အခန်း (၁၂၅၇-၁၂၅၈)
Vol. 126 Ch. 1257-1258
အခန်း (၁၂၅၇) - ယန်ရှန်း
"နိုးပြီလား"
ဖန့်ကျန်းထျန်းက အေးအေးလူလူဖြင့် ပြုံး၍ မေးလိုက်သည်။
"နိုးပါပြီ"
ဖန့်ချန် ခေါင်းညိတ်လိုက်ပြီးနောက် သက်ပြင်းအသာချလိုက်သည်။
"ဘာလို့ သက်ပြင်းချနေတာလဲ"
ယွမ်ဟယ် က မေးသည်။
ရွှင်အဘိုးအို နှင့် လီကျင်းနျန်းတို့မှာလည်း စူးစမ်းလိုစိတ်အပြည့်ဖြင့် ဖန့်ချန်ကို စိုက်ကြည့်နေကြသည်။
သို့သော် သူတို့နှစ်ဦး၏ မျက်လုံးအောက်ခြေတွင် စူးစမ်းမှုအပြင် မသိမသာ သတိထားစောင့်ကြည့်နေသည့် အရိပ်အယောင်များလည်း ရှိနေသည်။
"အိပ်မက်ထဲက ကမ္ဘာမှာဆိုရင် ကျွန်တော်က အဲဒါကို ပိုကောင်းအောင် လုပ်နိုင်ပြီး အစကတည်းက ကျွန်တော် လိုချင်ခဲ့တဲ့ ဘဝမျိုးကို နေသွားနိုင်ခဲ့မှာ"
ဖန့်ချန် ပြုံးလိုက်ပြီး
"ဒါပေမဲ့ အတုကတော့ အတုပါပဲ ဒီမိစ္ဆာကပ်ဘေးတွေက ကြောက်မက်ဖွယ်ကောင်းတဲ့ ကျားဆိုးတွေလို ဝန်းရံနေပြီး ကျွန်တော့်ကို အချိန်မရွေး အရေခွံခွာပြီး အသားကို ဝါးစားဖို့ စောင့်နေကြတာ"
ဟု ပြောသည်။
သူသည် အိပ်မက်ထဲတွင် ဖြစ်ပျက်ခဲ့သမျှကို တစ်ခုချင်းစီ အသေးစိတ် ပြောပြသည်။
နောက်ဆုံးတွင် သူက
"စိတ်ခံစားချက်တွေ အတက်အကျ ရှိလာရင်ပဲ သူတို့ရဲ့ ထောင်ချောက်ထဲကို ကျရောက်သွားလိမ့်မယ်လို့ ခန့်မှန်းရတယ် ဒီပုံသဏ္ဌာန်မရှိတဲ့ အရာတွေက ကပ်ဘေးကို ရင်ဆိုင်နေရသူကို ထိခိုက်စေဖို့အတွက် ဒါကိုပဲ အစာအဖြစ် သုံးနေတာ"
ဟု နိဂုံးချုပ်သည်။
"စိတ်မိစ္ဆာကပ်ဘေးဆိုတာ တကယ်တော့ ဒီအတိုင်းပါပဲ"
ရွှင်အဘိုးအို ခေါင်းညိတ်သည်။
"အရင်က မိစ္ဆာကပ်ဘေးကို ရင်ဆိုင်ခဲ့ဖူးတဲ့ ကျင့်ကြံသူတွေရဲ့ ပြောပြချက်အရဆိုရင် သူတို့ ကြုံတွေ့ခဲ့ရတာတွေက မင်းနဲ့ ဆင်တူတယ် ကျော်ဖြတ်နိုင်တဲ့သူက စိတ်ဝိညာဉ်ကို ကြည်လင်နေအောင် ထိန်းထားနိုင်ပေမဲ့ မကျော်ဖြတ်နိုင်တဲ့သူကတော့ စိတ်နေသဘောထားတွေ လုံးဝပြောင်းလဲသွားပြီး လုံးဝကို မိစ္ဆာဝင်သွားတော့တာပဲ"
"မင်းသာ သူတို့ရဲ့ သြဇာသက်ရောက်မှု ခံလိုက်ရရင် တံခါးကို ဖွင့်ပေးလိုက်သလိုမျိုးပဲ၊ တံခါးအပြင်ဘက်က သားရဲတွေကို အိမ်ထဲကို ဝင်လာခိုင်းလိုက်တာနဲ့ အတူတူပဲ"
ယွမ်ဟယ် က ပြောသည်
"မိစ္ဆာကပ်ဘေးမှာ ပုံသဏ္ဌာန် မရှိဘူး မင်းရဲ့ ရုပ်ခန္ဓာကို ဘာနည်းလမ်းနဲ့မှ ထိခိုက်အောင် မလုပ်နိုင်ဘူး မင်းရဲ့ စိတ်ဝိညာဉ်ကို ထိခိုက်စေခြင်းအားဖြင့်သာ သူတို့ရဲ့ ရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်နိုင်မှာ"
"အဘိုးအို၊ ဆရာ၊ ခင်ဗျားတို့ ပြောတဲ့ ဒီစိတ်မိစ္ဆာကပ်ဘေးတွေက ဘာကို လိုချင်နေတာလဲ ကျွန်တော့်ရဲ့ စိတ်နေသဘောထားကို ထိခိုက်ပြီး မိစ္ဆာဝင်အောင် လုပ်ဖို့ သက်သက်လား မိစ္ဆာဝင်သွားရင် သူတို့အတွက် ဘာအကျိုးရှိမှာလဲ"
ဖန့်ချန် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး
"ဘာကိစ္စမဆို အခြေခံအကြောင်းရင်း တစ်ခုတော့ ရှိရမယ် ဒီအခြေခံအကြောင်းရင်းက အကျိုးတစ်ခုခု၊ အတွေးအခေါ်တစ်ခုခု၊ ဒါမှမဟုတ် ယုံကြည်ချက်တစ်ခုခု ဖြစ်နိုင်တယ် ဘာပဲဖြစ်ဖြစ် အကြောင်းမဲ့ အလုပ်လုပ်နေတာတော့ မဟုတ်လောက်ဘူး"
ဟု ပြောသည်။
လူတိုင်း အနည်းငယ် မှင်သက်သွားပြီး ဖန့်ချန်၏ မေးခွန်းကို ချက်ချင်း ပြန်မဖြေနိုင်ကြပေ။
"ယွမ်ဟယ် တစ်ခုခုတော့ မှားနေသလိုပဲ၊ ငါတို့ နောက်ထပ် ဘာများ မေ့သွားသေးလဲ"
ဖန့်ကျန်းထျန်းသည် ယွမ်ဟယ် ကို ကြည့်ကာ သူထံမှ အဖြေတစ်စုံတစ်ရာ ရနိုင်မလားဟု ကြိုးစားကြည့်သည်။
"မေ့သွားတာတော့ ဖြစ်နိုင်တယ် ဒါပေမဲ့ ပက်ဘေးကိုးခု ဆိုတာ ကောင်းကင်ဘုံက ကျင့်ကြံသူတွေကို စမ်းသပ်တာ ဖြစ်နိုင်တယ်၊ ဒါက သူတို့ရဲ့ အခြေခံအကြောင်းရင်းပဲ"
ယွမ်ဟယ်က တတွတ်တွတ် ပြောသည်။
"အိပ်မက်ထဲမှာ ရှကျီအဖြစ် ပြောင်းလဲလာတဲ့ စိတ်ကပ်ဘေးက ကျွန်တော့်ကို စမ်းသပ်ခဲ့သေးတယ်ကျွန်တော်နဲ့ သူနဲ့က တူညီတဲ့ နေရာက လာတာလို့ ပြောပြီး ကျွန်တော့်ကို ကိုယ်တိုင် ပြန်စဉ်းစားခိုင်းတယ် ကျွန်တော်လည်း တစ်ခုခုကို ပြန်အမှတ်ရသယောင် ဟန်ဆောင်ပြီး သူ့ဆီကနေ ပိုသိအောင် ကြိုးစားကြည့်ပေမဲ့ သူက အတော်လေး သတိထားပြီး ဘာမှ ပိုမပြောပြခဲ့ဘူး"
ဖန့်ချန် ပြုံးလိုက်ပြီး
"ကျွန်တော့်ရဲ့ အရင်ဘဝကလည်း စိတ်ကပ်ဘေးတစ်ခုခု ဖြစ်နေမလား"
ဟု မေးသည်။
"မဟုတ်ဘူး၊ မင်းက လူတစ်ယောက်ပဲ"
ဖန့်ကျန်းထျန်း ခေါင်းခါလိုက်ပြီး ထိုအချက်ကိုမူ အလွန်သေချာနေပုံရသည်။
"အကြီးအကဲ နှစ်ယောက်၊ သူက အရင်က စိတ်မိစ္ဆာကပ်ဘေးကို ရင်ဆိုင်ခဲ့ဖူးတယ်၊ ဘာလို့ ဒီတစ်ခါကျတော့လည်း စိတ်မိစ္ဆာကပ်ဘေးပဲ ဖြစ်နေတာလဲ ကျွန်တော် ကျင့်ကြံလာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး"
ရွှင်အဘိုးအို က ရုတ်တရက် မေးလိုက်သည်။
"သာမန်အားဖြင့်ဆိုရင် သုံးခုမြောက်ကပ်ဘေးဆိုတာ တစ်ခုနဲ့တစ်ခု မတူကြဘူး ဒါပေမဲ့ ဒီကောင်လေးကိုတော့ သာမန်အတိုင်း တွက်ဆလို့ မရဘူး"
ဖန့်ကျန်းထျန်းက ပြောသည်။
ဩော်...
ရွှင်အဘိုးအို ၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။
"ဘာပဲဖြစ်ဖြစ် ဘာမှမဖြစ်ရင် ပြီးတာပါပဲ"
လီကျင်းနျန်းက ဟီးဟီးနှင့် ရယ်မောသည်။
ဖန့်ချန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့်
"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကအခက်အခဲ ကြုံနေရတယ်လို့ ကြားမိတယ်၊ အခု အဆင်ပြေသွားပြီလား"
ဟု မေးသည်။
လီကျင်းနျန်း၏ အမူအရာမှာ ချက်ချင်းဆိုသလို အဆင်မပြေ ဖြစ်သွားပြီး ခေါင်းညိတ်လိုက်သည်
"ပြေလည်သွားပါပြီ၊ အဘိုးအိုအချို့နဲ့ စကားများလိုက်ရတာပါ၊ သူတို့က စည်းကမ်းမရှိဘူး"
"ဘယ်မှာ ပြေလည်သွားလို့လဲ နောက်တစ်ခါ ထပ်တွေ့မှပဲ ပြေလည် မလည် သိရမှာ မင်းကိုယ်တိုင် မကြိုးစားရင် ပြေလည်မှာ မဟုတ်ဘူး အဲဒီအခါကျ ငါနဲ့ ယွမ်ဟယ် တို့လည်း ဂရုမစိုက်တော့ဘူး"
ဖန့်ကျန်းထျန်းက အေးစက်စက် လေသံဖြင့် ပြောသည်။
ထို့နောက် သူနှင့် ဖန့်ချန်တို့ အနည်းငယ် စကားပြောပြီးနောက် ယွမ်ဟယ် နှင့်အတူ လီကျင်းနျန်းကို ခေါ်ဆောင်ကာ ထိုနေရာမှ ထွက်ခွာသွားကြသည်။
သူတို့သည် ထိုနေရာကို ဖြတ်သွားရင်း ဖန့်ချန် ကပ်ဘေးကို ရင်ဆိုင်နေသည်ကို မြင်သဖြင့် ဝင်ကြည့်လိုက်ကြခြင်း ဖြစ်သည်။
"ဒီလိုကြည့်ရရင် ထူးခြားသူတွေမှာလည်း သူတို့ရဲ့ အသိုင်းအဝိုင်း ရှိနေတာပဲ ငါကတော့ အရင်က..."
ရွှင်အဘိုးအို ၏ အမူအရာမှာ ထူးဆန်းနေသည်။
သူ့စကား တစ်ဝက်တစ်ပျက်သာ ပြောသော်လည်း ဖန့်ချန်မှာ သူ ဘာကို ဆိုလိုသလဲဆိုတာ ခန့်မှန်းမိသည်။
အစပိုင်းတွင် သူလည်း ထိုအတိုင်းပင် ထင်မှတ်ထားခဲ့သည်။
ယခုအခါ စဉ်းစားကြည့်မှ ထူးခြားသူတွေ လျှောက်လှမ်းနေသည့် လမ်းကြောင်းကို ယန်ရှန်း လမ်းကြောင်းဟု ခေါ်ဆိုနိုင်ပြီး လူ့လောကတွင် ထိုလမ်းကြောင်းကို လျှောက်လှမ်းသူများမှာ အတော်ပင် များပြားနိုင်သည်။
မဟုတ်လျှင် လီကျင်းနျန်းလည်း အခြား ယန်ရှန်းများကို အပြစ်မပြုမိမှာ မဟုတ်ပေ။
ထူးခြားသူများက တစ်ခါတစ်ရံ မေ့သွားလေ့ မရှိပါက လူ့လောကတွင် သူတို့မှာ ထိုမျှလောက် လျှို့ဝှက်ဆန်းကြယ်နေမည် မဟုတ်ပေ။
"ရွှင်အဘိုးအို၊ ဒီမှာ မသေမျိုးကျောတုံး အနည်းငယ် ရှိပါတယ် ဒါကို အရင်သုံးထားလိုက်ပါ"
ဖန့်ချန်သည် ကျောက်တုံး (၅၀) ကို ရွှင်အဘိုးအို လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာသွားသည်။
ရွှင်အဘိုးအို သည် လက်ထဲတွင် ကိုင်ထားသည့် ကျောက်တုံးများကို ကြည့်ကာ ဆယ်မီနစ်ကျော်မျှ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းအသာချလိုက်သည်။
မသေမျိုးကျောက်တုံး တွေချည်းပဲ၊ မသေမျိုးကျောက်တုံး တွေချည်းပဲ။
သူက လူကြီးတစ်ယောက်အနေနဲ့တောင် အနည်းငယ် အားနာနေမိပြီ။
……
……
တာအိုသုံးထောင်ဂိုဏ်းမှာ ယခင်အတိုင်းပင် အလွန်တရာမှ ထွန်းတောက်လျက် ရှိနေသည်။
ပြောရမည်ဆိုလျှင် လက်ရှိတွင် အလယ်ပိုင်းဒေသ၌ တာအိုသုံးထောင်ဂိုဏ်း၏ ဂုဏ်သတင်းမှာ သာမန်ဂိုဏ်းများထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်သည်။
သာမန်နတ်ဘုရားမင်းဆက် များပင် တာအိုသုံးထောင်ဂိုဏ်း ရှေ့တွင် အလိုအလျောက်ပင် အလျော့ပေးရသည်။
မည်သူကမှ ဤနေရာတွင် တကယ့် နတ်ဘုရားဆရာတစ်ယောက် ထိုင်နေသည်ကို မငြင်းနိုင်ပေ။
လီတောက်ယဲ့ သည် ဂိုဏ်းချုပ်ခန်းမရှေ့တွင် ရပ်နေသည်။
သူ့မျက်စိရှေ့တွင် အတူတူ လျှောက်သွားနေသည့် တံခါးတပည့်များစွာ ရှိသည်။
အချို့မှာ တောင်ကြားလမ်းတွင် လမ်းလျှောက်နေကြပြီး၊ အချို့မှာ လေကိုစီးကာ သွားလာနေကြပြီး၊ အချို့မှာ တဲနန်းအတွင်း လက်ဖက်ရည်သောက်ကာ တရားဓမ္မ ဆွေးနွေးနေကြသည်။
အချို့မှာ သိုင်းပညာကို ဆွေးနွေးပြီး တစ်ဦးကိုတစ်ဦး ယှဉ်ပြိုင်နေကြသည်။
"ရာစုနှစ် တစ်ခုအတွင်းမှာပဲ တာအိုသုံးထောင်ဂိုဏ်းဒီလောက်အထိ ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ အခု ငါတို့ ဂိုဏ်းထဲမှာတင် ရွှေအမြုတေအကြီးအကဲ ၁၀ ယောက်ကျော် ရှိပြီး တပည့်တွေလည်း အများကြီးပဲ"
လီတောက်ယဲ့ အနည်းငယ် စိတ်လှုပ်ရှားစွာ ပြောသည်။
"နောက်ထပ် ရာစုနှစ် တစ်ခုဆိုရင် ပိုပြီး ပြောင်းလဲသွားဦးမှာလအခုက အစပဲ ရှိသေးတယ် အချို့ဂိုဏ်းတွေက နှစ်ပေါင်း တစ်သောင်း၊ တစ်သိန်းတောင် ရှိနေပြီ၊ အဲဒီလို အခြေခံမျိုးကမှ မယုံနိုင်စရာပဲ"
ဖန့်ကျစ်ရွှယ် ခေါင်းညိတ်လိုက်သည်။
သူမ လီတောက်ယဲ့ ကို ကြည့်လိုက်ရာ လီတောက်ယဲ့မှာ ရွှေအမြုတေအဆင့် အစောပိုင်းမှ အလယ်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
"ရွေအမြုတေ အလယ်ပိုင်း ရောက်နေပြီလား"
"မနှစ်ကပဲ အဆင့်တက်သွားတာ ဒီနှစ်တွေမှာ ဒီနေရာက ဝိညာဉ်အင်အားတွေက အလွန် ကြွယ်ဝနေပြီး ငါ့မှာလည်း အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးတွေ ရှိနေတော့ လမ်းကြောင်းဖောက်ဖို့က... ရေသောက်တာထက်တောင် လွယ်နေသေးတယ်"
လီတောက်ယဲ့ ထပ်မံ၍ သက်ပြင်းချလိုက်သည်
"ဘိုးဘေးဖန့်ရဲ့ နည်းလမ်းတွေက တကယ်ကို တစ်ကမ္ဘာလုံးမှာ တစ်ယောက်ပဲ ရှိတယ် ပြောစမ်းပါဦး၊ ဒီလောကမှာ မင်းနဲ့ ငါ့လို အောက်ဆုံးအဆင့် လေးဆင့်က ကျင့်ကြံသူတွေထဲမှာ ဘယ်သူက အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးကို သုံးနိုင်မှာလဲ"
"ငါ စုံစမ်းကြည့်ဖူးတယ်၊ အရင်က အထက်အဆင့် သုံးဆင့်က လူတွေတောင် ဒီပစ္စည်းကို ချွေတာပြီး သုံးနေကြတာ အဆင့်တက်တဲ့ အချိန် မဟုတ်ရင် ဘယ်သူမှ မသုံးရဲကြဘူး"
"ကျွန်မအစ်ကို ပြောတယ်၊ ပစ္စည်းရှိရင် သုံးရမှာပဲ၊ မသုံးရင် မရှိသလိုပဲ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးတွေကို သိမ်းထားရုံနဲ့ ဘာမှ တိုးပွားလာမှာ မဟုတ်ဘူး၊ ဒါကြောင့် သုံးသင့်ရင် သုံးရမှာပဲ၊ ဒီအတွက် ချွေတာစရာ မလိုဘူး"
ဖန့်ကျစ်ရွှယ် ပြောသည်။
"မင်း ရွှေအမြုတေ အထွတ်အထိပ် ရောက်နေပြီလား ဝိသန္ဓေသား ကို စတင် စုစည်းဖို့ အဆင်သင့် ဖြစ်နေပြီပဲ"
ဖန့်ချန်၏ အသံသည် သူမ နောက်ကျောတွင် ထွက်ပေါ်လာသည်။
နှစ်ဦးသား အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်သည်။
"အစ်ကို၊ ဒီနှစ်တွေအတွင်း အစ်ကို တိတ်တိတ်လေး လေ့ကျင့်ပြီး အဆင့်တက် နေတာလား"
ဖန့်ကျစ်ရွှယ် သိချင်စိတ်ဖြင့် မေးသည်။
လောက တစ်ခုလုံးက သူမအစ်ကိုကို ဂိုဏ်းချုပ်အဆင့် ဟု သတ်မှတ်ထားကြသော်လည်း ဖန့်ကျစ်ရွှယ်သည် ဖန့်ချန်နှင့် အတူတူ ကြီးပြင်းလာသူ ဖြစ်သဖြင့် တစ်ခုခုတော့ မှားနေလိမ့်မည်ဟု သိသည်။
သူမအစ်ကို၏ ကျင့်ကြံမှုမှာ တိုတောင်းသော အချိန်အတွင်း ဂိုဏ်းချုပ်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု သူမ မယုံကြည်ပေ။
"ပေါင်းစပ်ခြင်းအဆင့် ရောက်နေပြီ"
ဖန့်ချန် ပြုံး၍ ပြောသည်။
လီတောက်ယဲ့ နှင့် ဖန့်ကျစ်ရွှယ်တို့မှာ အံ့အားသင့်သွားသည်။
ပေါင်းစပ်ခြင်းအဆင့်...
လီတောက်ယဲ့ သည် မဟာရှနိုင်ငံတွင် ရှိစဉ်က အကြောင်းအရာများကို ပြန်လည် အမှတ်ရနေမိသည်။
အဲဒီတုန်းက ဒီသခင်လေးသည် သူ့လိုပဲ ချီသန့်စင်ခြင်း အဆင့် သာ ရှိသေးသည်။
နှစ်ပေါင်းရာကျော်အတွင်းမှာပင် အဆင့်မြင့်ဆုံး အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီး၊ အချိန်မကြာမီမှာပင် အမြင့်ဆုံး အဆင့်သို့ တက်လှမ်းနိုင်တော့မည်။
"မှန်တယ်၊ ငါ အိမ်ကို တစ်ခေါက် ပြန်သွားပြီး အဖေနဲ့ အမေ ကို တွေ့ခဲ့တယ် သတင်းတစ်ပုဒ် ပြောပြစရာ ရှိတယ်"
ဖန့်ချန်၏ အမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။
အခန်း (၁၂၅၈) - စကြဝဠာ
"ဘာပြောတယ် ညီမလေးတို့မှာ မောင်လေး၊ ညီမလေးတွေ ထပ်ရဦးမှာလား"
ဖန့်ကျစ်ရွှယ်မှာ အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာ ဖြစ်နေသည်။
လီတောက်ယဲ့ကလည်း ချက်ချင်းပင် ဝမ်းသာအားရဖြင့်
"ဂုဏ်ယူပါတယ်ဗျာ ဦးလေး ဒေါ်လေးတို့က အခုထိ သန်မာနေတုန်းပဲ၊ ဒါဟာ တကယ်ကို ဝမ်းသာစရာကောင်းတဲ့ သတင်းကြီးပဲ"
ဟု ပြောသည်။
ဖန့်ကျစ်ရွှယ်သည် လှည့်ထွက်သွားသည်။
"ဘယ်သွားမလို့လဲ"
လီတောက်ယဲ့က အလိုအလျောက်ပင် မေးလိုက်သည်။
"ပစ္စည်းတွေ သိမ်းမလို့၊ အိမ်ကို တစ်ခေါက် ပြန်ဖို့ ပြင်ရမယ်"
ဖန့်ကျစ်ရွှယ် ခဏရပ်လိုက်ပြီး ဖန့်ချန်ကို ကြည့်ကာ
"အစ်ကို၊ အစ်ကိုလည်း ကျွန်မနဲ့အတူ ပြန်လိုက်ခဲ့ပါ"
ဟု ပြောသည်။
"ပြန်သွားလည်း တွေ့ရမှာ မဟုတ်ဘူး၊ ကိစ္စက နည်းနည်း ရှုပ်ထွေးတယ်"
ဖန့်ချန်က ပြုံး၍ လက်ကာပြလိုက်သည်။
လီတောက်ယဲ့လည်း ချက်ချင်းပင် နားလည်သွားကာ လုပ်စရာကိစ္စ ရှိသေးသည်ဟု အကြောင်းပြပြီး နှုတ်ဆက်ကာ ပြန်သွားသည်။
ထိုနေရာတွင် မောင်နှမနှစ်ယောက်သာ ကျန်ရစ်ခဲ့ချိန်၌ ဖန့်ချန်သည် ကိစ္စရပ်များကို ဖန့်ကျစ်ရွှယ်အား တစ်ခုချင်းစီ ပြောပြလိုက်သည်။
"ဒါဆို အဖေနဲ့အမေက ဒီနှစ်တွေအတွင်း မပြန်လာကြတာဟာ အဘိုးလိုပဲ လမ်းကြောင်းတစ်ခုကို လျှောက်နေကြတာပေါ့၊ ထူးခြားသူ ... ယန်ရှန်း..."
ဖန့်ကျစ်ရွှယ်သည် တိုးတိုးလေး ရေရွတ်လိုက်ပြီး မျက်နှာပေါ်တွင် စိုးရိမ်စိတ်များ ပိုမိုပေါ်လွင်လာသည်
"အစ်ကို၊ အစ်ကို ပြောသလို ထူးခြားသူတွေက အမှတ်တရတွေကို အခါအားလျော်စွာ မေ့သွားတတ်တယ်ဆိုရင် တစ်နေ့ကျရင် အဖေနဲ့အမေက ကျွန်မတို့ကို မေ့သွားကြရင် ဘယ်လိုလုပ်မလဲ..."
"မဖြစ်နိုင်ပါဘူး တစ်စုံတစ်ရာသော စည်းမျဉ်းတွေ ရှိတယ်လို့ ငါ ခန့်မှန်းမိတယ် ထူးခြားသူတွေက တချို့အရာတွေကို မေ့သွားတတ်ပေမဲ့ အရင်းနှီးဆုံးသူတွေကိုတော့ မေ့သွားမှာ မဟုတ်ဘူး သူတို့က သူတို့ကိုယ်တိုင်က ထူးခြားသူဆိုတာကိုတောင် မေ့သွားနိုင်ပေမဲ့ ငါတို့ကိုတော့ မေ့သွားမှာ မဟုတ်ဘူး"
ဖန့်ချန်က ပြုံး၍ ပြောသည်။
ဖန့်ကျစ်ရွှယ်က ခါးခါးသီးသီး ပြုံးလိုက်သည်
"ဒီလိုတွေးကြည့်ရင် တကယ်တော့ တာအိုလမ်းကြောင်းကို လျှောက်တာကပဲ အလုံခြုံဆုံးပဲ"
"လမ်းကြောင်းတစ်ခုစီမှာ ကောင်းကျိုး၊ ဆိုးကျိုး ကိုယ်စီ ရှိတာပါပဲ"
ဖန့်ချန်က ပြောသည်။
ခဏရပ်လိုက်ပြီး
"ငါ ဒီတစ်ခါ နန်ချင်း ကြယ်တာရာ စုဝေးပွဲ ကို သွားရမယ် အဲဒီနေရာက ရှေးဟောင်းဒေသထဲမှာ အစည်ကားဆုံး ဒေသ ၁၃ ခုထဲက တစ်ခုပဲ ငါ တာအိုသုံးထောင်ဂိုဏ်းက တပည့်အချို့ကို ခေါ်ပြီး အဲဒီမှာ သွားရောက် အခြေချဖို့ စီစဉ်ထားတယ်"
ဟု ပြောသည်။
"ကျွန်မလည်း လိုက်မယ်"
"ကောင်းပြီ"
ဖန့်ချန် ခေါင်းညိတ်သည်။
ဖန့်ကျစ်ရွှယ် အနည်းငယ် အံ့အားသင့်သွားသည်။
သူမအစ်ကိုက သူမကို မလိုက်စေရဘူးဟု တားမြစ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပိုမိုစည်ကားသော နေရာများတွင် အန္တရာယ် ပိုများသောကြောင့် ဖြစ်သည်။
"ကျင့်ကြံခြင်းဆိုတာ တစ်နေရာတည်းမှာပဲ ပိတ်လှောင်ပြီး အိုမင်းတဲ့အထိ ကျင့်ကြံနေလို့ မရဘူး ဒါကြောင့်မို့လို့ ဂိုဏ်းကြီးတွေကလည်း တပည့်တွေကို တောင်အောက်ဆင်းပြီး လေ့လာဖို့ လွှတ်ပေးလေ့ ရှိတာပဲ အရင်က လီတောက်ယဲ့နဲ့ ချင်းဟဲ သီလရှင်လေးတို့လည်း ဒီအတိုင်းပဲ မဟုတ်လား"
ဖန့်ချန် ပြုံးလိုက်ပြီး
"မင်းက အခု ရွှေအမြုတေ အထွတ်အထိပ် ရောက်နေပြီဆိုတော့ ဒီခရီးမှာ လေ့လာရင်းနဲ့ ဝိညာဥ်သန္ဓေသား ကို အောင်အောင်မြင်မြင် စုစည်းနိုင်မလား ကြည့်ရအောင်"
ဟု ပြောသည်။
ထိုကိစ္စကို သူ စီစဉ်ထားသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။
ကြက်ဥအားလုံးကို ခြင်းတောင်းတစ်ခုထဲတွင် ထည့်ထား၍ မရပေ။
ထိုအခွင့်အရေးကို အသုံးချပြီး ဖန့်ကျစ်ရွှယ်ကို ဝေးဝေးသို့ ပို့လိုက်ခြင်းက ပိုကောင်းပေသည်။
ဖန့်ကျစ်ရွှယ်ကို အပြင်ထွက်ပြီး လေ့လာစေချင်သည်မှာလည်း အမှန်တကယ်ပင် ဖြစ်သည်။
ဖန့်ကျစ်ရွှယ်၏ စိတ်ဝိညာဉ်မှာ စည်းကမ်းချက်အရ ပိတ်ဆို့ခံထားရပြီး ဖြစ်သဖြင့် အန္တရာယ် တစ်စုံတစ်ရာ ဖြစ်လာလျှင်တောင် တာအိုလမ်းကြောင်းကို စွန့်လွှတ်ပြီး ယင်ဝိညာဥ်လမ်းကြောင်း ကို လျှောက်လှမ်းရုံသာ ရှိတော့မည်။
နောက်နှစ်အနည်းငယ်အတွင်း ဖန့်ချန်သည် တာအိုသုံးထောင်ဂိုဏ်းမှ တပည့်အချို့၊ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှ တပည့်အချို့၊ တောရိုင်းကျောင်းတော်မှ တပည့်အချို့ကို ရွေးချယ်ခဲ့သည်။
လီတောက်ယဲ့နှင့် ဖန့်ကျစ်ရွှယ်တို့ အပါအဝင် စုစုပေါင်း လူ ၁၀၀ ဖြစ်သည်။
နန်ချင်း ကြယ်တာရာစုဝေးပွဲ သို့ သွားရောက်ရာတွင် ဖန့်ချန်သည် နဂါးအိုကြီး ကို ခေါ်သွားသည်။
နဂါးအိုကြီးသည် နန်ချင်း ကြယ်တာရာစုဝေးပွဲသို့ သွားမည်ကို သိရသည့်အခါ နောက်မျိုးဆက် ၁၀ ယောက်ကို ခေါ်သွားရန် တောင်းဆိုသည်။
ဖန့်ချန်က နဂါးအိုကြီးကို လူ ၂၀ ခန့် ခေါ်သွားခွင့် ပေးလိုက်ပြီး လုံဝူ နှင့် တုန်ဖန်းဟောက်ကျဲ တို့ကိုလည်း အတူ ခေါ်သွားလိုက်သည်။
……
……
နန်ချင်း ကြယ်တာရာစုဝေးပွဲ တွင် ကြီးမားသော ပို့ဆောင်ရေး အစီအရင် မရှိပေ။
ဖွင့်လှစ်နိုင်စွမ်း မရှိ၍ မဟုတ်ဘဲ၊ ထိုနေရာမှ ကျင့်ကြံသူများက ထိုအစီအရင်ကို ဖွင့်လှစ်ခွင့် မပြုသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဖန့်ချန်သည် ယင် လမ်းကြောင်းမှတစ်ဆင့် နန်ချင်း ကြယ်တာရာစုဝေးပွဲ နှင့် အနီးဆုံးနေရာသို့ ရောက်ရှိပြီးနောက် မသေမျိုးလှေ ဖြင့်သာ ဆက်လက် ခရီးနှင်ရတော့သည်။
ထိုခရီးမှာ တစ်နှစ်ခန့် ကြာမြင့်မည် ဖြစ်သည်။
လျှို့ဝှက်စောင့်ရှောက်ရေး အဖွဲ့၏ သတင်းအရဆိုလျှင် မဟာမြေမသေမျိုး နှင့် ကြယ်မိုးမသေမျိုး တို့လည်း ခရီးစတင်နေပြီ ဖြစ်သည်။
သို့သော် သူတို့အနေဖြင့် နန်ချင်း ကြယ်တာရာစုဝေးပွဲ သို့ ရောက်ရှိရန် ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်ဦးမည် ဖြစ်ပြီး ဖန့်ချန်ထက် များစွာ နောက်ကျနေဦးမည် ဖြစ်သည်။
မှောင်မိုက်နေသော စကြဝဠာ အာကာသထဲတွင် လှပသော အလင်းရောင်များဖြင့် ဖုံးလွှမ်းနေသည့် လှေ တစ်စင်းသည် အလွန်မြန်ဆန်သော အရှိန်ဖြင့် ကောင်းကင်ကို ခွဲထွက်ကာ သွားလာနေသည်။
ကောင်းကင်လှေပေါ်ရှိ လူ ၁၀၀ ကျော်တို့၏ ကျင့်ကြံမှုအဆင့် မည်သို့ပင် ရှိစေကာမူ သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်သံများ ပြည့်နှက်နေသည်။
ဒါဟာ သူတို့အတွက် ပထမဆုံးအကြိမ်အဖြစ် ဒဏ္ဍာရီလာ ကောင်းကင် ကိုးထပ် ကို ရောက်ရှိခြင်း ဖြစ်သည်။
"ဒီကောင်းကင် ကိုးထပ်မှာ အသက်ရှူလို့ မရဘူးလို့ ပြောကြတယ် ငါတို့လို ကျင့်ကြံသူတွေတောင် ကြာကြာနေရင် သေဆုံးသွားနိုင်တယ် နှစ်ပေါင်း ၁၀၀ လောက်အထိ အသက်ရှူစရာ မလိုဘဲ နေနိုင်တဲ့ ကျင့်ကြံမှု မရှိရင်တော့ မဖြစ်ဘူး"
ဓားဂိုဏ်းမှ လူငယ်ကျင့်ကြံသူ တစ်ဦးက တိုးတိုးလေး ရေရွတ်သည်။
သူက ချီသန့်စင်ခြင်း အဆင့်တွင် ရှိပြီး ဘေးနားတွင်လည်း ထိုအဆင့်ရှိသူများ ရပ်နေသည်။
အချို့မှာ တာအိုသုံးထောင်ဂိုဏ်းမှ ဖြစ်ပြီး အချို့မှာ တောရိုင်းကျောင်းတော်မှ ဖြစ်သည်။
"နှစ် ၁၀၀ ဆိုတာလည်း မလုံလောက်လောက်ဘူး ဒီကောင်းကင်လှေရဲ့ အရှိန်ကို ကြည့်၊ ဖန့်ဘိုးဘေး ကြီးလို ပုဂ္ဂိုလ်မျိုးမှပဲ ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်ကို ထုတ်ပေးနိုင်တာ ငါတို့သာဆိုရင် ဒီအမှောင်ထုထဲမှာ လမ်းပျောက်သွားမှာပဲ"
"ငါတို့သွားမယ့်နေရာကို နန်ချင်း ကြယ်တာရာစုဝေးပွဲလို့ ခေါ်တယ် ငါ ရှေးဟောင်း ကျမ်းစာတစ်အုပ်ထဲမှာ ဒီအကြောင်း ဖတ်ဖူးသလိုပဲ ရှေးခေတ် ကျင့်ကြံသူတွေအတွက်ဆိုရင် အဲဒီနေရာဟာ နတ်ဘုံနဲ့ မခြားနားတဲ့ နေရာပဲ "
တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောသည်။
လူတိုင်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး နှလုံးခုန်သံများ မြန်ဆန်နေကြသည်။
တစ်နေ့တွင် ဘိုးဘေးဖန့် နှင့်အတူ ထိုမျှလောက် မြင့်မြတ်သော နေရာသို့ လိုက်ပါသွားနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"တစ်ခုတော့ ပြောထားမယ်၊ ခရီးမစခင်ကတည်းက ပြောပြီးသားပါ၊ ဒါပေမဲ့ ငါ ထပ်ပြောဦးမယ်"
နဂါးအိုကြီးနှင့် ဖန့်ချန်တို့ လူအုပ်စု ရှေ့သို့ လျှောက်လာသည်။
လူတိုင်းက သူတို့နှစ်ဦးကို လေးစားသမှုဖြင့် ကြည့်နေကြသည်။
လူအုပ်ထဲတွင် ဖန့်ချန်၏ ရင်းနှီးသူများစွာ ပါဝင်သည်။
ဥပမာ တုန်ဖန်းဟောက်ကျဲ ဇနီးမောင်နှံ၊ လီတောက်ယဲ့၊ ဖန့်ကျစ်ရွှယ်၊ အောင်မြင်သောဗုဒ္ဓတို့ သုံးကောင်၊ တောရိုင်းကျောင်းတော်မှ ကျောက်ကျောင်လုန်၊ ဟွာမြောင်ချင်၊ ဓားဂိုဏ်းမှ ကျင်းယွဲ့ဟန်၊ ကျင်းရွှီ၊ လန်ယာဝင်ချိုး တို့ ဖြစ်ကြသည်။
"မင်းတို့ အရင်က တစ်နေရာတည်းမှာပဲ နေပြီး အခြားသော ကျင့်ကြံသူတွေ နယ်မြေလုပြီး တိုက်ခိုက်နေတာတွေကို အမြဲမြင်နေရတယ် မဟုတ်လား"
နဂါးအိုကြီးက အေးအေးလူလူဖြင့်
"အခု ငါတို့ နန်ချင်း ကြယ်တာရာစုဝေးပွဲကို သွားတော့မယ် အဲဒီမှာတော့ ပိုပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေ ရှိလိမ့်မယ် မင်းတို့ရဲ့ မူလရင်းမြစ်ကို ဘယ်သူ့ကိုမှ မပြောပြနဲ့ ဒါမှမဟုတ်ရင် နောက်ဆုံးမှာ မင်းတို့ရဲ့ ဇာတိမြေအတွက် ကပ်ဘေးတွေ ဆိုက်ရောက်လာလိမ့်မယ်"
ဟု ပြောသည်။
လူတိုင်းက ခေါင်းညိတ်ကာ ထိုစကားကို လေးနက်စွာ မှတ်သားထားလိုက်သည်။
သူတို့၏ မူလရင်းမြစ်ကို ဖော်ထုတ်၍ မရပေ။
မဟုတ်လျှင် တစ်နေ့တွင် အလွန်စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဦးကို ရန်စမိပါက ဖန်တီးရှင်ဂြိုလ် နှင့် မြေဝက်ဝံဂြိုလ် တို့ လုံးဝ ပျက်စီးသွားနိုင်သည်။
အထူးသဖြင့် နဂါးအိုကြီး ခေါ်လာသည့် နောက်မျိုးဆက် ၂၀ က ပို၍ သတိထားနေကြသည်။
သူတို့သည် ကျိုးရှန်တောင် ၏ အဆုံးသတ်ကို ကြားဖူးထားကြသည်။
ကျိုးရှန်တောင် သည် ဖန်တီးရှင်ဂြိုလ်၏ အကြီးဆုံးနယ်မြေ ဖြစ်သော်လည်း တစ်ညတည်းနှင့် ပြာကျသွားခဲ့သည်၊ သူတို့ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။
နဂါးအိုကြီး မှာကြားပြီးနောက် သူတို့ကို ဂရုမစိုက်တော့ဘဲ ဖန့်ချန်နှင့်အတူ လှေ၏ အရှေ့ဘက်သို့ လျှောက်သွားကာ စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်
"ဒီနေရာကို ကိုးထပ်ကောင်းကင် လို့ ခေါ်တဲ့သူလည်း ရှိသလို၊ အမှောင်ထု လို့ ခေါ်တဲ့သူလည်း ရှိတယ် ငါကြားဖူးတာတင် ၁၀ မျိုးလောက် ရှိပြီ"
"ကျုပ်ကြားဖူးတာတော့ ဒီနေရာကို စကြဝဠာ လို့ ခေါ်တယ်"
ဖန့်ချန် ပြုံး၍ ပြောသည်။
နဂါးအိုကြီး ခဏစဉ်းစားပြီးနောက် ပြုံး၍ ခေါင်းညိတ်သည်
"ဘာပဲခေါ်ခေါ်၊ ဒီလိုနေရာမျိုးကတော့ ငါတို့လိုသူတွေအတွက်ဆိုရင် မလာတာပဲ အကောင်းဆုံးပဲ ဝိညာဉ်အင်အားသာ ကုန်ခမ်းသွားရင် နတ်ဘုရားအဆင့်က လူတောင် ဒီနေရာမှာ အသက်ရှူကြပ်ပြီး သေသွားနိုင်တယ်"
"ဒါကြောင့်မို့လို့ ကျင့်ကြံသူတွေက တည်နေရာရွှေ့ပြောင်းရေး အစီအရင်ကိုပဲ ပိုကြိုက်ကြတာ၊ မဖြစ်မနေမှသာ ဒီလို အန္တရာယ်များတဲ့ နေရာကို လာကြတာ"
ခဏရပ်လိုက်ပြီး အောက်ဘက်ရှိ လှေကို ကြည့်ကာ သက်ပြင်းချလိုက်သည်
"ဒီလှေက ကမ္ဘာမြေအဆင့် မှော်ပစ္စည်းလောက်ပဲ ရှိတာ ငါသာ အဆင့် ၄ မသေမျိုး ကို မရောက်ရင် ဒီလှေနဲ့ နန်ချင်းထိ ရောက်ဖို့ မလွယ်ဘူး"
"ဒီတစ်ခါ နန်ချင်း ရောက်ရင် အခွင့်အရေးရရင် ကောင်းကင်အဆင့် လှေ တစ်စင်းလောက် ဝယ်ထားရမယ် ငါ အရင်က လည်ပတ်တုန်းက ကြားဖူးတယ်၊ အင်အားကြီး ဂိုဏ်းတွေ ပိုင်တဲ့ ကောင်းကင်အဆင့် လှေတွေက အရမ်းမြန်တယ် သာမန် မသေမျိုး တွေ မောင်းရင်တောင် နောက်ကလိုက်လို့ မမီနိုင်ဘူး"