← Chapters

အခန်း (၁၇၆)

Vol. 18 Ch. 176

အခန်း (၁၇၆)

Vol. 18 Ch. 176

176

နောက်တစ်နေ့ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရာသီဥတုသည် အေးစိမ့်လာပြီး လေအေးများတိုက်ခတ်လာသောကြောင့် လူတိုင်းအနွေးထည်များ ဝတ်ဆင်ထားကြသည်။ ​မုဆိုးမဖန်း မြို့မှ ပြန်ရောက်လာချိန်တွင် ပြောလာ၏။

"ပြဿနာတက်ပြီပဲ ဘေးကမြို့မှာ စစ်တပ်တွေတပ်စွဲထားတယ်လို့ကြားတယ်၊ စစ်ပွဲစတော့မယ့်ပုံပဲ၊ ပြီးတော့ တပ်ဖွဲ့တစ်ဖွဲ့တည်းတောင် မဟုတ်ဘူးတဲ့"

​ရွာသားများလည်း မြို့မှတစ်ယောက်ပြီး တစ်ယောက် ပြန်ရောက်လာကြသည်။ ချောင်းချွန်းရှန်း မေးလိုက်၏။

"စစ်ပွဲစနေပြီလို့ကြားတယ်၊ သူတို့ကငါတို့ရွာကိုလည်း လာတိုက်မှာလား"

​ကျိုးရှန့်အန်း ပြန်ဖြေ၏။

"ကျွန်တော်တို့ရွာမှာ ဒီလောက်မြင့်တဲ့ မြို့ရိုးတွေရှိနေတာပဲ၊ ပြီးတော့ အဲဒီအပေါ်မှာခူယားကောင်နတ်ဆိုးတွေလည်း ရှိသေးတယ်လေ မကြောက်ပါနဲ့"

​ကျိုးထောင်ဟွားလည်း မြို့ပေါ်မှ ကောလာဟလအချို့ကိုကြားထားပြီး ရွာလူကြီးကို ရွာသားများအား စားနပ်ရိက္ခာများ သိုလှောင်ထားရန် အသိပေးခိုင်းလိုက်သည်။

‘​ရန်သူတွေ မြို့ကိုရောက်လာလည်း စားနပ်ရိက္ခာ အလုံအလောက်ရှိနေသရွေ့တော့ ဘာကြောက်စရာမှမလိုပါဘူး’

​ရွာလူကြီးအသိပေးလိုက်သည်။

"ထောင်ဟွား စိတ်မပူပါနဲ့၊ အဘိုး အခုပဲ လိုက်ပြောလိုက်ပါ့မယ်"

အရင်ခြောက်လအတွင်း ရွာသားတိုင်း ဆေးပင်ရောင်းခြင်း၊ ပန်းထိုးခြင်းများဖြင့် ငွေအများအပြား ရှာဖွေနိုင်ခဲ့ကြရာ စားနပ်ရိက္ခာဝယ်ရန် ငွေကြေးပမာဏမှာ အလွယ်လေးလုံလောက်သည်။ ​ရွာလူကြီး၏စကားကို ကြားသောအခါ လူတိုင်း စားနပ်ရိက္ခာဝယ်ရန် နွားလှည်းများကိုမြို့ပေါ် မောင်းနှင်သွားကြပြီး လှည်းများပေါ်သို့ ဆန်အိတ်များတစ်အိတ်ပြီး တစ်အိတ် တင်ကြ၏။ ​ဆန်သစ်မလုံလောက်ပါက ဆန်ဟောင်းကိုပါဝယ်ကြပြီး ဆန်ဟောင်းကုန်သွားပါက ပြောင်းဖူးမှုန့်ကို ဝယ်ကြသည်။ ​ဆန်ဆိုင်တစ်ဆိုင်ကုန်သွားပါက နောက်တစ်ဆိုင်သို့သွားကြ၏။ ​ချင်းရွှေမြို့ရှိဆန်ဆိုင်များ ကုန်သွားသောအခါ ဘေးမြို့သို့သွားကြပြန်သည်။ ​ရွာသို့ပြန်လာတိုင်း သူတို့၏နွားလှည်းများပေါ်တွင် ရိက္ခာများ ပြည့်လျှံနေ၏။ ​တောအုပ်ထဲတွင်ရပ်ကာ အဝေးမှဝင်ထွက်သွားလာနေသော မြင်းလှည်းတန်းကြီးကိုကြည့်ရင်း ယွီဖေးနှုတ်ခမ်းများပေါ်၌ ကောက်ကျစ်သော အပြုံးတစ်ခုပေါ်လာသည်။ သူ့လက်ဖဝါးမှ အမည်းရောင်စွမ်းအင် အမျှင်တန်းတစ်ခုအား လှည်းတစ်စီးထံသို့ပစ်လွှတ်လိုက်၏။ ​ကျိုးရှန့်ချိုး ဖြတ်သွားရင်း ပြောလိုက်သည်။

"ဦးလေးဟယ် ဦးလေးလည်း ပစ္စည်းတွေဝယ်လာတာလား။ ဒါနဲ့ ဆန်၊ ဂျုံမှုန့် နဲ့ ပြောင်းဖူးမှုန့်တွေအပြင် ဟင်းသီးဟင်းရွက်တွေရော ဝယ်ခဲ့သေးလား၊ ဆောင်းရာသီအတွက် အထားခံတဲ့ ဟင်းသီးဟင်းရွက်တချို့တော့ သိုလှောင်ထားဖို့လိုမယ်နော်"

​ဦးလေးဟယ်မှာ သူ့နဖူးကိုရိုက်ကာ ကျေးဇူးတင်ဟန်ဖြင့် ပြောလိုက်သည်။

"ကျေးဇူးပဲ ရှန့်ချိုး‌ရေ၊ ဦးလေး နောက်မှ မြို့ပေါ်ကို တစ်ခေါက်ထပ်သွားလိုက်ဦးမယ်"

​သုံးရက်တိုင်တိုင် စားနပ်ရိက္ခာများ ဝယ်ယူသိုလှောင်ပြီးနောက် ရွာရှိအိမ်တိုင်းတွင် ရိက္ခာများအပုံလိုက်ရှိနေကြလေပြီ။ ​ရှန်းမင် ကျိုးထောင်ဟွားကို ပြုစုရန် အိမ်တွင်နေရသဖြင့် ကျိုးအာ့ရှုနှင့် ချမ်ရှီတို့မှ မိသားစုအတွက် ရိက္ခာများကူဝယ်ပေးခဲ့ကြသည်။ ​ကျိုးထောင်ဟွား ကိုယ်ဝန်ရှိနေသဖြင့် ကြက်၊ ဘဲ နှင့် ငါးများကိုလည်း အများအပြား ဝယ်ယူခဲ့ကြ၏။ ​ကျိုးထောင်ဟွားမှာ ကိုယ်ဝန်လေးလကျော်နေပြီဖြစ်သော်လည်း သူမဝမ်းဗိုက်သည် သိပ်မသိသာသေးပေ။ ​ဆောင်းတွင်းဝတ် အနွေးထည်များကြောင့် ပို၍ပင်မသိသာတော့ချေ။ ကျိုးထောင်ဟွားလက်ကို ချမ်ရှီဆုပ်ကိုင်ထားပြီး နွေးထွေးနေပြီဆိုမှလွှတ်ပေးလိုက်သည်။ ​ချမ်ရှီ ချီးကျူးလိုက်၏။

"ရှန်းမင်က သမီးကိုသေချာဂရုစိုက်တာပဲ"

​ကျိုးထောင်ဟွား ပျော်ရွှင်စွာပြုံးလိုက်သည်။ ရှန်းမင်မှာ တကယ်ကို ဂရုစိုက်တတ်၏။ သူမ ကိုယ့်ကိုကိုယ်နားလည်သည်ထက်ပင် သူမကိုပိုမို နားလည်ပေးနိုင်သေး၏။

​"ထောင်ဟွား အိမ်မှာရှိလား"

​ခြံတံခါးအပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရ၍ ဒူးရင်းသီးနတ်ဆိုးသွားဖွင့်ပေးလိုက်သည်။ အိမ်ပေါက်ဝတွင် ရွာမှပန်းပဲဆရာ ဦးလေးဟယ် နှင့် သူ့ဇနီး ဒေါ်လေးကူးတို့ ရပ်နေကြ၏။ ​သူတို့သည် ကျိုးထောင်ဟွားထံသို့ အပြေးအလွှား လျှောက်လာကြသည်။

​"ဦးလေးဟယ် ဒေါ်လေးကူး၊ ဘာတွေ အလောတကြီးဖြစ်နေတာလဲ"

​ကျိုးထောင်ဟွား စကားပြော၍မဆုံးခင်မှာပင် သူတို့လက်မောင်းများထဲမှ အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ထွက်ပေါ်လာသည်။ ​သူတို့ဓားတွေယူလာလိမ့်မည်ဟု ကျိုးထောင်ဟွား လုံးဝထင်မထားခဲ့မိပေ။ ​တစ်ခဏအတွင်းမှာပင် ကျိုးထောင်ဟွားလန့်ပြီး နောက်ဆုတ်သွားသော်လည်း ရှန်းမင်မှာသူတို့လက်ကောက်ဝတ်များကို ဆွဲကိုင်လိုက်ပြီး ခွပ်ကနဲမြည်သံနှင့်အတူ ဓားမြှောင်နှစ်လက်စလုံး မြေကြီးပေါ်သို့ကျသွား၏။ လူသတ်ချင်သော အငွေ့အသက်အပြည့်ဖြင့် ရှန်းမင်မေးလိုက်သည်။

"ခင်ဗျားတို့ ဘာလုပ်နေတာလဲ။ ဘာလို့ ကျွန်တော့်မိန်းမကို သတ်ဖို့ကြိုးစားနေတာလဲ"

သူတို့လက်ကောက်ဝတ်များကို သူချိုးပစ်တော့မည့်အလား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ ​ဦးလေးဟယ်နှင့် ဒေါ်လေးကူးတို့မျက်နှာများ နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။

​"ကယ်ကြပါဦး လူသတ်နေပြီ၊ ရှန်းမင်က ငါ့မိဘတွေကို သတ်တော့မယ်"

​"လူငယ်တစ်ယောက်က အဘိုးကြီးကို အနိုင်ကျင့်နေတယ်"

​ဦးလေးဟယ်၏သားနှစ်ယောက်နှင့် ချွေးမနှစ်ယောက်တို့ ရှန်းမိသားစုခြံဝင်းအဝင်ဝမှ ရုတ်တရက်အော်ဟစ်လိုက်ကြသည်။ ​ထို့နောက် သားကြီး၏ဇနီးနှင့် သားငယ်၏ဇနီးတို့သည် ရှန်းမင်ထံသို့ပြေးဝင်လာကြ၏။ ​ရှန်းမင် မျက်မှောင်ကြုတ်သွားရသည်။

‘သူ မိန်းမတွေကို မရိုက်ဘူးဆိုပေမဲ့ သူ့မိန်းမကို ဒုက္ခပေးချင်တဲ့ မိန်းမတွေကို မရိုက်ဘူးလို့တော့မဆိုလိုဘူးလေ’

​သားအကြီး၏မိန်းမနှင့် သားအငယ်၏မိန်းမတို့ ရှန်းမင်အနားသို့ ရောက်လာချိန်တွင် သူတို့ကန်ထုတ်ခံလိုက်ရသည်။

​"ဥပဒေဆိုတာ မရှိတော့ဘူးလား၊ သူလူတွေကိုရိုက်နေတယ်"

​"ငါတို့က ကျိုးမျိုးရိုးမဟုတ်လို့ ရွာကအခြားလူတွေ ငါတို့ကိုဒီလိုဆက်ဆံတာလား"

​သားကြီးမှာ ခြံတံခါးအနောက်မှနေ၍ အော်ဟစ်လိုက်သည်။ ​မကြာမီမှာပင် ရွာသားအများအပြား ရှန်းမိသားစုခြံဝင်းအဝင်ဝတွင် စုရုံးရောက်ရှိလာကြ၏။

​ဦးလေးချီ : "ဟယ်တ၊ မင်း ဘာဖြစ်နေတာလဲ၊ ဘယ်သူက ငါတို့လိုပြင်ပကလာတဲ့သူတွေကို မနှစ်မြို့တာလဲ"

​ကျိုးကျားရွာမှာ မူလကဆွေမျိုးစုရွာ တစ်ရွာဖြစ်သော်လည်း နောက်ပိုင်းတွင် မျိုးရိုးမတူသူအချို့လည်း လာရောက် အခြေချနေထိုင်ခဲ့ကြသည်။ ​ပြင်ပမှလာသူတစ်ဦးဖြစ်သော ဦးလေးချီသည် ဟယ်တစကားကြောင့် ဒေါသထွက်သွား၏။ ​သူ ခြံဝင်းအတွင်းသို့ လှည့်ကြည့်လိုက်ရာ ရှန်းမင်မှာ ဦးလေးဟယ်နှင့် ဒေါ်လေးကူးတို့လက်ကောက်ဝတ်များကို ကိုင်ထားပြီး သူတို့မျက်နှာများမှာလည်း နာကျင်မှုကြောင့်ရှုံ့မဲ့နေကာ ချွေးမနှစ်ယောက်ပါ မြေကြီးပေါ်၌လဲကျနေသည်ကို တွေ့လိုက်ရသည်။ ​ဦးလေးချီ ဆူပူလိုက်၏။

"ရှန်းမင် မင်းကိုယ်မင်းလည်း ပြင်ပကလာတဲ့သူတစ်ယောက်ဆိုတာ မမေ့နဲ့နော်၊ လူတွေကို ဘယ်လိုလုပ်ဒီလိုအနိုင်ကျင့်ရက်ရတာလဲ"

​ရှန်းမင် လှောင်ပြုံးပြုံးလိုက်သည်။

"ဦးလေးချီ မြေကြီးပေါ်က ဓားမြှောင်နှစ်လက်ကို မမြင်ဘူးလား၊ အဲဒါတွေနဲ့ ကျွန်တော့်မိန်းမကို သူတို့သတ်တော့မလို့လုပ်နေတာ"

​’ဟင်’

​ဦးလေးချီ ထိတ်လန့်သွား၏။ ရှန်းမင် သတိပေးပြီးမှသာ မြေကြီးပေါ်ရှိ ဓားမြှောင်နှစ်လက်ကို သူသတိထားမိသွားသည်။

​’လူသတ်မလို့ဟုတ်လား’

​ဦးလေးချီ ကျိန်ဆဲလိုက်သည်။

"မင်းတို့နှစ်ယောက် ရူးနေတာလား၊ လူသတ်တာက ဥပဒေနဲ့မလွတ်ဘူးကွ၊ ထောင်ဟွားက ဒီလောက်လိမ္မာတာကို၊ ဘာလို့ သူ့ကိုသတ်ရမှာလဲ"

​ဦးလေးချီ မယုံကြည်နိုင်အောင်ဖြစ်နေသည်။ ​ဦးလေးဟယ်မှ မကျေမနပ်ဖြင့် ရုတ်တရက် ပြောလိုက်သည်။

"အစ်ကိုချီ၊ ငါတို့ကျိုးကျားရွာကို ရောက်လာတာ အချိန်သိပ်မကွာဘူးလေ၊ အိမ်နီးချင်းတွေ ဖြစ်လာတာလည်း နှစ်ပေါင်းများစွာ ကြာပြီ၊ ငါ ဘယ်လိုလူမျိုးလဲဆိုတာ မင်းမသိဘူးလား"

​ဒေါ်လေးကူးလည်း ငိုယိုကာပြောနေသည်။

"အစ်ကိုချီ၊ ဟယ်တနဲ့ ငါကလူရိုးတွေပါ၊ သူတို့...... သူတို့ကသာငါတို့ကို အပြစ်ရှာနေတာ၊ ရှန်းမင် နဲ့ ကျိုးထောင်ဟွားက ရွာမှာ သူတို့အာဏာကို အသုံးချပြီး ငါတို့ကို အနိုင်ကျင့်ဒုက္ခပေးနေတာ၊ မင်းသာ ရောက်မလာရင်တော့ သူ ငါတို့ကိုသတ်ပစ်တော့မှာပဲ"

​ဒေါ်လေးကူးစကားပြောနေစဉ် သူမမျက်နှာထက်၌ ကြောက်ရွံ့နေသည့် အမူအရာတစ်ခု ပေါ်လာသည်။ ​ဦးလေးချီ လုံးဝဇဝေဇဝါဖြစ်သွားရ၏။ ​ဒေါ်လေးကူး၏စကားများအရ မြေကြီးပေါ်ရှိ ဓားမြှောင်နှစ်လက်မှာ ရှန်းမင်မှ သူတို့ကို သတ်ရန်အသုံးပြုမည့် ကိရိယာများဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ​ဘေးတွင်ရပ်နေသော ချမ်ရှီမှာဒေါသတကြီး အော်ဟစ်လိုက်၏။

"နင်တို့ ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ၊ ငါ့ရှန်းမင်က ဘယ်တုန်းကများ နင်တို့ကိုသတ်ချင်လို့လဲ၊ ဒီဓားမြှောင်က ငါ့ထောင်ဟွားကို သတ်ဖို့ နင်တို့ယူလာတာ ရှင်းနေတာပဲ၊ ငါသေချာ မြင်လိုက်တယ်၊ တကယ်လို့သာ ရှန်းမင်အချိန်မီမဖမ်းထားနိုင်ခဲ့ရင် အကျိုးဆက်က ဘယ်လိုဖြစ်သွားမလဲ တွေးကြည့်လို့တောင်မရဘူး"

​ချွေးမကြီးမှာ ခေါင်းခါကာငိုယိုပြီးမေးလိုက်သည်။

"မဟုတ်ဘူး မဟုတ်ဘူး၊ကျွန်မတို့မိသားစုက ရှင်တို့ကိုဘာမှမလုပ်ခဲ့ပါဘူး၊ ဘာလို့ ရှင်တို့ကို သတ်ရမှာလဲ၊ လူသတ်တာက ပြစ်မှုမြောက်တယ်၊ အသက်နဲ့ပြန်ပေးဆပ်ရမယ်ဆိုတာ ကျွန်မတို့မသိဘူးများမှတ်နေလား"

​ကျိုးထောင်ဟွား လှောင်ပြုံးပြုံးလိုက်သည်။

"အဲဒါ နင်တို့ဖြေရမယ့်မေးခွန်းပဲ၊ ဒီလောက်ရိုးရှင်းတဲ့ သဘောတရားကို နင်တို့တောင် နားလည်သေးတာ၊ ငါကနားမလည်ဘူးလို့ ထင်နေတာလား၊ တကယ်လို့ ငါတို့ကပဲ လူတွေကိုအနိုင်ကျင့်နေတာဆိုရင် နင်တို့မိသားစုတစ်ခုလုံး ငါ့အိမ်ကို ဘာလို့လာတာလဲ"

​ရှန်းမိသားစုခြံဝင်းအပြင်ဘက်တွင် စုရုံးနေကြသော ရွာသားများသည် ကျိုးထောင်ဟွား၊ ရှန်းမင်၊ ချမ်ရှီ နှင့် ဟယ်မိသားစုဝင်ခြောက်ဦးတို့၏ ကိုယ်ပိုင် ရှင်းလင်းချက်များကို နားထောင်ပြီး မည်သူ့ကို ယုံရမှန်းမသိဖြစ်နေကြသည်။ ​လူတိုင်းပြောသည်မှာ အကြောင်းပြချက်ရှိနေပုံရ၏။ ​ရွာလူကြီးမှာ လူအုပ်ကြားမှ တိုးထွက်ပြီးဝင်လာသည်။

"ဘာဖြစ်တာလဲ ဘာတွေဖြစ်ကုန်တာလဲ"

​ဟယ်တနှင့် ဟယ်အာ့တို့ဇနီးမောင်နှံတို့မှာ ရွာလူကြီးရှေ့တွင် ဒူးထောက်ချလိုက်ကြသည်။

"အဘိုးရွာလူကြီး ကျွန်တော်တို့ကို ကူညီပါဦး၊ ကျိုးထောင်ဟွားနဲ့ ရှန်းမင်တို့က အရမ်းလွန်နေပြီ"

All Chapters