← Chapters

အခန်း (၃၅၆)

Vol. 33 Ch. 356

အခန်း (၃၅၆)

Vol. 33 Ch. 356

ငါ ဒီလောက် ကြိုးစားပမ်းစား လုပ်နေတာတောင် ဘာမှမလုပ်ဘဲ အေးအေးလူလူ နေနေတဲ့သူကိုတောင် မကျော်နိုင်ဘူးတဲ့လား။

မဟာလော့ဧကရာဇ်သည် အလွန်အမင်း မကျေမနပ် ဖြစ်သွားသည်။ သူသည် တွေးမိလေ စိတ်ပျက်လေ ဖြစ်လာပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်သည် - "တစ်ယောက်ယောက် လာခဲ့စမ်း"

မိန်းမစိုးအိုကြီးတစ်ဦး ဝင်လာပြီး ရိုသေစွာဖြင့် - "အရှင်မင်းကြီး၊ ဒီကျွန်တော်မျိုးကို ဘာများ ခိုင်းစေချင်လို့ပါလဲ" ဟု မေးလိုက်သည်။

မဟာလော့ဧကရာဇ်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည် - "မဟာရှနိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့်ပြီး ငါ့ကို နေ့တိုင်း အစီရင်ခံစာ တင်ပြစမ်း"

မိန်းမစိုးအိုကြီးက - "အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" ဟု ပြန်လည် ဖြေကြားလိုက်သည်။

မဟာလော့ဧကရာဇ်က ခဏမျှ စဉ်းစားပြီး ထပ်လောင်း ပြောကြားလိုက်သည် - "ပြီးတော့ မဟာရှဧကရာဇ်ရဲ့ လှုပ်ရှားမှုတွေကိုလည်း တင်ပြရမယ်"

"မှန်လှပါ အရှင်မင်းကြီး"

ညီလာခံ ပြီးဆုံးပြီးနောက် သူသည် ဧကရာဇ်၏ အမိန့်တော်အတိုင်း လုပ်ဆောင်ရန် လက်အောက်ခံများကို ချက်ချင်း ညွှန်ကြားလိုက်တော့သည်။

နှစ်ရက် ကုန်ဆုံးသွားပြီးနောက် မဟာရှနိုင်ငံမှ နောက်ဆုံးရသတင်းများ ရောက်ရှိလာသည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါရစေ။ မဟာရှနိုင်ငံဟာ နှင်းကပ်ဘေးရဲ့ သက်ရောက်မှုကို မခံရဘဲ ပြည်သူတွေဟာ အေးချမ်းသာယာစွာ နေထိုင်နေကြပါတယ်။ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းနေပါတယ်"

မဟာလော့ဧကရာဇ်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး - "အင်း... ဆက်ပြောဦး"

မိန်းမစိုးက ဆက်လက် အစီရင်ခံသည် - "မဟာရှဧကရာဇ်နဲ့ ပတ်သက်လို့ကတော့ ကျွန်တော်မျိုးတို့ရဲ့ လျှို့ဝှက်သတင်းရင်းမြစ်တွေအရ သူဟာ နေအတော် မြင့်မှသာ အိပ်ရာက နိုးထလေ့ရှိပါတယ်။ မနက်စာ စားပြီးနောက် နိုင်ငံတော်ကိစ္စတွေကို နာရီဝက်လောက်ပဲ ကိုင်တွယ်ဖြေရှင်းပြီး နောက်ဖေးဥယျာဉ်ထဲမှာ ကြင်ယာတော်တွေနဲ့အတူ ပုလွေမှုတ်လိုက်၊ ဇီသာတီးလိုက်၊ ကဗျာစပ်လိုက်နဲ့ အချိန်ဖြုန်းနေတတ်ပါတယ်။ ညဘက်မှာတော့ ကြင်ယာတော် ချူးရဲ့ နန်းဆောင်မှာ အိပ်စက်အနားယူပါတယ်"

မဟာလော့ဧကရာဇ်၏ မျက်နှာမှာ မဲ့ရွဲ့သွားခဲ့သည်။

သူကိုယ်တိုင်မှာမူ နှင်းကပ်ဘေးကြောင့် နေ့ရောညပါ မအိပ်နိုင်ဘဲ မျက်ကွင်းများပင် ညိုနေပြီ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ထိုခွေးသူတောင်းစား ဧကရာဇ်က နေမြင့်သည်အထိ အိပ်နိုင်သေးသည်၊ တကယ်ကို အိပ်ပုတ်ကြီးလှပေသည်။

သူကတော့ နှင်းကပ်ဘေးအတွက် အိပ်ရာနိုးသည်နှင့် နိုင်ငံတော်ကိစ္စများကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းရပြီး အနည်းငယ်မျှပင် လက်တွန့်မနေရဲပေ။ တစ်နေ့တာ၏ ၁၂ နာရီအတွင်း အနည်းဆုံး ၈ နာရီခန့်ကို နိုင်ငံတော်ကိစ္စများအတွက် အချိန်ပေးနေရသည်။

ထိုခွေးသူတောင်းစား ဧကရာဇ်ကမူ နာရီဝက်ခန့်သာ အချိန်ပေးပြီး ကျန်ရှိသည့် အချိန်များကို မိန်းမများနှင့်အတူ ပျော်ပါးကာ ကောင်းစားနေသည်။

မဟာလော့ဧကရာဇ်သည် စိတ်ထဲတွင် မနာလို ဖြစ်နေသော်လည်း အထင်သေးဟန်ဖြင့် - "ဟွန့်... အပျော်အပါးမှာပဲ နစ်မွန်းပြီး နိုင်ငံတော်ကိစ္စတွေကို လျစ်လျူရှုနေတာပဲ။ အသုံးမကျတဲ့ မင်းမိုက်တစ်ယောက်ရဲ့ ပုံစံမျိုးပဲ။ ကြည့်နေလိုက်ပါ၊ ဒီခွေးဧကရာဇ်ဟာ အနှေးနဲ့အမြန် ပျက်စီးသွားလိမ့်မယ်"

"အရှင်မင်းကြီး မိန့်ကြားတာ အလွန်မှန်လှပါတယ်"

နောက်တစ်နေ့တွင် မဟာရှနိုင်ငံမှ နောက်ဆုံးရသတင်းများကို ထပ်မံ တင်ပြလာသည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါရစေ။ မဟာရှနိုင်ငံဟာ နှင်းကပ်ဘေးရဲ့ သက်ရောက်မှုကို မခံရဘဲ ပြည်သူတွေဟာ အေးချမ်းသာယာစွာ နေထိုင်နေကြပါတယ်။ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းနေပါတယ်"

မဟာလော့ဧကရာဇ်၏ မျက်နှာမှာ ချက်ချင်းဆိုသလို မည်းမှောင်သွားပြီး - "ဆက်ပြော"

မိန်းမစိုးက ဆက်လက် အစီရင်ခံသည် - "မဟာရှဧကရာဇ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ သူဟာ နေမြင့်မှ နိုးထမြဲပဲ ဖြစ်ပါတယ်။ မနက်စာ စားပြီးနောက် နိုင်ငံတော်ကိစ္စတွေကို နာရီဝက်လောက် ကိုင်တွယ်ပြီး ကြင်ယာတော် ရှန်းနဲ့ ကြင်ယာတော် ချူးတို့နဲ့အတူ ကခုန်ဖျော်ဖြေမှုတွေကို ကြည့်ရှုရင်း အချိန်ကုန်ဆုံးခဲ့ပါတယ်။ ညဘက်မှာတော့ ကြင်ယာတော် ယွဲ့ရဲ့ နန်းဆောင်မှာ အိပ်စက်ခဲ့ပါတယ်"

မဟာလော့ဧကရာဇ်၏ မျက်နှာမှာ ထပ်မံ၍ တွန့်လိမ်သွားပြန်သည်။

သူကိုယ်တိုင်မှာ နှင်းကပ်ဘေးကြောင့် အလွန်အလုပ်ရှုပ်နေသဖြင့် သူချစ်မြတ်နိုးသော ကြင်ယာတော်များနှင့်ပင် အချိန်မပေးနိုင်ပေ။

ဤကောင်ကမူ နိုင်ငံတော်ကိစ္စများကို ပစ်ထားပြီး မိန်းမများနှင့်သာ အချိန်ကုန်နေသည်။ ဘယ်လောက်တောင် သာယာစရာကောင်းတဲ့ ဘဝလဲ။

မဟာလော့ဧကရာဇ်သည် သူ၏ မနာလိုစိတ်ကို ဝန်မခံချင်သဖြင့် အထင်သေးဟန်ဆောင်ကာ - "တကယ့်ကို မင်းမိုက်ပဲ။ မဟာရှနိုင်ငံဟာ သူ့လက်ထက်မှာ ပျက်စီးသွားခဲ့ရင် ငါကိုယ်တော် အံ့ဩမှာ မဟုတ်ဘူး"

တတိယမြောက်နေ့တွင် မဟာရှနိုင်ငံမှ နောက်ဆုံးအခြေအနေများကို ထပ်မံ တင်ပြလာပြန်သည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါရစေ။ မဟာရှနိုင်ငံဟာ နှင်းကပ်ဘေးရဲ့ သက်ရောက်မှုကို မခံရဘဲ ပြည်သူတွေဟာ အေးချမ်းသာယာစွာ နေထိုင်နေကြပါတယ်။ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းနေပါတယ်"

မဟာလော့ဧကရာဇ်၏ မျက်နှာမှာ နောက်တစ်ကြိမ် ပျက်ယွင်းသွားပြီး - "ဆက်ပြော"

"မဟာရှဧကရာဇ်ဟာ နေမြင့်သည်အထိ အိပ်စက်ပြီးမှ နိုးထခဲ့ပြန်ပါတယ်။ မနက်စာ စားပြီးနောက်မှာတော့ နိုင်ငံတော်ကိစ္စတွေကို မလုပ်ဆောင်ဘဲ စစ်စခန်းကိုသွားပြီး စစ်သူကြီး ချိုင်ယွီရှင်းထံ သွားရောက်ခဲ့ပါတယ်။ ပြန်ရောက်လာတဲ့အခါမှာတော့ ကြင်ယာတော် ချူးနဲ့ ကြင်ယာတော် ယွဲ့တို့နဲ့အတူ ကခုန်ဖျော်ဖြေမှုတွေကို ကြည့်ရှုရင်း ထမင်းလက်ဆုံ စားခဲ့ပါတယ်။ ညဘက်မှာတော့ ကြင်ယာတော် ရှန်းရဲ့ နန်းဆောင်မှာ အိပ်စက်ခဲ့ပါတယ်"

မဟာလော့ဧကရာဇ်၏ မျက်နှာမှာ ထပ်မံ၍ မဲ့ရွဲ့သွားပြန်သည်။

သူသည် မထိန်းနိုင်တော့ဘဲ - "ဒီခွေးဧကရာဇ်က မိန်းမတွေ မရှိရင် မနေနိုင်ဘူးလား။ နေ့တိုင်း မိန်းမတစ်ယောက်မဟုတ် တစ်ယောက်နဲ့ အချိန်ဖြုန်းနေတာပဲ။ တကယ့်ကို တစ်ယောက်ကိုမှ မလွတ်အောင် မျှမျှတတ အလိုလိုက်နေတာပဲ။ မင်းမိုက်... တကယ့်ကို အကြီးစား မင်းမိုက်ပဲ" ဟု လွှတ်ခနဲ ပြောမိသွားသည်။

စတုတ္ထမြောက်နေ့တွင် မဟာရှနိုင်ငံမှ နောက်ဆုံးရသတင်းများ ရောက်ရှိလာသည်။

မိန်းမစိုး၏ မျက်နှာကို ကြည့်ခြင်းဖြင့် သူမျှော်လင့်ထားသည့် ရလဒ် ထွက်မလာကြောင်း မဟာလော့ဧကရာဇ် သိလိုက်သည်။

သူသည် ငြီးငွေ့စွာဖြင့် လက်ကာပြလိုက်ပြီး - "မဟာရှနိုင်ငံက ဘာသတင်းအသစ်မှ မရှိရင် ငါ့ကို လာမပြောနဲ့တော့။ ငါ မကြားချင်ဘူး"

"အရှင်မင်းကြီး၊ ဒီတစ်ခါတော့ နည်းနည်း ထူးခြားပါတယ်"

မဟာလော့ဧကရာဇ်က ဇဝေဇဝါဖြင့် ခေါင်းမော့ကြည့်ကာ - "ဘာထူးခြားလို့လဲ"

မိန်းမစိုးက ချက်ချင်း အစီရင်ခံလိုက်သည် - "မဟာရှဧကရာဇ်က ဒီနေ့ စောစောနိုးပါတယ်၊ မနက်စာ စားပြီးတာနဲ့ သူချစ်မြတ်နိုးတဲ့ ကြင်ယာတော်တွေအားလုံးကို ခေါ်ပြီး နန်းတော်ထဲက ထွက်သွားပါတယ်။ သူတို့ဟာ ရတနာသင်္ဘောကြီးကို စီးပြီး မဟာရှနိုင်ငံရဲ့ တောတောင်ရေမြေ အလှအပတွေကို လှည့်လည်ကြည့်ရှုနေကြပါတယ်။ ညဘက်မှာတော့ သင်္ဘောပေါ်မှာပဲ အိပ်စက်အနားယူကြပါတယ်။ အဲဒီညမှာ ကြင်ယာတော် ရှန်းက ပြုစုပေးခဲ့တယ်လို့ သိရပါတယ်"

မဟာလော့ဧကရာဇ်၏ မျက်နှာမှာ နောက်တစ်ကြိမ် ထပ်မံ၍ တွန့်လိမ်သွားပြန်သည်။

‘ ဒါက ဘာထူးခြားလို့လဲ….’

‘နေရာပြောင်းပြီး ပျော်ပါးနေတာပဲ မဟုတ်လား။ အတူတူပဲလေ'

ထိုအချိန်တွင် လင်းပိုင်ဖန်မှာ တကယ်ပင် အပျော်အပါးတွင် နစ်မွန်းနေခြင်း ဖြစ်သည်။

နိုင်ငံတော်မှာ တည်ငြိမ်နေပြီး ပြည်သူများမှာလည်း အေးချမ်းစွာ အလုပ်လုပ်ကိုင်နေကြသဖြင့် သူ့အနေဖြင့် စိတ်ပူစရာ ဘာမှမရှိပေ။

ထို့ကြောင့် သူသည် သူ၏ မိန်းမများကို အချိန်ပေးရန်နှင့် သူ၏ မျိုးဆက်ပြန့်ပွားရေးအတွက်သာ အာရုံစိုက်နေတော့သည်။ ဤအရာသည်လည်း နိုင်ငံတော်အတွက် ပင်ပန်းခံ လုပ်ဆောင်ပေးနေခြင်းဟု မှတ်ယူနိုင်သည် မဟုတ်ပါလား။

တိတ်တဆိတ် သူသည် ကောင်းကင်သို့ အေးဆက်သော လေထုများကို ပို့လွှတ်နေပြီး ထိုလေပြင်းများကို မဟာလော့နိုင်ငံဘက်သို့ တိုက်ခတ်စေကာ အိမ်နီးချင်းနိုင်ငံ၏ ခံနိုင်ရည်ကို စမ်းသပ်ပေးနေသည်။

မဟာလော့ဧကရာဇ် - (⊙ _ ⊙)

လေပြင်းများနှင့် နှင်းများ ကျဆင်းနေမှုမှာ တစ်လကျော်ကြာ တိုက်ခတ်ခဲ့ပြီးနောက် နောက်ဆုံးတွင် စတင်၍ လျော့ပါးလာခဲ့သည်။

အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး ရေခဲနှင့် နှင်းများ စတင်အရည်ပျော်လာလေသည်။

ဤသည်မှာ တစ်လကြာတွင် နှင်းကပ်ဘေးကြီးက နောက်ဆုံးတွင် ပြီးဆုံးတော့မည်ဖြစ်ကြောင်း ပြသနေခြင်း ဖြစ်သည်။

ဤသည်မှာ တစ်ကမ္ဘာလုံးကို သက်ရောက်စေခဲ့သော ကပ်ဘေးတစ်ခုဖြစ်ပြီး ပြည်သူများစွာမှာ တိတ်တဆိတ် သေဆုံးခဲ့ကြရကာ အိမ်တိုင်းလိုလိုမှာ ဝမ်းနည်းပူဆွေးမှုများဖြင့် ကျန်ရစ်ခဲ့သည်။

နိုင်ငံများစွာမှာလည်း နိုင်ငံတော်အင်အား ဆုတ်ယုတ်သွားခဲ့ပြီး ယခင်ကကဲ့သို့ မတောင့်တင်းတော့ပေ။

တကယ်ကို ဝမ်းနည်းစရာကောင်းလှသော ဆောင်းရာသီပင် ဖြစ်လေ၏။

မဟာလော့နန်းတော်အတွင်း၌ ဘဏ္ဍာရေးဝန်ကြီးသည် နှင်းကပ်ဘေးကြောင့် ဆုံးရှုံးမှုများကို မဟာလော့ဧကရာဇ်ထံ တင်ပြနေလေသည်။

"အရှင်မင်းကြီးကို လျှောက်တင်ပါရစေ။ မူလ စာရင်းဇယားတွေအရ ဒီနှင်းကပ်ဘေးမှာ လူဦးရေ တစ်သန်းနီးပါး သေဆုံးခဲ့ပါတယ်"

"ဒါ့အပြင် အချိန်မီ မကယ်တင်နိုင်ခဲ့တာကြောင့် နွား ၁၂,၀၀၀၊ မြင်း ၈,၀၀၀၊ မြည်း ၆,၀၀၀၊ သိုး ၆,၀၀၀၊ ဝက် ၁၅,၀၀၀ နဲ့ ကြက်၊ ဘဲ၊ ငန်း အကောင်ရေ တစ်သိန်းကျော်လောက် အေးခဲပြီး သေဆုံးခဲ့ရပါတယ်"

"တခြား ဆုံးရှုံးမှုတွေအနေနဲ့ကတော့..."

အစီရင်ခံစာကို နားထောင်ပြီးနောက် မဟာလော့ဧကရာဇ်၏ မျက်နှာမှာ အလွန်ပင် လေးလံတည်ကြည်နေသည်။

သူသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး - "ဒီနှင်းကပ်ဘေးက ဒီလောက်အထိ ဆိုးရွားလိမ့်မယ်လို့ ငါကိုယ်တော် မမျှော်လင့်ထားခဲ့ဘူး။ ငါတို့ တော်တော်လေး ပြင်ဆင်ထားခဲ့တာတောင် ကြီးမားတဲ့ ပေးဆပ်မှုတွေက ရှိသေးတယ်။ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ လူတွေရဲ့ ကြိုးပမ်းအားထုတ်မှုက တစ်ခါတစ်ရံမှာ အကန့်အသတ် ရှိနေတတ်တယ်။ ငါတို့ လူသားတွေက နောက်ဆုံးတော့ အားနည်းလွန်းနေတုန်းပဲ" ဟု ပြောလိုက်သည်။

"အရှင်မင်းကြီး မိန့်ကြားတာ အလွန်မှန်လှပါတယ်" ဟု အမတ်များကလည်း မျက်နှာညှိုးငယ်စွာဖြင့် လျှောက်တင်ကြသည်။

"ဒါပေမဲ့ ငါတို့တွေ ကြံ့ကြံ့ခံနိုင်ခဲ့ပြီ"

မဟာလော့ဧကရာဇ်က အော်ဟစ်လိုက်သည် - "ဒါဟာ အောင်ပွဲပဲ။ ခက်ခဲခဲ့ပေမဲ့ ငါတို့ အနိုင်ရခဲ့တယ်။ အခုတော့ အမတ်မင်းတို့အားလုံး ငါနဲ့အတူ ငါတို့ရဲ့ နေရပ်တွေကို ပြန်လည်တည်ဆောက်ပြီး မဟာလော့နိုင်ငံကို ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်ကြစို့"

"မှန်လှပါ အရှင်မင်းကြီး" ဟု အမတ်အားလုံးက တညီတညွတ်တည်း ပြန်လည် ဖြေကြားလိုက်ကြသည်။

All Chapters