← Chapters

ကန့်ကွက်တဲ့သူနဲ့ ထောက်ခံတဲ့သူ

Vol. 14 Ch. 132

ကန့်ကွက်တဲ့သူနဲ့ ထောက်ခံတဲ့သူ

Vol. 14 Ch. 132

ဖြူး။

ညလေပြင်းက တောင်ပေါ်ကို ဖြတ်သန်းတိုက်ခတ်သွားသည်။ အမှောင်ထုထဲ၌ အစိမ်းရောင်မီးတောက်များ ပေါ်ပေါက်လာသည်။

ဘုန်း... ဘုန်း... ဘုန်း...

အရပ်မျက်နှာအနှံ့မှ ‌ခြေသံများ ထွက်ပေါ်လာသည်။

ရှောင်ချန်း သူ၏ ခြေထောက်အောက်မှ မြေကြီး တုန်ခါနေသည်ကို ခံစားလိုက်ရသည်။ သူ နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည့်အခါ ပုံမှန်အားဖြင့် မိုင်ပေါင်းများစွာကို လွှမ်းခြုံနိုင်သော သူ၏စိတ်ဝိညာဉ်အသိမှာ ဓားသင်္ချိုင်း၏သတ်ဖြတ်ခြင်း အရှိန်အ‌ဝါကြောင့် မိုင်အနည်းငယ်ခန့်သာ ရောက်နိုင်တော့ကြောင်း တွေ့လိုက်ရသည်။

မကြာမီမှာပင် မိုးရွာပြီးနောက် ထွက်ပေါ်လာသော မြက်ပင်များကဲ့သို့ မြေကြီးထဲမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော အရိုးဖြူများ ထွက်ပေါ်လာသည်။

အမှောင်ထုထဲရှိ အစိမ်းရောင် အလင်းတန်းများမှာ တစ္ဆေမီးတောက်များ ဖြစ်ပြီး တစ်ခါတလေ၌ ဦးတည်ရာမဲ့ကာ လေလွင့်နေသည့် ဝိညာဉ်များကိုပင် တွေ့ရသည်။

“ ဂျူနီယာညီမလေး... သတိထား “

ရှောင်ချန်း ပြောနေရင်းပင် အမှောင်ထုထဲမှ သွေးပျက်ဖွယ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။။

“ တစ္ဆေတွေ။ တစ္ဆေတွေ ရှိတယ် “

“ သူတို့ကို သတ်။ တစ္ဆေတွေကို သတ်ပစ်။ အဲဒါမှ ငါတို့ ဂိုဏ်းထဲက ရတနာတွေကို သိမ်းပိုက်နိုင်မှာ “

“ … “

လွီယွဲ့အာက မိန်းမငယ်လေး တစ်ဦး ဖြစ်သော်လည်း ဓားကိုင်ထားသည့် တစ္ဆေသရဲများနှင့်ရင်ဆိုင်ရသည့်အခါ ‌အနည်းငယ်မျှပင် မကြောက်ရွံ့ပေ။

“ သတ် “

ရှောင်ချန်း အော်ဟစ်လိုက်သည်။ သူတို့နှစ်ဦး အရပ်မျက်နှာအနှံ့မှ ဝန်းရံလာသော အရိုးဖြူများနှင့် ဝိညာဉ်သရဲအုပ်ထဲသို့ တိုးဝင်တိုက်ခိုက်တော့၏။

ဤ အရိုးဖြူများနှင့် တစ္ဆေများမှာ စစ်မှန်ကံကြမ္မာအဆင့်နှင့် ကောင်းကင်ဇာစ်မြစ်အဆင့်တွင်သာ ရှိသည်။

ရှောင်ချန်း ရှိနေသောကြောင့် သူတို့နှစ်ဦးမှာ ပြဿနာ သိပ်မဖြစ်ပေ။

နာရီဝက် ကြာပြီးနောက် လွီယွဲ့အာက ပြောလိုက်သည်။ “ စီနီယာအစ်ကို... ဒီ အရိုးဖြူတွေနဲ့ တစ္ဆေတွေက အဆုံး မရှိဘူးထင်တယ်။ ကျွန်မတို့ ဘယ်လောက်ပဲ သတ်သတ် ဆက်ပြီး ထွက်လာနေတုန်းပဲ “

ရှောင်ချန်း နေ့ခင်းက မြင်ခဲ့ရသည့် ပျက်စီးယိုယွင်းနေသော အလောင်းကို သတိရကာ ပြောလိုက်သည်။ “ တောင်ထိပ်ကို သွားကြစို့။ ဒီကောင်တွေက အရင်တုန်းက ဒီမှာပဲ ကျဆုံးသွားတဲ့ ကျင့်ကြံသူတွေ ဖြစ်နိုင်တယ် “

“ ကောင်းပြီလေ “

သူတို့သည် တောင်ပေါ်သို့ ကျောချင်းကပ် တိုက်ခိုက်ကာ လမ်းဖောက်ရင်း တက်သွားကြသည်။ နောက်ဆုံးတွင် လူတစ်စုကို တွေ့လိုက်ရသည်။ ထိုအုပ်စုကို မတွေ့ခင်အထိ သူတို့ မည်မျှကြာအောင် တိုက်ခိုက်ခဲ့ရသနည်းဆိုသည်ကိုတော့ ဘုရားသာ သိ ပေလိမ့်မည်။

ဖုတ်ကောင်များနှင့် အရိုးဖြူများက ကျင့်ကြံသူများကို ဝိုင်းရံထားသည်။ သူတို့ထဲတွင် ဝမ်တောက်ကျောင်းတော်၏ ဝတ်စုံကို ဝတ်ဆင်ထားသည့်သူ အချို့လည်း ပါဝင်နေသည်။

“ စီနီယာအစ်ကိုရှောင် “

လွီယွဲ့အာက ရုတ်တရက် လှမ်းခေါ်လိုက်သည်။

သူတို့နှစ်ဦးကြား ထုတ်ပြောစရာမလိုသည့် နားလည်မှုမျိုး ရှိသည်။ သူမက ကျောင်းတော်မှ တပည့်များကို ကယ်တင်စေချင်ကြောင်း ရှောင်ချန်း ချက်ချင်း သိလိုက်သည်။

ရှောင်ချန်း တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။ “ စိတ်မပူနဲ့။ ဒါကို ငါ ကိုင်တွယ်လိုက်မယ်။ ဓားတစ်သောင်းတို့အပြန် “

ချွင်...

ဓားမြည်သံ ထွက်ပေါ်လာပြီး‌ မရေမတွက်နိုင်သောဓားချီများမှာ အမှောင်ထုကို ထိုးခွင်းကာ အရိုးဖြူများနှင့် တစ္ဆေများအပေါ်သို့ မိုးရွာချသည့်အလား ကျဆင်းသွားသည်။

တိုက်ကွက်တစ်ကွက်တည်းနှင့် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတော့သည်။

“ အဲဒါက ဓားတစ်သောင်းတို့အပြန် ပဲ “

“ စီနီယာအစ်ကိုရှောင် ရောက်နေတယ် “

ဝမ်တောက်ကျောင်းတော်မှ တပည့်များသည် ထိုနည်းစနစ်ကို မှတ်မိသွားသည်။ ထိုအခိုက် သူတို့၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် လင်းလက်သွား၏။

ယခင်က သူတို့နှင့် ပူးပေါင်းခဲ့ကြသော အခြား ဂိုဏ်းမှ ကျင့်ကြံသူများက ပတ်ဝန်းကျင်ကို ကြည့်လာကြသည်။

ပုံရိပ်နှစ်ခု ချဉ်းကပ်လာသည်ကို သူတို့ မြင်လိုက်ရသည်။ တစ်ယောက်က အနက်ရောင် ဝတ်ဆင်ထားပြီး နောက်တစ်ယောက်က အဖြူရောင်ကို ဝတ်ဆင်ထားသည်။

ဝမ်တောက်ကျောင်းတော်မှ တပည့်များပင် ထိုစုံတွဲကို မှတ်မိသွားသောအခါ တစ်ခဏမျှ မှင်တက်သွားကြသည်။ တပည့် တစ်ယောက်က တီးတိုးရေရွတ်လိုက်သည် “ အဖြူနဲ့အနက်မိစ္ဆာနှစ်ဖော် “

ဖြန်း...

တိုက်ရိုက်တပည့်တစ်ယောက်က ထိုသူ၏ ခေါင်းကို ခပ်ပြင်းပြင်း တစ်ချက် ရိုက်လိုက်သည်။ “ စကားပြောတာ ဆင်ခြင်စမ်း “

ထို့နောက် သူ ရှေ့သို့ ထွက်လာပြီး လက်သီးဆုပ်ကာ လေးစားစွာ ပြောလိုက်သည်။ “ ယွမ်ဟွာ က စီနီယာအစ်ကိုရှောင်ကို ဂါရဝပြုပါတယ် “

ယွမ်ဟွာက ယန်မန် ရွှံ့နွံတောမှ နာမည်ဆိုးဖြင့် ကျော်ကြားသော အဖြူအနက်မိစ္ဆာနှစ်ဖော် အကြောင်းကို ကြာဖူးပေသည်။

သူ မမျှော်လင့်ထားခဲ့သည်မှာ သတ်ဖြတ်ခြင်း နတ်ဘုရား ဝတ်ရုံနက်သည် အခြားသူမဟုတ်ဘဲ စီနီယာအစ်ကို ရှောင်ချန်း ကိုယ်တိုင် ဖြစ်နေခြင်းပင်။ အကယ်၍ ဓားတစ်သောင်းတို့အပြန် သိုင်းကွက်ကို မတွေ့လျှင် သူ ချဉ်းကပ်ပြီး နှုတ်ဆက်ရဲမည်မဟုတ်။

“ အင်း “

ရှောင်ချန်း ခပ်ဖွဖွ တုံ့ပြန်လိုက်သည်။ ဝမ်တောက်ကျောင်းတော်၏ သူတော်စင်သားတော် လောင်းလျာများထဲမှ တစ်ဦးအနေဖြင့် ပြိုင်ဘက်များကြားတွင် ထင်ပေါ်ရန်အတွက် ခွန်အား တစ်ခုတည်းနှင့် မလုံလောက်ပေ။ ဂုဏ်သတင်းကလည်း အရေးကြီးသည်။ ထို့ကြောင့်ပင် သူ ဝင်ရောက် ကယ်တင်ခြင်းဖြစ်၏။

“ မင်းတို့ အားလုံး တောင်ပေါ်ကို ငါ့နောက်က လိုက်ခဲ့ကြ “

“ နားလည်ပါပြီ “

ယွမ်ဟွာ၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာတစ်ခု ပေါ်လာ၏။ ကျန်ရှိနေသော ဝမ်တောက်ကျောင်းတော်မှ တပည့်များကလည်း အတူတကွ အော်ဟစ်လိုက်ကြသည်။ “ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုရှောင် “

လူစုပြီးနောက် လူတိုင်းက ရှေ့သို့ ဆက်ကြသည်။ ၄င်းကို မြင်သောအခါ အခြား အင်အားစုများမှ တပည့်များသည်လည်း သူတို့အဖွဲ့နောက်မှ သတိထား၍ လိုက်ပါလာကြသည်။

တစ်ညတာ ကုန်ဆုံးသွားသည်။

နေထွက်လာသည်နှင့် တစ္ဆေမီးတောက်များ ပျောက်ကွယ်သွားပြီး အရိုးဖြူများက ရပ်တန့်သွားကြသည်။ သူတို့က ပုံမှန်အလုပ်တစ်ခုကို လုပ်နေသည့်အလား တွင်းများ တူးကာ သူတို့ကိုယ်သူတို့ ပြန်လည် မြှုပ်နှံလိုက်ကြသည်။

ရှောင်ချန်း ပြောလိုက်သည်။ “ ဂျူနီယာတို့ ဒီမှာ နှစ်နာရီလောက် အနားယူပြီးမှ ဆက်သွားကြတာပေါ့ “

“ နားလည်ပါပြီ “

ဝမ်တောက်ကျောင်းတော်မှ တပည့်များက တစ်ပြိုင်နက် ပြန်ဖြေလိုက်ကြပြီး သူတို့၏ အားပြန်ဖြည့်ရန် နေရာမှာပင် တင်ပျဉ်ခွေ ထိုင်ကာ ကျင့်ကြံလိုက်ကြသည်။

အခြားသော ကျင့်ကြံသူများက ခပ်ခွာခွာ နေကြသည်။ ယခင်ညက သူတို့ ကောင်းစွာ ပူးပေါင်းဆောင်ရွက်ခဲ့သော်လည်း ယခုက နေ့ခင်းကြောင်တောင်ဖြစ်နေပါပြီ။ ဝမ်တောက်ကျောင်းတော်မှ တပည့်များက သူတို့ကို ဖယ်ရှားရန် အခွင့်အရေး မယူဟု မည်သူကမျှ အာမမခံနိုင်ပေ။

သူတို့က ယခုလို အဖြစ်အပျက်များကို ကြုံဖူးပါသည်။

နှစ်နာရီ ကြာပြီးနောက် အဖွဲ့သည် သူတို့၏ ခရီးစဉ်ကို ပြန်လည် စတင်လိုက်ကြသည်။

နှစ်ရက် ကြာပြီးနောက် တောင်ထိပ်သို့ ဘေးကင်းစွာ ရောက်ရှိသွားကြသည်။

ရှောင်ချန်းနှင့် အခြားသူများ တောင်ထိပ်သို့ ရောက်ရှိချိန်တွင် အင်အားစု အသီးသီးမှ ဓားကျင့်ကြံသူများ စုဝေးနေကြောင်း တွေ့လိုက်ရသည်။

မြင့်မြတ်နယ်မြေ ဆယ်ခု အပြင် အခြားသော သူတော်စင်တစ်ပိုင်း အဆင့်ရှိ အင်အားစုများလည်း ရှိနေကြသည်။

အင်အားစုများသည် သီးခြားအုပ်စုများဖြင့် လုံးဝ သာမန်ဟု ထင်ရသော ဟောင်းနွမ်းနေသည့် ခြံဝင်းငယ်လေး တစ်ခု၏ ပတ်လည်တွင် သပ်သပ်စီ ရပ်နေကြသည်။ မည်သူကမျှ ပထမဆုံး ဝင်ရောက်ရန် အလျင်လိုမနေကြပေ။

ရှောင်ချန်း၏ အဖွဲ့ ရောက်ရှိလာသည့် အခိုက်အတန့်တွင် သူတို့က ရေတွက်မရနိုင်သော အကြည့်များကို ဆွဲဆောင်သွားသည်။

ရှောင်ချန်းက သူ၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီး လူတိုင်း၏ အာရုံကို ဆွဲယူကာ ရှေ့သို့ တက်သွား၏။

ထိုနေရာရှိ ကျင့်ကြံသူများသည် သူ၏ တည်ရှိမှုကို အာရုံခံမိသည်နှင့် ချက်ချင်း သတိထားလိုက်ကြသည်။

ရှောင်ချန်းက လူအုပ်ကြီးကို လျစ်လျူရှုထားလိုက်ပြီး ယဲ့လင်းရှောင်ကိုသာ စူးစိုက်ကြည့်လိုက်၏။

“ စီနီယာအစ်ကိုယဲ့... ခင်ဗျား ဒီကို ရောက်တာ တော်တော် မြန်တာပဲ “

ထိုစကားများ ပြောလိုက်သည့် အခိုက်တွင် ကျန်ရှိနေသော မြင့်မြတ်နယ်မြေ ကိုးခုမှ ဓားကျင့်ကြံသူများမှာ ပို၍ပင် လေးနက်သွားကြသည်။ ယဲ့လင်းရှောင်ကို ကိုင်တွယ်ရသည်ကပင် ခေါင်းကိုက်စရာ ဖြစ်နေပါပြီ။ ယခုအခါ ဝမ်တောက်ကျောင်းတော်မှ ကြောက်မက်ဖွယ်ကောင်းသော ဓားကျင့်ကြံသူ တစ်ဦး ထပ်ရောက်လာပြီး ကျိုးပဲ့လုမတတ်ဖြစ်နေသော ဟန်ချက်ကို ပျက်စီးသွားစေသည်။

ရင်းနှီးသော်လည်း အနည်းငယ် စိမ်းသက်နေသော အသံကို ကြားလိုက်ရသောအခါ ယဲ့လင်းရှောင် တစ်ခဏမျှ အံ့အားသင့်သွားသည်။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။

“ ဂျူနီယာညီလေးရှောင်... ဘာလို့ ဒီလောက် ကြာနေတာလဲ။ ငါ မင်း ဓားသင်္ချိုင်းကို စိတ်မဝင်စားဘူးလို့ တောင် ထင်နေတာ “

“ အဲဒါ ရှောင်ချန်း ပဲ “

လူအုပ်ကြီးထံမှ အံ့ဩတုန်လှုပ်သံများ ထွက်ပေါ်လာသည်။ ဝမ်တောက်ကျောင်းတော်၏ အဓိကပြိုင်ပွဲမှ ထိပ်သီးတပည့်၏ နာမည်သည် အဓိက အင်အားစုများကြားတွင် ပျံ့နှံ့နေခဲ့ပါပြီ။

ရှောင်ချန်းက ဤကဲ့သို့သော အဝတ်အစားမျိုးဖြင့် ပေါ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြချေ။ သူတို့ တွေးနေကြသည်။

‘ ပါရမီရှင်တွေ အားလုံးက ပုံမှန်မဟုတ်တဲ့ ဝါသနာတွေ ရှိနေကြတာလား ‘

ရှောင်ချန်းက တီးတိုးပြောဆိုသံများကို လျစ်လျူရှုထားလိုက်ပြီး ဝမ်တောက်ကျောင်းတော်မှ တပည့်များ ရှိသည့်ဘက်သို့ သူ၏ အဖွဲ့ကို ဦးဆောင်ခေါ်သွားသည်။

“ ကျွန်တော် ထိုက်ရွှီလျှို့ဝှက်နယ်မြေထဲကို ဝင်လာတုန်းက ဓားသင်္ချိုင်းနဲ့ တော်တော် ဝေးတဲ့နေရာ ရောက်သွားတာ။ အဲဒါကြောင့် နောက်ကျသွားတာလေ။ စီနီယာအစ်ကိုယဲ့... ဘာလို့ အားလုံး ဒီမှာ စုဝေးနေကြတာလဲ “

ယဲ့လင်းရှောင်က သူ၏ လူများနှင့်အတူ ရှေ့သို့ ထွက်လာပြီး ပြုံးလိုက်သည်။ “ တာအိုမိတ်ဆွေတွေ အားလုံးက ဓားတဲအိမ်လေး ထဲကို ပထမဆုံး ဝင်ချင်နေကြတာလေ။ ဒါပေမဲ့ ဘယ်သူ အရင် ဝင်သင့်လဲ ဆိုတာကိုတော့ သဘောမတူနိုင်ကြသေးဘူး “

ဓားကျင့်ကြံသူ တစ်ဦးအနေဖြင့် ယဲ့လင်းရှောင်သည် သဘာဝကျကျပင် ဦးဆောင်မှုကို ရယူချင်သည်။ ဓားသင်္ချိုင်းသို့ လူအများအပြား နှစ်စဉ် ဝင်ရောက်ကြသည်။ သို့ဖြစ်၍ ဤနေရာတွင် ပါရမီရှင်များ စုဝေးနေကြပြီး လူတိုင်းက ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်ကြသည်။

ပထမဆုံး ဝင်ရောက်နိုင်သူက အသန်မာဆုံးပင်။

၎င်းကို ကြားသောအခါ ရှောင်ချန်းက သူ၏ အကြည့်ကို တဲအိမ်အဝင်ဝရှိ ကျောက်စာတိုင်ဆီသို့ လှည့်လိုက်သည်။

‘ ဓားတဲအိမ် ‘

နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီဖြစ်သော်လည်း ကျောက်တုံးပေါ်၌ စွမ်းအားကြီးကာ မာန့်ဝင့်ကြွားသည့် စကားလုံးနှစ်လုံးသည် ကျန်ရှိနေဆဲဖြစ်၏။

ဤသည်မှာ ဓားသိုင်းပညာ သက်သက်ဖြင့် ထွင်းထုထားသော စကားလုံးများ ဖြစ်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ရှောင်ချန်း ကဲ့သို့သော ပါရမီရှင် တစ်ယောက်ပင် ၎င်းတို့ထံမှ ဖြာထွက်နေသော ကြောက်မက်ဖွယ် ဓားဆန္ဒကို ခံစားလိုက်ရသည်။

သူ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ အဲဒါ လွယ်ပါတယ်။ အဲဒီမှာ ဓားစမ်းသပ်ကျောက်တုံး တစ်တုံး ရှိတယ်မလား။ ကျွန်တော်တို့ အားလုံးက ဓားကျင့်ကြံသူတွေ ဖြစ်နေမှတော့ ဓားနဲ့ပဲ စကားပြောကြတာပေါ့။ အဲဒီ ကျောက်တုံးပေါ်မှာ အသန်မာဆုံး ဓားဆန္ဒကို ချန်ထားနိုင်တဲ့သူက အရင်ဆုံး ဝင်ခွင့် ရမယ် “

ထိုစကားပြောပြီးနောက် ရှောင်ချန်းက သူ၏ အသံကို မြှင့်ကာ ကြေညာလိုက်သည်။

“ အားလုံးပဲ။ ဒီနည်းလမ်းကို ထောက်ခံကြလား။ ကန့်ကွက်ချင်တဲ့သူရောရှိလား။ “

All Chapters