← Chapters

အခန်း (၅၀၃-၅၀၄)

Vol. 51 Ch. 503-504

အခန်း (၅၀၃-၅၀၄)

Vol. 51 Ch. 503-504

အပိုင်း (၅၀၃) အန္တရာယ်

မင်ယွဲ့ဘက်မှ မည်သည့်လှုပ်ရှားမှုမျှ မရှိသည်ကို မြင်သောအခါ တစ်ဖက်လူများက သူမတွင် ခိုင်လုံသော သက်သေအထောက်အထားမရှိဟု သော်လည်းကောင်း၊ သို့မဟုတ်ပါကလည်း သူမသည် သူတို့ငှားရမ်းထားသော ဟက်ကာ၏ စွမ်းရည်ကို အလွန်အမင်း ယုံကြည်နေသည်ဟု သော်လည်းကောင်း တထိုက်တည်း ဆုံးဖြတ် လိုက်ကြသည်။

သို့သော် မင်ယွဲ့သည် မည်သူ့ကိုမျှ မတရားစွပ်စွဲမည့်သူ မဟုတ်ပေ။ သူမသည် အွန်လိုင်းပေါ်ရှိ သဲလွန်စများကို ခြေရာခံလိုက်ရာ အချက်အလက်များမှာ သူမ ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

【ယွမ်ပေါ့... သက်သေတွေကို လူမှုကွန်ရက် စာမျက်နှာ အသီးသီးမှာ အကုန် ဖြန့်လိုက်တော့】

အရာအားလုံး အဆင်သင့်ဖြစ်ပြီဆိုလျှင်တော့ သူတို့ကို အပြတ်ရှင်းရန် အချိန်တန်ပြီ ဖြစ်သည်။

"လျိုယဲ့... နင့်အတွက် အခမ်းနားဆုံး ဖျော်ဖြေပွဲကြီးတစ်ခု ငါ ပြင်ဆင်ပေးထားတယ်"

ဟု မင်ယွဲ့က လျိုယဲ့ထံ ဖုန်းဆက်၍ ပြောလိုက်

သည်။

လျိုယဲ့တစ်ယောက် ကြောင်တောင်တောင် ဖြစ်နေစဉ်မှာပင် သူမ၏ လက်ထောက်က ဖုန်းတစ်လုံးနှင့်အတူ အပြေးအလွှား ရောက်လာသည်။

"ဘာဖြစ်လို့လဲ"

"မမယဲ့... ဟုန်ချန် ဖျော်ဖြေရေးတော့ သွားပြီ၊ အကုန် ပျက်စီးကုန်ပြီ"

ထိုလက်ထောက်သည် လျိုယဲ့နှင့်အတူ ကုမ္ပဏီမှ ထွက်လာသူဖြစ်ရာ မူလကုမ္ပဏီအပေါ် မည်သည့် စေတနာမျှ မရှိပေ။

ထိုကုမ္ပဏီ ဆိုးကျိုးခံစားရသည်ကိုသာ မြင်ချင်နေသူ ဖြစ်သည်။ လျိုယဲ့သည် ဖုန်းကို လှမ်းယူကြည့်လိုက်ရာ သူမ၏ မျက်နှာထက်တွင် ရွံရှာမှုနှင့် ဝမ်းသာမှုတို့မှာ အပိုင်းပိုင်းအပြတ်ပြတ် ကူးလူးယှက်တင် ဖြစ်နေတော့သည်။

တစ်ဖက်တွင်လည်း ကျန်းယန်သည် တျန်းယွဲ့ ဖျော်ဖြေရေး၏ ပျက်စီးခြင်း သတင်းကို ကြားရသောအခါ အတိုင်းမသိ ဝမ်းသာသွားသည်။

လျိုယဲ့ဖြစ်စေ၊ ကျန်းယန်ဖြစ်စေ မင်ယွဲ့သည် သူတို့ကို ငရဲခန်းထဲမှ ကယ်တင်ပေးခဲ့သည့်အတွက် အလွန်ပင် ကျေးဇူးတင်ကြသည်။

ထို့ကြောင့် မင်ယွဲ့တွင် အရေးကြီးသော သက်သေများ ရှိနေပါလျက်နှင့် ချက်ချင်းထုတ်မသုံးဘဲ အချိန်ဆွဲနေခဲ့ခြင်းအပေါ်တွင်လည်း သူတို့၌ မည်သည့် အငြိုးအတေးမျှ မရှိခဲ့ပေ။

အကြောင်းမှာ ဖျော်ဖြေရေးလောက၏ အမှောင်ဘက်ခြမ်းများကို အလင်းပေါ်သို့ ဆွဲတင်ရန်မှာ အလွန်ပင် နက်ရှိုင်းပြီး ရှုပ်ထွေးလှသည်ကို သူတို့ သိရှိထားကြသောကြောင့် ဖြစ်သည်။

ကုမ္ပဏီနှစ်ခုလုံး၏ အရှုပ်တော်ပုံများ တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည့်အခါ လျိုယဲ့နှင့် ကျန်းယန်တို့ နှစ်ဦးစလုံး မင်ယွဲ့ကိုသာ ပြေးမြင်မိကြသည်။

ဖျော်ဖြေရေးလောက၏ ဤရိုက်ခတ်မှုမှာ ပြင်ပလူများအတွက်မူ အလွန်ပင် စိတ်ဝင်စားစရာကောင်းသော အတင်းအဖျင်းများ ဖြစ်နေခဲ့သည်။ သို့သော် လောကတွင်းရှိ လူများအတွက်မူ အန္တရာယ်၏ အငွေ့အသက်ကို စတင် ရရှိနေကြပြီ ဖြစ်သည်။

"အဖေ... ဒါကို ဘယ်သူလုပ်တာလို့ ထင်လဲ"

ဟု ကျန်းကျွင်းက သူ၏ ဖခင်အတွက် လက်ဖက်ရည် ငှားပေးရင်း မေးလိုက်သည်။

"မင်းရဲ့ စိတ်ထဲမှာ အဖြေရှိပြီးသား မဟုတ်လား"

ဟု မစ္စတာကျန်းက သားဖြစ်သူကို အဓိပ္ပာယ်ပါပါ ကြည့်လျက် ဆိုသည်။

"ဘာလို့ ဒါကို မိုကော (မိုဟန်ကျီ) လုပ်တာလို့ မထင်တာလဲ"

ဟု ကျန်းကျွင်းက ပြုံးလျက် ထပ်မေးသည်။

"သူက ပါးနပ်တဲ့ စီးပွားရေးသမားတစ်ယောက်ပဲ သူသာ လုပ်မယ်ဆိုရင် အသံတိတ် ဖျက်ဆီးပစ်လိမ့်မယ်၊ ဒီလောက်အထိ ဆူညံအောင် လုပ်မှာ မဟုတ်ဘူး ဒါပေမဲ့ ဒီမစ္စမင်ကတော့ ပြတ်သားတဲ့ စရိုက်ရှိတာပဲ၊ ငါ သူမကို သဘောကျတယ်"

သူသည် မိုဟန်ကျီကို ချီးမွမ်းစကား ဆိုသော်လည်း သားဖြစ်သူကိုမူ ချက်ချင်းပင် အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက် သည်။

"အရင်ကတော့ မင်းကို မိုမိသားစုက ကောင်လေးထက် နိမ့်တယ်လို့ပဲ ထင်ခဲ့တာ၊ အခုမှ သိတော့တယ်... မင်းက မိုမိသားစုရဲ့ ချွေးမလောင်းလေးကိုတောင် မမီဘူးပဲ"

"အဖေရာ... သူတို့က သာမန်လူတွေမှ မဟုတ် တာ ဒါနဲ့ အဖေ့ရဲ့ စကားပြောပုံက သိပ်ပြီး စီးပွားရေးဆန်လွန်းတယ် EQ မြင့်မြင့်နဲ့ တုံ့ပြန် တတ်အောင် မသင်ယူနိုင်ဘူးလား"

မစ္စတာကျန်းက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ခပ်နောက်နောက် ပြုံးလိုက်သည်။

"EQ မြင့်မြင့် တုံ့ပြန်ရမယ် ဟုတ်လား မင်းရဲ့ IQ)

နိမ့်ကျမှုကို ငါ့ရဲ့ EQ နဲ့ လာပြီး အစားထိုးခိုင်းနေတာလား"

ထိုစကားက ကျန်းကျွင်း၏ နှလုံးသားကို ဓားဖြင့် မွှန်းလိုက်သကဲ့သို့ပင်။

သူသည် မျက်လုံးကို အသာမှိတ်ကာ စကားမဆိုနိုင်တော့ဘဲ ဖခင်ဖြစ်သူထံမှ မည်သည့်မေတ္တာမျှ မရနိုင်တော့ကြောင်း သိလိုက်ရသည်။

အင်တာနက်လောကကား ပေါက်ကွဲနေပြီ ဖြစ်သည်။

ဟုန်ချန်နှင့် တျန်းယွဲ့၏ အကြီးအကဲများသည် မင်ယွဲ့ထံသို့ အသည်းအသန် ဖုန်းဆက်သွယ်နေကြသည်။

အွန်လိုင်းပေါ်ရှိ ဗီဒီယိုများနှင့် သက်သေများကို မြင်သည်နှင့် ၎င်းမှာ မင်ယွဲ့၏ လက်ချက်ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

သို့သော် မင်ယွဲ့ကမူ သူတို့ကို တွေ့ဆုံရန် မည် သည့်ဆန္ဒမျှ မရှိချေ။

ထိုကိစ္စသည် အရှိန်အဟုန်ပြင်းစွာ ကြီးထွားလာပြီး လူထု၏ ကန့်ကွက်ရှုံ့ချမှုများကြောင့် ရဲတပ်ဖွဲ့၏ အာရုံစိုက်ခြင်းကို ချက်ချင်းပင် ခံလိုက်ရသည်။

ဟုန်ချန်ဖျော်ဖြေရေး၏ အထွေထွေမန်နေဂျာ မစ္စတာကျိုးသည် ယွမ်တင်းဗီလာ ပြင်ပတွင် စောင့်ဆိုင်းနေခဲ့သည်။ ထိုနေ့တွင် မင်ယွဲ့ အပြင်သို့ ထွက်လာသည့်အခါ သူမသည် နောက်ယောင်ခံ လိုက်ခြင်းကို ခံလိုက်ရသည်။

【ယွဲ့ယွဲ့... ကားတစ်စီး နင့်နောက်ကို လိုက်နေ တယ်】

မင်ယွဲ့သည် နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်ရာ အဖြူရောင် ဆီဒန်ကားတစ်စီး သူမနောက်သို့ တကောက်ကောက် လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။

သူမသည် လျင်မြန်စွာပင် လမ်းအခြေအနေကို အကဲခတ်လိုက်ပြီး လီဗာကို အဆုံးထိ နင်းချကာ အရှိန်မြှင့်လိုက်သည်။

သူမ၏ ကားမှာ စွမ်းဆောင်ရည်မြင့် ပြိုင်ကားဖြစ်သည့်အပြင် သူမ၏ ပြိုင်ကားမောင်းနှင်မှု အတတ်ပညာကြောင့် နောက်ကကားနှင့် အကွာအဝေးကို ချက်ချင်းပင် ဖြတ်တောက်ပစ်လိုက် သည်။

"နောက်ကကားထဲမှာ ဘယ်သူလဲ ရူးနေတာလား"

မင်ယွဲ့ သက်ပြင်းချရန် ပြင်လိုက်စဉ်မှာပင် နောက်ကြည့်မှန်ထဲ၌ အဖြူရောင်ကားမှာ ထပ်မံ ပေါ်ထွက်လာပြန်သည်။

ထိုကားသည် ရူးသွပ်နေသူတစ်ဦးကဲ့သို့ပင် အရှိန်နှုန်းကို အကန့်အသတ်မရှိ တင်ကာ မဆင်မခြင် မောင်းနှင်လာခြင်း ဖြစ်သည်။

ကားနှစ်စီးမှာ အဝေးပြေးလမ်းပေါ်တွင် တစ်စီးနှင့်တစ်စီး အပြင်းအထန် မောင်းနှင်နေကြသဖြင့် ယာဉ်ထိန်းရဲများ၏ သတိပြုမိခြင်းကို ချက်ချင်း ခံလိုက်ရသည်။

"ရှေ့က ယာဉ်မောင်း သတိပြုရန် သင်၏ တရားမဝင် မောင်းနှင်မှုကို ချက်ချင်း ရပ်တန့်ပါ လမ်းဘေးသို့ ကပ်ရပ်ပြီး စစ်ဆေးမှုကို ခံယူပါ"

ယာဉ်ထိန်းရဲများသည် ဆိုင်ကယ်များဖြင့် လိုက်လံ တားဆီးသော်လည်း မရရှိသဖြင့် ကားနောက်မှနေ၍ အသံချဲ့စက်ဖြင့် အော်ဟစ်နေကြသည်။

မင်ယွဲ့မှာမူ ရပ်တန့်ရန် မဖြစ်နိုင်ချေ။ လမ်းပေါ်တွင် ကားအမြောက်အမြား ရှိနေသလို နောက်က အဖြူရောင်ကားမှာလည်း သွေးရူးသွေးတန်း ဖြစ်နေသည်။ အကယ်၍ သူမ ရပ်လိုက်ပါက ထိုကား၏ တိုက်မိခြင်းကို ခံရပေလိမ့်မည်။

မကြာမီ ယာဉ်ထိန်းရဲများလည်း မင်ယွဲ့၏ အခြေအနေကို သဘောပေါက်သွားကြသည်။ သူမသည် တိုက်ခိုက်ရန် လိုက်လံ နှောင့်ယှက်ခံနေရခြင်း ဖြစ်သည်။

"ဌာနအားလုံး သတိပြုရန်၊ လိုင်စင်နံပါတ် Yan A16937 အဖြူရောင်ယာဉ်သည် ဟုန်ရှင်းလမ်းမပေါ်တွင် အရှိန်လွန် မောင်းနှင်နေပြီး လူသတ်ရန် ကြံစည်နေသည်ဟု သံသယရှိရသည် ချက်ချင်း ဝိုင်းဝန်း တားဆီးပေးကြပါ"

ရဲတပ်ဖွဲ့ဝင်များသည် လမ်းပိတ်ဆို့မှုများ ပြုလုပ်ကာ အဖြူရောင်ကားကို ဖမ်းဆီးရန် ပြင်ဆင်ကြသည်။

【ယွမ်ပေါ့... ဒီလူ့လက်ကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်း ရှိလား】

မင်ယွဲ့သည် စိတ်မရှည်တော့ပေ။

သူမ၏ မောင်းနှင်မှု စွမ်းရည် မည်မျှပင် ကောင်းစေကာမူ လမ်းပေါ်ရှိ အခြားကားများကို ငဲ့ညှာနေရသဖြင့် စိတ်လှုပ်ရှားနေမိသည်။ နောက်ကလူမှာမူ မိမိအသက်ကိုပင် ဂရုမစိုက်တော့သည့် အရူးတစ်ယောက် ဖြစ်နေသည်။

"ဌာနအားလုံး သတိပြုရန်၊ ဟုန်ရှင်း ဒုတိယလမ်းမပေါ်တွင် အဖြူရောင်ယာဉ်ကြောင့် ဆက်တိုက် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်"

ယွမ်ပေါ့သည် ရဲတပ်ဖွဲ့၏ သတင်းကို မင်ယွဲ့ထံသို့ လက်ဆင့်ကမ်းလိုက်သည်။ နောက်ကကား ကျန်ရစ်ခဲ့ပြီ ဖြစ်သဖြင့် သူမ စိတ်သက်သာရာ ရသွားသော်လည်း ထိုသတင်းကြောင့် ရင်ထဲ၌ တင်းကျပ်သွားသည်။ အဖြူရောင်ကားထဲမှ လူကို ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်သည်။

မင်ယွဲ့သည် လမ်းဘေးသို့ ကပ်ရပ်ကာ ယာဉ်ထိန်းရဲများကို စောင့်ဆိုင်းနေစဉ်မှာပင် သူမ၏ ရှေ့မှောက်၌ စူးရှလွန်းသော အလင်းတန်းကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ မင်ယွဲ့သည် မျက်လုံးများကို ကာကွယ်ရန် လက်ကို မြှောက်လိုက်ရသည်။

【ယွဲ့ယွဲ့... အန္တရာယ်】

မင်ယွဲ့ နောက်ဆုံး ကြားလိုက်ရသည်မှာ ယွမ် ပေါ့၏ သတိပေးသံ ဖြစ်သည်။

ထို့နောက်တွင်မူ ပြင်းထန်လှသော ရိုက်ခတ်မှုနှင့်အတူ သူမသည် သတိမေ့မြောသွားလေတော့သည်။ ဤသည်မှာ သူမ၏ ရည်မှန်းချက်များကို အဆုံးသတ်စေမည့် ကံကြမ္မာလော၊ သို့မဟုတ် အလှည့်အပြောင်းတစ်ခုလော။

အပိုင်း (၅၀၄) နိုးထလာခြင်း

မင်ယွဲ့၏ အသိစိတ်တို့မှာ ဝေဝါးနှေးကွေးနေခဲ့သည်။ သူမ၏ အာရုံထဲ၌ ရဲကားဥဩသံများ၊ လူနာတင်ကား၏ အသည်းအသန် အော်ဟစ်သံများနှင့် လူအုပ်စု၏ ဆူညံသော ပြောဆိုသံများကို ခပ်သဲ့သဲ့ ကြားနေရသည်။

တစ်စုံတစ်ယောက်က သူမအား ကားထဲမှ မယူလိုက်သည်ကို မှတ်မိနေသော်လည်း မျက်ခွံများကို ဖွင့်ရန် ကြိုးစားသမျှ အရာမထင်ခဲ့ပေ။

နောက်ဆုံးတွင်တော့ သူမသည် အဆုံးမဲ့သော အမှောင်ထုထဲသို့ ကျဆင်းသွားကာ သတိလစ် မေ့မြောသွားတော့သည်။

"မစ္စတာမို... တရားခံကို ဖမ်းမိပါပြီ အရက်မူးပြီး မောင်းနှင်တာလို့ သိရပါတယ်"

မင်ယွဲ့မှာ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲတွင် သတိမရသေးသဖြင့် မိုဟန်ကျီသည် အပြင်ဘက်၌ပင် စိုးရိမ်တကြီး စောင့်ကြပ်နေခဲ့သည်။

ထိုအတောအတွင်း ကိစ္စအဝဝကို လက်ထောက်လင်းအား လွှဲအပ်ထားရာ ယခုအခါ အခြေအနေများကို လာရောက်အစီရင်ခံခြင်း ဖြစ်သည်။

ဝမ်ကျန်းနှင့် ကျန်းဟန်တို့မှာလည်း သတင်းထဲ၌ မင်ယွဲ့၏ ကားကို မြင်လိုက်ရသည်နှင့် ဆေးရုံသို့ အပြေးအလွှား ရောက်ရှိလာကြပြီး မိုဟန်ကျီနှင့် အမြဲမပြတ် ဆက်သွယ်နေခဲ့ကြသည်။

မွန်းတည့်ချိန်တွင် သူတို့ ပြန်လည်ဆုံတွေ့ကြသည့်အခါ ဝမ်ကျန်းက

"အခုထိ နိုးမလာသေးဘူးလား"

ဟု စိုးရိမ်တကြီး မေးလိုက်သည်။

သူတို့သည် မင်ယွဲ့နှင့် ကျောင်းနေဖက် သူငယ်ချင်းများအဖြစ် ၄ နှစ်တိုင် ဖြတ်သန်းခဲ့ပြီး စီးပွားရေးကိုလည်း အတူတကွ စတင်ခဲ့သူများဖြစ်ရာ သူတို့၏ စိုးရိမ်ပူပန်မှုမှာ အမှန်တကယ် စစ်မှန်လှသည်။

"မနိုးသေးဘူး"

ဟု မိုဟန်ကျီက တည်ငြိမ်စွာ ပြန်ဖြေသော်လည်း သူ၏ ပတ်ဝန်းကျင်တွင် လေးလံသော ဖိအားနှင့် နာကျင်မှုများ လွှမ်းခြုံနေသည်ကို ခံစားရသည်။

လက်ထောက်လင်းက ဆက်လက်တင်ပြသည်မှာ

"အဲဒီလူက ပြီးခဲ့တဲ့ အပတ်ကမှ အဆုတ်ကင်ဆာ နောက်ဆုံးအဆင့်လို့ ရောဂါအဖြေထွက်ထားတာပါ ဒါက တိုက်ဆိုင်မှုလို့ ပြောဖို့ ခက်ပါတယ်"

စီးပွားရေးလောကတွင် အကျိုးအမြတ်ရှိလျှင် တိုက်ပွဲရှိစမြဲ ဖြစ်သည်။

၎င်းမှာ သူတို့၏ စိတ်ဓာတ် ယုတ်ညံ့ခြင်းကြောင့် မဟုတ်ဘဲ လူသားတို့၏ သဘာဝသာ ဖြစ်သည်။

အကျိုးအမြတ် မြင့်မားလေလေ လူ့အသက်ကို တန်ဖိုးမထားဘဲ ငွေဖြင့် ဝယ်ယူသတ်ဖြတ်မည့်

သူများ ပေါ်ထွက်လာလေလေ ဖြစ်သည်။

"တစ်စုံတစ်ယောက်က လူသတ်သမားကို ငှါးရမ်းခဲ့တာပေါ့”

ဝမ်ကျန်း၏ အသံမှာ တုန်ရီနေသည်။

ဤကိစ္စတွင် ပါဝင်ပတ်သက်သူများပြားလှသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ရာ ရလဒ်ကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပေ။ အများကမူ မင်ယွဲ့သည် လမ်းမှားဝင်လာသော ကားတစ်စီး၏ တိုက်မိခြင်းကို ခံရသည်ဟုသာ ထင်မှတ်နေကြသည်။

"ဒါကို သေသေချာချာ စုံစမ်းပါ နောက်ကွယ်က ကြိုးကိုင်သူ တစ်ယောက်မှ လွတ်မသွားစေရဘူး"

မိုဟန်ကျီ၏ မျက်ဝန်းများမှာ မှောင်မှိုက်နေသည်။

သူ၏ အကြည့်တွင် ထိုလူများသည် သေလူများသာ ဖြစ်နေလေပြီ။

ရှင်ယောင်းအုပ်စု တွင် အင်အားအကောင်းဆုံး ဥပဒေအကျိုးဆောင်အဖွဲ့ ရှိသည်။ ပါဝင်သူများကို ဖော်ထုတ်နိုင်သည်နှင့် သူတို့သည် တစ်သက်လုံး ထောင်ထဲ၌သာ ပုပ်သင်္ခါရ ဖြစ်ကြရပေလိမ့်မည်။

လက်ထောက်လင်းသည် ကိစ္စရပ်များကို အမြစ်ပြတ် စုံစမ်းလိုက်သည့်အခါ ထိုနေ့က မင်ယွဲ့ကို သတ်လိုသူ အုပ်စုနှစ်စု ရှိနေကြောင်း သိလိုက် ရသည်။

အဖြူရောင်ကားဖြင့် ဆက်တိုက် ယာဉ်တိုက်မှု ဖြစ်အောင် လုပ်ခဲ့သူမှာ တျန်းယွဲ့ဖျော်ဖြေရေး၏ အထွေထွေမန်နေဂျာ ကျန်း ဖြစ်သည်။

မင်ယွဲ့၏ ဖော်ထုတ်မှုကြောင့် သူ၏ ကုမ္ပဏီ ပြိုလဲကာ ရှယ်ယာများမှာ အမှိုက်ဖြစ်သွားခဲ့သည်။ ရဲနှင့် အခွန်ဌာနက သူ့ကို လာရောက်ဖမ်းဆီးတော့မည်ကို သိသဖြင့် ထောင်မကျခင် မင်ယွဲ့ကို လက်စားချေရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

သူသည် အသက်တစ်ဝက်ကျော် နေခဲ့ပြီးမှလိင်ကျွန်အလုပ်ဖြင့် ထောင်ကျရမည့် အရှက်ကွဲခြင်းကို လက်မခံနိုင်သဖြင့် မင်ယွဲ့နှင့်အတူ အသေခံရန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း မမီခဲ့ဘဲ အခြားကားများကို တိုက်မိကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ ယခုအခါ ဆေးရုံတွင် ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရပြီး ထောင်ထဲသို့ သွားရန် စောင့်ဆိုင်းနေရပြီ ဖြစ်သည်။

မင်ယွဲ့ကို တိုက်မိခဲ့သော အရက်မူးယာဉ်မောင်းမှာမူ ဟုန်ချန်ဖျော်ဖြေရေးမှ အထွေထွေမန်နေဂျာ ကျိုး စေလွှတ်လိုက်သူ ဖြစ်သည်။

သူသည် ကိုယ်တိုင် လက်မပေလိုသဖြင့် ရောဂါကျွမ်းနေသော တက္ကစီသမားတစ်ဦးကို ငွေဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

【ယွဲ့ယွဲ့... ယွဲ့ယွဲ့... နိုးပါတော့】

မင်ယွဲ့သည် သူမ၏ အသိစိတ်ထဲတွင် တစ်စုံတစ်ယောက် ခေါ်နေသံကို ကြားလိုက်ရသည်။ ရင်းနှီးနေသော ထိုအသံမှာ ယွမ်ပေါ့ ဖြစ်သည်။

"မစ္စတာမို... အရက်မူးပြီး တိုက်တဲ့လူကတော့ ဆေးရုံမှာပဲ သေဆုံးသွားပါပြီ"

ဟု လက်ထောက်လင်းက တင်ပြရင်း မင်ယွဲ့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

မင်ယွဲ့သည် သာမန်လူနာဆောင်သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်သလို ဆရာဝန်ကလည်း သူမ နိုးလာလျှင် ဘာမျှ စိုးရိမ်စရာမရှိဟု ဆိုထားသည်။

မိုဟန်ကျီမှာမူ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အလွန်ပင် ပင်ပန်းနွမ်းနယ်နေပြီး ရုပ်ရည်မှာလည်း ဖရိုဖရဲ ဖြစ်နေရှာသည်။

မိုဟန်ကျီသည် ကုတင်ပေါ်ရှိ မင်ယွဲ့ကို ကြင်နာစိုးရိမ်သော မျက်ဝန်းများဖြင့် ကြည့်ရှုရင်း သူမ၏ စောင်ကို အသာအယာ ပြင်ပေးလိုက် သည်။

"ကျိုးဝူ ရော"

"သူ့ကို ရဲတွေ ဖမ်းသွားပါပြီ လူသတ်မှုအတွက် ငှားရမ်းတဲ့ သက်သေတွေကိုလည်း ကျွန်တော် တင်ပြထားပြီးပါပြီ ကျွန်တော်တို့ ကုမ္ပဏီ ရှေ့နေတွေက ဒီကိစ္စကို အဆုံးထိ ကိုင်တွယ်မှာမို့ သူ ဘယ်တော့မှ ပြန်ထွက်လာရမှာ မဟုတ်ပါဘူး"

ရုတ်တရက် ကုတင်ပေါ်ရှိ 'အိပ်ပျော်နေသော အလှလေး' သည် မျက်မှောင်ကြုတ်လိုက်သည်။

မိုဟန်ကျီသည် ထိုလှုပ်ရှားမှုကို သတိပြုမိလိုက်သဖြင့် လက်ထောက်လင်းကို အသံတိတ်ရန် လက်ပြလိုက်သည်။

နေမကောင်းဖြစ်နေသဖြင့် ဖြူဖျော့နေသော မင်ယွဲ့၏ အသားအရေမှာ ပို၍ပင် ဖြူဖွေးနေပြီး နှုတ်ခမ်းလွှာများမှာ ခြောက်သွေ့အက်ကွဲနေသည်။ မိုဟန်ကျီက ရေဆွတ်ထားသော ဂွမ်းဖတ်လေးဖြင့် အမြဲတမ်း တို့ထိပေးထားသော်လည်း နေမကောင်းသည့်ဒဏ်ကို မတားဆီးနိုင်ခဲ့ချေ။

"ဟင်း~"

ညည်းသံတိုးတိုးလေးနှင့်အတူ မိုဟန်ကျီကို ပူပန်စေခဲ့သော ထိုမိန်းကလေးသည် နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်ကြည့်လိုက်လေပြီ။

မင်ယွဲ့သည် သူမ၏ အမြင်အာရုံမှာ ဝေဝါးနေပြီး ဦးနှောက်မှာလည်း ထိုင်းမှိုင်းနေသကဲ့သို့ ခံစားရသည်။ သူမသည် မျက်လုံးများကို ပွတ်ရန် လက်ကို မြှောက်လိုက်သော်လည်း တစ်စုံတစ်ယောက်၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။

သေသေချာချာ ကြည့်လိုက်သည့်အခါ မျက်လုံးများ နီမြန်းနေသော မိုဟန်ကျီကို တွေ့လိုက်ရသည်။

"ရှင် ဘယ်လိုဖြစ်တာလဲ"

ဟု သူမ မေးလိုက်ရာ သူမ၏ အသံမှာ ခြောက်သွေ့အက်ကွဲနေသဖြင့် မိုဟန်ကျီက ရေနွေးနွေးတစ်ခွက်ကို ချက်ချင်း တိုက်လိုက် သည်။

လက်ထောက်လင်းသည်လည်း သူတို့နှစ်ဦးကြားတွင် အနှောင့်အယှက် မဖြစ်စေရန် အသာအယာပင် ထွက်ခွာသွားတော့သည်။

မင်ယွဲ့သည် ရေကို မြိန်ယှက်စွာ သောက်လိုက်ပြီးနောက် သူမသည် ယာဉ်တိုက်မှု ဖြစ်ခဲ့ကြောင်းကို ပြန်လည် သတိရသွားသည်။

"ကျွန်မကို တိုက်တဲ့လူကို ဖမ်းမိပြီလား"

"အကုန်လုံးကို ဖမ်းမိပါပြီ တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူး၊ ကိုယ် သူတို့ကို အလွတ်မပေးပါဘူး"

ဟု ဆိုကာ မိုဟန်ကျီက မင်ယွဲ့ကို ဖက်ထားလိုက်ပြီး သူမ၏ လည်ပင်းသားလေးကို နှာခေါင်းဖြင့် ပွတ်သပ်နေမိသည်။

သူသည် သူမကို ဆုံးရှုံးရတော့မည်ဟု ထင်ကာ အလွန်ပင် ထိတ်လန့်ခဲ့ရသည် မဟုတ်ပါလား။

"ယားတယ်... ရှင် မုတ်ဆိတ်မရိတ်တာ ဘယ်နှစ် ရက်ရှိပြီလဲ၊ စူးနေတာပဲ"

မိုဟန်ကျီသည် ချက်ချင်းပင် ဖက်ထားရာမှ လွှတ်လိုက်ပြီး

"ယွဲ့ယွဲ့... ကိုယ် အခုချက်ချင်း သွားပြင်ဆင် လိုက်မယ်"

ဟု ဆိုကာ ရေချိုးခန်းထဲသို့ ပြေးဝင်သွားတော့သည်။

မှန်ထဲတွင် မိမိကိုယ်မိမိ ပြန်ကြည့်လိုက်ရာ မုတ်ဆိတ်မွှေးများ ဖရိုဖရဲ ပေါက်နေသော သူ၏ ပုံစံမှာ အတော်ပင် ကြည့်ရဆိုးနေလေသည်။

မင်ယွဲ့သည် သူ ပြေးဝင်သွားသည်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။ ထို့နောက် အနားတွင် လူမရှိခိုက် ယွမ်ပေါ့ကို လှမ်းခေါ်လိုက်သည်။

【ယွမ်ပေါ့... နင်ရော နေကောင်းရဲ့လား】

【ယွဲ့ယွဲ့... အင့်... အင့်... နင် နောက်ဆုံးတော့ နိုးလာပြီပေါ့】

မင်ယွဲ့၏ ရှေ့တွင် ပန်ဒါလေးတစ်ကောင် ပေါ်လာပြီး လက်ကိုင်ပုဝါလေးဖြင့် မျက်ရည်သုတ်နေသည်ကို မြင်ရသည့်အခါ သူမမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။

【အခု ငါ နိုးလာပြီပဲ၊ မငိုနဲ့တော့လေ】

ယွမ်ပေါ့က မျက်လုံးလေး ပြူးကြည့်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ဆိုသည်။

【ငါသာ အန္တရာယ်ကို ကြိုသိလို့ ဂုဏ်သတင်းအမှတ်တွေ သုံးပြီး ကာကွယ်ရေးဒိုင်းကို ချက်ချင်း မဝယ်ပေးလိုက်ရင် နင် နိုးလာချင်မှ နိုးလာတော့မှာ နင့်ကို တိုက်တဲ့လူတွေ ဘာဖြစ် ကုန်လဲ သိလား တစ်ယောက်က ခြေထောက်နှစ်ဖက် ပြတ်သွားပြီး နောက်တစ်ယောက်က သေသွားပြီ နောက်ဆို ဒါမျိုး မပေါ့ဆနဲ့တော့...】

ယွမ်ပေါ့က ကလေးသံလေးဖြင့် ခါးထောက်ကာ မင်ယွဲ့ကို တတွတ်တွတ် ဆုံးမနေတော့သည်။

မင်ယွဲ့သည်လည်း ပြုံးလျက်ပင် ခေါင်းငြိမ့်ကာ ဂရုစိုက်ပါ့မည်ဟု ကတိပေးလိုက်ရသည်။

သူမ၏ ဖျော်ဖြေရေးလောကကို သန့်စင်ရန် ရည်မှန်းချက်မှာ ယခုကဲ့သို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း သူမ၏ စိတ်ဓာတ်မှာမူ ပိုမိုခိုင်မာသွားခဲ့လေပြီ။

All Chapters