← Chapters

အဲဒီဆေးလုံးကို မင်း မဖိပစ်လိုက်နဲ့

Vol. 9 Ch. 853

အဲဒီဆေးလုံးကို မင်း မဖိပစ်လိုက်နဲ့

Vol. 9 Ch. 853

ပိုင်ရှောင်ချန်းက မည်မျှရှင်းပြစေကာမူ အခြေအနေအား မဖြေရှင်းနိုင်ပေ။ သခင်မလေးဟုန်ချိန်က သူ ဘာပြောပြော မယုံပေ။ ထိုနည်းအားဖြင့် သူမက တိုက်ခိုက်၊ သူက ရှောင်တိမ်းရင်း တောင်တန်းများနှင့် နီးကပ်လာ၏။

စုန့်ချွဲမှာ ကြောက်လန့်မှုနှင့် စိတ်လှုပ်ရှားမှုများ ဒွန်တွဲလျက် ရင်တဒိန်းဒိန်းခုန်ရင်း သူတို့နှစ်ယောက်ထွက်သွားသည်ကို စောင့်ကြည့်နေသည်။ ပိုင်ရှောင်ချန်း ဤသို့ ပြဿနာတက်နေသည်ကို မြင်ရခြင်းက သူ့ရင်ထဲတွင် ဖြစ်တည်နေခဲ့သော ခံပြင်းဒေါသများ၊ အရှက်တရားအနည်းငယ်အား များစွာ လျော့ကျသွားစေသည်။

သူက မည်သို့ဖြစ်ပျက်နေသည်ကို ကြည့်ရှုရန် အနားတိုးသွားချင်ပါသော်လည်း သခင်မလေးဟုန်ချိန်မှာ ဒေါသူပုန်ထနေသည့်အပြင် သူမသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည်။ စုန့်ချွဲသည် ဘေးကင်းကင်းအနားကပ်သွားရန်အထိ သူ၏ ကျင့်ကြံခြင်းအခြေခံက မမြင့်မားကြောင်း သိသောကြောင့် တခဏကြာ တုံ့ဆိုင်းနေပြီးနောက် ကျန်ရစ်နေခဲ့ရန် ဆုံးဖြတ်လိုက်သည်။ များမကြာမီ ပိုင်ရှောင်ချန်းနှင့် သခင်မလေးဟုန်ချိန်သည် တောင်တန်းများအတွင်း ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ထိုတောင်တန်းများအား စိမ်းလန်းစိုပြည်သော တောတစ်တောက ဖုံးလွှမ်းထား၏။ လက်ရှိအချိန်တွင် တောအုပ်အတွင်း၌ ပေါက်ကွဲသံများ ဆူညံနေပြီး စူးရှတောက်ပသောအနီရောင်အလင်းများ တဖျပ်ဖျပ်လက်နေကာ ပိုင်ရှောင်ချန်းမှာ ဝရုန်းသုန်းကား ပြေးနေသည်။

သခင်မလေးဟုန်ချိန် ပစ်လွှတ်လိုက်သည့် အနီရောင်အလင်းတန်းများမှာ ယင်ယန်ဝိညာဥ်အဆင့်မဟာစက်ဝန်းရှိ သာမန်ကျင့်ကြံသူတစ်ယောက်ကို ပြင်းပြင်းထန်ထန်ထိခိုက်သွားစေနိုင်သည်အထိ စွမ်းအားကြီးသည်။ သို့သော် ပိုင်ရှောင်ချန်းတွင် သန်မာသော အပြင်အားခန္ဓာကိုယ်ရှိသည်။ ထို့ကြောင့် သူ့ကို ထိသည့်တိုက်ကွက်များမှာ သူ၏အဝတ်အစားများ စုတ်ပြဲသွားစေရုံက လွဲ၍ သိပ်မလုပ်နိုင်ပေ။ များမကြာမီ သူသည် အဝတ်အစားများ ညစ်ပတ်စုတ်ပြဲ၍ အလွန်ကိုးရို့ကားရားဖြစ်သွားတော့သည်။

" ဒီလို မလုပ်ပါနဲ့ ကျစ်မိုရာ "

သူက စိုးရိမ်တကြီးအော်ဟစ်လိုက်၏။ သူမ လုပ်သမျှက မည်သည့်သက်ရောက်မှုမှ မရှိသည်ကို မြင်နေသဖြင့် သူမက အေးစက်စက်နှာမှုတ်လိုက်ပြီးနောက် လှံတစ်ပုံတစ်ခေါင်းဆင့်ခေါ်ရင်း မှော်သွေးအနည်းငယ်ထွေးထုတ်လိုက်ကာ သူရှိရာဘက်သို့ ပစ်လွှတ်လိုက်သည်။

လှံများ လေကို ခွင်းလျက် ပျံထွက်သွားပြီး သွေးပိုက်ကွန်ပမာ ဖန်တီးကာ စုဆုံသွားကြ၏။ ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားကာ အသားကုန်ပြေးတော့သည်။ အန္တရာယ်က သူခံစားနေရသော အပြစ်ရှိသည့်ခံစားချက်များကို ဖိနှိပ်လိုက်ပြီး သူ၏ဒေါသများ ဆူပွက်လာတော့သည်။ ဤအချိန်တွင် သခင်မလေးဟုန်ချိန်က လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ မရေမတွက်နိုင်သော သွေးလှံတံများ သူ့ထံ တဟုန်ထိုးပြေးဝင်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ ဒေါသထွက်သွားပြီး သူ၏ညာလက်ဖြင့် လက်သီးတစ်လုံးပစ်သွင်းလိုက်ရာ လေပြင်းမုန်တိုင်းတစ်ခု ဖြစ်တည်လာပြီး လှံတစ်ဝက်ကျော်ကို ဖျက်စီးပစ်လိုက်သည်။ သို့သော် တစ်ပိုင်းတစက ကျော်ဖြတ်လာပြီး သူ့ကို ထိမှန်သွား၏။

သူ့တစ်ကိုယ်လုံး တုန်ရီသွားရင်း နောက်သို့ ခြေလှမ်းပေါင်းများစွာ ယိမ်းယိုင်သွားသည်။ သူ ဒဏ်ရာအပြင်းအထန်မရလိုက်သော်လည်း သူ့အဝတ်အစားများမှာ ပြင်းအားကို မခံနိုင်သဖြင့် တော်တော်များများ ပျက်စီးသွားသည်။ သွေးလှံအနည်းငယ်က သူ၏အိတ်ကိုပင် ထိုးစိုက်သွား၏။

သူ့အိတ်ပွင့်ထွက်သွားသဖြင့် ဝုန်းခနဲ ပေါက်ကွဲသံ ထွက်ပေါ်လာကာ အတွင်းထဲမှ မရေမတွက်နိုင်သော ပစ္စည်းများ ထွက်ကျလာတော့သည်။

ရောင်စုံမီးတောက်များ၊ မရေမတွက်နိုင်သော ဝိညာဥ်သိုလှောင်စေတီများနှင့် ဝိညာဥ်ဆေးဘူးများ သာမက အမျိုးမျိုးသော ဆေးပုလင်းများ၊ ဆေးပေါင်းဖိုများ၊ အမိန့်ပေးလည်ဆွဲများနှင့် အခြားမှော်ပစ္စည်းတစ်ပုံတခေါင်း ထွက်ကျလာတော့သည်။ စုစုပေါင်း ပစ္စည်းတစ်သောင်းကျော်ရှိသည်။

" လွန်သွားပြီ ကျိုးကျစ်မို "

သူက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရင်း သူ့အိတ်ထဲက ထွက်ကျသွားခဲ့သည့်ပစ္စည်းများအားလုံးကို ပြန်ကောက်လိုက်သည်။

သခင်မလေးဟုန်ချိန်ကိုကြည့်ရသည်မှာ မောဟိုက်နေဟန်တူ၏။ သူမက အတော်လွန်သွားခဲ့ကြောင်း သိသည့်တိုင် အလွန်နာကျည်းနေမိသည်။ သို့သော် ပိုင်ရှောင်ချန်းက သူမကို ယခင်ကအတိုင်း ဆဲရေးလိုက်သည်ကို ကြားလိုက်ရပြီး လွန်ခဲ့သော နေ့ရက်များက ခါးသီးနာကျည်းမှုများအား ပြန်တွေးမိလိုက်သည်တွင် သူမအတွက် စိတ်လျှော့ရန် ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။

" ဒီ သောက်ကျိုးနည်းပစ္စည်းတွေက နင့်အတွက် ဒီလောက်တောင် အရေးပါတာလား "

သူမက အေးစက်စက်နှာမှုတ်ရင်း သူ ယခုထက်ထိ မစုဆောင်းရသေးသော ပစ္စည်းအမျိုးမျိုးထဲက အနည်းစုထံ သူမ၏အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အားနည်းသော ဆေးလုံးများ ပေါက်ကွဲသွားသည်။

" ငါ့ ဆေးလုံးတွေ "

သူက အံတင်းတင်းကြိတ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

" မ...မ...မင်း "

ထိုသို့ သူ တုံ့ပြန်လာသည်ကို မြင်ရသည်မှာ သခင်မလေးဟုန်ချိန်လိုချင်သော အရာပင်။ သူမက အာရုံစိုက်မနေဘဲ ကြံရာကျပန်း ပန်းရောင်ဆေးလုံးတစ်လုံးကို လှမ်းယူလိုက်သည်။ သူမက ဆေးတာအိုပညာရပ်တွင် ပါရမီမရှိသည်ကို ထည့်တွက်လိုက်လျှင် ၄င်းက မည်သည့်ဆေးလုံးအမျိုးအစားဖြစ်ကြောင်း သူမ မသိပေ။

သို့သော် ပိုင်ရှောင်ချန်းက ချက်ချင်း သိလိုက်ရာ သူ့မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ပင့်သက်ရှိုက်ရင်း စောစောက ဖျက်စီးခံလိုက်ရသည့် ဆေးလုံးများအကြောင်း စိုးရိမ်နေရန် အချိန်မရှိေတာ့ဘဲ သူက ပုံမှန်ထက်မြင့်သောအသံဖြင့် ကမန်းကတန်းအော်ဟစ်လိုက်သည်။

" ကျစ်မို။ မင်း သေသေချာချာ ဂရုစိုက်ဖို့လိုတယ်။ အဲဒီဆေးလုံးကို မဖိပစ်လိုက်နဲ့။ မင်းလုပ်ရင် လုံးဝ မကောင်းတာတစ်ခုခု ဖြစ်လာမှာေနာ် " ပိုင်ရှောင်ချန်း၏မျက်လုံးများမှ မျက်ရည်များ ထွက်ကျတော့မတတ် ဖြစ်နေသည်။ သခင်မလေးဟုန်ချိန်ကောက်ယူခဲ့သည့် ဆေးလုံးကား ကာမအားတိုးဆေးဖြစ်နေသည် မဟုတ်ပါလော။

ပိုင်ရှောင်ချန်းသည် မြေရိုင်းဒေသမှာနေစဥ်အတောအတွင်း ကာမအားတိုးဆေးလုံးများကို မှီခိုနေခဲ့ရသဖြင့် များများစားစား မကျန်တော့ပေ။ သို့သော် သခင်မလေးဟုန်ချိန်က ၎င်းတို့အနက် တစ်လုံးကို ဆွဲယူလိုက်နိုင်ခဲ့သည်။

၄င်းမှာ အလွန်အားပျော့သော ဆေးလုံးတစ်လုံးဖြစ်သည်။ ဖိအားနည်းနည်းပေးလိုက်ရုံနှင့်ပင် ၎င်းက ပေါက်ကွဲသွားနိုင်သည်ကို သူကောင်းစွာ သိထားသည်။ မြေရိုင်းဒေသ၏ အကျဥ်းထောင်များက သူ၏အတွေ့အကြုံများအပေါ် အခြေခံ၍ သူသည် ထိုစွမ်းအားအား မည်သူမျှ မတောင်ခံနိုင်ကြောင်း သိသည်။ ချက်ချင်းပင် သူ ရင်တဒိန်းဒိန်းခုန်လာတော့သည်။

သခင်မလေးဟုန်ချိန်မှာ သူ၏တုံ့ပြန်ပုံနှင့်စကားလုံးများကြောင့် အံ့သြသွားသည်။ သူမ ငုံ့ကြည့်လိုက်သောအခါ သာမန်ထက်မပိုသော ဆေးလုံးတစ်လုံးကိုသာ တွေ့ရလေသည်။

သခင်မလေးဟုန်ချိန် ငုံကြည့်လိုက်သည့်အခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက သူ၏ တတိယမျက်လုံးအား စိုးရိမ်တကြီး ဖွင့်လိုက်သည်။ ကောင်းကင်တံတားဓမ္မမျက်လုံး၏ စွမ်းအား ပေါ်ထွက်လာသောအခါ သူက သခင်မလေးဟုန်ချိန်၏လှုပ်ရှားမှုများအား ထိန်းချုပ်ရန် ၄င်းကို ချက်ချင်းအသုံးပြုလိုက်သည်။

တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အပြင်အားအကုန်ထုတ်သုံးရင်း ရှေ့တက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် သခင်မလေးဟုန်ချိန်ရှေ့တည့်တည့်ရောက်သွားပြီး ကာမအားတိုးဆေးအား ဖမ်းရန် လက်လှမ်းလိုက်သည်။

သို့သော် သခင်မလေးဟုန်ချိန်၏ မျက်လုံးလေးများမှာ လက်ခနဲ ဖြစ်သွားပြီး သူမက သူ၏ကောင်းကင်တံတားဓမ္မမျက်လုံး၏ ထိန်းချုပ်အောက်မှ ရှောင်ထွက်လိုက်သည်။

ပိုင်ရှောင်ချန်းက ဆေးလုံးအား လှမ်းယူရန် ကြိုးစားနေသည်ကို မြင်သောအခါ သခင်မလေးဟုန်ချိန်က ချက်ချင်းပင် သူမ၏လက်ကို နောက်ဆုတ်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူတို့လက်နှစ်ဖက် ပွတ်တိုက်မိသွားသည်။

" မဖြစ်ဘူး "

ပိုင်ရှောင်ချန်းက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သူ လက်ကိုပြန်ရုတ်ရန် နောက်ကျလွန်းခဲ့သဖြင့် သခင်လေးဟုန်ချိန်လက်နှင့် တိုက်မိသွားသည်ကို မြင်သောအခါ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ခေါင်းချာချာလည်သွားတော့သည်။ ကာမအားတိုးဆေးသည်ကား ပေါက်ကွဲသွားေလပြီ။

" ငါတော့သွားပြီ ဒုက္ခပဲ "

သူက နောက်ဆုတ်ရင်း စိတ်ထဲတွင် အော်ဟစ်ငိုကြွေးနေတော့သည်။ သို့သော် သူမည်မျှမြန်မြန်လှုပ်ရှားစေကာမူ သူနှင့်သခင်မလေးဟုန်ချိန်ကို ရစ်ပတ် လွှမ်းခြုံလာသည့် ပန်းရောင်မြူများအား မရှောင်တိမ်းနိုင်ပေ။

သူ့နှလုံးသားတွင် ခါးသီးမှုများ ပြည့်နှက်သွားပါသော်လည်း မည်မျှ ယူကြုံးမရအော်ဟစ်နေစေကာမူ ဖြစ်ပျက်နေသော အရာများနှင့်ပတ်သက်၍ မည်သို့မျှ လုပ်နိုင်မည်မဟုတ်ပေ။ အမှန်ပင် တခဏကြာသော် သူ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သခင်မလေးဟုန်ချိန်မှာမူ မျက်နှာပျက်သွား၏။ သူမ ကိုင်ထားသော ဆေးလုံးက မည်သည့်အရာဖြစ်ကြောင်း သေချာမသိ၍ သူမက ပန်းရောင်မြူများအား မရှူမိစေရန် အတတ်နိုင်ဆုံးရှောင်တိမ်းလိုက်သည်။ သို့သော် ထိုမြူများနှင့်ပတ်သက်၍ ထူးဆန်းသော ဂုဏ်သတ္တိတစ်ခုကား အရေပြားမှတစ်ဆင့် စုပ်ယူနိုင်ခြင်းပင်။ ချက်ချင်းပင် သူမ၏ မျက်နှာလေး နီရဲလာတော့သည်။

သူမ၏ ရင်အစုံမှာ နိမ့်ချည်မြင့်ချည်ဖြစ်လာပြီး မဟာတံတိုင်းမှာ ပိုင်ရှောင်ချန်း လုပ်ခဲ့သည့် ကိစ္စရပ်များအား ရုတ်တရက် ပြန်တွေးမိလိုက်သဖြင့် ကြောက်လန့်သောအမူအရာတစ်ခု ဖြစ်တည်လာကာ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

" ဒါ ဘာဆေးလုံးလဲ "

သူမက ချက်ချင်း နောက်ဆုတ်လိုက်ရင်း စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ သို့သော် သူမက လှုပ်ရှားလိုက်သဖြင့် စတင်တုန်ရီလာတော့သည်။ သူမက ဆေးလုံးပေါက်ကွဲမှု၏ ဗဟိုချက်ဖြစ်သည့်အတွက် မြူများမှာ သူမ၏လက်ဖဝါးကိုဖြတ်သန်း၍ ချက်ချင်း သူမ၏ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားခဲ့သည်။

မြူများက သူမကို လွှမ်းခြုံရင်း ဆက်လက်ပျံနှံ့လာသဖြင့် ရုတ်တရက် ခေါင်းတစ်ခုလုံး ချာချာလည်အောင် မူးဝေလာတော့သည်။ တချိန်တည်းမှာပင် သူမ၏ခန္ဓာကိုယ်အတွင်းမှ မထိန်းချုပ်နိုင်သော အပူလှိုင်းတစ်လုံး မြင့်တက်လာ၏။

ပိုင်ရှောင်ချန်းသည်လည်း မြူထဲတွင်ရှိနေပြီး သက်ရောက်မှုကို တွန်းလှန်ကာ အသက်ပြင်းပြင်းရှူေနသည်။ သူ့အိတ်ထဲတွင် ကာမအားတိုးဆေးအတွက် ဖြေဆေးမပါသော်လည်း အာနိသင်ပြယ်ဆေးအချို့တော့ ရှိသည်။ ကံဆိုးစွာပင် သူ့အိတ်မှာ ပေါက်ကွဲသွားခဲ့ပြီး အကုန်လုံးပြန်စုရန် အချိန်မရှိလိုက်ပေ။ မြူတိမ်များ၏အစွန်အဖျားကို ပျံသန်းသွားလိုက်ရင်း ထိုဆေးလုံးများအား ထိတ်ထိတ်ပျာပျာ ရှာလိုက်သည်။

ကံဆိုးစွာပင် ကာမအားတိုးဆေးကား လွန်စွာ အားပြင်းလွန်းလှသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သော အပူလှိုင်းများ တလိပ်လိပ်ထလာပြီး မူးဝေနောက်ကျိလာ၏။ ယခု သူက မြူများအပြင်သို့သွားရာလမ်းတစ်ဝက်သို့ ရောက်နေပြီး အနီးနားရှိ ချုံပုတ်များတွင် အာနိသင်ပျောက်ဆေးတစ်လုံးကို မြင်လိုက်ရသည်။ ထိုစဥ် လက်တစ်ဖက်က သူ၏ စုတ်ပြဲနေသော အဝတ်များကို လှမ်းဆွဲလိုက်သည်။ လွန်ခဲ့သော အချိန်အနည်းငယ်က ထိုလက်သည် ကျောက်စိမ်းတမျှ ဖြူဆွတ်နေခဲ့ပါသော်လည်း ယခုတွင် အပူကြောင့် နီရဲနေလေသည်။ ပိုင်ရှောင်ချန်းက အော်ဟစ်လိုက်ချိန်တွင်.....ထိုလက်က သူ့အား မြူများအတွင်း ပြန်ဆွဲခေါ်သွားလေသည်။

" မဖြစ်ဘူး။ အီးးးးးးး ငါ့အဝတ်တွေကို မဖြဲနဲ့လေ။ ဒါ......ဒါက ငါ့ ပထမဆုံးအကြိမ်ဟ "

" ညင်ညင်သာသာလေး လုပ်ပါ။ အီး.....နာတယ် "

သေရေးရှင်ရေး အခြေအနေနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည့်အလား ခေါင်းမွှေးထောင်လုမတတ် အော်ဟစ်သံများ ပိုင်ရှောင်ချန်း၏နှုတ်ခမ်းဖျားမှ ထွက်ပေါ်နေတော့သည်။

All Chapters