← Chapters

အခန်း (၁၇၄)

Vol. 18 Ch. 174

အခန်း (၁၇၄)

Vol. 18 Ch. 174

174

​ချင်းရွှေမြို့နယ်၏တရားရုံးအတွင်းတွင် ​ကျိုးကျားရွာမှ ရွာသားများ၏အကြံပေးမှုကြောင့် စစ်ဆေးရေးမှူးမာသည် ထန်ရှန်းဟွေ့ကို ချည်နှောင်ထားသောကြိုးအား ဆွဲ၍ ရှေ့မှဦးဆောင်သွားလိုက်သည်။ သူ​မထွက်ခွာမီ ကျိုးရှန့်တုန်းအကြိမ်ကြိမ် သတိပေးခဲ့၏။

"စစ်ဆေးရေးမှူးမာ ခင်ဗျားတို့သတိထားရမယ်နော်၊ ဒီလူနဲ့သိပ်မနီးစေနဲ့ သူက အရမ်းကိုကံဆိုးတဲ့ကောင်"

စစ်ဆေးရေးမှူးမာမှာ ထန်ရှန်းဟွေ့မျက်နှာပေါ်ရှိ ပွန်းပဲ့ဒဏ်ရာများနှင့် သွေးကွက်များကို လက်ညှိုးထိုးပြလိုက်သည်။ ထန်ရှန်းဟွေ့မျက်နှာတစ်ခုလုံး ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။

စစ်ဆေးရေးမှူးမာ : "မင်းတို့ သူ့ကို တကယ်မရိုက်ခဲ့ဘူးလား"

​ကျိုးရှန့်တုန်း ကောင်းကင်ကိုတိုင်တည်ကာ ကျိန်ဆိုလိုက်သည်။

"သူ့ကိုရိုက်တဲ့ကောင်က ခွေးသားပဲ"

​’သူကအရမ်းကို ကံဆိုးနေပြီလေ။ သူတို့တွေဆို လမ်းတစ်လျှောက်လုံး သူ့ကိုထိဖို့နေနေသာသာ သုံးမီတာလောက်အကွာအဝေးကနေ ခွာနေခဲ့ကြတာ’

စစ်ဆေးရေးမှူးမာ ထန်ရှန်းဟွေ့ကို အကျဉ်းထောင်စင်္ကြံမှတစ်ဆင့် သူ့အကျဉ်းခန်းဆီသို့ ခေါ်ဆောင်သွားလိုက်သည်။ ​သို့သော် သူအနည်းငယ်စူးစမ်းလိုစိတ် ဖြစ်နေဆဲပင်။ အနောက်မှထန်ရှန်းဟွေ့ထံ သူလှည့်ကြည့်လိုက်သည်။

‘လူတစ်ယောက်က ဘယ်လောက်တောင် ကံဆိုးနိုင်မှာမလို့လဲ’

​သူလှည့်မကြည့်ခဲ့လျှင် ပိုကောင်းမည် ဖြစ်သည်။ စစ်ဆေးရေးမှူးမာလှည့်ကြည့်လိုက်ချိန်တွင် သူတို့အကျဉ်းခန်းများတွင်း တိတ်တဆိတ်ထိုင်နေကြသော အကျဉ်းသားများသည် ရုတ်တရက်အရူးများအလားဖြစ်လာကြပြီး အကျဉ်းခန်း တံခါးများကိုဆွဲကိုင်ကာ ထန်ရှန်းဟွေ့ကို လှမ်းဖမ်းရန် လက်များဆန့်တန်းလာကြသည်ကို တွေ့လိုက်ရ၏။ ​မျက်စိတစ်မှိတ်အတွင်းမှာပင် ထန်ရှန်းဟွေ့မျက်နှာနှင့် လည်ပင်းတို့သည် အကုတ်ခံရသဖြင့် ပေါက်ပြဲသွားပြီး သွေးများ၏နီရဲရဲအရောင်မှာ ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုဖြစ်လာသည်။

​"မင်းတို့ ဘာလုပ်နေကြတာလဲ၊ အထဲပြန်ဝင်ကြစမ်း"

စစ်ဆေးရေးမှူးမာ ဆူပူလိုက်သော်လည်း အကျဉ်းသားတစ်ယောက်မှ နားမထောင်ကြပေ။ စစ်ဆေးရေးမှူးမာသည် ထန်ရှန်းဟွေ့နားသို့မသွားရဲသဖြင့် သူ့ကိုအတင်းဆွဲကာအကျဉ်းခန်းသို့ တတ်နိုင်သမျှမြန်မြန်ရောက်အောင်လျှောက်သွားလိုက်သည်။

​"ဒါ မင်းရဲ့အခန်းပဲ ဝင်သွား"

စစ်ဆေးရေးမှူးမာ အကျဉ်းခန်းတံခါးကို ပိတ်လိုက်သည်။

​"အရာရှိကြီး ကျွန်တော့်ကိုကူညီပေးပါဦး"

‘သတင်းစကားလေးတစ်ခု သွားပို့ပေးပါ’

​ထန်ရှန်းဟွေ့စကားပြော၍ မဆုံးခင်မှာပင် သူ့လျှာကို ကိုက်မိသွားပြီး ချိုမြမြသံချေးနံ့ကိုခံစားလိုက်ရသည်။ စစ်ဆေးရေးမှူးမာ သူ့ကိုအထက်အောက်တစ်ချက်ကြည့်လိုက်ပြီး လက်ဟန်ပြလိုက်၏။

​"မင်းဆီမှာ ပိုက်ဆံရှိလား၊ ပိုက်ဆံမရှိဘဲ ငါ့အကူအညီကို လိုချင်နေတာလား”

​"အရာရှိကြီး ကျေးဇူးပြုပြီးကျွန်တော့်ကို ကူညီပေးပါ"

‘သတင်းစကားလေး သွားပို့ပေးပါ၊ ပြီးရင် တစ်ယောက်ယောက်က ပိုက်ဆံလာပေးပါလိမ့်မယ်’

​ဒီတစ်ကြိမ်တွင်မူ ထန်ရှန်းဟွေ့စကားတစ်ဝက်မှာတင် သူ့လျှာကိုပြတ်လုမတတ် ကိုက်မိသွားပြန်သည်။ မထွက်ခွာမီ စစ်ဆေး‌ရေးမှူးမာမှာ စကားပင် ကောင်းကောင်းမပြောနိုင်တော့သော အမျိုးသားကို တစ်ချက်ကြည့်လိုက်ပြီး သူ၏စုတ်ပြတ်သတ်နေသော အခြေအနေကြောင့် သနားစိတ်အနည်းငယ်ဝင်သွားမိ၏။ ​သို့သော် ထိုသနားစိတ်မှာ စစ်ဆေးရေးမှူးမာ၏ အသိတရားကိုမလွှမ်းမိုးနိုင်ခဲ့ပေ။ သူ့ကိုချည်နှောင်ထားသောကြိုးများကို ဖြည်မပေးခဲ့ပေ။ ​အကျဉ်းထောင်ထဲတွင် လာဘ်ထိုးစရာလူမရှိသကဲ့သို့ ဆေးဝါးလည်းမရှိသဖြင့် သူ့ခမျာနာကျင်မှုကို ကြိတ်မှိတ်သည်းခံရုံသာရှိတော့သည်။

​’အကျိုးအမြတ်တစ်ခုခုမရှိဘဲ ဘယ်သူကမှ သူ့ကိုကူညီပေးမှာမဟုတ်ဘူးလေ’

​ထန်ရှန်းဟွေ့ ထွက်သွားပြီဖြစ်သော စစ်ဆေးရေးမှူးမာထံ အကူအညီမဲ့ဟန်ဖြင့်ကြည့်နေလိုက်ရသည်။ ကျိုးထောင်ဟွား သူ့ကျင့်ကြံခြင်းစွမ်းအားများကို ဖျက်ဆီးပစ်လိုက်ချိန်မှစ၍ သူသည် ကံဆိုးမှုများဖြင့်သာ ပြည့်နှက်နေခဲ့၏။

​’အဲဒီဆယ့်ငါးနှစ်အရွယ် အမျိုးသမီးက အရမ်းအစွမ်းထက်လွန်းတယ်။ သူမက အသက်ဆယ့်ငါးနှစ်ပဲ ရှိသေးတာဆိုပေမဲ့ ကောင်းကင်ဘုံကိုတောင် အံတုနိုင်လောက်အောင် အစွမ်းထက်နေပြီ’

​သူ့ဆရာပေးအပ်ထားသည့်တာဝန်ကို မအောင်မြင်ခဲ့သည့်အတွက် သူနောင်တရမိ၏။

​’ဒီအမျိုးသမီးရဲ့စွမ်းအားက သူ့ဆရာထက်တောင် သာလွန်နေသေးတယ်လို့ သူ ခံစားရတယ်။ တကယ်လို့သာ သူအစကနေ ပြန်စခွင့်ရမယ်ဆိုရင် အဲဒီ အမျိုးသမီးရဲ့တပည့်အဖြစ် ခံယူဖို့တောင်စဉ်းစားမိမှာပဲ။ ဒါပေမဲ့ သူမကသူ့ကို ဒီလောက်တောင်အထိနာအောင် လုပ်ခဲ့တာ။ သူလုံးဝ ခွင့်မလွှတ်နိုင်ဘူး လုံးဝ အလွတ်မပေးနိုင်ဘူး’

ယခုအချိန်တွင် ထန်ရှန်းဟွေ့ သူ့ဆရာကို အသိပေးပြီး ကျိုးထောင်ဟွားကို ကိုယ်တိုင်လာနှိမ်နင်းရန်သာ လိုလားနေမိသည်။

‘​ပြီးတော့ အဲဒီအမျိုးသား။ သူကလည်း ထူးဆန်းတယ်။ သူ့ရဲ့ချန်ခွန်းအိတ်က ရှန်းမင်ကို လုံးဝပိတ်လှောင်ထားနိုင်ခဲ့တာတောင်မှ ဘာလို့ ရှန်းမင်ကအိတ်ကို အတင်းဖွင့်ပြီး ထွက်လာနိုင်ခဲ့ရတာလဲ။ ပြီးတော့ ချန်ခွန်းအိတ်ထဲကကျလာတဲ့ အဲဒီပင့်ကူပန်းနီတွေကရော ဘာတွေလဲ’

ထိုကိစ္စကိုတွေးမိရာ ရှန်းမင်နှင့်ပတ်သက်ပြီး ထန်ရှန်းဟွေ့၏အကဲဖြတ်ချက်မှာ စကားလုံးနှစ်လုံးဖြင့်သာ အကျဉ်းချုပ်လိုက်ရသည်။

‘ကြက်သီးထစရာပဲ’

သို့သော် ယခုချိန်တွင် ထိုအကြောင်းအား တွေးနေရန် အချိန်မရှိပေ။ သူ ကျိုးကျားရွာမှ မြို့ပေါ်ထိတစ်နာရီကျော် လမ်းလျှောက်လာခဲ့ရ၍ ရေဆာကာပင်ပန်းပြီး တစ်ကိုယ်လုံးလည်းကိုက်ခဲနေလေပြီ။ ပတ်ဝန်းကျင်ကို သူကြည့်လိုက်ရာ စိုစွတ်ညစ်ပတ်နေသော အကျဉ်းခန်းထဲတွင် မြက်ခြောက်စောင်တစ်ထည်နှင့် ထောင့်တွင်ရှိသော ဆီးအိုးတစ်လုံးသာရှိသည်။ ​သို့သော် အံ့ဩစရာကောင်းလောက်အောင် ခေါင်မိုးမှရေယိုနေပြီး ဆီးအိုးထဲသို့ ရေပေါက်များကျဆင်းနေသည်။ ​သူဆီးအိုးထံသို့ လျှောက်သွားလိုက်ရာ ရေတစ်ဝက်ကျော်ပြည့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ထန်ရှန်းဟွေ့မျက်လုံးများ တောက်ပသွားပြီး စိတ်လှုပ်ရှားဟန်ဖြင့်ပြုံးလိုက်၏။

​သူပါးစပ်ကို ဟကာ ခေါင်းကိုနောက်သို့ မော့ထားပြီး ရေပေါက်များကိုစတင် ဖမ်းယူလေသည်။ ​ရေပေါက်များစွာကို ဖမ်းယူရသဖြင့် သူလည်ပင်းများ တောင့်တင်းလာသော်လည်း ရေအနည်းငယ်မျှသာ သောက်ရသေး၏။ ​ရုတ်တရက် အောက်ရှိဆီးအိုးကို သူငုံ့ကြည့်လိုက်ပြီး ဆုံးဖြတ်ချက်ကြီးတစ်ခု ချလိုက်သကဲ့သို့ ခါးကိုကိုင်းလိုက်သည်။

​"ဗွမ်း"

​ရုတ်တရက် သူဆီးအိုးထဲသို့ ခေါင်းစိုက်ကျသွားသည်။

​"ဂလူး ဂလူး ဖူး ဂလူး ဂလူး"

​သူ့ပါးစပ်နှင့် နှာခေါင်းထဲသို့ ရေများဝင်ရောက်လာကာ အသက်ရှူကျပ်သွားစေသည်။ သူ့လက်များကို ကြိုးဖြင့် ချည်နှောင်ထားသဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆီးအိုးထဲမှပြန်ဆွဲထုတ်၍မရတော့ပေ။ ​ဆီးအိုးမှောက်ကျသွားစေရန် သူ့ခန္ဓာကိုယ်ကို အကြမ်းပတမ်းလှုပ်ခါလေတော့သည်။ ​သို့သော် ဆီးအိုးမှာလုံးဝ မလှုပ်ပေ။ အကျဉ်းခန်းတံခါးအပြင်ဘက်မှ ကြည့်မည်ဆိုလျှင် ဆီးအိုးသည် ကုတင်အနောက်ဘက်နံရံရှိ အချိုင့်တစ်ခုထဲတွင်ညှပ်နေကြောင်း မြင်တွေ့ရမည် ဖြစ်သည်။ ​၎င်းကို အပေါ်ဘက်သို့မတင်မှသာ ဆွဲထုတ်၍ရနိုင်မည်ပင်။

​"ဂလူး ဂလူး"

​နောက်တစ်နေ့တွင် အစောင့်ရဲမက်ယန် အစားအစာလာဝေသောအခါ ထန်ရှန်းဟွေ့သည် ဆီးအိုးထဲတွင်ရေနစ်သေဆုံးနေကြောင်း တွေ့ရှိသွားသည်။ ​အစောင့်ရဲမက်ယန် မယုံကြည်နိုင်ဟန်ဖြင့် မျက်မှောင်ကြုတ်သွားရ၏။

‘​ဒီအဖြစ်က တရားရုံးအကျဉ်းထောင်မှာ နှစ်တစ်ရာနီးပါးအတွင်း အကြီးမားဆုံး သတင်းဖြစ်နိုင်တယ်။ အရင်က ဆီးအိုးထဲမှာ ရေနစ်သေတဲ့အကျဉ်းသား တစ်ယောက်မှမရှိခဲ့ဖူးဘူးလေ’

​အစောင့်ရဲမက်ယန် စကားပင်မပြောနိုင်တော့ပေ။

"ကျစ် ကျစ် လူဆိုးတစ်ယောက်က ဆီးသွားတဲ့အိုးထဲမှာတောင် သေနိုင်သေးတာပဲ"

​…

​ကျိုးထောင်ဟွား နိုးလာသောအခါ ရှန်းမင်၏ရင်ခွင်ထဲသို့ ရောက်နေကြောင်းသိလိုက်ရပြီး သူ့ရနံ့မှာသူမကို အလွန်တရာလုံခြုံမှုရှိစေသည်ဟု ခံစားရသည်။

​"နိုးပြီလား"

​ကျိုးထောင်ဟွား မော့ကြည့်လိုက်ရာ ရှန်းမင်မှ သူမကိုစိုက်ကြည့်နေသည်ကို တွေ့လိုက်ရပြီး သူ့မျက်လုံးများမှာနီရဲနေသည်ကိုလည်း သတိထားမိလိုက်သည်။

​ကျိုးထောင်ဟွား : "ဘာဖြစ်လို့လဲ၊ ကောင်းကောင်း အိပ်မပျော်ဘူးလား၊ ညီမ မနေ့ညက အိပ်တာအရမ်းလှုပ်လွန်းနေလို့လား"

​"မဟုတ်ပါဘူး အစ်ကို အိပ်မက်ဆိုးမက်လို့ပါ"

​အိပ်မက်မှာ အစစ်နှင့်အလွန်တူ၍ မြစ်ကိုစောင့်သည့် နဂါးသုံးကောင်၏နဂါးသွေးကြောများကို သူအမှန်တကယ်ဖြတ်ပစ်လိုက်သည်ဟုပင် ခံစားလိုက်ရသည်။

‘​သူ့မှာ အဲဒီလောက်စွမ်းအားတွေ တကယ် ရှိနေတာလား’

​ကျိုးထောင်ဟွား အသာခေါင်းမော့ကာ ရှန်းမင်၏ပါးပြင်ကို နမ်းလိုက်သည်။

"သက်သာသွားပြီလား"

​ရှန်းမင်၏ပါးပြင်တစ်လျှောက် ယားကျိကျိခံစားချက်တစ်ခုပျံ့နှံ့သွား၏။

​"ဟင့်အင်း"

ရှန်းမင်နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ်ကွေးညွှတ်သွားသည်။

​ကျိုးထောင်ဟွား : "ဒါဆိုရင် သက်သာသွားတဲ့ထိ နောက်တစ်ခါထပ်နမ်းပေးမယ်"

​နံနက်စာစားပြီးနောက် ​ဒူးရင်းသီးနတ်ဆိုးသည် ကျိုးထောင်ဟွားထံသို့လာပြီး အသနားခံလိုက်သည်။

"အစ်မကျိုး ကျွန်မကိုလည်း အဆင့်တက်ခွင့်ပေးလို့ရမလား၊ အစ်မရှောင်ယွဲ့က အရမ်းအစွမ်းထက်တာပဲ၊ ကျွန်မလည်း အဆင့်တက်ချင်တယ်"

‘​မနေ့က အစ်မရှောင်ယွဲ့ လူတစ်ရာကျော်ကို အဆင့်တစ်ဆယ် ရာသီလာစဉ် ကိုက်ခဲတဲ့ဝေဒနာ ခံစားရအောင် အလွယ်တကူ လုပ်နိုင်ခဲ့တယ်လေ။ ​အစ်မရှောင်ယွဲ့က အဲဒီထက်အများကြီးပိုလုပ်နိုင်တယ်လို့ ပြောတယ်။ သူမကလူတစ်ထောင်ကိုတောင် တစ်ပြိုင်နက်တည်း ရာသီလာစဉ်ကိုက်ခဲတဲ့ဝေဒနာ ခံစားရအောင်ထိန်းချုပ်နိုင်တယ်တဲ့’

​မိခင်မှိုနတ်ဆိုး၊ အသံနတ်ဆိုးနှင့် ခရုနတ်ဆိုးတို့အားလုံးလည်း ဒူးရင်းသီးနတ်ဆိုး၏ တောင်းဆိုမှုကိုလိုလားနေကြသည်။

​ကျိုးထောင်ဟွား : "မရဘူး"

​ကျိုးထောင်ဟွားသည် အနားမှတောင်များကို မော့ကြည့်လိုက်ရာ မြို့ရိုးဆောက်လုပ်ရေးမှာ ပြီးလုနီးပါးဖြစ်နေပြီဖြစ်သည်။ ​မြို့ရိုးချည်းဆိုလျှင် မလုံလောက်သေးချေ။ ထိုအပေါ်တွင် ခူယားကောင်နတ်ဆိုးများကို မွေးရန်လိုနေသေးသည်။ ဒူးရင်းသီးနတ်ဆိုး၏စကားများမှာ သူမကိုအရိပ်အမြွက်တစ်ခု ပေးလိုက်သကဲ့သို့ပင်။ ​သူမသည် နှစ်ပေါင်း ၁၂၀၀ ကျော်စီ ကျင့်ကြံခြင်းစွမ်းအားရှိသော အမြုတေသုံးလုံးကို ချက်ချင်းထုတ်ယူလိုက်သည်။ ​ထိုအမြုတေများသည် ဥထဲတွင်ရှိနေသေးသော ခူယားကောင်နတ်ဆိုးများ အားလုံးကိုအကောင်ပေါက်စေပြီး ပိုးဖလံများအဖြစ်ပြောင်းလဲစေကာ ထို့နောက် ဥများ ထပ်မံဥစေခဲ့၏။

​ဖားနတ်ဆိုးများသည်လည်း ထိုနည်းတူပင်ဖြစ်ကာ အကောင်ပေါက်ပြီး ထပ်မံ မျိုးပွားကြပြန်သည်။ ​ဒူးရင်းသီးနတ်ဆိုးမှာ နှစ်ပေါင်း ၁၂၀၀ကျော်စီ ကျင့်ကြံခြင်းစွမ်းအားရှိသော အမြုတေသုံးလုံး စားသုံးခံလိုက်ရသည်ကိုကြည့်ရင်း ဟာတာတာဖြစ်ကာ ဝမ်းနည်းသွားရ၏။ ​မိခင်မှိုနတ်ဆိုး၊ အသံနတ်ဆိုးနှင့် ခရုနတ်ဆိုးတို့သည်လည်း အသံထွက်မပြောသော်လည်း ဝမ်းနည်းနေကြသည်။ ​ကျိုးထောင်ဟွား ဒူးရင်းသီးနတ်ဆိုး၏ခေါင်းကို ပွတ်သပ်ကာနှစ်သိမ့်လိုက်၏။

"စိတ်မပူပါနဲ့၊ နောက်တစ်ခါကျင့်ကြံခြင်း အမြုတေတွေရလာရင် နင်တို့ကို အဆင့်တက်ဖို့ပေးပါ့မယ်"

​"တကယ်လား အစ်မကျိုးကအရမ်း သဘောကောင်းတာပဲ"

​ဒူးရင်းသီးနတ်ဆိုး၏ စိတ်ခံစားမှုများ ချက်ချင်း ပြေလျော့သွားသည်။

​…

​ခမ်းနားထည်ဝါသော ကျင့်ကြံခြင်း အခန်းထဲတွင် ​နဂါးပုံစံများပါရှိသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ရုတ်တရက် မျက်လုံးဖွင့်လာသည်။ ​သူ့အသားအရေမှာ အပြစ်အနာအဆာကင်းစင်ပြီး သူ့မျက်နှာမှာ ချောမောခန့်ညားကာ သန့်စင်နေ၏။ ​အမျိုးသား၏မျက်လုံးများထဲတွင် လူသတ်ချင်သော အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။

"ထန်ရှန်းဟွေ့ တကယ်ပဲသေသွားပြီလား"

​အမျိုးသားသည် သူ့ဘေးနားရှိ ခေါင်းလောင်းကိုလှုပ်လိုက်ရာ ​ယွီဖေးဝင်လာ၏။

"ဆရာ ကျွန်တော့်ကိုခေါ်လိုက်တာလား"

​"ထန်ရှန်းဟွေ့ သေသွားပြီ၊ သူလမ်းမှာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်နဲ့ ဆုံသွားတာလား၊ ဒါမှမဟုတ် ကျိုးကျားရွာမှာပဲ သေသွားတာလားဆိုတာ ငါမသိဘူး၊ ​ငါ သူ့ကို ကျိုးကျားရွာကို အလုပ်ကိစ္စနဲ့လွှတ်လိုက်တာ၊ တကယ်လို့ သူအဲဒီမှာ သေသွားတာဆိုရင် ကျိုးကျားရွာကလူတိုင်းကို သူတို့အသက်နဲ့ ပြန်ပေးဆပ်ခိုင်းလိုက်"

​အမျိုးသားသည် သူ့သိုလှောင်အိတ်ထဲမှ အနက်ရောင်အလံတိုတစ်ခုကို ထုတ်ယူလိုက်သည်။ အလံကိုမြင်လိုက်ရသောအခါ ယွီဖေးမျက်လုံးများ တောက်ပသွားပြီး ထိန်းမရသော စိတ်လှုပ်ရှားမှုများဖြင့် လင်းလက်သွား၏။

‘​သူ့ဆရာက သူ့ကိုဒီအလံတကယ်ပဲ ပေးလိုက်တာလား’

​ယွီဖေး ကတိပေးလိုက်သည်။

"ဆရာ စိတ်ချပါ၊ တပည့်က ဆရာ့ရဲ့ အမိန့်တွေကို သေချာပေါက်အောင်မြင်အောင် ဆောင်ရွက်ပါ့မယ်"

All Chapters