ပြိုင်ဘက်ကင်းဓား
Vol. 14 Ch. 134
“ စီနီယာ... စိတ်လျှော့ စိတ်လျှော့ ဒေါသမထွက်ပါနဲ့ “
ရှောင်ချန်း တောက်ပစွာ ပြုံးရင် ပြောလိုက်သည်။ သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုအနည်းငယ်မျှပင် မရှိချေ။
“ ကောင်စုတ်လေး... မင်း ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ “
ထိုဝိညာဉ်ပုံရိပ်က စကားပြောလာသည့်အခါ သူ့ပတ်ဝန်းကျင်ရှိ အရှိန်အဝါများ မငြိမ်မသက်ဖြစ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုက ခန်းမကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ရှောင်ချန်းက ထိုဖိအားကို သူ၏ ကိုယ်ပိုင် အရှိန်အဝါဖြင့် ထိပ်တိုက် ရင်ဆိုင်ပြီး ပြောလိုက်သည်။ “ ဒီနေရာမှာ အချိန်ဖြုန်းသင့်လားဆိုတာ ဆုံးဖြတ်ဖို့ စီနီယာရဲ့ ခွန်အားကို သိရအောင် ကြိုးစား နေတာပါ။ တကယ်လို့ စီနီယာက မထိုက်တန်ဘူးဆိုရင် ကျွန်တော် ဒီအတိုင်း လှည့်ထွက်သွားတော့မှာ “
ဝိညာဉ်ပုံရိပ်မှာ တစ်ခဏမျှ မှင်တက်သွားသည်။ သူသည် ဤခန်းမထဲတွင် ခေတ်ကာလများစွာ နေထိုင်ခဲ့ပြီး ပါရမီရှင် အများအပြားကို မြင်တွေ့ခဲ့ဖူးသည်။ သို့သော် ထိုသူတို့ တစ်ယောက်ချင်းစီတိုင်းက သူ့ကို မြင်သောအခါ အထွတ်အထိပ်အမွေအနှစ်ကို ရရှိရန် မျှော်လင့်ချက်ဖြင့် အလွန် ရိုသေလေးစားစွာ ပြုမူကြသည်။
ကံမကောင်းစွာဖြင့် ထိုအရူးများက အမြင်ကျဉ်းကြပြီး သူတော်စင်အဆင့် နည်းစနစ်များကိုသာ ဂရုစိုက်ကြသည်။
သူက သူတော်စင်အဆင့် ဓားနည်းစနစ် တစ်ခု ပေါ့ပေါ့ပါးပါး ပစ်ပေးပြီး သူတို့ကို ပြန်လွှတ်ခဲ့သည်။ သို့သော် သူ၏ရှေ့ရှိ ကောင်လေးမှာ ထို ပါရမီရှင် ဆိုသူများနှင့် လုံးဝ ကွာခြားနေသည်။
သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ လူငယ်လေး... မင်းက ငါ့ရဲ့ အာရုံစိုက်မှုကို ရသွားပြီ။ကဲ ပြောပြမယ် နားထောင်။ ငါက အရင်တုန်းက အရှင်မင်းကြီးရဲ့ နောက်ကို လိုက်ရင်း လောကပေါင်းစုံကို အနိုင်ယူပြီး အမြင့်မြတ်ဆုံး နတ်ဘုရားဘုရင် တစ်ပါး ဖြစ်ခဲ့တယ်။ ငါ့ရဲ့ နတ်ဘုရား သတ်ဖြတ်ခြင်း နည်းစနစ်က လောကကြီးကိုတောင် တုန်လှုပ်သွားစေတယ်။ ကောင်းကင်နင်းချေနတ်ဘုရားဘုရင်တောင် အလေးအနက် ထားရတယ် “
၎င်းကို ကြားပြီးနောက် ရှောင်ချန်းက အလိုအလျောက် မေးလိုက်သည်။ “ ဒါဆိုရင် စီနီယာက နတ်ဘုရား သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းတာပေါ့။ နတ်ဘုရားတွေပဲဖြစ်ဖြစ် ဗုဒ္ဓပဲဖြစ်ဖြစ် လမ်းမှာလာပိတ်ရပ်ရင် ဓားတစ်ချက်တည်းနဲ့ သတ်မယ်ပေါ့ “
သူ စကားပြောလေ ပိုမို စိတ်လှုပ်ရှားလာလေပင်။ သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်လာသည်။
ရှောင်ချန်း၏ လေသံ ပြောင်းလဲသွားသည်ကို နားထောင်ရင်း ဝိညာဉ်ပုံရိပ်က ခပ်ဖွဖွ ပြုံးလိုက်သည်။ “ ကောင်လေး... မင်းက လျှာစောင်းထက်ပေမဲ့ အသိဉာဏ်တော့ ရှိသေးသားပဲ။ ဟုတ်တယ်။ ငါ့ရဲ့ လမ်းစဉ်က နတ်ဘုရား သတ်ဖြတ်ခြင်းပဲ။ အဆင့်တူတွေ ကြားမှာ ပြိုင်ဘက်ကင်းတယ်။ နတ်ဘုရား ဧကရာဇ်တစ်ပါးနဲ့ ရင်ဆိုင်ရရင်တောင်မှ အေးအေးဆေးဆေး ပြန်ထွက်သွားလို့ရတယ် “
“ တော်တော် အထင်ကြီးစရာ ကောင်းတာပဲ “
ရှောင်ချန်းက တီးတိုးရေရွတ်လိုက်ပြီး ဝိညာဉ်ပုံရိပ်ကို စိတ်အားထက်သန်စွာ ကြည့်လာသည်။
“ ကောင်လေး... မင်း အဲဒါကို သင်ယူချင်လား “
ဝိညာဉ်ပုံရိပ်က တမင်တကာ စကားရပ်လိုက်သည်။ “ ငါ မင်းကို သင်ပေးမယ် “
“ မသင်ပါဘူး... မသင်ပါဘူး... စီနီယာရဲ့ ကြင်နာတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ စိတ်မရှိဘူးဆိုရင် စီနီယာရဲ့ နတ်ဘုရား သတ်ဖြတ်ခြင်း ဓားဆန္ဒကို ကိုယ်တိုင်ကိုယ်ကျ အရင် မြင်ချင်တယ် “ ရှောင်ချန်း ဒုတိယအကြိမ် တွေးမနေဘဲ ငြင်းဆိုလိုက်သည်။ နတ်ဘုရား သတ်ဖြတ်ခြင်းနည်းစနစ်က လွှမ်းမိုးနိုင်စွမ်း ရှိသည်ဟု ထင်ရသည်။ သို့သော် ၎င်းက အဆင့်မြင့်သူ တစ်ယောက်ကိုပင် အနိုင်မယူနိုင်ဘူးဆိုလျှင် ၎င်းကို သင်ယူရခြင်းက အဓိပ္ပာယ်မရှိလှပေ။
“ မောက်မာလိုက်တာ “
ဝိညာဉ်ပုံရိပ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ မင်းက ကောင်းကင်ဇာစ်မြစ် ပထမအဆင့်မှာပဲ ရှိသေးတယ်။ ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့ “
သို့သော် ရှောင်ချန်းက တုန်လှုပ်ခြင်း မရှိဘဲ ပြုံးကာ ပြောလိုက်သည်။ “ ကျွန်တော့်ရဲ့ ယုံကြည်မှုက ဘယ်ကလာလဲ ဆိုတာကို စီနီယာ မသိချင်ဘူးလား။ စီနီယာ့ရဲ့ နတ်ဘုရား သတ်ဖြတ်ခြင်း ဓားဆန္ဒကို တောင် ငြင်းပယ်ရဲတဲ့ ယုံကြည်မှုလေ “
“ … “
ဝိညာဉ်ပုံရိပ်မှာ အေးခဲသွားသည်။ သူ စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း သတ်ပစ်ချင်စိတ်တော့မရှိပေ။ ထိုကောင်လေးက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှ၏။
“ ကောင်လေး... မင်းက ငါ့ရဲ့ နတ်ဘုရား သတ်ဖြတ်ခြင်း ဓားဆန္ဒကို မြင်ချင်နေမှတော့ မင်းရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးရတာပေါ့။ ဒီနေ့ မင်းကို အမြင်ကျယ်အောင် လုပ်ပေးမယ် “
“ ငါ့ရဲ့ ကျင့်ကြံမှုကို ကောင်းကင်ဇာစ်မြစ် ပထမအဆင့်အထိ ဖိနှိပ်ထားမယ်၊ ပြီးတော့ ဓားဆန္ဒကို အကြီးစားအောင်မြင်မှု အဆင့်မှာ ဖိနှိပ်ထားမယ် “
“ မင်းရဲ့ ဓားက မင်းရဲ့ လျှာလောက် ထက်ပါစေကွာ။ တစ်ချက်တည်းနဲ့ မကျိုးသွားဖို့လည်း မျှော်လင့်တယ် “
“ စီနီယာ... ခင်ဗျားက တော်တော် သဘောထားကြီးတာပဲ “
ရှောင်ချန်း လက်သီးဆုပ်လိုက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်ကာ လက်ထဲက ဓားရှည်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
“ နတ်ဘုရား သတ်ဖြတ်ခြင်း ဓားနည်းစနစ်။ ခုတ်ပိုင်းချက် “
ဝိညာဉ်ပုံရိပ်က အော်ဟစ်လိုက်ပြီးနောက် သူ၏ ပါးစပ်မှ ဓားအလင်းတန်း တစ်ခု ထွက်လာသည်။ ထို့နောက် ဓားအလင်းက လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး မိုးခြိမ်းသံအလား ကျယ်လောင်စွာဖြင့် လေထုကို ဆုတ်ဖြဲသွားသည်။
မည်သည့် ထူးခြား ဖြစ်စဉ်မျှ မရှိသလို၊ ကြောက်မက်ဖွယ် ဖိအားလည်း မရှိပေ။
သို့သော် သာမန်ဟု ထင်ရသော ဤတိုက်ခိုက်မှုက ရှောင်ချန်း၏ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေသည်။
အကယ်၍ ထိုတိုက်ခိုက်မှုကို သူ ထိပ်တိုက် ရင်ဆိုင်လိုက်ပါက သေသွားပေလိမ့်မည်။
သူ ထပ်ပြီး ထိန်းချုပ်မထားတော့ဘဲ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင် အားလုံးကို ထုတ်လွှတ်လိုက်သည်။ “ ဓားတစ်သောင်းတို့အပြန် “
ကလန်။
ရှောင်ချန်း တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် မရေမတွက်နိုင်သော ဓားချီများက သူ၏ အနောက်တွင် ရုတ်တရက် ပေါ်လာသည်။
ဓားအရှိန်အဝါများသည် ဓားသွားထိပ်တွင် ချက်ချင်း စုစည်းသွားပြီး သူ၏ လှုပ်ရှားမှုနှင့်အတူ ရှေ့သို့ ပြေးထွက်သွားသည်။
ဘုန်း...
ဓားအလင်းတန်း နှစ်ခုသည် လေထဲတွင် ရိုက်ခတ်သွားကြသည်။ ထို့နောက် နားပင်းစေလောက်မည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။
သူတို့၏ တိုက်ကွက်က နတ်ဘုရားခန်းမ တစ်ခုလုံးကို ပြိုကျလုနီးပါး ဖြစ်သွားစေသည်။
‘ ကောင်းတယ်ဟေ့ ‘
‘ တကယ်လို့ ဒီအခန်းကို ထောက်ပံ့ပေးထားတဲ့ စွမ်းအားသာ မရှိရင် အခုလောက်ဆို ပြိုကျနေလောက်ပြီ ‘
ဝိညာဉ်ပုံရိပ်က ထိုသို့တွေးနေတုန်း ဓားက သူ၏ ဝိညာဉ်အကြွင်းအကျန်အား ဖောက်ထွင်းသွားသည်ကို မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပင် နူးညံ့သော အသံတစ်သံက သူ၏ နားထဲတွင် ထွက်ပေါ်လာသည်။
“ စီနီယာ... ခင်ဗျား ရှုံးသွားပြီ “
“ မဖြစ်နိုင်ဘူး “
ဝိညာဉ်ပုံရိပ်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
“ ခင်ဗျား ကျွန်တော့်ကို မယုံရင် အနောက်က နံရံကို တစ်ချက် ကြည့်လိုက်ပါ “ ရှောင်ချန်းက လက်ထဲက ဓားရှည်ကို သိမ်းပြီး ပြောလိုက်သည်။
ဝိညာဉ်ပုံရိပ်သည် နတ်ဘုရားအာရုံဖြင့် တစ်ချက် ကြည့်လိုက်သည့်အခါ အနောက်ဘက်က နံရံပေါ်တွင် ကျန်ရစ်နေသော ဓားအမှတ်အသား တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းက ရှောင်ချန်း၏ ဓားဆန္ဒ အရိပ်အယောင်များကို သယ်ဆောင်ထားသည်။
“ မင်း... မင်း ကောင်စုတ်လေး မင်းက ကောင်းကင်ဇာစ်မြစ်အဆင့်မှာပဲ ရှိသေးတယ်။ ပြီးတော့ ဓားဆန္ဒကလည်း ပြီးပြည့်စုံခြင်း အဆင့်မှာပဲ ရှိသေးတယ်။ ဒါတောင် ငါ့ရဲ့ နတ်ဘုရား သတ်ဖြတ်ခြင်း ဓားဆန္ဒကို ဘယ်လိုလုပ် ချိုးဖျက်နိုင်သွားတာလဲ “
ရှောင်ချန်းက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည် “ စီနီယာရဲ့ နတ်ဘုရား သတ်ဖြတ်ခြင်း ဓားဆန္ဒက တကယ် အစွမ်းထက်ပါတယ်။ အဲဒါက ကျွန်တော် မြင်ဖူးသမျှထဲမှာ တတိယ အစွမ်းအထက်ဆုံး ဓားဆန္ဒပဲ။ ဒါပေမဲ့ ပြိုင်ဘက်ကင်း ဓားလမ်းစဉ် နဲ့ ယှဉ်လိုက်ရင်တော့ လမ်းစဉ်အသေးစားလေးတစ်ခုသာသာပဲ ရှိသေးတယ် “
ဝိညာဉ်ပုံရိပ်က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ “ မင်း... မင်း ကောင်စုတ်လေး မင်း ဓားတာအို ရဲ့ လမ်းစဉ်ပေါ်ကို ခြေချနေမိပြီလား “
“ စီနီယာက တကယ့်ကို နတ်ဘုရားဘုရင် ဆိုတဲ့ ဘွဲ့နာမည်နဲ့ ထိုက်တန်ပါတယ်။ အမြင်က စူးရှလှပါတယ်ဗျာ “ ရှောင်ချန်း ပြုံးဖြီးဖြီးဖြင့် ပြန်ဖြေလိုက်သည်။
“ ငါ... “
ဝိညာဉ်ပုံရိပ်မှာ ပြောစရာ စကားမဲ့သွားသည်။ ဤကောင်လေး၏ ဓားက သူ၏ လျှာထက်ပင် ပိုမို ထက်မြက်နေသည်။
“ ထားလိုက်ပါတော့။ မင်းလို လူမျိုးက ငါ့ရဲ့ နတ်ဘုရားသတ်ဖြတ်ခြင်း ဓားဆန္ဒကို တန်ဖိုးထားမှာ မဟုတ်ဘူး။ မင်းကို သင်ပေးဖို့ တန်ဖိုးရှိတဲ့အရာ ဒီမှာ မရှိတော့ဘူး။ သွားတော့ “
ရှောင်ချန်းက အလိုလို ပြောလိုက်မိသည်။ “ ဒါဆို ကျွန်တော် ဒီကို လာရတာ အလကား ဖြစ်မသွားဘူးလား “
“ … “
ဝိညာဉ်ပုံရိပ်က ရှောင်ချန်းကို အံ့ဩစွာ ကြည့်လိုက်သည်။ “ ဘယ်သူကများ မင်းလို ကောင်မျိုးကို ပျိုးထောင်ခဲ့တာလဲ။ မင်းက ဘယ်လိုလုပ် ဒီလောက်တောင်... “
ရှောင်ချန်း ရယ်မောလိုက်သည်။ “ ကျွန်တော့်ဆရာရဲ့ နာမည်က သာမန်လူတွေ သိနိုင်တဲ့ နာမည်မျိုး မဟုတ်ဘူး။ ဒါနဲ့ စီနီယာ... ဟိုရုပ်တုလက်ထဲက ဓားက တော်တော်လေး ကောင်းမဲ့ပုံပဲ။ အဲဒါကို ကျွန်တော် ယူသွားလို့ ရမလား “
“ မင်းက တော်တော်လေး ယဉ်ကျေးတာပဲ “
ဝိညာဉ်ပုံရိပ်က သရော်လိုက်သည်။ “ အဲဒီဓားက နတ်ဘုရား လက်နက် တစ်ခုပဲ။ သူ့ဆီမှာ ကိုယ်ပိုင် စိတ်ဝိညာဉ် ရှိပြီးသား။ တကယ်လို့ သူ မင်းကို သခင်အဖြစ် အသိအမှတ်ပြုရင် ယူသွားလို့ရတယ် “
“ နတ်ဘုရားဓားက ကျွန်တော့်ကို အသိအမှတ်ပြုအောင် ဘာလုပ်ရမလဲ “ ရှောင်ချန်းက အခွင့်ရတုန်း မေးလိုက်သည်။
“ မင်း သူ့ကို ဓားအိမ်ထဲကနေ ဆွဲထုတ်နိုင်ရင် ရပြီ “
ထို့နောက် ဝိညာဉ်ပုံရိပ်က ပြောလိုက်သည်။ “ ဒါပေမဲ့ မင်းကို သတိပေးမယ်။ ဒီဓားက သူ့သခင်ကို သူကိုယ်တိုင် ရွေးချယ်တာ။ အရင်တုန်းက ငါတောင် အဲဒါကို ဆွဲထုတ်နိုင်ဖို့ မဟာသူတော်စင် အဆင့်ကို ရောက်တဲ့အထိ အချိန်ယူခဲ့ရတယ် “
ရှောင်ချန်းက ဝိညာဉ်ပုံရိပ်၏ စကားကို အလေးအနက် မထားပေ။ “ သူ့နာမည်က ဘာလဲ “
ဝိညာဉ်ပုံရိပ်က ပြန်ဖြေသည်။ “သူ့ရဲ့ မူလ နာမည်ကိုတော့ မသိဘူး။ ဓားကို ငါတို့ရဲ့ ထိုက်ရွှီအင်မော်တယ်ဂိုဏ်းက အင်မော်တယ်ဧကရာဇ် တစ်ပါး တိုက်ပွဲကို အနိုင်ရပြီး လက်ဆောင်အနေနဲ့ ပြန်ယူလာတာ။ အဲ့ဓားကို ငါရတော့ နတ်ဘုရား သတ်ဖြတ်ခြင်းဓား လို့ နာမည်ပေးခဲ့တယ် “
၎င်းကို ကြားသောအခါ ရှောင်ချန်းသည် ရုပ်တုဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ၎င်းအပေါ်သို့ ခုန်တက်ကာ လက်ထဲမှ ဓားရှည်ကို ကိုင်ကြည့်လိုက်သည်။
သူ ဓားကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ ၎င်းဓားက ရှည်လျားပြီး ဓားလက်ကိုင်မှာ ရိုးရှင်းပြီး အနက်ရောင်ပင်။ ဓားအိမ်က ဓားလက်ကိုင်နှင့် အရောင်တူညီပြီး သင်္ကေတများဖြင့် ထွင်းထုထားသည်။
ဤ သင်္ကေတများက အလှဆင်ထားရုံ သက်သက် မဟုတ်ပေ။ ၎င်းတို့သည် ဓား၏ နတ်ဘုရားအသွားကို ထိန်းချုပ်ရန်ပင်။
“ နတ်ဘုရား သတ်ဖြတ်ခြင်းဓားတဲ့... ဒီလို နာမည်မျိုးက မင်းနဲ့ မသင့်တော်ဘူး။ ငါ့အမြင်တော့ မင်းလို နတ်ဘုရား လက်နက်မျိုးက ပြိုင်ဘက်ကင်း ဆိုတဲ့ နာမည်နဲ့မှ ထိုက်တန်တာ။ ပြိုင်ဘက်ကင်းလမ်းစဉ်မှာ မင်းက ငါနဲ့အတူ လိုက်ပါဖို့ ဆန္ဒရှိလား “
ရှောင်ချန်း ထိုသို့ပြောလိုက်သည့် အခိုက်အတန့်တွင် ဝိညာဉ်ပုံရိပ်က သူ့ကို အထင်အမြင်သေးသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
သရော်ဟန်ဖြင့် သူက ပြောလိုက်သည်။ “ ကောင်လေး... ဒါက နတ်ဘုရား လက်နက် တစ်ခုကွ။ လေလုံးနဲ့ပဲ ရမှာ မဟုတ်ဘူး “
“ စီနီယာ ပြောတာ မှန်ပါတယ် “
ရှောင်ချန်း ပြုံးလိုက်ပြီး သူ၏ ဓားဆန္ဒများကို ဓားသွားထဲသို့ ထည့်သွင်းလိုက်သည်။ “ ပြိုင်ဘက်ကင်း... ငါ့ရဲ့ ပြိုင်ဘက်ကင်းဓားဆန္ဒကို ခံစားကြည့်။ တကယ်လို့ မင်း ဆန္ဒရှိတယ်ဆိုရင် သုံးခါ အော်ဟစ်လိုက် “
“ ဟက် “
ဝိညာဉ်ပုံရိပ်က လှောင်ရယ်လိုက်လိုက်ပြီး ကောင်လေး အရှက်ကွဲမည့် အချိန်ကို စောင့်ဆိုင်းနေသည်။ ထိုအချိန် ကျလာလျှင် သူ့ကို ဘယ်လို လှောင်ပြောင်ရမည်နည်း ဆိုသည်ကိုပင် တွေးနေလိုက်သည်။
သို့သော် နောက်တစ်ခဏတွင် နတ်ဘုရား ဓားထံမှ
အသံရှည်သုံးချက် ထွက်ပေါ်လာသည်။
ချွင်... ချွင်... ချွင်...
ဓားမြည်တမ်းသံ သုံးကြိမ် ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် နတ်ဘုရား ဓားအတွင်းမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်လာသည်။
ရှောင်ချန်း ပြိုင်ဘက်ကင်းကို ဓားအိမ်ထဲမှ ဖြည်းညှင်းစွာ ဆွဲထုတ်နိုင်လိုက်သောအခါ သူ၏ မျက်လုံးထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်း ခန်းမကြီး တစ်ခုလုံး တောက်ပသော ဓားအလင်းများဖြင့် ပြည့်နှက်သွားတော့သည်။
ဝိညာဉ်ပုံရိပ်မှာ တုန်လှုပ်စွာဖြင့် ထိုနေရာတွင် ရပ်နေမိသည်။
‘ ဘာတွေ ဖြစ်နေတာလဲ။ ဒီကောင်လေးရဲ့ ဆရာက ဘယ်သူများလဲ ‘
အချိန်ခဏကြာမှ သူ တီးတိုးရေရွတ်လိုက်သည်။ “ မျိုးဆက်သစ်တွေက တကယ်ကို ကြောက်စရာကောင်းတာပဲ... “