← Chapters

ဒါ တစ်ခုခု လွဲမှားနေတာမလား

Vol. 9 Ch. 849

ဒါ တစ်ခုခု လွဲမှားနေတာမလား

Vol. 9 Ch. 849

ကျိုးရီရှင်းက မြေအောက်မြစ်၏ တားမြစ်ဒေသထဲသို့ဝင်လာသည်နှင့် ပိုင်ရှောင်ချန်းသည် သူ့အား သတိထားမိလိုက်သည်။ ကျိုးရီရှင်းမှာမူ ပိုင်ရှောင်ချန်းနှင့် ပိုင်ဟောက်နှစ်ယောက်စလုံးကို ချက်ချင်းပင်လှမ်းမြင်လိုက်ရသည်။

ထိုအချိန်တွင် ကျိုးရီရှင်း၏မှာ ဒိန်းခနဲ ဖြစ်သွားတော့သည်။ ပိုင်ဟောက်မှာမည်သူမည်ဝါဖြစ်ကြောင်း သူက အတိအကျသိနေသည် မဟုတ်ပါလော။ သူသည် မြေရိုင်းဒေသတွင် မည်သူမှယှဥ်၍ မရနိုင်လောက်သည့် အာဏာနှင့် အရေးပါအရာရောက်မှုများကို ပိုင်ဆိုင်ထားသော ပြယုဂ်တစ်ခု ဖြစ်နေပြီဖြစ်သည်။

" ပိုင်ဟောက်က တကယ်ပဲ ငရဲဧကရာဇ် ဖြစ်သွားပြီပဲ။ ပြီးတော့ငါ့ သခင်က သူ့ရဲ့ဆရာပဲ "

ဤအရာများအားလုံးကို သူသည် ယခင်ထဲက မှန်းဆထားမိခဲ့ပါသော်လည်း သူ၏မျက်လုံးများနှင့် တပ်အပ်မြင်လိုက်ရသောအခါတွင်မူ သူ၏နှလုံးသားမှာ တုန်လှုပ်သွားရတော့သည်။

သာမန်ဆိုလျှင် ငရဲဧကရာဇ်ကဲ့သို့ အရေးပါအရာရောက်သော လူတစ်ယောက်၏ရှေ့တွင် သူ လုံးဝရှိနေနိုင်မည်မဟုတ်ပေ။ သူသည် တုန်တုန်ရီရီနှင့် ထိုနှစ်ယောက်ဆီသို့ ပြေးသွားလေသည်။ သို့သော် သူသည် ပိုင်ရှောင်ချန်းနှင့်ပိုင်ဟောက်တို့အကြားရှိ ဆက်ဆံရေးကို မမေ့ပေ။ သူသည် ပထမဦးစွာ ပိုင်ရှောင်ချန်းအား ဂါဝရပြုလိုက်ပြီးမှ ပိုင်ဟောက်အား ဂါဝရပြုလိုက်လေသည်။

" ရီရှင်း ဂါဝရပြုပါတယ် သခင်။ မင်္ဂလာပါ မြင့်မြတ်လှသော ငရဲဧကရာဇ်ခင်ဗျား "

သူသည် စိတ်လှုပ်ရှားမှုကို မကွယ်ဝှက်နိုင်ပဲ စိုးထိတ်စွာနှင့် ခေါင်းကိုငုံ့ထားလိုက်လေသည်။

ကျိုးရီရှင်း၏ ရိုသေလေးစားမှုအပြည့်ဖြင့် စိတ်လှုပ်ရှားနေသည့် အမူအရာကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်ကျေနပ်နေသည်။ သူသည် မည်မျှ အရေးပါအရာရောက်သည့် လူတစ်ယောက်ဖြစ်ကြောင်း လူတိုင်းအားပြောပြရန်မဖြစ်နိုင်ပါသော်လည်း သူနှင့်ရင်းနှီးသော လူများ၏ ကြည်ညိုလေးစားမှုကို ခံနေရသည့်အချက်မှာပင် သူ့အတွက် ကောင်းမွန်နေတော့သည်။

" ငါ့ ချွဲအာလေးရော " သူက မေးလိုက်သည်။

" သူ့ကိုပါ ခေါ်ခဲ့တယ်မလား "

သူ မည်သူမည်ဝါဖြစ်ကြောင်း စုန့်ချွဲသာသိသွားပါက မည်သို့ ပြုမူမည်ဖြစ်ကြောင်းကို သူ အလွန်သိချင်နေတော့သည်။

ပိုင်ဟောက်၏မျက်နှာပေါ်တွင်မူ ထူးဆန်းသော အမူအရာတစ်ခု ပေါ်နေသည်။ သို့သော် သူသည် သူ၏ဆရာကို ကောင်းကောင်းနားလည်သူတစ်ယောက်ဖြစ်သဖြင့် အလိုက်တသိ ပြုမူလိုက်ပြီး ငရဲဧကရာဇ်၏ အံ့သြမှင်တက်ဖွယ်ကောင်းသော အငွေ့အသက်ကို အပြည့်အဝ ထုတ်လွှတ်လိုက်တော့သည်။ ကျိုးရီရှင်းမှာ ပင့်သက်ရှိုက်သွားပြီး ရိုသေလေးစားမှုများ ပို၍ပင်တိုးပွားလာသည့် အမူအရာဖြင့် စုန့်ချွဲအား သူ၏ထည့်စရာအိတ်ထဲမှ အလျင်အမြန်ဆွဲထုတ်လိုက်လေသည်။

စုန့်ချွဲမှာ ထိုထည့်စရာအိတ်ထဲတွင် ရက်အနည်းငယ်မျှသာ ရှိနေခဲ့သည်ဖြစ်၍ ယခင်အကြိမ်ကအတိုင်း အသက်လုရှူနေရသည့် အဆင့်ထိသို့ မရောက်သေးပေ။ သူသည် အိတ်များထဲတွင် အချိန်ကုန်ဆုံးရသည်ကို ကျင့်သားရနေပြီဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ နှစ်သက်နေတော့သည်။ ထို့အပြင် ကျင့်ကြံခြင်းရင်းမြစ်ပစ္စည်းများစွာ၏ အထောက်အပံ့များကြောင့် သူ ယခင်က ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးများ၏ အရိပ်အယောင်များအားလုံး ပျောက်ကွယ်သွားပြီဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံ ပို၍တိုးတက်လာသေးသည်။ ယခုတွင် သူသည် အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်ကို ရောက်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။

သူသည် အပြင်သို့ ထွက်လာသည်နှင့် မျက်နှာပေါ်တွင် ရိုသေလေးစားနေသည့် အမူအရာတစ်ခုကို ဆင်မြန်းလိုက်ပြီး ပိုင်ရှောင်ချန်းကိုမဟုတ်ပဲ ပိုင်ဟောက်ကို ကြည့်လိုက်လေသည်။

ပိုင်ဟောက်မှာ ငရဲဧကရာဇ် ဖြစ်သွားကြောင်း သူက သိထားပြီဖြစ်၍ သူ၏ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေရသည်။ သို့သော် ထိုအချိန်တွင် ပိုင်ဟောက်၏ဘေးတွင် သူနှင့်ရင်းနှီးနေသည့် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

သူ၏ မျက်လုံးများပြူးကျယ်သွားပြီး အမြင်များ မှားယွင်းနေသည်ဟုပင် ထင်သွားသည်။ အနီးကပ်ကြည့်ရှုလိုက်သောအခါ သူသည် တုန်ရီစပြုလာပြီး ဖြည်းညင်းစွာဖြင့် လက်ကိုဆန့်ထုတ်၍ ပိုင်ရှောင်ချန်းအား လက်ညှိုးထိုးလိုက်လေသည်။

ကျိုးရီရှင်းသည် ဘေးနားတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး ဤပြန်လည်ဆုံတွေ့မှုကို ဝင်မစွက်ဖက်ရဲပေ။ ပိုင်ဟောက်၏အမူအရာမှာမူ ပို၍ ကြောင်အမ်းအမ်းဖြစ်လာတော့သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ဤအချိန်အပိုင်းအခြားလေးအား နှစ်ခြိုက်နေသည်ကို သူကသိ၍ မည်သည့်စကားမှ ဝင်မပြောပေ။

" မင်း "

စုန့်ချွဲမှာ တိုးတိုးလေး ရေရွတ်လိုက်သည်။ ဤနေရာတွင် ပိုင်ရှောင်ချန်းနှင့် တွေ့ရလိမ့်မည်ဟု သူ လုံးဝမတွေးထားမိပေ။ ဤဖြစ်ရပ်ကြီးကို လုံးဝ မျှော်လင့်မထားသဖြင့် သူ၏အတွေးများမှာ ဂယောင်ခြောက်ခြားဖြစ်သွားတော့သည်။ ထို့ကြောင့် ကျိုးရီရှင်းနှင့် ပိုင်ဟောက်တို့၏ အမူအရာများကိုပင် သူ သတိမထားမိတော့ပေ။

ပိုင်ရှောင်ချန်းမှာမူ ချောင်းဟန့်၍ပြုံးကာဆိုလိုက်သည်။ " ဟေး ချွဲအာလေး "

စိတ်ထဲတွင်မူ သူသည် မည်သည့်အရာနှင့်မျှ နှိုင်းယှဥ်၍မရနိုင်လောက်အောင် ကျေနပ်ပျော်ရွှင်နေတော့သည်။

စုန့်ချွဲမှာ ချွဲအာဟု အခေါ်ခံလိုက်ရသည်နှင့် တစ်ကိုယ်လုံး ပေါက်ကွဲလုမတတ်ခံစားလိုက်ရတော့သည်။ သို့သော် မြေရိုင်းဒေသထဲတွင် သူကြုံတွေ့ခဲ့ရသော အရာအားလုံးကြောင့် သူသည် သူ့ကိုယ်သူ အနည်းငယ်မျှ ရင့်ကျက်လာပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူ၏ မပျော်ရွှင်မှုကို ဖုံးကွယ်၍ ယုံကြည်မှု အပြည့်ဖြင့်အော်ပြောလိုက်လေသည်။

" ငရဲဧကရာဇ်ရဲ့ရှေ့ကို မင်းမလို့ရောက်လာရဲတယ်။ အတင့်ရဲလှပါလားကွ "

သူနှင့် ပိုင်ရှောင်ချန်းတို့သည် အဏ္ဏဝါခေါ်သံဂိုဏ်းမှ မိတ်ဆွေဂိုဏ်းသားများ ဖြစ်နေကြသည်မဟုတ်ပါလော။ ပိုင်ရှောင်ချန်းအား တွေ့လိုက်ရသည့်အတွက် သူ အလွန်ပျော်ရွှင်သွားသည်တော့ မဟုတ်ပေ။ ထို့အပြင် သူ၏နာမည်ကိုပင် ထုတ်မပြောလိုက်သော်လည်း ပိုင်ဟောက်မှာ ငရဲဧကရာဇ် ဖြစ်နေကြောင်း သဲလွန်စ ခပ်ရေးရေးလေး ပေးလိုက်လေသည်။

" ငါသူ့ကို အခွင့်အရေးတစ်ခု ပေးတယ်နော် "

သူက တွေးလိုက်လေသည်။

" သူသာ အသိဉာဏ်ရှိမယ်ဆိုရင် ဒီနေရာကနေ ချက်ချင်းထွက်ပြေးရင်ပြေး၊ မပြေးရင်လည်း ဒီကိစ္စကို ဖြေရှင်းဖို့ တစ်ခုခုလုပ်လိမ့်မယ်။ အဲဒီလိုမှ မလုပ်ရင်တော့ သူသေမှာပဲ။ ပြီးတော့ ငါ့ကိုလည်း အပြစ်တင်လို့ရမှာ မဟုတ်ဘူး "

ထိုသို့ဆိုကာ သူသည် ပိုင်ရှောင်ချန်းကို စိုက်ကြည့်လိုက်ပြီး သူတို့နှစ်ယောက်မှာ ယခုတွင် လုံးဝမတူညီသော အဆင့်အတန်းနှစ်ခုသို့ရောက်နေပြီဖြစ်ကြောင်းတွေးကာ စိတ်ထဲတွင်ခေါင်းယမ်းနေတော့သည်။

ငရဲဧကရာဇ်၏ အချစ်တော်တစ်ယောက်ဖြစ်သွားသည့်အတွက် သူ့ထံတွင် ပိုင်ရှောင်ချန်း ယှဥ်နိုင်မည်မဟုတ်သည့် ရာထူးဂုဏ်အရှိန်အဝါတစ်ခု ရှိသွားပြီဖြစ်သည်။ ထိုရာထူးမှာ မြင့်မားလွန်းလှသည့်အတွက် မကြာမီတွင် သူအမြဲတမ်း စိတ်ကူးယဥ်ခဲ့ရသည့်အတိုင်း ပိုင်ရှောင်ချန်းအား သူ၏ခြေထောက်အောက်တွင် နင်းခြေနိုင်ခွင့်ကို ရရှိနိုင်တော့မည်မှာ သေချာသလောက်ပင် ဖြစ်နေတော့သည်။

" ကံပဲကွ " သူ့ကိုယ်သူ ရေရွတ်နေတော့သည်။

" ပိုင်ရှောင်ချန်းရေ ပိုင်ရှောင်ချန်း၊ မင်း သိပ်ကံဆိုးတာပဲ။ မင်းက မြေရိုင်းဒေသမှာ အသတ်မခံရဖို့အရေး ထွက်ပြေးနေရတဲ့ ရာဇဝတ်သားတစ်ကောင်ထက် မပိုခဲ့ပါဘူး။ ငါကတော့ ငရဲဧကရာဇ်ရဲ့ အချစ်တော်လေး ဖြစ်ခဲ့တာကွ။ ငါ့ရဲ့ အရေးပါတဲ့ ရာထူးဂုဏ်အရှိန်ဝါနဲ့ဆိုရင် ငါက မင်းစိတ်ကူးထဲကထက်ကို အများကြီးတန်ခိုးအာဏာ ကြီးမားတယ်ကွ "

စုန့်ချွဲသည် ပိုင်ရှောင်ချန်းအား သနားနေသည့် မျက်ဝန်းဖြင့် အထင်သေးစွာ ကြည့်လိုက်လေသည်။ ထို့နောက် စိတ်ထဲတွင် သက်ပြင်းချလိုက်တော့သည်။ သူတို့နှစ်ယောက်၏အတိတ်ကြောင့် အကယ်၍ သူသာပိုင်ရှောင်ချန်းအား ကယ်တင်နိုင်မည်ဆိုပါက ကယ်တင်သင့်ပေသည်။ သူတို့နှစ်ယောက်စလုံးမှာ အဏ္ဏဝါခေါ်သံဂိုဏ်းမှ ဖြစ်နေသည်မဟုတ်လော။

ထိုစဥ် သူသည် ရုတ်တရက် ပိုင်ရှောင်ချန်းမှာ ပိုင်ဟောက်၏အရှေ့တွင် မည်သည့် အကြောင်းကြောင့် ရှိနေရသည်ကို အံ့သြမိသွားပြီး သူတို့နှစ်ဦးအကြားတွင် တင်းမာမှုများ၊ ပဋိပက္ခများ ရှိမနေသည်ကိုလည်း သတိထားမိလိုက်သည်။ ထိုအချင်းအရာကို တွေးတောသုံးသပ်ရန် ပြင်လိုက်စဥ်မှာပင် ပိုင်ရှောင်ချန်းက ချောင်းဟန့်လိုက်လေသည်။ ယခုတွင်မူ ပိုင်ရှောင်ချန်းသည် စုန့်ချွဲကို ကောင်းကောင်းသိသူတစ်ယောက်ဖြစ်၍ သူက ယုတ်မာသော လုပ်ရပ်များကို ကြံစည်မည်မဟုတ်ကြောင်း သိလိုက်တော့သည်။

ထို့ကြောင့် စုန့်ချွဲအပေါ်ထားရှိသော သူ၏ထင်မြင်ချက်မှာ ပို၍ပင် ကောင်းမွန်သွားတော့သည်။ ထို့အပြင် သူတို့သည် အရေးကြီးသော အခြေအနေတစ်ခုသို့ ရောက်ရှိနေသည်ဖြစ်ပြီး သူသည်စုန့်ချွဲ၏ ဦးလေးဖြစ်သောကြောင့် ရုတ်တရက် အကာအကွယ်ပေးလိုစိတ်များပင် အနည်းငယ်ပေါ်လာတော့သည်။

" အာ ထားပါတော့ကွာ " သူကတွေးလိုက်လေသည်။

" သူ့ဆီက လေးစားမှုမရလည်း ငါအဆင်ပြေပါတယ်။ "

သူ့တူလေးကောင်းကျိုးအတွက် ဆောင်ရွက်နေသည်ဟူသော ခံစားချက်ကြီးဖြင့် သူသည် ပိုင်ဟောက်အား တစ်ချက်လှမ်းကြည့်လိုက်ပြီး ကျိုးရီရှင်းအား လက်ညှိုးထိုးပြလိုက်သည်။

" ဟောက်အာရေ။ ဒီကျိုးရီရှင်းဆိုတဲ့လူက ငါ့နောက်လိုက်အဖြစ် နှစ်ပေါင်းများစွာ ရှိနေပေးခဲ့တာ။ သူက ငါ့ကိုအမြဲတမ်း ကူညီထောက်ပံ့ပေးပြီး ငါ့အတွက် ဝေရာဝစ္စတွေအများကြီး လုပ်ပေးခဲ့တာ။ အခုငါသွားရတော့မှာဆိုတော့ သူ့ကို မင်းရဲ့နောက်လိုက်အဖြစ် လက်ခံမယ်လို့ ငါမျှော်လင့်ပါတယ် "

ကျိုးရီရှင်းအတွက်မူ ထိုစကားများမှာ ဂီတသံစဥ်များကဲ့သို့ဖြစ်နေတော့သည်။ သူ၏နှလုံးသားမှာ ပျော်ရွှင်မှုအပေါင်းဖြင့် တုန်ရီနေပြီး ကမ္ဘာပေါ်တွင် ကံအကောင်းဆုံးလူသားတစ်ယောက်ဟုပင် ခံစားလိုက်ရတော့သည်။ သူ၏စိတ်နှလုံးထဲတွင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေသဖြင့် အသားများပင် တုန်ရီလာနေသည့် အဆင့်အထိ ရောက်သွားတော့သည်။

" သခင်၊ ကျေးဇူးအများကြီးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် သခင် "

သူသည် မြေရိုင်းသား အောက်လမ်းဆရာ အစစ်တစ်ယောက်ဖြစ်သည့်အတွက် ပိုင်ရှောင်ချန်း တွေးထားသည်ထက်ပင် ငရဲဧကရာဇ်အား အလွန် လေးစားကြည်ညိုကာ ချစ်ကြောက်ရိုသေမှုအပြည့်ရှိသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်း၏ စကားများကို ကြားလိုက်ရသောအခါ သူသည် စိတ်ငြိမ်ငြိမ် မထားနိုင်တော့ပေ။

ငရဲဧကရာဇ်ကိုသာ သူခစားရပါက သက်ရှိကမ္ဘာတွင် တမန်တော်တစ်ယောက်ကဲ့သို့ဖြစ်သွားမည်ဖြစ်သည်။ ၎င်းရာထူးမှာ ကောင်းကင်ဘုရင်လေးပါး၏ အဆင့်နီးပါးအထိ မြင့်မားသော ဂုဏ်ထူးကျက်သရေများကို သူ့အားပေးစွမ်းနိုင်မည်လည်းဖြစ်သည်။

ထို့အပြင် ယခုမှစ၍ သူ၏မျိုးနွယ်စုသည် သူ့အား မျိုးနွယ်စု၏ ခေါင်းဆောင်လောင်းအဖြစ် ထပ်မံ ဆက်ဆံရဲတော့မည်မဟုတ်ပေ။ ထိုသို့ရာထူးမျိုးမှာ သူ့အဆင့်အတန်းနှင့် သင့်လျော်မှုရှိမည်မဟုတ်ပေ။

သူ၏ မျိုးနွယ်စုမှ သာမန်မျိုးနွယ်စုဝင်များသာမက ခေါင်းဆောင်ကြီးများကပါ သူ့အား အားကိုးအားထားပြုရတော့မည်လည်းဖြစ်သည်။ လူတိုင်းမှာ သူ့အား တလေးတစား ဆက်ဆံရတော့မည်ဖြစ်သည်။

ကျိုးရီရှင်းမှာ ပျော်ရွှင်မြူထူးနေစဥ် စုန့်ချွဲ၏မျက်လုံးများမှာမူ ပန်းကန်ပြားများအလားပြူးကျယ်နေတော့သည်။ ထိုအချိန်တွင် သူ၏ ယုံကြည်မှုများနှင့် ဝင့်ဝါမှုများမှာအားလုံးမှာ ဝေဝါးသွားပြီး ရုတ်တရက်ဆိုသလို အသိစိတ်ပျောက်လုမတတ်ဖြစ်သွားတော့သည်။ သူ၏နှလုံးသားထဲတွင် မယုံကြည်နိုင်သော ခံစားချက်ကြီးတစ်ခုပေါ်ထွက်လာပြီး ထင်ယောင်ထင်မှား ဖြစ်နေသလားဟုပင် တွေးနေမိတော့သည်။

" မင်း၊ ငရဲဧကရာဇ်ကို ဟောက်အာလို့ ခေါ်လိုက်တာလား "

သူကမေးလိုက်သည်။ ထို့နောက် သူ၏အကြည့်ကို ပိုင်ရှောင်ချန်းထံမှ ကျိုးရီရှင်းဆီသို့ ပြောင်းလိုက်သည်။ " ပြီးတော့ မင်းကရော... သူ့ကို သခင်လို့ ခေါ်လိုက်တာလား "

" ဒါ အမှားတစ်ခုခုလား။ တစ်...တစ်ခုခုတော့ လွဲနေပြီ... "

သူသည် စကားပင်မပြောနိုင်တော့ပဲ ချာချာလည်နေသည့်ခေါင်းကို ရပ်တန့်ရန် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်တော့သည်။ သူသည် မခံမရပ်နိုင်လောက်အောင် အလွန်အမင်းတုန်လှုပ်ခြောက်ခြားနေပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာမူ အနည်းငယ်လန့်ဖျန့်၍ စိုးရိမ်သွားပြီး ဤအချင်းအရာမှာ စုန့်ချွဲအတွက် ကြီးမားသောထိုးနှက်ချက်ကြီးတစ်ခုဖြစ်နေကြောင်း ရိပ်မိသွား၍ လက်ရှိအခြေအနေကိုဖြေရှင်းရန် နည်းလမ်းကို ကြိုးစားေဖာ်ထုတ်နေတော့သည်။

ကျိုးရီရှင်းမှာ အလွန်စိတ်လှုပ်ရှားနေသော်လည်း စုန့်ချွဲ၏ စကားကြောင့် သူ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်ပေါက်လာသည်။ ထို့နောက် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး စုန့်ချွဲအတွက် စိတ်မကောင်းဖြစ်နေတော့သည်။

ပိုင်ဟောက်မှာလည်း ထိုနည်းတူပင်။ သို့သော် သူသည်ခြောက်ကပ်ကပ်ပြုံးလိုက်ပြီး ပိုင်ရှောင်ချန်းဘက်သို့ လှည့်၍ လက်ယှက်ကာ ဂါဝရပြုလိုက်သည်။

" အမိန့်ကိုနာခံပါ့မယ် ဆရာ "

သက်ရှိကမ္ဘာတွင် ထားရှိရမည့် သူ၏တမန်တော်ကို ရွေးချယ်ရာတွင် အခြားတစ်ယောက်သာ အကြံပေးလာပါက ပိုင်ဟောက်မှာ စဥ်းစားနေဦးမည်ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ ထိုရာထူးအား ကျိုးရီရှင်းကိုပေးရန်အကြံပေးလိုက်သဖြင့် ထိုရာထူးအတွက် စိတ်ပူမနေတော့ပေ။

ထို့အပြင် သူသည် ယခင်ကအတိုင်းပင် ပိုင်ရှောင်ချန်းထံမှ ညွှန်ကြားချက်ကို လက်ခံလိုက်သည်လည်းဖြစ်သည်။ သူ၏ အမူအရာကြောင့် စုန့်ချွဲမှာ မိုးကြိုးအချက်ပေါင်း သိန်းသန်းမက ပစ်ခံလိုက်ရသည့်အလား ဖြစ်သွားတော့သည်။

" မင်းကရော...သူ့ကို ဆရာလို့ခေါ်လိုက်တာလား "

All Chapters