အခန်း (၁၂၄၅-၁၂၄၆)
Vol. 125 Ch. 1245-1246
အခန်း (၁၂၄၅) - မစုံလင်သော ပဟေဠိအပိုင်းအစ
ကျင့်ကြံခြင်းကာလသည် ငြီးငွေ့ဖွယ်ကောင်းပြီး ပျင်းစရာကောင်းသည်ဟု ထင်ရသော်လည်း ကျင့်စဉ်အဆင့် တိုးတက်သွားသည့်အချိန်တိုင်းတွင်မူ ချိုမြိန်သော စမ်းရေအေးကို သောက်လိုက်ရသကဲ့သို့ စိတ်နှလုံးကို အေးမြစေသည်။
ဖန့်ချန်သည် ထိုမျှကြာမြင့်စွာ တိတ်တဆိတ် ကျင့်ကြံခြင်း မလုပ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ လွန်ခဲ့သည့်နှစ်များအတွင်း နေရာအနှံ့ ပြေးလွှားလှုပ်ရှားခဲ့ရသဖြင့် အနည်းငယ် လှုပ်ရှားနေသော သူ၏စိတ်မှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။
သူသည် အလုပ်နှင့် အနားယူခြင်းကို မျှတစွာ လုပ်ဆောင်ရမည်ဟူသော စကားကို မှန်ကန်သည်ဟု ယူဆသည်။
အနားယူချိန်တွင် ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှုကို ပြန်လည်ရရှိစေရုံသာမက လွန်ခဲ့သည့်နှစ်များအတွင်း ရရှိခဲ့မှုနှင့် ဆုံးရှုံးခဲ့မှုများကို စိတ်အေးလက်အေး ပြန်လည်တွေးတောနိုင်သည်။
မည်သည့်အရာက မှားယွင်းပြီး မည်သည့်အရာက မှန်ကန်သည်ကို ပြန်လည်သုံးသပ်ပြီးနောက် လက်ရှိကြုံတွေ့နေရသည့် အရာများကို ပိုမိုရှင်းလင်းစွာ မြင်လာရသည်။
ထူးခြားသူ ၊ မိစ္ဆာအရှင် ၊ ပြောင်းပြန် မသေမျိုး မိစ္ဆာသန္ဓေသား ၊ မည်သူမှန်းမသိသော ရန်သူ၊ ဒီနေရာမှ အရာအားလုံးသည် ပဟေဠိအပိုင်းအစတစ်ခုနှင့် တူသည် အကယ်၍သာ စုစည်းမိပါက အမှန်တရားကို သိရှိနိုင်လိမ့်မည်။
သို့သော် ဤပဟေဠိထဲတွင် အရေးကြီးဆုံး အပိုင်းအစတစ်ခု လိုအပ်နေပုံရသည်။
လူဆိုသည်မှာ အဘယ်ကြောင့် အရေးကြီးသနည်း။
လူသည် အခြေခံအမြစ်ဖြစ်သောကြောင့်လော။
သို့သော် လူ့လောကကိုးခုတွင် ဝိညာဉ်နတ်ဘုရားဂိုဏ်း ကဲ့သို့သော အရာများ ရှိနေသော်လည်း သာမန်လူသားတို့၏ အရေအတွက်မှာလည်း ရေတွက်၍ မကုန်နိုင်ပေ။
အကယ်၍သာ ထိုမျှရိုးရှင်းပါက ထူးခြားသူ တို့က အထူးတလည် မှတ်မိနေပြီး အလေးပေး ဖော်ပြမည်မဟုတ်ပေ။
အတွေးများ လှိုင်းထန်နေစဉ်အတွင်း စွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး ဖန့်ချန်သည် သူ၏ကျင့်စဉ်အဆင့် တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
တာအိုသုံးထောင်နယ်မြေထဲသို့ ဝင်ရောက်လာသည်မှာ နှစ်ပေါင်း လေးရာကျော်ရှိပြီဖြစ်သည်။
သူ၏ကျင့်စဉ်အဆင့်မှာ ပေါင်းစပ်ခြင်းအစောပိုင်းမှ ပေါင်းစပ်ခြင်း နောက်ဆုံးအဆင့်သို့ တရစပ် တိုးတက်လာသည်။
သာမန်လူများအတွက် အတားအဆီးဟုခေါ်သော အဆင့်များသည် ဖန့်ချန်အတွက် မရှိပေ။
သူ၏ ဝိညာဉ်စွမ်းအင်မှာ အဆင့်တစ်ခုသို့ ရောက်ရှိသည်နှင့် သဘာဝကျကျပင် တိုးတက်သွားပြီး အဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်တော့သည်။
အဆင့်တိုးတက်မှုမှာ မြန်ဆန်သော်လည်း အခြေခံအုတ်မြစ်မှာမူ အလွန်ခိုင်မာပြီး ခြေလှမ်းတိုင်းကို စနစ်တကျ လှမ်းခဲ့သည်။
ဖန့်ရွှမ်ယန်နှင့် အခြားကိုယ်ပွားများ၏ ကျင့်စဉ်အဆင့်များမှာလည်း တည်ငြိမ်စွာ တိုးတက်နေသည်။
ဖန့်ပါဟွမ် ကဲ့သို့သော ကိုယ်ပွားများမှာမူ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးများနှင့် နှစ်ပေါင်း နှစ်ရာကျော် အချိန်ကို အမှီပြု၍ ပေါင်းစပ်ခြင်း အလယ်အဆင့်မှ နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
အပြန်အလှန်အားဖြင့် နတ်ဘုရားနှိမ်နင်းရေး ကြိမ်လုံး ကျင့်စဉ်ဖြင့် တည်ဆောက်ထားသည့် ဖန့် ဒါရှန်မှာမူ စတင်ကတည်းက ပေါင်းစပ်ခြင်း နောက်ဆုံးအဆင့် ဖြစ်နေသဖြင့် ထိုနှစ်ပေါင်း နှစ်ရာအတွင်း အဆင့်မတက်သေးသော်လည်း ပေါင်းစပ်ခြင်း အထွတ်အထိပ်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။
ဖန့်ချန်သည် လက်ထဲရှိ ကျင့်စဉ်များကို လေ့ကျင့်နေရာမှ ရပ်လိုက်ပြီး ဓားငယ်လေးဘက်သို့ ကြည့်လိုက်သည်။
ထိုကလေးငယ်မှာ လွန်ခဲ့သော နှစ်တစ်ရာကပင် တစ်ကြိမ် တိုးတက်ခဲ့ပြီးဖြစ်သည်။
သို့သော် သူစားလိုက်သည့် ရတနာများမှာ အလွန်များပြားသဖြင့် အစာချေဖျက်နေဆဲဖြစ်သည်။
အစာချေဖျက်မှု ပြီးဆုံးပါက အဆင့် ၈ သို့ တက်လှမ်းနိုင်လိမ့်မည်။
အကြည့်ကို ဖန့်ထျန်းဇွန်ဆီသို့ ပြောင်းလိုက်သည်။
သူသည် ရေခဲလေစွမ်းအင်ကို သန့်စင်နေဆဲဖြစ်သည်။
ပထမဆုံးအကြိမ် ရရှိခဲ့သော ဟန်ရွှေနတ်မီးလျှံနှင့် နှိုင်းယှဉ်ပါက ဒုတိယအကြိမ် ရရှိသော ကောင်းကင်လျှပ်စီး စွမ်းအင်မှာ သန့်စင်ရန် အချိန်ပိုမို ကြာမြင့်သည်။
ဤအတိုင်းဆိုလျှင် ထူးခြားသည့် ဝိညာဉ်စွမ်းအင် (၉၉) မျိုးကို သန့်စင်ပြီး မိမိကိုယ်ကို ကောင်းကင်ဘုံရှင် အဖြစ် ပြောင်းလဲလိုပါက နောက်ပိုင်းတွင် လိုအပ်မည့် အချိန်မှာ အလွန်ပင် ကြောက်ခမန်းလိမ့်မည်။
သာမန် ကျင့်ကြံသူများအနေဖြင့် အသက်ရှည်မှု လုံလောက်မည်မဟုတ်ပေ။
ထို့ကြောင့် ကောင်းကင်ဘုရင်ဆေးကျမ်း မှာ အလွန်ထူးချွန်သူများအတွက်သာ သင့်တော်သည်။
မဟုတ်ပါက တစ်သက်လုံး ကျင့်ကြံသော်လည်း (၃) ပုံ (၁) ပုံပင် ပြီးမြောက်နိုင်မည်မဟုတ်ပေ။
ကံကောင်းစွာဖြင့် ဖန့်ထျန်းဇွန်သည် ကောင်းကင်ဘုရက်ဆေးကျမ်း ၏ လမ်းစဉ်ဖြင့် တည်ဆောက်ထားသော ကိုယ်ပွားဖြစ်သဖြင့် ထိုကိစ္စတွင် သာမန်အတိုင်း တွက်ချက်၍ မရပေ။
ဖန့်ချန်သည် တာအိုသုံးထောင်လမ်းစဉ် နန်းတော်ထဲသို့ ဝင်ကာ နတ်ဘုရားရုပ်တု သုံးခုရှေ့တွင် ရပ်လိုက်ပြီး လက်ထဲရှိ ဝိညာဉ်စွမ်းအင်များဖြင့် နံ့သာတိုင် သုံးတိုင်ကို ဖန်တီးလိုက်သည်။
အမွှေးတိုင် ထွန်းပြီးနောက် ဖန့်ချန်သည် နတ်ဘုရားရုပ်တုများကို ခဏမျှ စူးစိုက်ကြည့်ရှုပြီးမှ နန်းတော်အပြင်ဘက်သို့ ပြန်ထွက်ကာ ကျင့်စဉ်များကို ဆက်လက် လေ့ကျင့်သည်။
ယခုအခါတွင် သူသည် တာအိုသုံးထောင်လမ်းစဉ်ကို အခြေခံအားဖြင့် နားလည်လာပြီဖြစ်သည်။
သူ၏စိတ်ထဲတွင် ထိုနတ်ဘုရားရုပ်တု သုံးခုမှာ လမ်းစဉ်အမျိုးအစား သုံးခု၏ ကိုယ်ပွားများ ဖြစ်နိုင်သလားဟု တွေးတောမိသည်။
လျှပ်စီးနတ်ဘုရားရုပ်တု ချန် မှာ လျှပ်စီးကိုယ်ပွား ဖြစ်နိုင်ပါသလား။
နေနတ်ဘုရားရုပ်တုနှင့် ညနတ်ဘုရားရုပ်တုမှာ မည်သည့်လမ်းစဉ်၏ ကိုယ်ပွားများ ဖြစ်နိုင်သနည်း။
ရှေးခေတ် လမ်းစဉ်ကျင့်သူများက နတ်ဘုရားရုပ်တု သုံးခုကို အရင်းအမြစ်အဖြစ် သတ်မှတ်ခဲ့ကြပြီး လမ်းစဉ်များအားလုံးသည် ဤနတ်ဘုရား သုံးခုမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။
အမှန်တရားမှာ ထိုအတိုင်း ဖြစ်နိုင်ပါသလား။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
ဖန့်ထျန်းဇွန်သည် ရေခဲလေစွမ်းအင်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး ကျင့်စဉ်အဆင့်မှာ ပေါင်းစပ်ခြင်း အထွတ်အထိပ်မှ တာအိုပေါင်းစပ်ခြင်း အထွတ်အထိပ်အထိ တိုးတက်လာကာ ဖန့်ရွှမ်ယန်နှင့် တန်းတူ ဖြစ်သွားသည်။
ဖန့်ထျန်းဇွန်သည် ဝိညာဥ်စွမ်းအင် သုံးမျိုးကိုသာ သန့်စင်ရသေးပြီး နောက်ထပ် (၉၆) မျိုး ကျန်ရှိနေသေးသည်။
ဖန့်ရွှမ်ယန်မှာမူ ရွှမ်ယန် ခန္ဓာလေးဆင့်၏ အလယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး တတိယဆင့်နှင့် စတုတ္ထဆင့်သာ ကျန်ရှိတော့သည်။
ဖန့်ချန်၏ ခန့်မှန်းချက်အရ ရွှမ်ယန် ခန္ဓာလေးဆင့်၏ အမြင့်ဆုံးအဆင့်မှာ အဆင့် (၁) သို့မဟုတ် (၂) ရှိသော မသေမျိုးအဆင့်အထိသာ ဖြစ်နိုင်သည်။
ဖန့်ထျန်းဇွန်ထံမှ ရရှိသော စွမ်းအင်ပြန်လည် တုံ့ပြန်မှုကြောင့် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်မှာ ပေါင်းစပ်ခြင်း နောက်ဆုံးအဆင့်၏ အထွတ်အထိပ်သို့ တည်ငြိမ်စွာ ရောက်ရှိသွားသည်။
"ကပ်ဘေးတစ်ခုခုနဲ့ ကြုံတွေ့ရတော့မယ် ထင်တယ်"
ဟု ဖန့်ချန်က တိုးတိုးလေး ရေရွတ်သည်။
ဒီတစ်ကြိမ်တွင် ကံကောင်းသည်မှာ အလယ်အဆင့် သို့မဟုတ် နောက်ဆုံးအဆင့်တွင် ဘေးအန္တရာယ် မကြုံခဲ့ရပေ။
အကယ်၍သာ ကြုံခဲ့ရပါက သူသည် ဘေးအန္တရာယ် မကျော်လွန်မီ အထွတ်အထိပ်အဆင့်သို့ မတက်လှမ်းနိုင်ပေ။
ပထမဆုံးအကြိမ်မှာ မိစ္ဆာကပ်ဘေး၊ ဒုတိယအကြိမ်မှာ ကံဆိုးမှု့ကပ်ဘေး ဖြစ်သည်။
ဘေးအန္တရာယ်တိုင်းမှာ မတူညီကြပေ။
ဤတစ်ကြိမ်တွင် သူသည် မည်သည့် ဘေးအန္တရာယ်မျိုး ကြုံတွေ့ရမည်ကို စပ်စုမိသည်။
ဓားငယ်လေးသည် ဗိုက်တင်းသွားသည်အထိ အစာစားပြီးနောက် အသက်ရှူလိုက်ရာ သူ၏ အရှိန်အဝါမှာ တည်ငြိမ်သွားသည်။
အစောပိုင်းက ဝါးမြိုခဲ့သော ရတနာများမှာ အကုန်လုံး အစာကြေသွားပြီ ဖြစ်သည်။
ဖန့်ချန်၏ ခန့်မှန်းချက်အတိုင်း ဓားငယ်လေးသည် အဆင့် (၈) သို့ တည်ငြိမ်စွာ တက်လှမ်းနိုင်ခဲ့သည်။
တာအိုသုံးထောင်လမ်းစဉ် နယ်မြေထဲသို့ ဝင်ရောက်လာသည်မှ ယခုအချိန်အထိ ဖန့်ချန်သည် ဤနေရာတွင် နှစ်ခြောက်ရာ နီးပါး နေထိုင်ခဲ့ပြီး ရလဒ်ကောင်းများစွာ ရရှိခဲ့သည်။
ကိုယ်ပွားသစ် ဖန့် ဒါရှန်မှာ ပေါင်းစပ်ခြင်း အထွတ်အထိပ်အထိ ရောက်ရှိသွားပြီ ဖြစ်သည်။
ဖန့်ထျန်းဇွန်မှာ တာအိုပေါင်းစပ်ခြင်း အထွတ်အထိပ်ဖြစ်သည်။
ဖန့်ရွှမ်ယန်မှာ တာအိုပေါင်းစပ်ခြင်း အထွတ်အထိပ်ဖြစ်သည်။
ကျန်ကိုယ်ပွား ခုနစ်ခုမှာ ဖန့် ဒါရှန်ကဲ့သို့ပင် ပေါင်းစပ်ခြင်း အထွတ်အထိပ် ဖြစ်ကြသည်။
ထိုနှစ်များအတွင်း စောင့်ကြည့်ချက်အရ ကိုယ်ပွားများထဲတွင် ဖန့်ယင်ပင်း မှာ ထိုနေရာတွင် အကျိုးအမြတ် အနည်းဆုံး ရရှိခဲ့သည်။
သူသည် ယင်လောက တွင် နေထိုင်ရန် ပိုမိုသင့်တော်သည်။
သို့သော်လည်း တာအိုသုံးထောင်နယ်မြေထဲတွင် (၁၀) နှစ်နေခြင်းမှာ အပြင်လောကတွင် (၁) ရက်နှင့် ညီမျှသည်ဟု ဆိုသဖြင့် ထိုနေရာမှ ရရှိသော အကျိုးကျေးဇူးမှာ ယင်လောကထက် အဆပေါင်းများစွာ ပိုများသည်။
"ကိုယ်ပွားတွေရဲ့ ကျင့်ကြံမှု တုံ့ပြန်မှုတွေက တာအိုသုံးထောင်လမ်းစဉ်ရဲ့ အဓိက အနှစ်သာရ ဖြစ်တယ်အခု ကိုယ်ပွား (၁၀) ခုစလုံး ကျင့်ကြံနေတဲ့ အတွက် ငါ ရရှိ တဲ့ တုံ့ပြန်မှုက နေ့ရောညပါ သောက်စားပျော်ပါးနေရင်တောင် ကျင့်စဉ်အဆင့်က တည်တည်ငြိမ်ငြိမ် တိုးတက်နေအုံးမယ် အချိန်ကသာပြဿနာ ဖြစ်တာ တကယ်လို့သာ ကိုယ်ပွား ၁၀၀ ဒါမှမဟုတ် ၁၀၀၀ ရှိရင် ထိုင်နေရင်း အကျိုးခံစားခွင့် ရရှိနေလိမ့်မယ် "
ဖန့်ချန်သည် စိတ်ထဲတွင် သက်ပြင်းချမိပြီး ရယ်မော၍ ခေါင်းခါလိုက်သည်။
ထိုလမ်းစဉ်မှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ကိုယ်တိုင် လက်တွေ့ ကျင့်ကြံမှသာ ခက်ခဲပုံကို သိရှိနိုင်သည်။
တာအိုသုံးထောင်နယ်မြေသို့ မဝင်မီ နှစ်ပေါင်း ၂၀၀ တွင် သူသည် ဖန့် ဒါရှန်ကို တည်ဆောက်ခဲ့သည်။
နောက်ပိုင်း နှစ်ပေါင်း (၄၀၀) တွင် သူသည် ကိုယ်ပွားများ တည်ဆောက်ရန် ကြိုးစားခဲ့သော်လည်း အကြိမ်ကြိမ် ကျရှုံးခဲ့သည်။
ထို့ကြောင့် ဝိညာဥ်ခွဲဖြာခြင်းအဆင့်မှ ပေါင်းစပ်ခြင်းအဆင့်သို့ တက်လှမ်းစဉ်က ရရှိခဲ့သော အခွင့်အရေးမှာ ကြီးမားလှပြီး သူသည် ဝိညာဉ် (၉) ခုကို ခွဲခြမ်းနိုင်ခဲ့သည့်အတွက် အစကတည်းက ကိုယ်ပွား (၉) ခုဖြင့် စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ ကိုယ်ပွား (၂) ခု သို့မဟုတ် (၃) ခုဖြင့်သာ စတင်ခဲ့ပါက နောက်ပိုင်းတွင် တည်ဆောက်ရန် ခက်ခဲသည့်အတွက် သူ၏ လက်ရှိ ကိုယ်ပွား (၁၀) ခုအဆင့်သို့ ရောက်ရန် နှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်သည်။
"တာအိုပေါင်းစပ်ကြရအောင် "
ကိုယ်ပွား (၁၀) ခုသည် တစ်ခုပြီးတစ်ခု အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ချက်ချင်းပင် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲတွင် သွေးချီများ ပြည့်နှက်သွားသည်။
၎င်းမှာ ရွှမ်ယန် ခန္ဓာလေးဆင့်၏ စွမ်းအားဖြစ်သည်။
ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးကြောင်းတစ်ခု လက်ခနဲဖြစ်သွားသည်။
၎င်းမှာ ကောင်းကင်လျှပ်စီးဖြစ်သည်။
မီးခိုးရောင် မျက်ဝန်းထဲတွင် နတ်ဘုရားအလင်းရောင်များ လှည့်ပတ်နေသည်။
အကျိုးကျေးဇူးများစွာကို ဖန့်ချန်တစ်ယောက်တည်းသာ တိတ်တဆိတ် ခံစားနိုင်သည်။
ဓားငယ်လေးသည်လည်း ပျော်ရွှင်စွာဖြင့် ဖန့်ချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသောအခါ သူ၏ ခန္ဓာကိုယ်မှာ အဆင့်မြင့်သွားသကဲ့သို့ ခံစားရပြီး လက်သီးကို အနည်းငယ် ဆုပ်ကိုင်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း သိရှိလိုက်သည်။
……
……
ရှီမျိုးနွယ်စု၏ ဘိုးဘေးဂြိုလ် ဤနေရာတွင် ဝိညာဉ်စွမ်းအင်မှာ အလွန်နည်းပါးပြီး ကျင့်ကြံသူများကိုပင် မမြင်ရသလောက် ဖြစ်သည်။
သို့သော် ထိုကာလသည် အလွန်ထူးခြားသည်။
ရှီမျိုးနွယ်စုဝင် ကျင့်ကြံသူများမှာ နေရာအနှံ့မှ ပြန်လည် ရောက်ရှိလာကြပြီး အချိန်အကြာကြီး ပိတ်ထားသော တည်နေရာ ကူးပြောင်းခြင်း ရုပ်တုများမှာ နေ့ရောညပါ တောက်ပနေသည်။
ဤနေရာကို အရင်က ရှီမျိုးနွယ်စု ဘိုးဘေးကြယ်ဟု မခေါ်ခဲ့ပါ ရှီမျိုးနွယ်စုမှ ပုဂ္ဂိုလ်များက ကျင့်ကြံခြင်း လောကတွင် နာမည်ကြီးအောင် လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ကြာလာသောအခါ အပြင်လောကမှ ကျင့်ကြံသူများက ထိုနေရာကို ရှီမျိုးနွယ်စု ဘိုးဘေးကြယ်ဟု ခေါ်ဆိုခဲ့ကြသည်။
ဤနေရာရှိ သက်ရှိများမှာ အတွင်းကျကျ အကြောင်းရင်းကို မသိရှိသလို ခေါ်ဆိုပုံချင်းမှာလည်း အမျိုးမျိုး ဖြစ်ကြသည်။
တုယွန်းရွှီ က ပြုံး၍ ပြောသည်။
ရှကျီ သည် ကောင်းကင်ပေါ်တွင် ကြယ်တံခွန်များ ပျံသန်းနေသည်ကို ကြည့်ပြီး ၎င်းတို့မှာ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြောင်း သိရှိလိုက်သည်။
"ငါတို့ရဲ့ လူတွေက ဒီနေရာမှာ အကုန်လုံး ပြန့်နှက်နေပြီ ရှီဇီအန်း လည်း မကြာခင် ရောက်တော့မယ် သခင်လေးကို ဖိတ်ခေါ်ဖို့ အချိန်တန်ပြီ "
အခန်း (၁၂၄၆) - မသေမျိုးဂိုဏ်း၏ တားမြစ်နယ်မြေ
လှေတစ်စင်းသည် တိမ်တိုက်များကို ဖောက်ထွက်လျက် ကောင်းကင်ယံမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ကြီးမားလှသော ထိုလှေ ပေါ်တွင် ရှီ ( မျိုးနွယ်စုမှ ကျင့်ကြံသူများ အပြည့်အနှက် ရပ်တည်နေကြသည်။
သူတို့သည် ထိုနေရာ၏ ဆင်းရဲနွမ်းပါးသော မြင်ကွင်းကို ငေးကြည့်ရင်း မချိတင်ကဲ သက်ပြင်းချမိကြသော်လည်း ထိုမျှသာပင်။
သူတို့ အများစုမှာ မွေးဖွားကတည်းက ရှီမျိုးနွယ်စု ဘိုးဘေးကြယ် တွင် မနေခဲ့ကြဘဲ ဘိုးဘေးများကို ပူဇော်ပသသည့်အခါမှသာ တစ်ခါတရံ ပြန်လာတတ်ကြသည်။
ဤနေရာအကြောင်းကိုလည်း မိသားစုအတွင်းရှိ သက်ကြီးဝါကြီးများ၏ ပါးစပ်ပြောစကားများမှတစ်ဆင့်သာ အနည်းငယ် သိရှိကြသည်။
ရှီမျိုးနွယ်စု ကျင့်ကြံသူများသည် လှေ၏ ရှေ့ဘက်ကို ခိုးကြည့်ကြသည်။
ထိုနေရာတွင် ရှီမျိုးနွယ်စု၏ လက်ရှိ အမြင့်ဆုံး အာဏာပိုင်များ ဖြစ်သော ပုဂ္ဂိုလ်အချို့ ရပ်တည်နေသည်။
အလယ်ဗဟိုတွင် ရပ်နေသူမှာ ရှီမျိုးနွယ်စု၏ သက်တမ်းအရှည်ဆုံးနှင့် ဝါအကြီးဆုံး ဘိုးဘေးကြီး ရှီဇီအန်း ပင် ဖြစ်သည်။
ထိုဘိုးဘေးကြီးသည် ငယ်ရွယ်စဉ်က ရှီမျိုးနွယ်စု ဘိုးဘေးကြယ်တွင် မွေးဖွားခဲ့သည်ဟု ဆိုကြသည်။
ထိုအချိန်က ဤနေရာသည် ယခုမြင်တွေ့နေရသည့်အတိုင်းပင် ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ ကုန်ခမ်းနေသည့် ကာလဖြစ်ခဲ့သည်။
ကျင့်ကြံရေး အရင်းအမြစ်မျိုးစုံမှာလည်း ရှားပါးလှသည်။
ထို့အပြင် ထိုအချိန်က ရှီမျိုးနွယ်စုတွင် ရန်သူပေါင်း မြောက်မြားစွာ ရှိနေပြီး လူတိုင်းက ထိုနေရာလေးတွင် ကန့်သတ်ထားသော အရင်းအမြစ်များကို လုယက်နေကြရသည်။
ထိုသို့သော ခက်ခဲသည့် ပတ်ဝန်းကျင်မျိုးတွင်မှ ထူးချွန်ထက်မြက်ပြီး ပါရမီထူးကဲလှသော ရှီဇီအန်း ဘိုးဘေးကြီးသည် ဝန်းရံထားသော ရန်သူများကို ချေမှုန်းကာ အဆင့်ဆင့် ကျော်ဖြတ်နိုင်ခဲ့သည်။
သူသည် ထိုနေရာ၏ နံပါတ် (၁) ပုဂ္ဂိုလ် ဖြစ်လာရုံသာမက နတ်မင်းနန်းတော်၏ နန်းတော်ရှင် ကြယ်မိုးမသေမျိုး ၏ တပည့်ရင်း ဖြစ်လာခဲ့သည်။
ထိုအချိန်မှစ၍ ရှီမျိုးနွယ်စုသည် ဤနေရာမှ ထွက်ခွာနိုင်ခဲ့ပြီး ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးကို မြင်တွေ့ခဲ့ကာ နေရာအနှံ့တွင် အခြေချလျက် ကြီးပွားတိုးတက်လာခဲ့သည်။
ယနေ့တိုင် ထိုခေတ်က ကျင့်ကြံသူများမှာ အသက်ကုန်ဆုံး၍ ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ရှီဇီအန်း တစ်ဦးသာ ယနေ့တိုင် အသက်ရှင်လျက် ရှိသည်။
သူတို့ကဲ့သို့သော ရှီမျိုးနွယ်စု၏ မျိုးဆက်သစ်များသည် ယခုကဲ့သို့ သက်သောင့်သက်သာရှိသော ကျင့်ကြံရေး ပတ်ဝန်းကျင်ကို ရရှိထားခြင်းမှာ ထိုဘိုးဘေးကြီး၏ ကျေးဇူးပင် ဖြစ်သည်။
"တကယ်လို့သာ ဘိုးဘေးကြီးသာ တိုက်ခိုက်တာ မအောင်မြင်ခဲ့ရင် ကျုပ်တို့ ရှီမျိုးနွယ်စုဟာ အခုအချိန်ထိ ဒီဆင်းရဲတဲ့ မြေမှာပဲ အစာရှာပြီး အဲဒီဒေသခံတွေနဲ့ပဲ ရောနှောနေမှာ၊ အခုလို အခြေအနေမျိုး ဘယ်ရှိပါ့မလဲ"
ရှီမျိုးနွယ်စု မျိုးဆက်သစ်များက စိတ်ထဲတွင်သာ တိတ်တဆိတ် ပြောဆိုနေကြသည်။
လှေ၏ ရှေ့ဘက်တွင် ရှီမျိုးနွယ်စုမှ သက်ကြီးဝါကြီးတစ်ဦးသည် လက်နောက်ပစ်လျက် ရပ်ကာ ထိုကမ္ဘာကို ကြည့်ပြီး သက်ပြင်းချလိုက်သည် ။
"ဘိုးဘေးကြီး တကယ်လို့သာ ကျွန်တော်တို့ ရှီမျိုးနွယ်စု ဒီနေရာကနေ မထွက်ခွာနိုင်ခဲ့ရင် အခုအချိန်မှာ ဘယ်လို အခြေအနေမျိုး ဖြစ်နေမလဲလို့ ထင်လဲ"
မျက်နှာရုပ်ရည် ချောမောလှပသော ရှီဇီအန်း သည် အနည်းငယ် ပြုံးလိုက်ပြီး
"ဘယ်လို အခြေအနေမျိုး ဖြစ်မလဲဆိုတာတော့ ငါလည်း မခန့်မှန်းနိုင်ဘူး ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ထွက်ခွာနိုင်ခဲ့တာတော့ အမှန်ပါပဲ "
"အဲဒီအချိန်က ဒီနေရာမှာ ရှိတဲ့ မျိုးနွယ်စုတွေ၊ ဂိုဏ်းတွေဟာ အသေးအမွှား အကျိုးအမြတ်လေးအတွက်နဲ့ အချင်းချင်း သတ်ဖြတ်ခဲ့ကြတယ် နောက်ဆုံးမှာတော့ မျိုးနွယ်စုတွေ ပျက်သုဉ်းပြီး ဂိုဏ်းတွေလည်း ပျောက်ကွယ်သွားခဲ့တယ် အကယ်၍သာ ရှီမျိုးနွယ်စုသာ ဒီမှာ ဆက်နေခဲ့ရင်လည်း အဲဒီလိုပဲ ဖြစ်သွားမှာပါပဲ "
ရှီမျိုးနွယ်စု၏ အဓိက အာဏာပိုင်အချို့က ခေါင်းညိတ်ကြသည်။
သူတို့သာ မထွက်ခွာနိုင်ခဲ့ပါက ရှီမျိုးနွယ်စုလည်း ထိုကဲ့သို့ပင် ဖြစ်သွားမည်မှာ သေချာသည်။
"ဒီတစ်ခါ ဘိုးဘေးတွေကို ပူဇော်တဲ့အခါ ဒုတိယအိမ်နဲ့ တတိယအိမ် တို့နဲ့ ကောင်းကောင်း ပြောဆိုဖို့ လိုတယ် လတ်တလောနှစ်တွေမှာ သူတို့ တော်တော်လေး စိတ်မငြိမ်မသက် ဖြစ်နေကြတယ် "
ရှီဇီအန်း က အေးဆေးစွာ ပြောသည်။
အဓိက အာဏာပိုင် အချို့၏ မျက်လုံးများမှာ တောက်ပသွားပြီး အချင်းချင်း ကြည့်လိုက်ကြသည်။
သူတို့၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုများ အနည်းငယ် ရှိနေသည်။
အရင်က ရှီမျိုးနွယ်စုတွင် တိုက်ရိုက်မျိုးဆက်များသာ ထိုနေရာမှ ထွက်ခွာနိုင်ခဲ့ခြင်း မဟုတ်ပေ။
"တစ်ယောက် တာအိုအောင်မြင်ရင် ကြက်၊ ခွေးပါ မကျန် အောင်မြင်တယ်"
ဟူသော စကားအတိုင်းပင်။
ထိုစဉ်က ခွဲထွက်သွားသော အကိုင်းအခက်များသည်လည်း အကျိုးအမြတ် ရရှိခဲ့ပြီး ရှီမျိုးနွယ်စု ဘိုးဘေးကြယ်မှ ထွက်ခွာပြီးနောက် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
ယခုအချိန်အထိ ဒုတိယအိမ်နှင့် တတိယအိမ်တို့တွင် အဆင့် (၃) မသေမျိုး တစ်ဦးစီ ရှိနေကြသည်။
အဓိက မျိုးဆက်တွင်မူ အဆင့် (၄) မသေမျိုး ဖြစ်သော ရှီဇီအန်း သာ ရှိပြီး အဆင့် (၃) မသေမျိုး မရှိသေးပေ။
"မင်းတို့ ကြိုးစားကြဖို့ လိုတယ် အဆင့် (၃) မသေမျိုး မရှိရင် ငါ အဆင့် (၄) မသေမျိုး နတ်ဆေးပင်ကို ရရှိရင်တောင် သောက်သုံးနိုင်မယ့်သူ မရှိဘူး တကယ်လို့ ဒုတိယအိမ်နဲ့ တတိယအိမ်ကိုပဲ ပေးလိုက်ရမလား "
ရှီဇီအန်း က ပြုံး၍ ပြောသည်။
အဓိက အာဏာပိုင်များမှာ ရှက်ရွံ့သွားသည်။
သူတို့ထဲတွင် အမြင့်ဆုံးအဆင့်မှာ အဆင့် (၂) သာ ရှိပြီး အဆင့် (၃) သို့ တက်လှမ်းမည့် လက္ခဏာ မတွေ့ရသေးပေ။
စကားပြောနေစဉ် လှေ သည် ရှီမျိုးနွယ်စု ဘိုးဘေးနယ်မြေသို့ ရောက်ရှိလာသည်။
ထိုနေရာကို အလွန်ကြီးမားသော တားမြစ်နယ်မြေတစ်ခုက ဝန်းရံထားသည်။
သာမန်လူများသာ အလွယ်တကူ ထိမိပါက အရိုးစင်းစင်းပင် ကျန်မည်မဟုတ်သော်လည်း လှေသည်မူ အတားအဆီးမရှိ ဖြတ်သန်းသွားသည်။
ရှီမျိုးနွယ်စု ဘိုးဘေးနယ်မြေ အနီးတွင် ယခုအခါ ဒေသခံ ကျင့်ကြံသူပေါင်း မြောက်မြားစွာ ရပ်နေကြသည်။
သူတို့ အများစုမှာ အဆင့်နိမ့် ကျင့်ကြံသူများ ဖြစ်ကြပြီး ဝိညာဥ်သန္ဓေသားအဆင့် ကျင့်ကြံသူများပင် အလွန်ရှားပါးသည်။
အလယ်အဆင့် နှင့် အထက်အဆင့် ကျင့်ကြံသူများမှာ တစ်ယောက်မှ မရှိပေ။
"မသေမျိုးတွေ ဘိုးဘေးတွေကို ပူဇော်ဖို့ ပြန်လာကြပြီ ဒီတစ်ခါ မသေမျိုးတံခါး ကို ဖွင့်ပေးမလားတော့ မသိဘူး တကယ်လို့ ဖွင့်ပေးရင် ကျုပ်တို့ မသေမျိုးနဲ့ တွေ့ဆုံရမယ့် ကံကြမ္မာ ရတော့မှာပဲ "
သက်ကြီးရွယ်အိုတစ်ဦးသည် လှေပေါ် ပေါ်မှ စူးရဲသော အကြည့်များကို ရုပ်သိမ်းလိုက်ပြီး အနီးရှိ ဝိညာဥ်သန္ဓေသား အဆင့် ကျင့်ကြံသူများကို ကြည့်လိုက်သည်။
သူတို့ အဆင့်များမှာ ထိုနေရာတွင် အထွတ်အထိပ် ဖြစ်ကြပြီး ဘိုးဘေးများဟု ခေါ်ဆိုခံကြရသည်။
ထို့ကြောင့်လည်း သူတို့သည် ဤနေရာ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သိရှိကြခြင်း ဖြစ်သည်။
ဤနေရာသည် ဒဏ္ဍာရီလာ မသေမျိုးတံခါး ဖြစ်သည်။
နှစ်ပေါင်း (၃၀၀) ကြာတိုင်း မသေမျိုးများ ပြန်လာ၍ ဘိုးဘေးများကို ပူဇော်တတ်ကြသည်။
အကယ်၍ ကံကောင်းပြီး မသေမျိုးတံခါး ပွင့်လာပါက သူတို့သည် မသေမျိုးကို တွေ့ဆုံနိုင်ပြီး မသေမျိုး၏ ဆုလာဘ်ကို ရရှိနိုင်သည်။
ယနေ့ ရောက်ရှိနေသော ဝိညာဥ်သန္ဓေသားအဆင့် ပုဂ္ဂိုလ်များထဲတွင် တစ်ဦးမှာ လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) က ရိုးရိုး ရွှေအမြုတေ အဆင့်သာ ဖြစ်သည်။
မသေမျိုး၏ ဆုလာဘ်ကို ရရှိခဲ့သောကြောင့်သာ ဝိညာဥ်သန္ဓေသား အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး ဘိုးဘေးဖြစ်လာခြင်း ဖြစ်သည်။
"အ... အရှင်... ဒီနေရာမှာ နှစ်ရှည်လများ စောင့်ကြည့်သည့်စင်မြင့် ကို တည်ဆောက်ထားတယ် စောင့်ကြည့် စင်မြင့်မှာ တာဝန်ရှိတဲ့ ကျင့်ကြံသူရဲ့ တစ်ခုတည်းသော တာဝန်က မသေမျိုးတွေ ဘိုးဘေးတွေကို ပူဇော်ဖို့ ပြန်လာတဲ့အခါ အကြောင်းကြားဖို့ပါပဲ "
နေ့ကင်းလှည့်စစ်သည် တစ်ဦးသည် ရိုသေစွာဖြင့် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အသံကို တည်ငြိမ်အောင် ထား၍ ပြောသည်။
သူသည် မိမိရှေ့ရှိ ပုဂ္ဂိုလ်နှစ်ဦးမှာ ယင်လောကမှ မည်သူမည်ဝါဖြစ်ကြောင်း မသိသော်လည်း ထိုပုဂ္ဂိုလ်နှစ်ဦးမှာ ယင်လောကမှ အလွန်အရေးကြီးသော ပုဂ္ဂိုလ်များ ဖြစ်ကြောင်း သေချာနေသည်။
"မင်းက ဒီနေရာက ဒေသခံလား "
ဖန့်ချန်က ရယ်မော၍ ပြောသည်။
နေ့ကင်းလှည့်စစ်သည်မှာ အမြန်ပင် ခေါင်းညိတ်လိုက်သည်
"ကျွန်တော်က ဒီနေရာက ဒေသခံပါပဲ "
တုယွန်းရွှီ က ပြုံး၍
"သခင်လေး၊ ပြောရရင်လည်း ရယ်စရာပဲ ဒီက ကျင့်ကြံသူတွေက ရှီမျိုးနွယ်စု ကျင့်ကြံသူတွေကို မသေမျိုးတွေလို့ ထင်နေကြတယ် သူတို့ နှစ်ပေါင်း (၃၀၀) ကြာတိုင်း ပြန်လာတာကို သိသွားတဲ့အခါ ဒီနေရာမှာ စောင့်ကြည့်စင်မြင့်ကို တည်ဆောက်ပြီး ရှီမျိုးနွယ်စု ကျင့်ကြံသူတွေ ပြန်လာမယ့်အချိန်ကို စောင့်နေကြတာပါ ဒီကျင့်ကြံသူတွေကလည်း သူတို့ရဲ့ သက်တမ်း ကုန်ဆုံးတဲ့အထိ မထွက်ခွာရဲဘဲ အစားထိုးသူကိုပဲ စောင့်နေရတာပါ"
"ဒါတင်မကဘဲ ဒီ ဝိညာဥ်သန္ဓေသား အဆင့်ရှိသူတွေပဲ စောင့်ကြည့်စင်မြင့်ကို တည်ဆောက်ခွင့် ရှိကြတယ် ဘာဖြစ်လို့လဲဆိုတော့ စောင့်ကြည့် စင်မြင့် အရေအတွက်ကြောင့် အမြဲတမ်း တိုက်ပွဲတွေ ဖြစ်နေကြတယ် လူတိုင်းက ဒီနေရာမှာ ကိုယ့်ရဲ့ စောင့်ကြည့် စင်မြင့်ပဲ ရှိစေချင်ပြီး တခြားသူတွေကို မလာစေချင်ကြဘူး"
"ဒါအပြင် နှစ်တိုင်းမှာလည်း သေမင်းနဲ့ ရင်းပြီး ရှီမျိုးနွယ်စုရဲ့ တားမြစ်နယ်မြေထဲကို ဝင်ရောက်ပြီး မသေမျိုးဆုလာဘ်ကို ရှာဖွေဖို့ ကြိုးစားတဲ့ ကျင့်ကြံသူတွေ ရှိတယ်"
"သူတို့က ဒီတားမြစ်နယ်မြေကို အဆင့် (၁) မသေမျိုးတောင် မဖောက်နိုင်မှန်း မသိကြဘူး အဆင့်နိမ့် ကျင့်ကြံသူတွေကတော့ ပြောမနေနဲ့တော့ ဒီလိုနဲ့ပဲ နှစ်တိုင်း သေဆုံးသူတွေက အများကြီးပါပဲ "
ထိုနေ့ကင်းလှည့်စစ်သည် မှာ စိတ်ထဲတွင် များစွာ ခံစားမိသည်။
အကယ်၍သာ သူသေဆုံးပြီးနောက် ယင်လောကသို့ မရောက်ခဲ့လျှင် ယင်စစ်သည် မဖြစ်ခဲ့လျှင် ထိုနေရာ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို သိရှိနိုင်မည် မဟုတ်ပေ။
ဤနေရာကို ကျင့်ကြံသူ အများစုက မသေမျိုးတံခါး တားမြစ်နယ်မြေဟု ခေါ်ဆိုကြပြီး နှစ်ပေါင်း (၃၀၀) ကြာလျှင် တစ်ကြိမ်ဖွင့်ကာ မသေမျိုးကို တွေ့ဆုံနိုင်သည်ဟု ယုံကြည်ကြသည်။
သို့သော် ထိုအခွင့်အရေးကို ဤနေရာရှိ အားအကောင်းဆုံး ဝိညာဥ်သန္ဓေသား အဆင့် ပုဂ္ဂိုလ်များကသာ သိမ်းပိုက်ထားကြပြီး သူတို့နှင့် သူတို့၏ မျိုးဆက်များသာ မသေမျိုးကို တွေ့ဆုံခွင့် ရကြသည်။
သာမန် ကျင့်ကြံသူများမှာ ထိုနေရာအနီးသို့ပင် မကပ်နိုင်ကြပေ။
စောင့်ကြည့်သည့်စင်မြင့်၏ ရည်ရွယ်ချက်မှာလည်း သာမန် ကျင့်ကြံသူများ အနီးသို့ မလာနိုင်စေရန်ပင် ဖြစ်သည်။
ထို့ကြောင့် သူတို့သည် သေမင်းနှင့် ရင်း၍ တားမြစ်နယ်မြေထဲကို ဝင်ကာ ဒဏ္ဍာရီလာ မသေမျိုးဆုလာဘ်ကို ရယူရန် ကြိုးစားကြသဖြင့် သေဆုံးသူများ အမြဲတမ်း ရှိနေသည်။
သူသည် အသက်ရှင်စဉ်ကလည်း ဝိညာဥ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ဦး၏ မျိုးဆက်ဖြစ်ပြီး ထိုလျှို့ဝှက်ချက်ကို ကြားဖူးသော်လည်း သူ မွေးဖွားခင်က မသေမျိုးတံခါး ပွင့်သွားခဲ့သည်။
သူ မွေးဖွားပြီးနောက်တွင်လည်း နှစ်ပေါင်း (၃၀၀) အသက်ရှင်ရန် စွမ်းရည် မရှိသဖြင့် နောက်တစ်ကြိမ် မသေမျိုးတံခါး ပွင့်သည်ကို မတွေ့ရဘဲ သေဆုံးသွားခဲ့ရသဖြင့် နောင်တရခဲ့သည်။
မည်သူကများ ထင်မှတ်ထားမည်နည်း၊ မသေမျိုးတံခါး တားမြစ်နယ်မြေ ဆိုသည်မှာ ကျင့်ကြံသူ မျိုးနွယ်စုကြီးတစ်ခု၏ ဘိုးဘေးနယ်မြေသာ ဖြစ်သည်ဟု။
"သွားကြစို့၊ အထဲကို ကြည့်ရအောင် "
ဖန့်ချန်နှင့် တုယွန်းရွှီ တို့သည် ရှီမျိုးနွယ်စု ဘိုးဘေးနယ်မြေဘက်သို့ လျှောက်သွားကြသည်။
နေ့ကင်းလှည့်စစ်သည်မှာ အနည်းငယ် အံ့အားသင့်သွားပြီး စိတ်ထဲတွင် များစွာ ပျော်ရွှင်သွားသည်။
ထိုတားမြစ်နယ်မြေမှာ အသက်ရှင်သူများကိုသာမက သူ့ကဲ့သို့သော နေ့ကင်းလှည့် သူများကိုပင် မဝင်ရောက်နိုင်အောင် တားဆီးထားသည်။
ယခုမူ ထိုယင်လောကမှ အရေးကြီးပုဂ္ဂိုလ်ကြီး နှစ်ဦးနောက် လိုက်ပါရသဖြင့် ဒဏ္ဍာရီလာ မသေမျိုးတံခါး တားမြစ်နယ်မြေကို နောက်ဆုံးတွင် တွေ့မြင်ရတော့မည် ဖြစ်သည်။