အခန်း (၁၂၆၁-၁၂၆၂)
Vol. 127 Ch. 1261-1262
အခန်း (၁၂၆၁) - ဆန်းယွင်ဂိုဏ်း
လှေသည် ဂိတ်ပေါက်ကို ဖြတ်ကျော်ပြီးနောက် အကွာအဝေးတစ်ခုအထိ ပျံသန်းသွားသည်။
လူတိုင်း နောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ ရောင်စုံကြယ်တာရာမြစ်ကို မမြင်ရတော့ဘဲ သာမန်ကောင်းကင်သာ ဖြစ်နေသည်။
ကမ္ဘာနှစ်ခု ခွဲခြားထားသကဲ့သို့ပင်။
လီတောက်ယဲ့က သက်ပြင်းချ၍
"ငါတို့သာ အပြင်ဘက်ကနေ မဝင်လာခဲ့ရင် ကောင်းကင်ကိုးထပ်အထက်မှာ ဒီလိုမြင်ကွင်းမျိုး ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ ဂိုဏ်းချုပ်အဆင့်နဲ့ ညီမျှတဲ့ ရုပ်သေးရုပ်တွေအကြောင်း တွေးကြည့်ရင်တင်ပဲ တုန်လှုပ်ဖို့ ကောင်းတယ်"
ဟု ဆိုသည်။
ကျောက်ကျောင်လုန်က ခေါင်းညိတ်၍
"တကယ်ပါပဲ၊ နန်ချင်း ကြယ်စုတန်းရဲ့ ဒေသခံ ကျင့်ကြံသူအများစုတောင် ကောင်းကင်ကိုးထပ်အထက်မှာ ဘာတွေရှိလဲဆိုတာ သိကြမှာ မဟုတ်ဘူး"
ဟု ထောက်ခံသည်။
ခုနက လှေ ဂိတ်ပေါက်ကို ဖြတ်စဉ်က ထူးဆန်းသော တွန်းကန်မှုတစ်ခုကို လူတိုင်း သိသိသာသာ ခံစားခဲ့ရသည်။
ဂိုဏ်းချုပ်အဆင့်ကဲ့သို့ ပုဂ္ဂိုလ်များသာလျှင် ကောင်းကင်ကိုးထပ်သို့ တက်နိုင်ပြီး အာကာသထဲသို့ ဝင်ရောက်နိုင်စွမ်း ရှိကြလိမ့်မည်။
သာမန်ကျင့်ကြံသူများသည် အမြင့်တစ်ခုသို့ ရောက်သည်နှင့် ထိုတွန်းကန်မှုကြောင့် တားဆီးခံရကာ အပြင်ဘက်မြင်ကွင်းကို မြင်နိုင်ကြမည် မဟုတ်ပေ။
"ဒီနေရာက ဝိညာဉ်စွမ်းအင်တွေ အရမ်းကြွယ်ဝတယ် ငါတို့က နတ်ဘုရား နန်းတော်မှာလည်း မဟုတ်သလို အနီးအနားမှာ ဝိညာဉ်စွမ်းအင် မြစ်ကြောင်းလည်း မရှိဘူး ရှေးဟောင်း စာပေတွေမှာ ပြောထားတဲ့ ရှေးခေတ်တုန်းက ကမ္ဘာအနှံ့ ဝိညာဉ်စွမ်းအင်တွေ ပြည့်နှက်နေတယ်ဆိုတာမျိုးနဲ့ တူတယ်"
ဟု ဟွာမြောင်ချင်က ပြောသည်။
လူတိုင်းလည်း ဒီအချက်ကို သတိထားမိကြသည်။
ထိုလောကရှိ ဝိညာဉ်စွမ်းအင်မှာ အလွန်ကြွယ်ဝသည်။
သူတို့၏ မူလဂိုဏ်းများလောက် မသာသော်လည်း ယခုမှ ဂိတ်ပေါက်ကို ဖြတ်လာခြင်းဖြစ်ပြီး ထိုနေရာသည် ကျင့်ကြံခြင်းအတွက် အထူးနေရာမျိုးလည်း မဟုတ်ပေ။
သာမန်နေရာမျိုးမှာပင် ဝိညာဉ်စွမ်းအင် ဒီလောက်ကြွယ်ဝနေပါက ကျင့်ကြံခြင်းဆိုင်ရာ သန့်စင်သော နေရာများသည် မည်မျှ ထူးခြားမည်နည်း။
လူတိုင်း၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ တိုးပွားလာသည်။
ဝိညာဉ်စွမ်းအင် ပိုမိုကြွယ်ဝလေ ကျင့်ကြံခြင်း လမ်းကြောင်း ပိုမိုချောမွေ့လေ ဖြစ်သည်။
"ဆွေးနွေးပွဲ က စဖို့ အချိန်နည်းနည်း လိုသေးတယ် အခု ဘယ်ကို သွားကြမလဲ"
ဟု နဂါးအိုကြီးက ဖန့်ချန်ကို မေးသည်။
"အရင်ဆုံး အခြေချဖို့ သင့်တော်တဲ့နေရာ ရှာရမယ် သူတို့က ဒီမှာပဲ အခြေချပြီး ဘဝကို ရပ်တည်ရမှာမို့လို့ နေရာရွေးတာကို ပေါ့ပေါ့ဆဆ လုပ်လို့ မရဘူး"
နဂါးအိုကြီးက ခေါင်းညိတ်၍
"မှန်တယ် ဒါပေမဲ့ ဝိညာဉ်စွမ်းအင် ကြွယ်ဝတဲ့နေရာမှန်သမျှ ပိုင်ရှင်ရှိပြီးသား ဖြစ်လိမ့်မယ် ငါတို့က ထိပ်တန်း အဆင့်မြင့် ဂူနေရာမျိုး ရှာမယ်ဆိုရင် ဒီနေရာက အင်အားစုတွေနဲ့ ပဋိပက္ခ ဖြစ်လာလိမ့်မယ်"
ဟု ပြောသည်။
"အရင်ဆုံး တာအိုစင့်မြင့် အနီးအနားကို သွားကြည့်ရအောင်"
ဖန့်ချန်သည် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ ဝိညာဉ်စွမ်းအင်ဖြင့် လှုံ့ဆော်လိုက်ရာ အဖြူရောင် အငွေ့တန်းများ ထွက်ပေါ်လာပြီး ရိုးရှင်းသော မြေပုံတစ်ခု ဖြစ်ပေါ်လာသည်။
ထို နန်ချင်း ကြယ်တာရာနယ်မြေ မြေပုံတွင် နာမည်ကြီး နယ်မြေအချို့နှင့် အမှတ်အသားများကိုသာ ဖော်ပြထားသည်။
တာအိုစင့်မြင့်တောင်သည် ယခုအကြိမ် မသေမျိုး ဆွေးနွေးပွဲကျင်းပမည့် နေရာဖြစ်ပြီး နန်ချင်း တွင် နာမည်အနည်းငယ် ကျော်ကြားသည်။
ထို မြေပုံကို ဟွမ်ချင်းကျွဲ က လျှိုဝှက်စောင့်ရှောက်ရေး ဌာနမှတစ်ဆင့် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ရှဲ့ကျစ် ကျင့်ကြံသူတိုင်း လက်ခံရရှိကြသည်။
ဟွမ်ချင်းကျွဲ သတ်မှတ်ထားသည့် အစည်းအဝေးနေရာသည်လည်း တာအိုစင်မြင့်တောင် အနီးအနားတွင် ဖြစ်သဖြင့် သူလည်း ထိုဆွေးနွေးပွဲသို့ တက်ရောက်ရန် ဆယ်ပုံကိုးပုံ သေချာသည်။
နဂါးအိုကြီး ခေါင်းညိတ်၍ လှေကို မောင်းနှင်သွားသည်။
လမ်းတွင်တွေ့သည့် ကျင့်ကြံသူများကို လမ်းမေးကာ တည်နေရာကို အတည်ပြုပြီးနောက် ဤမြေပုံကို အသုံးပြု၍ ခရီးဆက်ကြသည်။
နှစ်အနည်းငယ်အကြာတွင်... ချင်းယွမ်ဈေး သို့ ရောက်ရှိသည်။
ချင်းယွမ်ဈေးသည် ဒါတိုင်တောင် နယ်မြေ၏ အစွန်းတွင် တည်ရှိသည်။
ထိုကဲ့သို့သော ဈေးများ အမြောက်အမြား ရှိသော်လည်း ချင်းယွမ်ဈေးမှာ ထိပ်တန်းအဆင့် မဟုတ်ပေ။
ချင်းယွမ်ဈေးတွင် ဝိညာဉ်တောင်ပေါင်း တစ်ထောင်ကျော် ရှိပြီး တောင်တိုင်းတွင် ကျင့်ကြံသူ အမြောက်အမြား စခန်းချနေကြသည်။
ဂိုဏ်းများ ရှိသကဲ့သို့ လေလွင့်သော ကျင့်ကြံသူများလည်း ရှိသည်။
လူရှိသည့်နေရာတွင် လောကဓံ ရှိပြီး ကျင့်ကြံသူ ရှိသည့်နေရာတွင် ပဋိပက္ခ ရှိမြဲဖြစ်သည်။
နေ့စဉ်နှင့်အမျှ နေရာအမျိုးမျိုးတွင် ပဋိပက္ခများ ဖြစ်ပွားနေသည်။
သို့သော် ပဋိပက္ခများရှိသော်လည်း ချင်းယွမ်ဈေးမှာ အသက်ဝင်နေဆဲဖြစ်သည်။
နေ့တိုင်း ကျင့်ကြံသူများ တောင်ပေါ်မှ ဆင်းလာပြီး ကျင့်ကြံရေး အရင်းအမြစ်များကို ကုန်သွယ်မှုပြုကြသည်။
လူတိုင်းတွင် မတိုင်ပင်ထားပဲ သဘောတူထားသည့် စည်းကမ်းတစ်ခု ရှိသည်။
၎င်းမှာ သူတို့၏ ကိုယ်ပိုင် ပဋိပက္ခများသည် ဈေးရောင်းဝယ်ရေးကို မထိခိုက်စေရဟူ၍ ဖြစ်သည်။
မဟုတ်ပါက အများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။
တောင်ပေါင်းတစ်ထောင်ကျော်ထဲတွင် ဆန်းတောင် ဟု ခေါ်သော သာမန်တောင်ငယ် တစ်ခု ရှိသည်။
ဆန်းတောင်၏ ဝိညာဉ်စွမ်းအင်မှာ အခြားတောင်များထက် နိမ့်ကျပြီး လွတ်လပ်သော ကျင့်ကြံသူများသာ အများဆုံး နေထိုင်ကြသည်။
မည်သည့် ဂိုဏ်းကြီး၊ မိသားစုကြီးမှ ဤမျှနည်းပါးသော ဝိညာဉ်စွမ်းအင်ကို စိတ်မဝင်စားကြပေ။
သို့သော် လီတောက်ယဲ့တို့အတွက်မူ ဤမျှ နိမ့်ကျသော တောင်ပင်လျှင် တာအိုသုံးထောင်ဂိုဏ်းထက် မညံ့ပေ။
ထိုသို့ဖြစ်သော်လည်း ဆန်းတောင်မှ ဒေသခံ ကျင့်ကြံသူများသည် အပြင်မှ လာသူများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြသည်။
ဖန့်ချန်တို့က ဆန်းတောင်တွင် ဂိုဏ်းတည်ရန် ဆုံးဖြတ်သောအခါ ဒေသခံများက ဝိုင်းဝန်း တိုက်ခိုက်ကြသည်။
တစ်ဖက်က စည်းရုံးရန် ကြိုးစားပြီးနောက် ခြိမ်းခြောက်မှုများ ပြုလုပ်သည်။
ဖန့်ချန်တို့က မလိုက်လျောသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ဆန်းတောင်မှ အမြင့်ဆုံး ကျင့်ကြံသူမှာ ပေါင်းစပ်ခြင်းအဆင့် သာ ဖြစ်သဖြင့် ကျောက်ကျောင်လုန် တစ်ယောက်တည်းနှင့်ပင် အကုန်အနိုင်ရသွားသည်။
ထိုအချိန်မှစ၍ ဆန်းတောင်မှ ကျင့်ကြံသူများသည် ထိုသူတို့သည် အခြားတစ်နေရာတွင် မနေနိုင်တော့၍ ပြောင်းရွှေ့လာသော ဂိုဏ်းတစ်ခုမှ အကြွင်းအကျန်များ ဖြစ်ကြောင်း သိသွားကြသည်။
သူတို့သည် ဖန့်ချန်တို့၏ စွမ်းအားကို လက်ခံ လိုက်ကြပြီး နောက်ထပ် မနှင်ထုတ်တော့ပေ။
ကြာလာသောအခါ ဆန်းတောင်တွင် ဂိုဏ်းတစ်ခု တိုးလာသည်ကို အသိအမှတ်ပြုလိုက်ကြသည်။
ဆန်းယွင်ဂိုဏ်း
ထိုဂိုဏ်းနာမည်ကို ဖန့်ချန်နှင့် နဂါးအိုကြီးတို့ တိုင်ပင်၍ ပေးထားခြင်းဖြစ်သည်။
သူတို့၏ နောက်ခံနှင့် လိုက်လျောညီထွေရှိပြီး ပုံမှန်ဆန်ကာ ထူးခြားမှု မရှိသဖြင့် အာရုံစိုက်ခံရမှု နည်းပါးစေသည်။
ဆန်းတောင်တွင် ဆန်း စာလုံးပါသည့် ဂိုဏ်းပေါင်း ဆယ်ဂဏန်း ရှိနေသည်။
ဤကဲ့သို့သော နေရာမျိုးတွင် နာမည်ကြီးလွန်းပါက မလိုလားအပ်သော ဒုက္ခများ ရောက်လာတတ်သည်။
ဂိုဏ်းတည်ပြီးနောက် ဖန့်ချန်သည် လီတောက်ယဲ့ကို ဈေးသို့သွား၍ ပန်းပဲဆရာတစ်ဦးထံတွင် ဂိုဏ်းသားများအတွက် ဝတ်စုံများ ချုပ်ခိုင်းသည်။
ဝတ်စုံ၏ အဆင့်မှာ မြင့်မားခြင်း မရှိဘဲ ကျောက်ကျောင်လုန်တို့ ဝတ်ဆင်သည်မှာပင် အဆင့်နိမ့် သာ ဖြစ်သည်။
၎င်းမှာ အမှတ်တရ သဘောမျိုးသာ ဖြစ်သည်။
ဝတ်စုံများ ရရှိပြီးနောက် ကျောင်းတော်သားများ၊ တာအိုသုံးထောင်ဂိုဏ်းသားများနှင့် ဓားဂိုဏ်းသားများသည် တဖြည်းဖြည်း ဆန်းယွင်ဂိုဏ်းသားများကဲ့သို့ ခံစားလာရပြီး ဤနေရာနှင့် ပေါင်းစပ်သွားကြသည်။
လီတောက်ယဲ့သည် ဆန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာပြီး ရွှေအမြုတေအဆင့် အထက်ရှိသူများမှာ အကြီးအကဲများ ဖြစ်လာကြသည်။
အခြားသော ကိစ္စများကိုမူ လီတောက်ယဲ့က တာဝန်ယူသည်။
တာအိုသုံးထောင် ကျင့်စဉ်
ဖန့်ချန်သည် ကျင့်စဉ်ကို ဖတ်ရှုနေရင်း မျက်မှောင်ကြုတ်လိုက် ပြန်ဖြေလိုက် လုပ်နေသည်။
လာလမ်းတွင် ဖန့်ချန်နှင့် နဂါးအိုကြီးတို့ ပေါင်းစပ်ခြင်းအဆင့် အကြောင်း ဆွေးနွေးခဲ့ကြသည်။
နဂါးအိုကြီးအတွက်မူ ဤအဆင့်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် အသေးစိတ်များကိုပင် မေ့နေပြီ ဖြစ်သည်။
သို့သော် သူသည် အဆင့် (၄) မသေမျိုး ဖြစ်သည့်အတွက် ကျင့်စဉ် သင်ကြားရာတွင် အရည်အချင်း မရှိသော်လည်း အနည်းငယ် ရှင်းပြပေးနိုင်သည်။
ပေါင်းစပ်ခြင်းအဆင့် ဆိုသည်မှာ ဝိညာဉ်စွမ်းအင်၊ ရုပ်ခန္ဓာတို့နှင့် မသက်ဆိုင်ဘဲ ဝိညာဉ် ၏ တိုးတက်မှုသာ ဖြစ်သည်။
နဂါးအိုကြီး၏ အဆိုအရ ကောင်းကင်နှင့် မြေကြီးကြားတွင် မရေမတွက်နိုင်သော လမ်းစဉ်များ ရှိသည်။
ပေါင်းစပ်ခြင်းအဆင့် အထွတ်အထိပ် ရောက်ပြီး ဘေးအန္တရာယ်များကို ကျော်ဖြတ်ပြီးပါက နေ့စဉ် စိတ်ငြိမ်အောင် ထိုင်၍ တရားကျင့်ခြင်းဖြင့် ထိုလမ်းစဉ်ကို မြင်နိုင်မည် ဖြစ်သည်။
လမ်းစဉ်ကို မြင်ပြီးပါက ဝိညာဉ်နှင့် ပေါင်းစပ်ရန် ကြိုးစားရမည်။
အောင်မြင်ပါက တာအိုပေါင်းစပ်ခြင်းအဆင့် သို့ တက်လှမ်းနိုင်သည်။
ထိုသည်မှာ ကြိုးစားရမည့် အလုပ်ဖြစ်ပြီး ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်တွင် ရှစ်ယောက်မှာ ထိုလမ်းစဉ်ကို တစ်သက်လုံး မမြင်နိုင်ဘဲ နှစ်ယောက်သာ မြင်နိုင်ကာ တစ်ယောက်သာ ဝိညာဉ်နှင့် ပေါင်းစပ်နိုင်လေ့ ရှိသည်။
သို့သော် တာအိုသုံးထောင်ကျင့်စဉ်တွင်မူ နဂါးအိုကြီးပြောသည်နှင့် ကွဲပြားသည်။
၎င်းတွင် လမ်းစဉ်တစ်ခုကို ရှင်းရှင်းလင်းလင်း ပြသထားပြီး စိတ်ကူးယဉ် နည်းလမ်း ကိုပါ ပေးထားသည်။
ဆိုလိုသည်မှာ ဖန့်ချန်သည် လမ်းစဉ်ကို မြင်နိုင်၊ ခံစားနိုင်မည် ဖြစ်သော်လည်း အခက်အခဲမှာ ပေါင်းစပ်ခြင်း တွင် ရှိနေသည်။
ကျင့်စဉ်တွင် အချက်တစ်ခုကို ထောက်ပြထားသည်။
ဝမ်ချွမ်း - အလွန်အန္တရာယ်များသည်။
အခန်း (၁၂၆၂) - ချင်းယွမ်ဈေးကြီး
"ငရဲပြည်ရဲ့ ဝမ်ချွမ်းမြစ် ကလည်း တာအိုလမ်းစဉ်တစ်ခု ဖြစ်နေတာပဲ၊ ဒီလောက်ထိ ထူးခြားတဲ့ စွမ်းအားရှိတာ မထူးဆန်းတော့ဘူး "
"ဒါပေမဲ့…… တာအိုပေါင်းစပ်ခြင်း ကျင့်စဉ်မှာ ဒီလမ်းစဉ်က အလွန်အန္တရာယ်များတယ်လို့ ဖော်ပြထားတယ် သာမန် ကျင့်ကြံသူတွေ ပေါင်းစပ်ခြင်းအဆင့်ကို တက်လှမ်းတာက ဘေးအန္တရာယ် မရှိသလောက်ပါပဲ၊ အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ ကျင့်ရုံပါပဲ "
ဖန့်ချန်သည် ဝမ်ချွမ်းမြစ်နှင့် ပတ်သက်သည့် အချက်အလက်များကို ပြန်လည်တွေးတောနေသည်။
၎င်းသည် ဖူတူလောက နှင့် ယင်လောကငယ် တို့တွင် တစ်ခုတည်းသော ထူးခြားသည့် ရှုခင်းဖြစ်သည်။
သို့သော် ဝမ်ချွမ်းမြစ်ပေါ်တွင် လမ်းလျှောက်ရန်မှာ ယင်သက်တမ်း ကို အသုံးပြုရသည်။
ဝမ်ချွမ်းမြစ်၏ အဓိက အခန်းကဏ္ဍမှာ ဝိညာဉ် တွေကို နစ်မြုပ်စေခြင်းဖြစ်ပြီး ထိုဝိညာဉ်များသည် ဝမ်ချွမ်းထဲတွင် စဉ်းစားတွေးခေါ်မှု နှေးကွေးသွားကာ တစ်စက္ကန့်ချင်းစီတိုင်းကို ဆင်းရဲဒုက္ခခံစားရသည်။
တစ်ခါတစ်ရံတွင် တစ်နှစ်ခန့် ပစ်ချခံရပါက ၁၀ နှစ်ကြာသကဲ့သို့ ခံစားရတတ်သည်။
"သူ့ရဲ့ အဓိက အသုံးဝင်ပုံက အကျဉ်းချထားခြင်း ပါပဲ ဒီတာအိုကို ပေါင်းစပ်နိုင်ရင် နတ်ဘုရား ကိုးဆင့် ဝိညာဉ် ကလည်း ဝမ်ချွမ်းရဲ့ စွမ်းအားအချို့ကို ရရှိလာမှာ သေချာတယ် "
ဖန့်ချန်သည် ကျင့်ကြံနေသော ကိုယ်ပွား ၁၀ ခုကို တစ်ချက်ကြည့်ပြီးနောက် ဝမ်ချွမ်းတာအိုကို ပေါင်းစပ်ရန် ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။
တာအိုသုံးထောင်ကျင့်စဉ်တွင် ၎င်းကို အထူးတလည် ဖော်ပြထားပြီး အန္တရာယ်များကြောင်းလည်း သတိပေးထားသဖြင့် လူသားနယ်မြေ ကိုးခု၊ နောက်ဆုံးတွင် နတ်ဘုရားလောက ၌ပင် ၎င်းသည် အထွတ်အထိပ် လမ်းစဉ်တစ်ခု ဖြစ်နိုင်ချေရှိသည်။
ထိုင်၍ တရားကျင့်သည်။
ရက်အနည်းငယ်ကြာသော် ဖန့်ချန်သည် မျက်လုံးဖွင့်လိုက်ပြီး ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။
ကျင့်စဉ်အတိုင်း အကုန်လုပ်သော်လည်း ဝမ်ချွမ်းမြစ်ကို မမြင်ရပေ။
"ဒါဆိုရင်…… ယင် လမ်းကြောင်း ကနေ သွားမှ ရတာလား "
ဖန့်ချန် မျက်မှောင်ကြုတ်မိသည်။
ထိုအခြေအနေ လိုအပ်ပါက သူသည် နန်ချင်း ကြယ်တာရာနယ်မြေ တွင် ပေါင်းစပ်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။
ဤနေရာတွင် ဝမ်ချွမ်းလမ်းကြောင်းကို ဖွင့်၍ မရနိုင်ကြောင်း သူ စမ်းသပ်ပြီးပြီဖြစ်သည်။
သူကိုယ်တိုင်ပင် ဤနေရာတွင် ယင် လမ်းကြောင်းမှ သွား၍ မရပေ။
ငရဲမင်းတံဆိပ်ဖြင့် ကျောက်လုံတို့ကို ခေါ်ယူရန် ကြိုးစားသော်လည်း အဆင်မပြေခဲ့ပေ။
ဖန့်ချန်သည် နောက်ထပ် အချိန်အနည်းငယ် စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ ဝမ်ချွမ်းမြစ်ကို ဆက်လက် မမြင်နိုင်သေးပါက ယင် လမ်းကြောင်းမှ သွားခြင်းမှာ မရှိမဖြစ် လိုအပ်ချက် ဖြစ်ကြောင်း သေချာသွားလိမ့်မည်။
နှစ်အနည်းငယ်အကြာတွင် ဖန့်ချန်သည် ဝမ်ချွမ်းကို မမြင်နိုင်သေးပေ။
သူ ခန့်မှန်းထားသည်မှာ မှန်နေသည်။
ထိုသို့ဆိုလျှင် တာအိုသုံးထောင်နယ်မြေ နေရာတွင် အချိန်ကြာကြီး နေခြင်းမှာ အဓိပ္ပာယ် မရှိတော့ပေ။
သူသည် ပေါင်းစပ်ခြင်းအဆင့်ကို မကျော်ဖြတ်နိုင်ဘဲ နှစ်ပေါင်းများစွာ နေမိပါက သက်တမ်းသာ ကုန်ဆုံးသွားလိမ့်မည်။
နှစ်အနည်းငယ် ထပ်ကြာပြီးနောက် ကျင့်စဉ်နေရာတွင် အချိန်ကုန်သွားသဖြင့် ဖန့်ချန်သည် ဝိညာဥ်ကျောက်တုံးထပ်မဖြည့်တော့ပေ။
"အစ်ကို၊ ကျွန်မတို့ တောင်ခြေက ဈေးကို သွားလည်ကြမလို့၊ အစ်ကိုရော လိုက်မလား "
အခန်းပြင်မှ ဖန့်ကျစ်ရွှယ်၏ အသံကို ကြားလိုက်ရသည်။
ဖန့်ချန် ကြည့်လိုက်ရာ ဖန့်ကျစ်ရွှယ်အပြင် တာအိုသုံးထောင်ဂိုဏ်းမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၊ တောရိုင်းကျောင်းမှ ကျင့်ကြံသူများ၊ ဓားဂိုဏ်းမှ ကျင့်ကြံသူများ ပါဝင်သည်။
လူတိုင်းက ချက်ချင်း အရိုအသေပြု၍
"ဖန့်အကြီးအကဲကို အရိုအသေပြုပါတယ်"
ဟု ဆိုကြသည်။
ဒါသည် ဖန့်ချန်နှင့် နဂါးအိုကြီးတို့ သတ်မှတ်ထားသော စည်းကမ်းဖြစ်သည်။
ရွှေအမြုတေအဆင့်မှစ၍ ပေါင်းစပ်ခြင်းအဆင့်အထိ အားလုံးကို အကြီးအကဲ ဟုသာ ခေါ်ရမည်ဖြစ်သည်။
"ဈေးကို သွားမလို့လား၊ တစ်ခုခု ဝယ်စရာ ရှိလို့လား "
ဖန့်ချန် ပြုံး၍ မေးသည်။
လန်ယာဝင်ချိုး က ပြုံး၍
"ချင်းယွမ်ဈေးမှာ သုံးနှစ်တစ်ခါ အသေးစားဈေးပွဲတော်၊ ခုနစ်နှစ်တစ်ခါ အကြီးစားဈေးပွဲတော် ရှိတယ်လို့ ကြားတယ် အခုက အကြီးစား ဈေးပွဲတော် ရက်ပိုင်းပဲ ရှိသေးတော့ ကံစမ်းရင်း လိုအပ်တာလေးတွေ ဝယ်မလို့ပါ "
ဟု ပြောသည်။
ချင်းယွမ်ဈေးသည် နန်ချင်း ကြယ်တာရာနယ်မြေ တွင် နာမည်မကြီးသော်လည်း ရောက်ခါစတွင်ပင် အရင်းအမြစ်များ ကြွယ်ဝကြောင်း သူတို့ သတိထားမိသည်။
အခြားနေရာများတွင် ပျောက်ကွယ်သွားပြီဖြစ်သော ပစ္စည်းများပင် ထိုနေရာတွင် ရှိနေသည်။
ထို့ပြင် ဆေးဝါးများ၏ ဈေးနှုန်းမှာလည်း အခြားနေရာများထက် သက်သာသဖြင့် ဈေးပွဲတော်အတွက် အားလုံး စိတ်လှုပ်ရှားနေကြသည်။
"ဝင်ချိုး လည်း ရွှေအမြုတေအဆင့် အထွတ်အထိပ် ရောက်နေပြီဆိုတော့ အပြင်ထွက် လည်ပတ်သင့်တာပေါ့ ဒါက ဝိညာဥ်သန္ဓေသားအဆင့် အတွက် အထောက်အကူ ဖြစ်လိမ့်မယ် "
ဖန့်ချန် ခေါင်းညိတ်၍ သူတို့နှင့်အတူ တောင်ပေါ်မှ ဆင်းလာသည်။
သူလည်း သူ့အတွက် လိုအပ်သည့် ပစ္စည်းများ ရှိမရှိ သိလိုသည်။
တောင်ပေါ်မှ ဆင်းလာစဉ် ဆန်းတောင်မှ ကျင့်ကြံသူများစွာနှင့် တွေ့သည်။
ဆန်းယွင်ဂိုဏ်း၏ ဝတ်စုံကို မြင်လျှင် အချို့က နှုတ်ဆက်ကြပြီး အချို့က ရှောင်ဖယ်ကာ အချို့မှာမူ မနာလိုသလို ကြည့်နေကြသည်။
ဆန်းယွင်ဂိုဏ်းမှ မိုင် ၁၀၀ ခန့်အကွာတွင် ဂါအိုဟူကျောင်း ဟုခေါ်သော တာအိုကျောင်းတစ်ခု ရှိသည်။
ဂိုဏ်းချုပ် ဆူဂါအိုဟူမှာ လေလွင့် ကျင့်ကြံသူဖြစ်ပြီး နောင်တွင် ဂိုဏ်းထူထောင်ကာ ဝိညာဥ်သန္ဓေသားအဆင့် ဖြင့် ဂါအိုဟူကျောင်းကို တည်ထောင်သည်။
ဆူဂါအိုဟူသည် လူမှုဆက်ဆံရေး ကောင်းမွန်သူဖြစ်ပြီး ဆန်းယွင်ဂိုဏ်း စတင်တည်ထောင်စဉ်ကပင် ခင်မင်ရင်းနှီးမှု ပြသခဲ့သူဖြစ်သည်။
ယနေ့တွင် သူသည် တပည့်အနည်းငယ်ကို ခေါ်ဆောင်ကာ ဈေးသို့ ဆင်းလာသည်။
သူ၏ ကျောင်းတွင် တပည့် ၃၃ ဦး ရှိသည်။
"ဟင်၊ ဆန်းယွင်ဂိုဏ်း "
ဆူဂါအိုဟူသည် ဖန့်ကျစ်ရွှယ်တို့ အုပ်စုကို မြင်လိုက်ရသည်။
သူသည် သူတို့၏ စွမ်းအားကို အလွန် အားကျသည်။
အဖွဲ့ဝင်အားလုံးသည် ရွှေအမြုတေအဆင့်များ ဖြစ်နေသည်။
ဆန်းယွင်ဂိုဏ်းတွင် ပေါင်းစပ်ခြင်းအဆင့် ရှိသူများပါ ပါဝင်ကြောင်း ကြားသိရသဖြင့် သူသည် မိမိကိုယ်ကို ကံကောင်းသည်ဟု ယူဆသည်။
"ဟင်၊ အဲဒီလူ……"
ဆူဂါအိုဟူသည် ဖန့်ချန်ကို မြင်လိုက်ရသည်။
ဖန့်ချန်သည် ပုံမှန်အားဖြင့် အပြင်မထွက်သလို စကားလည်း အပြောနည်းသည်။
သို့သော် ဖန့်ချန်သည် အကြီးအကဲအဆင့် ဖြစ်ကြောင်းနှင့် အနည်းဆုံး စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် ရှိကြောင်း သူ ရိပ်မိသည်။
ထိုအကြောင်းကို တွေးမိသည်နှင့် ဆူဂါအိုဟူသည် တပည့်များကို ခေါ်၍ ဖန့်ချန်ထံသို့ လာရောက် အရိုအသေပြုသည်။
"နောင်တော်ကို တွေ့ရတာ ဝမ်းသာပါတယ် "
ဆူဂါအိုဟူ၏ တပည့်လေးဦးကလည်း လိုက်လံ အရိုအသေပြုသည်။
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများက သူတို့နှစ်ဦးကို ကြည့်၍ တစ်ယောက်နှင့်တစ်ယောက် တိုးတိုးလေး ပြောဆိုနေကြသည်။
"အစ်ကို၊ ဂါအိုဟူကျောင်းက ကျောင်းအုပ် ဆူဂါအိုဟူပါ သူက ကျွန်မတို့ နောက်ခံကို မသိခင်ကတည်းက ခင်မင်မှု ပြခဲ့တာမို့လို့ မျက်စိရှိတဲ့သူပါပဲ "
ဖန့်ကျစ်ရွှယ်က ဖန့်ချန်ကို လျှို့ဝှက်စကား ပြောသည်။
"အော်... ကျောင်းအုပ်ဆူ၊ အရမ်းအားနာစရာပဲ ကျုပ်က ဝိညာဥ်သန္ဓေသားအဆင့် ပဲ ရှိပါသေးတယ်၊ နောင်တော်လို့ ခေါ်စရာ မလိုပါဘူး "
ဖန့်ချန်က ရယ်မော၍ ပြန်လည် အရိုအသေပြုသည်။
သူသည် ဝိညာဥ်သန္ဓေသားအဆင့် စွမ်းအားကို အနည်းငယ် ပြသလိုက်သည်။
ဆူဂါအိုဟူ အံ့သြသွားပြီး
"တောင်းပန်ပါတယ် မိတ်ဆွေရဲ့ စွမ်းအားကို ကျုပ် မခန့်မှန်းနိုင်လို့ပါ "
ဟု ပြောသည်။
"မိတ်ဆွေဆူ၊ ဈေးသွားမလို့လား ကျုပ်တို့လည်း သွားမလို့ပဲ၊ အတူတူ သွားကြမလား "
ဖန့်ချန် ဖိတ်ခေါ်လိုက်သည်။
သူတို့သည် နေရာသစ်သို့ ရောက်လာသူများဖြစ်သဖြင့် ဒေသခံ အသိအကျွမ်းနှင့် သွားခြင်းက ပိုမို အဆင်ပြေလိမ့်မည်။
ဆူဂါအိုဟူမှာ ဆန်းယွင်ဂိုဏ်းနှင့် ပိုမိုရင်းနှီးရန် အခွင့်အရေးကို စောင့်နေသူဖြစ်သဖြင့် ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။