချီကို အဆင့်နိမ့်အဖြစ် သတ်မှတ်ကြပြီး ...

... စင်ကြယ်ခြင်းနယ်ပယ်၊ မဟာတန်ခိုးရှင်နယ်ပယ်နဲ့ စိတ်ဝိညာဉ်သခင် ကျင့်ကြံသူတွေကသာ အလယ်အလတ်အဆင့် ကျန်းချီဆေးပြားကို သန့်စင်နိုင်မယ် ...

... ကောင်းကင် လူသားနယ်ပယ်နဲ့ အထက်ကတော့ ... အဆင့်မြင့်ကျန်းချီတွေကို သန့်စင်နိုင်တယ် ...

... ဒါပေမဲ့ ပါရမီထူးသူတွေကတော့ ကျင့်ကြံမှုနိမ့်ပေမယ့် ပိုမြင့်တဲ့ကျန်းချီတွေကို သန့်စင်ပေါင်းစပ်နိုင်ကြပါတယ် ...

... ဥပမာ ငါတို့ဂိုဏ်းက စီနီယာရှမင်လို ကောင်းကင်မူလနတ်ခန္ဓာ ပိုင်ဆိုင်ထားသူက ခရမ်းရောင်နေမင်းနယ်ပယ်နဲ့ အလယ်အလတ် ကျန်းချီဆေးပြားတွေ သန့်စင်နိုင်တယ်။ ”

“ ခဏလေး ... ။ ”

ကူချန်မှ ရုတ်တရက် တစ်စုံတစ်ရာကို သတိထားမိသွားကာ၊

“ အဆင့်မြင့်ကျန်းချီကို ကောင်းကင် လူသားနယ်ပယ်ကလူတွေပဲ ထုတ်လုပ်နိုင်တာ ဆိုရင် ချန်ယွမ်နိုင်ငံကဘယ်လိုလုပ်ပြီး ... ။ ”

-ဟု သူ့စကားကိုဆုံးအောင် မပြောနိုင်ခင်မှာပင် မည်သည့်နေရာမှ ရောက်ရှိ လာမည်ကို တွေးမိသွားတော့သည်။

“ ဒါက ... ။ ”

“ ဟုတ်ပါတယ် ... ။ ”

ချန်ချွမ်က အံ့အားသင့်နေသော ကူချန်အမူအရာကိုမြင်သည်နှင့် အဖြေရရှိပြီ ဖြစ်ကြောင်း နားလည်လိုက်လေသည်။

“ အဲဒီအဆင့်မြင့် ကျန်းချီဆေးပြားကို ‘အစီအရင်’အသုံးပြုပြီးတော့ ကမ္ဘာလောကရဲ့ ဝိညာဉ်စွမ်းအားတွေကနေတဆင့် ပေါင်းစပ် ထုတ်ယူလို့ ရပါတယ်။ ”

ပြီးနောက် ချန်ချွမ်သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်သည်။ ၎င်းမှာ အပြာနုရောင် တောက်ပနေသော ကျောက်မျက်တစ်လုံးဖြစ်၏။

“ ဒီဝိညာဉ်ကျောက်တုံးလေးထဲမှာ မြောက်မြားလှတဲ့ ... ဝိညာဉ်စွမ်းအားတွေ အများကြီး ကိန်းအောင်းနေတယ် ... ဒါကို အစီအရင်တစ်ခုရဲ့ ...

... စွမ်းအင်အရင်းအမြစ်တစ်ခုအဖြစ် သုံးနိုင်သလို ငါတို့တွေစုပ်ယူပြီး သန့်စင်ဖို့လည်း သုံးနိုင်ပါတယ် ဒါပေမယ့်ကျောက်တုံးထဲက စွမ်းအင်ကိုစုပ်ယူတာဟာ ကျန်းချီဆေးပြား ကနေ စုပ်ယူရတာလောက် မမြန်ဆန်ဘူး ...

... ကျန်းချီဆေးပြားက ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေကို ... မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြန်လည်ဖြည့်တင်းပေးနိုင်တယ် ... ဒါဟာ တိုက်ပွဲအတွင်းမှာ နှစ်ဦးနှစ်ဖက်လုံး ...

... စွမ်းအင်ကုန်ခမ်းသွားရင် အများကြီး သက်ရောက်မှုရှိတယ် ဝိညာဉ်‌ကျောက်တုံးနဲ့ ကျန်းချီဆေးပြား ... မင်း ဒုတိယအရာကိုပဲ ရွေးချယ်သင့်တယ် ...

... ဒါကြောင့် ဝိညာဉ်ကျောက်တုံးတွေက အဖိုးတန်ပေမယ့် အစီအရင်နဲ့ ဆေးဖော်စပ်ခြင်း လက်နက်သန့်စင်ခြင်းတွေမှာသာ အသုံးကြပါတယ် ...

... ကျင့်ကြံသူတွေက ဝိညာဉ်စွမ်းအင်ကို ကျန်ချီဆေးပြားအဖြစ် ပြောင်းလဲနိုင်ပေးသလိုပဲ ဒီဝိညာဉ်ကျောက်တုံး အသုံးပြုထားတဲ့ အစီအရင်တွေကနေ ...

... ကျန်းချီဆေးပြားတွေကို ထုတ်ထုပ်ပေးနိုင်တယ် အဲဒီချန်ယွမ်နိုင်ငံက တကယ့်ကို ကံကောင်းတယ် ... သူတို့ဟာ အိပ်မက်တစ္ဆေရေကန်ကြီးကနေ အဆင့်မြင့် ဝိညာဉ်သွေးကြောတစ်ခုကို ရရှိခဲ့တယ် ...

... ဒါကြောင့် အဆင့်(၅) ဝိညာဉ်စွမ်းအင် ပြောင်းလဲခြင်း အစီအရင်ကို တည်ဆောက်ပြီး အဆင့်မြင့်ကျန်းချီ‌ဆေးပြား အမြောက်အမြား စုဆောင်းထားနိုင်ခဲ့ကြတယ် ...

... ဒီသတင်းက ကျင့်ကြံမှု အင်အားစုတွေအပေါ် ဘယ်လောက်တောင် ရူးသွပ်စေနိုင်လဲ မြင်သာပါတယ် ...

... ရွှမ်လင် ကုန်းမြေအနှံ့အပြားက တခြားအဖွဲ့အစည်းတွေသာ ကြားသိသွားရင် ချန်ယွမ်နိုင်ငံဆိုတာ ဒီကနေ့အထိရှိတော့မှာ မဟုတ်ဘူး ...

... နတ်ဝိညာဉ်သခင်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်မှမရှိဘဲနဲ့ ... ဒီလိုအဆင့်မြင့်ဝိညာဉ် သွေးကြောတစ်ခုကို ပိုင်ဆိုင်ထားခဲ့တာက ဒီနိုင်ငံရဲ့မယုံနိုင်စရာ ကံကောင်းမှုကြီးပါပဲ။ ”

ချန်ချွမ်စကားအဆုံးတွင် ချူဟွာရီမှ ခေါင်းညိတ်လျက်၊

“ ဒီလို မယုံနိုင်စရာ ကံကောင်းမှုတွေ ကြောင့်လည်း ... အခုလိုမျိုး ကပ်ဘေးဒုက္ခမျိုးနဲ့ ကြုံရတာလည်း ဖြစ်နိုင်တာပါပဲ။ ”

-ဟု မှတ်ချက်ဝင်ပေးသည်။

“ ဖြစ်နိုင်ပါတယ် ... ။ ”

ချန်ချွမ်မှ မငြင်းဆိုခဲ့ချေ။ ကျင့်ကြံခြင်းလောကတွင် ‘ကံကြမ္မာ’ဟူသည် မမြင်ရသော်မှ တကယ်ရှိ၏။ လူတိုင်းသည် အနည်းနှင့်အများ ယုံကြည်ကြသည်။

အချို့သည် ကံကြမ္မာကို ထာဝရဟု ယူဆကြသော်လည်း အချို့ကမူ ကံကြမ္မာသည် ကုန်ဆုံးသွားတတ်သည်ဟု ယူဆကြ၏။

အကယ်၍ တစ်ဦးတစ်ယောက်သည် ကံကောင်းခြင်းများကို ဆက်တိုက်သုံးစွဲနေပါက အဆုံးတွင် ကံကုန်သွားပြီး ဘေးဆိုးကြီးများနှင့် ကြုံတွေ့ရတတ်ချေမည်။

ထို့ကြောင့် ကံကောင်းခြင်းများ ဆက်တိုက်ကြုံရသော် အန္တရာယ်ကင်းစေရန် ကောင်းမှုများဖြင့် ကံဆက်ရပေသည်။

“ ဒါဆိုရင် ဝိညာဉ်စုစည်းခြင်းအစီအရင်နဲ့ ဝိညာဉ်ပြောင်းလဲခြင်း အစီအရင်ကို ပေါင်းစပ်ပြီး ကျန်းချီဆေးပြားတွေ အဆက်မပြတ် ထုတ်လုပ်နိုင်တာပေါ့ ... ။ ”

ကူချန်မှ ရုတ်တရက် အကြံရသွား၏။ ယင်းကိုတွက်ဆထားပြီးဖြစ်သော ချန်ချွမ်က ပြုံးကာ ခေါင်းရမ်းပြသည်။

“ မင်းကို ... အဲဒီလိုမကြိုးစားဖို့ ငါအကြံပေးချင်တယ် တာအိုကူ ... ။ ”

“ ဘာလို့လဲ ... ။ ”

ကူချန်မှ အံ့အားသင့်သွား၏။

“ ဘာလို့လဲဆိုတော့ အဲဒီနည်းလမ်းဟာ ဝိညာဉ်သွေးကြော ဒါမှမဟုတ် ဝိညာဉ်စွမ်းအင် သိပ်သည်းလွန်းတဲ့နေရာတွေမှာ ပြဿနာ မရှိနိုင်ပါဘူး ...

... ဒါပေမယ့် မင်ရဲ့ဒီလိုနေရာမျိုးမှာ အစီရင်နှစ်ထပ်ကိုခင်းမယ်ဆိုရင် ထုတ်လုပ်မှု နှုန်းက အရမ်းကိုနှေးကွေးပြီး ... ဒီဆယ်ရက် အတွင်းမှာတင် မိုင်ပေါင်းတစ်ထောင် ...

... ဧရိယာအတွင်းက ဝိညာဉ်စွမ်းအင်တွေ အားလုံးခမ်းခြောက်သွားလိမ့်မယ် အဲဒီကုန်ခမ်းမှု ပမာဏကို ပြန်ပြည့်ဖို့ဆိုရင် ...

... အနည်းဆုံး နှစ်ဝက်လောက် စောင့်ရလိမ့်မယ် ... ဒီအချိန်အတောအတွင်းမှာ မင်းဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်တော့မလဲ။ ”

ထိုစကားကြောင့် ကူချန်မှ တိတ်ဆိတ်သွားသည်။ ချန်ချွမ်က ရုတ်တရက် ရယ်မောလျက်၊

“ ဟားဟားဟား ... တကယ်တော့ ဒီလောကကြီးမှာ အဲဒီလိုကျင့်ကြံသူတွေလည်း ရှိနေပါတယ် သူတို့က နေရာအနှံ့ လျှောက်ပတ် သွားပြီးတော့ အစီအရင်နှစ်ထပ်ခင်းကျင်းပြီး ဝိညာဉ်စွမ်းအင်တွေကို ထုတ်ယူကြတယ် ...

... အဲဒီနေရာမှာ ကုန်သွားရင် နောက်တစ်နေရာကို ချက်ချင်းပြောင်းကြတယ် သူတို့လိုလူမျိုးတွေကို လူတိုင်းက မုန်းတီးကြပြီး ဝိညာဉ်သူခိုးတွေလို့ ခေါ်ကြတယ် ...

... ဒီလိုလူမျိုးတစ်ယောက် ပေါ်လာတာနဲ့ အဲဒီဒေသရဲ့အင်အားကြီး အဖွဲ့အစည်းတိုင်းက ပစ်မှတ်ထားပြီး ဘုံရန်သူအဖြစ် သတ်ဖြတ်ကြတယ် ...

... ဒါကြောင့် တာအိုကူအနေနဲ့ နောင်တစ်ချိန်မှာ အဲဒီလိုမျိုးမလုပ်မိနိုင်အောင် သတိထားသင့်တယ်။ ”

ဤတစ်ကြိမ်တွင် ကူချန်တစ်ယောက် ပြုံးရယ်လိုက်မိ၏။ နတ်နဂါးမြို့တော်တဝိုက်၌ တစ်စုံတစ်ဦးသည် ဝိညာဉ်စွမ်းအင်များကို ဤနည်းလမ်းဖြင့်ထုတ်ယူသော် ကူအိမ်တော်၏ ငွေကိုခိုးယူခြင်းနှင့် မခြားတော့ချေ။

ထိုသို့သော ဝိညာဉ်သူခိုးများအပေါ် အင်အားစုအသီးမှ သတ်မိန့်ထုတ်ခံကြသည်မှာ သဘာဝသာပေပင်။

***

အခန်း ၂၀၆ -

အမေ ... အဖေ့ကိုလုံးဝခွင့်မပြုရဘူး ... ။

“ ဒီတည်နေရာရွှေ့ပြောင်းခြင်း အစီရင်ခံစာသာ တည်ဆောက်ပြီးသွားရင်တော့ ရွှမ်လင်ကုန်းမြေနဲ့ နှင်းပန်းဓားကျောင်းကို ...

... သွားရောင်ဖို့က စက္ကန့်အနည်းငယ် အတွင်းပဲ ကြာပါလိမ့်မယ် ဒါပေမဲ့ကုန်ကျစရိတ် အတွက်ကတော့ အတော်လေး များလိမ့်မယ်။ ”

- ဟု ချန်ချွမ်က စဉ်းစားလျက်ပြောသည်။

တည်နေရာရွှေ့ပြောင်းခြင်း အစီရင်၏ အဓိကယန္တရားမှာ အာကာသသလင်းကျောက် ဖြစ်ပြီး အသုံးပြုရမည့် စွမ်းအင်မှာ ဝိညာဉ် ကျောက်တုံးများပေပင်။

ကျင့်ကြံသူများသည် မိမိတို့၏ ဝိညာဉ်အနှစ်သာရ သို့မဟုတ် စစ်မှန်သောချီကို (ကျန်းချီ)လောင်ကျွမ်းစေပြီး အစီရင်အပေါ် နှိုးဆွနိုင်၏။ သို့သော်လည်း မည်သူမျှ ထိုသို့မလုပ်ကြချေ။

ဝိညာဉ်အနှစ်သာရသည် ဝိညာဉ်ကျောက်တုံးထက် များစွာတန်ဖိုးကြီးပြီး ကျန်းချီ၏စွမ်းအားမှာ သာမန်ကျင့်ကြံသူတစ်ဦး ခံနိုင်ရည်ထက် များစွာကျော်လွန်နေသည်။

အဆင့်(၄)အစီရင်တစ်ခုကို နှိုးဆွရန် အနည်းဆုံး နတ်ဝိညာဉ်သခင် ကျင့်ကြံသူတစ်ဦး လိုအပ်သည်။ မဟုတ်သော် မဟာတန်ခိုးရှင် နယ်ပယ် ဆယ်ဂဏန်းကျော်၏ ပေါင်းစပ်မှု လိုအပ်ချေ၏။

ထို့ကြောင့် ဝင်္ကပါအစီရင်ကြီးများ တည်ဆောက်ရာ၌ အာကာသသလင်းကျောက် နှင့် ဝိညာဉ်ကျောက်တုံးသာ အသုံးပြုကြသည်။

၎င်းတို့သည် တစ်ကြိမ်အသက်သွင်းတိုင်း ဝိညာဉ်ကျောက်တုံး အမြောက်အမြားကုန်ကာ အာကာသသလင်းကျောက်၏ စွမ်းအင်မှာလည်း တဖြည်းဖြည်း လျော့ပါးသွားမည်ဖြစ်သည်။

ထိုသို့သော သလင်းကျောက်များကို ဂိုဏ်းကြီးများအတွက်ပင် ရှားပါးဗျူဟာမြောက် သဘာဝရတနာများအဖြစ် သတ်မှတ်ကြသဖြင့် အစီရင်အသုံးပြုခသည် အလွန်ပင် ကြီးလေးသည်မှာ သဘာဝပေပင်။

“ ကုန်ကျစရိတ် လျှော့ချဖို့အတွက် အသုံးးပြုမဲ့သူ အတော်အသင့် များလာတော့မှပဲ အစီရင်ကိုဖွင့်ပေးမှာ သေချာတယ် တကယ်လို့ လူတစ်ယောက်တည်း သွားမယ်ဆိုရင်တော့ ...

... စင်ကြယ်ခြင်းနယ်ပယ် ကျင့်ကြံသူတွေတောင် လက်တွန့်သွားရအောင် အသုံးပြုခက ဈေးကြီးနေလိမ့်မယ်။ ”

ချန်ချွမ်မှ ဆက်လက်သုံးသပ်ပြသည်။ ကူချန်တစ်ယောက် ခေါင်းညိတ်လျက် ပြုံး၏။

“ တာအိုချန်ချမ် ... မင်း အစီရင်နဲ့ ပတ်သတ်ရင် တော်တော်နှံ့နှံ့စပ်စပ်သိတာပဲ။”

“ ဟားဟားဟား ... ငါက အဆင့်(၇) အစီရင်သခင် တစ်ယောက်အနေနဲ့ ငါ့ဂိုဏ်းရဲ့ အစီရင်တည်ဆောက်မှုနဲ့ လည်ပတ်မှုတွေမှာ ပါဝင်နေရတယ် ဒါကြောင့်အကြောင်းတွေကို နည်းနည်းတော့ ပိုသိနေရတယ်။ ”

ထိုအချိန်တွင် သူတို့ဘေးရှိ ချင်းရွှမ်းသည်လည်း စကားဝိုင်းကိုဝင်ပြော လာတော့၏။

“ ငါတို့ နှင်းပန်းဓားကျောင်းမှာ ကုန်မြေကြီးအသီးသီးကို ဆက်သွယ်ထားတဲ့ အစီရင်တွေ အများကြီးရှိတယ် စတုတ္ထအဆင့် အစီရင်တင် တစ်ရာထက်မနည်းဘူးး။ ”

“ အဆင့်လေး အစီရင်(၁၀၀)လား။ ”

ကူချန်မှ စိတ်လှုပ်ရှားသွားသည်။ နှင်းပန်ဓားကျောင်းသည် အုပ်စိုးရှင်ဂိုဏ်းကြီး ပီသလွန်း၏။ ကြွယ်ဝချမ်းသာမှုမှာ မခန့်မှန်းနိုင်လောက်အောင်ပင်။

“ ဒါနဲ့ ... ချန်ယွမ်နိုင်ငံက အစီရင်သာ တည်ဆောက်ပြီးရင် တကယ်ပဲ အသုံးပြုမယ့်သူ အများကြီး ရှိမှာလား။ ”

ကူချန်မှ သတိရစွာမေးမြန်းလိုက်သည်။ ဤသည်မှာ အရေးကြီးလှသော ရင်းနှီးမြုပ်နှံမှု တစ်ခုပေပင်။ အသုံးပြုသူများ မရှိသော် များစွာသော ဆုံးရှုံးမှုဖြစ်နိုင်၏။

“ ရှိတာပေါ့ ... ။ ”

ချန်ချွမ်က လက်ဖက်ရည်ကို တစ်ငုံသောက်ကာ ရှင်းပြသည်။

“ ပထမတစ်ချက် ရွှမ်လင်ကုန်းမြေရဲ့ ပထဝီအနေအထားကြောင့်ပဲ ဒီကုန်းမြေကြီမှာ နတ်ဝိညာဉ်သခင်နယ်ပယ် အင်အားစုမရှိဘူး အသန်မာဆုံး အင်အားစုဖြစ်တဲ့ ဒီချန်ယွမ် နိုင်ငံတောင် ငါတို့ကို မယှဉ်နိုင်သေးဘူး ...

... အခု တည်နေရာရွှေ့ပြောင်း အစီရင်ပေါ်လာခဲ့ရင် ရွှမ်လင်ကုန်းမြေမှာရှိတဲ့ ကျင့်ကြံသူတိုင်းဟာ ငါတို့နှင်းပန်းစျေးမြို့ကို ရောက်လာကြလိမ့်မယ် ...

... အဲဒီစျေးမြို့မှာ ရွှမ်လင်ကုန်းမြေကြီးမှာ မရှိတဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေ အများကြီး ရှိတယ် ပြီးတော့ ...

... ချမ်းသာတဲ့မိသားစုတွေကလည်း သူတို့သားသမီးတွေကို ငါတို့ဂိုဏ်းကို ပို့ပြီး ပညာသင်ကြလိမ့်မယ်။ ”

ထိုစကားကို ကြားသောအခါ ကူချန်အမူအရာမှာ အနည်းငယ်ပြောင်းသွား၏။ ဤသည်မှာ လူ့သဘာဝပေပင်။ နေရာတိုင်း၌ ပြိုင်ဆိုင်မှုရှိနေသည်။

နှင်းပန်းဓားကျောင်းမှ တပည့်များသည် ရွှမ်လင်ကုန်းမြေ၏ တားမြစ်ဇုန်(၇)ပါးအနက် တစ်ပါးဖြစ်သော အိပ်မက်တတစ္ဆေရေကန်ကို စိတ်ဝင်စားကြသည်။

ထိုတားမြစ်ဇုန် ဗဟိုချက်ဖြစ်သော အိမ်မက်တစ္ဆေတောင်ကြီး၌ နတ်ဝိညာဉ်သခင် ခွန်အားနှင့်ညီမျှသော နတ်ဆိုးသားရဲများရှိကာ ရှေးဟောင်းအကြွင်းအကျန်များကို စောင့်ကြပ် နေသည်ဟု သတင်းများ ထွက်ပေါ်နေ၏။

ထိုစကားကြောင့် ကူချန်ပင် အံ့အားသင့်သွား၏။ သူကိုယ်တိုင် ထိုဒေသနှင့် နီးကပ်စွာရှိနေခဲ့သော်လည်း ဤသတင်းကို မသိချေ။

နှင်းပန်းဓားကျောင်းသည် မိုင်ပေါင်းသန်းပေါင်းများစွာဝေးကွာနေသော်မှ ပို၍နှံ့နှံ့စပ်စပ်သိနေသည်။ ဤသည်မှာ ဂိုဏ်းတစ်ဂိုဏ်း၏ အုတ်မြစ်ပေပင်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တာအိုချင်းရှက၊

“ ဒီတည်နေရာရွေ့ပြောင်း အစီရင် တည်ဆောက်ဖို့ ဘယ်လောက်ကြာဦးမလဲ။ ”

- ဟု မေးလိုက်သည်။

“ ခြောက်လကနေ တစ်နှစ်အထိ ကြာနိုင်ပါတယ် ရွှမ်လင်ကုန်းမြေကြီးမှာ အဆင့် (၄)အစီရင်သခင်မရှိဘူး ငါတို့ဂိုဏ်းရဲ့ ဝင်္ကပါ တောင်ထိပ်သခင်ကို ဖိတ်ခေါ်ရမယ် ...

... အစီရင်သာ ဆောက်ပြီးသွားရင် တာအိုမိတ်ဆွေကူကို ငါ့နှင်းပန်းဓားကျောင်းဆီ လာလည်ဖို့ ဖိတ်ခေါ်ပါတယ် ... ငါကိုယ်တိုင် နွေးထွေးစွာ ကြိုဆိုပါ့မယ်။ ”

ချန်ချွမ်က ပြုံးလျက် ပြန်ဖြေလိုက်သည်။ ချင်းရွှမ်းမှလည်း သူမထံ လာလည်နိုင်ကြောင်း အလျင်အမြန် ဝင်ပြောလာလေသည်။

“ တာအိုကူ ... ငါတို့တောင်ထိပ်က ယောက်ျားလေးတပည့် လက်မခံနိုင်ပေမယ့် လာလည်လို့တော့ရပါတယ်၊ အစ်မချူနဲ့ ငါ မင်းကိုကြိုဆိုမယ် ... ။ ”

“ အခွင့်အရေးရရင် ... ငါ နှင်းပန်းဓားကျောင်းကို သေချာပေါက် လာကြည့်ပါ့မယ်။ ”

ကူချန်မှ ပြန်ပြောလိုက်သည်။ နယ်မြေကြီးငါးခုကို စိုးမိုးထားသောအုပ်စိုးရှင် ဂိုဏ်းကြီး၏အခင်းအကျင်းအပေါ် သူလည်း သိချင်မိလေသည်။

ထို့နောက် စကားဝိုင်းသည် ချန်ဟောင်နှင့် ချန်ယွဲ့တို့ဘက်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။ ကလေးငယ်နှစ်ဦးမှာ မိဘများနှင့် ခွဲခွာရမည်ကို စိုးရိမ်နေကြသည်။

သို့သော် ကျင့်ကြံခြင်းလောက၏ ဒဏ္ဍာရီပုံပြင်များဖြစ်သော တိမ်ပေါ်ပျံသန်းခြင်း၊ ဓားပျံစီးနင်းခြင်းနှင့် ကြယ်လကို ဖမ်းယူခြင်း စသည့် ပုံပြင်များကိုကြားချိန်တွင် စိတ်ဝင်စားလာကြတော့၏။

တာအိုချင်းရှသည် သူ့ကလေးများ ခန္ဓာကိုယ်ကြံ့ခိုင်ရန် ဆေးဖက်ဝင်အပင်များဖြင့် မကြာခဏပြင်ဆင်ပေးလေ့ရှိသောကြောင့် ရုပ်ပိုင်းဆိုင်ရာအရ သူတို့မှာ ရွယ်တူများထက် များစွာပိုအားကောင်းနေသည်။

“ ဝမ် ... ။ ”

ထိုစဉ် ချန်ချွမ်၊ ချင်းရွှမ်းနှင့် ချူဟွာယီတို့သုံးဦးစလုံး၏ ဆက်သွယ်ရေး တံဆိပ်များမှာ တပြိုင်နက်တည်း လင်းလက်လာ၏။

သူတို့က စာတိုကိုဖတ်ပြီးနောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ချန်ချွမ်မှ နောင်တရစွာဖြင့် ထရပ်လိုက်ကာ၊

“ တာအိုကူ ... ငါတို့အကြီးအကဲတွေက စုရပ်ကိုပြန်လာကြဖို့အမိန့်ပေးနေပြီ ငါတို့တွေ ထွက်ခွာရတော့မယ် ... ဘယ်တော့ ပြန်ဆုံမလဲ မသိနိုင်တော့ဘူး။ ”

- ဟု ဆိုတော့၏။

“ တည်နေရာရွှေ့ပြောင်း အစီရင် ပြီးသွားတာနဲ့ အားလုံးကိုရှာဖို့ နှင်းပန်းဓား ကျောင်းကို သေချာပေါက် လာခဲ့ပါ့မယ် ...

... အဲ့ဒီကျရင် ဓားကျောင်းတဝိုက် လိုက်ပြပေးဖို့ အကူအညီ လိုအပ်ပါလိမ့်မယ် လမ်းခရီးဂရုစိုက်ပါ။ ”

ကူချန်မှ ပြုံးလျက် တုန့်ပြန်လိုက်သည်။ သို့မှသာ ချန်ချွမ်တစ်ယောက် မျက်ဝန်းများ၌ အလင်းများတောက်ပလာပြီး၊

“ မင်း သေချာလား။ ”

-ဟု မေးမြန်းတော့၏။ ကူချန်မှ ခေါင်းညိတ်ပြလိုက်သည်။

“ သေချာပေါက်ပဲ ... ။ ”

“ ဟားဟားဟား ဒီလိုဆိုရင် ငါမျှော်လင့်နေပါ့မယ် ဒီလိုအလွန်ထူးချွန်တဲ့ ပါရမီရှင်ကို ဒီနေရာလေးမှာ အချိန်မဖြုန်း စေချင်ပါဘူး ...

... ကောင်းကင်က နဂါးတစ်ကောင်ကို ရေတိမ်ပိုင်းလေးမှာ အချိန်ဖြုန်းမိမှာစိုးရတယ် ကျယ်ပြန့်တဲ့ပင်လယ်ပြင်ကြီးသာ တာအိုကူအတွက် သင့်လျော်ပါတယ်။ ”

“ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ”

ကူချန်မှ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ လူတိုင်းမှနှုတ်ဆက်စကားဆိုကာ ချန်ဟောင်နှင့် ချန်ယွဲ့ကို ခေါ်ဆောင်လျက် ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားကြတော့သည်။

“ ဒါဆို ငါတို့ကိုခွင့်ပြုပါဦး ... ။ ” (ချန်ချွမ်။)

“ ကောင်းပြီ ... ။ ”

“ အစ်ကိုကူ ... မင်းကို သတိရနေမယ်။ ” (ချန်ယွဲ့။)

“ ကောင်းပြီ ... ။ ”

“ အမေ ... မမေ့ပါနဲ့ ... ငါတို့မရှိတုန်းအဖေ့ကို လုံးဝခွင့်မပြုရဘူး မင်းက အသက်ကြီးနေပြီ။ ” (ချန်ဟောက်။)

“ ..... ။ ” (တာအိုချင်းရှနှင့် လူတိုင်း။ )

***

All Chapters