← Chapters

နင် ငါ့ကို ဖြေရှင်းချက်ပေးရမယ်၊ ပိုင်ရှောင်ချန်း

Vol. 9 Ch. 852

နင် ငါ့ကို ဖြေရှင်းချက်ပေးရမယ်၊ ပိုင်ရှောင်ချန်း

Vol. 9 Ch. 852

ပိုင်ရှောင်ချန်းသည် သခင်မလေးဟုန်ချိန်ကို မြင်လိုက်သည်နှင့်တစ်ပြိုက်နက် ဒိန်းခနဲ ရင်ခုန်သွားပြီး ဆူပုပ်သွားသည်။

မြေရိုင်းဒေသထဲရှိ သူကြောက်သည့်လူများအနက် သခင်မလေးဟုန်ချိန်က ထိပ်ဆုံးမှာ ရှိသည်။ ထိုမျှသာမက သရဲကြီးဘုရင် သူတို့နှစ်ယောက်အကြား အောင်သွယ်လုပ်ပေးသည့် ကျေးဇူးကြောင့် ကိစ္စများမှာ ပို၍ ရှုပ်ထွေးသွားသည်။

ပထမတွင် ကိစ္စတစ်ရပ်လုံးက အတန်ငယ်စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်း သူ တွေးနေခဲ့ပါသော်လည်း ကုန်းစွန်းဝမ်အာ၏ကိစ္စရပ်များဖြစ်ပျက်လာပြီးနောက် သခင်မလေးဟုန်ချိန်နှင့်ကိစ္စမှာ ခေါင်းကိုက်စရာကြီးဖြစ်သွားတော့သည်။

သူမ၏အနားတွင် မည်သို့ ပြုမူသင့်ကြောင်းကို သူ မသိတော့ပေ။ တစ်ဖက်တွင် သူက သူမကို တိုက်ခိုက်သင့်သည်ဟု ခံစားနေရသည်။ သူက သူမကို ပြိုင်ဘက်ပမာ တိုက်ခိုက်လာနိုင်ခြင်းကြောင့် မဟုတ်ပေ။ သို့သော်လည်း အခြားတစ်ဖက်တွင် ထိုကဲ့သို့ အရာမျိုးမလုပ်နိုင်သည့်အလား ခံစားနေရသည်။

" ငါက ထွက်သွားဖို့ ကြိုးစားတယ်။ ကျိုးကျစ်မိုက ငါ့လမ်းကို ပိတ်တယ် "

သူ ပထမဆုံးတွေးလိုက်မိသည်မှာ ထွက်ပြေးလိုက်ရန်သာ ဖြစ်သည်။

အမှန်တွင် သူ့ခေါင်းထဲ၌ ထိုအကြံပေါ်လာသည်နှင့် တစ်ပြိုင်နက် ပယ်ရှားရန်မဖြစ်နိုင်ကြောင်း သိလိုက်သည်။

" ချွဲအာ၊ ဒီတစ်ယောက်က မကောင်းဘူး။ သူ မင်းကို ဖမ်းဖို့ ဒီကို ရောက်လာတာ ဖြစ်မယ်။ သူ့ကို ရှောင်သွားကြရအောင် "

ထို့နောက် သူက လှည့်လိုက်ပြီး ဆန့်ကျင်ဘက်ကို ဦးတည်လိုက်သည်။

စုန့်ချွဲမှာ စိတ်ထဲတွင် လှောင်ပြောင်နေသည်။ သူသည် သခင်မလေးဟုန်ချိန်နှင့် ပိုင်ရှောင်ချန်းအကြား ဖြစ်ခဲ့သောကိစ္စအနည်းငယ်ကို သိထားသည် မဟုတ်ပါလော။ သို့သော် သူက ဘာမှမပြောဘဲ အရှိန်အနည်းငယ် လျှော့လိုက်သေးသည်။ ဤကိစ္စတွင် သူ ဝင်မပါချင်ပေ။

သခင်မလေးဟုန်ချိန်၏မျက်လုံံးလေးများထဲတွင် ရောထွေးနေသော ခံစားချက်များရှိေနပြီး ပိုင်ရှောင်ချန်းကို စိမ်းစိမ်းကားကား ကြည့်ရင်း တောင်ထိပ်ပေါ်တွင် ရပ်နေ၏။ သူမမှာ သူမနှင့် ပိုင်ရှောင်ချန်းကြားရှိ ကိစ္စများအား မည်သို့ရှုမြင်ရမည်ကို မတွေးတောနိုင်တော့ပေ။ ဖြစ်ပျက်ခဲ့သမျှအကြောင်းစုံက သူမ၏ခံစားချက်များကို အလွန်ရှုပ်ထွေးသွားစေသည်။

ဤနေရာသို့ မလာခဲ့သင့်ကြောင်းလည်း သူမသိသည်။ သို့သော် သူမ ရောက်နေလေပြီ။ ထို့နောက် သူမကို ဆူပုပ်ပုပ်ကြည့်နေသည့် သူ့ကို မြင်လိုက်ရပြီး သူမ၏ခန္ဓာကိုယ်ထဲတွင် မဖော်ပြနိုင်သောအပူမီးတောက်များ တဟုန်းဟုန်းတောက်လောင်လာတော့သည်။ အချိန်အနည်းငယ်ကြာသော် သူက သူမနှင့် စကားပင်လာမပြောသည်ကို သဘောပေါက်လိုက်သည်။ ထိုအစား သူက လှည့်၍ မတူညီသော အရပ်သို့ ဦးတည်သွား၏။ သူမ၏ဒေါသများ ပေါက်ကွဲသွားလေပြီ။

" ပိုင်ရှောင်ချန်း "

သူမ အော်လိုက်သည်။ သူမ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ပြင်းထန်စွာ ထစ်ခြုန်းမြည်ဟည်းသွားသည်။ ပိုင်ရှောင်ချန်းမှာ တစ်ကိုယ်လုံးတုန်တက်သွားပြီး အရှိန်တင်လိုက်သည်။ စုန့်ချွဲမှာမူ နောက်ဆုတ်လိုက်၏။

သခင်မလေးဟုန်ချိန်သည် အကြီးအကျယ် ဒေါသထွက်သွားပြီး လေကိုခွင်းလျက် စူးရှတောက်ပသော အနီရောင်အလင်းတန်းအလား တောင်ပေါ်မှ ပိုင်ရှောင်ချန်းဆီသို့ တဟုန်ထိုးဦးတည်သွားလေသည်။ ထို့နောက် သူမက ပိုင်ရှောင်ချန်းရှိရာဘက်သို့ ညာဖက်လက်ညှိုးကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်တွင် သူမ၏စိတ်ဆန္ဒ ပြည့်နှက်လာသောကြောင့် ကောင်းကင်ကြီးက အောက်ဖက်ရှိ အရာရာတိုင်းကို ချုပ်နှောင်ရင်း အနီရောင်ပြောင်းသွားတော့သည်။

ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်သွားသော်လည်း နည်းနည်းလေးပင် နှေးသွားခြင်း မရှိပေ။ နတ်တစ်ပါး၏ စွမ်းအား သက်ရောက်လာသဖြင့် သူ့ပတ်လည်ရှိ လေထုကြီး ရှုံ့တွသွားသည့်တိုင် ၄င်းက သူ့ကို နှောင့်နှေးသွားစေခြင်းငှာ မတတ်နိုင်ပေ။

ယခင်က သူသည် ထွက်ပြေးရန် နတ်ဘုရားစွမ်းရည်အနည်းငယ်အပေါ် အားထားခဲ့ရသည်။ သို့သော် ယခုတွင် သူသည် ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းတွင် ဖြစ်၍ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို အပြည့်အဝ တိုက်ခိုက်နိုင်စွမ်းရှိလေပြီ။

အမှန်တွင် သူသည် သူ၏ စွမ်းအားအကြီးဆုံးနတ်ဘုရားစွမ်းရည်ကို အသုံးပြုပါက အလယ်ပိုင်းနတ်အဆင့်ရှိ လူတစ်ယောက်ကိုပင် တိုက်ခိုက်နိုင်ပေသည်။

ပိုင်ရှောင်ချန်းက နတ်အဆင့်စွမ်းအား၏ အကာအကွယ်ကို ထိုးဖောက်လိုက်သည်နှင့် တစ်ပြိုင်နက် သခင်မလေးဟုန်ချိန်၏ မျက်လုံးများသည် အေးစက်သော အလင်းများဖြင့် စူးရှတောက်ပသွားပြီး မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်ရာ သူမ၏ မြေနီခယောင်းလမ်းအတတ်၏ စွမ်းအားများ ပေါ်ပေါက်လာတော့သည်။

၄င်းသည် ကုန်းစွန်းဝမ်အာကို ပိတ်လှောင်ရန် ယခင်က သူမ အသုံးပြုခဲ့သည့် ပြောင်မြောက်သော နတ်ဘုရားစွမ်းရည် သရဲကြီးလျှို့ဝှက်မှော်ပညာဖြစ်ပေသည်။ သရဲကြီးမြို့တော်အသေးစားပုံရိပ်က ပိုင်ရှောင်ချန်း၏ အရှိန်အဝါများကို ပျောက်ကွယ်စေပြီး သူ့ကို ပိတ်လှောင်ရန် ပြင်ဆင်ရင်း သူ့ပတ်လည်တွင် ဖြစ်တည်လာတော့သည်။

ပိုင်ရှောင်ချန်း မျက်နှာပျက်သွားသည်။ ဤမှော်ပညာရပ်သည် အသက်များစွာအလျော့ခံမှ ထုတ်ဖော်အသုံးပြုနိုင်သည့် သခင်မလေးဟုန်ချိန်၏ ဝှက်ဖဲတစ်ချပ်ဖြစ်ကြောင်း သူသိသည်။ ၄င်းမှာ သာမန်နတ်အဆင့်ကျင့်ကြံသူအများစု ဘယ်တော့မှ အသုံးပြုခွင့်ရှိမည် မဟုတ်သည့် စုန်းမှော်ပညာတစ်ရပ်ပင်။

"မင်း ရူးနေလား ကျိုးကျစ်မို "

သူက ဒေါသတကြီးအော်ဟစ်လိုက်သည်။

သခင်မလေးဟုန်ချိန်က ပို၍ပင် အရှိန်တင်လိုက်သည်။ သူမ ချဥ်းကပ်လာစဥ် သူမ၏လက်သည် မန္တန်လက်ကွက်တစ်ကွက်ဖြင့် လင်းလက်သွားရာ မြေနီခယောင်းလမ်း၏ ပိတ်လှောင်ခြင်းစွမ်းအားများ ပို၍အားကောင်းလာတော့သည်။

ပိုင်ရှောင်ချန်းမှာ သူ့ပတ်လည်တွင် ပြင်းထန်သောဆွဲအားတစ်ခု ဖြစ်တည်လာသဖြင့် တဂျိန်းဂျိန်းထစ်ခြုန်းသံများအား ကြားလိုက်ရလေသည်။ အမှန်တွင် သူသည် သခင်မလေးဟုန်ချိန်နှင့် ရန်ဖြစ်လိုစိတ်လုံးဝမရှိပေ။

" မင်းကိုယ်မင်း နိုင်မယ်လို့ ထင်နေလား ကျိုးကျစ်မို။ ငါမင်းကို ကြောက်နေတာလို့ တကယ် ထင်နေတာလား "

ဆွဲအားက သူ့ကို ရစ်ပတ်လာချိန် သူသည် လှည့်ပတ်လိုက်ပြီး ပို၍ကြီးထွားလာတော့သည်။ တချိန်တည်းမှာပင် မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများ သူရှိရာဘက်သို့ ပျံသန်းလာကြကာ နောက်ဆုံးတွင် ကျောက်ဘီလူးကြီးအသွင်ပြောင်းသွားတော့သည်။

၄င်းကား အသက်ဝင်တောင်ဂါထာပင်။

သူက အပြင်အားများ တဟုန်းဟုန်းတောက်လောင်နေလျက် ပြေးတက်လိုက်သည်။ ဤသည်မှာ ယင်ယန်ဝိညာဥ်အဆင့်ကို ကျော်လွန်ပြီး နတ်အဆင့်နှင့် တူညီသော ထာဝရအရိုး၏ မဟာစက်ဝန်းဖြစ်သည်။ မြေနီခယောင်းလမ်းပုံရိပ်ကြီးကို သူတိုက်ခိုက်လိုက်သည်နှင့်တစ်ပြိုင်နက် ၄င်းသည် သူ၏ အပြင်အားကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေပျက်စီးသွားတော့သည်။

" နင် ငါ့ကို ရှင်းပြရမယ် ပိုင်ရှောင်ချန်း "

ကျိုးကျစ်မိုက အော်ဟစ်လိုက်သည်။တခဏလေးပင် တုံ့ဆိုင်းမနေဘဲ သူမသည် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ကာ သွေးတစ်လုပ် ထွေးထုတ်လိုက်ရာ သွေးရောင်လှံဆယ်ချောင်းအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် လှံဆယ်ချောင်းသည် အနီရောင်အလင်းတန်းများဖြစ်လာပြီး လေကိုခွင်း၍ ပိုင်ရှောင်ချန်းထံ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

အန္တရာယ်များသော အခြေအနေကြီးကို မြင်လိုက်ရခြင်းက ပိုင်ရှောင်ချန်းကို သက်ပြင်းချမိသွားစေ၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့ကို ဝန်းရံထားသည့် ကျောက်တုံးများ ပေါက်ကွဲထွက်သွားပြီး သွေးရောင်လှံဆယ်ချောင်းထံ ပြေးဝင်သွားသည်။ ၎င်းတို့ ထိပ်တိုက်တွေ့ဆုံသွားသည့် အချိန်တွင် ပေါက်ကွဲသံကြီးတစ်ခု ပဲ့တင်ထပ်သွားပြီး လှံများ ဘေးသို့ လည်ထွက်သွား၏။

ပိုင်ရှောင်ချန်း ထွက်ပေါ်လာပြီး ထွက်ပြေးမည့်အစား သူက လက်သီးဆုပ်လျက် သခင်မလေးဟုန်ချိန်ဆီသို့ လှစ်ခနဲလှုပ်ရှားလိုက်သည်။

" မင်း ဒေါသမထွက်လို့မရဘူးလား "

သူက လက်သီးချက် ထိုးသွင်းလိုက်ရင်း အော်ငေါက်လိုက်သည်။

ဝုန်းခနဲ ပေါက်ကွဲသွားပြီး သခင်မလေးဟုန်ချိန်မှာ နောက်သို့ ခြေလှမ်းပေါင်းများစွာ လွင့်ထွက်သွား၏။ သူမရပ်သွားသောအခါ သူမ၏အမူအရာသည် ယခင်ထက်ပို၍ ရှုပ်ထွေးသွားတော့သည်။ ပိုင်ရှောင်ချန်း၏ တိုးတက်မှုကား အံ့မခန်းပင်။ သူမသည် ယခု သူ့ကို အားကုန် မတိုက်ခိုက်ခဲ့သော်လည်း ပိုင်ရှောင်ချန်းသည်လည်း အားကုန်မထုတ်ခဲ့သည်မှာ သိသာ၏။ သူမသည် အရေးကြီး ကိစ္စတစ်ရပ်ကို တွေးမိသွားကာ သူမ၏ခံစားချက်များ ပိုမိုရှုပ်ထွေးလာတော့သည်။

ဖီးနစ်အလား သူမ၏ မျက်လုံးကလေးများမှာ ဒေါသမီးများ စူးရှတောက်ပနေပြီး သူမက သူ့ကို ကြည့်ကာ အေးစက်စွာ ပြောသည်။

" ငါ ဒေါသထွက်နေတာမဟုတ်ဘူး။ ငါတို့က စေ့စပ်ထားတာလေ၊ သိတယ်မလား။ ငါ့အဖေ စီစဥ်ခဲ့တာလေ။ နင်က ဒီအတိုင်း ထွက်သွားနိုင်ပေမဲ့ ငါက ဘယ်လိုလုပ်ရမလဲ။ ပြီးတော့ ငါ့အဖေကရော။ နင့်ကိုနင် ပြန်ကြည့်စမ်း၊ ငါ စကားတစ်ခွန်းတောင် မပြောရသေးဘူး။ နင် ထွက်ပြေးတယ်လေ။ နင် ယောကျာ်းမဟုတ်ဘူးလား ပိုင်ရှောင်ချန်း "

ပိုင်ရှောင်ချန်း၏ ခေါင်းကိုက်ခြင်းမှာ ပို၍ပင် ဆိုးဝါးလာပြီး ကပျာကယာ ရှင်းပြလိုက်သည်။

" နားထောင် ကျစ်မိုရာ။ မင်းက လှပပြီး ထက်မြက်တယ်။ ငါ့ထက်သာတဲ့ တာအိုလက်တွဲဖော်တစ်ယောက်ကို မင်း သေချာပေါက် ရှာတွေ့မှာပါ။ ပြီးတော့ ငါ့မိတ်ဆွေဟောင်းကြီး သရဲကြီးဘုရင်ကတော့..။ အင်း ဒါတွေအားလုံး နားလည်မှုလွဲတာပဲ။ ဘိုးတော် သေချာပေါက် နားလည်မှာပါ။ ပြီးတော့ ငါမင်းဆီက ထွက်ပြေးနေတာ မဟုတ်ဘူး။ ငါ အိမ်ပြန်ရောက်ဖို့ အလျင်လိုနေလို့ပါ။ ဟုတ်တာပေါ့။ ငါက သေချာပေါက်ယောကျာ်းတစ်ယောက်ပဲလေ။ ငါ.. "

သူဘာမှ ထပ်မပြောနိုင်ခင် သခင်မလေးဟုန်ချိန် ထပ်မံပေါက်ကွဲပြန်သည်။

" ပိုင်ရှောင်ချန်း။ နင်တကယ် မသိတာလား။ အ ချင်ယောင်ဆောင်နေတာလား။ ကောင်းပြီ။ ငါ့တာအိုလက်တွဲဖော်က နင့်တပည့်ပိုင်ဟောက် လို့ ဗဟိုဧကရာဇ်နိုင်ငံတော်က လူတိုင်းထင်နေကြတာလေ။ အဲဒီတော့ ငါက ဧကရီတစ်ပါးဖြစ်တယ်လို့ ထင်ပြီး ငါ့ကို စောင့်ကြည့်နေတာဟ။ နင် ငါ့ကို ဘာလုပ်စေချင်တာလဲ။ နင့်တပည့်ကို လက်ထပ်ရမှာလား "

သခင်မလေးဟုန်ချိန်မှာ ဒေါသူပုန်ထနေသည့်အတွက် သူမ၏အော်ဟစ်သံမှာ အရပ်မျက်နှာတစ်ခွင်ပဲ့တင်ထပ်သွားတော့သည်။

ခပ်လှမ်းလှမ်းတွင် စုန့်ချွဲသည် သူတို့နှစ်ယောက် တိုက်ခိုက်နေသည်ကို စောင့်ကြည့်နေသည်။ သူက ပိုင်ရှောင်ချန်းအစွမ်းထက်ကြောင်း သတိထားမိခဲ့သော်လည်း သူ့ မျက်စိနှင့် တပ်အပ်မြင်ရသည်တွင် တုန်လှုပ်သွားတော့သည်။

ထို့နောက် သူက သခင်မလေးဟုန်ချိန် စောစောက ပြောလိုက်သည်ကို ကြားလိုက်ရပြီး သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာတော့သည်။ သူ အတန်ငယ် စိတ်လှုပ်ရှားလာသည်။

" ပိုင်ရှောင်ချန်း၊ အာ ပိုင်ရှောင်ချန်း။ မင်း အစောကြီးကတည်းက သိသင့်တယ် "

ထို့နောက် သူက ယမ်းပုံမီးကျဒေါသပွဲကို စောင့်ကြည့်ရင်း ရပ်သာ ကြည့်နေတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် အတန်ငယ် တုန်လှုပ်နေရင်း မလှုပ်မယှက်ရပ်နေ၏။ အမှန်တွင် သူသည် သခင်မလေးဟုန်ချိန် စောစောက ပြောခဲ့သည့်ကိစ္စကို သိပ်မတွေးထားခဲ့ပေ။ ထို့ပြင် သူမ ပြောခဲ့သမျှအားလုံးက ကျိုးကြောင်းညီညွတ်လေရာ သူ အနေရခက်သွားတော့သည်။

" ကျစ်မို ငါ....."

ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် သခင်မလေးဟုန်ချိန်က သူမ၏အင်္ကျီလက်စရှည်ကို ခါယမ်းလိုက်ကာ အံတင်းတင်းကြိတ်၍ ပြောသည်။

" နင် မြေရိုင်းဒေသမှာ နေပြီး ငါ့ကို လက်ထပ်ရင် လက်ထပ် မဟုတ်ရင်... ငါ့ကို သောက်ဖြေရှင်းချက်ပေး အကောင်ရဲ့"

ပိုင်ရှောင်ချန်းမှာ မှားသွားပြီခံစားနေရကာ အလွန်ရှက်ရွံ့နေပြီး သူမကို ချက်ချင်း နှစ်သိမ့်ရန် ကြိုးပမ်းလိုက်သည်။

" ကျစ်မို စိတ်အေးအေးထားနော်။ ငါ ပြန်လာမယ်လို့ ကျိန်တယ်။ တကယ်ပြောတာ.... စိတ်မပူပါနဲ့။ ငါ သေချာပေါက် ပြန်လာခဲ့မယ် “

သူမက သူ့အား မယုံမည်ကို စိုးရိမ်သဖြင့် သူ၏ ရင်ဘတ်ကို တဘုန်းဘုန်းထုရင်း သူ့စကားလုံးများအား လေးနက်စေလိုက်၏။

သို့သော် သူ၏ စကားလုံးများနှင့် ခြေဟန်လက်ဟန်တို့မှာ ပိုလွန်းနေသည်။ သခင်မလေးဟုန်ချိန်မှာ သူဟန်လုပ်နေသည်ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်ပြီး သူမ၏နှလုံးသားထဲရှိ တောက်လောင်နေသော အမျက်ဒေါသမီးများက အထိန်းအကွပ်မဲ့စွာ ထွက်ပေါ်လာတော့သည်။

" ပိုင်ရှောင်ချန်း "

သူမက အံတင်းတင်းကြိတ်ထားသည့်ကြားမှ ပြောသည်။ ထို့နောက် သူမက သူ့ကို တိုက်ခိုက်ရန် တဟုန်ထိုးပြေးတက်သွားသည်။ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ စိတ်ဆန္ဒသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့လာရာ စုန့်ချွဲမှာ ပင့်သက်ရှိုက်သွားပြီး နောက်သို့ ခပ်ဝေးဝေးဆုတ်လိုက်သည်။

ပိုင်ရှောင်ချန်းက အားခနဲအော်ဟစ်ရင်း ထွက်ပြေးတော့သည်။ အခြားအခြေအနေသာဆိုလျှင် သူ ပြန်တိုက်ခိုက်မည်ဖြစ်ပါသော်လည်း ယခုတွင် အမှန်တကယ် အပြစ်ရှိသလို ခံစားနေရသဖြင့် လက်တုံ့မပြန်နိုင်ပေ။ သူက ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက်နှင့် ရှောင်တိမ်းရင်း ရှင်းပြနေရုံသာ တတ်နိုင်တော့သည်။

" ကျစ်မို ငါပြောတာ နားထောင်ပါဦး "

" ငါတကယ် ပြန်လာမှာပါ "

" မင်း ငါ့ကို ယုံပါကွာ "

All Chapters