အခန်း (၁၂၅၁-၁၂၅၂)
Vol. 126 Ch. 1251-1252
အခန်း (၁၂၅၁) - နတ်ဆေးပင် ဟိုတူ
"ကျွန်တော်တို့ ကြယ်မိုးမသေမျိုး ကို ဂါရဝပြုပါတယ် "
ရှီလော့နှင့် ရှီဖုန်းတို့ မြေပြင်တွင် ဒူးထောက်ဦးချလိုက်သည်နှင့် ရှီမျိုးနွယ်စုမှ တပည့်ပေါင်း တစ်သိန်းကျော်လည်း တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။
ထိုနေရာမှ မထွက်ခွာသေးသည့် ဒေသခံ ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကို မြင်သောအခါ ရင်ထဲတွင် တုန်လှုပ်သွားပြီး ခေါင်းကို မြေပြင်တွင် အသေအချာ ဖိကပ်ထားကာ မော့ကြည့်ရန်ပင် မဝံ့ရဲကြတော့ပေ။
ကြောက်စရာကောင်းလှသည်။
မသေမျိုးများပင် ဒူးထောက်ရသည့် ပုဂ္ဂိုလ်မျိုးဆိုသည်မှာ မည်သို့သော သူများနည်း။
သူတို့၏ စိတ်ထဲတွင် ကြယ်မိုးမသေမျိုး ဆိုသည့် ဘွဲ့အမည်ကို မှတ်သားထားလိုက်ကြသည်။
ထိုဘွဲ့အမည်မှာ မသေမျိုးများထဲတွင်မှ အရေးပါသော ပုဂ္ဂိုလ်ကြီးများသာ အသုံးပြုနိုင်ကြောင်း သူတို့ နားလည်ထားသည်။
ကြယ်မိုးမသေမျိုး က သူတို့ကို ထခွင့်မပေးသေးဘဲ ရှီဇီအန်း၏ ရုပ်ခန္ဓာ ပျောက်ကွယ်သွားသည့် နေရာသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။
သူမသည် ရှီဇီအန်း သေဆုံးသွားစဉ်က ကျန်ရစ်ခဲ့သော အငွေ့အသက်များကို ခံစားမိသလို၊ ရှီလော့နှင့် ရှီဖုန်းတို့ မခံစားမိသည့် ထူးခြားသော အငွေ့အသက်အချို့ကိုလည်း ခံစားမိသည်။
"ဆရာမ "
ရှီဇီအန်းက ရုတ်တရက် အော်ဟစ်လိုက်သည်။
နေ့ကင်းလှည့်စစ်သည်က ထိုမြင်ကွင်းကိုမြင်လျှင် ဆဲဆိုကာ သူ့ပါးစပ်ကို ပိတ်ရိုက်ပစ်ရန် ပြင်သော်လည်း ဖန့်ချန်က ပြုံး၍ လက်ကာပြလိုက်သဖြင့် သူ မလုပ်မိတော့ပေ။
" မင်းပြောတာကို မကြားရဘူး လူနဲ့ ဝိညာဉ်က လမ်းကြောင်းချင်း မတူဘူးလေ "
ဖန့်ချန်က အေးဆေးစွာ ပြောသည်။
"လူ့လောက (၉) ခုထဲမှာ တကယ့်ကို ယင်ယန်မျက်စိ ပိုင်ဆိုင်သူဆိုတာ ဘယ်နှစ်ယောက်လောက် ရှိလို့လဲ "
ရှီဇီအန်း၏ မျက်နှာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားသည်။
ကြယ်မိုးမသေမျိုး က တကယ်ပင် ဘာမှ မသိရှိကြောင်း မြင်သောအခါမှသာ ပါးစပ်ကို ပိတ်လိုက်သည်။
"ဂိုဏ်းချုပ် အလွန်ပြင်းထန်တဲ့ ဓားစွမ်းအင် အငွေ့အသက်တွေ ရှိနေတယ် "
ကြယ်မိုးမသေမျိုး ခေါ်လာသည့် အဆင့် (၄) မသေမျိုးသည် ကောင်းကင်စစ်မြေပြင်တွင် စူးစမ်းနေပြီးနောက် သူမဘေးသို့ လာရောက် အစီရင်ခံသည်။
"ကျွန်တော် ထင်တာကတော့ ရှီမိတ်ဆွေဟာ ဝိုင်းဝန်းတိုက်ခိုက်ခံရပြီး သေဆုံးသွားတာ ဖြစ်မယ် အဲဒီထဲမှာ ဓားကျင့်ကြံသူ ရဲ့ မသေမျိုးအရှိန်ဝါတွေ ပါနေတယ် "
"ဟုတ်လား "
ကြယ်မိုးမသေမျိုး က ခေါင်းညိတ်ပြီး ရှီလော့တို့ကို ကြည့်ကာ
"မင်းတို့ ပြောပြစမ်း၊ အဲဒီတုန်းက ဘာတွေ ဖြစ်ခဲ့တာလဲလ"
ရှီလော့က ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို အသေးစိတ် ပြန်လည် အစီရင်ခံသည်။
ရှီဇီအန်း သေဆုံးခင်က ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်ခဲ့သော ကြောက်မက်ဖွယ် ဓားဒဏ်ရာအကြောင်းကိုလည်း ထည့်ပြောသည်။
"ဓားကျင့်ကြံသူဆိုတာ မပြည့်စုံတဲ့ မသေမျိုးတွေပဲ၊ ဒါမှမဟုတ် အဆင့် (၄) မသေမျိုးတစ်ယောက်က ဓားကျင့်စဉ်နည်းလမ်း အနည်းငယ်ကို သိထားပြီး ရှီမိတ်ဆွေ ကို သတ်ဖြတ်လိုက်တာ ဖြစ်နိုင်တယ် "
ထိုအဆင့် (၄) မသေမျိုးက တိုးတိုးလေး ပြောသည်။
"သူတို့က ရှီမိတ်ဆွေကို ဒီနေရာမှာပဲ ပိတ်လှောင်သတ်ဖြတ်ချင်တာဆိုတော့ တစ်ယောက်တည်းနဲ့ မရနိုင်ဘူး တိုက်ခိုက်သူမှာ အဆင့် (၄) မသေမျိုး အနည်းဆုံး နှစ်ယောက် ရှိရမယ် "
ကြယ်မိုးမသေမျိုး က တည်ငြိမ်စွာ ပြောသည်
"မု မိတ်ဆွေ ထပ်ပြီး သေချာ ခံစားကြည့်ဦး တခြား အငွေ့အသက်တွေရော ရှိသေးလား "
ထိုအဆင့် (၄) မသေမျိုးမှာ ခဏတာ ကြောင်သွားပြီးနောက် ကောင်းကင်စစ်မြေပြင်သို့ ပြန်သွားကာ ငြိမ်သက်စွာ ခံစားကြည့်သည်။
အတော်ကြာမှ သူ၏ အရိပ်အယောင်မှာ အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန်ပင် ကြယ်မိုးမသေမျိုး ဘေးသို့ ပြန်ရောက်လာကာ လက်အုပ်ချီ၍
"အသားနဲ့ အသွေး မသေမျိုး ရဲ့ အငွေ့အသက် တစ်ခု ရှိနေပါတယ် "
"ကောင်းပြီ၊ အရမ်း အားနည်းနေပေမဲ့ တကယ်ရှိနေတာပဲ ငါတို့ ရောက်လာတာ စောလို့ပေါ့၊ နောက်ထပ် နှစ်ရက်လောက် နောက်ကျရင် ဒီအငွေ့အသက်လည်း ပျောက်ကွယ်သွားမှာပဲ"
ကြယ်မိုးမသေမျိုး က ပြုံး၍ ဆိုသည်
"ကြည့်ရတာ တစ်ယောက်ယောက်က ငါတို့နဲ့ တကယ်ပဲ စစ်ခင်းချင်နေတာပဲ "
"အသားနဲ့ အသွေး ရှိတဲ့ မသေမျိုး... လောကမှာ ဒီလိုမျိုးက သိပ်မရှိဘူး ဂိုဏ်းချုပ်က ဘယ်သူ ဖြစ်မယ်လို့ ထင်လဲ "
"မင်း ခုနက ခန့်မှန်းတာ မှန်တယ်၊ တိုက်ခိုက်သူမှာ အနည်းဆုံး နှစ်ယောက် ရှိတယ် တစ်ယောက်က အဆင့် (၄) သို့မဟုတ် (၃) ဖြစ်မယ်၊ သူက ငါ့ကို လှည့်စားဖို့အတွက်ပဲ နောက်တစ်ယောက်ကတော့ မင်း မှားသွားပြီ၊ သူက အဆင့် (၄) မဟုတ်ဘူး၊ အဆင့် (၅) မသေမျိုးပဲ "
ကြယ်မိုးမသေမျိုး က ပြောသည်။
ရှီဇီအန်းမှာ နားမလည်တော့ပေ။
ထို မု မိတ်ဆွေ လည်း နားမလည် ဖြစ်သွားသည်။
အဆင့် (၅) မသေမျိုး
"ငါ့ကို သတ်တဲ့သူတွေထဲမှာ အဆင့် (၅) မသေမျိုး ပါနေတာလား "
ရှီဇီအန်းမှာ ဖန့်ချန်ဘက်သို့ အလိုလို ကြည့်မိလိုက်ပြီး မဟာမြေမသေမျိုး လည်း အဆင့် (၅) မသေမျိုး ဖြစ်ကြောင်း သတိရကာ ထိတ်လန့်သွားသည်။
အသားနှင့် အသွေး ရှိတဲ့ မသေမျိုး အငွေ့အသက်
ဒါက အဓိက အချက်ပဲ။
ဒီအငွေ့အသက်ကြောင့်ပဲ ကြယ်မိုးမသေမျိုး က ဒီလို ခန့်မှန်းသွားတာ ဖြစ်သည်။
သူ အသေအချာကို အတည်ပြုနိုင်လိုက်ပြီ၊ မဟာမြေ မသေမျိုး သည် အသားနှင့် အသွေး ရှိသော ဘမသေမျိုး လမ်စဥ် ကို ကျင့်သုံးသူ ဖြစ်သည်။
"မဟာမြေမသေမျိုးက အသားနဲ့ အသွေး ရှိတဲ့ မသေမျိုး လမ်းစဥ် ကို လျှောက်နေတာ ဒီအကြောင်းကို သိတဲ့သူ သိပ်မရှိပေမဲ့ ငါကတော့ သိနေတယ် "
ကြယ်မ်ုးမသေမျိုး က ပြုံးလျက်
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူ့ရဲ့ ဆွေမျိုးဝေးတစ်ယောက် ငါတို့နဲ့ ရန်ငြိုးဖြစ်ခဲ့တော့၊ ငါက ငွေအမြောက်အမြား ပေးပြီး နတ်ရိုသေနန်းတော် ကနေ ဒီသတင်းကို ဝယ်ခဲ့တာ ပြီးတော့ မကြာခင်ကပဲ သူ ဖန်းတီးရှင်ဂြိုလ် ပေါ်ကို စေလွှတ်လိုက်တဲ့ စုန့်ကျိလီ က ယွီထင်ကျဲ ကို မလေးမစား လုပ်လို့ အသတ်ခံလိုက်ရတယ် ပြီးမှ ငါ့တပည့် ရှီဇီအန်းကလည်း ဘိုးဘေးပူဇော်ချိန်မှာ အသတ်ခံလိုက်ရတာပဲ "
"မု မိတ်ဆွေ ဒီကိစ္စကို ငါတို့ ဘယ်လို ဖြေရှင်းသင့်တယ်လို့ မင်း ထင်လဲ "
ထိုအဆင့် (၄) မသေမျိုးမှာ ကြောက်ရွံ့သလို အလွန်လည်း ဒေါသထွက်သွားသည်။
တကယ်ပဲ နတ်မင်းနန်းတော် ကို လူသိရှင်ကြား စိန်ခေါ်ဝံ့တဲ့သူ ရှိနေတာလား။
တစ်ဖက်လူက အဆင့် (၅) ဖြစ်နေရင်ရော ဘာဖြစ်လဲ၊ ဝိညာဉ်နတ်ဘုရားဂိုဏ်း က ကျင့်ကြံသူ ဖြစ်နေရင်ရော ဘာဖြစ်လဲ
"ဂိုဏ်းချုပ် အမိန့်အတိုင်းပါပဲ၊ သူတို့နဲ့ သွေးထွက်သံယို ဖြစ်ရမှာဆိုရင်လည်း ကျွန်တော် ဘယ်တော့မှ နောက်မဆုတ်ပါဘူး "
ထိုအဆင့် (၄) မသေမျိုးက လက်အုပ်ချီ၍ ကတိပေးသည်။
"ဒါဆိုရင်လည်း သတ်လိုက်ကြစို့ နတ်မင်းနန်းတော်က ဒီလိုမျိုး ခက်ခဲတဲ့ စစ်ပွဲမျိုး မတိုက်ခိုက်ရတာ ကြာပြီ ငါတို့က ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ပစ်မှတ်မထားဘူး မဟာမြေမသေမျိုး တစ်ယောက်တည်းကိုပဲ ပစ်မှတ်ထားမယ်၊ ဒါကို မှတ်ထား "
...
...
ကြယ်မိုးမသေမျိုး တို့ ထွက်ခွာသွားကြပြီးနောက် ရှီလော့တို့လည်း မျိုးနွယ်စုနယ်မြေမှ ထွက်ခွာရန် ပြင်ဆင်နေကြသည်။
ရှီဇီအန်းမှာ အစအဆုံး ကြည့်နေခဲ့ပြီး ကြယ်မိုးမသေမျိုး တို့ လမ်းကြောင်းမှားသို့ ရောက်သွားသည်ကို မြင်လိုက်ရသည်။
ဒီအမှုရဲ့ တရားခံက သူ့ဘေးမှာ ရပ်နေတာကို ကြယ်မိုးမသေမျိုးလကတော့ မဟာမြေမသေမျိုးကို သွားပြီး လက်စားချေတော့မှာ။
အဆင့် (၅) နှစ်ယောက် တိုက်ခိုက်ကြပြီဆိုရင်တော့ တစ်ဖက်က အချိန်တိုအတွင်း အနိုင်ယူနိုင်ရင်တော့ တစ်မျိုး၊ မဟုတ်ရင်တော့ နှစ်ရာ၊ ထောင်ချီကြာမယ့် စစ်ပွဲမျိုး ဖြစ်လာလိမ့်မယ်။
မဟာမြေမသေမျိုး က ရိုးရှင်းတဲ့သူ မဟုတ်ဘူး။
နတ်မင်းနန်းတော် က သူ့ကို တိုက်ခိုက်ရင် အချိန်တိုအတွင်း ပြီးဆုံးဖို့ မဖြစ်နိုင်သလို၊ စစ်ပွဲက ကြာရှည်သွားမှာ ဖြစ်တယ်။
ကြာရှည်တဲ့ စစ်ပွဲမှာ မဟာမြေမသေမျိုး ကိုသာမက နတ်မင်းနန်းတော် ကိုပါ အထိနာစေမှာ ဖြစ်တယ်။
စစ်ပွဲက ပြီးဆုံးသွားတဲ့အချိန်မှာ နှစ်ဖက်လုံးက ဆုံးရှုံးမှုတွေက တွက်ချက်လို့ မရနိုင်အောင် များပြားနေမှာပါ။
ဒါပေမဲ့ သူက ဝိညာဉ်ဘဝကို ရောက်နေတော့ တကယ့်အမှန်တရားကို မပြောပြနိုင်ဘဲ နတ်မင်းနန်းတော် လမ်းမှားရောက်သွားတာကို ငေးကြည့်နေရုံပဲ တတ်နိုင်တော့သည်။
"ကောင်းတဲ့ အကွက်ပဲ၊ မင်း ဘာလို့ ဒီလိုလုပ်တာလဲ ငါတို့ နတ်မင်းနန်းတော် နဲ့ မင်းနဲ့ ဘာမှ ရန်ငြိုးမရှိဘူးလေ ကျိုးရှန်တောင် က လူတွေကြောင့်လား မင်းက တကယ်ကို ရက်စက်လွန်းတယ် "
ရှီဇီအန်းက ဖန့်ချန်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
"မင်း သေသွားပြီလေ၊ လူ့လောက အကြောင်းတွေက မင်းနဲ့ ဘာဆိုင်တော့လို့လဲ အဆင့် (၄) နတ်ဆေးပင်ကို ပေးရင် မင်းရဲ့ နှစ်ပေါင်းတစ်ရာ ဒုက္ခကို လျှော့ပေးမယ်၊ စဉ်းစားပြီးပြီလား "
ဖန့်ချန်က အေးဆေးစွာ ပြောသည်။
ရှီဇီအန်းက ခေါင်းညိတ်ပြီး အမျက်ဒေါသကို ဖိနှိပ်ကာ
"စဉ်းစားပြီးပြီ၊ နတ်ဆေးပင်ကို ပေးမယ်၊ ဒါပေမဲ့ ငါ့ကို ယင်လောကမှာ သက်သောင့်သက်သာ နေခွင့်ပေးရမယ် "
"သေချာပေါက်ပေါ့ "
"မင်းကို ဘယ်လို ယုံရမှာလဲ "
"မင်းမှာ ရွေးချယ်စရာ မရှိဘူး "
ရှီဇီအန်းမှာ ရွေးချယ်စရာ မရှိတာ အမှန်ပင်။
အဆင့် (၄) နတ်ဆေးပင် သိမ်းထားသည့်နေရာကို သူ ဘယ်သူ့ကိုမှ မပြောပြခဲ့ပေ။
ထို့ကြောင့် သူသည် ထိုဆေးပင်ကို အသုံးချ၍ မိမိအတွက် အကျိုးအမြတ်တစ်ခုခုကို ရယူရန်သာ ကြိုးစားရတော့မည်။
ရှီဇီအန်းက နေရာကို ပြောပြပြီးနောက် တုယွန်းရွှီ က အတည်ပြုရန် ကိုယ်တိုင် သွားရောက်ခဲ့သည်။
"စိတ်ချပါ၊ ဒါက ကမ္ဘာမြေမသေမျိုးလမ်းစဥ် က နတ်ဆေးပင် ဟိုတူ ပဲ အစစ်ဟုတ်မဟုတ်ကိုတော့ အဆင့် (၃) မသေမျိုး တစ်ယောက်ယောက်ကို သောက်ခိုင်းကြည့်ရင် သိလိမ့်မယ် "
ရှီဇီအန်းက အေးဆေးစွာ ပြောသည်။
ဖန့်ချန်က သူ့ကို ဂရုမစိုက်ပေ။
အတော်ကြာသော် တုယွန်းရွှီ ပြန်ရောက်လာသည်။
"နတ်ဆေးပင်က သူပြောတဲ့အတိုင်းပဲ၊ ဒါပေမဲ့ တကယ့် နတ်ဆေးပင် ဟုတ်မဟုတ်တော့ ကျွန်တော် အတည်မပြုနိုင်ဘူး "
"သူပြောတဲ့အတိုင်းပဲ၊ အဆင့် (၃) မသေမျိုးတစ်ယောက် သောက်ခိုင်းရင် သိလိမ့်မယ် ငါတို့လည်း သွားဖို့ အချိန်တန်ပြီ "
ဖန့်ချန်က ပြုံး၍ ပြောသည်။
...
...
ဝမ်ချွမ်းမြစ် ရှေ့တွင် ရှီဇီအန်းက မယုံနိုင်စွာဖြင့် ဖန့်ချန်ကို ကြည့်လိုက်သည်။
"မင်းလို အဆင့်အတန်းရှိတဲ့သူက ကတိကိုဖျက်ရဲတယ်ပေါ့ "
"မင်းရဲ့ နှစ်ပေါင်းတစ်ရာကို လျှော့ပေးတယ်လို့ ပြောတာ၊ နှစ်ပေါင်းတစ်ထောင်ကို လျှော့ပေးမယ်လို့ မပြောခဲ့ဘူး မင်း ဝမ်ချွမ်းမြစ်ထဲမှာ နှစ်ကိုးရာလောက်ပဲ နေပြီးရင် အေးအေးဆေးဆေး ပြန်ထွက်လာလို့ ရပြီ "
ဖန့်ချန်က ပြုံး၍ ပြောသည်။
တုယွန်းရွှီက ဆဲဆိုရန် ပြင်နေသော ရှီဇီအန်းကို ဆွဲကိုင်ကာ ဝမ်ချွမ်းမြစ်ထဲသို့ တိုက်ရိုက် ပစ်ချလိုက်သည်။
မြစ်ထဲတွင် မြွေများနှင့် ပိုးမွှားများ အများအပြား ပေါ်လာပြီး ရှီဇီအန်းနှင့်အတူ ဖြည်းဖြည်းချင်း နစ်မြုပ်သွားသည်။
"ရှီဇီအန်းကို ပစ်ချလိုက်ပြီလား "
ရှကျီ သည် အဝေးမှ လျှောက်လာပြီး ဝမ်ချွမ်းမြစ်ကို ကြည့်ကာ ဝမ်းသာအားရ ပြောသည်။
"သတင်းနှစ်ခု ရှိတယ်၊ အထက်နယ်မြေ (၃) ခုရဲ့ ဖိတ်စာတွေ ရလာပြီ ဟွမ်ချင်းကျွဲ လွတ်မြောက်လာပြီး ရှဲ့ကျစ် အဖွဲ့ဝင်တွေကို အစည်းအဝေး ခေါ်နေတယ် သူက သူ့ရဲ့ သတင်းလမ်းကြောင်း မလုံခြုံဘူးလို့ ထင်လို့ ငါတို့ရဲ့ လျှို့ဝှက်စောင့်ရှောက်ရေးဌာနကို အကူအညီတောင်းပြီး သတင်းပို့ခိုင်းနေတယ် "
အခန်း (၁၂၅၂) - နန်ချင် ကြယ်တာရာအစုအဝေး
"အထက်နယ်မြေ (၃) ခုထဲမှာ ဖိတ်စာထုတ်ပေးနိုင်တဲ့ အင်အားစုတွေဆိုတာ သိပ်မရှိဘူး အထွေထွေ အင်အားစုတွေမှာ ဒီအရည်အချင်း မရှိကြဘူး ဘာလို့လဲဆိုတော့ ကောင်းကင်နယ်မြေ တံခါး ကို လူနည်းစုပဲ ပိုင်ဆိုင်ထားလို့လေ "
"ဒါပေမဲ့ ဖိတ်စာဆိုတာက ပစ်မှတ်ထားပြီး ထုတ်ပေးတာမျိုး ဖြစ်တယ် သာမန် ကျင့်ကြံသူတွေက ရခဲ့ရင်တောင် သုံးဖို့ သေချာချင်မှ သေချာလိမ့်မယ် "
"ကြားရသလောက်တော့ အထက်နယ်မြေ (၃) ခုရဲ့ အရင်းအမြစ်တွေက အောက်နယ်မြေ (၆) ခုထက် သာလွန်ပေမဲ့ ယှဉ်ပြိုင်မှု ပြင်းထန်လွန်းတာက အောက်နယ်မြေတွေနဲ့ မနှိုင်းယှဉ်နိုင်ဘူး ကောင်းကင်နယ်မြေ တံခါးကို ပိုင်ဆိုင်ထားတဲ့ အင်အားစုတွေတောင် တစ်ညတည်းနဲ့ ပြာကျသွားနိုင်တဲ့ အခြေအနေမျိုး ရှိတယ် "
"ငါတို့ဌာနက ရရှိထားတဲ့ သတင်းအရ အထက်နယ်မြေ (၃) ခုကို အဝင်အထွက်လုပ်ဖို့ အခြေအနေတွေက အရမ်းကို တင်းကျပ်တယ် တကယ်လို့ အထက်နယ်မြေ (၃) ခုကို ဝင်ဖို့ ရွေးချယ်လိုက်ပြီဆိုရင်၊ ထူးခြားတဲ့ အခြေအနေမျိုး မဟုတ်ရင် တစ်သက်လုံး အောက်နယ်မြေ (၆) ခုကို ပြန်လာနိုင်တော့မှာ မဟုတ်ဘူး "
ရှကျီက ပြောသည်
"ဒီတစ်ခါ နန်ချင် ကြယ်တာရာအစုအဝေး မှာ မသေမျိုးတို့ ရဲ့ ဆွေးနွေးပွဲ တစ်ခု စတင်တော့မယ် ဖိတ်စာတွေ ရောင်းချမယ်ဆိုတဲ့ သတင်း ထွက်လာတယ် တစ်ချိန်တည်းမှာပဲ ဒီဆွေးနွေးပွဲမှာ နတ်ဆေးပင်တွေ ရောင်းချဖို့ ထုတ်လာမယ့်သူတွေ ရှိနိုင်တယ်လို့လည်း ကြားရတယ် "
"နန်ချင် ကြယ်တာရာအစုအဝေး "
ဖန့်ချန်၏ မျက်နှာမှာ အနည်းငယ် လှုပ်ရှားသွားသည်။
ရှေးဟောင်း နယ်မြေထဲတွင် ကြယ်တာရာအစုအဝေး ဟု ခေါ်ဆိုနိုင်သော ဒေသမှာ ရှေးခေတ်ကာလက ၇၉ ခုရှိခဲ့သော်လည်း ယနေ့ခေတ်တွင် ၁၃ ခုသာ ကျန်ရှိတော့သည်။
ကြယ်တာရာအစုအဝေး ဒေသများသည် အလွန်ထူးခြားသည်။
နတ်ဘုရားအတတ်ပညာများမှာ အလွန်တိုးတက်ထွန်းကားပြီး သာမန်လူတို့ စိတ်ကူးယဉ်နိုင်သည်ထက် ကျော်လွန်နေသည်။
အလွန် ရှေးကျသော နတ်ဘုရားအကြွင်းအကျန်များသာမက ရှေးဟောင်း အမွေအနှစ်များလည်း အများအပြား ရှိသည်။
ထိုကြယ်တာရာအစုအဝေး ဒေသများတွင် တာအို ရှိပါက နတ်သားရဲသုံးကောင် ကို ကိုးကွယ်ကြပြီး၊ အချို့သော သူများသည် ကောင်းကင်ဘုံ ရွံရှာသော အတတ်ပညာ ကို ပိုင်ဆိုင်ထားကြသည်။
၎င်းအပြင် ရှေးဟောင်း ကျမ်းစာများနှင့် ဒဏ္ဍာရီများထဲတွင်သာ ရှိသော ကြောက်မက်ဖွယ် သားရဲများနှင့် ထူးခြားသော သားရဲများကို ထိုကြယ်တာရာအစုအဝေး ဒေသများတွင် ရံဖန်ရံခါ တွေ့မြင်နိုင်သည်။
ယင်လောကငယ်တွင် လူ့လောက၏ နေရာအသီးသီးနှင့် ကိုက်ညီသော ယင်မြို့တော်များ အမြောက်အမြား ရှိသော်လည်း၊ အထက်နယ်မြေ (၃) ခုတွင်မူ မရှိပေ။
အောက်နယ်မြေ (၆) ခုတွင်ပင် ၎င်းတို့၏ လက်လှမ်းမမီနိုင်သော နေရာများစွာ ရှိနေပြီး ကြယ်တာရာအစုအဝေး (၁၃) ခုမှာလည်း ထိုအထဲတွင် ပါဝင်သည်။
လျှို့ဝှက်စောင့်ရှောက်ရေးဌာနက ဒီတစ်ခါ ရရှိလာသော သတင်းမှာ အခြားသူများထံမှ ဖြစ်သည်။
ကျင့်ကြံသူအချို့သည် ဖိတ်ကြားချက်ကို ရရှိပြီး နန်ချင် ကြယ်တာရာအစုအဝေးသို့ သွားရောက်ရန် ပြင်ဆင်နေချိန်တွင် သတင်းပေါက်ကြားပြီး လျှို့ဝှက်စောင့်ရှောက်ရေးဌာနက သိရှိသွားခြင်း ဖြစ်သည်။
" ဖိတ်စာရဲ့ တန်ဖိုးကို ငါတို့ လက်ရှိမှာ ခန့်မှန်းလို့ မရသေးဘူး တကယ်လို့ မင်း နန်ချင် ကြယ်တာရာအစုအဝေးကို သွားမယ်ဆိုရင်တော့ မသေမျိုးကျောက်တုံး လုံလုံလောက်လောက် ပါသွားမှ ဖြစ်မယ်၊ မဟုတ်ရင်တော့ အလကားသွားသလိုဖြစ်သွားလိမ့်မယ် "
ရှကျီက သတိပေးသည်။
ဖန့်ချန်၏ လက်ရှိ မသေမျိုးကျောက်တုံး အဓိကအရင်းအမြစ်မှာ ဖန်တီးရှင်ဂြိုလ် ဖြစ်သည်။
ယွီထင်ကျဲ သည် နတ်မင်းနန်းတော် အတွက် ထိုနေရာတွင် စောင့်ကြပ်နေသည့် နေရာဖြစ်သည်။
ကျိုးရှန်းတောင် ပျက်စီးသွားပြီးနောက် ချောင်ဖုန်း ဒေသရှိ အင်အားစုများမှာ ပြန်လည် အသစ်ပြန်ဖြစ်သွားသလို၊ လုံယွမ် ၊ စစ်ဝေ ၊ မင်ဟူ တို့သည်လည်း ဝိညာဉ်နတ်ဘုရားဂိုဏ်း အရေးနိမ့်သွားသောကြောင့် အင်အားစုများကို ပြန်လည် ခွဲဝေလိုက်ကြသည်။
ယင်စိန့်ဂိုဏ်း ၏ တစ်နှစ်တာ ရရှိနိုင်သော မသေမျိုးကျောက်တုံး ဝေစုမှာလည်း ထို့ကြောင့် အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
ယင်စိန့်ဂိုဏ်း၏ အသုံးစရိတ်များနှင့် ယွီထင်ကျဲ ၏ ကျင့်ကြံမှုအတွက် လိုအပ်ချက်များကို နုတ်ပြီးပါက တစ်နှစ်လျှင် မသေမျိုးကျောက်တုံး ၃၀ ခန့် ပိုလျှံသည်။
ထိုမသေမျိုးကျောက်တုံး ၃၀ ခန့် ပိုလျှံသည်ကို အထင်မသေးပါနှင့်။
ရွှင်အဘိုးအိုကဲ့သို့သော အဆင့် (၂) မသေမျိုးများမှာ မသေမျိုးကျောက်တုံး အတွင်းမှ စွမ်းအားကို အစွမ်းကုန် စုပ်ယူပါက တစ်နှစ်လျှင် တစ်လုံးသာ ကုန်ဆုံးနိုင်သည်။
ထိုပိုလျှံသော မသေမျိုးကျောက်တုံး များထဲမှ တစ်စိတ်တစ်ပိုင်းကို ရွှင်အဘိုးအိုအား ပေးပြီး၊ တစ်စိတ်တစ်ပိုင်းကို နဂါးအိုကြီး အား ပေးကာ၊ ကျန်ရှိသည်များကို ဖန့်ချန်ဘက်သို့ ပို့ထားသည်။
ဆယ်စုနှစ်များစွာ ကြာလာသောအခါ ဖန့်ချန်သည် မသေမျိုးကျောက်တုံး ၁၅၀၀ ခန့်ကို ပိုင်ဆိုင်ထားပြီး၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများမှာမူ အနည်းငယ်သာ ကျန်ရှိတော့သည်။
ရှကျီက ဖန့်ချန်ကို သတိပေးရခြင်းမှာ ဖန်တီးရှင်ဂြိုလ်က ဖန့်ချန်ကို မသေမျိုးကျောက်တုံး ဘယ်လောက် ပေးနိုင်သလဲဆိုတာ သူ မသိသောကြောင့် ဖြစ်သည်။
သူ၏ လက်အောက်ရှိ လျှို့ဝှက်စောင့်ရှောက်ရေးဌာနမှာ နှစ်များစွာအတွင်း အင်အားစုအသီးသီးနှင့် စီးပွားရေး လုပ်ကိုင်ခဲ့ပြီး၊ အဓိက ဖောက်သည်မှာ ဝိညာဉ်သုတ်ရေးဌာန ဖြစ်သည်။
မည်သို့ပင် ဖြစ်စေကာမူ၊ ပုံမှန်အားဖြင့် ရှာဖွေရရှိသော ငွေများမှာ အလယ်လတ် နှင့် အနိမ့်စား ဝိညာဉ်ကျောက်တုံးများသာ ဖြစ်ပြီး၊ တစ်ခါတစ်ရံမှသာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ ဖြစ်သည်။
မသေမျိုးကျောက်တုံး နှင့် ပတ်သက်၍ဆိုလျှင် နှစ်ပေါင်းများစွာအတွင်း တစ်လုံးမျှ မရရှိခဲ့ပေ။
ဘာလို့လဲဆိုတော့ လျှို့ဝှက်စောင့်ရှောက်ရေးဌာနမှ ရောင်းချသော သတင်းအားလုံးကို ပေါင်းလိုက်ရင်တောင် မသေမျိုးကျောက်တုံး တစ်တုံးတန်ဖိုး မရှိသောကြောင့် ဖြစ်သည်။
ထိုဝိညာဉ်ကျောက်တုံးများကို ရှာဖွေရာတွင်လည်း နောက်ကွယ်တွင် ကုန်ကျစရိတ်များ ရှိနေသည်။
ဝိညာဉ်များဖြစ်စေ၊ ယင်လောကသို့ ဆင်းလာသူများဖြစ်စေ လစာပေးရသည်။
ထိုအထဲတွင် ယင်သက်တမ်းဒဂ်ါး များစွာ ကုန်ဆုံးသွားသည်။
ယင်သက်တမ်းဒဂ်ါး ကို ဝိညာဉ်ကျောက်တုံးနှင့် လဲလှယ်ခြင်း ဖြစ်သည်။
တကယ်တမ်း စာရင်းတွက်ကြည့်လျှင် လျှို့ဝှက်စောင့်ရှောက်ရေးဌာနမှာ အမြတ် မရသေးဘဲ အရှုံးပေါ်နေနိုင်သေးသည်။
သို့သော် ရှကျီတွင် ယုံကြည်ချက် ရှိသည်။
လျှို့ဝှက်စောင့်ရှောက်ရေးဌာနသာ တိုးတက်လာလျှင် စီးပွားရေးမှာ ပိုကောင်းလာမည် ဖြစ်ပြီး တစ်နေ့နေ့တွင် မသေမျိုးကျောက်တုံးများ ဝင်လာလိမ့်မည်။
ပြီးတော့ သူ အလွန်ကောင်းကောင်း သိထားသည်မှာ လျှို့ဝှက်စောင့်ရှောက်ရေးဌာန တည်ရှိရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အမြတ်ရဖို့ မဟုတ်ဘဲ ဗျူဟာမြောက်ရန် ဖြစ်သည်။
ငွေထည့်ပြီး လုပ်ရလျှင်တောင်မှ ဆက်လက်၍ ကြီးထွားနေရမည် ဖြစ်သည်။
"မသေမျိုးကျောက်တုံး နဲ့ ပတ်သက်ရင်တော့ ပြဿနာ မရှိပါဘူး "
ဖန့်ချန်က ပြောသည်။
"ချင်ကျွဲ မိတ်ဆွေက ဘယ်နေရာမှာ အစည်းအဝေး ခေါ်ဖို့ ပြင်ထားတာလဲ ဖူထူလောက လား "
"ဒီတစ်ခါတော့ သူ ဖူထူလောကမှာ အစည်းအဝေး မခေါ်တော့ဘူး နန်ချင် ကြယ်တာရာအစုအဝေးမှာပဲ ခေါ်ဖို့ ရည်ရွယ်ထားတယ် ဒါကြောင့် တိုက်ဆိုင်သွားတာပေါ့ တကယ်လို့ မင်း သွားဖို့ ရည်ရွယ်ထားရင် ဒီကိစ္စနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းလို့ ရတယ် "
ရှကျီက ပြုံး၍ ဆိုသည်။
"ငါ စဉ်းစားကြည့်တာတော့ သူ ဒီလိုမျိုး စီစဉ်ရခြင်းက နန်ချင် ကြယ်တာရာအစုအဝေးရဲ့ ထူးခြားမှုကြောင့်ပဲ ဖြစ်မယ်"
"အဲဒီဘက်မှာ ယင်လောကလမ်း ကို ဖွင့်လို့မရဘူး သာမန်လူတွေက ယင်လောကထဲကို ဝင်လို့မရဘူး ဒါကြောင့် ဘယ်သူကပဲ ဖူထူလောကကို အသုံးချပြီး ဘာတွေပဲ ကြံစည်နေပါစေ၊ သတင်းက နန်ချင် ကြယ်တာရာအစုအဝေးဆီကို ချက်ချင်း ရောက်လာမှာ မဟုတ်ဘူး"
"ဒါဟာ တစ်ခါအကိုက်ခံရရင် ဆယ်နှစ်လောက်အထိ ကြိုးကို ကြောက်နေရတဲ့ အခြေအနေမျိုးပဲ "
"ဒီဘက်နဲ့ ပတ်သက်ပြီးတော့ မင်း နည်းနည်းလောက် အချိန်ပေးပြီး စူးစမ်းကြည့်ဦး နန်ချင် ကြယ်တာရာအစုအဝေးမှာ ဘာတွေ ဖြစ်ခဲ့ဖူးလဲ၊ ဘာလို့ ယင်လောကလမ်းကို ဖွင့်လို့မရတာလဲဆိုတာ ကြည့်ပေါ့ "
ဖန့်ချန်က ပြောသည်။
ခဏရပ်ပြီးနောက်
"ဒီဆွေးနွေးပွဲက ဘယ်တော့ စမှာလဲ "
"ဒီဆွေးနွေးပွဲက အတော်လေး အရေးကြီးတာမို့ ပြင်ဆင်ချိန် ကြာတယ် အင်အားစုအသီးသီးက ကျင့်ကြံသူတွေ နန်ချင် ကြယ်တာရာအစုအဝေးဆီ သွားရောက်ဖို့ အချိန် လိုအပ်လို့ပဲ အချိန်ကို နှစ် ၃၀ လို့ သတ်မှတ်ထားတယ် ဟွမ်ချင်းကျွဲ သတ်မှတ်ထားတဲ့ အချိန်ကတော့ နှစ် ၂၀ ပဲ "
ရှကျီက ပြောသည်။
တစ်ခုက နှစ် ၃၀၊ တစ်ခုက နှစ် ၂၀။
နောက်တစ်ခုက လုပ်တဲ့ အစည်းအဝေးကို မှီမမှီ ဆိုတာကတော့ သိပ်အရေးမကြီးလှပေ။
ရှေ့က ပေးထားတဲ့ အချိန်ကလည်း သိပ်ပြီး အရေးတကြီး မဟုတ်သေးပါ။
သူက ယင်လောကငယ် ကို အသုံးပြုပြီး နန်ချင် ကြယ်တာရာအစုအဝေး အနီးအနားကို ရောက်အောင် သွားပြီးမှ ခရီးစတင်နိုင်သဖြင့် အချိန် ၉၉ ရာခိုင်နှုန်းကို ချွေတာနိုင်မည် ဖြစ်သည်။
"သတိပြုရမယ့် အချက်နှစ်ချက်ပဲ ရှိတယ် နန်ချင် ကြယ်တာရာအစုအဝေးမှာ ယင်လောကထဲကို ဝင်လို့မရဘူး၊ ငါ့ရဲ့ အားသာချက်ကို အသုံးချလို့ မရဘူးဝိညာဉ်က ယင်လောကကို မဖြတ်သန်းရရင် ထူးခြားတဲ့ စွမ်းအား ဘာမှ မရှိဘူး ဒါကြောင့် ထိပ်တန်း ကျင့်ကြံသူ တစ်ယောက်ယောက်ကို ခေါ်သွားရမယ်ဒုတိယအချက်ကတော့... ကံတရားအပေါ်မှာပဲ မူတည်တယ် "
ဖန့်ချန်က စိတ်ထဲတွင် လျှို့ဝှက်စွာ စဉ်းစားနေသည်။
ဒုတိယအချက်မှာ သူ ယခုလက်ရှိ ရင်ဆိုင်နေရသော ကပ်ဘေးဆိုး (၃) ခုမြောက် ဖြစ်သည်။
သူသည် ယခု ပေါင်းစပ်ခြင်း အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ တတိယမြောက် ကပ်ဘေးဆိုးမှာ ပေါင်းစပ်ခြင်း အဆင့်တွင် ကြုံတွေ့ရမည် ဖြစ်သည်။
သို့သော် မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို မည်သူမျှ ခန့်မှန်း၍ မရနိုင်ပေ။
ဖူထူလောက၊ ရော်ထျန်းမြို့တော်
နတ်မင်းနန်းတော် ၏ အကြီးအကဲများမှာ ယနေ့တွင် ထိုနေရာ၌ စုဝေးနေကြသည်။
ကြယ်မိုးမသေမျိုး ကို ဦးဆောင်သူအဖြစ်ထားပြီး အားလုံးသည် ဧရာမ စားပွဲဝိုင်းကြီးတစ်ခုကို ဝိုင်းဖွဲ့ ထိုင်နေကြသည်။
နတ်မင်းနန်းတော် တွင် ယခင်က ဂိုဏ်းစောင့် မသေမျိုး သုံးဦးသာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ယွီထင်ကျဲ ထပ်တိုးလာသဖြင့် ဂိုဏ်းစောင့် မသေမျိုး လေးဦး ဖြစ်လာခဲ့သည်။
ယခု ရှီဇီအန်း သေဆုံးသွားသဖြင့် ဂိုဏ်းစောင့် မသေမျိုး သုံးဦးသာ ကျန်ရှိတော့သည်။
ယွီထင်ကျဲ မှ လွဲလျှင် ကျန်နှစ်ဦးမှာ
ဝမ်နုန်ချောင်
သို့သော် သူ၏ နတ်မင်းဘွဲ့အမည်မှာ ကူမူ မသေမျိုးလဖြစ်သဖြင့် ဂိုဏ်းတွင်းမှ လုပ်ဖော်ကိုင်ဖက်များက သူ့ကို မုမိတ်ဆွေလဟု ခေါ်ဆိုကြသည်။
အခြားတစ်ဦးမှာ ဝမ်ရှိုကျဲ ဖြစ်ပြီး အပြင်လောကတွင် ယင်ချွဲမသေမျိုး ဟု ခေါ်ဆိုသည်။
သူတို့နှစ်ဦး၏ မျက်နှာထားမှာ တင်းမာနေပြီး ရံဖန်ရံခါ ယွီထင်ကျဲ ဘက်ကို ကြည့်ကာ၊ ယွီထင်ကျဲကလည်း ဘာမှ မပြောဘဲ ငြိမ်သက်နေသည်ကို မြင်သောအခါ သူတို့၏ နှုတ်ခမ်းထောင့်များတွင် အေးစက်သော အပြုံးများ ပေါ်လာသည်။
ထိုဂိုဏ်းစောင့် မသေမျိုး သုံးဦးမှ လွဲ၍ ကျန်ထိုင်နေသူများမှာ အဆင့် (၃) မသေမျိုး ၁၀ ဦး၊ အဆင့် (၂) မသေမျိုး ၃၇ ဦး ဖြစ်သည်။
အဆင့် (၁) မသေမျိုးများမှာမူ ထိုနေရာတွင် တိတ်ဆိတ်စွာဖြင့် ခန်းမ၏ ပတ်ပတ်လည်တွင် ရပ်နေကြပြီး၊ သူတို့၏ ခေါင်းဆောင်များ နောက်တွင် ရပ်နေကြသည်။
အနည်းစုသာ နတ်မင်းနန်းတော် အတွင်းတွင် မည်သူ့ကိုမျှ အားမကိုးဘဲ ကြားနေသူများ ဖြစ်ကြသည်။
ကြယ်မိုးမသေမျိုး သည် အားလုံးကို အေးစက်သော အကြည့်ဖြင့် ကြည့်ရှုပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဒီနှစ်တွေအတွင်းမှာ နန်းတော် က လူအမြောက်အများ ဆုံးရှုံးခဲ့ရတယ် "
လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
အမူအရာမဲ့ နေကြသော်လည်း သူတို့၏ မျက်ဝန်းများတွင် လေးနက်မှုများ ရှိနေသည်။