← Chapters

အခန်း (၁၇၃)

Vol. 18 Ch. 173

အခန်း (၁၇၃)

Vol. 18 Ch. 173

173

"အရမ်းနာတာပဲ"

​"သောက်ကျိုးနည်း ဘယ်လိုဖြစ်ရတာလဲ၊ ငါ့ဗိုက်တွေအရမ်းနာနေပြီ"

​"အား အရမ်းနာတာပဲ"

​လူတစ်ရာကျော်ခန့်မြေကြီးပေါ်တွင် ဒူးထောက်ကာ နာနာကျင်ကျင်အော်ဟစ်နေကြပြီး သူတို့ဝမ်းဗိုက်များကြွက်တက်သလို မခံမရပ်နိုင်အောင်နာကျင်နေကြသည်။ သူတို့မျက်နှာများမှာ သွေးဆုတ်ကာဖြူဖျော့နေကြ၏။ ​အချို့မှာ မြေကြီးပေါ်တွင် လူးလှိမ့်နေကြသော်လည်း နာကျင်မှုကိုမရပ်တန့်နိုင်ကြပေ။ ​သူတို့နဖူးများပေါ်တွင် ချွေးသီးချွေးပေါက်များ စီးကျနေသည်။ ​ချီအာမှာ ရွာလူကြီးထံသို့ လက်လှမ်းလိုက်သည်။

"ရွာလူကြီးကျိုး ရွာသမားတော်ကို မြန်မြန်ခေါ်ပြီး ကျွန်တော့်ကိုကယ်ပါဦး"

​"ကျွန်တော့်ကို ကယ်ပါဦး၊ ကျွန်တော် မသေချင်သေးဘူး"

​"ရွာလူကြီးကျိုး"

​ထိုလူစုသည် ရွာလူကြီးထံတုန်ရီနေသော အသံများဖြင့် တောင်းပန်နေကြသည်။ ​သူတို့ ရုတ်တရက်အော်ဟစ်ပြီး နာကျင်စွာညည်းညူနေကြသည်ကို မြင်သောအခါ ရွာလူကြီးလန့်သွားရကာပြောလိုက်၏။

"ကွမ်းမင် ငါတို့ရွာမှာ နတ်ဆိုးတစ်ကောင်က ဒုက္ခပေးနေပြန်ပြီလားမသိဘူး"

​ယခင်ကဒုက္ခပေးခဲ့ဖူးသော တုပ်ကွေးနတ်ဆိုးကို သူပြန်သတိရသွားသည်။ ထိုစဉ်က ရွာတစ်ရွာလုံးအအေးမိပြီးဖျားခဲ့ကြ၏။ ​အချို့ကအန်ကြပြီး၊ အချို့မှာ ဝမ်းလျှောကြကာ လူကြီးရော ကလေးပါ မကျန်ခဲ့ပေ။ ​ကျိုးကွမ်းမင်ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။

"ငွေမပေးမချင်း တမင်သက်သက်ဗိုက်နာအောင်လုပ်နေကြတာများလား၊ ဒီလူတွေပဲ ခံစားနေရတာလေ၊ ကျန်တဲ့သူတွေက အဆင်ပြေနေတာပဲ၊ သူတို့ခံသင့်တယ်"

​ကျိုးကွမ်းမင် အမှန်တကယ်ပင် နတ်ဆိုးတစ်ကောင်ဒုက္ခပေးနေခြင်းဖြစ်ပါစေဟု မျှော်လင့်နေသည်။ နတ်ဆိုးတွင် မျက်စိရှိသည်ဟု သူတကယ်တွေးလိုက်မိ၏။ ​ရွာလူကြီးမှာမူ စိုးရိမ်နေဆဲပင်။ ထိုလူများ၏မျက်နှာများမှာ သွေးဆုတ်ကာဖြူဖျော့နေကြသည်။

​ရွာလူကြီး : "သူတို့တွေ ရွာထဲမှာ သေသွားမှာတော့မဟုတ်ပါဘူးနော်"

​လင်းရှောင်ယွဲ့ တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။

"မသေပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ကို ဗိုက်နာအောင် လုပ်လိုက်တာ ကျွန်မပဲလေ"

ဤအရာမှာ အဆင့်ခုနစ်ရာသီလာစဉ် ကိုက်ခဲမှုနာကျင်ခြင်းသာ ဖြစ်သည်။ နာကျင်သော်လည်း သေလောက်အောင်တော့မဆိုးရွားပေ။

​ရွာလူကြီးမှ "အိုး" ဟုအသံပြုလိုက်ပြီးနောက် လင်းရှောင်ယွဲ့၏မျက်နှာလှလှလေးကို စိုက်ကြည့်ရင်း သူ့မျက်ဝန်းအိမ်များ ရုတ်တရက်ပြူးကျယ်သွားရသည်။

​’လင်းရှောင်ယွဲ့က ရာသီသွေးမိစ္ဆာဆိုတာကို သူမေ့လုနီးပါးဖြစ်သွားတာပဲ’

​သူမသည် သာမန်မိန်းကလေးတစ်ယောက်နှင့်တူကာ ယခင်သူမထံ၌ရှိခဲ့သော ကြောက်မက်ဖွယ်ကောင်းပြီး ကြက်သီးထစရာ အငွေ့အသက်များ ပျောက်ကွယ်သွား၍ အန္တရာယ်မရှိသည့် အငွေ့အသက်များနှင့် အစားထိုးသွားရာ သူမကို နတ်ဆိုးတစ်ကောင်ဟု မသိစိတ်မှ မှတ်မိရန်ပင် ခက်ခဲနေလေပြီ။ ​ကျိုးကွမ်းမင် ချီးကျူးလိုက်သည်။

"ကောင်းတယ် မိန်းကလေးရှောင်ယွဲ့၊ အဲဒီလိုမျိုး လုပ်ပစ်ရမှာ"

‘​ဒါက နတ်ဆိုးတစ်ကောင်လုပ်သင့်တဲ့ အလုပ်ပဲ’

​"ရှောင်ယွဲ့၊ သူတို့ကို ပညာပေးလိုက်စမ်း၊ တေးငါးဆယ်တောင် တောင်းရဲတယ်ပေါ့၊ ​ငါတို့က တစ်နေ့လုပ်အားခ တေးသုံးဆယ်ကို တစ်ခါမှနောက်မကျဖူးဘူး၊ နေ့လယ်စာ အဝကျွေးသေးတယ်၊ ဘယ်အလုပ်ရှင်က ငါတို့လောက် သဘောကောင်းနေလို့လဲ"

​ကျိုးကွမ်းမင်မှာတော့ ဤလူများမှာ ကျေးဇူးကန်းကြသည်ဟုသာ ခံစားရပြီး ဒေါသပိုထွက်လာသည်။ ​သူတို့စကားများကိုကြားသောအခါ ချီအာနှင့်အခြားသူများသည် သူတို့ကသာ ဤအရာအားလုံး၏နောက်ကွယ်၌ ရှိနေကြောင်း သဘောပေါက်သွားကြ၏။

‘​ပြီးတော့ အဲဒီငယ်ရွယ်လှပတဲ့ မိန်းကလေးက တရားခံပေါ့။ ထင်တဲ့အတိုင်းပဲ မိန်းမလှတွေကအဆိပ်ပိုပြင်းတတ်ကြတယ်’

ချီအာ ကျိန်ဆဲလိုက်သည်။

"သောက်ကျိုးနည်း ဒီမိန်းမယုတ်"

​"အဆင့်တစ်ဆယ်"

​လင်ရှောင်ယွဲ့ စကားပြောပြီးသည်နှင့် ချီအာနှင့် အခြားသူများမှာမခံမရပ်နိုင်လောက်အောင် ဗိုက်နာလာပြီး သတိလစ်လုမတတ်ဖြစ်သွားကြသည်။ သူတို့အော်ဟစ်သံများသည် တောင်ပေါ်တစ်ခွင်ပဲ့တင်ထပ်သွားပြီး ညှဉ်းပန်းနှိပ်စက်ခံနေရသကဲ့သို့ ပတ်ဝန်းကျင်ရှိ အလုပ်သမားများရင်ထဲတွင် ကြက်သီးဖြန်းဖြန်းထသွားစေ၏။

​"အား မလုပ်ပါနဲ့"

​"ရှောင်ယွဲ့ သနားပါဦး၊ ငါနောက်ထပ် မလုပ်တော့ပါဘူး၊ ဈေးတက်ဖို့မလိုချင်တော့ပါဘူး၊ တေးသုံးဆယ်ပဲရရ ငါလုပ်ပါ့မယ်"

​"ငါလည်း ဈေးတက်ဖို့မလိုချင်တော့ဘူး"

​ကျိုးကျားရွာရှိ ငယ်ရွယ်လှပသည့် မိန်းကလေးတစ်ယောက်မှာ တကယ်တော့နတ်ဆိုးတစ်ကောင်ဖြစ်ပြီး သူတို့ကို အလွန်အမင်းနာကျင်အောင်လုပ်နိုင်သော အမျိုးအစားဖြစ်မည်ဟု မည်သူကထင်ထားပါမည်နည်း။ ​ချီအာ၏ဒေါသများမှာ နာကျင်မှုအောက်တွင် လုံးဝပျောက်ကွယ်သွားသည်။ သူဒူးထောက်ကာ အသနားခံလိုက်၏။

"မိန်းကလေးရှောင်ယွဲ့ ကျွန်တော်မှားသွားပါတယ်၊ ကျွန်တော်နောက်ထပ်လုံးဝမလုပ်ရဲတော့ပါဘူး၊ အခုကစပြီး ညီအစ်ကိုတွေကို ဦးဆောင်ပြီး ကြိုးကြိုးစားစား အလုပ်လုပ်ပါ့မယ်လို့ ကတိပေးပါတယ်"

​ချီအာ လင်းရှောင်ယွဲ့ကိုတောင်းပန်နေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့တစ်သက်တာတွင် မည်သူ့ကိုမှဤမျှ အသည်းအသန် မတောင်းပန်ခဲ့ဖူးပေ။ ​သူ့နှလုံးသားသည် ဓနရှင်နတ်မင်းကြီးအား ရင်ဆိုင်ရချိန်ထက်ပင် ပိုမိုရိုးသားနေသည်။

​လင်းရှောင်ယွဲ့ :"ခဏစောင့်နေ ငါ့သခင်မရောက်လာရင် နင်တို့ကိုကိုင်တွယ်လိမ့်မယ်"

​"မိန်းကလေးကျိုးလား"

‘​ဒါ ဘာသောက်ကျိုးနည်းလဲ’

​ချီအာ အလွန်တရာဒေါသထွက်နေသော်လည်း အသံထွက်ပြီးမပြောရဲပေ။ သူမကို အပြစ်လုပ်ရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သေးပေ။

‘မိန်းကလေးရှောင်ယွဲ့ကတောင် ဒီလောက်ထိရိုကျိုးနေတာဆိုတော့ မိန်းကလေးကျိုးက ပိုပြီး အစွမ်းထက်နေမှာသေချာတယ်’

နောက်ဆုံးတွင် ချီအာနှင့် အခြားသူများမှာ သူတို့ပြောနေသောမိန်းကလေးကျိုး ဆိုသူကို မြင်တွေ့လိုက်ရသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်သာပင်။ ​သူသည် ပုံမှန်ဆိုလျှင် ဤကဲ့သို့ အမျိုးသမီးမျိုးကို အလေးအနက်ထားမည်မဟုတ်သော်လည်း မိန်းကလေးရှောင်ယွဲ့ဖော်ပြခဲ့သည့် မိန်းကလေးကျိုး ဖြစ်နေ၍ ကိုယ့်ကိုကိုယ်နှိမ့်ချပြီး အသနားခံရုံမှလွဲလို့ သူ့ထံတွင်ရွေးချယ်စရာမရှိတော့ပေ။

​"မိန်းကလေးကျိုး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ ကျွန်တော်နောက်ထပ် လုံးဝမလုပ်ရဲတော့ပါဘူး"

​ချီအာ အသနားခံပြီးနောက် အခြားသူများလည်း သူ့နောက်လိုက်၍ တောင်းပန်ကြသည်။ အဆင့်တစ်ဆယ် ရာသီလာစဉ် ကိုက်ခဲနာကျင်ခြင်းမှာ မခံမရပ်နိုင်အောင် ပြင်းထန်လွန်းလှသည်။ သူတို့တစ်သက်တာတွင် ဤကဲ့သို့နာကျင်မှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။ ​နတ်ဆိုးလေးကောင်သည် ကျိုးထောင်ဟွားနှင့် ရှန်းမင်တို့နောက်မှ တောင်ပေါ်သို့ လိုက်ပါလာခဲ့ပြီး သူတို့ရောက်ရှိလာစဉ် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မှင်သက်သွားကြသည်။

‘​ဒီလူတစ်ရာကျော်အပေါ်မှာ ရာသီသွေးမိစ္ဆာရဲ့ ဘာအငွေ့အသက်ကိုမှ သူတို့ အာရုံမခံမိခဲ့ဘူး၊ ဒါတောင်မှ သူမကသူတို့ကို ဒီလောက်ပြင်းထန်တဲ့ ဗိုက်နာဝေဒနာ ခံစားရအောင် လုပ်နိုင်ခဲ့တယ်၊ ​ပြီးတော့ လူတစ်ရာကျော်ကို တစ်ပြိုင်နက်တည်းလေ၊ ရာသီသွေးမိစ္ဆာက အဆင့်တက်ပြီးသွားတာနဲ့ ဒီလောက်တောင်အစွမ်းထက်သွားတာလား’

​ဒူးရင်းသီးနတ်ဆိုး၏ အံ့အားသင့်နေသော အကြည့်များမှာ လူတစ်ရာကျော်ထံမှ ရာသီသွေးမိစ္ဆာဆီသို့ ရောက်ရှိသွားသည်။

"အစ်မရှောင်ယွဲ့ အဲဒါကို ဘယ်လိုလုပ်လိုက်တာလဲ"

​ရာသီသွေးမိစ္ဆာ : "သူတို့ကို ရာသီလာစဉ် ကိုက်ခဲတဲ့ဝေဒနာ ခံစားရအောင်လုပ်လိုက်တာလေ၊ သခင်မက နင့်ကိုအဆင့်တက်ခွင့်ပေးလိုက်တာနဲ့ နင်လည်း အရင်ကမလုပ်နိုင်ခဲ့တဲ့အရာတွေကို လုပ်နိုင်လာလိမ့်မယ်"

​ဒူးရင်းသီးနတ်ဆိုး ရုတ်တရက် မျှော်လင့်ချက်ကြီးမားလာသည်။ ​မိခင်မှိုနတ်ဆိုး၊ အသံနတ်ဆိုး နှင့် ခရုနတ်ဆိုး တို့သည်လည်း မျှော်လင့်ချက်များ ကြီးမားလာကြ၏။

‘တကယ်လို့ သူတို့လည်း အဆင့်တက်သွားရင် ရာသီသွေးမိစ္ဆာလိုမျိုး အရင်ကမရှိခဲ့တဲ့စွမ်းရည်တွေကို ပိုင်ဆိုင်လာနိုင်မှာပေါ့ ဟုတ်တယ်မလား’

​ကျိုးထောင်ဟွား လက်မြှောက်လိုက်သည်။

"ရှောင်ယွဲ့ ရပ်လိုက်တော့"

​တစ်ခဏအတွင်းမှာပင် ချီအာနှင့် လူတစ်ရာကျော်၏ဝမ်းဗိုက်များထဲမှ နာကျင်မှုများပျောက်ကွယ်သွားပြီး သူတို့ ပြန်လည် အသက်ရှင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ​အချိန်မီအသနားခံခဲ့၍ တော်သေးသည်ဟု တွေးမိလိုက်ကြ၏။ ​ချီအာ ဦးဆောင်၍ သူတို့အားလုံးမှာမြှောက်ပင့်ပြောဆိုလာကြသည်။

"မိန်းကလေးကျိုး ကျွန်တော်တို့မှားသွားမှန်းသိပါပြီ၊ နောက်မလုပ်တော့ပါဘူး၊ စိတ်မပူပါနဲ့ အခုကစပြီး ကျွန်တော်တို့ ကြိုးကြိုးစားစားအလုပ်လုပ်ပါ့မယ်"

​ချီအာ စကားပြောနေစဉ် သူ့ဘေးရှိလင်းရှောင်ယွဲ့ကိုကြည့်ပြီး အနည်းငယ် ကြောက်လန့်နေသေးရာ ကျိုးထောင်ဟွားကိုမူ ပို၍ပင်ကြောက်လန့်နေသည်မှာ သေချာလှသည်။ ​ရွာလူကြီးသက်ပြင်းချနိုင်သွား၏။

‘ ဒီကိစ္စ နောက်ဆုံးတော့ပြီးပြတ်သွားပြီ။ မြို့ရိုးဆောက်တာ ဆက်လုပ်လို့ရပြီပေါ့’

​ကျိုးထောင်ဟွား လှောင်ပြုံးပြုံးလိုက်သည်။

"ဒီမှာနင်တို့ကို မလိုတော့ဘူး ထွက်သွားလို့ရပြီ၊ အဘိုး ဒီနေ့သူတို့ သပိတ်မှောက်တာ ဘယ်အချိန်ကစတာလဲ"

​ရွာလူကြီး : "သူတို့မနက်ခင်းရောက်ရောက်ချင်းပဲ သပိတ်မှောက်ကြတာ၊ အဘိုးက ထန်ရှန်းဟွေ့ကိစ္စနဲ့ အလုပ်ရှုပ်နေလို့ သူတို့ကိုဖြေရှင်းဖို့ အချိန်မရခဲ့ဘူးလေ"

​"ဒါဆိုရင် ဒီနေ့အတွက် သူတို့ကိုပိုက်ဆံပေးစရာ မလိုတော့ဘူးပေါ့၊ သူတို့ကို အလကား နေ့လယ်စာကျွေးလိုက်ရတာ နှမြောစရာပဲ"

​ကျိုးထောင်ဟွားမျက်လုံးထဲတွင် အေးစက်စက်အရိပ်အယောင်တစ်ခုဖြင့် ပြောလိုက်သည်။

‘ဒီလူတွေကိုကျွေးမယ့်အစား ခွေးတွေကို ကျွေးလိုက်တာကမှ ပိုကောင်းဦးမယ်’

​ရွာလူကြီးသည် မြို့ရိုးစီမံကိန်း၏ တိုးတက်မှုအတွက် စိုးရိမ်နေသော်လည်း ကျိုးထောင်ဟွား၏ဆုံးဖြတ်ချက်ကို ကြားသောအခါ ကျေနပ်မှုတစ်ခုကိုခံစားလိုက်ရသည်။ ​ကျိုးကွမ်းမင် သူတို့ကို ချက်ချင်းမောင်းထုတ်လိုက်၏။

"သွားတော့ သွားတော့ အကုန်လုံးထွက်သွားကြ"

'သူတို့က အလုပ်ကိုသေချာမလုပ်ဘဲ ပြဿနာရှာပြီး သပိတ်မှောက်နေကြတယ်။ ပြီးတော့ နောက်ထပ်တေးနှစ်ဆယ်ထပ်တောင်းဖို့တောင် ကြိုးစားနေကြတာလေ။ သူဖြင့်ဒီလူတွေကို မျက်မုန်းကျိုးနေတာကြာပြီ။ ထောင်ဟွားက တကယ်သတ္တိရှိတာပဲ။ ပြဿနာဖြေရှင်းပြီးသွားရင်တောင် သူမကသူတို့ကို အလုပ်မခန့်တော့ဘူး’

​"ဘာ ငါတို့ကိုမလိုတော့ဘူး ဟုတ်လား"

​"ငါတို့မှားသွားမှန်း သိပါပြီ"

​"ဒီအလုပ်မရှိရင် ငါမြို့ပေါ်မှာအလုပ်ရှာဖို့ တခြားသူတွေနဲ့ ဘယ်လိုလုပ်ယှဉ်ပြိုင်နိုင်မှာလဲ"

​"ဒါတွေအားလုံး ချီအာရဲ့သွေးထိုးလှုံ့ဆော်မှုတွေပဲ၊ သူကငါတို့ သပိတ်မှောက်ရင် တစ်နေ့ကိုပြားငါးဆယ်ရမယ်လို့ ပြောခဲ့တာ"

​ကျိုးကွမ်းမင် သူတို့ပြောသည့်စကားများကို ဂရုမစိုက်ဘဲ အလုပ်သမားတစ်ရာကျော်လုံးကို မောင်းထုတ်ရန် သူ့လူများကို ဦးဆောင်လိုက်သည်။ ​အလုပ်သမားများသည် အလုပ်လက်မဲ့ဖြစ်သွားသလို ကျိုးကွမ်းမင်နှင့် သူ့လူစုကိုရင်ဆိုင်ရန် နည်းလမ်းမရှိတော့၍ သူတို့ဒေါသများကို ချီအာအပေါ် ပုံချကြ၏။ ​အချိန်တိုအတွင်းမှာပင် ချီအာတစ်ယောက် အပြင်းအထန်ရိုက်နှက်ခံလိုက်ရသည်။

​ကျိုးထောင်ဟွား : "အဘိုးလစ်လပ်သွားတဲ့ နေရာတစ်ရာကျော်အတွက် လူတွေ ထပ်ငှားလိုက်လို့ ရပါတယ်၊ အခုကစပြီး ပြဿနာရှာပြီး အလုပ်မလုပ်ချင်တဲ့ ဘယ်သူ့ကိုမဆို သမီးတို့အဲဒီလိုပဲလုပ်မယ်"

​"ကောင်းပြီ"

​ရွာလူကြီးသတိထားမိသည်မှာ ဤကိစ္စဖြစ်ပွားပြီးနောက် အခြားအလုပ်သမားများမှာ ကြောက်ရွံ့သွားကြပြီး ပိုလိမ္မာလာကြခြင်းဖြစ်သည်။ ​မြို့ရိုးဆောက်ခြင်းမှာ ကြီးမားသောစီမံကိန်းတစ်ခုဖြစ်ပြီး အလုပ်သမားများစွာလိုအပ်သဖြင့် စီမံခန့်ခွဲရာတွင် အတော်လေးခက်ခဲလေ၏။ ​သူတို့ကို စံနမူနာအပြစ်ပေးလိုက်ခြင်းမှာ နောင်တွင်ဖြစ်လာနိုင်သော ပြဿနာများကို လျှော့ချပေးလိမ့်မည်။

​…

​ထိုညက ရှန်းမင်မီးပိတ်ပြီး အိပ်ရာဝင်လိုက်သည်။ ​သူ့ဘေးမှ ကျိုးထောင်ဟွား၏တည်ငြိမ်သောအသက်ရှူသံများကို သူကြားနေရသော်လည်း ရှန်းမင်အိပ်မပျော်နိုင်သေးပေ။

​"မင်းဆီမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့လူသတ်ချင်တဲ့ အငွေ့အသက်တွေ အရမ်းများတယ်၊ မင်းအတိတ်ဘဝက မကောင်းတာတွေ အများကြီးလုပ်ခဲ့တာပဲ၊ ဘာလို့ ငါနဲ့လိုက်မလာတာလဲ၊ အဆုံးထိဆိုးသွမ်းပစ်လိုက်ကြတာပေါ့"

​ထန်ရှန်းဟွေ့စကားသံမှာ ရှန်းမင်စိတ်ထဲတွင်ပဲ့တင်ထပ်နေသည်။

​’သူ့ရဲ့ အတိတ်ဘဝ’

​ရှန်းမင်မျက်လုံးကိုမှိတ်ပြီး အိပ်ပျော်သွားသည်။

​"ဝေါင်း"

​နဂါးတစ်ကောင်၏ ဟိန်းဟောက်သံသည် နားကွဲလုမတတ်ကျယ်လောင်လှသည်။ ​နဂါးအမြီးမှာမြစ်ထဲသို့ ခွန်အားမဲ့စွာကျဆင်းသွား၏။ ​ရှန်းမင် သွေးစွန်းနေသောသူ့မျက်နှာကို နဂါးမျက်လုံးသုံးစုံတွင် ရောင်ပြန်ဟပ်နေသည်အား တွေ့လိုက်ရပြီး နောက်ဆုံးတွင် သူတို့အားလုံးမြစ်ထဲသို့ နစ်မြုပ်သွားကြသည်။ ​သူ့မျက်နှာကို ကိုင်ကြည့်လိုက်၏။

‘သူ့မျက်နှာမှာ သွေးတွေပေနေတာလား’

​ရှန်းမင်လန့်နိုးလာပြီး သူ့ဘေးတွင် အေးချမ်းစွာ အိပ်မောကျနေသော ကျိုးထောင်ဟွားထံလှည့်ကြည့်လိုက်သည်။

All Chapters