အခန်း (၁၂၃၉-၁၂၄၀)
Vol. 124 Ch. 1239-1240
အခန်း (၁၂၃၉) - ကောင်းမွန်သော ဇာတ်လမ်းတစ်ပုဒ်
စုန့်ကျိလီသည် မြေဝက်ဝံဂြိုလ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း မဟုတ်ပေ။
ယခင်က အကြိမ်အနည်းငယ် ရောက်ဖူးသော်လည်း ထိုနေရာနှင့် ပတ်သက်၍ သူ့တွင် နက်နဲသော အမှတ်တရ မရှိခဲ့ပေ။
ထိုနေရာတွင် ထူးခြားသူ အချို့ ပေါ်ပေါက်လာဖူးကြောင်းသာ သူ သိထားသည်။
ပြောရလျှင် ထူးဆန်းသည်မှာ လူသားလောက ကိုးခုတွင် ထူးခြားသူ များသည် အမှန်တကယ်တွင် ရှားပါးသော်လည်း အလွန်အမင်းတော့ မဟုတ်ပေ။
သူကြားရသည့် ထူးခြားသူ များ ပေါ်ပေါက်လာသည့်အကြိမ်အရေအတွက်သည် နတ်ဆေးပင် များ ထွက်ပေါ်လာသည့်အကြိမ်အရေအတွက်ထက်ပင် ပိုများနေသေးသည်။
သို့သော် လူသားလောက ကိုးခုကို အသာထား၊ မြေဝက်ဝံဂြိုလ် ကဲ့သို့သော သေးငယ်သည့် ကြယ်တစ်လုံးတွင် ထူးခြားသူ နှစ်ဦး ထွက်ပေါ်လာနိုင်ခြင်းက ထိုနေရာသည် ရှေးခေတ်ကာလက အခြေခံအုတ်မြစ် အချို့ ရှိခဲ့ကြောင်း ပြသနေသည်။
ထိုအရာများမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
မြေဝက်ဝံဂြိုလ်သည် တစ်ခါက တောက်ပခဲ့ဖူးကောင်း တောက်ပခဲ့မည် ဖြစ်သော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီ ဖြစ်ရာ အမှန်တကယ် ကောင်းမွန်သည့် အရာများ ကျန်ရှိနေပါကလည်း လူအများက ယူဆောင်သွားပြီး ဖြစ်မည်၊ ယနေ့ခေတ် ကျင့်ကြံသူများအတွက် ကျန်ရှိနေမည် မဟုတ်ပေ။
"စုန့်ကျိလီ မင်း ဘယ်လို စီစဉ်ထားတာလဲ ယွီအကြီးအကဲကို တိုက်ရိုက် မောင်းထုတ်ခိုင်းမှာလား တကယ်လို့ ဒါပဲ လုပ်မှာဆိုရင် မင်းတို့ နှစ်ယောက်တည်း လာခဲ့ရင် ရတာပဲ၊ ဘာလို့ ငါတို့ကိုပါ ခေါ်လာတာလဲ "
ရွှီချန်ရှီးသည် စိတ်ဝင်စားမှု မရှိသည့်ပုံဖြင့် ပြောသည်။
ဒီတစ်ခါ ယွီထင်ကျဲအပြင် စုန့်ကျိလီသည် ယန်ဟောင်ရန်နှင့် ရွှီချန်ရှီး၏ လက်အောက်ငယ်သား အချို့ကိုပါ ခေါ်ဆောင်လာခဲ့သည်။
"ရွှီ အကြီးအကဲ၊ မင်းကို မပြောရသေးတဲ့ ကိစ္စတစ်ခု ရှိသေးတယ် ဒီတစ်ခါ ငါတို့ရဲ့ ရည်ရွယ်ချက်က အဲဒီ နဂါးအိုကြီးကို သတ်ပစ်ဖို့ပဲ သူ သေသွားပြီးရင် ဟောင်ရန်တို့နဲ့အတူ ဒီနေရာက မသေမျိုးဘုရင် ကျင့်ကြံသူတွေကို တစ်ယောက်ချင်းစီ လိုက်သတ်ရမယ် "
စုန့်ကျိလီ ပြောသည်
"နှစ်ပေါင်းများစွာ ဒီမသေမျိုးဘုရင် တွေက ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ဆန့်ကျင်ဘက် လုပ်နေတာကြောင့်ပဲ ငါတို့လို ကျင့်ကြံသူတွေ ဒီနေရာမှာ ခြေကုပ်ယူဖို့ ခက်ခဲနေတာ"
"သူတို့ သေသွားရင် ဒီနေရာမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာမယ်၊ ငါတို့ ချန်ထားခဲ့တဲ့ အစီအမံတွေကလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်"
"ကျုံးကျိုး ၊ တိထျန်း ၊ ပေတု တို့လည်း လုံးဝ ရှုပ်ထွေးမှု့ ထဲကို ကျရောက်သွားလိမ့်မယ် သုံးနှစ် ဒါမှမဟုတ် ငါးနှစ်ခန့် ကြာရင် အရင်က ဆုံးရှုံးမှုတွေကို အပြည့်အဝ ပြန်လည်ဖြည့်ဆည်းနိုင်လိမ့်မယ် မဟာမြေမသေမျိုးဆီမှာလည်း ကောင်းမွန်တဲ့ ရလဒ် မျိုးကို အစီရင်ခံ နိုင်လိမ့်မယ် "
ရွှီချန်ရှီး ဒေါသထွက်သွားသည်
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ ငါတို့ကို ကိုယ်တိုင် လှုပ်ရှား ခိုင်းမလို့လား မင်း စုန့်ကျိလီက အပြစ်ကံတွေ ကူးစက်မှာ မကြောက်ပေမဲ့ ငါတို့က အရမ်းကြောက်တယ် မင်းက ငါတို့ကို မိုးကြိုးဒဏ်သင့်ပြီး သေစေချင်နေတာလား "
"စိတ်မလှုပ်ရှားပါနဲ့၊ ရွှီအကြီးအကဲ "
စုန့်ကျိလီ ရယ်မောလိုက်သည်
"ငါ့တပည့်လည်း ဒီတစ်ခါ ပါဝင်မှာပဲ၊ ငါက သူ့ကိုများ အန္တရာယ်ပြုပါ့မလား တာအိုဂိုဏ်းထဲမှာ အပြစ်ကံတွေကို ခွာထုတ်ပေးနိုင်တဲ့ နည်းလမ်းကို သိတဲ့ ပညာရှင်ကြီးတစ်ယောက် ရှိတယ် ငါ သူ့ကို ခမင်းတို့အတွက် ကုသပေးခိုင်းပါ့မယ် အဲဒီအခါကျရင် မင်းတို့ ကူးစက်ခံထားရတဲ့ ကံအကျိုးဆက်တွေ အကုန်လုံး ပြေပျောက်သွားလိမ့်မယ် "
"အို "
ရွှီချန်ရှီး၏ အမူအရာ ပြောင်းလဲသွားပြီး သူ၏ လက်အောက်ငယ်သားများလည်း စိတ်ဝင်စားသွားကြသည်။
စုန့်ကျိလီက မလိမ်ဘူးဆိုလျှင် သာမန်ကျင့်ကြံသူများအတွက် ဒါက တကယ်ကို ကောင်းမွန်သည့် ကိစ္စတစ်ခု ဖြစ်သည်။
အပြစ်ကံ ခွာထုတ်နည်းကို သူတို့ ကြားဖူးသော်လည်း ကိုယ်တိုင် မမြင်ဖူးကြပေ။
သို့သော် လောကထဲတွင် ထိုနည်းလမ်း ရှိနေကြောင်းတော့ သေချာသည်။
သာမန်အားဖြင့် ထိုနည်းလမ်းကို အသုံးပြုရန် ကုန်ကျစရိတ်မှာ အလွန်ကြီးမားသည်ဟု ကြားသိရသည်။
"မိတ်ဆွေစုန့်၊ မင်းက နဂါးအိုကြီးကို မောင်းထုတ်မယ်လို့ပဲ ပြောတာ သူ့ကို သတ်မယ်လို့တော့ မပြောထားဘူးနော် "
ယွီထင်ကျဲ မျက်မှောင်ကြုတ်လိုက်သည်။
စုန့်ကျိလီ ပြုံးကာ လက်ယှက်၍ ပြောသည်
"ယွီအကြီးအကဲ သတ်စရာ မလိုပါဘူး တကယ်လို့ သူ့ရဲ့ မိုးကြိုးဒဏ်ကို မဆွဲထုတ်နိုင်ရင်တောင် ယွီအကြီးအကဲက သူ့ကို အသက်ငင်သွားအောင်ပဲ လုပ်ပေးလိုက် ကျန်တာကို ကျုပ် ကိုယ်တိုင်ပဲ ရှင်းလိုက်မယ် အပြစ်ကံတွေက ယွီအကြီးအကဲဆီ ရောက်မလာစေရပါဘူး "
"ကောင်းပြီ "
ကိစ္စများ အဆင်ပြေသွားသည်နှင့် စုန့်ကျိလီသည် လူအုပ်စုကို ခေါ်ဆောင်ကာ မဟာရှ ဘက်သို့ လေကိုခွဲ၍ သွားရောက်ကြသည်။
မသေမျိုးများ ၏ ခရီးနှင်နှုန်းမှာ အလွန်တရာ ကြောက်ခမန်းလိလိ ဖြစ်သည်။
အမှန်တကယ်ဆိုလျှင် တိတ်ဆိတ်စွာ သွားနိုင်သော်လည်း ပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိရန်အတွက် စုန့်ကျိလီတို့မှာ အရှိန်အကုန် သုံးသွားကြသည်။
ထို့ကြောင့် သူတို့ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် မိုးချုန်းသံများ ထွက်ပေါ်နေသည်။
သာမန်လူများက မိုးမရွာဘဲ လျှပ်ပြက်သံများဟုသာ ထင်ကြမည်၊ ကျင့်ကြံသူများသာလျှင် ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာထိ တုန်လှုပ်ချောက်ချားမှုကို ခံစားနိုင်သည်။
မဟာရှနယ်မြေ
မပျက်စီးနိုင်သော ရေခဲတောင်ကြီးရှေ့တွင် နဂါးအိုကြီးနှင့် လီဝူဝမ် တို့ စကားပြောဆိုရင်း အတွင်းပိုင်းမှ ပြောင်းလဲမှုများကို ခံစားနေကြသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အသက်ရှူနှုန်း မတည်မငြိမ် ဖြစ်နေခဲ့ပေမဲ့ ဒီရက်ပိုင်းတော့ တည်ငြိမ်သွားပြီး ဖြည်းဖြည်းချင်း တိုးတက်လာနေတယ် ငါ့အတွေ့အကြုံအရဆိုရင် အဆင့်ကျော်ခါနီး ဖြစ်နေတာ၊ နောက်ထပ် အချိန်အတန်ကြာရင် အဆင့် ၄ မသေမျိုးအဖြစ် ခိုင်မာသွားလိမ့်မယ် "
နဂါးအိုကြီး ပြုံး၍ ပြောသည်။
လီဝူဝမ်၏ အမူအရာမှာ ရှုပ်ထွေးနေသည်။
အမှန်ဆိုလျှင် ထိုဆေးပင်ကို သူ သောက်သုံးရမည် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူက ယခုအခါ ယင်လောက ၏ စစ်မှန်သော နတ်ဘုရား ဖြစ်နေသည်။
သူ ရွေးချယ်ထားသော လမ်းကြောင်းမှာ ဓားသမား လမ်းကြောင်းနှင့် ဝေးကွာသွားပြီဖြစ်သည်။
တစ်ခုတည်းသော အကျိုးကျေးဇူးမှာ သူသည် သက်တမ်းအတွက် ပူပန်စရာ မလိုတော့ခြင်းပင်။
ထိုနေရာက ကိစ္စများ ပြီးဆုံးသွားလျှင် ဓားသမားများ၏ အခြေအနေကို တည်ငြိမ်အောင် ထပ်မံ လုပ်ဆောင်ပေးနိုင်သေးသည်။
"စုန့်ကျိလီတို့၊ မကြာခင် ရောက်လာတော့မယ် သူသာ ငါ ဒီမှာ ရှိနေတာကို မြင်ရင် အံ့ဩသွားမှာပဲ "
လီဝူဝမ် ရယ်မောလိုက်သည်
"ငါ ဒီကိစ္စကို တော်တော်လေး စိတ်ဝင်စားတယ် သူ ဘယ်လို မျက်နှာပေးမျိုးနဲ့ တုံ့ပြန်မလဲဆိုတာ ကြည့်ချင်တယ် "
"ထင်ရှားတဲ့ သောင်းတာအိုမျှော်စင် အရှင်တစ်ယောက်တောင် ဒီလို အဖြစ်မျိုး ရောက်သွားရတာ၊ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်၊ စိတ်ဝင်စားဖို့ ကောင်းတယ်ကွာ "
နဂါးအိုကြီး ရယ်မောလိုက်သည်။
ရေခဲတောင်နှင့် မဝေးသောနေရာတွင် စင်မြင့် တစ်ခု ရှိပြီး ထိုနေရာတွင် လူတစ်စုသည် နံ့သာတိုင် ထွန်း၍ လက်ဖက်ရည် ကြိုနေကြသည်။
လီချန်းစန်း ၏ အမူအရာမှာ ရှုပ်ထွေးနေပြီး ဘေးတွင် ရပ်နေသည့် ယန်ခုန်း ၏ အမူအရာမှာ ပို၍ ထူးဆန်းနေသည်။
သို့သော် ဖန့်ချန် က ဘာမှ မပြောသည့်အတွက် သူတို့လည်း အသံ မထွက်ရဲကြပေ။
ကောင်းကင်ဓားဌာန ပျက်စီးသွားသည့်အချိန်က အားလုံးသည် လီဝူဝမ်၏ စကားကို နားထောင်၍ ယင်လောက သို့ သွားရောက်ခဲ့ကြသည်။
ထိုနောက်တွင် သူတို့အတွက် အလွန် ထူးဆန်းသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
ထိုအချိန်ကျမှသာ ဖန့်ချန်သည် ကျင့်ကြံသည်မှာ မကြာသေးသော်လည်း ထူးခြားသော စွမ်းအားများ ပြသနိုင်ခြင်းကို ယန်ခုန်း နားလည်သွားသည်။
အချိန်တိုအတွင်းမှာပင် ကောင်းကင်ဓားဌာနသည် ဖန့်ချန်၏ လက်အောက်ခံ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြပေ။
လီချန်းစန်းသည် မဝေးလှသော ရေခဲတောင်ကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှု အနည်းငယ် လှုပ်ရှားသွားသည်။
ကောင်းကင်ဓားဌာန၏ ဒုတိယဌာနမှူးသည် နောက်ဆုံးတွင် အဆင့် ၄ သို့ တက်လှမ်းတော့မည် ဖြစ်သည်။
ကောင်းကင်ဓားဌာန ပျက်စီးခြင်းကြောင့် ထိခိုက်မှု မရှိသည့်အပြင် နောက်ထပ် နှစ်အနည်းငယ် ကြာလျှင် ဖန်တီးရှင်ဂြိုလ် ပေါ် ရှိ ဓားသမားများသည် လုံးဝ ခြေကုပ်ယူနိုင်တော့မည် ဖြစ်သည်။
"မိတ်ဆွေချန်းစန်း ဒီနှစ်ပိုင်းတွေမှာ အဆင်ပြေရဲ့လား "
ဖန့်ချန် လက်ဖက်ရည် ကြိုပြီးသည်နှင့် လီချန်းစန်းကို လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။
"အဆင်ပြေပါတယ် "
လီချန်းစန်း ခေါင်းညိတ်လိုက်သည်
"ဒီနှစ်ပိုင်းတွေမှာ အရင်လို ဝိညာဉ်နတ်ဘုရားဂိုဏ်းအတွက် အသက်စွန့်ပြီး အလုပ်လုပ်စရာ မလိုတော့ဘူး ယင်လောက နတ်ဘုရားဝိညာဥ် တစ်ပါးရဲ့ အဆင့်အတန်းကြောင့် ထူးခြားတဲ့ စွမ်းအားတွေလည်း ရလာတယ် အသက်တိုမှာကို စိတ်ပူစရာ မလိုတော့ဘူး "
ခဏရပ်ပြီးနောက် လီချန်းစန်းသည် စမ်းသပ်သည့် လေသံဖြင့်
"အရင်တုန်းကတော့ ကျုပ်တို့ ရံဖန်ရံခါ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေကို တိုက်ခိုက်ခဲ့ပေမဲ့၊ ဒီနှစ်ပိုင်းမှာတော့ အတော်လေး အားလပ်နေတယ် သခင်လေး အနေနဲ့ အခက်အခဲ ရှိရင် ကျုပ်တို့ ကောင်းကင်ဓားဌာနကို စေခိုင်းနိုင်ပါတယ် အလုပ်ရှုပ်သက်သာမှာပါ "
ယခု သူသည် သူ့နာမည်နှင့်အညီ ယင်လောက မှတစ်ဆင့် ထာဝရအသက်ကို ရရှိထားသော်လည်း အလုပ်လုပ်ရသည့်အခါမှသာ အားကိုးရတော့သည်။
"ဒီနေရာက ဝိညာဉ်နတ်ဘုရားဂိုဏ်းက စိုးရိမ်စရာ မရှိတော့ပါဘူး မင်းတို့ရဲ့ ဓားတွေကိုလည်း သုံးစရာ မလိုတော့ဘူး၊ ကောင်းကောင်းသာ ကျင့်ကြံလိုက်ပါ"
ဖန့်ချန် ပြုံး၍ ပြောသည်
"လီဝူဝမ်က မင်းတို့ကို ပြန်ခိုင်းစေတာက အသက်ရှူချင်လို့ပဲ မဟုတ်လား "
စင်မြင့် ပေါ်ရှိ ဓားသမားများ အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။
ဒီတစ်ခါ ပြန်လာရခြင်းသည် အမှန်တကယ်ပင် လေရှူရန် သက်သက်ဖြစ်သည်။
"ခဏနေရင် ကြည့်ကောင်းမယ့် ဇာတ်လမ်းတစ်ပုဒ် ရှိလိမ့်မယ် "
ဖန့်ချန် ပြုံး၍ ပြောသည်။
လီချန်းစန်း မမေးမြန်းခင်မှာပင် သူ တစ်စုံတစ်ခုကို သတိပြုမိသွားကာ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရာ တိမ်တိုက်များ လိပ်ဝင်လာသည်ကို တွေ့လိုက်ရသည်။
ခဏအကြာတွင် တိမ်တိုက်များမှာ ရေခဲတောင်ထိပ်သို့ ရောက်ရှိလာပြီးမှသာ မိုးချုန်းသံများ ပေါ်လာသည်။
စုန့်ကျိလီ၏ ပုံရိပ်သည် တိမ်တိုက်များကြားတွင် ပေါ်လာသည်။
သူ တစ်ချက်ကြည့်လိုက်ရုံဖြင့် နဂါးအိုကြီးနှင့် လီဝူဝမ်ကို တွေ့သွားသည်။
သူ မှားမြင်နေသည်ဟု ထင်သဖြင့် အသေအချာ ပြန်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် အံ့ဩမှု အနည်းငယ် လှုပ်ရှားသွားသည်။
"လီဝူဝမ် "
စုန့်ကျိလီ၏ အမူအရာ တင်းမာသွားသည်။
လီဝူဝမ် ပေါ်လာခြင်းက သူ့ကို အံ့အားသင့်စေသော်လည်း ယနေ့ ယွီထင်ကျဲကို ခေါ်လာခဲ့သည့်အတွက် ထိုကဲ့သို့သော မမျှော်လင့်ထားသည့် အခြေအနေမျိုးကို ဖြေရှင်းနိုင်လိမ့်မည်ဟု သူ ယုံကြည်နေသည်။
အခန်း (၁၂၄၀) - ငါ့အမှား မဟုတ်
စုန့်ကျိလီ၏ အံ့ဩမှုမှာ ခဏတာမျှသာ ဖြစ်ပြီး ကျန်ရှိသော ခံစားချက်များကို သူ အမြန်ဖုံးကွယ်လိုက်သည်။
လီဝူဝမ်က ၎င်းကို စိတ်ပျက်စွာဖြင့် ကြည့်ကာ မေးလိုက်သည်
"မိတ်ဆွေစုန့်၊ ခင်ဗျား ကျုပ် ကို တွေ့တာတောင် မပျော်ရွှင်ဘူးလား "
"မင်းတို့ ကောင်းကင်ဓားဌာနက... နတ်မင်းနန်းတော် လက်ချက်နဲ့ ပျက်စီးသွားပြီ မဟုတ်လား "
စုန့်ကျိလီက ဖြည်းညှင်းစွာ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထောင့်မှ ယွီထင်ကျဲကို တစ်ချက် လှမ်းကြည့်လိုက်သည်။
သို့သော် ထိုစဉ်က ယွီထင်ကျဲမှာ နတ်မင်းနန်းတော်က ရွေးချယ်ထားသော အစောင့် မဟုတ်သေးသည့်အတွက် ယွီထင်ကျဲ ထိုကိစ္စကို သိရှိမည်မဟုတ်ဟု သူ ယူဆလိုက်သည်။
"ပြောရရင် ရှည်လျားတယ်ကွာ "
လီဝူဝမ် သက်ပြင်းချလိုက်သည်
"မိတ်ဆွေစုန့် နားထောင်ချင်တယ်ဆိုရင်တော့ အောက်ကို ဆင်းလာပြီး ထိုင်ပါဦးလား "
"ရှည်လျားတယ်ဆိုရင်တော့ မပြောနဲ့တော့၊ ငါ ဒီနေ့ ဒီကို လာတာက တခြား ရည်ရွယ်ချက် ရှိတယ် "
စုန့်ကျိလီ ခေါင်းခါလိုက်သည်။
သူသည် နဂါးအိုကြီးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုရန် ပြင်ဆင်နေစဉ် ရုတ်တရက် အောက်မှ ရေခဲတောင်ကြီးမှာ ထူးဆန်းနေကြောင်း ခံစားလိုက်ရသည်။
ခဏအကြာတွင် စုန့်ကျိလီ၏ မျက်နှာမှာ လုံးဝ ပြောင်းလဲသွားပြီး လီဝူဝမ်ကို မြင်လိုက်ရသည်ထက်ပင် ပိုမို ထိတ်လန့်သွားသည်။
"ဒီရေခဲတောင်ထဲမှာ တစ်ယောက်ယောက်က အဆင့် ၄ ကို တက်လှမ်းနေတာလား "
သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။
ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ မနာလိုမှုကြောင့် သူ၏ စိတ်ခံစားမှုမှာ တည်ငြိမ်မှု မရှိတော့ခြင်း ဖြစ်သည်။
ယွီထင်ကျဲက တစ်ဖက်၊ အခု မြေဝက်ဝံဂြိုလ်ဘက်မှာလည်း အဆင့် ၃ တစ်ယောက်က အဆင့် ၄ ကို တက်လှမ်းနေပြန်ပြီ
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
မြေဝက်ဝံဂြိုလ် ဖြစ်စေ၊ ဖန်တီရှင်ဂြိုလ် ဖြစ်စေ အဆင့် ၄ မသေမျိုး နတ်ဆေးပင် ပေါ်ပေါက်လာဖို့ မဖြစ်နိုင်ပေ။
အဆင့် ၄ ဆေးပင် ကို မွေးဖွားပေးနိုင်သည့် နယ်မြေများကို အဓိက ထိပ်တန်းဂိုဏ်းကြီးများက ချုပ်ကိုင်ထားပြီး ဖြစ်သည်။
မဟုတ်လျှင်လည်း နတ်မင်းနန်းတော်ကဲ့သို့ နောက်ခံရှိသူများသာ ပိုင်ဆိုင်ကြသည်။
စုန့်ကျိလီ၏ အမူအရာမှာ မတည်မငြိမ် ဖြစ်နေသည်။
သူသည် ရွှီချန်ရှီးတို့ အုပ်စုကို ကြည့်လိုက်ရာ သူတို့၏ အမူအရာမှာ တည်ငြိမ်နေသည်ကို တွေ့လိုက်ရသည်။
သူတို့၏ စိတ်တည်ငြိမ်မှုက သူ့ထက်တောင် သာလွန်နေသည်ဟု သူ ထင်လိုက်သည်။
"ရွှီအကြီးအကဲ၊ ဒီနေရာမှာ... တစ်ယောက်ယောက်က အဆင့် ၄ ကို တက်လှမ်းနေတယ် "
စုန့်ကျိလီက လေးနက်စွာ ပြောသည်။
ရွှီချန်ရှီးက အေးအေးဆေးဆေးပင်
"ဒါဆို ဘာဖြစ်လဲ၊ ငါတို့နဲ့ ဘာမှမဆိုင်ဘူးလေ"
စုန့်ကျိလီက ယွီထင်ကျဲကို ကြည့်လိုက်သည်
"ယွီအကြီးအကဲ၊ ဒီနေရာမှာ တစ်ယောက်ယောက်က အဆင့် ၄ တက်လှမ်းနေတယ် "
"အို "
"...... အို ခင်ဗျားတို့ ဒီနေရာမှာ ဘာကြောင့် တစ်ယောက်ယောက်က အဆင့် ၄ တက်လှမ်းနေတာလဲဆိုတာကို မသိချင်ကြဘူးလား သူတို့ရဲ့ နတ်ဆေးပင်တွေက ဘယ်က ရတာလဲ "
စုန့်ကျိလီက လေးနက်စွာ မေးသည်။
"ဒါကို စိတ်ပူစရာ လိုလို့လား "
ယွီထင်ကျဲ မျက်မှောင်ကြုတ်သည်။
စုန့်ကျိလီ ခဏမျှ ငေးသွားပြီးနောက် ရယ်မောလိုက်သည်
"ဟုတ်သားပဲ၊ ယွီအကြီးအကဲက အဆင့် ၄ ကို ရောက်နေပြီးသားဆိုတော့ ဒီကိစ္စကို စိတ်ပူစရာ မလိုတော့ပါဘူး "
ထို့နောက် သူသည် နဂါးအိုကြီးနှင့် လီဝူဝမ်ကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် လောဘရမ္မက်များ ထွက်ပေါ်လာသည်။
"ခင်ဗျားတို့ နှစ်ယောက်၊ အထဲမှာ အဆင့် ၄ တက်လှမ်းနေတာ ဘယ်သူလဲ သူတို့ရဲ့ နတ်ဆေးပင်တွေက ဘယ်က ရလာတာလဲ "
"မင်း ဒီနေ့ လာတာ နတ်ဆေးပင် ရှာဖို့ မဟုတ်ဘူးမလား "
လီဝူဝမ်က ပြောသည်
"မင်းရဲ့ ရည်ရွယ်ချက်ကို မြန်မြန် ပြောတော့"
"ကောင်းပြီလေ၊ မင်းတို့ကို နှိမ်နင်းလိုက်ပြီးရင် နတ်ဆေးပင် တွေ ဘယ်က ရလဲဆိုတာကို အမှန်အတိုင်း ဖွင့်ပြောရလိမ့်မယ် ရေခဲတောင်ထဲက တစ်ယောက်ကတော့ ကံမကောင်းဘူး၊ ဒီတစ်ခါတော့ အဆင့် ၄ ကို အောင်မြင်စွာ တက်လှမ်းနိုင်မှာ မဟုတ်တော့ဘူး"
စုန့်ကျိလီ ပြုံးလိုက်ပြီး ယွီထင်ကျဲကို လက်ဆုပ်လက်ကိုင် ပြုလိုက်သည်
"ယွီအကြီးအကဲ၊ စလိုက်တော့ "
"ကောင်းပြီ "
ယွီထင်ကျဲ လက်လှုပ်လိုက်သည်။
သူသည် စုန့်ကျိလီ၏ လည်ပင်းကို တစ်ချက်တည်း ညှစ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဖိအားများကြောင့် စုန့်ကျိလီ၏ ခန္ဓာကိုယ်ရှိ အပေါက်တိုင်း တုန်လှုပ်သွားသည်။
စုန့်ကျိလီသည် သူ၏ မသေမျိုးစွမ်းအား ကို အသုံးပြု၍ လွတ်မြောက်ရန် ကြိုးစားသော်လည်း ယွီထင်ကျဲ၏ အဆပေါင်းများစွာ ပိုမိုကြီးမားသည့် စွမ်းအားက ချက်ချင်းပင် ဖိနှိပ်လိုက်သည်။
အဆင့် ၃ နှင့် အဆင့် ၄ ကြားက ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ဝေးကွာလှသည်။
စုန့်ကျိလီသည် ယွီထင်ကျဲ၏ လက်ထဲတွင် ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။
"ယွီထင်ကျဲ၊ မင်း ဘယ်လိုလုပ်ရဲရတာလဲ "
စုန့်ကျိလီ၏ မျက်လုံးများ နီရဲလာပြီး ယွီထင်ကျဲကို စိုက်ကြည့်ရင်း ရွှီချန်ရှီးတို့ဘက်ကို လှမ်းကြည့်လိုက်သည်
"မင်းတို့ မြန်မြန် ထွက်ပြေးကြ ဒီကိစ္စကို မဟာမြေမသေမျိုးဆီ သတင်းပို့လိုက်ကြ "
ရွှီချန်ရှီး လုံးဝ မလှုပ်ရှား
ယန်ဟောင်ရန်လည်း လုံးဝ မလှုပ်ရှား။
ရွှီချန်ရှီး ခေါ်လာသော မသေမျိုးများလည်း မလှုပ်ရှား။
သူတို့သည် စုန့်ကျိလီကို အေးစက်စက် အကြည့်ဖြင့်သာ ကြည့်နေကြသည်။
ချက်ချင်းပင် စုန့်ကျိလီ စိတ်ရှုပ်ထွေးသွားသည်။
သူ၏ ဦးနှောက်ထဲတွင် တစ်စုံတစ်ခုကို ရိပ်မိလိုက်သည်။
သူ မယုံနိုင်စွာဖြင့် လူတိုင်းကို ကြည့်လိုက်သည်
"မင်းတို့... ဝိညာဉ်နတ်ဘုရားဂိုဏ်းကို သစ္စာဖောက်ပြီး ဝိညာဉ်သုတ်သင်ခြင်းဌာနနဲ့ ပူးပေါင်းလိုက်တာလား "
ဒီနေ့ သူ ခေါ်လာခဲ့တဲ့လူတွေ အကုန်လုံးက သူ့ကိုယ်သူ ကလွဲရင် ဝိညာဉ်သုတ်သင်ခြင်းဌာနက လူတွေလား
အောက်က နဂါးအိုကြီးရော လီဝူဝမ်ရော
ဘာလို့ ဒီလို ဖြစ်ရတာလဲ
ဝိညာဉ်သုတ်သင်ခြင်းဌာနက သူ့တပည့်ကိုတောင် ဘယ်လိုလုပ် သိမ်းသွင်းလိုက်တာလဲ ရွှီချန်ရှီးတို့လို ဂိုဏ်းအတွက် အသက်စွန့်ခဲ့သူတွေကို ဘယ်လိုလုပ် သိမ်းသွင်းလိုက်တာလဲ
ဘာလို့ အဆင့် ၄ ယွီထင်ကျဲကတောင် သူတို့အတွက် အလုပ်လုပ်ပေးနေတာလဲ
"ငါ့အမှား မဟုတ်ဘူး... ဒါ ငါ့အမှား မဟုတ်ဘူး..."
စုန့်ကျိလီသည် ရူးသွပ်စွာ အော်ဟစ်လိုက်ပြီးနောက် သူ၏ ရုပ်ခန္ဓာမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကာ ဝိညာဉ်တစ်ခုသာ ကျန်ရစ်တော့သည်။
ယွီထင်ကျဲသည် ယင်လောကသို့ မသွားရောက်ခဲ့သဖြင့် ထိုဝိညာဉ်ကို မထိတွေ့နိုင်သလို မမြင်လည်း မမြင်နိုင်ပေ။
သို့သော် စုန့်ကျိလီ၏ ဝိညာဉ်သည် ယင်လောက၏ အစီအမံအောက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူ သိသည်။
မဝေးလှသော တိမ်တိုက်စင်မြင့်ပေါ်တွင် လီချန်းစန်းသည် လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း အံ့ဩနေသည်။
သောင်းတာအိုမျှော်စင် အရှင်ဖြစ်သူ စုန့်ကျိလီက ဤမျှ လွယ်လွယ်ကူကူဖြင့် အဆုံးသတ်သွားမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သူ သိထားသလောက် စုန့်ကျိလီ၏ စွမ်းအားမှာ လီဝူဝမ်နှင့် နှိုင်းယှဉ်လျှင် မညံ့ပေ။
သို့သော် အဆင့် ၄ မသေမျိုး၏ လက်ထဲတွင်မူ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ယခုမှ သူ နားလည်သွားသည်။
အဆင့် ၃ နှင့် အဆင့် ၄ ကြားက ကွာဟချက်ကို။
"ခင်ဗျားတို့ အရင် သောက်နေကြဦး၊ ကျုပ် ဟိုဘက်ကို တစ်ချက် သွားလိုက်ဦးမယ် "
ဖန့်ချန်သည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူ၏ ပုံရိပ်မှာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
သူ ပေါ်လာသောအခါ စုန့်ကျိလီ၏ ရှေ့တွင် ရောက်နေပြီဖြစ်သည်။
စုန့်ကျိလီ၏ အကြည့်များ ဖန့်ချန်ဆီ မရောက်ခင်မှာပင် ယွီထင်ကျဲတို့က တပြိုင်နက်တည်း လက်ဆုပ်လက်ကိုင် ပြုကြသည်။
"သခင်လေး "
စုန့်ကျိလီသည် သူတို့ကို ကြောင်ကြည့်နေပြီးနောက် ဖန့်ချန်ကို ပြန်ကြည့်လိုက်သည်။
သူ၏ အမူအရာမှာ တရစပ် ပြောင်းလဲနေသည်။
သခင်လေး
"စုန့်ကျိလီက နဂါးအိုကြီးကို တိုက်ခိုက်ဖို့ ကျုပ်ကို ဖိအားပေးတယ်၊ ဒါက နတ်မင်းနန်းတော်ကို မလေးစားတာ၊ နတ်မင်းနန်းတော်ကို မကျေနပ်တာ ဖြစ်တဲ့အတွက် ကျုပ် စုန့်ကျိလီကို သတ်ပစ်လိုက်တာ၊ ဒီသတင်းကို နတ်မင်းနန်းတော်ကို အစီရင်ခံလိုက်မယ် "
ယွီထင်ကျဲက လက်ဆုပ်လက်ကိုင် ပြုကာ ပြောသည်။
"မင်း လျှောက်ပြောနေတာ "
စုန့်ကျိလီ အော်ဟစ်လိုက်သည်။
သို့သော် သူ စဉ်းစားကြည့်ရာ ယွီထင်ကျဲ ပြောတာလည်း မမှားပေ။
သူ အမှန်တကယ်ပင် ဖိအားပေးခဲ့သည်။
သို့သော် တစ်ဖက်လူက သူ့ကို ချက်ချင်း သတ်ပစ်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။
မဟာမြေမသေမျိုးဆိုတဲ့ အမည်နာမကတောင် ယွီထင်ကျဲကို မတားနိုင်တော့ဘူးလား
မဟုတ်သေးဘူး၊ စုန့်ကျိလီ ရုတ်တရက် ရိပ်မိသွားသည်။
ယွီထင်ကျဲ၏ စကားသာ နတ်မင်းနန်းတော် သိသွားလျှင် ဒီတစ်ခါ... နတ်မင်းနန်းတော်နှင့် မဟာမြေမသေမျိုးတို့ကြားတွင် ဒုတိယမြောက် ရန်ငြိုးရန်စ ဖြစ်ပေါ်တော့မည်။
"သူတို့က ငါ့သေခြင်းကို အသုံးချပြီး မဟာမြေမသေမျိုးကို တိုက်ခိုက်ဖို့ ကြံစည်နေတာ... ဝိညာဉ်သုတ်သင်ခြင်းဌာနဆိုတဲ့ လူယုတ်မာတွေ..."
စုန့်ကျိလီသည် ဖန့်ချန်ကို စိုက်ကြည့်လိုက်သည်။
ဒီနှစ်တွေအတွင်း ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဒီလောက်တောင် ရှုံးနိမ့်ခဲ့ရခြင်းမှာ ဒီလူကြောင့် ဖြစ်သည်။
"ရွှီချန်ရှီးကအစ သူ့လူတွေ ဖြစ်နေတာ၊ အရင်တုန်းက နတ်ဆေးပင်ကို သူ ခိုးသွားပြီး ငါ့ကို အပြစ်ပေးခံရအောင် လုပ်ခဲ့တာ..."
စုန့်ကျိလီ ဒေါသဖြင့် မျက်နှာဖြူဖျော့သွားသည်။
သူ ဘယ်လိုမှ မထင်မှတ်ထားခဲ့သည့်အရာမှာ ဒီလူက ဤမျှတိုင် နက်ရှိုင်းစွာ စီမံထားလိမ့်မည်ဟုပင်။
သူ့ဘေးနားက လူတွေတောင် သူ့လက်အောက်ခံ ဖြစ်နေခဲ့သည်။
ယွီရွှီဂြိုလ် ကိစ္စကစပြီး သူတို့ရဲ့ အစီအစဉ်တွေအောက်မှာ သူဟာ ဟာသတစ်ခု ဖြစ်နေခဲ့ပြီ။
"ဟုတ်ပြီ၊ ငါ ယင်လောကထဲ ဝင်သွားလို့ရသေးတယ် ယင်လောကထဲမှာ လုပ်ဖော်ကိုင်ဖက်တွေကို တွေ့တာနဲ့ ဒီကိစ္စတွေကို အကုန် အစီရင်ခံမယ် မဟာမြေမသေမျိုးဆီ သတင်းရောက်အောင် လုပ်ပြီး ငါ့အပြစ်တွေကို ရှင်းလင်းမယ်"
"ရွှီချန်ရှီးတို့ ဝိညာဉ်သုတ်သင်ခြင်းဌာနကို ခိုလှုံသွားတာက ကြီးမားတဲ့ကိစ္စပဲ၊ ဒီသတင်းကို အပြင်ရောက်အောင် ပို့ရမယ်"
စုန့်ကျိလီသည် သူဘာသာ ရေရွတ်နေသည်။
"သေသွားတာတောင် ဝိညာဉ်နတ်ဘုရားဂိုဏ်းအတွက် အလုပ်လုပ်ဖို့ စဉ်းစားနေတုန်းပဲ၊ တကယ့်ကို အပင်ပန်းခံတဲ့ သူပဲ "
ဖန့်ချန်က အေးဆေး ပြောသည်။
စုန့်ကျိလီ ခဏမျှ ငေးသွားသည်။
ဖန့်ချန်က သူ့ကို ကြည့်နေသလို ခံစားရသဖြင့် သူ မယုံနိုင်စွာပင် ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ ထိုအကြည့်က သူနှင့်အတူ လိုက်ပါလာသည်။
"မင်း... မင်း ငါ့ကို မြင်နေရတာလား "
စုန့်ကျိလီ၏ လည်ချောင်းမှာ ခြောက်ကပ်သွားသည်။