အခန်း (၁၂၆၅-၁၂၆၆)
Vol. 127 Ch. 1265-1266
အခန်း (၁၂၆၅) - မိတ်ဆွေဖန့်၊ ကျွန်တော့်ကို မျက်နှာသာပေးပါ
"မင်းတို့ ဂါအိုဟူကျောင်း ကတော့ ဖားလုပ်တတ်လိုက်တာ ဆန်းယွင်ဂိုဏ်း က ဆန်းတောင်မှာ အခြေချတာ တစ်နှစ်တောင် မပြည့်သေးဘူး အခုပဲ သူတို့ရဲ့ ခွေးလုပ်ဖို့ ကြိုးစားနေကြပြီလား "
စကားပြောသူမှာ ဒွမ်းမိသားစု မှ ရွှေအမြုတေအဆင့် အလယ်ပိုင်း ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
သူသည် ဆူဂါအိုဟူ၏ တပည့်များထဲမှ တစ်ဦးတည်းသော ရွှေအမြုတေအဆင့် အစောပိုင်း ကျင့်ကြံသူ လင်းရှို ကို မဲ့ပြုံးဖြင့် ကြည့်ကာ ပြောသည်။
"လင်းရှို၊ အရင်တုန်းကတော့ မင်းကို လူတော်လူကောင်းလို့ ထင်ခဲ့မိတာ အခုတော့ ငါမှားခဲ့မှန်း သိလိုက်ရပြီ "
လင်းရှိုသည် အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်ပြီး ကျင့်ကြံခြင်းလမ်းစဉ်တွင် နှစ်ပေါင်း ၂၀၀ ကျော် ရှိနေပြီ ဖြစ်သည်။
သူသည် ဆူဂါအိုဟူ၏ တပည့်ဦးဆုံး ဖြစ်သည့်အတွက် စိတ်နေစိတ်ထား တည်ငြိမ်သူဖြစ်သော်လည်း ယနေ့တွင်မူ တစ်ဖက်လူ၏ စော်ကားမှုကြောင့် ဒေါသအနည်းငယ် ထွက်လာသည်။
သူသည် ဒွမ်းမိသားစုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူကို အေးစက်စွာ ကြည့်လိုက်သည်။
"ဒွမ်းထျန်းအန်း ၊ ဒီကိစ္စကို ဂါအိုဟူကျောင်း နဲ့ မပတ်သက်ပါနဲ့ မင်းတို့ ဒွမ်းမိသားစုက လူတွေက လက်သရမ်းနေတာလေ၊ အခုတော့ ငါ့ကို တရားမျှတတဲ့ စကားတောင် ပြောခွင့်မပေးတော့ဘူးလား "
"မင်းတို့ ဒီကိစ္စကို ဆန်းယွင်ဂိုဏ်းဆီ ရောက်သွားပြီး ကိစ္စကြီးသွားရင် မင်းတို့ ခေါင်းဘယ်နှစ်လုံးရှိလို့လဲ"
"ဆန်းတောင်က ဆန်းယွင်ဂိုဏ်းလား ကြားတော့ ကြားဖူးသလိုပဲ၊ ဒီကျင့်ကြံသူတွေက ဆန်းယွင်ဂိုဏ်းသားတွေလား၊ အကုန်လုံးက ရွှေအမြုတေအဆင့်တွေပဲ၊ ဒီနောက်ခံကတော့... မသေးဘူး "
"ဘယ်လိုနောက်ခံလဲ၊ ပျက်စီးသွားတဲ့ ဂိုဏ်းဟောင်းကနေ ထွက်လာပြီး ဆန်းတောင်မှာ အခြေချဖို့ အတင်း အကျပ် စေခိုင်းခံရတာ ဖြစ်မှာပါ "
"တကယ်တမ်း ပြောရရင် ဒွမ်းမိသားစုရဲ့ နောက်ခံကမှ ပိုပြီး နက်နဲတယ် ဒွမ်းမိသားစုမှာ စန်းတိုင်တောင်မှာ ကျင့်ကြံနေတဲ့ ဘိုးဘေးတစ်ယောက် ရှိတယ် သူက ကွမ်းယွမ်ထန်းရဲ့ ကျင့်ကြံသူတွေနဲ့ အလွန်ရင်းနှီးတယ် "
ဒွမ်းထျန်းအန်းက အဆက်မပြတ် ရယ်မောလိုက်သည်။
"ဆန်းယွင်ဂိုဏ်းရဲ့ ခွေးအဖြစ် မလုပ်ဘူးလို့ ငြင်းမလား၊ အရင်တုန်းကဆို မင်းက ငါ့နာမည်ကို တိုက်ရိုက်ခေါ်ဖို့တောင် မဝံ့ရဲဘူး မင်းဆရာ ဆူဂါအိုဟူ ကိုယ်တိုင်တောင် ငါ့ရှေ့မှာဆိုရင် ရွယ်တူအနေနဲ့ပဲ ဆက်ဆံရတာ မင်းဆရာ့ကို ပြန်မေးကြည့်လိုက်၊ သူ ဆန်းတောင်မှာ ဘယ်လို အခြေချခဲ့လဲ၊ ငါတို့ ဒွမ်းမိသားစုဆီက ဘယ်လောက် အကျိုးကျေးဇူးရခဲ့လဲ "
လင်းရှို စကား ဆွံ့အသွားသည်။
သူလည်း အရင်က ဆူဂါအိုဟူသည် ဒွမ်းမိသားစုတွင် ဧည့်သည်အဖြစ် ခဏတာ တာဝန်ထမ်းဆောင်ခဲ့ပြီးမှ ဝိညာဉ်သန္ဓေသားအဆင့် တက်လှမ်းကာ ဂါအိုဟူကျောင်း ကို တည်ထောင်နိုင်ခဲ့ကြောင်း ကြားဖူးသည်။
သို့သော် ကျေးဇူးခံခဲ့ရသည်ဟု ဆိုနိုင်သော်လည်း ၎င်းသည် ကုန်သွယ်မှုသက်သက်သာ ဖြစ်ပြီး အကြွေးတင်စရာ မရှိပေ။
ဆူဂါအိုဟူသည် ဖန့်ချန်ကို အမူအရာ ထူးဆန်းစွာဖြင့် ကြည့်လိုက်သည်။
"မိတ်ဆွေဖန့်..."
"ကျုပ် သွားမေးကြည့်လိုက်ပါဦးမယ်၊ အထင်လွဲမှားတာဆိုရင် ရှင်းပေးလိုက်ရုံပါပဲ "
ဖန့်ချန် ပြုံးကာ ဖန့်ကျစ်ရွှယ်တို့ ရှိရာသို့ လျှောက်သွားသည်။
ဆူဂါအိုဟူ သည် ခဏလောက် စဉ်းစားပြီးနောက် သူ့နောက်မှ လိုက်ပါသွားသည်။
ဝေချန်တို့ အဖွဲ့သည် အပြင်ဘက်မှ ဆူညံသံများကို ကြားသဖြင့် ထွက်ကြည့်ကြသည်။
ထိုမြင်ကွင်းကို မြင်တော့ ခေါင်းခါလိုက်သည်။
"ဆူဂါအိုဟူ ဒီတစ်ခါတော့ ဆန်းယွင်ဂိုဏ်းနဲ့ အရမ်း နီးစပ်သွားပြီ ဒွမ်းမိသားစုက လက်စားချေဖို့ ကြိုးစားရင် သူ ဒုက္ခရောက်တော့မှာပဲ "
"ဆူဂါအိုဟူက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူပဲ၊ အဆိုးဆုံးဆိုရင် ဆန်းယွင်ဂိုဏ်းဆီ ခိုလှုံလိုက်ရင် ဒွမ်းမိသားစု ဘာမှ မလုပ်ရဲဘူး မဟုတ်လား "
တစ်ယောက်ယောက်က မေးလိုက်သည်။
ဝေချန်က မဲ့ပြုံးဖြင့် ဘာမှ ပြန်မပြောတော့ပေ။
စန်းတိုင်တောင်တွင် ကျင့်ကြံနေသည့် ဒွမ်းမိသားစု ဘိုးဘေး၏ စွမ်းအားကို သူတစ်ဦးတည်းသာ သိသည်။
မကြာသေးခင်ကပင် ထိုဘိုးဘေးသည် ကပ်ဘေး ၉ ပါး ကို ကျော်ဖြတ်ပြီး ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် သို့ တက်လှမ်းသွားပြီ ဖြစ်ပြီး ကွမ်းယွမ်ထန်းက သူ့ကို အဆင့်မြင့် အထူးဧည့်သည်အဖြစ် ငှားရမ်းထားသည်။
ဒွမ်းမိသားစုတွင် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ ရှိနေပြီဖြစ်သဖြင့် ဆန်းတောင်တွင် အင်အားအကြီးဆုံး ဖြစ်လာမည် ဖြစ်ပြီး ဆန်းယွင်ဂိုဏ်းမှာမူ ကံကြမ္မာ အလှည့်အပြောင်း ဖြစ်တော့မည်။
လင်းရှိုတို့သည် ဖန့်ချန် ရောက်လာသည်ကို မြင်တော့ ချက်ချင်း ဂါရဝပြုကြသည်။
ဆရာဖြစ်သူ ဆူဂါအိုဟူ ရောက်လာသည်ကို မြင်တော့ ဒွမ်းထျန်းအန်းနှင့် အငြင်းပွားခြင်းကို ရပ်လိုက်ပြီး ဆူဂါအိုဟူ၏ နောက်သို့ ရပ်လိုက်ကြသည်။
"အစ်ကို ဒီလူတွေက လက်သရမ်းနေကြတယ် "
ဖန့်ကျစ်ရွှယ်သည် ဖန့်ချန်ကို မြင်လျှင် မြင်ချင်း ဖြစ်ပျက်ခဲ့သည်များကို အတိုချုပ် ပြောပြလိုက်သည်။
သူမဘေးတွင် ရပ်နေသည့် ရွှေအမြုတေအဆင့် အမျိုးသမီး ကျင့်ကြံသူတစ်ဦးမှာ ဒေါသထွက်လွန်း၍ မျက်နှာများပင် နီရဲနေပြီး ဒွမ်းထျန်းအန်းဘေးမှ နောက်ထပ် ရွှေအမြုတေအဆင့် တစ်ဦးကို စိုက်ကြည့်နေသည်။
ထိုလူမှာမူ ရိုင်းပျစွာဖြင့် ကြည့်နေသည်။
ဖန့်ချန်သည် ဖြစ်ပျက်ပုံကို နားလည်သွားပြီးနောက် ထိုအမျိုးသမီး ကျင့်ကြံသူကို ကြည့်ကာ
"မင်းက ဟွာမြောက်ချင် ရဲ့ တပည့်မလေး ဟွာယူဟဲ့ မဟုတ်လား "
"ယူဟဲ့ ဖန့်အကြီးကဲကို ဂါရဝပြုပါတယ် "
ဟွာယူဟဲ့ ဂါရဝပြုသည်။
အကြီးကဲ ဝိညာဉ်သန္ဓေသားအဆင့် ပေါ့။
ဒွမ်းထျန်းအန်းနှင့် အဖွဲ့မှာ သတိထားမိသွားကြသော်လည်း မကြောက်ရွံ့ကြပေ။
သူတို့၏ နောက်ကွယ်တွင် ဒွမ်းမိသားစု ရှိနေသည်။
"ငါ အကြောင်းစုံ သိပြီးပြီ၊ မင်း ဘာလို့ အခုနက ပြန်မတိုက်ခိုက်လိုက်တာလဲ မင်းရဲ့ အဆင့်နဲ့ ဒီလောက်များတဲ့ တပည့်တွေ ရှိနေတာကို သူ့ကို ရိုက်သတ်လိုက်ရင် မရဘူးလား "
ဖန့်ချန်က ထိုလူကို ညွှန်ပြကာ ပြောသည်။
ထိုလူမှာမူ လှောင်ပြောင်သလို ရယ်မောလိုက်သည်။
အနီးနားရှိ ကျင့်ကြံသူများလည်း ရယ်မောလိုက်ကြသည်။
ဒီလို ဈေးတန်းထဲမှာ လူကို ရိုက်သတ်လိုက်ရင် ဘယ်လိုလုပ်ရမလဲ။
ချင်းယွမ်ဈေး၏ စည်းကမ်းအရ ဖောက်ဖျက်သူ မည်သူမဆို ဖမ်းဆီးခံရပြီး ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်သည်။
ဆူဂါအိုဟူမှာလည်း အံ့အားသင့်သွားသည်။
ဖန့်ချန်က ဤသို့ ပြောလိုက်လိမ့်မည်ဟု မထင်ထားပေ။
"မိတ်ဆွေဖန့်က ငယ်ရွယ်ပြီး ဒေါသကြီးနေတာပဲ "
ဝေချန်က ခေါင်းခါလိုက်သည်။
ဟွာယူဟဲ့က
"ကျွန်မတို့က ဆန်းယွင်ဂိုဏ်းအတွက် ဒုက္ခပေးမှာ စိုးလို့ပါ"
ဟု ပြောသည်။
ဖန့်ချန် ပြုံးလိုက်သည်။
"မင်းတို့ မှားနေပြီ ငါတို့က အသစ်စက်စက်မို့ နှိမ့်ချနေတာက ကောင်းပေမဲ့ သူများက အနိုင်ကျင့်လာရင်တော့ ရိုက်သတ်ရမှာပဲ မယဉ်ကျေးတဲ့သူတွေကို သည်းခံစရာ မလိုဘူး "
ဖန့်ချန်သည် ရှေ့သို့ တိုးလာပြီး ဒွမ်းထျန်းအန်းကို တစ်ချက်ကြည့်လိုက်သည်။
"မင်း ခုနာက ဘာပြောလိုက်တယ် "
"ပ... အကြီးကဲ... ကျုပ်က..."
ဖန့်ချန်က လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒုန်း "
ဖန့်ချန်၏ လက်သီးချက်ကြောင့် ဒွမ်းထျန်းအန်းမှာ လူအုပ်ထဲသို့ လွင့်စဉ်သွားသည်။
"ဒီလို ဈေးတန်းထဲမှာ အကြမ်းဖက်ရဲတယ် "
ဒွမ်းထျန်းအန်း ဒေါသတကြီးဖြင့် အော်သည်။
ဆူဂါအိုဟူနှင့် အခြားသူများ တုန်လှုပ်သွားကြသည်။
ဖန့်ချန်သည် လေထဲတွင် လက်ကို ဆွဲလိုက်ရာ ဒွမ်းထျန်းအန်းမှာ သူ့ရှေ့သို့ ပြန်ရောက်လာသည်။
"မင်းပဲ ရိုက်လိုက်ပါ "
ဟွာယူဟဲ့က ချက်ချင်း ရှေ့တိုးလာပြီး ဒွမ်းထျန်းအန်း၏ မျက်နှာကို လက်သီးဖြင့် အချက်ပေါင်းများစွာ ထိုးနှက်လိုက်သည်။
အခြားလူများလည်း ဝိုင်းရိုက်ကြသည်။
ဆူဂါအိုဟူမှာမူ စိတ်မသက်မသာ ဖြစ်နေသည်။
ဝေချန်သည် အံ့အားသင့်စွာဖြင့် ရှေ့သို့ တိုးလာပြီး
"မိတ်ဆွေဖန့်၊ ကျွန်တော့်ကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီလူငယ်နှစ်ယောက်ကို လွှတ်ပေးလိုက်ပါဦး "
အခန်း (၁၂၆၆) - မင်းရဲ့မျက်နှာက မလောက်ဘူး
"ဒါ ဆန်းတောင်က လေလွင့်ကျင့်ကြံသူ ဝေချန် မဟုတ်လား"
"ဒီကောင် သတ္တိရှိလှချည်လား ဆန်းယွင်ဂိုဏ်းနဲ့ ဒွမ်းမိသားစုကိစ္စကို ဝင်ပါရဲတယ်၊ ဆန်းယွင်ဂိုဏ်းက အသစ်ရောက်လာတာဆိုပေမဲ့ နာမည်ထဲမှာ နဂါး ပါရင်ပဲ မသေးတော့ဘူး၊ အဲဒါ ပေါင်းစပ်ခြင်းအဆင့် ရှိတဲ့ ဂိုဏ်းပဲ ဝေချန်လိုကောင်က ဘာလို့ ဝင်ပါတာလဲ"
"ဝေချန်ရဲ့ အိမ်သားတစ်ယောက် ကွမ်းယွမ်ထန်းမှာ အလုပ်လုပ်နေတယ်လို့ ကြားတယ်"
"အဲဒါ ဘာဖြစ်လဲ၊ ကွမ်းယွမ်ထန်းမှာ အလုပ်လုပ်ရုံနဲ့ အေးအေးဆေးဆေး နေလို့ရပြီလို့ မဆိုလိုဘူး၊ အဲဒီလူက ချင်းယွမ်ဈေးမှာ ကိုယ့်ကိုယ်ကိုယ် အနိုင်ကျင့်မခံရအောင်ပဲ ကာကွယ်နိုင်မှာ ဝေချန်ကိုတော့ မကာကွယ်နိုင်ဘူး"
လူအုပ်ကြီးသည် တိတ်တဆိတ် စိတ်ချင်းဆက်သွယ် ၍ ဆွေးနွေးနေကြသော်လည်း အပြင်ပန်းတွင်မူ အမူအရာမပျက်ဘဲ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်။
ဤကဲ့သို့သောနေရာနှင့် အချိန်မျိုးတွင် စကားတစ်လုံးမှားမိရုံဖြင့် တစ်ဖက်ဖက်ကို အမြင်ကတ်စေနိုင်သဖြင့် သူတို့ မဝံ့ရဲကြပေ။
ဒွမ်းထျန်းအန်း နှင့် ကျန်ရှိသော ဒွမ်းမိသားစု ရွှေအမြုတေအဆင့် ကျင့်ကြံသူတို့မှာ ဝေချန် ထွက်လာသည်ကို မြင်သောအခါ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားကြသည်။
ပုံမှန်အားဖြင့် ဝေချန်ကဲ့သို့ လူမျိုးမှာ သူတို့မျက်လုံးထဲတွင် ဘာမှမဟုတ်သော်လည်း ယခုအချိန်တွင် သူတို့ဘက်မှ ဝိညာဉ်သန္ဓေသားအဆင့် မှာ အနားတွင်မရှိပေ။
ထို့ကြောင့်လည်း ဤကဲ့သို့ အရှက်တကွဲ အနိုင်ကျင့်ခံနေရခြင်းဖြစ်သည်။
အကယ်၍ ဝိညာဉ်သန္ဓေသားအဆင့်တစ်ဦးက ဝင်ရောက်ကူညီပေးပါက ယခုကဲ့သို့ အရှက်ရဖွယ် အခြေအနေမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
"မိတ်ဆွေ ဝေ၊ ခင်ဗျားက ဒီလူနှစ်ယောက်အတွက် တောင်းပန်ပေးမလို့လား"
ဖန့်ချန်က အေးဆေးစွာ ပြုံး၍ မေးလိုက်သည်။
ဝေချန်က ပြုံးလျက် ခေါင်းညိတ်ပြကာ
"ကျွန်တော့်မျက်နှာကို ထောက်ထားပြီးတော့ မိတ်ဆွေဖန့် ခဏလောက် လက်လျှော့ပေးပါဦး၊ အထင်လွဲတာရှိရင်လည်း ဆန်းတောင်ကို ပြန်ရောက်မှ နှစ်ဖက်စလုံး ထိုင်ပြီး အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့၊ နှစ်ဖက်စလုံးက လူကြီးတွေကလည်း သေးငယ်တဲ့ အထင်လွဲမှုကြောင့် ရန်ငြိုးဖွဲ့ချင်ကြမှာ မဟုတ်ပါဘူး"
သူသည် ဒွမ်းမိသားစုနှင့် ဆန်းယွင်ဂိုဏ်းမှ အထက်လူကြီးများကို ထည့်ပြောခြင်းဖြင့် ဖန့်ချန်ကို ရှိန်သွားစေရန်နှင့် လက်ရှိအခြေအနေကို ပြေလည်စေရန် အရိပ်အမြွက် ပြောလိုက်ခြင်းဖြစ်သည်။
ဖန့်ချန်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက်
"မလောက်ဘူး"
"ဘာက မလောက်တာလဲ"
ဝေချန် အနည်းငယ် ကြောင်သွားသည်။
"မင်းရဲ့မျက်နှာက မလောက်ဘူး"
ဖန့်ချန်က ခေါင်းခါလိုက်ပြီး ဟွာယူဟဲ့ တို့ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်
"ဆက်လုပ်ကြ၊ ငါမရပ်ခိုင်းမချင်း မရပ်နဲ့၊ ပင်ပန်းသွားရင် တစ်ယောက်လဲလိုက်"
ဟွာယူဟဲ့သည် ထိုစကားကို ကြားသည်နှင့် ပါးရိုက်ရန် လက်ကို ပြန်လည် ဝှေ့ယမ်းလိုက်ရာ ဒွမ်းထျန်းအန်းဘေးမှ ဒွမ်းမိသားစု ရွှေအမြုတေအဆင့်၏ မျက်နှာပေါ်သို့ ဖြန်းဖြန်း ဟူသော အသံများနှင့်အတူ ကျရောက်သွားသည်။
ရိုက်သံမှာ ပုံမှန်မဟုတ်သည်ကို လူတိုင်း သတိထားမိသွားကြသည်။
သေချာကြည့်လိုက်မှ ဟွာယူဟဲ့သည် ရွှေဓာတ်စွမ်းအင် ကို အသုံးပြုနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
ပါးရိုက်ချက်တိုင်းမှာ ကြေးနီတံတိုင်းကြီးများဖြင့် ရိုက်နှက်နေသကဲ့သို့ ပြင်းထန်လှသည်။
ထိုဒွမ်းမိသားစု ရွှေအမြုတေအဆင့်၏ မျက်နှာပေါ်တွင် ယခင်က ရိုင်းပျသော အမူအရာများ မရှိတော့ပေ၊ သူ၏ ဝိညာဉ်စွမ်းအင်များမှာလည်း ပိတ်ဆို့ခံထားရသဖြင့် အသုံးမပြုနိုင်ပေ။
သူ၏ ရုပ်ခန္ဓာမှာ သာမန်လူနှင့် မခြားတော့သဖြင့် ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် မျက်လုံးများ ပြူးထွက်လာပြီး ပါးပြင်များ ချိုင့်ဝင်သွားတော့သည်။
ဝေချန်သည် မျက်နှာပျက်လျက် ထိုနေရာတွင် ရပ်နေမိသည်။
ထိုဖန့်အမည်ရှိသူက သူ့ကို လုံးဝ မျက်နှာသာမပေးလိမ့်မည်ဟု မထင်ထားပေ။
သူသည် နှစ်ဖက်စလုံးမှ လူကြီးများကို ထည့်ပြောသော်လည်း တစ်ဖက်လူက နားမလည်ဘဲ ရွှေအမြုတေအဆင့် တစ်ယောက်အတွက်နှင့် ကိစ္စကို ကြီးအောင် လုပ်နေသည်လားဟု တွေးမိသည်။
ဝေချန်၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း အတင်းတည်ငြိမ်အောင် ထိန်းထားပြီး ပြုံး၍ ပြောလိုက်သည်
"မိတ်ဆွေဖန့်က သွေးကြွနေတဲ့အရွယ်ပဲ၊ ကြည့်ရတာ အသက်လည်း သိပ်မကြီးသေးဘူးထင်တယ်၊ အရင်က နေခဲ့တဲ့နေရာမှာ ဆန်းယွင်ဂိုဏ်းက ထိပ်တန်းဂိုဏ်း ဖြစ်မှာပေါ့"
"ဒါပေမဲ့ ဒီနေရာက ချင်ယွမ်ဈေးပဲ၊ မိတ်ဆွေဖန့်က ဒီက အခြေအနေတွေကို မကျွမ်းကျင်သေးလို့ ဒီနေ့ ဒေါသတကြီး လုပ်မိတာ ဖြစ်မှာပါ၊ ဒီလို ဒေါသဖြေတဲ့ လုပ်ရပ်ကြောင့် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ သေချာ စဉ်းစားကြည့်ပါဦး အခုနက မိတ်ဆွေဖန့်ရဲ့ ရွှေအမြုတေအဆင့် တပည့်တွေတောင် ဒါကို တွေးမိလို့ သည်းခံပြီး လက်မပါခဲ့ကြဘူး၊ မိတ်ဆွေဖန့်က သူတို့ရဲ့ လူကြီးဖြစ်ပြီး သူတို့ထက် ပိုပြီး ဒေါသကြီးနေလို့ ဖြစ်မလား"
ဆူဂါအိုဟူ သည် ဒွမ်းထျန်းအန်းတို့ နှစ်ယောက်မှာ အသက်ထွက်တော့မည့် အခြေအနေကို မြင်သောအခါ စိတ်ချင်းဆက်သွယ်၍ တားမြစ်လိုက်သည်
"မိတ်ဆွေဖန့်၊ ခဏလောက် လက်လျှော့လိုက်တာ ပိုကောင်းမယ်၊ တစ်ခဏ သည်းခံလိုက်ရင် အေးချမ်းသွားမှာပါ၊ ဆန်းယွင်ဂိုဏ်းက ချင်းယွမ်ဈေးမှာ အခြေချတာ မကြာသေးဘူး၊ ဒီကိစ္စကြောင့် လူအများရဲ့ ဒေါသကို မဆွမိတာ အကောင်းဆုံးပဲ၊ ဒွမ်းမိသားစုက ဒီမှာ အခြေချတာ ကြာပြီမို့ မိတ်ဆွေအပေါင်းအသင်း များတယ်"
ဖန့်ချန်သည် ဆူဂါအိုဟူကိုရော ဝေချန်ကိုပါ အဖက်မလုပ်ဘဲ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်
"ရင်းနှီးတဲ့ မျက်နှာတွေ အများကြီးပါလား၊ အားလုံးက ဆန်းတောင်က လာကြတာ မဟုတ်လား"
ဘယ်သူမှ ပြန်မဖြေကြပေ။
ဤအချိန်တွင် ဘယ်သူက ဝင်ပြောရဲမည်နည်း။
"အရင်က အားလုံးနဲ့ တွေ့ဆုံဖို့ အချိန်မရခဲ့ဘူး၊ ဒီနေ့တော့ အခွင့်ကောင်းယူပြီး အားလုံးကို ပြောပြလိုက်ပါရစေ၊ ကျုပ်တို့ ဆန်းယွင်ဂိုဏ်းက ဆန်းတောင်မှာ အခြေချတာ မကြာသေးပေမဲ့ သူက ငါ့ကို မစရင် ငါက သူ့ကို မစဘူး ဆိုတဲ့ ဂိုဏ်းစည်းကမ်းကို လက်ကိုင်ထားပါတယ်"
"ကျုပ်တို့က သူတစ်ပါးကို အရင်သွားပြီး မနှောင့်ယှက်ပါဘူး၊ ဒါပေမဲ့ သူတစ်ပါးကလည်း ကျုပ်တို့ကို လာပြီး စော်ကားလို့ မရဘူး၊ ဒွမ်းမိသားစုဝင်တွေ ဒီနေ့ လုပ်တဲ့အပြုအမူက နည်းနည်း လွန်သွားပြီ၊ ဒါကြောင့် ကျုပ်က တပည့်တွေကို အနည်းငယ် ဆုံးမခိုင်းလိုက်တာပါ"
ဖန့်ချန်က လက်အုပ်ချီလျက် ပြုံး၍ ပြောလိုက်သည်။
လူအုပ်ကြီးမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
အနည်းငယ် ဆုံးမတာ ဟုတ်လား အခု ဒွမ်းမိသားစုက ရွှေအမြုတေအဆင့် နှစ်ယောက်က အသက်ပျောက်တော့မလို ဖြစ်နေပြီလေ။
ဒွမ်းမိသားစုဝင်များထဲမှ တစ်ဦးက မနေနိုင်ဘဲ သတ္တိမွေး၍ ပြောလိုက်သည်
"အကြီးအကဲ၊ ဒီထက်ပိုပြီး ရိုက်နေရင် ကျွန်တော့်မိသားစုက ရွှေအမြုတေအဆင့် နှစ်ယောက် သေသွားပါလိမ့်မယ်၊ အကြောင်းမဲ့ လူသတ်တာက ဈေးတန်းထဲမှာ ကြီးလေးတဲ့ ပြစ်မှုပါ"
ဝေချန်သည်လည်း ထပ်မံ ပြောဆိုရန် ကြံသော်လည်း ဖန့်ချန်က သူ့မျက်နှာကို လုံးဝ မထောက်ထားသဖြင့် ထပ်ပြီး အရှက်မကွဲချင်တော့ပေ။
အကယ်၍ ဒွမ်းထျန်းအန်းတို့ နှစ်ယောက်သာ တကယ် သေသွားပါက ဆန်းယွင်ဂိုဏ်းမှာ ဒုက္ခကြီးနှင့် တွေ့တော့မည်။
ထိုသို့တွေးမိပြီး ဝေချန်သည် နောက်သို့ အနည်းငယ် ဆုတ်လိုက်ကာ ဆေးဆိုင်တံခါးဝတွင် သူငယ်ချင်းများနှင့် သွားရောက် ရပ်နေလိုက်သည်။
"မိတ်ဆွေ ဝေ၊ ခင်ဗျား အခုနက အကူအညီမဲ့တဲ့ ကိစ္စထဲ သွားပါတာကတော့ မပါးနပ်ရာ ကျတယ်..."
ခင်ဗျားတို့ ဘာသိလို့လဲ။
ဝေချန်က စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။
ယနေ့ သူမျက်နှာပျက်ခဲ့ရသော်လည်း တောင်းပန်ပေးခဲ့သည့် ကျေးဇူးကတော့ ရှိနေပြီဖြစ်သည်။
ဒွမ်းမိသားစုမှ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ဘိုးဘေးကြီး ထိုကိစ္စကို သိသွားသောအခါ သူကူညီခဲ့သည်ကို သေချာပေါက် မှတ်ထားလိမ့်မည်၊ နောင်တစ်ချိန် ဆန်းတောင်တွင် ဒုက္ခတွေ့ပါက ဒွမ်းမိသားစုကို အကူအညီတောင်း၍ ရနိုင်ပေသည်။
"မ... မရိုက်ပါနဲ့တော့..."
ဒွမ်းထျန်းအန်းက အားနည်းစွာ ပြောလိုက်သည်။
သူက အဓိကတရားခံ မဟုတ်သဖြင့် ဖန့်ကျစ်ရွှယ် တို့က လက်လျှော့ပေးထားခြင်းဖြစ်သည်။
သူ့ဘေးမှ အဓိကတရားခံမှာမူ မျက်လုံးနှစ်လုံးမှာ ဟွာယူဟဲ့၏ ရိုက်ချက်ကြောင့် မျက်တွင်းမှ ပြုတ်ထွက်နေပြီး အသားစအချို့ဖြင့်သာ တွဲလဲခိုနေတော့သည်။
ထိုလူမှာ အသက်ရှူနှုန်း နည်းပါးနေပြီး မသေသေးသည်မှာ ဟွာယူဟဲ့က လက်ရှော့ ထား၍ဖြစ်ကြောင်း လူတိုင်း သိကြသည်။
ဒွမ်းထျန်းအန်း တကယ် ကြောက်သွားပြီဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ရှေ့ကလူမှာ သူတို့ကို ဈေးတန်းထဲတွင် အမှန်တကယ် သတ်ဖြတ်ရန် ရည်ရွယ်ထားကြောင်း သူ နားလည်သွားသည်။
"သူ အခုနက လက်ပါခဲ့လား"
ဖန့်ချန်က မေးလိုက်ရာ မပါဘူး ဟု အဖြေရသဖြင့် ဒွမ်းထျန်းအန်းကို ဘေးသို့ လွှင့်ပစ်ခိုင်းလိုက်သည်။
ထို့နောက် ဖန့်ချန်က ဟွာယူဟဲ့ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်
"ငါ့ကို ပေးလိုက်တော့"
ဟွာယူဟဲ့ အနည်းငယ် ကြောင်သွားပြီးနောက် ချက်ချင်းပင် ရိုသေစွာ ဘေးသို့ ဆုတ်ပေးလိုက်သည်။
ယနေ့ သူမ ဒေါသတွေ အကုန်ထွက်သွားသဖြင့် စိတ်ထဲတွင် အလွန်ပေါ့ပါးသွားသည်။
အသက်ကို မနည်းရှူနေရသည့် ဒွမ်းထျန်းအန်းသည် ဖန့်ချန်က သူ၏ ဝမ်းကွဲညီ၏ မျက်နှာပေါ်သို့ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။
ရွှေအမြုတေအဆင့် အစောပိုင်းရှိသော သူ၏ညီမှာ ထိုလက်ဝါးရိုက်ချက်ကို အင်တိုက်အားတိုက် ခံလိုက်ရသည်။
ချက်ချင်းပင် တစ်ခေါင်းလုံးမှာ လည်ပင်းမှ ပြတ်ထွက်သွားပြီး ဒွမ်းထျန်းအန်း၏ ရင်ခွင်ထဲသို့ ကွက်တိ ကျလာတော့သည်။
ညီဖြစ်သူ၏ ခေါင်းကို ပိုက်ထားရင်း ထွက်ခွာသွားသော ဖန့်ချန်ကို ကြည့်ကာ ဒွမ်းထျန်းအန်း၏ မျက်နှာမှာ ဖြူလျော်နေပြီး ကြောင်တောင်တောင် ဖြစ်နေရှာသည်။
ချင်ယွမ်ဈေးထဲတွင် လူအများရှေ့မှာ ဒွမ်းမိသားစုဝင်ကို သတ်ရဲတဲ့လူ တကယ် ရှိတာလား
"ပြီးပြီ..."
ဆူဂါအိုဟူ၏ မျက်နှာမှာ ပျက်ယွင်းနေသည်။
"သူကတော့ သွားပြီ၊ ဆန်းယွင်ဂိုဏ်းလည်း သွားပြီ"
ဝေချန်၏ မျက်လုံးထဲတွင် အပြုံးအရိပ်အယောင်များ ပေါ်လာပြီး ဘေးမှ သူငယ်ချင်း ဝိညာဉ်သန္ဓေသားအဆင့်များကို ပြောလိုက်သည်
"အားလုံးပဲ၊ ကျွန်တော်နဲ့အတူ ပြပွဲကောင်းတစ်ခု သွားကြည့်ချင်ကြလား"