← Chapters

အခန်း (၁၂၄၇-၁၂၄၈)

Vol. 125 Ch. 1247-1248

အခန်း (၁၂၄၇-၁၂၄၈)

Vol. 125 Ch. 1247-1248

အခန်း (၁၂၄၇) - မင်းက ဘယ်လိုတောင် ရဲတင်းရဲတာလည်း

ရှီ မျိုးနွယ်စု ဘိုးဘေးနယ်မြေ၏ တားမြစ်နယ်မြေမှာ ရှီဇီအန်း ကိုယ်တိုင် ပြင်ဆင်ထားခြင်းမဟုတ်ဘဲ အဆင့်နိမ့် မသေမျိုး တစ်ဦးက အလွယ်တကူ တည်ဆောက်ထားခဲ့ခြင်းသာ ဖြစ်သည်။

ထိုနေရာတွင် တန်ဖိုးရှိသည့်အရာများ မရှိဘဲ ရှီမျိုးနွယ်စုတို့ နှစ်ပေါင်း (၃၀၀) ကြာတိုင်း ဘိုးဘေးများကို ပူဇော်ပသရန်နှင့် အတိတ်ကာလ၏ ခက်ခဲမှုကို ပြန်လည်အမှတ်ရရန်သာ ပြန်လာကြခြင်းဖြစ်သည်။

ဖန့်ချန် သည် တုယွန်းရွှီ နှင့် ထိုနေ့ကင်းလှည့်စစ်သည် တို့ကို ခေါ်ဆောင်ကာ ဘယ်ကွေ့ညာကွေ့ လျှောက်လှမ်းခဲ့ပြီး ခြေလှမ်းအနည်းငယ်အတွင်းမှာပင် တားမြစ်နယ်မြေ၏ အတားအဆီးကို ဖြတ်ကျော်သွားခဲ့သည်။

လူအများ၏ ရှေ့မှောက်တွင် နေရာသည် ချက်ချင်းပင် ကျယ်ပြန့်လင်းလက်သွားသည်။

အပြင်ဘက်မှ ကျင့်ကြံသူများသည် အတွင်းဘက် မြင်ကွင်းကို မမြင်နိုင်ဘဲ အဖြူရောင် မြူခိုးများကိုသာ မြင်နေရသော်လည်း အတွင်းဘက်တွင်မူ လူသွားလူလာများပြားသော ဈေးတန်းတစ်ခုကဲ့သို့ အလွန်ပင် စည်ကားနေသည်။

အရပ်ရပ်မှ ရှီမျိုးနွယ်စု ကျင့်ကြံသူများသည် ထိုနေရာတွင် ဆုံတွေ့ကြပြီး အသီးသီး တွေ့ကြုံခဲ့ရသည်များကို ပျော်ရွှင်စွာ ပြောဆိုရင်း ကျင့်ကြံခြင်းဆိုင်ရာ နည်းလမ်းများကို ဖလှယ်နေကြသည်။

ထိုနေ့ကင်းလှည့် စစ်သည် မှာ စိတ်ထဲမှ သက်ပြင်းချမိသည်။

အပြင်ဘက်ရှိ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ထိုသူများသည် မသေမျိုးများပင် ဖြစ်ကြသည်။

"သခင်လေး၊ လူဦးရေ တစ်သိန်းလောက် ရှိမယ်ထင်တယ် ဒီရှီမျိုးနွယ်စုလည်း အဆက်အနွယ်တွေ တော်တော်လေး စည်ကားတာပဲ "

တုယွန်းရွှီ က ခန့်မှန်း ပြောဆိုသည်။

"အဆင့် (၄) မသေမျိုး တစ်ဦး ရှိနေတာတောင် လူဦးရေ တစ်သိန်းပဲ ရှိတယ်ဆိုရင်တော့ အဆက်အနွယ်တွေ စည်ကားတယ်လို့ မဆိုနိုင်ဘူး၊ တကယ်တော့ အလွန်တောင် ပျက်သုဉ်းနေတယ်လို့ ပြောရမှာပါ ရှီမျိုးနွယ်စုရဲ့ မျိုးဆက်အများစုက ဘိုးဘေးတွေကို ပူဇော်ဖို့ အရည်အချင်း မရှိကြတာ ဖြစ်မယ်၊ ဒီကို လာနိုင်သူတွေကတော့ အောင်မြင်မှု အနည်းငယ် ရှိထားသူတွေပဲ "

ဟု ဖန့်ချန်က ဆိုသည်။

တုယွန်းရွှီ က အသေးစိတ် လေ့လာကြည့်ပြီး ခေါင်းညိတ်သည်။

ထိုနေရာရှိ ကျင့်ကြံသူများမှာ ကျင့်ကြံမှုအဆင့် အလွန်မြင့်မားသော အထက်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်၊ သို့မဟုတ်လျှင်လည်း ငယ်ရွယ်နုပျိုပြီး သက်တူ ရွယ်တူ တို့ထက်သာလွန်သော ထိပ်တန်း ပါရမီရှင်များသာ ဖြစ်ကြသည်။

ဘိုးဘေးကို ပူဇော်သည်ဟု ဆိုသော်လည်း ရှီမျိုးနွယ်စု၏ အဆင့်မြင့်ပုဂ္ဂိုလ်များက အထူးတလည် စီစဉ်ထားသော ထိပ်တန်းကျင့်ကြံသူများ၏ ဖလှယ်ပွဲနှင့် ပိုတူနေသည်။

သူတို့ သုံးဦး ရှေ့ဆက်သွားလိုက်သောအခါ ရှီဇီအန်းက အဆင့် (၁)၊ အဆင့် (၂) မသေမျိုး အချို့ကို ခေါ်ဆောင်ကာ အခြား ရှီမျိုးနွယ်စု ကျင့်ကြံသူအုပ်စုများနှင့် စကားပြောနေသည်ကို မြင်လိုက်ရသည်။

သူတို့ထဲတွင် အဆင့် (၃) မသေမျိုး နှစ်ဦး ပါဝင်သည်။

သူတို့၏ အပြုအမူ အပြောအဆိုမှာ ရိုသေဟန်ရှိသော်လည်း ပွင့်လင်းရဲတင်းနေပြီး ရှီဇီအန်းကဲ့သို့ အဆင့် (၄) မသေမျိုးကို မျက်နှာချင်းဆိုင်ရသည့်တိုင် အလွန်အမင်း ရိုသေကြောက်ရွံ့ဟန် မပြကြပေ။

ရှီမျိုးနွယ်စု ကျင့်ကြံသူများအကြောင်းကို လွန်ခဲ့သည့် နှစ်များအတွင်း လျှို့ဝှက်စောင့်ရှောက်ရေးဌာန က အမြစ်ပါမကျန် စုံစမ်းထားပြီး ဖြစ်သည်။

တုယွန်းရွှီသည် မလာမီကပင် ပြင်ဆင်မှုများ လုပ်ထားပြီး အဆင့် (၃) မသေမျိုး တစ်ဦးအကြောင်းကို ဖန့်ချန်အား မိတ်ဆက်ပေးသည်။

"သခင်လေး၊ သူက ရှီမျိုးနွယ်စု ဒုတိယအိမ်ရဲ့ ဘိုးဘေး ရှီလော့ ပါ အဆင့် (၃) မသေမျိုးပါ သူရဲ့ တပည့်တစ်ဦးက နတ်မင်းနန်းတော် ထက် မနိမ့်ကျတဲ့ ဂိုဏ်းကြီးတစ်ခုမှာ ဝင်ရောက်သင်ယူနေတယ်လို့ ကြားရတယ် လူငယ်မျိုးဆက်တွေထဲမှာလည်း ထူးချွန်သူတွေ ပေါ်ထွက်နေပြီး ရှီမျိုးနွယ်စု အဓိက မျိုးဆက်ထက်တောင် သာလွန်နေသလိုပါပဲ "

"သူကတော့ ရှီမျိုးနွယ်စု တတိယအိမ်ရဲ့ ဘိုးဘေး ရှီဖုန်း ပါ အဆင့် (၃) မသေမျိုးဖြစ်ပြီး ကမ္ဘာ့မသေမျိုးဂိုဏ်း ရဲ့ အကြီးအကဲတစ်ဦး ဖြစ်ပါတယ် "

ဟု တုယွန်းရွှီက အခြားအဆင့် (၃) မသေမျိုးတစ်ဦးကို ညွှန်ပြသည်။

ထိုနေ့ကင်းလှည့်စစ်သည် မှာ စိတ်ထဲတွင် အံ့အားသင့်မိသည်။

ဤ မသေမျိုးများ ၏ နောက်ကြောင်းကို ယင်လောက၏ အရေးပါပုဂ္ဂိုလ်များက အကုန်သိထားသည်မှာ ထင်ရှားနေသည်။

ယင်လောကနှင့် ယှဉ်လျှင် ရှီမျိုးနွယ်စု၏ မသေမျိုးများမှာ သိသာစွာပင် အားနည်းသည်။

သူသည် အသက်ရှင်စဉ်က သာမန်ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်လည်း သေဆုံးပြီးနောက် ယင်လောက၏ နေ့ကင်းလှည့်စစ်သည် ဖြစ်လာခဲ့သဖြင့် သူ၏ အဆင့်အတန်းမှာ အပြင်ဘက်တွင် ရပ်နေသည့် ဝိညာဥ်သန္ဓေသား ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမြင့်မားနေပြီ ဖြစ်သည်။

ယနေ့ ရောက်ရှိနေသည့် ရှီမျိုးနွယ်စု၏ မသေမျိုးများပင်လျှင် သူနှင့် ယှဉ်လျှင် ပိုပြီး မြင့်မြတ်သည်ဟု ဆိုနိုင်မည် မဟုတ်ပေ။

"ရှီလော့ ဖြစ်စေ၊ ရှီဖုန်း ဖြစ်စေ ဒီနေ့မှာတော့ ရှီဇီအန်းအပေါ် အလွန်မကျေနပ်ကြဘူး သူတို့က နတ်ရိုသေနန်းတော် ကနေ သတင်းရထားတာက ရှီဇီအန်းက အဆင့် (၄) မသေမျိုး နတ်ဆေးပင် ကို ရထားတာ ကြာပြီ၊ ဒါပေမဲ့ အဓိက မျိုးဆက်မှာ အဆင့် (၃) တက်လှမ်းနိုင်သူ မရှိသေးလို့ ဘယ်သူမှ မသောက်သုံးနိုင်ဘူးလို့ သိရတယ် "

"ဒါကြောင့် သူတို့နှစ်ဦးက ဒီနှစ်တွေအတွင်း ရှီဇီအန်းကို ဒီဆေးပင်ကို လွှဲပြောင်းပေးဖို့ သွယ်ဝိုက်ပြီး အမြဲတမ်း အရိပ်အမြွက် ပြောနေကြတာပါ ဒါပေမဲ့ ရှီဇီအန်းက ဘာမှ မတုံ့ပြန်ဘူး ဒုတိယအိမ်နဲ့ တတိယအိမ်ရဲ့ အင်အားကို အဓိက မျိုးဆက်ထက် ကျော်လွန်သွားမှာကို မလိုလားတာ ဖြစ်ပါလိမ့်မယ်။"

"ရှီလော့နဲ့ ရှီဖုန်းတို့ရဲ့ သက်တမ်းလည်း သိပ်မကျန်တော့ဘူး ဝိညာဥ်နတ်ဘုရားဂိုဏ်း နဲ့လည်း အဆက်အသွယ် မရှိတော့ဘူးဆိုတော့ သူတို့နဲ့ စကားပြောကြည့်လို့ ရကောင်းရနိုင်ပါတယ် "

ဟု တုယွန်းရွှီက ပြောသည်။

ဖန့်ချန်သည် ခေါင်းညိတ်လိုက်သည်။

တုယွန်းရွှီ ပြောသည့် 'စကားပြောကြည့်မည်' ဆိုသည့် အဓိပ္ပာယ်ကို သူ နားလည်သည်။

"ဇီအန်း ဘိုးဘေးကြီး၊ နှစ်ပေါင်း ၃၀၀ ကြာခဲ့ပြီ၊ အဘိုးရဲ့ ခန့်ညားမှုကတော့ အရင်အတိုင်းပါပဲ "

ရှီလော့က လက်အုပ်ချီကာ ချီးကျူးသည်။

"ဇီအန်း ဘိုးဘေးကြီးရဲ့ ပါရမီက လူ့လောကကိုးခုမှာ ထိပ်တန်းပါပဲ ရိုးရိုးနှစ်ပေါင်း ၃၀၀ ဆိုတာ ဘာမှ မဟုတ်ပါဘူး ကျွန်တော်တို့လို မဟုတ်ဘူး၊ တစ်နှစ်နေတိုင်း သက်တမ်းက တစ်နှစ် လျော့သွားတယ် အဆင့် (၄) ကို မတက်နိုင်ရင် နောက်မကြာခင်မှာပဲ သေဆုံးရတော့မှာပါ "

ဟု ရှီဖုန်းက ပြုံး၍ ပြောသည်။

သူတို့နှစ်ဦး ခေါ်ဆောင်လာသည့် ဒုတိယအိမ်နှင့် တတိယအိမ်မှ ကျင့်ကြံသူများမှာ ခေါင်းငုံ့ထားကြပြီး မျက်နှာအမူအရာ မပြောင်းလဲကြပေ။

ရှီဇီအန်းဘက်မှ အဓိက မျိုးဆက် အာဏာပိုင်များမှာမူ သူတို့နှစ်ဦးကို ဒေါသတကြီး ကြည့်နေကြသည်။

ထိုသူတို့စကားတွင် ကဲ့ရဲ့သရော်မှုများ ပါနေသည်ကို မည်သို့ မသိဘဲ ရှိပါ့မလဲ။

"မင်းတို့နှစ်ဦးက အသက်အရွယ် ငယ်ပါသေးတယ် ဒီလောက်နဲ့ မသေနိုင်ပါဘူး နောက်ထပ် စောင့်ကြည့်ဦး နတ်ဆေးပင် တွေ ပေါ်လာမှာပါ ငါ ဒီနှစ်တွေအတွင်းမှာလည်း ဘယ်လောက်ပဲ ကုန်ကျပါစေ၊ ဆေးပင်တွေ ပေါ်လာရင် ဝယ်ယူဖို့ ညွှန်ကြားထားပါတယ် "

ရှီဇီအန်းက ပြုံး၍ ပြောသည်

"ဒါပေမဲ့... နတ်ဆေးပင် ရဖို့ ခက်ခဲမှန်းလည်း မင်းတို့ သိမှာပါ တကယ်လို့ ဆေးပင်တစ်ပင် ပဲ ရခဲ့ရင် ဘယ်သူ အရင် သောက်မှာလဲ "

ရှီလော့နှင့် ရှီဖုန်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

နောက်ဆုံးလူက ရယ်မော၍

"ဒုတိယအိမ်က အရင် သောက်မှာပေါ့ တတိယအိမ်ကတော့ နောက်မှ စောင့်ရင်လည်း ရပါတယ် ဆေးပင် သာ တကယ်ရှိရင် ရှီမျိုးနွယ်စုမှာ အဆင့် (၄) မသေမျိုး နောက်တစ်ဦး တိုးလာမှာမို့ ကျွန်တော်တို့ မျိုးနွယ်စုအတွက်တော့ ကြီးမားတဲ့ ဝမ်းမြောက်စရာ ဖြစ်မှာပါ အကျိုးအမြတ် နည်းနည်းလေးအတွက်နဲ့ ဘာလို့ အငြင်းပွားရမှာလဲ "

"တကယ်တော့ ဆေးပင်သာ ရှိရင် တတိယအိမ်ကို အရင်ပေးလည်း ရပါတယ် ကျွန်တော်လည်း ဒီလိုပဲ သဘောထားပါတယ် ရှီမျိုးနွယ်စု ဒီနေ့ ဒီလို စည်ကားနေတာ ဇီအန်း ဘိုးဘေးကြီးရဲ့ အစောပိုင်းက ရုန်းကန်မှုကြောင့်ပါ လူတိုင်းက ဇီအန်း ဘိုးဘေးကြီးရဲ့ ကျေးဇူးကို သိကြပါတယ် "

"ဒါပေမဲ့ ဒါဟာ ရှီမျိုးနွယ်စု တစ်စည်းတည်း ရှိနေလို့ပါ စည်းလုံးမှု ရှိလို့သာ ဒီနေ့ ဒီလောက်အထိ ကြီးပွားလာတာပါ "

ရှီလော့က ပြုံးပြီးမှ စကားလမ်းကြောင်း လွှဲကာ ရှီဇီအန်းကို အေးဆေးစွာ ကြည့်သည်။

"ဇီအန်း ဘိုးဘေးကြီး၊ ကျွန်တော် ကြားတာက ဘိုးဘေးက အဆင့် (၄) မသေမျိုး နတ်ဆေးပင်ကို ရထားပြီး အဓိက မျိုးဆက်ထဲက တစ်ယောက်ယောက် အဆင့် (၃) ကို တက်လှမ်းနိုင်တဲ့အထိ စောင့်နေတာဆိုတာ ဟုတ်ပါသလား "

ရှီဇီအန်း၏ မျက်နှာမှာ အနည်းငယ် အေးစက်သွားသည်။

"လုံးဝ မဟုတ်ဘူးပေါ့ မင်းတို့ သိပ်မတွေးပါနဲ့ အရင်က ငါ အဆင့် (၄) ကို တက်တုန်းကလည်း သုံးအိမ်လုံး စုပေါင်းပြီး နတ်ဆေးပင်ကို ရခဲ့တာပါ ဒီကျေးဇူးကို ငါ အမြဲ မှတ်မိနေပါတယ် တကယ်လို့သာ ဆေးပင် ရှိရင် မင်းတို့ကို မပေးဘဲ နေပါ့မလား"

"ဇီအန်း ဘိုးဘေးကြီး မှတ်မိနေသေးတာပဲ အရင်က ဘိုးဘေး အဆင့် (၄) ကို တက်တုန်းက ကျွန်တော်တို့ နှစ်အိမ်က ဘယ်လောက်ထိ ကြိုးစားခဲ့ပြီး လူတွေ ဘယ်လောက် သေခဲ့ရသလဲ "

ရှီဖုန်းက ပြုံး၍ ပြောသည်

"ဒါပေမဲ့ တတိယအိမ်ကလည်း ဒီသတင်းကို ကြားထားတယ် နတ်ရိုသေနန်းတော် က ကျင့်ကြံသူတစ်ယောက်ဆီက ကြားတာပါ အခုကြည့်ရတာ သူတို့ သတင်းမှား ကြားထားတာ ဖြစ်မယ်၊ ကျွန်တော်တို့ပဲ မှားယွင်း နားလည်ခဲ့တာ ဖြစ်ပါလိမ့်မယ် "

"မင်း တို့နှစ်ဦး စကားတွေကို လှည့်ပတ် မပြောပါနဲ့ ဇီအန်း ဘိုးဘေးကြီးသာ မရှိရင် အဓိက မျိုးဆက်သာ မရှိရင် ရှီမျိုးနွယ်စုမှာ ဒီနေ့ အခြေအနေမျိုး ရှိပါ့မလား ဒီနေ့က ရှီမျိုးနွယ်စု ပြန်လာပြီး ဘိုးဘေးတွေကို ပူဇော်တဲ့နေ့ပါ ဒါကို အကြောင်းပြုပြီး အငြင်းပွားမနေပါနဲ့ လူငယ်တွေ ရှေ့မှာ အရှက်ကွဲရလိမ့်မယ် "

ဟု ရှီဇီအန်းအနီးရှိ အဓိက အာဏာပိုင်တစ်ဦးက တင်းမာစွာ ပြောသည်။

ရှီလော့နှင့် ရှီဖုန်းတို့မှာ ထိုအကြောင်းကို ဆက်မပြောတော့ပေ။

သူတို့၏ ရည်ရွယ်ချက်မှာ ပြည့်စုံသွားပြီ ဖြစ်သည်။

ဒီနေ့ ပြောဆိုချက်များသည် သူတို့၏ သဘောထားကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

အကယ်၍သာ ရှီဇီအန်း၏ သဘောထား က သူတို့စိတ်ကြိုက် မဖြစ်ခဲ့ပါက နောက်ပိုင်းတွင် ဒုတိယအိမ်နှင့် တတိယအိမ်တို့သည် အဓိက မျိုးဆက်၏ အမိန့်ကို နာခံတော့မည် မဟုတ်ပေ။

"လူတွေလည်း စုံလောက်ပြီ ထင်တယ် ဘိုးဘေးတွေကို ပူဇော်တာ စကြရအောင် ဒီနေ့လို စည်ကားတဲ့ မြင်ကွင်းမျိုးကို နောက်တစ်ခါ ထပ်တွေ့ရမလား မပြောနိုင်ဘူး။"

ရှီလော့က တစ်ယောက်တည်း ရေရွတ်သည်။

ရှီဇီအန်းသည် အနည်းငယ် ပြုံးလိုက်ပြီး ဘာမှ မပြောပေ။

ရှီမျိုးနွယ်စု၏ ဘိုးဘေးပူဇော်ပွဲမှာ သာမန်လူတို့၏ ပူဇော်ပွဲနှင့် ထူးမခြားနားပေ။

ရှေးဦးစွာ ရှီမျိုးနွယ်စုတို့ ထိုနေရာတွင် မည်မျှ ဆင်းရဲဒုက္ခရောက်ခဲ့ကြောင်း ပြောဆိုကြသည်။

ထို့နောက် ရှီဇီအန်းက ရှီမျိုးနွယ်စုကို ရှီမျိုးနွယ်စု ဘိုးဘေးကြယ်မှ မည်သို့ ခေါ်ဆောင်လာခဲ့ကြောင်း၊ ယနေ့ ရှီမျိုးနွယ်စု မည်မျှ ကြီးပွားတိုးတက်နေကြောင်းတို့ကို ပြောဆိုကာ လူတိုင်းကို လက်ရှိရရှိထားသည်တို့ကို တန်ဖိုးထားပြီး ကြိုးစား ကျင့်ကြံကြရန် တိုက်တွန်းကြသည်။

ရှီလော့နှင့် ရှီဖုန်းတို့က တစ်ခါတရံ သရော်သော အပြုံးမျိုး ပြတတ်ကြသော်လည်း ရှီဇီအန်းကမူ ဒေါသ မထွက်ပေ။

သူ အချိန်ကျပြီဟု ယူဆသောအခါ အနီးရှိသူအား ပြောသည်။

"အပြင်ဘက်က ကျင့်ကြံသူတွေလည်း နှစ်ပေါင်း ၃၀၀ စောင့်နေခဲ့ကြပြီ တံခါးကို ဖွင့်ပေးလိုက်ပါ သူတို့ အထဲကို ဝင်လာပြီး အကျိုးအမြတ် နည်းနည်းလေး ခံစားပါစေ သူတို့တွေကလည်း ကျွန်တော်တို့ ရှီမျိုးနွယ်စုကို ဒီနေရာမှာ နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့တာမို့ ပင်ပန်းတဲ့ အလုပ်တော့ လုပ်ခဲ့ကြတာပေါ့ "

ချက်ချင်းပင် မသေမျိုးတံခါးမှာ ပွင့်သွားပြီး အောက်အဆင့် ကျင့်ကြံသူ အုပ်စုကြီးတစ်ခုမှာ ဤနေရာသို့ ရောက်ရှိလာသည်။

သူတို့၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် တင်းမာမှုများ အပြည့်အနှက်ရှိနေပြီး ရှီဇီအန်းတို့၏ ရှေ့သို့ ရောက်သည်နှင့် ချက်ချင်း ဒူးထောက်ကာ မသေမျိုးဟု ကြွေးကြော်ကြသည်။

တစ်စုံတစ်ယောက်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အချို့နှင့် သာမန် မှော်လက်နက်အချို့ကို ပေးလိုက်ရာ ကျင့်ကြံသူ အများအပြားမှာ စိတ်လှုပ်ရှားလွန်း၍ သွေးဆူလာကြသည်။

ဝိညာဥ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ဦးမှာ အလွန်အမင်း စိတ်လှုပ်ရှားလွန်း၍ အသက်ရှူပင် ရပ်သွားမတတ် ဖြစ်သွားသည်။

အကြောင်းမှာ သူရရှိလိုက်သော မှော်လက်နက်မှာ လက်ထဲကိုင်လိုက်သည်နှင့် အဆုံးမဲ့သော စွမ်းအားကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

"မသေမျိုးကို ကျေးဇူးတင်ပါတယ်၊ မသေမျိုးကို ကျေးဇူးတင်ပါတယ် "

လူတိုင်းမှာ ဦးညွှတ်ကာ ကြွေးကြော်ကြသည်။

ရှီဇီအန်း၏ မျက်ဝန်းထဲတွင် ပြုံးရွှင်မှု ရှိနေသော်လည်း ထိုအပြုံး၏ အနက်ရှိုင်းဆုံးနေရာတွင်မူ လျစ်လျူရှုမှု တစ်မျိုး ရှိနေသည်။

ထိုအချိန်တွင် ကောင်းကင်ယံမှာ အက်ကွဲသွားသကဲ့သို့ ဖြစ်ပေါ်လာသည်။

ဓားအလင်းတန်း တစ်ခုက ရှီဇီအန်း၏ ခေါင်းပေါ်သို့ တည့်တည့် ကျရောက်လာသည်။

"မင်းက ဘယ်လိုတောင် ရဲတင်းရဲတာလဲ "

ရှီဇီအန်းသည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ၏ ပါးစပ်မှ ထွက်ပေါ်လာသော အော်ဟစ်သံမှာ လှိမ့်ဝင်လာသော မိုးချုန်းသံကဲ့သို့ ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ လဲပြိုကုန်ကြသည်။

အခန်း (၁၂၄၈) - အဆင့် (၄) မသေမျိုးကို အမြစ်ပြတ် သုတ်သင်ခြင်း

ထိုဓားအလင်းတန်း၏ အရှိန်ဝါမှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။

ထိုနေရာတွင် ရှိနေသူများထဲ၌ ရှီဇီအန်း သာလျှင် တုံ့ပြန်နိုင်စွမ်းရှိပြီး၊ အဆင့် (၃) မသေမျိုးဖြစ်ကြသော ရှီလော့ နှင့် ရှီဖုန်း တို့ပင်လျှင် ကိုယ်ရည်ကိုယ်သွေးများ တုန်ရီလာကာ ဓားအရှိန်အဝါ၏ ဖိအားကြောင့် လုံးဝ မလှုပ်ရှားနိုင်ဘဲ ဖြစ်နေကြသည်။

သူတို့ပင်လျှင် ဤသို့ ဖြစ်နေပါက အဆင့် (၂)၊ အဆင့် (၁) နှင့် မသေမျိုးပင် မဟုတ်သေးသော ရှီမျိုးနွယ်စု၏ လူငယ်မျိုးဆက်များအကြောင်း ပြောနေစရာပင် မလိုတော့ပေ။

သူတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ရှီမျိုးနွယ်စု ဘိုးဘေးများကို ပူဇော်နေချိန်တွင် မည်သူက အဘယ်ကြောင့် ရဲတင်းပြီး လာရောက် ဖျက်ဆီးရဲသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။

သူတို့ကို ပို၍ပင် ကြောက်ရွံ့တုန်လှုပ်စေသည်မှာ လာရောက် တိုက်ခိုက်သူ၏ ကျင့်ကြံမှုမှာ အဆင့် (၄) မသေမျိုးထက် မနိမ့်ကျသည့်အတွက် ဤသည်မှာလည်း အဆင့် (၄) မသေမျိုးတစ်ဦးပင် ဖြစ်သည်။

ရှီဇီအန်း၏ "မင်းက ဘယ်လိုတောင် ရဲတင်းရဲတာလဲ" ဟူသော အော်ဟစ်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်အတွင်းမှ မသေမျိုးစွမ်းအား များမှာ ရူးသွပ်စွာ စီးဆင်းလာပြီး လေဟာနယ်တွင် ရှေးဟောင်းအမှတ်အသားများ စုစည်းကာ မိမိကိုယ်ကို ကာကွယ်သည့် အကာအကွယ်တစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။

ထို့နောက် သူသည် နောက်မဆုတ်ဘဲ ဓားအရှိန်အဝါကို ရင်ဆိုင်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။

ဓားအရှိန်အဝါမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ရှီဇီအန်း၏ ပုံရိပ်လည်း လူတို့၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။

လေဟာနယ်ထဲမှ တစ်ခါတစ်ရံ ထွက်ပေါ်လာသော ကျယ်လောင်သည့် ပေါက်ကွဲသံများကသာ ကောင်းကင်ယံတွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်းကို သူတို့ကို သတိပေးနေသည်။

မြေပြင်တွင် ဒူးထောက်နေသော ဒေသခံ ကျင့်ကြံသူများသည် ကြောင်အမ်းသွားကြသည်။

မသေမျိုးတံခါး တားမြစ်နယ်မြေ တည်ရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုကဲ့သို့ မြင်ကွင်းမျိုးကို သူတို့ တစ်ခါမျှ မကြားဖူးခဲ့ပေ။

မသေမျိုးတစ်ဦးကိုပင် တိုက်ခိုက်ရဲသူ ရှိလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ

ရှီမျိုးနွယ်စု၏ အဓိက အာဏာပိုင် ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အခြေအနေမှာ အလွန်ပင် တင်းမာလာသဖြင့် တိုက်ပွဲအခြေအနေကို သွားရောက် ကြည့်ရှုရန် ဆုံးဖြတ်လိုက်ကြသည်။

ဓားအရှိန်အဝါ ပျောက်ကွယ်သွားပြီးနောက် ရှီလော့နှင့် ရှီဖုန်းတို့မှာ သက်ပြင်းချလိုက်နိုင်ပြီး ကိုယ်ခန္ဓာကိုလည်း လှုပ်ရှားနိုင်လာသည်။

ရှီလော့သည် ထိုအဓိက အာဏာပိုင်များကို တားမြစ်လိုက်ပြီး အခြေအနေကို စိုးရိမ်စွာဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း ပြောသည် ။

"မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ အပေါ်တက်သွားရင် ဇီအန်း ဘိုးဘေးကြီးအတွက် ဘာအကျိုးမှ မရှိတဲ့အပြင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်လိမ့်မယ် ဒီနေ့မှာ ဇီအန်း ဘိုးဘေးကြီးကို တိုက်ခိုက်ဖို့ ရွေးချယ်သူဟာ အဆင့် (၄) မသေမျိုးပဲ ဖြစ်ရမယ်၊ ပြီးတော့ ကြိုတင်စီစဉ်ထားတာ အနှစ်နှစ်အလလ ရှိနေပြီ၊ ရုတ်တရက် အကြံအဖန် လုပ်တာတော့ လုံးဝ မဟုတ်ဘူး "

ရှီဖုန်းက နဖူးမှ ချွေးများကို သုတ်ရင်း ခေါင်းညိတ်သည်။

"ဟုတ်တယ်၊ ရုတ်တရက် အကြံအဖန် လုပ်တာ မဟုတ်ဘူး ဇီအန်း ဘိုးဘေးကြီး အရင်က ရန်ငြိုးထားခဲ့တဲ့ ရန်သူတွေ လာရှာတာ ဖြစ်ရမယ် "

နေရာတွင် ရှိနေသော ရှီမျိုးနွယ်စု ကျင့်ကြံသူ တစ်သိန်းမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

သူတို့စိတ်ထဲတွင် ရှီဇီအန်းမှာ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ထိုသို့သော ပုဂ္ဂိုလ်မျိုးမှာတောင် ရန်သူရှိနေပြီး၊ ဒီလိုအရေးကြီးတဲ့ ဘိုးဘေးပူဇော်တဲ့နေ့မှာတောင် လာရောက် တိုက်ခိုက်ရဲတာလား

ရုတ်တရက် အဓိက အာဏာပိုင်တစ်ဦးက ရှီလော့နှင့် ရှီဖုန်းကို စိုက်ကြည့်ရင်း

"ခင်ဗျားတို့လား "

အဓိက မျိုးဆက် ကျင့်ကြံသူများသည်လည်း ရုတ်တရက် သဘောပေါက်သွားပြီး စိုးရိမ်တုန်လှုပ်စွာဖြင့် သူတို့နှစ်ဦးကို ကြည့်လိုက်ကြသည်။

သူတို့နှစ်ဦး ခေါ်ဆောင်လာသည့် ဒုတိယအိမ်နှင့် တတိယအိမ်မှ ကျင့်ကြံသူများပင်လျှင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။

ရှီလော့နှင့် ရှီဖုန်းတို့မှာ အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် ဒေါသထွက်သွားကြသည်။

ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးစွမ်းအား များမှာ ဖိအားအဖြစ် ပြောင်းလဲသွားပြီး အဓိက အာဏာပိုင်များကို မြေပြင်တွင် ဒူးထောက်ကျသွားစေသည်။

"တကယ်ကို ခင်ဗျားတို့ပဲ "

စတင် သံသယဝင်သူက ဒေါသတကြီးဖြင့် ပြောသည်။

"ခင်ဗျားတို့က ဇီအန်း ဘိုးဘေးကြီးကို တိုက်ခိုက်ရဲတယ်၊ ခင်ဗျားတို့က ရှီမျိုးနွယ်စုကို သစ္စာဖောက်တာပဲ "

ရှီလော့က အေးစက်စက် ပြောသည်။

"ဦးနှောက်လေးလည်း သုံးဟ ခွီးတဲ့မှ ငါတို့က မင်းတို့ အဓိက မျိုးဆက်နဲ့ ဘယ်လောက်ပဲ မတည့်ပါစေဦး ဇီအန်း ဘိုးဘေးကြီးကို တိုက်ခိုက်ဖို့ ဘယ်သူ့ကိုမှ မခေါ်ဘူး"

"ပြီးတော့ တိုက်ခိုက်မယ့်သူက အဆင့် (၄) မသေမျိုး ဖြစ်ရမယ်၊ ငါတို့ရဲ့ အင်အားနဲ့ ဘယ်မှာသွားပြီး အဆင့် (၄) မသေမျိုးကို ငှားရမှာလဲ ဇီအန်း ဘိုးဘေးကြီးက နတ်မင်းနန်းတော် ရဲ့ အစောင့်အရှောက် မသေမျိုးတစ်ဦးလေ ငါတို့က အသက်မရှင်ချင်တော့လို့လား "

ရှီဖုန်းက ရယ်မောသည်။

"မင်းတို့ အဓိက မျိုးဆက်တွေ ဒီနှစ်တွေမှာ ပျက်သုဉ်းလာတာ မဆန်းပါဘူး မင်းတို့ ဦးနှောက်တွေ မကောင်းလို့ အဆင့် (၃) ကိုတောင် မတက်နိုင်တာပေါ့ "

"ခင်ဗျားတို့ မဟုတ်ရင် ဘယ်သူလဲ၊ ဘယ်သူက ဇီအန်း ဘိုးဘေးကြီးကို တိုက်ခိုက်ရဲမှာလဲ ဇီအန်း ဘိုးဘေးကြီးမှာ အဆင့် (၄) မသေမျိုး နတ်ဆေးပင်ရှိတယ်လို့ ခင်ဗျားတို့ သိထားလို့ ဆေးပင်အတွက် ဖြစ်ရမယ် "

"တကယ်လို့သာ ငါတို့ဆိုရင် မင်းတို့ အခုဆို အရိုးစုတောင် ကျန်မှာ မဟုတ်ဘူး၊ မင်းတို့နဲ့ စကားများနေစရာ မလိုဘူး အားလုံး ဇီအန်း ဘိုးဘေးကြီး လာရောက်တိုက်ခိုက်သူကို ဖြေရှင်းပြီးရင် သိရလိမ့်မယ် "

ရှီလော့က ခေါင်းခါယမ်းပြီး ဖိအားကို ရုပ်သိမ်းလိုက်မှ အဓိက အာဏာပိုင်များမှာ ပြန်လည် ထနိုင်ကြသည်။

သူတို့ ခဏလောက် စဉ်းစားကြည့်လိုက်ရာ အမူအရာမှာ ထူးဆန်းလာသည်။

ဟုတ်ပါရဲ့... ဒုတိယအိမ်နဲ့ တတိယအိမ်က လုပ်ဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။

အကယ်၍ ရှီဇီအန်းသာ သေဆုံးသွားခဲ့ရင် ဒုတိယအိမ်နဲ့ တတိယအိမ်အတွက် ဘာအကျိုးမှ မရှိတဲ့အပြင် နတ်မင်းနန်းတော် ရဲ့ အကြောင်းပြချက်နဲ့ အခက်အခဲထဲသာ ရောက်သွားမှာ ဖြစ်သည်။

"ကောင်းပြီ၊ ဇီအန်း ဘိုးဘေးကြီး လာရောက်တိုက်ခိုက်သူကို ဖြေရှင်းပြီးရင် ကျုပ်တို့ ထပ်ပြောကြမယ်"

အဓိက အာဏာပိုင်က အေးစက်စွာ ပြောပြီး စကားမပြောတော့ပေ။

လူတိုင်းက ကောင်းကင်ကို မော့ကြည့်ကြသည်။

သို့သော် ထိုသို့သော ပုဂ္ဂိုလ်များမှာ ကိုးလွှာကောင်းကင်အထက်တွင် တိုက်ခိုက်နေကြသဖြင့် အဆင့် (၃) မသေမျိုးများပင် အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။

သို့သော် သူတို့မှာ ရှီဇီအန်းအပေါ် ယုံကြည်မှု အပြည့်ရှိသည်။

ရှီလော့နှင့် ရှီဖုန်းပင်လျှင် ရှီဇီအန်း ရှုံးနိမ့်လိမ့်မည်ဟု မထင်မှတ်ကြပေ။

ထိုသူမှာ ရှီမျိုးနွယ်စုတွင် အဆင့် (၅) သို့ တက်လှမ်းရန် အလားအလာ အရှိဆုံးသူ ဖြစ်သည်။

အဆင့် (၅) မထားပါနဲ့၊ အဆင့် (၄) မသေမျိုးဆိုတာတောင် ရှေးဟောင်းနယ်မြေ မှာ အလွန်ရှားပါးပြီး တစ်ဖက်တစ်လမ်းကို စိုးမိုးထားနိုင်သူများ ဖြစ်ကြသည်။

ထိုအဆင့်အထိ ရောက်လာသူများမှာ အလွယ်တကူ အနိုင်ယူနိုင်သူများ မဟုတ်ကြပေ။

ရှီဇီအန်းအနေဖြင့် ဤဆင်းရဲသော မြေမှ ရှီမျိုးနွယ်စုကို ခေါ်ဆောင်လာခဲ့သူ ဖြစ်သည့်အတွက် အခွင့်အရေး၊ ပါရမီအပြင် အစွမ်းအစမှာလည်း အဓိက ဖြစ်သည်။

သူတို့ အဆင့် (၃) သို့ တက်လှမ်းနိုင်ခြင်းမှာ အခြေခံအုတ်မြစ် ပိုမိုမြင့်မားနေ၍ ဖြစ်သည်။

ရှီဇီအန်းကမူ အလွန်ပင် နောက်ကျကျန်နေသည့် အခြေအနေမှ မရေတွက်နိုင်သော လူများ၏ ရှေ့သို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။

ထိုသို့သော ပုဂ္ဂိုလ်မျိုးကို ရှီလော့နှင့် ရှီဖုန်းမှာ အမှန်တကယ်ပင် လေးစားကြသည်။

အသံများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

လူတိုင်းမှာ တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြသည်။

တိုက်ပွဲ ပြီးဆုံးတော့မည် ဖြစ်ကြောင်း သူတို့ သိကြသည်။

အချိန်အနည်းငယ်ကြာပြီးနောက် ကောင်းကင်တွင် အလွန်ကြီးမားသော မသေမျိုးစွမ်းအား တစ်ခု ပေါက်ကွဲထွက်လာပြီး လေထုကဲ့သို့ အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။

ခဏတာအတွင်းမှာပင် သစ်ပင်ပန်းမန်များသည် ထိုစွမ်းအားများဖြင့် ပြည့်ဝကာ အသွင်ပြောင်းလဲသွားကြသည်။

ယခင်က ဆင်းရဲသည့် ရှီမျိုးနွယ်စု ဘိုးဘေးကြယ်မှာ ဤစွမ်းအားများဖြင့် ထိတွေ့လိုက်ရပြီးနောက် ဝိညာဉ်ဓာတ် ပြန်လည်ရှင်သန်လာသည့် လက္ခဏာများ ရှိလာသည်။

"ဒါက..."

ရှီလော့နှင့် ရှီဖုန်းမှာ အံ့အားသင့်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

ရှီဇီအန်း လာရောက် တိုက်ခိုက်သူကို အနိုင်ယူလိမ့်မည်ဟု ထင်ထားသော်လည်း ရှီဇီအန်းက တိုက်ခိုက်သူကို သတ်ဖြတ်လိုက်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။

"အဆင့် (၄) မသေမျိုးကို အမြစ်ပြတ် သုတ်သင်တာပဲ၊ ဇီအန်း ဘိုးဘေးကြီးကတော့ မသေမျိုးပါပဲ..."

ရှီလော့က တစ်ယောက်တည်း ရေရွတ်သည်။

အဓိက အာဏာပိုင်များသည် အလွန်ပင် စိတ်လှုပ်ရှားနေကြပြီး သူတို့၏ လက်အောက်ငယ်သားများမှာလည်း ပျော်ရွှင်စွာ အော်ဟစ်နေကြသည်။

ဒီနေ့ပြီးရင် ရှီမျိုးနွယ်စုမှာ နောက်ထပ် စွမ်းဆောင်ရည်တစ်ခု တိုးလာပြီ ဖြစ်သည်။

အပြင်လောကကသာ သိသွားပါက ရှစ်မျက်နှာစလုံး တုန်လှုပ်သွားလိမ့်မည်။

ထိုအချိန်မှာပင် ပုံရိပ်တစ်ခုမှာ တည့်တည့်မတ်မတ် ကျရောက်လာပြီး လူတို့၏ ရှေ့တွင် ဟုန်းခနဲ ကျလာသည်။

ကျရောက်သည့် အရှိန်ပြင်းလွန်းသဖြင့် မြေပြင်ပေါ်တွင် အကြိမ်ကြိမ် လူးလွန့်သွားပြီးမှ ငြိမ်သက်သွားသည်။

ရှီလော့တို့ အကြည့်ရောက်သွားရာတွင် သူတို့၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားသည်။

အနီးနားရှိ ရှီမျိုးနွယ်စု ကျင့်ကြံသူများမှာ အသက်ရှူရ ခက်ခဲလာပြီး လည်ချောင်းကို မမြင်နိုင်သော လက်ဖြင့် ညှစ်ထားသကဲ့သို့ ခံစားရသည်။

နှလုံးခုန်သံများ မြန်ဆန်လာပြီး ကြောက်ရွံ့မှုများက အရိုးထဲထိ စိမ့်ဝင်လာသည်။

ဒူးထောက်နေသော ဒေသခံ ကျင့်ကြံသူများမှာ ထိုပုံရိပ်ကို ကြည့်ရင်း ကြက်သေသေသွားကြသည်။

ဤသူမှာ အနည်းငယ်အကြာက အဓိကနေရာတွင် ရပ်နေသည့် မသေမျိုးပင် ဖြစ်သည်။

ထိုမသေမျိုး... သေသွားပြီလား

ရှီဇီအန်း၏ အလောင်းတွင် ဓားဒဏ်ရာကြီး တစ်ခု ရှိနေသည်။

မျက်ခုံးကြားမှစ၍ ကိုယ်ခန္ဓာ အောက်ပိုင်းအထိ ရှည်လျားနေသည်။

အသားစများမှာ ပွင့်ဟနေပြီး အလွန်ပင် ကြောက်စရာကောင်းသည်။

သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး မသေမချင်း မကျေနပ်သော အကြည့်များ၊ မယုံကြည်နိုင်သော အကြည့်များ၊ မုန်းတီးသော အကြည့်များကို နောက်ဆုံးအထိ မြင်တွေ့နေရသည်။

ရှီလော့နှင့် ရှီဖုန်းတို့မှာ အလိုလိုပင် ရှေ့သို့ တစ်လှမ်း တိုးမိလိုက်သည်။

ထိုအခါ ရှီဇီအန်း၏ အလောင်းမှာ မျက်စိရှေ့မှာပင် လေထဲတွင် လွင့်ပျံ့ကာ ပျောက်ကွယ်သွားသည်။

ခဏအတွင်းမှာပင် သဲမှုန်များအဖြစ် ပြောင်းလဲကာ လူတို့၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။

ရှီဇီအန်း၏ ဝိညာဉ်မှာ မြေပြင်မှ ဖြည်းညင်းစွာ ထလာသည်။

သူသည် အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီး ရှီလော့တို့နှင့် စကားပြောရန် ကြိုးစားသော်လည်း သူတို့မှာ သူ့ကို မမြင်နိုင်ကြပေ။

ရုတ်တရက် သူသည် လူအုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်မှာ ဖန့်ချန် ဆီသို့ ကျရောက်သွားသည်။

"မင်းလား "

ရှီဇီအန်း၏ မျက်နှာမှာ အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

ဒီ ဝိညာဥ်သုတ်ရေးဌာနက ကျင့်ကြံသူငယ်လေးက ဒီနေရာမှာ ဘာလာလုပ်နေတာလဲ

All Chapters