← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အခန်း (၂၃၃) - ဟုန်ယာတုန်၏ လာရောက်လည်ပတ်မှုနှင့် ယင်းဟွမ်ဟွမ် လာခေါ်ခြင်း(၂)

တောင်ဂိုဏ်းသည် ယခုတစ်ကြိမ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲလာခဲ့သည်။ ခန်းမလေးခုလုံးမှ အဓိကတပည့်များအားလုံး လေ့ကျင့်ရန် ဝိညာဉ်သစ်သီးများ ရရှိကြပြီး၊ အတော်ဆုံး တိုက်ရိုက်အဓိကတပည့်များမှာမူ အဆက်မပြတ် ရရှိနေကြသည်။ ဤသည်မှာ သူတို့၏ ခွန်အားကို အံ့မခန်း အမြန်နှုန်းဖြင့် တိုးတက်စေလယခဲ့သည်။

မဟာရှေးဟောင်းကျောက်တောရိုင်းတိုင် ရောက်ရှိလာခြင်းနှင့်အတူ ဝူယွမ်နှင့် လင်းတုန်တို့သည်လည်း လင်းတုန်၏ ကျောက်လက်ဖွဲ့နှင့် ဝါးမျိုခြင်းဘိုးဘေးအဆောင်တို့ကို အားပြန်ဖြည့်ရန်အတွက် ကမ္ဘာသစ်ပင်အတွင်း ထားရှိရန် ဆွေးနွေးခဲ့ကြသည်။

မဟာရှေးဟောင်းကျောက်တိုင်၊ ကျောက်လက်ဖွဲ့နှင့် ဝါးမျိုခြင်းဘိုးဘေးအဆောင်တို့မှာ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြသဖြင့် ကမ္ဘာသစ်ပင်အတွင်း ပြန်လည်ဆုံစည်းကြရသည်မှာ ကောင်းသည့် ကိစ္စပင် ဖြစ်သည်။ ကျောက်လက်ဖွဲ့နှင့် ဘိုးဘေးအဆောင်၏ ဝိညာဉ်များမှာ အပြင်းအထန် ဒဏ်ရာရရှိထားသဖြင့် ကမ္ဘာသစ်ပင်၏ အကူအညီကို အလွန်လိုအပ်နေကြသည်။

ယခုအချိန်တွင် မဟာရှေးဟောင်းကျောက်တိုင် ရှိနေပြီဖြစ်သဖြင့် လင်းတုန်အနေဖြင့် ကျောက်လက်ဖွဲ့ တည်ရှိမှုကို ဆက်လက်ဖုံးကွယ်ထားရန် မလိုတော့ပေ။ ယခင်ကမူ သူနှင့် ဝူယွမ်တို့သည် ရတနာတစ်ခု ရှိကြောင်းသာ ပြောခဲ့ကြပြီး မည်သည့်အရာဖြစ်ကြောင်း အတိအကျ မပြောခဲ့ကြပေ။

အခုတော့ ကျောက်လက်ဖွဲ့ဖြစ်ကြောင်း ပေါ်ပေါက်သွားသော်လည်း၊ လင်းတုန်မှာ သူ၏ အစ်ကိုကြီး ဝူယွမ်၏ ရတနာမှာ မည်သည့်အရာ ဖြစ်သည်ကို မသိရှိသေးပေ။

သို့သော် ထိုအရာမှာ အရေးမကြီးတော့ချေ၊ သူ၏ စိတ်ထဲတွင် သူ့အစ်ကိုကြီးသည် ‘ပြန်လည်၀င်စားသူ’ တစ်ဦးဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထားပြီး၊ သူ၏ အစ်ကိုကြီး ရရှိလာခဲ့သော ရတနာများမှာ ကျောက်လက်ဖွဲ့ထက်ပင် မနည်းကြောင်း သိရှိထားသည်။

ယခုအခါ ကမ္ဘာသစ်ပင်အတွင်း၌ ပါရမီရှင်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ နတ်ဘုရားလက်နက် ငါးခု၏ ဝိညာဉ်များနှင့်ဆိုလျှင် မာကျောက်ဝိုင်းဖွဲ့ ကစားရန် လုံလောက်နေပြီး ကျန်တစ်ဦးကမူ လက်ဖက်ရည်နှင့် ရေကိုပင် တည်ခင်းပေးနိုင်ဦးမည် ဖြစ်သည်။

ဝူယွမ်သည် နောက်ဆုံးတွင် ကျောက်လက်ဖွဲ့၏ စွမ်းဆောင်ရည်များကို အသုံးပြုခွင့် ရရှိခဲ့သည်။ သူ၏ လက်ထဲတွင် လေ့ကျင့်ရန် ခက်ခဲသော သိုင်းပညာရပ်များစွာ ရှိနေပြီး၊ ကျောက်လက်ဖွဲ့က ထိုကျင့်စဉ်များကို ပိုမိုပြည့်စုံကောင်းမွန်လာအောင် ဆင့်ကဲပြောင်းလဲပေးနိုင်လေသည်။

ဝူယွမ်၏ သိုင်းပညာရပ်များမှာ ကျောက်လက်ဖွဲ့ထက် အဆင့်မြင့်မားနိုင်သော်လည်း၊ ကျောက်လက်ဖွဲ့က ကျင့်စဉ်များကို နှစ်ပေါင်းများစွာ လေ့လာဆန်းစစ်လာခဲ့သူ ဖြစ်သဖြင့် ဝူယွမ်အား လေ့ကျင့်ရာတွင် ကူညီပေးရန် ပြဿနာမရှိပေ။ အနည်းဆုံးတော့ အစပျိုးလေ့ကျင့်ရန်အတွက်လုံလောက်သည်။

မဟာရှေးဟောင်းကျောက်တိုင်က စွမ်းအင်စုပ်ယူရန် အစီအရင်အတွင်း ရှိနေရသဖြင့် ဝူယွမ်မှာလည်း ယင်းရွှမ်းဇီနှင့်အတူ အထွတ်အထိပ်တောင်ကုန်းပေါ်၌ ခေတ္တနေထိုင်နေခဲ့သည်။ လင်းတုန်မှာမူ မဟာရှေးဟောင်းကျောက်တိုင်အတွင်း၌ သိုင်းပညာရပ်များကို လေ့ကျင့်ရန် နောက်ကွယ်မှ လိုက်ပါလာခဲ့သည်။ သူက ‘ချီတစ်ခုမှ လောကမူလ နတ်ဘုရားသုံးပါးပွင့်ခြင်း’ ကျင့်စဉ်ကို လေ့လာ၊ လေ့ကျင့်နေခြင်း ဖြစ်ကာ သူ၏ ရည်မှန်းချက်မှာ ကိုယ်ပွားတစ်ခုကို အမြန်ဆုံး ဖန်တီးနိုင်ရန် ဖြစ်လေသည်။ ခန္ဓာကိုယ်တစ်ခုတည်းနှင့် အရာအားလုံးကို လုပ်ဆောင်၍မရနိုင်ပေ။

ထိုနေ့တွင် ယင်းဟွမ်ဟွမ်သည် အထွတ်အထိပ်တောင်ကုန်းသို့ ရုတ်တရက် ရောက်ရှိလာပြီး မဟာရှေးဟောင်းကျောက်တိုင်ရှေ့တွင် ရပ်ကာ ဝူယွမ်၏ အမည်ကို အော်ခေါ်လိုက်သည်။

“ဝူယွမ်... ဝူယွမ်... မြန်မြန်ထွက်လာခဲ့”

အလင်းတန်းတစ်ခုနှင့်အတူ ဝူယွမ်က ကျောက်တိုင်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။

“ဘာလို့ ဒီရောက်လာတာလဲ၊ အခု တောင်ဂိုဏ်းတပည့်တွေ အကုန်လုံးက ကြိုးကြိုးစားစား လေ့ကျင့်နေကြတာကို၊ နင်ကတော့ အားယားနေတာပဲ”

ဝူယွမ်က တက်ကြွလန်းဆန်းပြီး ချစ်စဖွယ်ကောင်းသော ယင်းဟွမ်ဟွမ်ကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။ ယင်းဟွမ်ဟွမ်မှာ တစ်နေ့ကုန် အားလပ်နေပုံရပြီး သူမ လေ့ကျင့်နေသည်ကိုပင် မတွေ့ရပေ။

ဝူယွမ်သည်လည်း သူမကို အားကျမိသွားသည်၊ ပြန်လည်ဝင်စားသူများမှာ အမှန်တကယ်ပင် ထူးခြားလှလေသည်။ ယင်းဟွမ်ဟွမ်၏ အစစ်အမှန်ဘ၀မှာ ရေခဲဘိုးဘေးအဆောင်ကို ထိန်းချုပ်သူ ‘ရေခဲသခင်မ’ဖြစ်ကာ ပြန်ဝင်စားလာခြင်း ဖြစ်သည်။

သူမ၏အခြေအနေက သူ၏ ကျောက်တိုင်အတွင်းရှိ ကျန်းယင်းယင်းနှင့် အတူတူပင် ဖြစ်သည်။ သို့သော် ကျန်းယင်းယင်းမှာ ‘ခန္ဓာကိုယ်ကျမ်း’ကို လေ့ကျင့်နေပြီး ထာဝရရှင်သန်ခြင်းကိုယ်ခန္ဓာကို ဖန်တီးရန် ပြင်ဆင်နေသဖြင့် တစ်နေ့ကုန် အိပ်မောကျနေတတ်သည်။

“အိုး... နင်တို့အားလုံး၊ တစ်ယောက်ပြီးတစ်ယောက် ကျင့်ကြံခြင်းထဲပဲ နစ်ဝင်နေကြတာ၊ အခုတော့ အပြင်က လာပြီး လည်ပတ်တဲ့သူတွေကို ရင်ဆိုင်ပေးမယ့်သူတောင် မရှိတော့ဘူး၊” ယင်းဟွမ်ဟွမ်က နှုတ်ခမ်းဆူကာ ပြောလာလေသည်။

“လာပြီး လည်ပတ်တဲ့ ဟုတ်လား၊”

ဝူယွမ်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ လာရောက်လည်ပတ်ခြင်းက ဘာများ ထူးဆန်းနေသနည်း။

သို့သော် ယင်းဟွမ်ဟွမ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဝူယွမ် နားလည်သွားခဲ့သည်။ ဤသည်မှာ ဂိုဏ်းကို လာရောက်စိန်ခေါ်ခြင်းပင် ဖြစ်သည်။

ယင်းဟွမ်ဟွမ်က ဆက်ပြောသည်၊ “အပေါ်ယံကြည့်ရင်တော့ အရှေ့ပိုင်းရွှမ်နယ်မြေမှာ အထူးဂိုဏ်းကြီး ရှစ်ခုက အင်အားအကြီးဆုံးပဲ၊ ဒါပေမဲ့ နောက်ကွယ်မှာ အဲဒီဂိုဏ်းကြီးတွေနဲ့ အင်အားချင်း မနိမ့်တဲ့ တခြားအင်အားစုတွေလည်း ရှိသေးတယ်၊ သူတို့ရဲ့ ခွန်အားကိုလည်း လျှော့တွက်လို့ မရဘူး၊”

“အခု ဟုန်ယာ ဂူက ငါတို့ တောင်ဂိုဏ်းကို လာရောက် စိန်ခေါ်နေကြတာ၊ သူတို့က တောင်ဂိုဏ်းနယ်မြေနဲ့ အနီးဆုံးမှာရှိတဲ့ အင်အားကြီးဂိုဏ်းတစ်ခုပဲ၊ ပြီးခဲ့တဲ့ နှစ်တွေမှာ သူတို့ရဲ့ အရှိန်အဝါက ဂိုဏ်းကြီး ရှစ်ခုကိုတောင် မှီတော့မယ့် အခြေအနေမှာ ရှိနေတယ်၊ အဲဒီဂိုဏ်းက လူတွေက တိုက်ခိုက်ရတာကို အရူးအမူး ဝါသနာပါပြီး ခဏခဏ အကြီးအကဲတွေက တပည့်အတော်ဆုံးတွေကို ခေါ်လာပြီး ငါတို့ဂိုဏ်းကို လာစိန်ခေါ်တတ်ကြတယ်၊”

“ငါတို့ တပည့်တွေကို အနိုင်ရသွားပြီဆိုတာနဲ့ အပြင်မှာ လိုက်ပြီး ကြွားလုံးထုတ်ကြတာလေ၊ ဒါက ဂိုဏ်းအတွက်တော့ ကြီးကြီးမားမား ထိခိုက်မှု မရှိပေမဲ့ အောက်ခြေတပည့်တွေအတွက်တော့ ကြားရတာ အရမ်းကို စိတ်မသက်မသာ ဖြစ်ရတယ်၊”

“အရင်တုန်းကတော့ သူတို့ ရှုံးတာက ပိုများပါတယ်၊”

“ဒါပေမဲ့ ဒီတစ်ခါတော့ ငါတို့ဂိုဏ်းက တိုက်ရိုက်အဓိကတပည့် ဂိုဏ်းရဲ့အတော်ဆုံးတွေ အကုန်လုံး ကျင့်ကြံခြင်းထဲမှာ နစ်မြှုတိနေတယ်ဆိုတာကို သူတို့ ဘယ်ကကြားလဲ မသိဘူး၊ တမင်တကာ အချိန်ကိုက်ပြီး ငါတို့ တောင်ဂိုဏ်းကို အရှက်ခွဲဖို့ လာတာပဲ၊”

“ဒါကြောင့် နင့်ကို လာခေါ်ရတာပေါ့... သူတို့ကို သင်ခန်းစာပေးဖို့၊”

ဝူယွမ်က ယင်းဟွမ်ဟွမ်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ အဓိကတပည့်တွေ အများကြီးရှိတာကို ဘာလို့ သူ့ကိုမှ လာရှာရတာလဲ စဉ်းစားမရတော့ပေ။ သို့ပေမဲ့ ထိုဟုန်ယာ ဂူက လူတွေကလည်း အချိန်တော်တော်ကိုက်လှသည်။ လက်ရှိတွင် တောင်ဂိုဏ်း၏ ထိပ်တန်းတပည့်များမှာ ဝိညာဉ်သစ်သီးများ၏ အကူအညီဖြင့် ဂိုဏ်းတိုက်ပွဲအတွက် အပြင်းအထန် ကျင့်ကြံနေကြသည် မဟုတ်ပါလား။

“သွားကြရအောင်... မြန်မြန်လုပ်မှ မြန်မြန်ပြီးမှာ၊” ယင်းဟွမ်ဟွမ်က စိတ်မရှည်စွာဖြင့် ဝူယွမ်၏ လက်မောင်းကို ဆွဲကာ ခေါ်ဆောင်သွားတော့သည်။

“ကဲ... ကဲ... သွားပြီ၊ သွားပြီ၊”

ဝူယွမ်သည် ယင်းဟွမ်ဟွမ်နှင့်အတူ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။

တောင်ဂိုဏ်း၏ နယ်မြေမှာ ကျယ်ဝန်းလှပြီး ဂိုဏ်း၏ ရှေ့ခန်းမဆောင်မှာ များသောအားဖြင့် လူသူရှင်းလင်းလေ့ ရှိသော်လည်း ယခုကဲ့သို့ စိန်ခေါ်သူများ ရှိလာသည့်အခါတွင်မူ တပည့်များစွာ လာရောက် ကြည့်ရှုကြလေသည်။ ထိုနေရာတွင် စိန်ခေါ်ပွဲများအတွက် ပြုလုပ်ထားသော စင်မြင့်ကြီးများစွာ ရှိပြီး၊ ယခုတစ်ခါ စင်မြင့်တစ်ခုပေါ်တွင် လူအုပ်ကြီးမှာ ပြည့်နှက်နေကာ ဒေါသတကြီး ပြောဆိုသံများလည်း ပျံ့လွင့်နေခဲ့သည်။

ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ ရောက်ရှိလာသောအခါ တပည့်များမှာ ဝမ်းသာအားရ ကြည့်လာကြပြီး သက်ပြင်း အသာချလိုက်ကြသည်။

“ဂျူနီယာညီမလေး ဟွမ်ဟွမ် ရောက်လာပြီ၊”

“ကောင်းလိုက်တာ... စီနီယာ ဝူယွမ်ကိုတောင် ခေါ်လာတာပဲ၊”

“ဒါက နည်းနည်းတော့ လွန်သွားသလိုပဲ၊ ဟုန်းယာ ဂူက လူတွေကို သင်ခန်းစာပေးဖို့ စီနီယာ ဝူယွမ်က ကိုယ်တိုင် ဆင်းလာဖို့ လိုလို့လား၊”

“လူတွေအကုန်လုံး ကျင့်ကြံနေတာကို ဂျူနီယာမလေးက စီနီယာ ဝူယွမ်ကို ဘယ်လိုများ သွားတွေ့တာလဲ၊”

“စီနီယာ ရှောင်ရှောင်ကို သွားရှာတယ် ထင်နေတာ၊”

“သူတို့က နီးနီးကပ်ကပ် ‌ေနနေကြတာကိုး၊”

တောင်ဂိုဏ်းတပည့်များသည် ဝူယွမ်ကို သူတို့၏ ကယ်တင်ရှင်ကဲ့သို့ ဝမ်းသာအားရ ကြည့်နေကြလေသည်။ ထို့အပြင် သူတို့၏ မျက်လုံးများထဲတွင် ဖုံးကွယ်ထားသော မကျေနပ်ချက်များကို ဝူယွမ် မြင်တွေ့နေရသည်။ ဟုန်းယာ ဂူမှ လူများက သူတို့ကို တကယ်ပင် ဒေါသထွက်အောင် လုပ်ထားပုံရသည်။

“နင့်ကို သွားမရှာခင်က ငါတို့ဘက်က သုံးပွဲတောင် ရှုံးသွားပြီ၊ တစ်ပွဲမှတောင် ပြန်မနိုင်သေးဘူး၊” ယင်းဟွမ်ဟွမ်က သက်ပြင်းချကာ ပြောသည်၊ “နောက်ပိုင်းမှာ ပိုပြီး အစွမ်းထက်တဲ့လူတွေ မရှိတော့မှာကို စိုးရိမ်လို့သာ ငါ မတက်တာ၊ မဟုတ်ရင် ငါကိုယ်တိုင် တက်တိုက်ပြီးပြီ၊”

ထိုအချိန်တွင် စင်မြင့်ပေါ်၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တိုက်ခိုက်နေကြသည်။ ထိုအမျိုးသားမှာ တောင်ဂိုဏ်းတပည့်ဖြစ်ပြီး အမျိုးသမီးမှာ အနီရောင်ဝတ်စုံနှင့် အရပ်ရှည်ရှည် လှပသူတစ်ဦး ဖြစ်သည်။ နှစ်ဦးသား ပြင်းထန်စွာ တိုက်ခိုက်နေကြသော်လည်း အမျိုးသမီးမှာ အသာစီးရနေသည်မှာ ထင်ရှားလှသည်။ သူမ၏ လက်ထဲတွင် အနီရောင် ကြာပွတ်တစ်ခု ရှိပြီး၊ ၎င်းမှာ လေထဲတွင် မီးမြွေတစ်ကောင်ကဲ့သို့ ကွေ့ကောက်လှုပ်ရှားနေခဲ့ကာ အစွမ်းထက်သော ကောင်းကင်အဆင့် ဝိညာဉ်ရတနာတစ်ခု ဖြစ်ကြောင်း သိသာနေသည်။

“အဲဒီမိန်းကလေးက ဆုန့်ယန်ပဲ၊ ဟုန်ယာ ဂူရဲ့ လူငယ်မျိုးဆက်ထဲမှာ ထိပ်တန်း သုံးယောက်ထဲက တစ်ယောက်ပေါ့၊ သူမက နိဗ္ဗာန်အဆင့် ရှစ်ကို အခုလေးတင် ရောက်ထားတာလို့ ပြောကြတယ်၊ သူမရဲ့ ခွန်အားက ငါတို့ဂိုဏ်းက အဓိကတပည့်တချို့နဲ့ ယှဉ်နိုင်တယ်၊” ဝူယွမ်၏ ဘေးတွင် ယင်းဟွမ်ဟွမ်က နှုတ်ခမ်းမဲ့ကာ ပြောပြနေသည်။

သူမနှင့် ရင်ဆိုင်နေရသော တောင်ဂိုဏ်းတပည့်မှာမူ မြေကမ္ဘာအဆင့် ဝိညာဉ်ဓားကိုသာ ကိုင်ဆောင်ထားပြီး ကျင့်စဉ်အဆင့်မှာလည်း နိမ့်နေသဖြင့် လုံးဝ ဖိနှိပ်ခြင်း ခံနေရသည်။

“ဖြောင်း...၊”

ခဏကြာပြီးနောက် ကြာပွတ်သံနှင့်အတူ ထိုတပည့်မှာ စင်မြင့်ပေါ်မှ လွင့်စဉ်ကျသွားတော့သည်။

ဆုန့်ယန်က သူမ၏ မျက်ခုံးကို ပင့်ကာ အောက်မှ လူအုပ်ကို မာန်ပါပါ ကြည့်လိုက်ပြီး အော်ပြောလိုက်သည်၊

“နောက်ထပ် ဘယ်သူလာဦးမလဲ၊”

သူမ၏ အေးစက်စက် အသံမှာ ခန်းမဆောင်တစ်ခုလုံးသို့ ပျံ့လွင့်သွားလေတော့သည်။ တောင်ဂိုဏ်းတပည့်များမှာ ဤစကားကို ကြားသောအခါ ဒေါသကြောင့် သွေးဆူလာကြသည်။ “ဒီမိန်းမက တကယ်ကို ရဲတင်းလွန်းတာပဲ”

“ငါ မအောင့်နိုင်တော့ဘူး၊ ငါပဲ အရင်သွားတော့မယ်၊ နင်က မိန်းမတစ်ယောက်နဲ့ ပြိုင်နေစရာ မလိုပါဘူး၊ နောက်မှ တက်တိုက်တော့၊” ယင်းဟွမ်ဟွမ်သည် ပြောပြောဆိုဆိုဖြင့် စင်မြင့်ပေါ်သို့ ခုန်တက်သွားတော့သည်။

မူလကတည်းက သူမသည် တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း သူမ၏ နောက်ကွယ်တွင် အားကိုးရမည့်သူ မရှိသဖြင့် စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။ အခု ဝူယွမ်ကို ခေါ်လာနိုင်ပြီဖြစ်ရာ သူမအနေဖြင့် စိတ်အေးလက်အေးနှင့် အပီအပြင် တိုက်ခိုက်နိုင်ပြီ မဟုတ်ပါလား။

ယင်းဟွမ်ဟွမ်က ဆုန့်ယန်ကို စိုက်ကြည့်ကာ ပြောလိုက်လေသည်၊ “နင်က အဓိကတပည့်တချို့ကို အနိုင်ရရုံနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်တော်လှပြီ ထင်နေတာလား၊ နင် တကယ်ပဲ အစွမ်းရှိတယ်ဆိုရင် ငါ့ကို အနိုင်တိုက်ပြစမ်း”

အခန်း (၂၃၄) - ဝူယွမ် Vs ဟိုကျန်း(၁)

မိုလင်းနှင့် အခြားသူများမှာလည်း ကောင်းကင်နန်းတော်သို့ ဝင်ရောက်ခဲ့ကြပြီး ဤနေရာမှ လှုပ်ခတ်မှုများကို အာရုံစိုက်ကာ စောင့်ကြည့်နေကြသည်။ ဝူယွမ် ချဉ်းကပ်လာသည်ကို မြင်သောအခါ မိုလင်း၊ တုယွမ်နှင့် ကျန်ရှိနေသူများအားလုံး ဝူယွမ်၏ နံဘေးသို့ စုရုံးရောက်ရှိလာကြသည်။

မူလ မဟာယန်ပြည်ထောင်စုမှ ထွက်ခွာလာစဉ်က သူတို့အားလုံးမှာ တန်းတူညီတူပင် ဖြစ်ကြပြီး တစ်ဦးကိုတစ်ဦး ညီအစ်ကိုသဖွယ် ရင်းနှီးစွာ ခေါ်ဝေါ်ခဲ့ကြသော်လည်း၊ တောင်ဂိုဏ်းသို့ ရောက်ရှိပြီးနောက်တွင်မူ ဝူယွမ်၏ အဆင့်အတန်းမှာ တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ ယခုဆိုလျှင် သူသည် ဂိုဏ်းချုပ်နှင့်ပင် အတူတကွ နေထိုင်နိုင်သည့် အဆင့်အတန်းမျိုး ပိုင်ဆိုင်ထားလေပြီ။

ဤသည်မှာဤသည်မှာ အခြားသူများ မနာလိုမရှုစိမ့် ဖြစ်ရုံသာ တက်နိုင်သော အခွင့်အရေးမျိုးပင် ဖြစ်သည်။

သို့သော်လည်း ဝူယွမ်ကြောင့် သူတို့က တောင်ဂိုဏ်းအတွင်း၌ အကာအကွယ်ကောင်းများ ရရှိထားကြသည်။ ဝူယွမ်နှင့် ပြည်ထောင်စုတစ်ခုတည်းမှ လာသူများဖြစ်ကြောင်း သိရှိကြသဖြင့် မည်သူမျှ သူတို့ကို လာရောက်မနှောင့်ယှက်ရဲကြသလို၊ အထူးဂရုစိုက်ခြင်းကိုပင် ခံကြရသည်။

အထူးသဖြင့် စင်ပေါ်သို့ ရောက်ရှိနေသည့် ကောင်းကင်နန်းတော်၏ ဂျူနီယာညီမလေး ယင်းဟွမ်ဟွမ်မှာ သူတို့ကို အမြဲတစေ အထူးတလည် ကြည့်ရှုစောင့်ရှောက်လေ့ရှိသည်။

ယင်းဟွမ်ဟွမ်က ဝူယွမ်အပေါ် ထူးခြားသော ခံစားချက်ရှိနေသည်ကို မိုလင်းနှင့် အခြားသူများ အတိုင်းသား မြင်နေရသည်။

“မင်းတို့ရဲ့ တိုးတက်မှုက တော်တော်လေး ကောင်းတာတာပဲ၊ မဆိုးဘူး...”

ဝူယွမ်သည် မိုလင်းနှင့် အခြားသူများကို အကဲခတ်ကာ အသာအယာ ဆိုလိုက်သည်။ တောင်ဂိုဏ်းသို့ စတင်ဝင်ရောက်စဉ်က သူတို့မှာ နိဗ္ဗာန်အဆင့်သုံး၌သာ ရှိကြသေးသော်လည်း၊ ယခုအခါ အဆင့်လေးကို ကျော်လွန်နေကြပြီဖြစ်ကာ မိုလင်းမှာ နိဗ္ဗာန်အဆင့်ငါးသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ အချိန်ကာလမှာလည်း များစွာမကြာမြင့်သေးပေ။

“ဒါတွေအားလုံးက အစ်ကိုကြီးရဲ့ စောင့်ရှောက်မှုကြောင့်ပါ၊ မဟုတ်ရင် ကျွန်တော်တို့ ဒီလောက်အထိ မြန်မြန်ဆန်ဆန် တိုးတက်လာမှာ မဟုတ်ပါဘူး...”

မိုလင်းနှင့် အခြားသူများ၏ ရင်ထဲတွင် ဝူယွမ်အပေါ် စစ်မှန်သော ကျေးဇူးတင်လိုသည့် ခံစားချက်များ ပြည့်နှက်နေခဲ့သည်။ အကယ်၍ သူတို့သာ တောင်ဂိုဏ်းသို့ မရောက်ရှိဘဲ မဟာယန်ပြည်ထောင်စု၌သာ ရှိနေဦးမည်ဆိုလျှင် နိဗ္ဗာန်အဆင့်သို့ ရောက်ရန်ပင် ခဲယဉ်းလှပေလိမ့်မည်။

“ဒါဟာ မင်းတို့ကိုယ်တိုင် ကြိုးစားမှုရဲ့ ရလဒ်ပါပဲ၊ ငါက လမ်းစလေးတွေ ဖန်တီးပေးရုံသက်သက်ပဲ...” ဝူယွမ်က ပြုံးလျက် ပြောလိုက်လေသည်။

မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင်ကို ရရှိပြီးနောက်ပိုင်း၊ မိုလင်းနှင့် အခြားသူများကို မဟာရှေးဟောင်းကျောက်တိုင်အတွင်း၌ လေ့ကျင့်စေလိုသော်လည်း၊ ယခုအခါ တောင်ဂိုဏ်းနှင့် မဟာရှေးဟောင်းဂိုဏ်းမှာ တစ်ဂိုဏ်းတည်းကဲ့သို့ ဖြစ်နေပြီဖြစ်ရာ မသေမျိုးဝိညာဉ်သီးများကို အကန့်အသတ်မရှိ ထောက်ပံ့ပေးနိုင်သည်။ ထို့ကြောင့် မိုလင်းတို့အတွက် မည်သည့်နေရာတွင် ကျင့်ကြံသည်ဖြစ်စေ အတူတူပင် ဖြစ်သည်။

“ဒါနဲ့... ဒီဟုန်ယာတုန်ရဲ့ အခြေအနေက ဘယ်လိုလဲ၊ ထူးထူးခြားခြား လက်ပေါက်ကပ်တဲ့သူတွေရော ပါသလား...” ဝူယွမ်က မေးမြန်းလိုက်သည်။

(မှတ်ချက် - ဟုန်ယာတုန်ဆိုတာ ဟုန်ယာ ဂူရဲ့ နာမည်အပြည့်စုံပါ ရှေ့ပိုင်းက Hongya Caveလို့သုံးခဲ့ပေမဲ့ ဒီအပိုင်းမှာဒီအပိုင်းမှာ Hongyadong လို့သုံးထားတာကြောင့်ပါ)

သူသည် ဟုန်ယာတုန်မှ လူများရှိရာဘက်သို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။ အရှေ့ဆုံးတွင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုနှစ်ဦး ထိုင်နေကြပြီး၊ သူတို့၏နောက်တွင်မူ လက်ပိုက်လျက် ထိုင်နေသော လူမည်းဝတ်စုံဝတ် အမျိုးသားတစ်ဦး ရှိနေသည်။

သူ၏ အကြည့်များမှာ စင်ပေါ်ရှိ ယင်းဟွမ်ဟွမ်နှင့် ဆုန့်ယန်တို့ထံသို့ စူးစိုက်ကျရောက်နေပြီး မျက်ဝန်းများထဲတွင် အထင်သေးပြက်ရယ်ပြုလိုသည့် အရိပ်အယောင်များ ယှက်သန်းနေသည်။

မိုလင်းက ဝူယွမ်အား ထိုလူကို မိတ်ဆက်ပေးလိုက်သည် “အဲဒီလူက ဟုန်ယာတုန်ရဲ့ မျိုးဆက်သစ်တွေထဲမှာ အသန်မာဆုံးဖြစ်တဲ့ ဟိုကျန်းပဲ၊ သူက နိဗ္ဗာန်အဆင့်ရှစ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီး အဆင့်ကိုးကို အချိန်မရွေး တက်လှမ်းနိုင်တဲ့သူလို့ ပြောကြတယ်...”

“နောက်ပြီး သူက အခုထိ လှုပ်ရှားမှု မလုပ်သေးတဲ့ ဟုန်ယာတုန်ရဲ့ တစ်ဦးတည်းသောသူပဲ...”

ဝူယွမ် ခေါင်းညိတ်လိုက်သည်။ ဟိုကျန်း၏ အရှိန်အဝါမှာ စင်ပေါ်ရှိ ဆုန့်ယန်ထက် သိသိသာသာ သန်မာပြီး သွေးကျောက်မြေရိုင်းတွင် သူတွေ့ခဲ့ဖူးသော စုလေ၊ လော့ယီတို့နှင့် အဆင့်တူလောက် ရှိပေလိမ့်မည်။ တောင်ဂိုဏ်းထဲ၌ဆိုလျှင် ချင်းရီ၊ မုလီတို့နှင့် အဆင့်တူပေမည်။

ဟုန်ယာတုန်၏ မျိုးဆက်သစ်များမှာ အမှန်တကယ်ပင် မဆိုးလှချေ၊ ထို့ကြောင့်လည်း တောင်ဂိုဏ်းကို လာရောက်စိန်ခေါ်ရဲခြင်း ဖြစ်နိုင်ပေသည်ယ

ဟိုကျန်းက ဝူယွမ်ကို သတိပြုမိသွားသော်လည်း၊ ဝူယွမ်သည် နိဗ္ဗာန်အဆင့်ခုနှစ်၌သာ ရှိသည်ကို မြင်သောအခါ အထင်သေးစွာဖြင့် ခေါင်းခါယမ်းလိုက်ကာ သူထပ်မကြည့်တော့ပေ။

ယင်းဟွမ်ဟွမ်က စင်မြင့်ပေါ်တွင်ရပ်နေပြီး လှပသော အမျိုးသမီးနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင် ရှိနေကြရာ သူတို့၏ အရှိန်အဝါများမှာ လေထုထဲ၌ပင် ပွတ်တိုက်နေကြသည်။

တောက်ပသော အနီရောင်ကြာပွတ်ရှည်ကို ကိုင်ဆောင်ထားသည့် ဆုန့်ယန်က ယင်းဟွမ်ဟွမ်ကို ကြည့်ကာ ပြုံးလိုက်ပြီး “ညီမလေး... အစ်မရဲ့ ကြာပွတ်က တော်တော်လေး နာတယ်နော်၊ အသာတကြည်ပဲ စင်ပေါ်က ဆင်းသွားပါလား...”

“အစ်မရဲ့ ကြာပွတ်က တိုလွန်းနေတယ်လေ၊ ကျွန်မနားကိုတောင် ရောက်နိုင်ပါ့မလားလို့ စိုးရိမ်မိတယ်...” ယင်းဟွမ်ဟွမ်က အလျှော့မပေးဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။

သူမသည်လည်ူ ချက်ချင်းပင် သူမ၏ ကောင်းကင်အဆင့် ဝိညာဉ်ရတနာလက်နက်ဖြစ်သော စိမ်းပြာ‌ေရာင်စောင်းကို ထုတ်ယူကာ သူမရှေ့၌ ကန့်လန့်ဖြတ် ချလိုက်သည်။

“အစ်မအတွက် သီချင်းတစ်ပုဒ်လောက် တီးပြပါရစေ... အစ်မ နားလည်နိုင်ပါ့မလားတော့ မသိဘူးနော်...”

“ဒေါင်... ဒေါင်...”

ယင်းဟွမ်ဟွမ်၏ ဖြူစင်နုနယ်သော လက်ချောင်းလေးများက စောင်းကြိုးများပေါ်တွင် လှုပ်ရှားလိုက်သည်နှင့် စောင်းသံစဉ်များမှာ ရုပ်လုံးပေါ်လာပြီး စင်မြင့်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

မြးစိမ်းရောင်အသံလှိုင်းများက ဆုန့်ယန်ထံသို့ ဦးတည်တိုး၀င်သွားတော့သည်။

“ဖျန်း...”

ဆုန့်ယန်၏ အနီရောင်ကြာပွတ်မှာလည်း လေထုကို ခွင်းလျက် ထွက်ပေါ်လာခဲ့သည်။ ကြာပွတ်ပေါ်တွင် ပြင်းထန်သော မီးတောက်ချီစွမ်းအင်များ ဝန်းရံနေပြီး၊ ၎င်းက ရုတ်ချည်းပင် အရှိန်ပြင်းသော မြွေဟောက်ကြီးတစ်ကောင်သဖွယ် ပြောင်းလဲသွားကာ ယင်းဟွမ်ဟွမ်ထံသို့ လျှပ်စီးကဲ့သို့ ပြေးဝင်သွားသည်။

အလင်းတန်းနီနီများက အသံလှိုင်းများကို ဖြတ်ကျော်ကာ ယင်းဟွမ်ဟွမ်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

သူမ၏ မျက်နှာမှာ တည်ငြိမ်လေးနက်နေပြီး လက်ချောင်းများက စောင်းကြိုးများကို ခပ်သွက်သွက် ခတ်လိုက်ပြန်သည်။ နောက်ထပ် မြစိမ်းရောင် အသံလှိုင်းတစ်ခု ထွက်ပေါ်လာပြီး မီးမြွေကြီးနှင့် ထိပ်တိုက်တွေ့ဆုံသွားတော့သည်။

ထိုသို့ ထိပ်တိုက်တွေ့ချိန်၌ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။ ဆုန့်ယန်က လျှပ်တပြက် လှုပ်ရှားလိုက်ရာ သူမ၏ ပျော့ပျောင်းသော ကြာပွတ်ရှည်မှာ လှံတစ်စင်းကဲ့သို့ တောင့်တင်းသွားပြီး ကြာပွတ်ထိပ်ဖျားမှာ ကင်းမြီးကောက် အမြီးကဲ့သို့ ယင်းဟွမ်ဟွမ်၏ မျက်ခုံးအလယ်ဗဟိုသို့ တည့်တည့်မတ်မတ် ချိန်ရွယ်ထိုးနှက်လိုက်သည်။ သူမ၏ တိုက်ခိုက်မှုမှာ ပြတ်သားပြီး ရက်စက်လွန်းလှရာ အစောပိုင်းက မြင်တွေ့ခဲ့ရသော မိန်းမပျိုလေးတစ်ဦး၏ နူးညံ့မှုမျိုး လုံးဝမရှိတော့ပေ။

“မီးယွမ်ကြာပွတ်လှံ...”

စူးရှသော အော်ဟစ်သံနှင့်အတူ ကြာပွတ်လှံသည် တိုးထွက်သွားသည်။ ပြင်းထန်သော လေဖိအားကြောင့် နိဗ္ဗာန်အဆင့်ခုနှစ် ပညာရှင်အချို့၏ နိဗ္ဗာန်ရွှေကိုယ်ထည်ပင်လျှင် အဖောက်ခံရနိုင်သည့် အရှိန်အဝါမျိုး ရှိနေသည်။

ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင်ရှိ တောင်ဂိုဏ်းတပည့်များမှာ ယင်းဟွမ်ဟွမ်အတွက် စိုးရိမ်ပူပန်သွားကြသည်။

ယင်းဟွမ်ဟွမ်၏ မျက်ဝန်းများမှာလည်း အရောင်ပြောင်းသွားသည်။ သူမ၏ လက်ချောင်းလေးက စောင်းကြိုးကို ဖိနှိပ်လိုက်ရာ ထူးဆန်းသော အသံလှိုင်းတစ်ခု လျှပ်စီးအလား ထွက်ပေါ်သွားသည်။

ထိုထူးဆန်းသော အသံလှိုင်းက ဆုန့်ယန်၏ အမြင်အာရုံကို ခဏတာ ဝေဝါးသွားစေရာ ကြာပွတ်လှံ၏ ဦးတည်ချက် လွဲချော်သွားပြီး ယင်းဟွမ်ဟွမ်၏ ပခုံးနားမှ ကပ်၍ ဝဲထွက်သွားသည်။

ဆုန့်ယန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကြာပွတ်လှံ၏ လမ်းကြောင်းကို ဘေးတိုက် ပြောင်းလဲကာ ယင်းဟွမ်ဟွမ်၏ ဦးခေါင်းဆီသို့ ချိန်ရွယ်ကာ လွှဲရိုက်လိုက်ပြန်သည်။

“ဂလန်း...”

မြစိမ်းရောင်စောင်းမှာ လျင်မြန်စွာ လည်ပတ်သွားပြီး ယင်းဟွမ်ဟွမ်က စောင်းဖြင့် ခုခံလိုက်သည်။ နှင်တံသည် စောင်းကိုယ်ထည်နှင့် ထိမိကာ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

စောင်းကို မတ်မတ်ကိုင်လျက် ယင်းဟွမ်ဟွမ်က သူမ၏ နုနယ်သော လက်မောင်းလေးဖြင့် သိမ်းဖက်လိုက်သည်။ မူလက စည်းနှောင်ထားသော သူမ၏ ဆံနွယ်များမှာ ပြင်းထန်သော လေတိုးမှုကြောင့် ပြေလျော့သွားပြီး ရင်ဘတ်ပေါ် ရေတံခွန်လေးကဲ့သို့ စီးကျလာခဲ့သည်။ ဤသို့ မြင်ရသည်မှာ မိန်းမပျိုလေးအား ထူးခြားသော ဆွဲဆောင်မှုတစ်မျိုး ဖြစ်ပေါ်စေသည်။

သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် မော့တက်သွားပြီး မျက်ဝန်းများထဲတွင် အေးစက်သော အရိပ်အယောင်များဖြင့် ဆုန့်ယန်ကို စိုက်ကြည့်လိုက်သည်။

သူမ၏ လက်ချောင်းများက စောင်းကြိုးပေါ်သို့ ပြင်းထန်စွာ ဝေ့ယမ်းလိုက်ရာ လှိုင်းတံပိုးတစ်ခုကဲ့သို့ အံ့ဩဖွယ်ရာ စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

ယခုမူ သူမ၏ အစွမ်းထက်ဆုံးအကွက်ကို ထုတ်ဖော်တော့မည်ဖြစ်သည်။

“ပုံသဏ္ဌာန်မဲ့ ဗောဓိသံစဉ်... ဗောဓိပြုံး...”

မြစိမ်းရောင် အသံလှိုင်းများက စောင်းအတွင်းမှ ရုတ်ချည်း ထွက်ပေါ်လာပြီး ယင်းဟွမ်ဟွမ်၏ နောက်တွင် ကြီးမားသော အရိပ်မည်းကြီးတစ်ခုအဖြစ် ရုပ်လုံးပေါ်လာခဲ့သည်။ ထိုအရိပ်ကြီးမှာ ကောင်းကင်သို့ မော့ကြည့်ကာ ရယ်မောနေပုံရပြီး အလွန်အမင်း အံ့ဩဖွယ်ကောင်းသော မြစိမ်းရောင်သံလှိုင်းများမှာ ဆုန့်ယန်ထံသို့ မိုးကြိုးအရှိန်ဖြင့် ပြေးဝင်သွားတော့သည်။

“ဝူး...”

ဆုန့်ယန် ထိတ်လန့်သွားပြီး သူမ၏ ကြာပွတ်ကို အမြန်လည် ရုပ်သိမ်းကာ စက်ဝိုင်းပုံစံ လည်ပတ်လိုက်ပြီး အသံလှိုင်းအားလုံးကို ပိတ်ဆို့ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ကောင်းကင်နန်းတော်၏ အထူးသိုင်းပညာရပ်ဖြစ်သော ပုံသဏ္ဌာန်မဲ့ ဗောဓိသံစဉ်ကို ထိုမျှလွယ်ကူစွာ ပိတ်ဆို့နိုင်မည်လော။

ဆုန့်ယန်၏ ကိုယ်ခန္ဓာမှာ တုန်ခါသွားပြီး နောက်သို့ တရစပ် ဆုတ်ခွာသွားရတော့သည်။

စောင်းတီးခြင်းမှာ ယင်းဟွမ်ဟွမ်၏ လက်ဖျားခါလောက်သည့် အစွမ်းပင် ဖြစ်သည်။ သူမက စောင်းကြိုးကို ထပ်မံခတ်လိုက်ပြန်ရာ မြရောင်အလင်းတန်းမှာ မြားတစ်စင်းကဲ့သို့ ထွက်ပေါ်သွားပြီး ခုခံရန် နောက်ကျနေပြီဖြစ်သော ဆုန့်ယန်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။

ဆုန့်ယန်က စင်ပေါ်မှ ခုန်ချရန် ပြင်လိုက်စဉ်မှာပင် အမည်းရောင် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ဟိုကျန်း စင်ပေါ်သို့ ရောက်ရှိလာလေပြီ၊ သူက ဆုန့်ယန်၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး လက်ဖဝါးကို ဆန့်ထုတ်ကာ မြစိမ်းရောင်အလင်းတန်းကို အသာအယာ တောက်ထုတ်ပစ်လိုက်သည်။

“ဟေး...”

ဟိုကျန်း၏ ရုတ်တရက် ဝင်ရောက်စွက်ဖက်မှုကြောင့် စင်အောက်ရှိ တောင်ဂိုဏ်းတပည့်များကြားတွင် ဆူညံသွားသည်။ သူတို့က ညီမလေးဟွမ်ဟွမ်ကို စိုးရိမ်တကြီး ကြည့်ရှုနေကြပြီး ချက်ချင်းပင် ဒေါသထွက်သွားကြတော့သည်။

ဤရုတ်တရက် တန်ပြန်တိုက်ခိုက်မှုက ယင်းဟွမ်ဟွမ်ကို ထိတ်လန့်သွားစေသည်။ သူမ၏ လှပသော မျက်နှာလေးမှာ ညှိုးနွမ်းသွားပြီး ပြိုင်ဘက်၏ တိုက်စစ်ကို ကာကွယ်ရန် ပြင်ဆင်လိုက်စဉ်မှာပင်...

ဝူယွမ်က စလှုပ်ရှားလာလေသည်။

သူ၏ မြင့်မားထည်ဝါသော ကိုယ်ဟန်က ယင်းဟွမ်ဟွမ်၏ ရှေ့တွင် လျှပ်တပြက် ပေါ်လာခဲ့သည်။ ဝူယွမ်က လက်ကို နောက်ပစ်လျက် ရပ်နေပြီး သူ၏ ဝတ်ရုံစများမှာ လေထဲတွင် တလူလူလွင့်ပျံ နေခဲ့သည်။ မြစိမ်းရောင်အလင်းတန်းမှာ ဝူယွမ်၏ ရှေ့တစ်မီတာ အကွာသို့ ရောက်သောအခါ ရပ်တန့်သွားပြီး မမြင်နိုင်သော မြူခိုးများအဖြစ် ပျော်ဝင်သွားတော့သည်။

ဝူယွမ်သည် ဟိုကျန်းကို အေးစက်စက် မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး သက်ပြင်းအသာချကာ ဆိုလိုက်သည်မှာ...

“ကောင်လေး... မင်းက သိုင်းလောကရဲ့ စည်းမျဉ်းတွေကို မလိုက်နာဘူးပဲ...”

ဤစကားကို ကြားသောအခါ ဟိုကျန်း၏ မျက်နှာမှာ အလွန်အမင်း ကြည့်ရဆိုးသွားသော်လည်း၊ ဝူယွမ်က နိဗ္ဗာန်အဆင့်ခုနှစ်၌သာ ရှိသည်ကို မြင်သောအခါ သူ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

All Chapters